Say me Hello

Say me Hello Something Coming

ဘန်နီဖြိုးရဲ့ ဟေမာန်ရယ် အိမ်ကရေခဲသေတ္တာရယ်
09/12/2024

ဘန်နီဖြိုးရဲ့ ဟေမာန်ရယ် အိမ်ကရေခဲသေတ္တာရယ်

09/12/2024

သက်ရှိ ထွက်သက်ရဲ့ အစိတ်အပိုင်း

ကိုယ်မင်းကိုလိုက်ရှာခဲ့ပါတယ်ကွယ် နှလုံးသားဟာ ဖရောင်းတစ်ခုလိုမီးစာရဲ့ ဝါးမြို့ခြင်းကို ခံခဲ့ရပါတယ် ကျောက်ဆောင်လိုမာကြောဖို့ဆိုတာ ကိုယ့်နှလုံးသားကို တစ်စတစ်စနဲ့ကိုက်ယူခြေဖျက်ခြင်းခံနေရသလိုကိုယ့်ရဲ့ အဝေးမှာ အချစ်ဟာရှင်သန်နေပါတယ်ကိုယ်ကတော့ အရိပ်အောက်မှာကိုယ်တိုင် ပျော်ဝင်နေတဲ့ အကျဉ်းသားပေါ့ ဒီလိုမျိုးအကြောင်းတရားပေါင်းများစွာကို ကိုယ်တိုင်ပဲ လက်ခံရယူထားခဲ့ပါတယ်။ဝမ်းနဲ့တဲ့ အခါ စိတ်စိတ်နေပြီးတော့ ဝမ်းသာတဲ့အခါ မျှဝေချင်ခဲ့ပါတယ် ကိုယ်ဟာမမြင်ရတဲ့ အရာတွေကို ငယ်ငယ်က ကြောက်တတ်ခဲ့ ပြီးတော့ ကြီးလာတဲ့ အခါမှာတော့ မြင်ရတဲ့ အရာတွေကိုပါ ကြောက်တတ်လာခဲ့ပါတယ်မကြာသေးမီကာလတစ်ခုကရိုက်ခတ်လာတဲ့အခါ အကြောက်တရားဟာ ကြိုမြင်လို့မရတဲ့ ဗလာမပါ ကံစမ်းမဲကြီး တစ်ခုဖြစ်လာခဲ့ပါတယ်ဘာကိုမှဂရုမစိုက်တမ်း ပြောရရင်တော့
ကိုယ်တို့ဟာ ကိုယ်ချစ်တဲ့ သူတွေဆီကနေ
မေတ္တာတွေပိုမိုတောင့်တလာကြပါတယ်
မေတ္တာတွေပိုမိုပေးချင်လာကြပါတယ်
တပြိုင်နက်တည်း စိတ်တွေဟာ ကြမ်းတမ်းမာကြောလာခဲ့ပါတယ်စိတ်တွေဟာ နုညံ့သိမ်မွေ့လာကြပါတယ်
လူတွေဟာသေဆုံးသွားတဲ့ အခါ ဘယ်ကိုရောက်ကြသလဲအဖြေကို အသုဘအခမ်းအနားတွေ မှာ ရှာဖွေနေဆဲပါပဲကိုယ်တိုင်ကျင်းပပေးရတဲ့ အသုဘအခမ်းအနားတွေမှာရောပေါ့ကိုယ်သိချင်တယ် ကိုယ်မြင်ချင်တယ်
ကိုယ်တရားတော့မရခဲ့ ပေမယ်
ကောင်းကောင်းတော့ နှုတ်ဆက်ချင်ခဲ့ပါတယ်
တိတ်တစ်စိတ်တော့ ဘယ်သူ့အနားကမှ
တစ်ဖဝါးမှ မခွါချင်ခဲ့ပါဘူး။
Good Bye everybody ဆိုပြီး
Happy ending ချင်ပါတယ်။

Same hello

06/11/2024

ဆောင်းဝင်စ ဆိုတော့ ညနေပိုင်းရဲ့ မှောင်ရိပ်က စောစောကျနေတယ် ကျွန်တော့် အထင် ဒီနေ့က ခါတိုင်းနေ့တွေထက် ပိုမှောင်နေသလိုခံစားရတယ်။ ဘယ်သူ့ကိုမှ စကားမပြောပဲ တိုက်တစ်လုံးရဲ့ ရှေ့ ပလက်ဖောင်းပေါ်မှာ တစ်ယောက်တည်းထိုင်နေလိုက်တယ် ဘယ်သူ့ကိုမှ စကားမပြောရတဲ့ အကြောင်းအရင်းကလည်း ကျွန်တော့် ကို မသိသလိုနဲ့ မမြင်ချင်ယောင်ဆောင်သွားတဲ့သူတွေကြောင့်ပဲဆိုပါတော့ စိတ်ပေါက်ပေါက်နဲ့ မှောင်ရိပ်ထဲထိုင်နေပေမယ့် ခါတိုင်းလို ဆေးလိပ်သောက်ချင်စိတ်မဖြစ်နေဘူး ပြီးတော့ ထူးဆန်းစွာ ခြင်လည်း တစ်ကောင်မှတောင် လာမကိုက်ဘူး။
အမှောင်ရိပ်က ပိုကျလာတယ် ကျွန်တော်ထိုင်နေတဲ့ ပလက်ဖောင်းရဲ့ရှေ့က တိုက်အောက်မှာတော့ မီးရောင်ကပိုလင်းလာတယ် ရပ်ကွက်ထဲက တွေ့ နေကျ လူကြီးအချို့နဲ့ ကျွန်တော့်သူငယ်ချင်းတွေ က ဝိုင်းဖွဲ့ပြီး စကားပြောနေကြတယ်။ကျွန်တော့်သူငယ်ချင်းတွေဆိုလို့ ဒီကောင်တွေအကြောင်းပြောရရင် အတော်အနေအေးတဲ့ကောင်တွေ မလိုအပ်ရင်စကားသိပ်မပြောသလို လိုအပ်လို့ပြောရင်လည်း ရေပက်မဝင်တဲ့ကောင်တွေ ဒီညတော့ ဒီကောင်တွေ ဘာအစီအစဉ်ရှိလို့ပါလိမ့် ရပ်ကွက်ထဲက သက်ကြီးပိုင်းတွေနဲ့ သေချာလေးစကားတွေပြောနေကြတယ် မျက်နှာထားတွေကတော့မှင်သေသေနဲ့ တစ်ယောက်က ကျွန်တော်ထိုင်နေတဲ့ဖက်ကို လှမ်းလှမ်းကြည့်ပေမယ့်လို့ ဘာမှထွေထွေထူးထူးလှမ်းမပြောသလို ပြုံးတောင်မပြဘူး။
ဒီကောင်တွေနဲ့ ပေါင်းတာကြာပြီဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိကြတယ် အောက်ဖဲလှန်တဲ့နေရာမှာလည်း အထှာမထားကြဘူး သို့ပေမယ်လို့ ပျော်စေပါပဲ ပျက်စေတော့ မပါဘူးပေါ့ ဒါက ကျွန်တော်တို့ ဘော်ဒါတစ်သိုက်ရဲ့ဓလေ့တစ်ခုပေါ့။ သူတို့ထဲမှာ နဲနဲ အတွေးများတတ်တာက ကျွန်တော် စိတ်အဆင်မပြေတာမျိုးရှိလာခဲ့ရင် ကိုယ့်ဘာသာ တစ်ယောက်တည်း တည်ငြိမ်အောင်လုပ်ပြီး မှ သူတို့နဲ့တိုင်ပင်လေ့ရှိတယ် ဒီအလေ့အကျင့်ကို ရတာကလည်း မကြာသေးဘူးဆိုပါတော့ အရင်က ကျွန်တော်က ရင်ဖွင့်ရတာကြိုက်တယ် တစ်ခုခုဆိုနီးစပ်ရာလူစီကနေ အကြံဉာဏ်ရလိုရငြား ထုတ်ပြောမိတာပဲ ဒါကနည်းလမ်းမဟုတ်ဘူးဆိုတာကို ကိုထုတ်ပြောမိတဲ့ သူတွေဆီကနေ သင်္ခန်းစာပြန်ရတာပဲ အဲ့နောက်တော့ တစ်ယောက်တည်းအေးဆေးပဲ အဖြေအရင်ရှာဖြစ်တော့တယ်။ အခုလည်း ဒီကောင်တွေ ကျွန်တော့်ကိုတွေ့ရဲ့သားနဲ့ မခေါ်တာ တစ်ယောက်တည်းနေပါစေလေဆိုတဲ့ ဆန္ဒကြောင့်ဖြစ်မယ်။
ကျွန်တော်လည်း ထိုင်ရတာနဲနဲကြာလာတော့ ပြင်းလာပြီး ဒီကောင်တွေစီ သွားဖို့ ထလိုက်တယ် ပြီးတော့ သူတို့ကိုစချင်စိတ်ဖြစ်သွားတာနဲ့ ခပ်လှမ်းလှမ်းလောက်အထိလျှောက်သွားပြီးမှ ကြောင်တစ်ကောင် အသံခပ်ပြင်းပြင်းအော်လိုက်တယ် ဘာမှမထူးခြားတာနဲ့ သူတို့နားချိတ်ထားတဲ့ white board ကို ပြေးပုတ်လိုက်တော့ပြုတ်ကျသွားတယ် ဒီကောင်တွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး white board ကို အသာလေးပြန်တင်လိုက်တယ်ပြီးတော့ လူကြီးတွေနဲ့ စကားပြန်ပြောနေကြတယ်။
ကျွန်တော်ခေါင်းငိုက်ဆိုက်ချပြီး သူတို့နားကအသာလေး လှည့်ထွက်လာခဲ့လိုက်တယ်
ကျွန်တော်ပြန်ရတော့မယ်လေ ဘယ်ကလာမှ မသိခဲ့ပေမယ့် ကျိန်းသေတာက ကျွန်တော်ပြန်ရတော့မှာလေ ဒါကြောင့်ကျွန်တော်တွေ့ ရမည့်သူတွေကို ကျွန်တော်စဉ်းစားကြည့်လိုက်တယ် သူတို့ကိုတွေ့ချင်တယ် ဒါပေမယ့်ဘယ်လိုရှာရမှန်းမသိဘူး ပြီးတော့ ကျွန်တော်ဘယ်သူ့ကိုမှလည်းသေချာမနှုတ်ဆက်ရသေးဘူးလေ ကျွန်တော်ခေါင်းတွေမူးလာတယ် ရင်တွေပူလာတယ် ဒါကြောင့်ချက်ခြင်းပဲ ကျွန်တော်နောက်ကြောင်းပြန်လှည့်လိုက်တယ် ဘယ်မှာလိုက်ရှာရမှန်းမသိတဲ့ သူတွေကို ရှာဖို့ထက် ရှိနေတဲ့သူတွေကို သေချာလေးနှုတ်ဆက်ဖို့ ကျွန်တော်နောက်ကြောင်းပြန်လှည့်လိုက်တယ်
ရောက်သွားတဲ့ နေရာမှာ ဘယ်သူ့မှရှိမနေကြဘူး။
White board ပေါ်ကစာကို ကျွန်တော်ဖတ်လိုက်တယ် ဒေါ် (_) အသက် (_) (_)နေ့တွင်ကွယ်လွန်သည်လို့ရေးထားတယ် အဲ့အချိန်မှာပဲ ကျွန်တော် အာခေါင်တွေခြောက်လာပြီးရင်တွေပူလာလို့ နဘေးကိုလက်နဲ့စမ်းလိုက်တယ် စိုစွတ်စွတ်နဲ့ နမ်းကြည့်လိုက်တဲ့ အခါ အန်ဖတ်တွေမှန်းရသိရတယ် ငေါက်ခနဲ့ထထိုင်ပြီး ဘေးဘီကို ကြည့်လိုက်တယ် ကိုယ့်ကောင်တွေက ပိုးလိုးပက်လက်အိပ်လို့ ကျွန်တော် ပြုံးလိုက်တယ် ပြီးတော့ ဘေးနားက အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်လိုက်တယ် ပြီးတော့ အိပ်ရာပြန်ဝယ်လိုက်တယ် နောက်ရက်တွေကျရင်တော့ ကိုယ့်နားကသူတွေကို သေချာလေး ဂရုစိုက်ရဦးမယ်။

လိုက်ရှာလို့ကမလွယ်ကူဘူးလေ။

Hug

14/08/2024

ထပ်ခါထပ်ခါ (သို့) ထပ်ဖန်တလဲလဲ

ပျော်ရွှင်ဖွယ်ရာဟာ ကိုယ်တို့လိုက်ရှာဖို့ အလျှင်အမြန်လိုအပ်လျှက်ရှိပြီးတော့ လှေကားထစ်အတိုင်းမတက်ပဲ လက်ရန်းကနေ တွယ်တက်ဖို့ အထိစိတ်ကူးမိတဲ့ လက်တစ်ဆုပ်စာ မရှိတဲ့ကောက်ရိုးတစ်မျှင်ပေါ့ နေဟာ အနောက်ဖက်ကို ပဲသာသာ အရှေ့ဖက်ကိုပဲသာသာ အဓိကကတော့ နေသာဖို့ ဖြစ်ပြီး မလိုတာက နေပူတာဖြစ်တယ် ကိုယ်တို့ ဘဝတွေမှာ ကိုယ်က မလိုအပ်တော့ တာ ဒါမှမဟုတ် ကိုယ့်ကို မလိုအပ်တော့တာမျိုးကရှိကြတာပဲတစ်စုံတစ်ယောက်က လောကကြီးနဲ့ အဆက်သွယ်ဖြတ်မယ်တစ်ယောက်တည်းပဲနေတော့မယ်လို့ ရေးတင်ထားတဲ့ စာမျိုးတွေ့ရတဲ့အခါ ထိုစာရေးသူဟာ တစ်ယောက်ယောက် ဒါမှမဟုတ် သူဂရုစိုက်ခံချင်တဲ့ လူတစ်စု ကို သွယ်ဝိုက်ပြီး စကားပြောခြင်းလို့ ကိုယ်ကတော့ယူစတယ် ရယူလိုမှု ပေးဆပ်လိုမှု မပိုင်ဆိုင်ရခြင်း ပိုင်ဆိုင်ရခြင်း အသုံးအနှုန်းတွေထဲမှာ မျက်စိတစ်မှိတ်ဟာ ကိုယ်စကားမပြောလိုက်ရတဲ့သူ ကိုဖုန်းမကိုင်လိုက်ရတဲ့သူ အစရှိသည်ဖြင့် သူတို့နဲ့ ဝေးရဖို့ မတွေ့ရဖို့ အကြောင်းဖြစ်သွားနိုင်တယ် ကိုယ်တို့ ခေတ်ရဲ့ မြစ်ကြီးဟာ ပြောင်းပြန်စီးနေပြီးတော့ ကိုယ့်တို့ မမှီလိုက်တဲ့ သင်္ဘောတွေဟာလည်း သောင်ပြိုကမ်းပြို မှာ မဆန်ရဖို့ ဆုတောင်းကြရတယ်
ဘာသာတရား အယူဝါဒ ရဲ့ လွှမ်းမိုးမှုတွေအပေါ်မှာကိုယ်တို့ဟာ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ လောက်မျှော်လင့်ချက်နဲ့ တော့ ရူးမိုက်မနေသင့်
ကိုယ်တို့နားမှာ ဝဲနေတဲ့ လိပ်ပြာတွေထဲမှာ ကိုယ့်လိပ်ပြာလည်း ပါချင်ပါနေမှာ ချည်နှောင်လို့မရတဲ့ အထဲ သူလည်းပါတာပဲ ဘဝမှာ ပေါ့ပေါ့ပါးပါးရယ်မောရတဲ့ အခိုက်အတန့်မျိုးပဲ ကြုံချင်ပါတယ် ဖုန်းလည်းဆက်ချင်တယ် လူကြုံလည်းပါးချင်
တယ် ချစ်ခြင်းမေတ္တာတွေလည်းပေးချင်တယ် ငါသူတစ်ပါး ယောင်္ကျား မိန်းမ မရွေးကိုနားလည်
ချင်ပါတယ် ထပ်ခါတလဲလဲဆန်မြစ်ထဲ ကိုယ့်စိုက်ခင်းလေးနား တစ်နည်းနည်းနဲ့ပတ်သက်လာတဲ့အခါမှာ စိတ်လက်ချမ်းသာစေချင်ပါတယ်။

10/08/2024

အနိမ့်ဆုံး လုပ်ခလစာ ၁၀၀၀ ထပ်မံတိုးမြှင့်တဲ့စာ ၄၈၀၀ အပြင် ၂၀၂၃ အောက်တိုဘာလ မှစ၍ အပိုထောက်ပံကြေး ၁၀၀၀ တိုးမြှင့် ခြင်းမှ ၂...
10/08/2024

အနိမ့်ဆုံး လုပ်ခလစာ ၁၀၀၀ ထပ်မံတိုးမြှင့်တဲ့စာ

၄၈၀၀ အပြင် ၂၀၂၃ အောက်တိုဘာလ မှစ၍ အပိုထောက်ပံကြေး
၁၀၀၀ တိုးမြှင့် ခြင်းမှ ၂၀၂၄ ဩဂုတ်လ မှစ၍ ၁၀၀၀ ထပ်မံတိုးမြှင့်

၄၈၀၀+ ၂၀၀၀ (အပိုထောက်ပံ့ကြေး)= ၆၈၀၀

သက်ဆိုင်ရာမြို့နယ်ရုံးများနှင့်တော့ချိတ်ဆက်အတည်ပြုဖို့လိုပါမယ်ဗျာ

Photo crd

👉PERSONAL INCOME TAX (PIT)▪️Personal Income Tax (လစာဝင်ငွေခွန်)ဝန်ထမ်းတစ်ဦးသည် နှစ်တစ်နှစ်အတွင်း လစာဝင်ငွေကျပ် ၄၈သိန်း အ...
26/07/2024

👉PERSONAL INCOME TAX (PIT)

▪️Personal Income Tax (လစာဝင်ငွေခွန်)

ဝန်ထမ်းတစ်ဦးသည် နှစ်တစ်နှစ်အတွင်း လစာဝင်ငွေကျပ် ၄၈သိန်း အထက်ရရှိပါက အဆိုပါ စုစုပေါင်း ဝင်ငွေမှသက်သာခွင့်များကို နုတ်ပယ် ပြီးနောက် ကျန်ငွေအပေါ် ဝင်ငွေအလွှာလိုက်နှုန်းထားအတိုင်း ဝင်ငွေခွန် ကျသင့်ပါမည်။

▪️အခြေခံသက်သာခွင့် (စုစုပေါင်းဝင်ငွေ၏ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀ ထက်မပိုစေရ)

▪️အတူနေမိဘအတွက် သက်သာခွင့် (တစ်ဦးလျှင် ၁၀ သိန်းစီ)

▪️အိမ်ထောင်ဖက်တစ်ဦးအတွက်သာလျှင် သက်သာခွင့် (ကျပ် ၁၀ သိန်း) အိမ်ထောင်ဖက်သည် အခွန်ထမ်းဝန်ထမ်းဖြစ်ပါက သက်သာခွင့်မရပါ။

▪️သားသမီးအတွက် သက်သာခွင့် (တစ်ဦးလျှင် ကျပ် ၅ သိန်းစီ) (အသက် (၁၈)နှစ်ကျော်လျှင် သက်သာခွင့်မရပါ။

▪️အသက်အာမခံအတွက်ပေးရသည့်
ပရီမီယံ(အခွန်ထမ်းနှင့်အိမ်ထောင်ဖက်အတွက်)

ဖော်ပြပါ website တွင်လည်းဝင်ရောက်လေ့လာနိုင်ပါသည်။

https://www.ird.gov.mm/my/content/pnnytheaangcue-akhnakeaakupde




FYI https://www.linkedin.com/posts/ye-kyaw-292718172_bbqbbkbbnbbybbjbbkbbkbbqbbjbbqbbpbblbbsbaubblbbsbapbbibbubbs-activi...
22/07/2024

FYI

https://www.linkedin.com/posts/ye-kyaw-292718172_bbqbbkbbnbbybbjbbkbbkbbqbbjbbqbbpbblbbsbaubblbbsbapbbibbubbs-activity-7220951399877025792-C7Dl?utm_source=share&utm_medium=member_desktop

သမားတော်အထူးကုဆေးခန်းတွင် လူမှုဖူလုံရေးအာမခံလူနာများအား (အခမဲ့)ကုသပေးလျက်ရှိပါတယ် 🌟

SSBကဒ် (လူမှုဖူလုံရေးအာမခံကဒ်ပြား) လေးယူဆောင်လာရုံဖြင့် သမားတော် အထူးကုဆေးခန်းမှ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးပြသာနာများကို (အခမဲ့) အကောင်းဆုံးဝန်ဆောင်မှုပေးလျှက်ရှိပါတယ်

ရရှိနိုင်သောဝန်ဆောင်မှုများ

- အထွေထွေရောဂါအမျိုးမျိုးအား ကုသပေးခြင်း

- ထိခိုက်ဒဏ်ရာများအား အသေးစားခွဲစိတ် ကုသပေးခြင်း

- နာတာရှည်ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်ရောဂါများအား စနစ်တကျ ကုသပေးခြင်းနှင့် ဆေးပေးခြင်း

- အရေးပေါ်အခြေအနေများအား လျှင်မြန်စွာ ကနဦးကုသပေးပြီး လိုအပ်ပါက ဆေးရုံများသို့ စနစ်တကျလွှဲပြောင်းကုသပေးခြင်း

- ကိုယ်ဝန်ဆောင်များအား ကိုယ်ဝန်အပတ်ရေအလိုက် စမ်းသပ်ကြည့်ရှုပေးပြီး လိုအပ်ပါက သွေးစစ်ခြင်း ၊ဆီးစစ်ခြင်း၊ တယ်လီဗေးရှင်းဓါတ်မှန်ရိုက်ခြင်းများ ပြုလုပ်ပေးခြင်း

- အခြားသောသွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ နှလုံး ECG၊ ဓါတ်မှန်၊ Ultrasound ရိုက်ခြင်းများအား လိုအပ်ပါက စစ်ဆေး၍ ရောဂါရှာဖွေပေးခြင်း

- ကိုယ်ဝန်ဆောင်နှင့် မီးယပ်ရောဂါများအား သားဖွားမီးယပ်ပါရဂူနှင့် တိုင်ပင်ဆွေးနွေးပေးခြင်း

- ကာကွယ်ဆေးများ ထိုးပေးခြင်း

- ဆေးခွင့်များအား ရောဂါအခြေအနေအလိုက် ထုတ်ပေးခြင်း

ထို့အပြင် ဆေးဝါးအမျိုးမျိုးကို လူမှုဖူလုံရေးအာမခံလုပ်သား လူနာများအား လူမှုဖူလုံရေးအဖွဲ့မှ သတ်မှတ်ထားသည့် သတ်မှတ်ချက်နှင့်အညီ ထုတ်ပေးခြင်းများ ပြုလုပ်ပေးနေပါသည်။

ဖုန်း - 09408547755, 09408547744, 09408547733

ဆေးခန်းဖွင့်ချိန် - နံနက် ၉ မှ ည ၇နာရီ အထိ

ဆေးခန်းလိပ်စာ - အမှတ် ၈/ခ ၊ ၈မိုင်လမ်းစုံ ၊ ပြည်လမ်းမပေါ် ၊ မရမ်းကုန်းမြို့နယ်

hashtag #လူမှုဖူလုံရေးဆေးခန်း

hashtag #သမားတော်အထူးကုဆေးခန်း

MARVEL fun တွေအတွက် သတင်းကောင်း ပါ Superhero အသစ်ကို ထပ်မံကြော်ငြာလိုက်ပါပြီCaptain Spider ပါ
20/07/2024

MARVEL fun တွေအတွက် သတင်းကောင်း ပါ
Superhero အသစ်ကို ထပ်မံကြော်ငြာလိုက်ပါပြီ
Captain Spider ပါ



FYI https://www.facebook.com/share/p/wpGWx6gx5MqURneg/?mibextid=WC7FNe
19/07/2024

FYI

https://www.facebook.com/share/p/wpGWx6gx5MqURneg/?mibextid=WC7FNe

🆓🌧️🌧️ Double Promotion ဗျိူ့🌧️🌧️✅✅

A.I ခေတ် Digital ခေတ်ကြီးထဲမှာအလုပ်ရှာမယ်ဆို Digital CV တစ်စောင် ကောင်းကောင်းပိုင်ဆိုင်ထားဖို့လိုမယ် နော်။

🛫🛫နိုင်ငံရပ်ခြားမှာရောက် နေလို့ အလုပ် လျှောက်ဖို့ CV မရှိသေးဘူးလား။

🧑‍💻🧑‍💻အလုပ် တွေလျှောက်ဖို့တွေ့နေ ပေမယ့် CV ကောင်းကာင်းပြင်ဖို့အချိန်မပေးနိုင်ဘူးဖြစ် နေလား။

🤦🤦ကိုယ့်ဘာသာ CV ပြင်တဲ့အချိန်မှာ Design လှလှမထွက်လို့စိတ်တိုင်းမကျဖြစ်နေလား။

🤦🤦Online ပေါ်က CV ပြုလုပ်ပေးတဲ့ website တွေမှာသေချာပြင်ပြီးခါမှ‌downloadဆွဲရင်ပိုက်ဆံ တောင်း နေလို့အာရုံနောက်နေပြီလား။

🕛🕛မိတ်ဆွေရဲ့တန်ဖိုးရှိတဲ့အချိန် တွေကို CV ပြင်ပြီးမကုန်ချင်ဘူး မပင်ပန်းချင်ဘူးဆို Mastermind ကကူညီဖို့အသင့်ပါပဲ။

📧📧CV မြင်တာနဲ့တန်းခန့်ချင်သွားမယ့် CV တွေလိုနေပြီဆို Mastermind က လျှောက်မယ့်အလုပ်နဲ့ကိုက်ညီမယ့် CV/Resume တွေကို HR Professional တယောက်အမြင်နဲ့ရှယ် ရေးသား ပေးမှာပါ။

Mastermind ဆီရရှိမယ့်ဝန် ဆောင်မှုတွေက တော့

🔋Professional CV ရေးသားခြင်း (မြန်မာ သို့မဟုတ် English)

🔋Professional Resume ရေးသားခြင်း (English)

🔋Interview ခေါ်ခံရပါက Interview ဖြေဖို့တိုင်ပင် ဆွေးနွေးပေးခြင်း

🧧🧧Mastermind ဆီက ဘယ်လိုအကျိူးကျေးဇူး တွေပြန်ရမလဲ။

1) မြန်မာ/အင်္ဂလိပ် စာလုံး ပေါင်းသတ်ပုံမှန်မယ့် CV/Cover Letter

2) HR Professional က HR အမြင်နဲ့ရေးသားပေးမယ့် Professional Writing/usage တွေနဲ့ရေးထားတဲ့ CV

3) Creative ဖြစ်ပြီးအများနဲ့ကွဲထွက်နေမယ့် CV

4) အချိန်တိကျပြီးစိတ်တိုင်းမကျမချင်းပြန်ပြင်ပေးမယ့် service

5) A.I powered ATS Tools တွေရဲ့ keyword တွေနဲ့ကိုက်ညီမယ့် CV

6)ကိုယ့်ဖုန်းထဲအလွယ်တကူ‌‌ဆောင်ထားနိုင်မယ့် file format တွေနဲ့ပြင်ပးမယ့် CV

7) အင်တာဗျူးခေါ်ခံရရင်ဆွေးနွေးတိုင်ပင် ပေးမယ့်ဝန် ဆောင်မှု

8) Resolution အကောင်းစားကြည်လင်ပြတ်သားနေမယ့် CV

9) Entry level ကနေ Management levelထိအ ကောင်းဆုံး ရေးသားပေးမည့် ဝန်ဆောင်မှု

11) အလုပ်ခါ်စာတွေ တင်ပေးမယ့် Mastermind Telegram Channel

10) လက်ဖက်ရည်ဆိုင်တခါထိုင်စာတောင်မရှိတဲ့ဈေးနူန်းသက်သာပြီး ပေးရတာထက်တန်မယ့်ဝန်ဆာင်မှုများကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရရှိမှာဖြစ်ပါတယ်။

ဈေးနူန်းက ရော

💸💸အခုကတော့ Double Promotion လေးရှိနေပါတယ်

Professional CV ရေးသားခြင်း။
🪙Fee (50% off) - 4900 ကျပ် / 36 ဘတ် [Normal Price - 9,900 ကျပ် / 72 ဘတ်]
🪙Professional Resume ရေးသားခြင်း။
Fee (50% off) - 4900 ကျပ် / 36 ဘတ် [Normal Price - 9,900 ကျပ် / 72 ဘတ်]
🪙အင်တာဗျူးခေါ်ခံရရင်သတိထားရမယ့် အချက်‌တွေကို ဆွေးနွေးတိုင်ပင်ခြင်း (အခမဲ့ Free)

ဒီ Promotion အပြင်

🪙1) CV 3 စောင် အပ်ပါက CV တစောင် free (Buy 3 get 1 free)
🪙2)CV 6 စောင်အပ်ပါက CV 2 စောင် free (Buy 6 get 2 free 🆓)
🪙3) CV + Cover Letter 2စုံ အပ်ပါက နောက်ထပ် CV+Cover Letter free

ဒါကြောင့်သူငယ်ချင်းတွနဲ့တူတူလာအပ်ရင် အရမ်းတန် မယ်နော်

ဒီ Promotion လေးကိုတော့လုပ်ငန်းစတဲ့အထိမ်းအမှတ်အနေနဲ့ လူ အယောက် 50 တိတိကိုပဲပေးသွားမှာဖြစ်လို့အမြန်လာအပ်လိုက်တော့နော်။

CV အပ်ဖို့ဆက်သွယ်ရန်။

Telegram -
Viber - +856 2095395435
Messenger

💸💸Payment Channels

K Pay,AYA Pay,Wave Pay, Thai Payment channel

🔦🔦🔦စိတ်ဝင်စားစရာ Knowledgeable factတွေသိရဖို့page လေးကို like and follow လုပ်ပေးထားကြပါဦး။
🔦🔦🔦အလုပ်ခေါ်စာတွေသိရဖို့လဲ အလုပ်ခေါ်စာတွေစုစည်းတင်ပေးနေတဲ့ telegram channel လေးကို Join ထားဖို့တိုက်တွန်းပရစေ။

Channel Link

https://t.me/mastermindjobsharing

အာဇာနည်နေ့သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်၏ မေ့မရဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ...
19/07/2024

အာဇာနည်နေ့သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်၏ မေ့မရဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦး နှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးသွားကြသည်။ထိုနေ့ကို အာဇာနည်နေ့ ဟု
သက်မှတ်ကာ နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။

👉လုပ်ကြံခံခဲ့ရသူများမှာ -

🫡ဦးအောင်ဆန်း (ဝန်ကြီးချုပ်)

🫡ဦးဘချို (ပြန်ကြားရေးဌာနဝန်ကြီး)

🫡မန်းဘခိုင် (အလုပ်သမားရေးရာဌာနဝန်ကြီး)

🫡ဦးဘဝင်း (စီးပွားရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး)

🫡သခင်မြ (ပြည်ထဲရေးဌာနဝန်ကြီး)

🫡ဦးအဗ္ဗဒူရာဇတ်(ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး)

🫡မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း (နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး)

🫡ဦးအုန်းမောင် (သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းဝန်)

🫡ရဲဘော် ကိုထွေး (ဦးအဗ္ဗဒူရာဇတ်၏ သက်တော်စောင့်)

တို့ဖြစ်ကြသည်။

အောင်ဆန်းဇာနည်
ဖေဖော်ဝါရီ ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။

အာဇာနည်ဗိမာန်ဋီကာ
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်
ပါရမီဓိဌာန်တစ်မျိုးရယ်နှင့်
ရှိခိုးကာဆရာကန်တော့ချင်ရဲ့ မြန်မာမတော့ပူစရာမို့၊
တစ်ဗျူဟာအောင်ခမန်းတွင်မှ
လူမသမာ အမှောင်သန်းချိန်မို့
သောင်ကမ်းမို့မို့ဆီက ဖောင်နန်းကူးတို့နှင့်
အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့

ဪ- တောင်နန်း မြောက်နန်း၊
အဆောင်ဆောင်ကြငှန်းနဲ့ အခေါင်မမြန်းရခင်က
အောင်ပန်းညို့ရရှာတဲ့ အောင်ဆန်းတို့ သေပုံနှမြော...

Wikipedia အာဇာနည့်နေ့အကြောင်းမှ ကူးယူဖော်ပြပါသည်။ photo from google

#၁၉ဇူလိုင်မမေ့နိုင်
#အာဇာနည်နေ့တို့မမေ့

ဝန်းထမ်း အဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလတစ်လျှောက်မှာ ပေးဆောင်ရတဲ့ လူမှုဖူလုံရေး မှာ သက်ဆိုင်ရာ ခေါင်းစဉ်အောက်က နေ အကျိုးခံစား...
17/07/2024

ဝန်းထမ်း အဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလတစ်လျှောက်မှာ ပေးဆောင်ရတဲ့ လူမှုဖူလုံရေး မှာ
သက်ဆိုင်ရာ ခေါင်းစဉ်အောက်က နေ အကျိုးခံစားခွင့် ပြန်တင်ဖို့ အကျုံးဝင်လာတဲ့ အခါ ဘယ်လိုနည်းလမ်းတွေနဲ့ အဆင်ပြေပြေတင်လို့ရမလဲ
အကျိုးခံစားခွင့် အနေနဲရော ဘယ်လောက်ပြန်ရနိုင်မလည်းကို အများဆုံး တင်လေ့ရှိကြတဲ့ မီးဖွားမှု အကျိုးခံစားခွင့် ၊ ဖခင်ဘဝဖြစ်မှုအကျိုးခံစားခွင့် နှင့် မာမကျန်းအကျိုးခံစားခွင့် စသည်တို့ကို မျှဝေပေးသွားမည့် အပြင် -

👉လစာဝင်ငွေခွန်ပေးဆောင်ခြင်း နှင့်ပတ်သက်၍
▪️အခြေခံသက်သာခွင့်များ
▪️တွက်ချက်မှု အသေးစိတ်
▪️ပြန်လည်း အသုံးပြုခြင်း

👉Excel ဖြင့် payroll တွက်ချက်မှု
▪️Attendance
▪️leave
▪️Overtime
▪️Allowance
▪️Addition
▪️Deduction
▪️Adjustment
▪️Salary Calculation

များကိုပါ အပိုင်းလိုက်ခွဲ၍ မျှဝေ ပေးသွားမည်ဖြစ်ပါသောကြောင့် page လေးကို like,follow,share ပြုလုပ်ထားနိုင်ပါကြောင်း သတင်းကောင်းပါးထားပါရစေခင်ဗျ။

ကျေးဇူးတင်ပါသည်







Photo Crd

17/07/2024

ရိုးရှင်းလွယ်ကူတဲ့ SSB တွက်ချက်နည်း

👉ပေးဆောင်ခြင်းနှင့်ပတ်သတ်လို့ သတိထားရမည့်အချက်တွေကိုဖော်ပြပေးထားပါတယ်

▪️ဝန်ထမ်းအသစ်များဝင်လာသည့်အခါ SSB No မဖြစ်မနေတောင်းခံရပါမည်။

▪️No မရှိသေးသော ဝန်ထမ်းဖြစ်ပါက Form-2 ဖြည့်စွက်ရန်နှင့် Licence photo တောင်းခံ၍ လစဉ်ဝန်ထမ်းအဝင်အထွက်စာရင်း ပေးပို့သည့်အချိန်တွင် တစ်ပါတည်းပေးပို့ရပါမည်။
ငွေပေးဆောင်သည့်အခါတွင် နံပတ်တစ်ခါတည်းရယူခဲ့ရမည်ဖြစ်ပါသည်။

▪️လူမှုဖူလုံရေးကဒ်အား ဖူလုံရေး ရုံးမှ ထုတ်ယူ၍ ဝန်ထမ်းထံသို့အပ်နှံသည့်အချိန်တွင် Record ယူထားသင့်ပါသည်။

▪️လစဉ် ဝန်ထမ်း အဝင်/အထွက်စာရင်းအား ဖူလုံရေးရုံးသို့ ရက်ညှိနှိုင်း၍ ပေးပို့ရမည်ဖြစ်သည်။
ငွေပေးဆောင်ရသည့် နောက်ဆုံးရက်သည် ၁၅ ရက်နေ့ဖြစ်သည်။

▪️SSB တွက်ချက်ရာတွင်လစာယူသည့် အချက်အားနောက်ပိုင်း payroll sharing များတွင် အသေးစိတ်ထပ်မံရှင်းပြပေးပါမည်ခင်ဗျ။

ကျေးဇူးတင်ပါသည်ခင်ဗျ



#လူမှုဖူလုံရေး

ဝန်ထမ်း တစ်ဦးတစ်ယောက်ခြင်းစီတိုင်း သိထားသင့်သော လူမှုဖူလုံရေး အကြောင်းသိကောင်းစရာSocial Security Board (SSB) (လူမှုဖူလုံ...
15/07/2024

ဝန်ထမ်း တစ်ဦးတစ်ယောက်ခြင်းစီတိုင်း သိထားသင့်သော လူမှုဖူလုံရေး အကြောင်းသိကောင်းစရာ

Social Security Board (SSB) (လူမှုဖူလုံရေးထည့်ဝင်ကြေး)

ဝန်ထမ်းတစ်ဦးရရှိသည့် လစာစုစုပေါင်း(ဒေသရှားပါးစရိတ်နှင့် ခရီးစရိတ်(TA)မပါဝင်ပါ)အား ဝန်ထမ်းမှ ၂ % (အများဆုံး ကျပ်-၆၀၀၀)နှင့် အလုပ်ရှင်မှ ၃% (အများဆုံး ကျပ်-၉၀၀၀) အား လစဉ်ပေးဆောင်ရပါသည်။

▪️ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်ရေး အာမခံစနစ် အကျိုးခံစားခွင့်
▪️မကျန်းမာမှုခံစားခွင့်
▪️ အာမခံထားသူ အမျိုးသမီး မီးဖွားမှုခံစားခွင့်
▪️အာမခံထားသူ အမျိုးသား၏ ဇနီးမီးဖွားမှုခံစားခွင့်
▪️ နာရေးစရိတ်ရပိုင်ခွင့်

▪️ဆေးကုသမှုအခွင့်အရေး
မှတ်ပုံတင် ကာလ (၁) လအတွင်း ရှိသဖြင့်ထည့်ဝင်ကြေးပေးသွင်းထားသူများ၊ (လူမူဖူလုံရေးအာ မခံစိစစ်ရေးကတ်ပြား) ရှိရမည်။ မည်သည့် ရောဂါ နာမကျန်းမှုမျိူးမဆို ကုသခွင့်ရှိသည်။

▪️မကျန်းမာမှုခံစားခွင့်
မှတ်ပုံတင်ကာလ (၆)လ အတွင်း အနည်းဆုံး (၄)လ SSB ထည့်ဝင်ကြေးသွင်းပြီးဖြစ်ရမည်။

▪️မီးဖွားမှုအကျိုးခံစားခွင့် ၊ ဇနီးမီးဖွားမှု အကျိုးခံစားခွင့်
မှတ်ပုံတင်ကာလ (၁၂)လ အတွင်း အနည်းဆုံး (၆)လ SSB ထည့်ဝင်ကြေးသွင်းပြီးဖြစ်ရမည်။

▪️ငွေကြေးခံစားခွင့်များ တောင်းခံရမည့်ကာလသတ်မှတ်ချက်
မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှု၊ ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်များကို ဆေးခွင့်ကုန်ဆုံးပြီး (၃)လအတွင်း တောင်းခံရမည်။
လူမူဖူလုံရေးရုံးသို့ ငွေကြေးခံစားခွင့်များတောင်းခံရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ

▪️ လူမူဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား
▪️ကိုယ်တိုင်ရေးလျှောက်လွှာ
▪️ အလုပ်ရှင်၏ထောက်ခံစာ
▪️လျှောက်ထားသည့် အမျိုးအစားအလိုက် လူမူဖူလုံရေးလျှောက်လွာ ....... စသည်တို့ ယေဘူယျပါ၀င်ရမည်ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်တောင်းခံသည့် အမျိုးအစားအလိုက် လိုအပ်ချက်များကွဲပြားနိုင်ပါသည်။

အသေးစိတ်အချက်အလက်များ
Form ပုံစံများ Download ရယူလိုခြင်း
ရုံးလိပ်စာများ ကြည့်ရှူလိုခြင်းများအတွက်
အောက်ပါ website တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://ssb.gov.mm/portal/home

နောက်ထပ်လာမည့် post တွင် HR Entry level ညီငယ်/ညီမငယ်များအတွက် တွက်ချက်ပုံ အသေးစိတ်များ တင်ပြပေးသွားပါမည်။


#လူမှုဖူလုံရေး


5 minutes relaxing music @9:00PMဒီလိုမိုးအေးတဲ့ ညမျိုးမှာ သွားရောက်နားထောင်သင့်တဲ့ သီချင်း တစ်ပုဒ်ကို ညွှန်းဆိုရရင် Moe ...
13/07/2024

5 minutes relaxing music @9:00PM

ဒီလိုမိုးအေးတဲ့ ညမျိုးမှာ သွားရောက်နားထောင်သင့်တဲ့ သီချင်း တစ်ပုဒ်ကို ညွှန်းဆိုရရင်
Moe Htet Bone Plus ရဲ့

Sunflower ကို Maybel ရဲ့ featuring နဲ့ အတူ
ဘယ်လိုခံစားမှုရသ မျိုးပေးစွမ်းလည်း
ဆိုတာ ကို ကိုယ်တိုင်သွားဆင်ရင်း

အိပ်ချမ်းသာနိုးကျန်းမာ ကြပါစေ

https://youtube.com/?si=59Lwt7JZFxT4z3x-

https://youtu.be/PEr8t216DTM?si=EtcvDYuJg9pl-YqR


13/07/2024

Positive energy

Me : smile (source form deep heart)

Other : ?

How should we do for the survival life?

မေဒီးကား သွားပြီဆိုတော့ ဟိုရောက်ရင် Vlog တွေရိုက်တဲ့ အခါအားပေးဦးနော်Photo crd
13/07/2024

မေဒီးကား သွားပြီဆိုတော့ ဟိုရောက်ရင် Vlog တွေရိုက်တဲ့ အခါအားပေးဦးနော်

Photo crd

13/07/2024

အခက်အခဲ အကြပ်အတည်း ကာလတွေမှာ ဘဝ တွေရဲ့ ဝင်ပေါက်တွေကို ဖွင့်ဖို့ သိမှု ဆိုင်ရာ အခွင့်အလမ်းတွေ ဟာ တံခါးပေါက်တွေရဲ့ သော့တွေပါပဲ။

ခေတ်ကာလ အပြောင်းအလည်းတွေဟာ သမိုင်းတစ်ခုအတွက် ဖြစ်စဉ်ဖြစ်ရပ်တွေ ဖြစ်တာမို့ မိမိတို့ ရဲ့ ပါဝင်ပတ်သက်မှုနဲ့ ဘဝ ဖြစ်စဉ်ပြောင်းလည်းမှုတွေမှာ Continue learning ဟာ အထောက်အပံ့တစ်ခုပါပဲ။ living မဟုတ်တဲ့ survival ခေတ်ထဲ
တနည်းနည်းနဲ့ ပျံသန်းကြဖို့ လိုပါတယ်။

ဝန်ထမ်းလုပ်သက် ၁၀ နှစ်ကျော်ကာလတွေထဲမှ ဖြတ်သန်းခဲ့ရတဲ့ အလုပ်နဲ့ သက်ဆိုင်တာတွေ အဖွဲအစည်းနဲ့သက်ဆိုင်တာတွေကို Entry Level မှစလို့
ဒီ page ကနေ Sharing ပြုလုပ်ပေးချင်ပါတယ်။

1. HR Operations Management
2. Communication Culture
3. Mutual Relationships

ဖော်ပြပါ Course ၃ ခု ကို Admin မှ Sharing ပြုလုပ်ပေးသွားမှာ ဖြစ်ပြီး ဒီနယ်ပယ်ထဲမှာ ရှိနေတဲ့ လုပ်ဖော်ကိုင်ဖက်များအနေနဲ့လည်း မိမိတို့ အတွေ့အကြုံများကို လာရောက် Sharing ပြုလုပ်နိုင်ပါကြောင်းဖိတ်ခေါ်အပ်ပါတယ်။





Address

Yangon

Alerts

Be the first to know and let us send you an email when Say me Hello posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share