Nyo Chaw

Nyo Chaw Diamond Resell

28/01/2025
28/01/2025

""ကျွန်တော် အခု Mobile Legends Game ကနေ တစ်ဖြည်းဖြည်းရင်း တစ်ခြားဂိမ်းတစ်ခုကို ပြောင်းဆော့မလို့ စဉ်းစားထားတယ်။

Mobile Legends က US မှာ မ ban တော့ဘူးတဲ့။ ဒါက ခဏ္ဏတာ ယာယီပဲ ဖြစ်မှာပါ။ 100% အပြည့်အဝပြန်လာတာမျိုး ​မဖြစ်နိုင်ပါဘူး။ ဘာကြောင့် ကျွန်တော် ပြောရတာလဲဆိုရင် App Store ကို သွားကြည့်လိုက်ရင် Game ကို Download လို့လည်းမရသလို Update လုပ်လို့လည်း မရပါဘူး။

အဲ့အချက်ကပဲ နောက်ကျရင် ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒီလိုယာယီဆော့လို့ရတာက ခန့်မှန်းခြေ ရက် 90 လောက်များ ဖြစ်မလား??

ဒါပေမယ့် အမေရိကန် ကုမ္ပဏီ တစ်ခုခုက ဝယ်လိုက်ရင်တော့ တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်ပါတယ်။ ””

ဒီစကားကိုတော့ ယခင်က Mobazane တို့ပေါ်မလာခင် NA Region ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ Team Gosu ရဲ့ Player ဟောင်း General က ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ရဲ့ Livestream တစ်ခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ပရိတ်သတ်တွေကတော့ Game Update ဖို့အတွက် VPN သို့မဟုတ် 3rd Party App တွေကနေတစ်ဆင့် လုပ်လို့ရကြောင်း မှတ်ချက်ပြုကြပေမယ့် General ကတော့ US ရဲ့ နိုင်ငံရေး စည်းမျဉ်းအရ ဒါဟာ 75ရက်ပဲ ပြန်ရတာဖြစ်နိုင်ပြီး အများဆုံး ရက် 90 ထိပဲ ရနိုင်မယ်လို့ ပြောပါတယ်။

General ရဲ့ ပြောစကားအတိုင်း ML ကို ရက်အပိုင်းအခြားပဲ ဆော့ခွင့်ရသေးတာဆိုရင်တော့ NA Region အတွက် စိုးရိမ်နေရဆဲ အခြေအနေလို့ ပြောရမှာပါ......

နောက်ပြီး General ပြောသွားသလိုမျိုး NA Region ရဲ့ ဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ မုန့်ဖက်စိမ်း အနေနဲ့ ML ကို ဝယ်လိုက်မယ်ဆိုရင်ရော...............😱😱🥶

ဒီတစ်ခေါက် ပြဿနာမှာ ဒီကောင်ကြီး တော်တော်ငြိမ်နေတာကတော့ စဉ်းစားစရာပါပဲ👀👀


***

Gamble Responsibly (21+)
MLBB ပွဲတွေ၊ ဘောလုံးပွဲတွေကို SBOTOP မှာ ယုံကြည်စိတ်ချစွာ ကစားနိုင်ပါပြီ။

ကနဦးငွေသွင်းခြင်းအတွက် အခမဲ့ လှည့်ကစားခွင့်များရယူဖို့ ပရိုမိုကုဒ် BELOU ကိုသုံးပြီး SBOTOP မှာ အခုပဲ အကောင့်ဖွင့်လိုက်ပါ။ အကောင့်ဖွင့်ဖို့ Telegram Group Link ကို comment မှာ ပေးထားပါတယ်။

Promo code - BELOU

SBOTOP Viber - 09 796 292 762

23/01/2025
တစ်ချိန်က FalconEsports နဲ့အတူ တောက်ပခဲ့ဖူးတဲ့ ကြယ်တစ်ပွင့်ရဲ့ လားရာ ဘယ်လဲ..Coach Zaya ခေါ် Sayargyi ဆိုတဲ့လူကို အကုန်လု...
08/01/2025

တစ်ချိန်က FalconEsports နဲ့အတူ တောက်ပခဲ့ဖူးတဲ့ ကြယ်တစ်ပွင့်ရဲ့ လားရာ ဘယ်လဲ..

Coach Zaya ခေါ် Sayargyi ဆိုတဲ့လူကို အကုန်လုံးရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်မှာပါ။ လက်ရှိမြန်မာနိုင်ငံရဲ့ အင်အားအကြီးဆုံး Falcon Esports ကို စတင်တည်ထောင်ခဲ့စဥ်အခါက အတူရှိခဲ့တဲ့လူလည်း ဟုတ်သလို MPL Indonesia မှာ Coach လုပ်ခဲ့တဲ့ ပထမဆုံးသော မြန်မာ ​နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးမီအချိန်ကထိ Mythic Seal မှာ နည်းပြလုပ်ခဲ့သေးပေမယ့် ယခုမှာတော့ Mythic Seal နဲ့လမ်းခွဲသွားပြီပဲဖြစ်ပါတယ်။

Coach Zaya ဟာ MPL MM ရဲ့ ကစားသမားဟောင်းတစ်ယောက်လည်းဖြစ်ပြီးတော့ ACE တို့နဲ့ ခေတ်ပြိုင်ကစားသမားတစ်ယောက်ဖြစ်သူလည်းဖြစ်ပါတယ်။ MPL MM S3 ကို Mega Myanmar နဲ့အတူ ဝင်ရောက်ကစားခဲ့ဖူးတဲ့ Zaya ဟာ MPL MM S5 မှာတော့ Yangon Galacticos ရဲ့ နည်းပြဖြစ်ခဲ့ပါတယ်။ Zaya ရဲ့ Coach ဆိုတဲ့ဘဝလမ်းကြောင်းဟာ ထိုနေရာမှာ အစပြုခဲ့ပါတယ်ပေါ့ဗျာ။ MPL MM ခေတ်မှာတော့ S5 မှာ YG နဲ့အတူ Second Runner Up နေရာထိ ရောက်ရှိခဲ့သူလည်းဖြစ်ပါတယ်။

အဲ့ဒီနောက် အခြေအနေအကြောင်းအရပ်အမျိုးမျိုးကြောင့် MPL MM ပျောက်ကွယ်သွားခဲ့ပြီးနောက် Myanmar MLBB လောကရဲ့ ဒုတိယတစ်ခေတ်လို့ ပြောလို့ရတဲ့ ကာလအပိုင်းအခြားကို ‌ရောက်လာတဲ့နောက်မှာတော့ Coach Zaya ကို Falcon Esports နဲ့အတူ ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ Falcon Esports နဲ့အတူ Coach Zaya ဟာ Local Tournament များစွာမှာ Champion ဆုများစွာ သိမ်းပိုက် နိုင်ခဲ့သလို MSC 2022 4th place, M4 world championship- 5-6th place, Smart Kingdom of Legends 2022 SEA Rivals Champion နဲ့ 32nd SEA Games Men's Tournament Bronze Medalist စတဲ့ ဆုတံဆိပ်တွေကိုပါ ရယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ MPL Indonesia ရဲ့ ပထမဆုံး မြန်မာနည်းပြတစ်ယောက်အဖြစ် RRQ Hoshi မှာ MPL Indo S12 & S13 နှစ်ခုတိုင် နည်းပြလုပ်ခဲ့ပါတယ်။ ထိုအချိန်က အဖက်ဖက်ကနေ ယိုယွင်းနေတဲ့ RRQ ကို Coach Zaya ဟာ သူ့ရဲ့ position ကနေ အကောင်းဆုံး ကူညီဖေးမခဲ့ပါတယ်။ MPL Indo S12 မှာဆိုရင် 3rd Runner Up ထိရရှိအောင်ယူဆောင်ပေးနိုင်ခဲ့တဲ့ Coach တစ်ယောက်လည်းဖြစ်ပါတယ်။

MPL Indo S13 ပြီးတဲ့နောက် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အရင်က Falcon Esports မှာ အတူတူရှိခဲ့ဖူးတဲ့ Kenn Justin Yelloflash တို့ရှိရာ Mythic Seal မှာ နည်းပြလုပ်ခဲ့ပါတယ်။ Mythic Seal ကို ရောက်ရှိခဲ့ပြီးနောက် M6 World Championship ပြိုင်ပွဲကို တက်ရောက်နိုင်ဖို့ အနီးစပ်ဆုံးအခြေအနေထိရောက်ရှိခဲ့ပေမယ့်လည်း M6 MM Qualifier first runner up အဖြစ်သာ ကျေနပ်ခဲ့ရပါတယ်။

ဒီလိုမျိုး Local ရော Inter ရောမှာပါ Experience အပြည့်အဝရှိပြီးသား Coach တစ်ယောက်ဟာ ယခုဆိုရင်တော့ Mythic Seal နဲ့လမ်းခွဲသွားပြီဖြစ်တာကြောင့် အားလုံးဟာ Coach Zaya ရဲ့ နောက်ထပ်ခရီးစဉ်တစ်ခုကို စိတ်ဝင်စားစွာ စောင့်မျှော်နေကြပါတယ်။ Coach Zaya ရဲ့ နောက်ထပ်ခရီးစဉ်တွေကို ဘယ်အသင်းနဲ့အတူ မြင်တွေ့ရမှာလဲဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (Local အသင်းထဲ ကိုတော့ သူတို့ Contract အရ သွားလို့မရဘူး သိရပါတယ်။)

ဘယ်ဆီ ဘယ်အရပ်ကိုပဲ ခရီးနှင်နှင် တစ်ချိန်က FalconEsports နဲ့အတူ တောက်ပခဲ့ဖူးတဲ့ ကြယ်တစ်ပွင့်ရဲ့ နောက်ထပ်လျှောက်လှမ်းရမဲ့ ခရီးလမ်း ဖြောင့်ဖြူးနိုင်ဖို့အရေး ​တောင်းဆုပြုလိုက်ရပါတယ်ခင်ဗျ

07/01/2025

Diamond Price { စျေး }

K Pay or Wavy 09782823100- Thet Paing Tun

လုပ်ငန်းစဥ်အမှတ်ပါတဲ့ ငွေလွှဲ ပြေစာ ပုံနဲ့ အတူ game id server id ကို ရေးပို့ပေးပါ။
12345678(12345)

Waiting Time: Approximately 10 minutes
(မ၀ယ်ခင် စျေးအရင် မေးပါဗျ)
စျေးမေးရန်

07/01/2025

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nyo Chaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share