11/01/2024
အကြွေစေ့လှန်ခြင်းသည် တကယ်တော့ကျပန်းမဟုတ်ပါ
-------------------------------------
အကြွေစေ့လှန်ခြင်းသည် ဆုံးဖြတ်ချက်များချရန်အတွက် လူတွေအသုံးများဆုံးသော နည်းလမ်းတစ်ခုဖြစ်သည်။ကျနော်တို့သိတဲ့ NFL လိုအဖွင့်ပွဲစဉ်များကို ဆုံးဖြတ်တဲ့အခါမှာလဲ ဒီအကြွေစေ့လှန်ခြင်းကို အသုံးပြုတာတွေ့ဖူးကြမှာပါ။
ယခင်ကျနော်တို့ခေတ်တွေ မရောက်ခင်ထဲက ရောမခေတ်ထဲက ရောမ လူမျိူးများကလဲ သူတို့၏ ပုဂ္ဂိုလ်ရေးအငြင်းပွားမှုတွေ အခြားခေါင်းဆောင်ပိုင်းကိစ္စ ဖြေရှင်းတဲ့အခါတွေမှာလဲ ဒီဒင်္ဂါးပြားလှန်ခြင်းနည်းကိုဘဲ အသုံးပြုကြပါတယ်။
သူတို့ရဲ့ ဒင်္ဂါးပြားကတော့ ကျနော်တို့လို "ခေါင်းနှင့်ပန်း"မဟုတ်ဘဲ "ခေါင်းနှင့်သင်္ဘော" ဖြစ်ပါတယ်။ (ဒင်္ဂါးပြား၏ တဖက်တွင်မျက်နာနှစ်ဖက်ရှိသည့် Janusနှင့်အခြားတဖတ်မှာတော့ သင်္ဘောတစ်စီးကိုရည်ညွှန်းပါတယ်)
အကြွေစေ့လှန်ခြင်းသည် အလွန်ရိုးရှင်းပါသော်လည်း တကယ်တော့PHYSICS နှင့်ဆိုင်သော ရူပဗေဒ ဆိုင်ရာပညာနှင့်အများကြီးသက်ရောက်မှုရှိပါတယ်။
သိပ္ပံပညာရှင်တွေရဲ့စမ်းသက်မှုကလဲ ဒီအကြွစေ့လှန်ခြင်းများသည် ကျနော်တို့အများစုထင်ထားသလို ကျပန်းမဟုတ်ဘူးဆိုတာကိုလဲ ရှာဖွေတွေ့ ရှိခဲ့ကြပါတယ်။
2023ခုနှစ်တွင် အမ်စတာဒမ် တက္ကသိုလ်၏ လေ့လာမှုတခုတွင် မတူညီသာငွေကြေး ဒင်္ဂါးပြား 46 ခုကိုထား၍ ဒင်္ဂါးပြား 350757 ပြားလှန်သောအခါ ဒင်္ဂါးတစ်ပြားသည် စလှန်လိုက်တဲ့အချိန်မှာရှိတဲ့ အနေအထား၏ 50.8% ကအဲ့ဒီဟာပြန်ကျတာကိုလေ့လာ တွေ့ရှိခဲ့ကြပါတယ်။
နားလည်အောင်ပြောရရင် အကြွေစေ့တခုကို ခေါင်းကနေစလှန်လိုက်ရင် အဲ့ခေါင်းကိုပြန်ကျဖို့ 100မှာ50%လောက် ဖြစ်နိုင်ခြေပိုများပါတယ်။
ဒီအချက်ကလဲ 2004 ခုနှစ်ကတီထွင်ခဲ့တဲ့ ယခင်သီအိုရီတခုကိုပါ သက်သပြခဲ့ပါတယ်။၎င်းသီအိုရီကလဲ အကြွေစေ့တွေက ပစ်ချလိုက်တဲ့ဘက်နဲ့ ပြန်ကျတယ်ဆိုတဲ့အကြောင်း ကိုထုတ်ဖော်ပြသခဲ့ပါတယ်။
ဒါပေမဲ့ဒီလိုခြားနားချက် အသေးလေးတွေကို သုံးသပ်၊လက်တွေ့သက်သေပြခဲ့သော်လည်း လူတွေရဲ့အကြွေစေ့လှန်သည့် ဓလေ့ကိုတားဆီးနိုင်မည်တော့ မဟုတ်ပါဘူး။
အကြွေစေ့လှန်ခြင်းကို မိနစ်အနည်းငယ်မျှ လေ့ကျင့်ရုံဖြင့်အလွယ်တကူ ခေါင်းနှင့်ပန်းကျရန်ထိန်းချူပ်နိုင်ပါသည်။
ထို့ကြောင့်အရေးကြီးသော ဆုံးဖြတ်ချက်များကို ဆုံးဖြတ်ရန် အကြွေစေ့ပစ်ခြင်း၏ ကံတရားကိုအားကိုးပါက အကြွေစေ့လှန်သောသူ၏ လက်ထဲတွင်သာ မိမိ၏ ကံတရားရှိသည်ကိုကြိုသိထားရန်လိုအပ်ပါသည်။
#(ပုံနှင့်စာများကူးယူဖော်ပြခွင့်မပြုပါ)