D Myay

D Myay D Myay is provided with the latest news and knowledge in daily.
(3)

ဗေဒင်ဟောစာတမ်းမိတ်ဆွေများအားလုံးအတွက်၂၀၂၄ သြဂုတ်လ (၂၄)ရက်မှ (၃၁)ရက်အတွင်းဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်၊ ယတြာပြုရန်(၁)ပတ...
24/08/2024

ဗေဒင်ဟောစာတမ်း
မိတ်ဆွေများအားလုံးအတွက်
၂၀၂၄ သြဂုတ်လ (၂၄)ရက်မှ (၃၁)ရက်အတွင်း
ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်၊ ယတြာပြုရန်
(၁)ပတ်စာ ဟောစာတမ်း
အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း ။ …. ။
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော
မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း

ဗေဒင်ဟောစာတမ်းမိတ်ဆွေများအားလုံးအတွက်၂၀၂၄ သြဂုတ်လ (၁၆)ရက်မှ (၂၃)ရက်အတွင်းဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်၊ ယတြာပြုရန်(၁)ပတ...
17/08/2024

ဗေဒင်ဟောစာတမ်း
မိတ်ဆွေများအားလုံးအတွက်
၂၀၂၄ သြဂုတ်လ (၁၆)ရက်မှ (၂၃)ရက်အတွင်း
ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်၊ ယတြာပြုရန်
(၁)ပတ်စာ ဟောစာတမ်း
အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း ။ …. ။
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော
မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း

ဗေဒင်ဟောစာတမ်းမိတ်ဆွေများအားလုံးအတွက်၂၀၂၄ သြဂုတ်လ (၁)ရက်မှ (၇)ရက်အတွင်းဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်၊ ယတြာပြုရန်(၁)ပတ်စ...
02/08/2024

ဗေဒင်ဟောစာတမ်း
မိတ်ဆွေများအားလုံးအတွက်
၂၀၂၄ သြဂုတ်လ (၁)ရက်မှ (၇)ရက်အတွင်း
ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်၊ ယတြာပြုရန်
(၁)ပတ်စာ ဟောစာတမ်း
အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း ။ …. ။
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော
မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း

ဗေဒင်ဟောစာတမ်းမိတ်ဆွေများအားလုံးအတွက်၂၀၂၄ မေလ (၈)ရက်မှ (၁၅)ရက်အတွင်းဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်၊ ယတြာပြုရန်(၁)ပတ်စာ ဟ...
08/05/2024

ဗေဒင်ဟောစာတမ်း
မိတ်ဆွေများအားလုံးအတွက်
၂၀၂၄ မေလ (၈)ရက်မှ (၁၅)ရက်အတွင်း
ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်၊ ယတြာပြုရန်
(၁)ပတ်စာ ဟောစာတမ်း
အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း ။ …. ။
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော
မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း

ဗေဒင်ဟောစာတမ်းမိတ်ဆွေများအားလုံးအတွက်၂၀၂၄ မေလ (၁)ရက်မှ (၇)ရက်အတွင်းဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်၊ ယတြာပြုရန်(၁)ပတ်စာ ဟေ...
30/04/2024

ဗေဒင်ဟောစာတမ်း
မိတ်ဆွေများအားလုံးအတွက်
၂၀၂၄ မေလ (၁)ရက်မှ (၇)ရက်အတွင်း
ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်၊ ယတြာပြုရန်
(၁)ပတ်စာ ဟောစာတမ်း
အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း ။ …. ။
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော
မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း

ဗေဒင်ဟောစာတမ်းမိတ်ဆွေများအားလုံးအတွက်၂၀၂၄ ဧပြီလ (၁၆)ရက်မှ (၂၃)ရက်အတွင်းဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်၊ ယတြာပြုရန်(၁)ပတ်စ...
17/04/2024

ဗေဒင်ဟောစာတမ်း
မိတ်ဆွေများအားလုံးအတွက်
၂၀၂၄ ဧပြီလ (၁၆)ရက်မှ (၂၃)ရက်အတွင်း
ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်၊ ယတြာပြုရန်
(၁)ပတ်စာ ဟောစာတမ်း
အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း ။ …. ။
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော
မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း

ဗေဒင်ဟောစာတမ်းမိတ်ဆွေများအားလုံးအတွက်၂၀၂၄ ဧပြီလ (၈)ရက်မှ (၁၅)ရက်အတွင်းဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်၊ ယတြာပြုရန်(၁)ပတ်စာ...
08/04/2024

ဗေဒင်ဟောစာတမ်း
မိတ်ဆွေများအားလုံးအတွက်
၂၀၂၄ ဧပြီလ (၈)ရက်မှ (၁၅)ရက်အတွင်း
ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်၊ ယတြာပြုရန်
(၁)ပတ်စာ ဟောစာတမ်း
အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း ။ …. ။
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော
မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း

မိတ်ဆွေများအားလုံးအတွက် ...၂၀၂၄ ခုနှစ် ဧပြီလ အတွက် (၁) လစာ ဗေဒင်ဟောစာတမ်းအကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ...
30/03/2024

မိတ်ဆွေများအားလုံးအတွက် ...
၂၀၂၄ ခုနှစ် ဧပြီလ အတွက်
(၁) လစာ ဗေဒင်ဟောစာတမ်း
အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း။ …. ။
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော
မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း

ဗေဒင်ဟောစာတမ်းမိတ်ဆွေများအားလုံးအတွက်၂၀၂၄ မတ်လ (၁၆)ရက်မှ (၂၃)ရက်အတွင်းဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန်(၁)ပတ...
16/03/2024

ဗေဒင်ဟောစာတမ်း
မိတ်ဆွေများအားလုံးအတွက်
၂၀၂၄ မတ်လ (၁၆)ရက်မှ (၂၃)ရက်အတွင်း
ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန်
(၁)ပတ်စာ ဟောစာတမ်း
အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း ။ …. ။
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော
မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း

ဗေဒင်ဟောစာတမ်းမိတ်ဆွေများအားလုံးအတွက်၂၀၂၄ ဖေဖော်ဝါရီလ (၁၆)ရက်မှ (၂၂)ရက်အတွင်းဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရ...
15/02/2024

ဗေဒင်ဟောစာတမ်း
မိတ်ဆွေများအားလုံးအတွက်
၂၀၂၄ ဖေဖော်ဝါရီလ (၁၆)ရက်မှ (၂၂)ရက်အတွင်း
ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန်
(၁)ပတ်စာ ဟောစာတမ်း
အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း ။ …. ။
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော
မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း

ဗေဒင်ဟောစာတမ်းမိတ်ဆွေများအားလုံးအတွက်၂၀၂၄ ဖေဖော်ဝါရီလ (၁)ရက်မှ (၇)ရက်အတွင်းဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန်...
01/02/2024

ဗေဒင်ဟောစာတမ်း
မိတ်ဆွေများအားလုံးအတွက်
၂၀၂၄ ဖေဖော်ဝါရီလ (၁)ရက်မှ (၇)ရက်အတွင်း
ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန်
(၁)ပတ်စာ ဟောစာတမ်း
အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း ။ …. ။
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော
မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း

ဗေဒင်ဟောစာတမ်းမိတ်ဆွေများအားလုံးအတွက်၂၀၂၄ ဇန်နဝါရီလ (၂၄)ရက်မှ (၃၁)ရက်အတွင်းဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန်...
25/01/2024

ဗေဒင်ဟောစာတမ်း
မိတ်ဆွေများအားလုံးအတွက်
၂၀၂၄ ဇန်နဝါရီလ (၂၄)ရက်မှ (၃၁)ရက်အတွင်း
ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန်
(၁)ပတ်စာ ဟောစာတမ်း
အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း ။ …. ။
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော
မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း

ဗေဒင်ဟောစာတမ်းမိတ်ဆွေများအားလုံးအတွက်၂၀၂၄ ဇန်နဝါရီလ (၁၆)ရက်မှ (၂၃)ရက်အတွင်းဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန်...
17/01/2024

ဗေဒင်ဟောစာတမ်း
မိတ်ဆွေများအားလုံးအတွက်
၂၀၂၄ ဇန်နဝါရီလ (၁၆)ရက်မှ (၂၃)ရက်အတွင်း
ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန်
(၁)ပတ်စာ ဟောစာတမ်း
အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း ။ …. ။
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော
မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း

ကမ္ဘာပေါ်မှာ နေထွက်တာကို အရင်ဆုံး မြင်ရတဲ့ နိုင်ငံ (သို့မဟုတ်) အရှေ့ဘက်အကျဆုံးနိုင်ငံက ပစိဖိတ်သမုဒ္ဒရာထဲက Kiribati ဆိုတဲ...
15/01/2024

ကမ္ဘာပေါ်မှာ နေထွက်တာကို အရင်ဆုံး မြင်ရတဲ့ နိုင်ငံ (သို့မဟုတ်) အရှေ့ဘက်အကျဆုံးနိုင်ငံက ပစိဖိတ်သမုဒ္ဒရာထဲက Kiribati ဆိုတဲ့ ကျွန်းနိုင်ငံ ဖြစ်ပါတယ်။

ကျွန်းပေါင်း ၃၃ ကျွန်း ပါဝင်ပြီး လူဦးရေ ၁၂၀၀၀၀ ကျော် နေထိုင်ပါတယ်။

ကမ္ဘာကြီးရဲ့ အရှေ့နှင့် အနောက်ကို International Date line နဲ့ ပိုင်းခြားထားပါတယ်။

Kiribati နိုင်ငံရဲ့ အရှေ့အကျဆုံး Caroline ကျွန်းက International Date line နှင့် မိုင် ၃၄၀ (ကီလို ၅၅၀)ခန့်သာ ကွာဝေးပါတယ်။

Kiribati ပြီးရင်တော့ Fiji, Samoa နှင့် New Zealand နိုင်ငံရဲ့ Chatham ကျွန်းတွေမှာ နေထွက်တာကို အစောဆုံး မြင်တွေ့နိုင်ပါတယ်။

Credit --- Facts

တိုက်ဆိုင်မှု ရှိခဲ့လျှင် 1980 မှ 1995 ခုနှစ် ငယ်ဘဝ လွမ်းညများ တမ်းခြင်း1980 မှ 1995 ခုနှစ်ကြားထဲမှာ မွေးတဲ့ သူငယ်ချင်းတ...
10/01/2024

တိုက်ဆိုင်မှု ရှိခဲ့လျှင် 1980 မှ 1995 ခုနှစ် ငယ်ဘဝ လွမ်းညများ တမ်းခြင်း

1980 မှ 1995 ခုနှစ်ကြားထဲမှာ မွေးတဲ့ သူငယ်ချင်းတွေများရှိရင် ခဏလောက် အချိန်ပေးပြီး ဖတ်ကြည့်ပါလား။ ခဏလောက် လွမ်းတာပေါ့။ 2000 ခုနှစ်ပတ်ဝန်းကျင်ဟာ ကျွန်တော်တို့လို 1990 နှစ်ကာလ အနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေ အတွက်တော့ အရာရာထက် ပိုလွမ်းရတဲ့ နှစ်ကာလတွေပါပဲ။

အထူးသဖြင့် မြို့ကြီးပြကြီးတွေထက် နယ်မြို့သေးသေးလေးဆီမှာ ကြီးပြင်းခဲ့ရသူတွေ အတွက် လွမ်းရတဲ့ရနံ့က ပိုပေါနိုင်ပါတယ်။ အဲ့ဒီတုန်းက နွေဟာ နေလို မပူသေးဘဲ ဆောင်းဟာ နှင်းတွေနဲ့ လင်းပွင့်နေတုန်းပါပဲ။

ညနေ ကျောင်းဆင်းတဲ့အခါ ဘောလုံးကန်ကြတဲ့ လူငယ်တွေ လိုတာထက် ပိုများနေကြပြီး ကျူရှင်ချိန်တွေကလည်း အခုလောက် မပိသေးတဲ့ နှစ်ကာလတွေပါပဲ။ ကျွန်တော်တို့ဟာ ခေတ်ပေါင်းများစွာကို ငြင်းခုန်ရင်း သ.တ်ပု.တ်ရင်း စည်းလုံးရင်း ဟိုဘက်ရက်ကွက် ဒီဘက်ရက်ကွက်တွေ အားကစားတစ်ခုခု ချိန်းကန်ရင်း ဖြတ်သန်းခဲ့ကြတယ်။

လိပ်ပြာတွေ ပုစဉ်းရင်ကွဲတွေ တအား ဖြတ်ပျံနေတဲ့ ကာလဆို ကုတင်အောက်က ဖုန်တက်နေတဲ့ ရစ်လုံးတွေ ထုတ်ကြမယ်။ဆီစိမ်စက္ကူနဲ့ လုပ်ထားတဲ့ ခုတ်စွန်တွေ ကျန်ကျောင်းပုံပါတဲ့ အမြီးဖွါးဖွါးနဲ့ ကလေးတွေ လွှတ်တဲ့ အပျော်တမ်းစွန်တွေ မှန်စာတွေ သူ့ထက်ငါ အပြိုင်တိုက်ရင်း စွန်ခေတ်ဆိုတာကိုဖြတ်သန်းကြမယ်။

သားရေပင်တွေကို သားရေပင် ဂိုင်ကြီးတွေနဲ့ ပစ်တာဖြစ်ဖြစ် ဒိုးပြားတွေနဲ့ ပစ်တာပဲဖြစ်ဖြစ် ထု.တ်သ.တ်ကစားရင်း သားရေပင်ခေတ်ကို ဖြတ်ကြမယ်။ အရုပ်တွေ မျိုးစုံထောင်ထားရင်း ခေါင်မှန်ကုန်ပစ်တာပဲဖြစ်ဖြစ် နှစ်ဘက်ကမ်းပစ်တာပဲဖြစ်ဖြစ် ဂေါ်လီလုံးတွေနဲ့ ပစ်ရတဲ့ အရုပ်ခေတ်ကို ဖြတ်သန်းကြမယ်။

ဒီလိုပါပဲ။ ပုံခေတ်။ ကော်Gသ.န.တ်နဲ့ စ.စ်တိုက်တမ်း ကစားရတဲ့ခေတ်။ မိုးရေထဲ ခုန်ဆင်းရင်း ကမ္ဘာကြီးကို ဘောလုံးနဲ့ စ.စ်မျက်နှာ ဖွင့်ရတဲ့ခေတ်။ အို လွန်ခဲ့သော နှစ်ကာလတွေမှာ ကျွန်တော်တို့အနေနဲ့ ပြန်ပြောပြစရာတွေဟာ ဘာလို့များ စိမ့်စိမ့်ဝင်ဝင် များနေခဲ့ရတာပါလိမ့်။ အဲ့ဒီတုန်းက တူတူပုန်းတမ်းဆိုတာ ခေတ်စားတယ်။

အဲ့ဒီတုန်းက ကျောင်းမုန့်ဖိုး ငါးဆယ်လောက်ရတဲ့ကောင်ဆိုတာ အကောင်ပဲ။ (ကျွန်တော်က ဆယ်တန်းရောက်မှ တနေ့လုံးစာ မုန့်ဖိုး တစ်ရာပဲ ရပါတယ်)။ သားရေပင်တွေ အများကြီးကို ကြိုးလိုဆက်ပြီး ခါးမှာ ရှည်ရှည်ပတ်ထားနိုင်တဲ့ ကောင်က အကောင်ပဲ။

အဲ့ဒီတုန်းက ကြီးနိုင်ငယ်ညှဉ်းဆိုတာ တစ်ချို့ ကစားပွဲတွေမှာ ကလေးတွေကို ထည့်မသွင်းတာပဲ ရှိတယ်။ အဲ့ဒီတုန်းက မိုးရွာရင် ဇိမ်ကျဖို့ထက် မိုးရေထဲ ပြေးဆင်းလိုက်ဖို့ကို ပိုအာရုံကျကြတယ်။ အဲ့ဒီတုန်းက အသာစီးရတယ်ဆိုတာ အိမ်ပြန်လက်ဆောင်ဆိုပြီး ကျောကို ဦးအောင်ရိုက်ပြီး အမြန်ပြန်ပြေးရတဲ့ ဖီလင်ပဲ။

အဲ့ဒီတုန်းက မီးခဏခဏ ပျက်တယ်။ ဒါပေမယ့် အစိုးရကို ဆဲရကောင်းမှန်း မသိသေးဘူး။ ဖယောင်းတိုင် အတုတ်ကြီးတွေနဲ့ လမ်းမီးတိုင်တွေဟာ ကျွန်တော့တို့ရဲ့ ဆွတ်ပျံ့ဖွယ်ရာ လ.က်န.က်ပဲ။ အဲ့ဒီတုန်းက အရသာရှိခြင်းဆိုတာ သရက်သီးကို ငရုပ်သီး စပ်စပ်နဲ့ သုတ်ထားပြီး အားလုံး ဝိုင်းလုစားရတဲ့ အခိုက်အတန့်ပဲ။

အဲ့ဒီတုန်းက ပျော်ရွှင်မှုဆိုတာ ကျောက်ရုပ် ကျောက်ပျက် ကစားတာဖြစ်ပြီး ညစ်ပတ်တယ်ဆိုတာ တစ်ယောက်ထဲကို ကွက်ပြီး ငြိုးဖမ်းရတာပဲ။ ကျယ်ပြောတဲ့လမ်းဆုံရဲ့ လမ်းမီးတိုက်အောက်မှာ ထုပ်စည်းတိုးနေကြတဲ့ မိန်းကလေးတွေရှိပြီး အဲ့ဒီနားမှာပဲ လက်သီးထိုးတမ်း ကစားနေတဲ့ လူငယ်တွေ ရှိကြပါတယ်။

အဲ့ဒီတုန်းက ထူးဆန်းတဲ့သတင်းဆိုတာ အိမ်ချင်းကပ်ရက် နှစ်အိမ် အကြီးအကျယ် ရန်ဖြစ်တာဖြစ်ပြီး ကြောက်စရာကောင်းတဲ့ ကောလဟာလဆိုတာ ကလေးတွေကိုလိုက်ဖမ်းနေတဲ့ ခေါင်းဖြတ်ဂိုဏ်းဆိုတာပဲ။ အဲ့ဒီတုန်းက ကမ္ဘာကြီးကို ဘာနဲ့မှ ချောင်းကြည့်လို့ မရသေးဘူး။ တရု.တ်သိုင်းကားထဲ ခြေစုံပစ်ဝင်ရင်း TV ထဲမှာလည်း အခုထက်ပိုပြီး အစိမ်းတွေ တောက်ပနေတဲ့ ကာလတွေပါပဲ။

အဲ့ဒီတုန်းက ထင်းခြောက်လေးတွေ အိမ်တိုင်း အိမ်တိုင်းမှာ ရှိနေကြပြီး မီးသွေးမီးဖိုဟာ အမေတွေကို ထမ်းပိုးပေးနေတဲ့ အထောက်အပံ့ကောင်း တစ်ခုပါပဲ။ ကျွန်တော်တို့ဟာ နွေနေ့လည်ရဲ့ အပူဒဏ်ကို ခုခံဖို့ အိမ်အောက်မှာ ရေဖြန်းထားနှင့်မယ်။ မြက်ဖျာလေးခင်း ဘေးမှာ သဲရေအိုးလေးထားပြီး ကာတွန်းဖြစ်ဖြစ် ဝတ္ထုစာအုပ်နဲ့ဖြစ်ဖြစ် ကမ္ဘာကြီးဆီက အပူလှိုင်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှောင်တိမ်းမယ်။

အပူတွေ များတယ်ဆိုရင်တောင် အခုလောက်ထိ တမြေ့မြေ့ မပူသေးတဲ့ တစ်ချိန်တုန်းက တရေးတမောအိပ်ရတဲ့ နွေနေ့လည်ခင်းတွေပါပဲ။ လွန်ခဲ့တဲ့နှစ်တွေလို့ ပြန်တွေးကြည့်တဲ့အခါ အခုရောက်ရှိနေတဲ့ တိုးတက်မှုယန္တရား ခေတ်ကြီးထဲမှာ မပျော်ဘဲ ကျန်နေရတဲ့ နောက်ကျလူသားအဖြစ် ကျွန်တော်ကိုယ် ကျွန်တော် ပြန်တွေ့မိပါတယ်။

လိပ်ဥဖွက်တမ်းဟာ Gသဆုံးသွားခဲ့ပြီလား။ သြဇာစေ့လေးတွေနဲ့ ဇယ်တောက်ရတဲ့ ကစားနည်းတွေကရော။ ပြီးတော့ မိန်းကလေးတွေရဲ့ အီစပ်ကြိုးခုန်ရတဲ့ ပျော်ရွှင်မှုကရော။ ကလေးတွေကို အရောင်တွေ စွန်းပေတာ ဘာလို့ ပိုမြန်လာခဲ့ပါသလဲလို့ လန့်ဖြတ်စွာ ကျွန်တော် စဉ်းစားနေမိပါတယ်။

တစ်ခုခု ကစားမယ်ဆိုတာနဲ့ တကူးတက လူစုစရာ မလိုတဲ့ နှစ်ကာလတွေကို ဘယ်အမှောင်ထဲ ဘယ်သူတွေ အကွက်လှမ်းရွှေ့လိုက်ပါသလဲ။ ”တူသံ တစ်ချက်ပေး” ဆိုတဲ့ အသံတွေကို ကျွန်တော် လှမ်းပြီး လွမ်းနေမိပါတယ်။” ”တစ် နှစ် သုံး တစ် နှစ် သုံး တစ် “” ဆိုတဲ့ အသံတွေကို ပြန်ကြားနေမိပါတယ်။

”ရုပ်ရှင်ရုံမှာ ဘာကားလဲ” လို့ တစ်စုံတစ်ယောက်က စကားစလိုက်တာနဲ့ ဝေလုကျော် ဆိုပြီး လုပြေးကြလို့ ပွဲပျက်သွားတဲ့ ကစားနည်းတွေကိုလည်း တခုတ်တရ လွမ်းဆွတ်နေမိပါတယ်။ ဘယ်ပျော်ရွှင်မှုကိုမှ ပိုက်ဆံနဲ့ ပေးဝယ်စရာ မလိုခဲ့ဘဲ နာကျင် ဖွယ်ရာ ဟာသတစ်ခု အနေနဲ့ကတော့ ပျော်ရွှင်မှုတွေ ရိုက်သ.တ်လို့ မကုန်ဘူးဆိုပြီး ကြွေးကြော်လို့ရခဲ့တဲ့ နှစ်ကာလတွေပါပဲ။

အဲ့ဒီတုန်းက ကောင်မလေးတွေကလည်း ဘိုကေနဲ့ ဘောင်းဘီတိုနဲ့ ဖြစ်ပြီး ကျွန်တော်တို့ယောက်ျားလေးတွေကလည်း ဘိုကေနဲ့ ဘောင်းဘီတိုနဲ့ပါပဲ။ အရာရာ ရောထွေးနေတဲ့ ခေတ်ကြီးထဲမှာ ပျော်ရွှင်မှုရဲ့ အရောင်ကတော့ ဘယ်ထောင့်ကကြည့်ကြည့် ထင်းခနဲ လင်းနေတဲ့ နှစ်ကာလတွေပါပဲ။

အဲ့ဒီတုန်းက ဆိုင်ကယ်တွေ ဒီလောက် မပေါသေးဘူး။ အဲ့ဒီတုန်းက စကပ်အကွဲတွေ မရှိသလောက် နီးပါးအထိ မရှိဘူး။ အဲ့ဒီတုန်းက ခရမ်းလွန်ရောင်ခြည်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ ဒီလောက် မများသေးဘူး။ အဲ့ဒီတုန်းကအရိပ်ရတဲ့သစ်ပင်တွေ ဒီလောက် မရှားသေးဘူး။

အဲ့ဒီတုန်းက K POP လှိုင်းလုံးကလည်း ကျွန်တော်တို့ဆီ လာရောက် မဖုံးလွှမ်းသေးဘူး။ လက်နဲ့လှည့်ရတဲ့ ကြံရည်ဆိုင်လေးထဲမှာ ရေခဲတုံး ပိုထည့်ခိုင်းတာဟာ လောဘဖြစ်ပြီး မာလကာသီး ဒါမှမဟုတ် သရက်သီးတွေဆိုရင် ပိုကောင်းပြီး ပိုကြီးတဲ့အသီးကို ရွေးယူထားတာဟာ အဲ့ဒီနှစ်ကာလတွေရဲ့ အတ္တပါပဲ။

ကျွန်တော်တို့က တွတ်ပီထဲကနေ ကမ္ဘာကြီးကိုရပြီး ဘိုဘိုတို့ အီးတီတို့ထဲကနေတော့ စိတ်ကူးယဉ်မှုရဲ့ အရသာကို ရပါတယ်။ အဲ့ဒီတုန်းကရဲ့ အမြင့်မားဆုံး မကောင်းမှုဆိုတာ လေးခွတစ်လက်နဲ့ ဟိုပစ်ဒီပစ်လုပ်တာဖြစ်ပြီး အမြင့်ဆုံး ဒဏ်ကြေးဆိုတာ အိမ်ရှေ့ထွက်ပြီး ဘောင်းဘီချွတ်ရိုက်ခံရတာပါပဲ။

ပြန်တွေးကြည့်တော့ အသားနာလို့ငိုပြီး ဘောင်းဘီချွတ် ရိုက်ခံရတာကို မရှက်ခဲ့တဲ့ အဖြူရောင်စက်ဝန်းထဲက အလွမ်းတွေဟာ သတိရစိတ်ဟာ ကွက်ပြီးအုံ့နေတဲ့ မိုးသားတွေပဲ။ အဝေးကြီးကနေလာပြီး စိတ်တည့်တည့်မှာ ရွှဲပါတယ်။ အဲ့ဒီတုန်းက ကောင်းကင်ကို ပစ်ဖမ်းဖို့ရော ဘာတွေ လိုအပ်ပါသလဲ။ ကျွန်တော်မြင်နေရတဲ့ ကောင်းကင်နောက်မှာ ပုန်းနေတဲ့ နောက်ထပ် ကောင်းကင်တစ်ခု ရှိနေတယ်လို့ ကျွန်တော် အကြိမ်ကြိမ် ခံစားရတယ်။

သိပ်လွမ်းလာတဲ့အခါ အဲ့ဒီကောင်းကင်ကို ကျွန်တော် ပြန်မိပါတယ်။ အလွမ်းတွေနဲ့ ဒါမှမဟုတ် အကွက်ရရင် အသံပြန်လာပေးတဲ့ ငယ်တုန်းက ပုံရိပ်တွေနဲ့ပေါ့။ တစ်ကယ်လို့များ အခုနေ တစ်ယောက်ယောက်က 2000 ခုနှစ်တွေရဲ့ အလွမ်းရဆုံး အစိတ်အပိုင်းက ဘာလဲလို့ မေးရင် ရပ်ကွက်ထဲ လှည့်ပတ်လာရောင်းတဲ့ စျေးသည်တွေရဲ့ အသံလို့ ကျွန်တော်က ဖြေမှာပါပဲ။

သားရည်စာ ကမ္ဘာကြီးကို အိမ်ထဲကနေပြီး အလွယ်တကူ ထိုင်မျှားလို့ရနေတဲ့ နှစ်ကာလကြီးပေါ့။ အဲ့ဒီတုန်းက ရာသီစာ အစားအစာမှန်သမျှဟာ ခေါင်းထိုးဗျပ်ရွက် အသည်တွေဆီကနေတစ်ဆင့် ကျွန်တော်တို့ကမ္ဘာကို စီးထားခဲ့ကြတယ်။ အခုအချိန်ထိ ကျွန်တော့ရဲ့ တစ်ချို့ညတွေမှာ အိပ်မက်အဖြစ် ကိုယ်ထင်လာလာပြတတ်တဲ့ Gသဆုံးမသွားသေးတဲ့ အသံတွေပါပဲ။

လွမ်းမိလို့ နာကျင်ရတယ် ဆိုပေမယ့်လည်း အဲ့ဒီနာကျင်မှုကိုတော့ ဘယ်တော့မှ လှီးထုတ်မရအောင် ကျွန်တော် တပ်မက်မိပါတယ်။ ဆောင်းမနက်ခင်းတွေဆို အိမ်ရှေ့က သစ်ရွက်ခြောက်တွေကို လှဲပြီးပုံ မီးရှို့ အဖွါးရဲ့ မာဖလာထဲကနေ နှင်းစက်တွေရဲ့ အအေးဓါတ်ကို လှမ်းလှမ်းအန်တုရတာ။

ကမ္ဘာကြီးကို နှုတ်ခမ်းထဲက ထွက်လာတဲ့ အငွေ့တွေကြားကနေ ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်တာ။ ရှေ့ကို သဲသဲကွဲကွဲ မမြင်ရတဲ့မြူထုကြီးထဲကနေ အသံနဲ့လှမ်းပြီး ပုတ်နှိုးတဲ့ စျေးသည်တွေရဲ့ နှလုံးသားကို နားစွင့်ရတာ။ ပျော်ရွှင်ခြင်းရဲ့ အခြားတစ်ဘက်မှာလည်း ပျော်ရွှင်မှုကိုပဲ အများဆုံး နှိုက်ထုတ်ယူလို့ရခဲ့တဲ့ နှစ်ကာလတွေပါပဲ။

အဲ့ဒီတုန်းက မုန့်စိမ်းပေါင်းထဲမှာ အုန်းသီးများများ ပါဖို့နဲ့ ပဲပြုတ်ပူပူလေးကို မကြော်သေးခင် ဒီအတိုင်း နှိုက်စားဖို့ဆိုတာ ငယ်ဘဝရဲ့ သိပ်တောက်ပတဲ့အသံပဲ။ အဲ့ဒီတုန်းက ဘောလုံးကွင်း ဆိုတာကလည်း ဘောလုံးကွင်း သိပ်ဆန်ခဲ့ပါတယ်။ နှစ်ကာလတွေဆိုတာ လူကိုသာမက မှတ်ဉာဏ်ကိုပါ တရိရိဝါးမြိုနေတဲ့ လွှစက်တွေပဲ။

အဲ့ဒီတုန်းက လူမျိုးရေး ခွဲခြားမှု မရှိဘူး။ ဘာသာရေး ခွဲခြားမှု မရှိဘူး။ ကျွန်တော်တို့ ကစားဖော် ကစားဖက်ထဲက သိပ်ပြီး အသားမည်းတဲ့ကောင်ဟာ ကူလားလေးလို့အမည်ပေးခံရပြီး အသားသိပ်ဖြူတဲ့ကောင်ဆို တရု.တ်ကြီးလို့ အမည်ပြောင်ရပါတယ်။ ပိန်လွန်းတဲ့ကောင်ဆိုရင်တော့ ဗလကြီးလို့ ရွဲ့ခေါ်ခံရနိုင်ပြီး ဖက်တီးတွေကိုတော့ ဝက်ကြီးလို့ အချိန်မရွေး အမည်ပေးလို့ ရနေတဲ့ နှစ်ကာလ ထူထူထဲထဲကြီးပါပဲ။

ငယ်ဘဝဆိုတာ ပြန်တိုက်ယူလို့ မရတော့ပေမယ့်လည်း ဖြူစင်စွာ တိုက်ဖူးခဲ့တဲ့ တိုက်ပွဲတွေကို ကြီးပြင်းချိန်မှာ တိုက်ခိုက်နေရတဲ့ လောကဓံတိုက်ပွဲတွေကြားကနေ တမျှော်တခေါ် ငေးကြည့်ရခြင်းမျိုးပဲ။ ကျွန်တော်တို့က ငယ်ကတည်းက တိုက်ခိုက်ခဲ့ကြတာပဲ မဟုတ်လား။ အရုပ်ထောင်ပစ်တဲ့အခါ အနိုင်ရဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ကြတယ်။

စွန်ဖြတ်တဲ့အခါ ကိုယ့်စွန် မပြတ်ရေးအတွက် အကောင်းစားမှန်စာလုပ်ပြီး တိုက်ခိုက်ကြတယ် ဘောလုံးကန်တဲ့အခါ ဟိုဘက်ရပ်ကွက် ဒီဘက်ရပ်ကွက်ချိန်းပြီး စ.စ်တိုက်တမ်း ဆော့ရတဲ့အခါ အဖွဲ့လိုက် မင်းသား မင်းသမီးဖွက်တမ်း ကစားရတဲ့အခါ တိုက်ပွဲတွေ ဆိုပေမယ့်လည်း အဲ့ဒီတုန်းက ချွေးစက်တွေရဲ့ ရင်ခုန်သံဟာ သိပ်ဖြူတာပဲလို့ အခါပေါင်းမြောက်များစွာ ကျွန်တော် တွေးတောမိပါတယ်။

အခုတော့ရော အဲ့ဒီအစုအဖွဲ့ကြီးကို ဘယ်သူတွေက တရိရိ လက်စ ဖျောက်လိုက်တာပါလဲ။ စျေးသည်တွေရဲ့ စျေးလာရောင်းသံထက် နှိုးစက်နဲ့ ပွင့်လာရတဲ့ မနက်ခင်းတွေ များလာတိုင်း ဘာကိုမှန်းမသိ ကျွန်တော် တွေဝေ ငေးမောနေမိပါတယ်။

ဘာကိုမှန်းမသိ နာကျင်နေခဲ့ရပါတယ်။ တစ်ကယ်လို့များ ကမ္ဘာကြီးဆီက တစ်စုံတစ်ခု ပြန်တောင်းပါဆိုရင်တော့ အဲ့ဒီစျေးသည်တွေရဲ့ ရပ်ကွက်ထဲ လှည့်ပတ် အော်ရောင်းမယ့် အသံကို ကျွန်တော် သေချာ ပြန်တောင်းမိမယ်ပဲ ထင်ပါတယ်။

ပဲကြားပြုတ်သည် ကြီးတော်ရဲ့နောက် အချိန် အနည်းငယ်အခြားမှာ ” ကြော်စုံ ပူပူလေးတွေနော် ” လို့ စီးစီးပိုင်ပိုင်အော်တတ်တဲ့ အကြော်သည်အန်တီကြီး။ သူ့နောက်မှာ ကောက်ညှင်းပေါင်းသည်။ သူ့နောက် ခပ်လှမ်းလှမ်းမှာ တို့ဟူးသည် အန်တီ။ သူတို့နောက်မှာ ဘုရားပန်း လာရောင်းတဲ့ အန်တီတွေ။

နေ့လည်နေ့ခင်းဆိုလည်း သာကူကအစ အာပူလျှာပူအထိ အိမ်ထဲကနေ အရသာ လှမ်းရှိနေလို့ ရသေးတာကို ကျွန်တော် အခုချိန်မှာ ပြန်လည် ငတ်မွတ်နေခဲ့မိတယ်။ ငယ်ဘဝကို ပြန်တပ်ဆင်ကြည့်တဲ့အခါ အရေးပါတဲ့အစိတ်အပိုင်းအဖြစ် အဲ့ဒီအသံတွေကို ကျွန်တော် လွမ်းရပါတယ်။ သူတို့တွေ ဘယ်ရောက်သွားခဲ့ကြပါပြီလဲ။

ကော်ပစ္စည်းအစုတ်တွေ ပုလင်းခွံတွေပေးရင် ပဲကြီးလှော်တလှေကြီး ထုတ်ပေးတတ်တဲ့ အဖိုးကြီးရော ဘယ်ရောက်သွားပါပြီလဲ။ ဂျုံမှုန့်လေးတွေကို လုံးပြီး မျောက်ကလေးငါးမျှားနေပုံ စွန်းဝူခုန်းပုံ စသဖြင့် ဂျုံရုပ်ပုံတွေ လုပ်ရောင်းတဲ့ ဦးလေးကြီးတွေရောဘယ်မှာပါလဲ။

ပဲကြီးလှော်ကို မိုးပေါ်မြှောက်ပြီး ပြန်အကျကို ပါးစပ်နဲ့ လှမ်းလှမ်းဖမ်းစားနေတဲ့ ကလေးလေးတွေရော ဘယ်ပျောက်သွားခဲ့ပြီလဲ။ ဘယ်ပျောက်သွားခဲ့ကြပါပြီလဲ။ တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောဘူးဆိုတာ နာရီခြားလောက်ပဲ ရှိမယ့် နှစ်ကာလအဆွေးတွေ။ ဘယ်နားကြည့်ကြည့် မီးခိုးငွေ့တွေပဲ မြင်ရတော့မယ့် ခေတ်ကြီးထဲနေ အသံပေါင်းစုံလုံးထွေးနေတဲ့ ရပ်ကွက်လေးတွေကို ကျွန်တော် မြင်ယောင် ပုံဖော်နေမိဆဲပါပဲ။

မရှိတော့ဘူး ဆိုရင်တောင် ဖန်ဂေါ်လီအကြည်လေးတွေကို ကျွန်တော် လှမ်းမြင်နေရတယ်။ ငြင်းခုန်တာကအစ ချစ်ဖို့ကောင်းတဲ့ ဆူညံသံတွေကို စိတ်နဲ့ လှမ်းကြားနေရတယ်။ အကြွေစေ့နဲ့ ခေါင်းပန်းလှန်သူကလှန် စုံ မ ဖွက်သူက ဖွက်နေတဲ့ ကလေးတွေကို လှမ်းမြင်နေရတယ်။ အဖေ့ပုဆိုးကို နင်ဂျာလိုဝတ်ပြီး တုတ်တစ်ချောင်းနဲ့ ရပ်ကွက်ထဲ ပတ်ဆော့နေရတဲ့ ညတွေကိုလည်း လှမ်းတွေ့နေရတယ်။

လမ်းမီးတိုင်အောက်မှာ အကောင်တွေ လုဖမ်းနေတဲ့ အချိန်တွေကိုလည်း ရနံ့တစ်ခုအနေနဲ့ ပြန်ရနေမိပါတယ်။ ဝမ်းနည်းစရာတွေဟာ မျက်လုံးမှိတ်ပြီး ဆွဲယူလိုက်ရင်တောင် စိတ်ထဲကို တထွေးကြီး ပါလာနိုင်တဲ့အထိ ကျွန်တော်တို့ကို လွှမ်းခြုံထားခဲ့ပြီမဟုတ်လား။

နည်းပညာအားကိုးနဲ့ ကမ္ဘာကြီးကိုချောင်းကြည့်လို့ရပြီ ဆိုပေမယ့်လည်း ကိုယ်တိုင်ကိုယ်ကျ ခုန်ဆင်းယူမှရမယ့် ပျော်ရွှင်မှုတွေကိုတော့ ကမ္ဘာကြီးက ဖွက်ထားဆဲ ဖြစ်ပါတယ်။

တိတ်ဆိတ်နေတဲ့ မနက်ခင်းတွေမှာ နိုးထလာရတိုင်း အိပ်ယာထဲကနေ နားစွင့်လို့ရတဲ့ ခြေလျင်စျေးရောင်းသူ အန်တီကြီးတွေရဲ့ အော်သံကို ကျွန်တော် လွမ်းနေမိတယ်။ ဘာအသည် ပြီးရင်တော့ ဘာအသည် လာတော့မယ်ဆိုပြီး တွက်ဆ စောင့်စားနေရတဲ့ မနက်တွေ၊ တစ်ခါတစ်လေကျ အသံသာ ကြားရပြီး ကိုယ့်အိမ်ရှေ့ မရောက်တဲ့ အသည်တွေအရှေ့ကို သဲကွဲအောင် မမြင်ရတဲ့ နှင်းထုတွေ၊ ဟိုတစ်အိမ် ဒီတစ်အိမ်ဆီက ကိုယ်စီကိုယ်ငှ မီးလှုံနေတဲ့သူတွေ နွေကျောင်းပိတ်ရက်ရဲ့ အရသာရှိမှုတွေ မိုးရာသီကို ဖားတွေနဲ့ အပြိုင်အော်ပြီး ကြိုနေတဲ့အသံတွေ။

ဆင်ကျယ်ဖိနပ်ကို ငြီးငွေ့လာတဲ့အထိ မိုးတွင်းတစ်ခုလုံး စီးခဲ့ရတာတွေ။ အို တစ်ကယ်တမ်းကျ ကြေကွဲမှုဆိုတာ ”ငါတို့ ပျော်ခဲ့ဖူးတယ်” လို့ ဘယ်သူ့ကို ရည်ရွယ်မှန်းမသိ တစ်ကိုယ်ထဲ ပြောနေရတဲ့ အခိုက်အတန့်တွေပဲ။ အဲ့ဒီတုန်းက စမတ်ဖုန်းတွေ မကျယ်ပြန့်သေးလို့ ဆယ်ဖီယဉ်ကျေးမှုဆိုတာ ခေတ်မစားဘူး။ ဒါပေမယ့် အခြားသူတိုင်းရဲ့ မျက်နှာကနေ ကိုယ့်ကိုယ်ကို ပြန်ရှာလို့ ရပါတယ်။

ဒါတွေအားလုံးဟာ ကျွန်တော်လွမ်းလို့ လှမ်းပြီး ပြန်အော်ခေါ်ကြည့်တဲ့အသံပါ။ ဒါ ကျွန်တော့ဆီကနေ ပျောက်ကွယ်ချင်ယောင် ဆောင်ပြီး အရိုးထဲ ဝင်ခွေနေတဲ့ မှတ်ဉာဏ်အပိုင်းအစတွေပါ။ ဒါ မိုးတွေ့အုံ့လာတာနဲ့ စိတ်ကို မျက်ရည်စိုစေတဲ့ တစ်ကယ့်အစစ်အမှန် ပုံပြင်တွေပါ။

ဒါမှမဟုတ် ”ကျွန်တော်တို့ ဒီလိုပျော်ဖူးတယ် မဟုတ်လား … ခင်ဗျားတို့ကရော“ လို့ စိတ်နဲ့ ပြန်သွားရမယ့် အချိန်ကာလ စက်ထဲကနေ ခင်ဗျားတို့ကို လှမ်းပြီး Gသဖော်ညှိမိတဲ့ အလွမ်းတွေပါပဲ။

မူရင်းရေးသားသူ လင်းလက်ဝေဦး အား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

ဘဏ်ပြက္ခဒိန်တွေက လာဘ်ကောင်းစေပါသတဲ့ 💰💸ဘဏ်ကမရလို့ စိတ်မညစ်ပါနဲ့ ဒီကနေ ယူပါဗျ ❣️ဖုန်းထဲမှာ ပုံလေးတွေ Save ထားပြီး တစ်လချင်...
05/01/2024

ဘဏ်ပြက္ခဒိန်တွေက လာဘ်ကောင်းစေပါသတဲ့ 💰💸

ဘဏ်ကမရလို့ စိတ်မညစ်ပါနဲ့
ဒီကနေ ယူပါဗျ ❣️

ဖုန်းထဲမှာ ပုံလေးတွေ Save ထားပြီး
တစ်လချင်း အေးဆေးကြည့်ရုံပါပဲ။

ရက်ရာဇာ၊ ပြဿဒါးနဲ့ မြန်မာနေ့ရက်တွေပါလို့ ရိုးရှင်းလွယ်ကူစွာ ကြည့်ရှုနိုင်တဲ့ KBZ Bank ပြက္ခဒိန် နှစ်သစ်ကူးလက်ဆောင်ယူပါ 🎁❤️

မေတ္တာဖြင့်
Photo & Credit - Let's Try Together - Myanmar

အခု မြင်နေရတာ တံတားကြီးလားလို့ ထင်စရာ ဖြစ်ပါတယ်။ မဟုတ်ပါ။ Aqueduct လို့ခေါ်တဲ့ ရေသွယ်မြောင်းစနစ် ဖြစ်ပါတယ်။ အခု မြင်နေရတ...
30/12/2023

အခု မြင်နေရတာ တံတားကြီးလားလို့ ထင်စရာ ဖြစ်ပါတယ်။ မဟုတ်ပါ။ Aqueduct လို့ခေါ်တဲ့ ရေသွယ်မြောင်းစနစ် ဖြစ်ပါတယ်။ အခု မြင်နေရတဲ့ အမိုးခုံးတွေရဲ့ အပေါ်ဆုံးအဆင့်ဟာ ရေသွယ်မြောင်း ဖြစ်ပါတယ်။

ရောမတွေရဲ့ Engineering အတတ်ပညာမှာ ဗိသုကာ၊ တည်ဆောက်ရေး နှင့် ရေအသုံးချမှုတွေက ခုချိန်ထိ တအံတဩ လေ့လာနေရဆဲ ဖြစ်ပါတယ်။ အနုသုခုမ လက်ရာတွေမှာလည်း ရောမဟာ
သင်ယူစရာအပြည့် ဖြစ်ပါတယ်။

ခရစ်နှစ် တစ်ရာစုကတည်းက မြို့ကြီးတမြို့လုံး ပေးဝေလို့ရအောင် ရေသွယ်ယူမှု၊ ဖြန့်ဝေမှု အများနဲ့ ဆိုင်တဲ့ လမ်းဆုံလမ်းခွ ရင်ပြင်တွေမှာ ရေပန်းအရုပ်တွေကအစ စီမံဆောင်ရွက်နေကြပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ရေဆိုး စွန့်ထုတ်မှုစနစ်၊ မိလ္လာ စွန့်ပယ်မှုစနစ် စတာတွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ တွက်ချက် ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။

ရေချိုရေကောင်း သွယ်ယူတယ်ဆိုတဲ့ နေရာမှာလည်း မိုင်နဲ့ ချီပြီး ဝေးလံတဲ့ မြစ်ချောင်း၊ ရေကန်တွေကနေ သွယ်ယူဖို့ စီမံတယ်။ မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်တွေကို တိုင်းတာ တွက်ချက်တယ်။ ရေဆိုတာ မြင့်ရာက နိမ့်ရာကို စီးဆင်းတဲ့ သဘာဝနိယာမတရား ရှိပြီး ဖြစ်တယ်။ ဒီတော့ ရေသွယ်ယူဖို့ စီမံတဲ့အခါ ရေနှုတ်မြောင်းနဲ့ သွယ်ယူတဲ့ စနစ်ကိုဘဲ သုံးတာပါဘဲ။

သို့ပေမယ့် ရေနှုတ်မြောင်းကို မြေပြင်အထက် ပေ ၄-၅-၆၀ အမြင့် တင်ထားရဖို့ လိုတယ်။ အဲ့ဒီအခါ မဟာတံတိုင်းကြီးလို တည်ဆောက်တာက အချိန်ကုန်၊ ငွေကုန် ၊ လူပန်း ဖြစ်တယ်။ အပြည့်စီထားတဲ့ နံရံတံတိုင်းဆိုတာ ရှည်လျားလေ ကြံခိုင်မှု အားနည်းလေ ဖြစ်တယ်။ ဒါကြောင့်လည်း အမိုးခုံးစနစ် ၊ ထောက်တိုင်တွေနဲ့ တွန်းကန်စနစ်ပါတဲ့ ဒီဇိုင်းမျိုးကို အသုံးပြုတယ်။

ဘယ်လိုစနစ်လဲဆိုတော့ အခုပုံထဲမှာ မြင်နေရတဲ့ စနစ်ပါဘဲ။ ရုတ်တရက်ကြည့်ရင့် တံတားကြီးလိုလို၊ အဆောက်အဦး မျက်နှာစာ အမိုးခုံးလိုလို ထင်ရပေမယ့် ဒါဟာ ရောမသားတွေ ကနဦး တည်ထွင်ခဲ့တဲ့ ရေသွယ်စနစ် ဖြစ်ပါတယ်။

အခုမြင်နေရတာက စပိန်နိုင်ငံ ဆေးဂိုဗီနာမြို့ (Segovina) ကလေးမှာ ရှိတဲ့ ရေသွယ်မြောင်း ဖြစ်ပါတယ်။ ခရစ်နှစ် ၂ ရာစုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီလို အမိုးပေါင်းကူးပေါင်း ၁၆၇ ခု ပါတယ်။ ကျောက်တုံးပေါင်း ၂၀၄၀၀၀ အသုံးပြုပြီးတည်ဆောက်ထားတယ်။ ၁၆ ကီလိုမီတာ အရှည် ဖြစ်တာကြောင့် အရှည် ဆယ်မိုင်ဖြစ်ပါတယ်။ အမိုးခုံး အမြင့်ဟာ တချို့နေရာတွေမှာ ပေ ၉၅ ပေ ဝန်းကျင်အထိ မြင့်ပါသတဲ့။ Rio Frio မြစ်ကနေ သွယ်ယူတာဖြစ်ပြီး ဒီရေသွယ်မြောင်းရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၉၀၀ ဝန်းကျင် ဖြစ်တယ်။

All Photo by Manolo Calabuig
ပြန်လည် မျှဝေပါသည်။
ငွေသော်တာ 🌕

ဗေဒင်ဟောစာတမ်းမိတ်ဆွေများအားလုံးအတွက်၂၀၂၃ ဒီဇင်ဘာလ (၂၄)ရက်မှ (၃၁)ရက်အတွင်းဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန်(...
24/12/2023

ဗေဒင်ဟောစာတမ်း
မိတ်ဆွေများအားလုံးအတွက်
၂၀၂၃ ဒီဇင်ဘာလ (၂၄)ရက်မှ (၃၁)ရက်အတွင်း
ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန်
(၁)ပတ်စာ ဟောစာတမ်း
အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍ ၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း ။ …. ။
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော
မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း

Address


Telephone

+959954657090

Alerts

Be the first to know and let us send you an email when D Myay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to D Myay:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share