Bo Naing

Bo Naing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bo Naing, Newspaper, .

07/06/2024

တစ်ပုဒ်တင်လိုက်ပြီ vpn ကြောင့်ရမရတော့မသိဘူး ၊မရရင်sorry ပါ
ไม่ใช่นักร้อง แค่เป็นงานอดิเรก

04/06/2024

ကိုဘာသာပြန်ပေးကြပါဦး။

03/06/2024

#ဟာဒယရွှင်ဆေးလေးများ

03/06/2024

ပြည်တွင်းထုတ် SKD နှင့် CKD ကားများအတွက် အခွန်လျှော့ပေး

ရန်ကုန်၊ ဇွန် ၃

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက်နဲ့ ပြည်တွင်းမှာ ထုတ်လုပ်မယ့် လောင်စာဆီသုံး SKD နဲ့ CKD ကားတွေကို အခွန်လျှော့ချ သတ်မှတ်လိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

လောင်စာဆီသုံး ကားတွေကို အမျိုးအစားအပေါ် မူတည်ပြီး လက်ရှိအကောက်ခွန်နှုန်းထက် ၁.၅ ရာခိုင်နှုန်းကနေ ၄.၅ ရာခိုင်နှုန်းအထိ လျော့ချလိုက်တာကို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စီးပွားရေးပြန်လည်တိုးတက် ကောင်းမွန်လာစေဖို့နဲ့ ပြည်တွင်း အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုစေဖို့ ရည်ရွယ်ချက်နဲ့ အခွန်နှုန်းတွေကို ဆက်လက်ဖြေလျှော့ ခွင့်ပြုလိုက်တာလို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ထုတ်ပြောထားပါတယ်။

MCT 2022 မှာ ကောက်ခံတဲ့ အခွန်နှုန်းအပေါ် အခြေခံပြီး 2000 CC အောက်၊ 2000 CC ၊ 2001 CC နဲ့အထက် လူစီးမော်တော်ယာဉ်တွေကို SKD စနစ်မှာ ၇.၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း၊ CKD စနစ်မှာ ၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ လျှော့ချထားပါတယ်။

သုံးဘီးဆိုင်ကယ်(လူစီး) ကို SKD စနစ်မှာ ၇.၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း၊ CKD စနစ်မှာ ၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်း၊ သုံးဘီးဆိုင်ကယ်(ကုန်တင်) ကို SKD စနစ်မှာ ၇.၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း၊ CKD စနစ်မှာ ၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ သတ်မှတ်ထားပါတယ်။

ဘတ်စ်ကား၊ Truck/ Body Building ပြုလုပ်ဖို့ ထရပ်ကားတွေကို SKD စနစ်မှာ ၇.၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း၊ CKD စနစ်မှာ ၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း သတ်မှတ်ထားပြီး မော်တော်ဆိုင်ကယ်တွေကို SKD နဲ့ CKD စနစ်တို့မှာ ၃ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းအထိ လျှော့ချထားပါတယ်။

ပြည်တွင်းမှာ ထုတ်လုပ်မယ့် လောင်စာဆီသုံး SKD နဲ့ CKD ကားတွေကို အခွန်လျှော့ချပေးမှုက ၂ဝ၂၄ ဇွန် ၁ ရက်မှ ၂ဝ၂၅ မေ ၃၁ ရက်အထိ အကျိုးသက်ရောက်စေရမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

လက်ရှိ ကားဈေးကွက်အတွင်းမှာ အိမ်စီးကားအများစု ဈေးမာနေပြီး ကျပ်သိန်း ၅ဝဝ ကနေ သိန်း ၁ဝဝဝ ဝန်းကျင်ကြား ကားအများစု အရောင်းအဝယ်ဖြစ်နေပါတယ်။

သတင်း - BETV Business

03/06/2024

#ဒီလိုကားမျိုးထုတ်မှဝယ်စီးတော့မယ်။

 #ဘေလီတံတားနဲ့ယာယီ
03/06/2024

#ဘေလီတံတားနဲ့ယာယီ

02/06/2024

#အဆိုတော်တသသရဲ့မူရင်းသီချင်းလေးကိုနားဆင်ခံစားနိုင်ရန်တင်ပေးလိုက်ပါသည်။

အပြစ်ရှိပေမယ့်သမ္မတဖြစ်နိုင်ခြေရှိသေးတယ်ဆိုတဲ့သူတို့ရဲ့ဖွဲစည်းအုပ်ချုပ်ပုံဥပဒေ။
31/05/2024

အပြစ်ရှိပေမယ့်သမ္မတဖြစ်နိုင်ခြေရှိသေးတယ်ဆိုတဲ့သူတို့ရဲ့ဖွဲစည်းအုပ်ချုပ်ပုံဥပဒေ။

လိင်ဖျော်ဖြေရေးမယ်နှုတ်ပိတ်ခပေးတဲ့အမှု Trump မှာ အပြစ်ရှိကြောင်းဆုံးဖြတ်

အမေရိကန်သမ္မတဟောင်း Donald Trump အပေါ် စွဲဆိုထားတဲ့ လိင်ဖျော်ဖြေရေးသရုပ်ဆောင်ကို နှုတ်ပိတ်ခပေးခဲ့တဲ့အမှုနဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် ဩဇာလွှမ်းမိုးဖို့အတွက် တရားမဝင်ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွဲချက်တွေအပါအဝင် ရာဇဝတ်မှုတွေစွဲချက် ၃၄ ခုစလုံးမှာ အပြစ်ရှိကြောင်း ဂျူရီလူကြီးတွေက ကြာသပတေးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

အဖွဲ့ဝင် ၁၂ ဦးပါ ဂျူရီလူကြီးတွေက ၂ ရက်တာဆွေးနွေးခဲ့ပြီး အသက် ၇၇ နှစ်အရွယ်သမ္မတဟောင်း Trump မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အမေရိကန်သမိုင်းမှာတော့ ပထမဆုံး အထင်ကရဖြစ်ရပ်လည်းဖြစ်ပါတယ်။ ၂၀၂၄ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်သမ္မတကိုယ်စားလှယ်လောင်းဖြစ်လာနိုင်တဲ့ Trump ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တဲ့ပြိုင်ဖက် ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခုတော့ Trump အနေနဲ့ ခြေချုပ်ချခံရတာ ဒါမှမဟုတ် ထောင်ဒဏ် ၄ နှစ်ထိကျခံရမယ့် အလားအလာတွေရှိနေပါပြီ။ သမ္မတဟောင်း Trump ကို ဇူလိုင် ၁၁ ရက်နေ့မှာ ပြစ်ဒဏ်ချမှာဖြစ်ပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီညီလာခံက သမ္မတကိုယ်စားလှယ်လောင်းကို တရားဝင် ရွေးချယ်ကြမှာဖြစ်ပါတယ်။ Trump ရဲ့ ရှေ့နေ Todd Blanche က စီရင်ချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် နယူးယောက်တရားရုံးချုပ် တရားသူကြီး Juan Merchan က သူ့ရဲ့တောင်းဆိုချက်ကို ချက်ချင်းပယ်ချခဲ့ပါတယ်။

ခုလိုအပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့တဲ့အပေါ် Trump ဘက်က အယူခံဝင်မှာဖြစ်ပြီး သမ္မတရွေးကောက်ပွဲကိုလည်း ဆက်ပြီး ပါဝင်ယှဥ်ပြိုင်နိုင်ပါတယ်။ အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ရာဇဝတ်မှုနဲ့အပြစ်ရှိသူတွေကို သမ္မတဖြစ်ခွင့်မရှိဘူးဆိုပြီး တားမြစ်ပိတ်ပင်ထားတာမရှိပါဘူး။

🌐 https://burmese.voanews.com/a/trump-convicted-on-all-34-felonies-in-case-linked-to-2016-election/7636745.html 🌐

31/05/2024

အပျင်းပြေလေးစမ်းကြည့်ရန်
(မရသူများအတွက်နောက်ဆုံးအဆင့်ကိုနံနက်ဖန်မန့်မှာတင်ပြပါမည် 😃😃😃)

 #ထိုင်းရောက်ရွှေမြန်မာများအတွက်သတင်းကောင်းขอขอบคุณเป็นอย่างสูง และขอให้สมาชิกของรัฐบาลไทยมีสุขภาพแข็งแรง
30/05/2024

#ထိုင်းရောက်ရွှေမြန်မာများအတွက်သတင်းကောင်း
ขอขอบคุณเป็นอย่างสูง และขอให้สมาชิกของรัฐบาลไทยมีสุขภาพแข็งแรง

ဗီဇာသက်တမ်း တိုးပေးဖို့နဲ့ သတ်မှတ်ချက်တွေ လျှော့ပေးဖို့ ထိုင်းအစိုးရ အတည်ပြု

ထိုင်းနိုင်ငံစီးပွားရေးအတွက် အဓိကကျတဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေး ရည်ရွယ်ချက်နဲ့ ခရီးသွားတွေ၊ ဘွဲ့လွန်ကျောင်းသားတွေ၊ အဝေးကနေ အလုပ်လုပ်တဲ့သူတွေအတွက် ပြည်ဝင်ခွင့်ဗီဇာသက်တမ်း တိုးပေးပြီး၊ အငြိမ်းစားတွေအတွက်လည်း ပိုပြီးအဆင်ပြေစေမယ့် ဗီဇာတွေထုတ်ပေးဖို့ ထိုင်းအစိုးရက အတည်ပြုလိုက်ပါတယ်။

လာမယ့် ဇွန်လကနေစပြီး ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပြုတဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံကနေ ၉၃ နိုင်ငံအထိ တိုးပေးမှာဖြစ်သလို၊ ဆိုက်ရောက်ဗီဇာ ခွင့်ပြုမယ့်နိုင်ငံတွေကိုလည်း ထပ်တိုးသွားမယ်လို့ ထိုင်းအစိုးရပြောခွင့်ရ Chai Wacharonke က မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောပါတယ်။

အငြိမ်းစားယူနေထိုင်လိုတဲ့ နိုင်ငံခြားသားတွေအတွက် အာမခံလိုအပ်ချက်တွေကို ဖြေလျှော့ပေးမှာဖြစ်သလို၊ နိုင်ငံရပ်ခြားကနေ ကျောင်းလာတက်တဲ့ ကျောင်းသားတွေကိုလည်း ဘွဲ့ရပြီးပါက တနှစ် ထပ်မံနေထိုင်ခွင့်ပြုမယ်လို့လည်း ပြောပါတယ်။ ခရီးသွားလုပ်ငန်းဟာ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေရဲ့ အရင်းအမြစ်လည်း ဖြစ်ပါတယ်။

ဆိုက်ရောက်ဗီဇာအတွက် ရက်ပေါင်း ၃၀ ကနေ ရက်ပေါင်း ၆၀ အထိ နေထိုင်ခွင့်သက်တမ်း တိုးပေးလိုက်တာကလည်း ခရီးသွားဧည့်သည် တိုးရရေးနဲ့ ဈေးကွက်ကို အလျင်အမြန်ကြီးထွားလာနိုင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ် ပညာရှင်တွေနဲ့ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေအတွက် အရင်က ရက်ပေါင်း ၆၀ မှာတခါ သက်တမ်းတိုးရပြီး ၅နှစ်အထိ နေထိုင်ခွင့်ရှိတဲ့ ဗီဇာကို အခုအခါမှာ ရက်ပေါင်း ၁၈၀ မှာတခါ သက်တမ်းတိုးရမှာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ဒီနှစ် ဇန်နဝါရီကနေ မေလ ၂၆ ရက်အထိ ကမ္ဘာလှည့်ခရီးသွား ၁၄ ဒသမ ၃ သန်း ဝင်ရောက်ခဲ့ပြီး တနှစ်တာအတွင်း နိုင်ငံခြားသားခရီးသွားတွေ ဝင်ရောက်မှု သန်း ၄၀ အထိ စံချိန်တင် ဝင်ရောက်ဖို့ရည်မှန်းထားပြီး၊ ဝင်ငွေ ဘတ် ၃ ဒသမ ၅ ထရီလီယံ (ဒေါ်လာအားဖြင့် ၉၅ ဒသမ ၇၃ ဘီလီယံ) ရဖို့လည်း ရည်မှန်းထားပါတယ်။
🌐 https://burmese.voanews.com/a/7633223.html 🌐
📷 ထိုင်းနိုင်ငံဘန်ကောက်မြို့ ခရီးသွားဧည့်သည်တွေစည်ကားရာ မြစ်ကမ်းဘေးတနေရာ

28/05/2024

မနေ့ညကလွှတ်တင်လိုက်သောN Korea ၏စပိုင်ဂြိုလ်တုတစ်လုံးလွှတ်တင်ပြီးခဏလေထဲတွင်ပေါက်ကွဲသွားပုံ။

28/05/2024

#ဟားစရာသတ္တဝါများ

27/05/2024

မိခင်ဖြစ်သူနဲ့အမြန်ဆက်သွယ်ပါ
မောင်အောင်ဆန်းလင်း+မောင်သက်ထွေးလေး
(ကြို့ပင်ကျေးရွာ/ပေါင်းတလယ်မြို့)
ဒေါ်ချို-၀၉၂၆၈၃၀၀၅၄၀/၀၉၇၆၇၇၈၂၇၀၂

25/05/2024

#ဟာဒယရွှင်ဆေးများ

22/05/2024

#လက်ကျန်လေးထဲက

22/05/2024

tt နဲ့ fb(reels) ပေါ်မှာခေတ်စား‌နေပြီးလူတိုင်းဆိုလို့ကောင်းတဲ့အားဒိုရဲ့"လူပျိုကြီး"သီချင်းလေးကိုခံစားကြည့်နိုင်ရန်။

22/05/2024
22/05/2024
15/05/2024

#မတော်တဆမှ

Address


Telephone

+959450708561

Website

Alerts

Be the first to know and let us send you an email when Bo Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share