Sunday Media+

  • Home
  • Sunday Media+

Sunday Media+ Arts ,Entertainment,News, Many of the best presentations are bring shared with the audiences.
(13)

08/11/2024

ကိုယ်က ဦးဆင်မနဲ့လက်ထပ်မယ့်သတို့သမီးလောင်းလေ။ ဦးဆင်မနဲ့ အများဆုံးဆုံရတာပေါ့။ သူကလည်း အရမ်းရီရတယ်။ ဒီအတိုင်း စကားပြောနေတာကိုက ရီနေရတာလေ။ သူတို့က သမ္ဘာရင့်တွေဆိုတော့ ဒီအတိုင်းဟာသကိုပေါ့ပေါ့ပါးပါးလေးလုပ်ပြနိုင်ပေမဲ့ ကိုယ်က သူ့ကိုကြည့်ပြီးရီမိတာလေ။ ခဏခဏပြန်ပြန်ရိုက်ရတယ်။ သမီးမနေနိုင်တော့ဘူး စိတ်မထိန်းနိုင်တော့ဘူးဆိုပြီးတောင်ပြောရတယ်'' >> ချိုမဒီသွင်

08/11/2024

# #"ဒီ စာရိတ္တ ၂ က ဗောတံတားပေါ်မှာ tempo scene ရိုက်တဲ့နေ့မှာ မုန်တိုင်းဖြစ်တော့ ခက်ခက်ခဲခဲ ကျွန်တော်တို့ရိုက်ခဲ့ရတယ်။ စာရိတ္တ ၂ က ၁ မကြည့်ဖူးရင်တော့ ၂ ကတော့ ကြည့်ရတာတစ်မျိုးဖြစ်သွားနိုင်တယ်။ အဲတာကြောင့် ကျွန်တော်တို့က Canal+ ကနေ ၁၀ ရက်နေ့ ည ၈ နာရီကျရင်ပြမှာပါ ဒါကြောင့် မကြည့်ရသေးတဲ့သူတွေသွားကြည့်ထားသင့်တယ်။ အဲတာမှ ၂ ကိုသွားကြည့်တဲ့အခါ ချိတ်မိမှာပါ မဟုတ်ရင် ဒီကောင်တွေက ဘာတွေလဲ ဘယ်ကကောင်တွေလဲ ဘာတွေဖြစ်နေကြတာလဲဆိုပြီး လောင်နေကြလို့ ကြည့်ရတာ feel က သိပ်လာမှာ မဟုတ်ဘူး" >> နေဝင်း

#စာရိတ္တ

08/11/2024

# #"မုန်တိုင်းတိုက်တဲ့နေ့တုန်းက scene တစ်ခုကို ဗောတံတားပေါ်မှာ လှိုင်းတွေလူးနေတဲ့ကြားက မရရအောင်ရိုက်ခဲ့တာပါ။ ကျွန်တော်လည်းခုမှမြင်ဖူးတာလေ ဒီလိုလှိုင်းတွေက နောက်တစ်ကြိမ်ပြန်မရနိုင်တဲ့ မြင်ကွင်းကြီးဆိုတော့ ကျွန်တော်လည်း လောဘကြီးပြီး အန္တရာယ်တွေကြားက ရအောင်ရိုက်ခဲ့တာပါ၊ အရမ်းမိုက်ပါတယ်။ အရမ်းလည်း အန္တရာယ်များပါတယ် တစ်ယောက်ယောက်ပြုတ်ကျသွားခဲ့ရင် သေချာပါတယ် အဲဒီလူက နောက် ၃ ရက်နေမှပြန်ပေါ်မှာပါ" >> စိုးမိုးမင်း
>>>
# #"ဥသြ က စာရိတ္တ ၁ မှာ မေသန္တာ အနေနဲ့တုန်းကကျတော့ ပြည့်ပြည့်ဖောင်းဖောင်းလေးပေါ့နော်။ ရိုးရိုးအေးအေးလေးနဲ့ ပြည့်ပြည့်ဖောင်းဖောင်း မျက်မမြင်ကောင်မလေးပေါ့နော်။ ဒီ စာရိတ္တ ၂ ဇာတ်ကို ဖတ်လည်းဖတ်ပြီးရော ငါဒီလိုမျိုးပြောင်းလိုက်မှရမယ် ဝိတ်လျော့မှရမယ် အဝတ်အစားဘာညာ မိတ်ကပ်ကစ အသေးစိတ် ပြောင်းလဲပြင်ဆင်ထားပါတယ်။ တစ်လအတွင်း အစားမစားပဲ ၁၂ ပေါင်ချခဲ့ရတယ် ပြောင်းလဲမှုတစ်ခုကိုပြချင်တယ်။ မေသန္တာကို လက်ခံခဲ့ကြသလို ဒီကာရိုက်တာကိုလည်း လက်ခံစေချင်တယ်" >> ဥသြသံသာ
#စာရိတ္တ၂ #ဥသြသံသာ

08/11/2024

# #"ကျွန်တော်က ဒီကားထဲမှာ ကာရိုက်တာအရ တော်တော်လေး နွမ်းနွမ်းဖက်ဖက်ဖြစ်အောင်လုပ်ထားရတယ်။ ကျွန်တော်က ပုံမှန်ဆို မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးထားတဲ့သူမဟုတ်ဘူးလေ၊ ဒီကားကြောင့်သာ အမွေးကြဲတဲလေးတွေထားထားတာ။ မင်းဘုန်းမြတ်ကကျတော့ ပါးသိုင်းမွှေးထားနေကျဆိုတော့ ၂ ယောက်က ရုပ်ဆင်သလိုလေးဖြစ်သွားတာပါ။ ကျွန်တော်တို့ နှစ်ယောက်က ဇာတ်ကားထဲမှာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဆိုတော့ မထိုးကြဘူး။ ဒီကားထဲမှာ brand တွေမဝတ်ရပါဘူး ဒါပေမယ့် ကားပေါ်တော့ အမြဲယူလာတယ် ပြဖို့ သားကြီးဒီမှာဆိုပြီး" အပြန်အလှန် အရွန်းဖောက်နေကြတဲ့ မင်းဘုန်းမြတ်နဲ့ ကောင်းမြတ်စံ
>>>
စာရိတ္တ ၂ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ မီဒီယာမိတ်ဆက်ပွဲမှာ စာရိတ္တ ၂ မှာ ပြန်လည်ပါဝင်သရုပ်ဆောင်ထားကြတဲ့ ကောင်းမြတ်စံနဲ့ မင်းဘုန်းမြတ်ကို ခုလိုပဲမေးမြန်းခဲ့ပါတယ်။
#စာရိတ္တ၂


08/11/2024

#ပုလဲရဲ့ မိတ်ကပ်နဲ့ပတ်သက်ပြီး အင်တာဗျူးကြည့်ကြတဲ့သူတွေက ပြောကြတော့ မိတ်ကပ်ဆရာကိုတော်တော်လေးအားနာမိတယ်။ ဒါကသူ့ရဲ့ ဖန်တီးမှုလက်ရာတစ်ခုလေ ဒါကိုသွားပြီးတော့ ပြောပိုင်ခွင့်ဝေဖန်ပိုင်ခွင့်လည်းမရှိဘူးလေ။ ဒါက သူ့ရဲ့ အနုပညာတစ်ခုပဲလေ။ ကိုယ်ကကျတော့ ပရိသတ်တွေရဲ့ အမြင်မှာ အင်တာဗျူးတဲ့အချိန် အဲဒီက Lighting နဲ့ကလည်း ကြည့်ရတာ တကယ်ကို အဆင်မပြေခဲ့ဘူးလေ။ အဲဒါကြောင့် ဝေဖန်ကြတဲ့အခါကျတော့ ကိုယ်ကကြားထဲက အားနာရတာပေါ့။ အမှန်ကတော့ အဲဒီမိတ်ကပ်က Runway မှာတော်တော်လေးအဆင်ပြေပြီး အရမ်းလှတယ် အင်တာဗျူးအတွက် မိတ်ကပ်မဟုတ်ဘူးလေ အဲဒါကြောင့်ပါ'' >> ထွန်းပုလဲရတနာ

08/11/2024

# #"ဒီဘက်အပိုင်းတွေမှာ အိမ်ထောင်ရေးကံမကောင်းတဲ့မိန်းမပဲတွေ့နေရတာထင်တယ်။ မကြေးစည်မှာလည်း ယောက်ျား သုံးယောက်ပြောင်းသွားတာလေ၊ မြစန်းကြည်ဆိုရင်း နှလုံးသား အရမ်း ရှိသွားတယ်၊ အခု မူရာကိုကိုကတော့ ယောက်ျားတွေကို ချ-နင်းသွားတာလေ၊ ဒါရိုက်တာတောင် ပြောတယ်၊ edit ဆက်နေရင်းတောင် ဆ.ဲ ချင်နေပြီ ..အစ်မရေ ကန်တော့တဲ့">> ..ဆိုတဲ့ .. မေမီကိုကို ။

07/11/2024

# #"LGBT တော်တော်များများရဲ့ အိပ်မက်ကတော့ Missတွေဖြစ်ဖို့ ဝါသနာပါတယ် ၊ပြိုင်ပွဲတွေ ဝင်ပြိုင်ချင်ကြတာပဲ၊ ဖွင့်မပြောကြပေမဲ့ အားလုံးရဲ့ ရင်ထဲမှာ ရှိနေတာပဲလေ။ သြလေးက 2012 မှာ MISS ဆုခဲ့တယ်၊ EURO မှာသွားပြိုင်ရမယ့် မှာလည်း CROWN ရဖူးတယ်။ အခွင့် အရေးပေးလာတဲ့အပေါ်မှာမူတည်ပြီး သြလေးတို့ကလုပ်ခဲ့ရတာပါ၊ သြလေးသူငယ်ချင်းတွေထဲက နေခြည်လင်းလဲ့ကိုပြင်ဆင်ပေးရင်းနဲ့ ဝါသနာစပါလာခဲ့တာလို့ပြောလို့ရတယ် ။ ကိုယ့်ရဲ့ဆရာအရင်းကတော့ အန်တီနှင်း (ဒီဇင်ဘာနှင်း)ပေါ့ ၊ Transgender ဖြစ်လို့ မိသားစုကလည်း အတင်းအကျပ်ကြီးဘာမှ မတားဆီးခဲ့ဘူး">>ဆိုတဲ့ .. သြလေး ။

07/11/2024

# #"အပြင်မှာရွာနေတဲ့မိုး ..ပြီးသွားရင် Thank you .. သီချင်းလေးကို အရမ်းကြိုက်ကြတယ်၊ တစ်တော့မှာလည်း အရမ်းဆော့တာများတော့ အံ့သြသွားတယ်၊ Single Momလေးတွေ ဆိုရင်လည်း သူတို့ကလေးတွေနဲ့ရိုက်တယ်၊ အမေအဖေ တွေ၊လင်ယောက်ျားတွေလည်း ကျေးဇူးတင်ကြတယ်။ ပိုတို့ ပတ်ဝန်းကျင်မှာ ရှိတဲ့လူနေမှုအလွှာအသီးသီးရဲ့ ကျေးဇူးတင်စရာကောင်းတဲ့ လူတွေ အစား ဒီသီချင်းလေးကို ဖန်တီးခဲ့တာပါ။ ကိုယ့်ကြောင့် စိတ်ပင်ပန်းသွားမှာ စိုးလို့ ကျေးဇူးတင်တယ်ဆိုတဲ့သီချင်းလေးကိုဘယ်သူ့ကြောင့်လို့ မပြောချင်ဘူး၊ မအူဝဲတို့ ဦးတီတို့ခံစားချက်လေးတွေရော ..အကုန်လုံးထည့်ထားပါတယ်.">>.ဆိုတဲ့ ပိုပို ။

07/11/2024

# #"2nd Runner Up ကို မယူခဲ့တာ ကောင်မလေးက အရမ်း ပါးနပ်တယ်၊ သူ့ဆရာ ထူးအံ့လွင်ကလည်း အရမ်း တော်တယ်၊ တော်သေးတယ်၊ နို့မို့ဆိုရင် သဲသဲလေးက ငါးပိငါးခြောက်ရောင်းနေရမှာဆိုတော့ မကြည့်ရက်ဘူး။ လုပ်တဲ့ပွဲကြီးကတော့အရမ်းမိုက်တယ်၊ တကယ့်ကိုခမ်းခမ်းနားနားကြီး Crownရတဲ့အိန္ဒိယဆို အခုတော့ ငါးပိကြော်ရောင်းနေရပြီလေ၊ အခု ခရောင်း ပြန်အပ်ပြီး လင်းလက်တောက်ပအောင် လုပ်နိုင်ခဲ့တာပဲလေ..။ သဲသဲက သရုပ်ဆောင်လောကထဲကို ဝင်တော့မယ် ဆိုတော့ ဝမ်းသာတယ်။ ပရိသတ် ၈၀ရာခိုင်နှုန်းရဲ့အချစ်ကိုပိုင်ဆိုင်ထားလို့ သဲသဲအောင်မြင်မှာလို့ဟောကိန်းထုတ်လိုက်တဲ့ ရိုတ

07/11/2024

#ဆရာထူးခန့်ကျော်ဘာတွေကုလဲမေးရင် ၉၆ပါးပျောက်တယ်ပြောရင် မလွန်ပါဘူးခင်ဗျာ။ အားလုံးလည်းလိုင်းပေါ်မှာတွေ့ကြမှာပါ။ ဆရာကုလိုက်ရင် ရောဂါတော်တော်များများပျောက်သွားတယ်။ ဘာလို့ပျောက်လဲဆိုရင်ပါရမီရှိလို့ပျောက်တာပါ။ ဆရာက ဆေးဝိဇ္ဇာတစ်ပါးလို့တောင်ပြောလို့ရပါတယ်'' >> ငွေတိုး
''မြန်မာ့ရိုးရာဆေးပညာမှာလည်း လူတိုင်းတော့ရောဂါမပျောက်နိုင်ပါဘူး။ အဖိတ်အစဉ်လေးတွေတော့ရှိတတ်ပါတယ်။ တစ်ယောက် နှစ်ယောက်ဖိတ်စဉ်ရုံနဲ့တော့ မြန်မာ့ရိုးရာဆေးပညာကိုလွှင့်ပစ်လိုက်လို့မရပါဘူး။ ပြီးတော့ ဆရာထူးခန့်ကျော်မှာ Will Power လို့ခေါ်တဲ့ စိတ်စွမ်းအင်ရှိတဲ့အတွက် ဆရာ့မျက်နှာမြင်တာနဲ့ ရောဂါတဝက်ကသက်သာသွားကြတာပါ'' >> ချောချစ်

07/11/2024

# #"ကိုယ်က ပြင်ပြင်ဆင်ဆင်လည်း မနေချင်တော့ဘဲ ယောက်ျားလေးလိုစိတ်မျိုးဖြစ်သွားတာ၊သရဲတွေကိုကိုယ်ကမြင်နေရတာပေါ့။ ကိုယ်က သရဲအရမ်းကြောက်တတ်တယ်၊ လူကိုမကြောက်ဘူး၊ ဒါပေမဲ့လူတွေက လူကိုပိုကြောက်တယ်တဲ့ ။ ညီမက အပူးခံရတာမျိုး ကိုလုပ်ရတာမို့လူကလည်း အရမ်းပင်ပန်းတယ်၊ မျက်ကပ်မှန်ကြီးကလည်း အဆမတန်ကြီးတော့အရမ်းကို ခက်ခဲခဲ့တာရှိတယ်။ မိတ်ကပ်တွေတစ်ညလုံးလူး၇တာတွေ ဆိုတော့ အမှတ်တရတွေအများကြီး ရှိတယ်.">>ဆိုတဲ့ မိုးပွင့်ဖြူ ။
>>
#ဇော ဇာတ်လမ်းတွဲ မှာ ပါဝင်ထားတဲ့ .. #မိုးပွင့်ဖြူ ကို အခုလိုမေးမြန်းခဲ့တာဖြစ်ပါတယ်။

07/11/2024

#လက်ကောက် တတောင်လောက်ဝတ်ထားလည်း သူလှူချင်လာရင် ချွတ်ချွတ်ဆိုချွတ်ပေးလိုက်တာပဲ။ ကိုယ်ကလည်း မရှိတဲ့အချိန်ကတည်းက လှူခဲ့တာဆိုတော့ လှူနေရတာကို ပျော်နေတာပဲ။ တန်းဆွမ်းလောင်းဖို့ မရှိရင်လည်း ပစ္စည်းတွေ ဖြုတ်ပြီး လှူတာပဲ။ ကိုယ်ကလည်း ဒါလေးနဲ့ပဲပျော်ကြရတာပဲ။ မရှိလည်းအေးအေး ရှိလည်းအေးအေးပဲ လေ'' ဆိုတဲ့ ထူးခန့်ကျော်ရဲ့ ဇနီးသည် >> မသန်းသန်းခိုင်

07/11/2024

#စာရိတ္တရဲ့အမှတ်တရကတော့ မှန်ကြည့်လိုက်တိုင်းမြင်နေရတာပဲ။ အက်ရှင်ကားဆိုတော့ ဝိတ်ပါအောင် သံဓ-ားကိုင်တာလေ။ ခြေထောက်ကခြေချော်သွားတဲ့အချိန် မျက်ခုံးမှာ ကွဲသွားတယ်။ ဆေးရုံမှာ ၈ ချက်လောက်ချုပ်လိုက်ရတယ်။ စာရိတ္တ-၂ မှာလည်း ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားထားတယ်ဆိုတာ သက်သေပါပဲ'' ဆိုတဲ့ >> တေဇလင်းရောင်

#စာရိတ္တ

07/11/2024

# #"သရုပ်ဆောင်ဖြစ်ချင်တဲ့စိတ်ကတော့ ရှိလို့ ဒီလောကထဲရောက်လာတာလေ၊ နောက်ပိုင်းMiss ပြိုင်ပွဲတွေဘက်ရောက်သွားတော့ သရုပ်ဆောင်လောကကို ထဲထဲဝင်ဝင်ရောက်သွားတာမျိုးမရှိတော့ဘူး။ ကလေးတွေအတွက် train ပေးရင်းနဲ့ ဆရာမ တစ်ယောက်အဖြစ်ပဲ ပိုပြီး ရပ်တည်ဖြစ်သွားတာပါ။ ကျွန်မကလည်း သရုပ်ဆောင်သင်တန်းမှာ အတော်ဆုံးထဲမှာသလိုမျိုး ကားရိုက်တွေ လည်း အများကြီးပါခဲ့ပေမဲ့ ထွက်မလာခဲ့တာတွေများတော့ ကျွန်မသရုပ်ဆောင်တာတွေ ပရိသတ် ရှေ့မရောက်တော့ဘူးပေါ့ ..">>ဆိုတဲ့ အိမ့်မျက်ခြယ် ။

06/11/2024

# #"ကိုယ်တွေက အရင်တစ်ချိန်က Miss တွေပါ ပြိုင်တော့ ပြိုင်ခဲ့လိုက်တာပါပဲ၊ ဘာဆုမှတော့မရှိခဲ့ဘူး၊ဒီလောကထဲတော့ရောက်သွားတယ် ။ အခုတော့ အိမ်ထောင်ရှင် Miss တွေလည်းမပြိုင်တော့ပါဘူး။ အပျိုကြီးမို့လေ..။ NowHowပွဲတို့ ဘာတို့မှာပြိုင်ခဲ့ကြတော့ အမှတ်တရတွေ တော့ အများကြီးပါပဲ ..။ အနုပညာလောကမှာတော့ အတူဆုံခဲ့တာ အနှစ် ၂၀ကျော်ခဲ့ပါပြီ ">>..ဆိုတဲ့ .. မကြာနု အဖွဲ့ဖြစ်တဲ့ စင်သီယာ၊ အေဏီဇော်၊ ဇာခြည်နွယ်၊ အင်ကြင်း ။

06/11/2024

# #"ကျွန်တော်တို့က ကလေးဆိုတော့ ကိုနေဝင်းက IDOL လေ၊ သူ့တွေ့ချင်တာနဲ့ လက်ထဲ ငါးသောင်းလေး ကိုင်ပြီး သူ့ဆိုင် OMG ကိုသွားဝယ်ရတာ၊ ကိုယ်ကလည်း ရေကျော်မှာနေတော့ သူ့ကို မြင်ချင်လို့သွားကြည့်ခဲ့ရတာလေ၊ အခုတော့ ပြန်ပြီးတွေ့တွေ့ချင်းကတော့ ရှိန်နေတာပေါ့ ."

"အပြင်မှာလည်း ပြောရင်း ဆုံရင်း သောက်တလွဲတွေတစ်ယောက်တစ်ပေါက် ပြောပြီး ပျော်စရာလည်း အရမ်းကောင်းတယ်၊ စာရိတ္တအဖွဲ့တွေက မောင်နှမအရင်းတွေလိုပါပဲ၊ အဖွဲ့လိုက်က သေ-ာင်းကျန်းကြတာလေ၊ ကိုနေဝင်းကိုကတော့ အရမ်းချစ်တတ်တဲ့ဘဲကြီး အနေနဲ့ အိုက်ဒေါလ်ထားထားတာပါ.. "
>>
နေဝင်း ၊ မင်းဘုန်းမြတ် နဲ့ ကောင်းမြတ်စံ တို့ရဲ့ပွင့်ပွင့်လင်းလင်း အင်တာဗျူး ..

#စာရိတ္တ-၂ ၊ #နေဝင်း ၊ #ကောင်းမြတ်စံ ၊ #မင်းဘုန်းမြတ် ..

06/11/2024

#"ကိုယ်ကအသည်းခွဲတဲ့ခေါင်းဆောင်ပါ ဒါပေမဲ့လည်း အသည်းကွဲသွားတာကလည်းကိုယ်ပဲလေ။ အသည်းကွဲတဲ့အချိန်ဆိုရင် အဲဒီ Mood အတွက် အချိန်ပေးတယ်။ ကိုယ်ကလည်း အသည်းကွဲရင် အရမ်းချစ်သွားတာတောင်မှ အလွန်ဆုံး ၁ လလောက်ပဲကွဲတာလေ။ အရမ်းချစ်ပြီးကွဲကြပေမဲ့လည်း အချိန်တန်တော့နောက်တစ်ယောက်ရတာပါပဲ'' ဆိုတဲ့>> #ချိုမာ

Address


Telephone

+959253548008

Website

Alerts

Be the first to know and let us send you an email when Sunday Media+ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sunday Media+:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share