Pa-O Lunge Media

  • Home
  • Pa-O Lunge Media

Pa-O Lunge Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pa-O Lunge Media, News & Media Website, .

26/05/2022

PNOပြည်သူ့စစ် လှုပ်ရှားမှုစရိတ်အတွက် တစ်အိမ် ငွေသုံးသောင်းကျပ်နှင့်အထက် စေတနာရှိသလောက် ‌အလှူခံခြင်းဖြစ်သည်ဟုPNO ခေါင်းဆောင်ခွန်သိန်းဖေကဆို

PNOပြည်သူ့စစ် လှုပ်ရှားမှုစရိတ်အတွက် ပအိုဝ်းဒေသတစ်ခုလုံးအား တစ်အိမ်ထောင်လျှင် ငွေသုံးသောင်းကျပ် ကောက်ခံခြင်းဖြစ်သည်ဟု PNO ခေါင်းဆောင် ဦးခွန်သိန်းဖေက ၎င်း၏ ဖေ့ဘွတ် စာမျက်နှာတွင် ဝန်ခံအသိပေးရေးသားသည်။

ပြည်သူများ အကျပ်အတည်းမျိုးစုံကြုံတွေ့နေချိန်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က လုံခြုံရေးအတွက်ဟုဆိုကာ ပအိုဝ်းဒေသတစ်ခုလုံးအား တစ်အိမ် သုံးသောင်းကျပ် ကောက်ခံမည်ဟု သတင်းပေါက်ကြားလာပြီးနောက် ပြည်သူလူထုက အပြင်းအထန် ဝေဖန်လာခဲ့သည်။

ထိုသို့ ဝေဖန်မှုပြင်းထန်လာပြီးနောက် ဦးခွန်သိန်းဖေက လူမှုကွန်ယက်ပေါ်တွင် ဝန်ခံရေးသားလာခဲ့သည်။

PNO ပြည်သူ့စစ်များ နယ်စပ်နေရာများတွင် နေထိုင်ရသည်မှာ စစ်အသုံးအဆောင်ပစ္စည်းများ၊ စားသောက်စရာ ရိက္ခာများ အခက်အခဲရှိသဖြင့် လူထုအား တစ်အိမ်သုံးသောင်းနှင့်အထက် စေတနာရှိသလောက် အလှူခံရခြင်းဖြစ်သည်ဟု ဦးခွန်သိန်းဖေက ရေးသားခဲ့သည်။

ထိုပြောဆိုမှုအပေါ် အမျိုးသားစီးပွားရေးအားလုံး မောင်းပိုင်စီးထားသည့် PNO အနေဖြင့် ယုတ္တိမရှိဟု ပြည်သူများက ဝေဖန်နေလျက်ရှိသည်။

“စစ်အသုံးစရိတ်အတွက် PNOတပ်ဖွဲ့က ပြည်သူအပေါ်ကောက်စရာမလိုဘူး။ PNOဟာ နှစ်ပေါင်း ၃၀ ကျော်ပြီ စီးပွားရေးပဲလုပ်လာတာ ။ စစ်မတိုက်ရဘူး ။ အဲ့ဒီအသုံးစရိတ်တွေက စီးပွားရေးတာဝန်ခံတွေ လူကြီးတွေကနေတောင် ပြန်ပေးရင်လုံလောက်တဲ့အနေအထားမှာ ဆင်းရဲနေတဲ့ပြည်သူအပေါ်ထပ်ကောက်ရဲတာ အံ့ဩစရာပဲကွာ။ ဗိုလ်မှူးစံလွင် ဗိုလ်မှူးသိန်းဖေ ဗိုလ်မှူးနေဝင်းထွန်း ဖြားတန်သားဖြစ်တဲ့ ဗိုလ်မှူးအောင်ခမ်းတို့ဆို သိန်းပေါင်း သိန်းသောင်းချီပြီး ချမ်းသာတဲ့လူတွေပဲ။ စီးပွားရေးလုပ်ကွက် အကုန်လုံးကလည်း သူတို့လက်ထဲမှာ ဒီလိုဖြစ်နေတာတောင် ဆင်းရဲမွဲတေ ဒုက္ခတွေ့နေတဲ့ လူထုအပေါ် ထပ်ကောက်တာ အံ့ဩလိုက်တာ”ဟု PNOနှင့်နီးစပ်သည့်သူတစ်ဦး ကပြောသည်။

PNO ပြည်သူ့စစ်သည် လက်ရှိ ပအိုဝ်းဒေသနယ်စပ်တွင် စခန်းချ လှုပ်ရှားမှုများ ပြုလုပ်သည်မှာ ပြဿနာမဖြစ်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများတွင် လိုက်ပါခြင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့်အတူ စခန်းထိုင်ခြင်းများကြောင့် ပြည်သူများ၏ ဝေဖန်မှုများကို ခံနေရခြင်းဖြစ်သည်။

အချို့စခန်းတွင် PNO ပြည်သူ့စစ်သည် အကြမ်းဖက်စစ်ကောင်စီနှင့်အတူ စခန်းအတူထိုင်ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များက အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်သည့်အခါ PNO ပြည်သူ့စစ်ပါ ရောနှောခံနေရသည့်အခြေအနေမျိုးလည်းရှိသည်။

PNO ထိပ်သီးခေါင်းဆောင်တွင် ပါဝင်သည့် မြန်မာပြည်ထိပ်တန်း ခရိုနီတစ်ဦးဖြစ်သော ဦးနေဝင်းထွန်းသည် ဒေါ်လာ ၃လီယံ (ဒေါ်လာသန်းသုံးထောင်) ချမ်းသာသည့်သူဖြစ်သည်။

“ပြည်သူကို ကောက်မယ့်အစား သူတို့ လူကြီးတွေ ပြန်လှူရင်တောင် လောက်လွန်းနေပြီ ။ စစ်တပ်က ပေးတဲ့ လစဉ်ထောက်ပံ့ကြေးသိန်းရာချီလည်း ဇော်ပျံတို့ စားလို့ကုန်ပြီထင်တယ်”ဟု အကြောင်းသိ ပြည်သူတစ်ဦးကပြောသည်။

ထို့အပြင် စားနပ် ရိက္ခာဆန်အား အလှူခံခိုင်းရခြင်းမှာလည်း နယ်အလိုက် စစ်သင်တန်းဖွင့်ရန် လိုအပ်ပါက ဆန်သည် အရေးကြီးဆုံးဖြစ်သဖြင့် အလှူခံခိုင်းရခြင်းဖြစ်သည်ဟု ဦးခွန်သိန်းဖေကဆိုသည်။

ပြည်သူ့စစ်တပ်ဖွဲ့သည် စစ်ကောင်စီလက်အောက်ခံဖြစ်သောကြောင့် PNO ပြည်သူ့စစ်သည် စစ်ကောင်စီကိုသာ ကိုယ်စားပြုသဖြင့် ၎င်းတို့၏ ရိက္ခာကို စစ်ကောင်စီထံသာ တောင်းဆိုသင့်သည်။

ထို့အပြင် ရပ်ရွာလုံခြုံရေးအဖွဲ့အား အသက် ၃၅ နှစ်နှင့် ၅၀ ကြားများဖြင့် ဖွဲ့စည်းရမည်ဖြစ်ကာ PNO တပ်ဖွဲ့ဝင်ဟောင်းများအား စာရင်းပြန်ကောက်ခြင်းမှာ ကျေးရွာအုပ်စုနှင့် ကျေးရွာလုံခြုံရေးအဖွဲ့အား ဦးစီးရန်ဖြစ်သည်။

PNO ပြည်သူ့စစ် အစည်းအဝေး ဆုံးဖြတ်ချက် နံပါတ် ၅ အရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူများအားလုံး သိုင်းသင်ရမည်ဖြစ်သည်။ လိုအပ်ပါက နယ်အလိုက် စစ်ရေးသင်တန်းဖွင့်မည်ဖြစ်ပြီး ယင်းအတွက် ဆန်ကို ကြိုတင်အလှုခံခိုင်းခဲ့သည်။

ထို့အပြင် PNO ပြည်သူ့စစ်ခေါင်းဆောင်များ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဗဟိုအဆင့် လုံခြုံအရေးအဖွဲ့၊ တိုင်းဆင့် မြို့နယ်အဆင့် အုပ်စုအဆင့် ကျေးရွာအဆင့် လုံခြုံရေးအဖွဲ့များကို ဖွဲ့စည်းခဲ့သည်။

ဦးခွန်သိန်းဖေ၏ ရေသားချက်တွင် ပအိုဝ်းသမိုင်းတွင် ယခုကဲ့သို့ ဖွဲ့စည်းမှုမျိုး သုံးကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ဖူးသည်ဟုဆိုသည်။ သို့သော် ထိုသို့ ရေးသားချက်သည် အတိတ်တွင် လုပ်ဆောင်ခဲ့သည့် အရာများနှင့်ကွဲပြားခဲ့သည်။

ယခင်ခေတ်များတွင် လုံခြုံရေးအဖွဲ့များကို ဖွဲ့စည်းရာတွင် ပြည်သူလူထုထံမှ ငွေကြေးကောက်ခံခြင်းမရှိသလို ယင်းကဲ့သို့ ဖွဲ့စည်းမှုများမှာလည်း တော်လှန်ရေးတပ်ဖွဲ့များကသာ ဖွဲ့စည်းခြင်းဖြစ်ပြီး စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့မှ ဖွဲ့စည်းပေးခြင်းမျိုးမရှိခဲ့ပေ။

ထို့အပြင် ယခင်ခေတ်ဖွဲ့စည်းမှုများသည် ပဒေသရာဇစ်အာဏာရှင်များ ၊ စစ်အာဏာရှင်များ၏ ရန်မှ ကာကွယ် တော်လှန်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ PNO ပြည်သူ့စစ်ကဲ့သို့ အာဏာရှင်စစ်တပ်နှင့် အတူလှုပ်ရှားရှန် အာဏာရှင်စစ်တပ်အား ကူညီရန် စစ်တပ်လက်အောက်ခံတွင်နေထိုင်ရန် မဟုတ်ခဲ့ပေ။

ှုပ်ရှားမှု #တစ်အိမ်သုံးသောင်းကျပ်ကောက်ခံခြင်း

လွိုင်ကော်အထွက်တွင် ခရီးသည်တင်ကားများကို စစ်တပ်က ပစ်ခတ်ရန်ကုန်၊ ဇန်နဝါရီ ၉ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှ ရှမ်းပြည်နယ်...
09/01/2022

လွိုင်ကော်အထွက်တွင် ခရီးသည်တင်ကားများကို စစ်တပ်က ပစ်ခတ်

ရန်ကုန်၊ ဇန်နဝါရီ ၉

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှ ရှမ်းပြည်နယ်၊ ဆီဆိုင်နှင့်တောင်ကြီးသို့ သွားမည့် ခရီးသည်တင်ကားများ ယနေ့ နံနက် ၇ နာရီ ၂၅ မိနစ်အချိန်တွင် စစ်တပ်က ပစ်ခတ်သဖြင့် ပြန်လှည့်လာရကြောင်း ခရီးသည်တင်ကားများနှင့် ဒေသခံများထံမှ သိရှိရသည်။

ယနေ့ နံနက် ၇ နာရီ ၂၅ မိနစ်အချိန် လွိုင်ကော်မြို့မှ အထွက် ၊ Denko ဆီဆိုင် အနီး မြို့ပြင်တွင် ငြိမ်းချမ်းမိုးခရီးသည်တင်ကားများ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ဆီဆိုင်မြို့ဘက်သို့ သွားမည့် လမ်းပေါ် နွားလ၀ိုးဂိတ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

"မြို့ပြင် Denko ဆီဆိုင် အနားမှာ ပစ်မှာ ပစ်ခတ်ခံရတာ။ ခရီးသည်တွေ ထိခိုက်မှုတော့မရှိဘူး။ ကားတွေအကုန်ပြန်လှည့်လာရတယ်။မြို့ပြင်သွားမယ့် ကားတွေ သတိထားကြပါ" ဟု ပစ်ခတ်ခံရသူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားထားကြသည်။

လွိုင်ကော်မှ တောင်ကြီးသို့ သွားသည့် လမ်း ၂ လမ်းရှိပြီး လွိုင်ကော်-ဆီဆိုင်-တောင်ကြီးလမ်းနှင့် လွိုင်ကော်-ဖယ်ခုံ-ပင်လောင်း-တောင်ကြီးလမ်း တို့ဖြစ်ကြောင်း၊ ယခု စစ်တပ်က ပစ်ခတ်မှုများ လုပ်ဆောင်နေသော လမ်းမှာ လွိုင်ကော်-ဆီဆိုင်-တောင်ကြီးလမ်းဖြစ်ကြောင်းသိရှိရသည်။

ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆိုနှင့်ရှားတောမြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များနှင့်ဒေသခံကာကွယ်ရေးတပ်များအကြား အကြီးအကျယ် တိုက်ပွဲများဖြစ်ပွားလျက် ရှိသည်။

ဓာတ်ပုံ-စစ်တပ်၏ ပစ်ခတ်ခံရသော ခရီးသည်တင်ကားများ။

Photo - CJ

Address


Telephone

+959441430856

Website

Alerts

Be the first to know and let us send you an email when Pa-O Lunge Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pa-O Lunge Media:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

Pa O Lunge Media

ပအိုဝ်းလူငယ်မီဒီယာ သတင်းစာမျက်နှာမှ စာပေ၊ အနုပညာမြတ်နိုးသူမျာများ အားလုံးအတွက် အသုံးဝင်ပြီး အကျိုးရှိစေမည့် နောက်ဆုံးရသတင်းများကို သုတ၊ ရသ ကဏ္ဍစုံလင်စွာ ထည့်သွင်းဖော်ပြပေးထားပါသည်။

အသုံးပြုသူများအားလုံး တစ်နေ့တာ စိတ်အပန်းပြေ၊ အမောပြေစေရန်အတွက် ပအိုဝ်းလူငယ်မီဒီယာသတင်းစာမျက်နှာကို ဝင်ရောက်ကြည့်ရှုခြင်းဖြင့် ဘဝအတွက် အတွေးအမြင်သစ်များ၊ တိုးတက်မှုများ ရရှိစေမည်ဖြစ်ပါသည်။ပအိုဝ်းလူငယ်မီဒီယာသတင်းစာမျက်နှာမှ အားလုံးအတွက် အကျိုးရှိစေမည့်အစီအစဉ်များကို တင်ဆက်ပေးသွားမည်ဖြစ်သောကြောင့် စောင့်မျှော်အားပေးကြရန် ဖိတ်ခေါ်အပ်ပါသည်။

ပအိုဝ်းလူငယ်မီဒီယာ

Contact Us:ဆက်သွယ်ရန်