ကျွန်တော့် ကဗျာ၊ ကျွန်တော့် စာ၊ ကျွန်တော် ချစ်သော အနုပညာ

  • Home
  • ကျွန်တော့် ကဗျာ၊ ကျွန်တော့် စာ၊ ကျွန်တော် ချစ်သော အနုပညာ

ကျွန်တော့် ကဗျာ၊ ကျွန်တော့် စာ၊ ကျွန်တော် ချစ်သော အနုပညာ This page aims to strengthen optimistic views and mindsets that already lie in you solely by the tou
(1)

တစ်ခါတလေ ခေါင်းငုံ့ပေးလိုက်တယ်တစ်ခါတစ်ခါ လိုက်လျောပေးလိုက်တယ် တစ်ခါတလေ သူတို့ဆန္ဒတွေကိုပုံဖော်ပေးလိုက်တယ် တစ်ခါတလေ ကိုယ်...
01/05/2024

တစ်ခါတလေ ခေါင်းငုံ့ပေးလိုက်တယ်

တစ်ခါတစ်ခါ လိုက်လျောပေးလိုက်တယ်

တစ်ခါတလေ သူတို့ဆန္ဒတွေကိုပုံဖော်ပေးလိုက်တယ်

တစ်ခါတလေ ကိုယ့်ကို ထားလိုက်ပါဆိုတဲ့အတိုင်း ကိုယ်လည်း မသိသလိုနေပေးလိုက်တယ်

တစ်ခါတလေ တူတူကြိုးစားတာချင်းတူတူ ကိုယ်က ချီးမွန်းမှုထဲ မပါခဲ့ပြန်ဘူး….

တစ်ခါတလေ ကိုယ်မပါတဲ့ အခိုက်အတန့်တွေမှာ ကိုယ့်ကိုအားနာလို့ဆိုတာလေးနဲ့ နှစ်သိမ့်ခံဖူးတယ်….

တစ်ခါတလေ သိပ်ချစ်ခံချင်ပြန်ရင်လည်း လျစ်လျူရှုခံပြန်တယ်….

တစ်ခါတလေ လုပ်နေတာချင်းတူတူ သူတို့စိတ်ထဲရှိတဲ့သူကို ကိုယ့်ရှေ့ ချီးမွန်းခန်း ထုံနေအောင် မွှန်ကြတယ်…..

တစ်ခါတလေ ကိုယ်သွေးသားရင်းလိုချစ်မိပါတယ်ဆိုတဲ့သူတွေက ကိုယ့်ကို အစိတ်စိတ်အမွှာမွှာခွဲပစ်တယ်…

တစ်ခါတလေ ကိုယ်ကဆွဲခေါ်ပေးပေမယ့် ကိုယ့်နဲ့ ရှုပ်ရှုပ်ရှပ်ရှပ်တွေ မလုပ်ဖို့တားခံရတယ်….

တစ်ခါတလေ သူတို့ကတော့ ကိုယ့်ကိစ္စ ကိုယ်လုပ်တာဘဲလေ ဆိုပေမယ့် ဒီဘက်မှာတော့ ရင်ကိုအောင့်နေရော…..

တစ်ခါတလေ ဘာကောင်ဆိုတာမဖြစ်ချင်ပေမယ့် သူကဘာကောင်မို့လည်းဆိုတာကြီးကို တတ်နင်းချင်တယ်….

သို့သော် တစ်ခါတလေ
ခွင့်လွတ်ရတယ်
ပြုံးပြရတယ်၊
သဘောထားကြီးပြရတယ်၊
မုဒိတာ ပွါးပေးလိုက်တယ် …..

ဟုတ် တစ်ခါတလေပေါ့

ကိုယ် နဲ့ ကိုယ့် အယူအဆတချို့တွေရဲ့ဘဝက လှတယ်တချို့ကြ ဘဝက နိမ့်ကျတယ်တချို့ကြပြန်တော့ အမြင်မတင့်ပေမယ့် အသွင်တင့်တယ်တကယ်တော့...
02/02/2024

ကိုယ် နဲ့ ကိုယ့် အယူအဆ

တချို့တွေရဲ့ဘဝက လှတယ်
တချို့ကြ ဘဝက နိမ့်ကျတယ်
တချို့ကြပြန်တော့ အမြင်မတင့်ပေမယ့်
အသွင်တင့်တယ်

တကယ်တော့ အားကျစရာ ဖြစ်ဖို့ ဆိုတာ ကောင်းတဲ့ပါတ်ဝန်းကျင်လိုအပ်တယ်တဲ့…
ကောင်းတဲ့စိတ်လည်း ထားတာဘဲလေ ကောင်းတဲ့ပါတ်ဝန်းကျင်လည်းရှိတာဘဲ မမြင်တာနေပါမယ်…

စာတစု ကိုဖတ်မိလိုက်တယ် လူတွေ နဲ့တွေ့ဆုံခြင်းက သူတို့စီက အကူအညီနဲ့ ကိုယ့်ဘဝကိုပြောင်းလဲဖို့ နဲ့ သူတို့ဘဝတွေပြောင်းလဲအောင်ကူညီဖို့တဲ့ ကျတော်ကတော့ အဲ့သလို မယူဆဘူး….

မယူဆထားလို့လားမသိဘူး ကိုယ့်စီက ဘာမှ မရမှန်းသိကြတော့ အနားဘယ်သူမှ မရှိတတ်ဘူး၊ ကိုယ်ကလည်း ဘယ်သူ့စီကမှ ကိုယ်တိုးတတ်အောင် မပေါင်းသင်းတတ်တော့ ကိုယ်ဟာ တယောက်ထဲ လိုဘဲ……

#ကျော်ထက်အောင်
#အတွေးအစအနများ

“အမှန်ဆုံး သော အခါး”အမြင့်ဂုဏ်ရှိရင်ရှိ၊ ငွေရှိရင်ရှိဘဲ ကျန်တာတွေဆိုတာ စိတ်ဖြေသိမ့်ဖို့ ပေးနေတာကြီးဘဲအဲ့တော့ အရှိန်ဟုန်မ...
17/11/2023

“အမှန်ဆုံး သော အခါး”

အမြင့်ဂုဏ်ရှိရင်ရှိ၊ ငွေရှိရင်ရှိဘဲ

ကျန်တာတွေဆိုတာ စိတ်ဖြေသိမ့်ဖို့ ပေးနေတာကြီးဘဲ

အဲ့တော့ အရှိန်ဟုန်မြင့် ဂုဏ်ရှိနိုင်ဖို့လုပ်ရင်လုပ်

အရှိန်ဟုန်မြင့် ငွေ ရှိလာဖို့ ကြိုးစားရင်ကြိုးစား

အခြေမှာ သိက္ခာရှိရှိလုပ်ခဲ့နိုင်ဖို့တော့လိုပေမယ့်

ခွင့်လွတ်မေ့ပျောက်လွယ်တဲ့ လူသားတွေက

ဘာလုပ်ခဲ့ လုပ်ခဲ့၊ မတရားခဲ့လည်း

ကိုယ် လိုက်မမှီနိုင်အောင် ငွေကြေး နဲ့ ဂုဏ်ဒြပ်ရှိပြီဆို

မော်ဖူး ကုန်ကြတာလေ

အဲ့တော့ မော်ဖူး ခံမလား၊ မော်ဖူးမလား

#အတွေးအစအနများ
#ကျော်ထက်အောင်

03/11/2023

ကိုယ့်စီလာ၍ အမှိုက်ရယ် ပုံ

ကာယကံရှင် ထက်သာ မက စိတ်ဆိုးပေးရ

ထိုသူများကား ထိုအမှိုက်များနှင့် ယှဉ်ကာတွဲ

တော်သေးသည်ကား ထိုအမှိုက်အား ငါမယူထား

ကိုယ်ကပြောပြ နည်းလမ်းတကျ

ထားဖို့စိတ်ထား ကိုးကားပြကာ

ပေးလိုက်ရတဲ့အားအင်များစွာ

ထိုသူအများ သူတို့ကြားမှာ ကိုယ်ကမပါ

ရယ်ဖို့ အံ့အား ကိုယ်လေသင့်သွား

စိတ်လည်းမထောင်း၊ ကိုယ်လည်းမကျေ

ကိုယ့်ဘဝနဲ့ ကိုယ်နေပေမို့

ထာဝရ “ဂျောင်း”

Bye 👋🏼

#အတွေးအစအနများ
#ကျော်ထက်အောင်

ကြိုးတနေရာမှာတခါတွေ့ ဖြစ်တတ်တဲ့ သံယောဇဉ်ကို ဖြတ်တောက်ပစ်ရအုံးမယ်…. ချစ်တတ်ပေမယ့် စိတ်မထင်မိတဲ့အချိန်တိုင်း ချက်ချင်းတင်း...
26/10/2023

ကြိုး

တနေရာမှာတခါတွေ့ ဖြစ်တတ်တဲ့ သံယောဇဉ်ကို ဖြတ်တောက်ပစ်ရအုံးမယ်….

ချစ်တတ်ပေမယ့် စိတ်မထင်မိတဲ့အချိန်တိုင်း ချက်ချင်းတင်းတတ်တာလည်း ဖျောက်ရမယ်…..

အပြစ်လို့မမှတ်ပေမယ့် အမြစ်အစို့တွယ်တတ်တာလည်း နှုတ်ရအုံးမယ်…..

ရှုပ်ရှပ်ခပ်နေတဲ့အထဲ ဖုတ်ဖတ်ခါထွက်သွားတတ်တဲ့ လူ တွေကို အဟုတ်မမှတ်အောင် နေရအုံးမယ်…..

တွေ့ဆုံတဲ့အခိုက် ကိုယ့် ဆွေမျိုး အိမ်သားတွေနဲ့ ဂိုက်ဆိုက်ပုံသဏ္ဍန်လို တွေးထင်ခင်တွယ်မိပြီး ဖွင့်ဟနေမိတာတွေလည်း ထိမ်းရအုံးမယ်…..

ဟုတ်တယ် ….. သံယောဇဉ်….

So meaningful 😊
22/10/2023

So meaningful 😊

မိုးအေးနေတယ် မိုးပါတ်နေတဲ့ မှန်ပြတွင်းပေါက်နားမင်းကိုသိုင်းဖတ်ထားပြီး ကော်ဖီလေးနဲ့ “လွေး” နေချင်တယ်   #အတွေးအစအနများ
20/09/2023

မိုးအေးနေတယ်
မိုးပါတ်နေတဲ့ မှန်ပြတွင်းပေါက်နား
မင်းကိုသိုင်းဖတ်ထားပြီး
ကော်ဖီလေးနဲ့ “လွေး” နေချင်တယ်


#အတွေးအစအနများ

ဖြစ်တည်မှုလူ ဒါမှမဟုတ် သတ္တဝါတိုင်းဒါမှမဟုတ် တခုခု တိုင်းမှာ သူတို့ ရဲ့ကိုယ်ပိုင်ဖြစ်တည်မှု ဆိုတာရှိတယ်မချစ်ပေးနိုင်ရင်တ...
13/07/2023

ဖြစ်တည်မှု

လူ ဒါမှမဟုတ် သတ္တဝါတိုင်း
ဒါမှမဟုတ် တခုခု တိုင်းမှာ
သူတို့ ရဲ့ကိုယ်ပိုင်ဖြစ်တည်မှု ဆိုတာရှိတယ်

မချစ်ပေးနိုင်ရင်တောင် မမုန်းမိစေနဲ့
ချစ်ခြင်းမုန်းခြင်း မရှိရင် လျစ်လျူရှုပေးပါ
မဝေဖန်မိပါစေနဲ့

ဘယ်အရာကိုမှ ထဲထဲဝင်ဝင် ကာယကံရှင်လောက်မသိဘဲ အကြားတွေ အမြင်တွေ နဲ့ ဆုံးဖြတ်ပြီး ကိုယ်လိုရာကို ကိုယ်မြင်တဲ့ရူထောင့်ကနေ ဘယ်တော့မှ ဆွဲမတွေးမိ မဝေဖန် မိစေနဲ့

နေ့စဉ် အသက်ရူနေတဲ့ အကြိမ်ပေါင်း (၂၂၀၀၀) ရူရှိုက်နေရတာ ခြင်းတူတူ ကိုယ့်ရဲ့ ဖြစ်တည်မှု ကို ကိုယ်အရင်ချစ်ပါ…..

#အတွေးအစအနများ
#ကျော်ထက်အောင်

ငါမမြင်ရတဲ့ အစိတ်အပိုင်းတစ်ချို့စီကိုငါ့စိတ်ကွယ်ရာက ရောက်နှင့် နှင့်နေတော့ငါ့သိစိတ်နဲ့ ငါ့ခန္ဓာ နွမ်းလျ လှတယ်ငါ့ခံစားချက...
02/07/2023

ငါမမြင်ရတဲ့ အစိတ်အပိုင်းတစ်ချို့စီကို
ငါ့စိတ်ကွယ်ရာက ရောက်နှင့် နှင့်နေတော့
ငါ့သိစိတ်နဲ့ ငါ့ခန္ဓာ နွမ်းလျ လှတယ်

ငါ့ခံစားချက်က တင်ပြပုံတွေကောင်းလွန်းတော့
ငါ့ဦးနှောက်သွေးခဲမတတ် လိုက်စဉ်းစားနေရတယ်

ငါ့စေတနာမမြင်လေသလားလို့ drama အတွေး အချို့ကြောင့် ငါ့ဝေဒနာတွေ တိုး တိုး လို့သာလာတယ်…

ငါပေးတဲ့မေတ္တာတွေကို ငါ့ရှေ့မှာ ယူငင်ကြပေမယ့်
ငါမသိတဲ့ ငါ့ကွယ်ရာ တနေရာမှာတော့ လှောင်ရယ်သံတချို့ ငါစီပဲ့တင် သံပြန်လာ လေတယ်…

ပေးလိုက်တဲ့ အားအင် နဲ့ စေတနာကြောင့် ပြန်ရလိုက်တာ နာကျင်စရာတွေဘဲဖြစ်တော့တဲ့အခါ ငါ့ဒေါသတွေ လူမြင်တယ်…

အဲ့တော့ တခါတလေ ငါ့ကိုယ်ငါဘဲဆုံးမမိတယ်
“မင်း” …. နာလားမေးရင်း
အမှိုက်ပုံး လိုလူတော့အဖြစ်မခံနိုင်တော့တယ်….

အဲ့တော့ တော်တော့ နော် “ကျော်ထက်အောင်”…

#အတွေးအစအနများ
#ကျော်ထက်အောင်

အရှိန်နေ” ရှိန် ပြင်းရင် ခံနိုင်ရေအားမရှိသလိုလ” ရှိန် ကြပြန်တော့ မှောင်ရီဝိုးတဝါးဂုဏ်ရှိန် ပြင်းရင် ဘေးကလူတွေ အရှိန်ဟပ်သ...
03/06/2023

အရှိန်

နေ” ရှိန် ပြင်းရင် ခံနိုင်ရေအားမရှိသလို
လ” ရှိန် ကြပြန်တော့ မှောင်ရီဝိုးတဝါး

ဂုဏ်ရှိန် ပြင်းရင် ဘေးကလူတွေ အရှိန်ဟပ်သလို
ငွေရှိန် ပြင်းရင် ဘေးကလူတွေ ဟပ်ဟပ်ထိုးတယ်

အရောင်အရှိန်ဆိုတာ လင်းတိုင်း မကောင်းသလို
အရှိန်ကိုထိမ်း လင်းတတ်ဖို့လည်းလိုသေးတယ်

တချို့တွေ သိဖို့က ကိုယ့် အရောင်ရှိန် ကိုယ့်ဂုဏ်အရှိန် မဟုတ်ဘဲ လင်းပြတတ်တာ ရှက်စရာလို့

တပါးသူအရှိန် နဲ့ တခြားသူမှိန်အောင်
ကြားလူတွေက သွေးဆောင်တတ်တယ်

သဘာဝ လို့ခေါင်းစဉ်တတ်ရင်
အဲ့သဘာဝထဲ ကိုယ်ခွဲထွက်ချင် …..

သို့သော်

သံလိုက်ဓါတ်လို ကိုယ်မသွားလည်း ဆွဲခေါ်ပါယူ…
ကိုယ်နေပူသလို ခံစားမိခိုက် ထိုနေပူထဲ
ထီးမပါ သူမို့ ထိုအပူအား ဒဏ်ခံရပေ …..

#အတွေးအစအနများ
#ကျော်ထက်အောင်

27/05/2023

Boundary

20/05/2023

ကျားနဲ့မြည်းတို့အငြင်းပွါးကြတယ်။

မြည်းက “မြက်ခင်းကပြာတယ်” လို့ပြောတော့ကျားက “မြက်ခင်းကအစိမ်းပါ” လို့ပြန်ပြောတဲ့အချိန်မှာငြင်းခုန်မှုစလိုက်ကာ အငြင်းပွါးမှုကတဆင့်ပြီးတဆင့်အရှိန်တက်သွားပြီးနောက်ဆုံး ဘုရင်ဖြစ်သူကေသရာဇာခြင်္သေ့မင်းကြီးရှေ့မှောက်ဆီကိုရောက်သွားကြပါတော့တယ်။

ခြင်္သေ့ကသေချာနားထောင်ပြီးတော့ မြည်းကိုပြောလိုက်တယ် “မင်းမှန်တယ်.. မြက်ခင်းကအပြာရောင်။” ကျားကိုတော့၅နှစ်စကားမပြောရအမိန့်နဲ့အပြစ်ပေးလိုက်တယ်။ မြည်းဟာပျော်ရွှင်မြူးတူးကခုန်ပြီးထွက်သွားတယ်။ အဲဒီအချိန်မှာကျားကခြင်္သေ့ကိုမေးတယ် “မြက်ခင်းကစိမ်းတာမှန်ရဲ့သားနဲ့ အရှင်ကျွန်ုပ်ကိုဘာကြောင့်အပြစ်ပေးရတာလဲ” ဆိုတဲ့အချိန်မှာ ခြင်္သေ့ကဩဝါဒခြွေပါတော့တယ်..”မြက်ခင်းကစိမ်းတာမှန်တယ်.. ဒါပေမယ့် မင်းကိုအပြစ်ပေးတာဟာ အငြင်းပွါးမှုရဲ့မှန်ခြင်းမှားခြင်းနဲ့မဆိုင်ဘူး.. မင်းလိုဥာဏ်ပညာရှိတဲ့သူက အရူးနဲ့သွားငြင်းလို့အပြစ်ပေးတာဖြစ်တယ်.. တချို့သူတွေဟာ အမှန်တရားတို့ အရှိတရားတို့ထက် သူတို့ယုံလွဲစွဲကိုင်မှုတွေမှန်ကြောင်းလောက်ကိုပဲဂရုစိုက်တာ.. ဘယ်လောက်ပဲအကြောင်းအချက်အလက်တွေ အထောက်အထားတွေကိုပြပြ သူတို့ဂရုမစိုက်ဘူး.. မင်းမှားတယ် သူတို့မှန်တယ်ဆိုတာမျိုးကိုပဲလက်ခံနိုင်တယ်.. ဘယ်သောအခါမှ ကိုယ့်ရဲ့အချိန်နဲ့ခွန်အားတွေကိုအကုန်ခံပြီး အဲဒီလိုအရူးတွေ အစွန်းရောက်တွေနဲ့ အငြင်းမပွါးနဲ့..”

“When ignorance screams intelligence is silent.” “မသိခြင်းမောဟဒေါသတွေအော်ဟစ်နေချိန်မှာ ဆင်ခြင်တုန်တရားဟာနှုတ်ဆိတ်နေတယ်”

(*အတိုချုံးဘာသာပြန်ထားပါတယ်။ အပြည့်အစုံကတော့အောက်မှာဖတ်ကြည့်နိုင်ပါတယ်။)
Credit
https://www.facebook.com/100050681040476/posts/832547475111280/?mibextid=cr9u03

Sale (lesson learn)တခါတလေကြရင် ဘဝ Lesson Learn တွေက သိပ်စျေးကြီးတာဘဲဘဝ အနေကြဖို့ တရားစကားတွေကစိတ်ဖြေသိမ့်ရာတခြားအနားမညီတ...
19/04/2023

Sale (lesson learn)

တခါတလေကြရင်
ဘဝ Lesson Learn တွေက
သိပ်စျေးကြီးတာဘဲ

ဘဝ အနေကြဖို့
တရားစကားတွေက
စိတ်ဖြေသိမ့်ရာ

တခြားအနားမညီတာတွေအတွက်
ကိုယ်က မောရုံပေါ့

မှန်ဘောင်ထဲက New Arrival တစ်ခု

#အတွေးအစအနများ
#ကျော်ထက်အောင်
#တခဏအတွေး
#ကျတော်နှင့်စာဖတ်သူ

29/03/2023

ကိုကို အံ့ထူးထက် ဆိုဘဲ

မျက်လုံးကိုယ်ပြောတဲ့စကား ကိုယ့်ကို ဇောင်းပေး ပြောမိပြောရာပြောမိသောအခါထိုသူမျက်ဝန်း တခြားသူနှင့် အကြည့်ခြင်းဆုံမျက်ဝန်းမှ...
10/02/2023

မျက်လုံး

ကိုယ်ပြောတဲ့စကား ကိုယ့်ကို ဇောင်းပေး
ပြောမိပြောရာပြောမိသောအခါ

ထိုသူမျက်ဝန်း တခြားသူနှင့် အကြည့်ခြင်းဆုံ
မျက်ဝန်းမှ ထွက်လာသည့်အရောင်
ကိုယ့်ကိုလှောင်

ကိုသာဆက်ပြော ကိုငပေါပေမို့
ပြောသည့်ပါးစပ် ကိုယ်တိုင် ရပ်ကာ
စကားလွှဲ ချသူတို့ သဘောကျ လိုက်လို့ဆောင်

ကိုယ်က လောက ရဲ့ သဘာဝသရုပ်ဆောင်

#အတွေးအစအနများ #ကဗျာ #အတွေ့အကြုံ #ကျော်ထက်အောင် #ကြုံဆုံလာတဲ့အရာတွေကပေးတဲ့အသိ

“အတွေး ခဏ တွေး ထရေးဖြစ်သော”တစ်နေ့တစ်နေ့ မရိုးပါဘူးဆိုတဲ့လောကတနည်းအားဖြင့် ရိုးမနေအောင်ပေါ်လာတတ်တဲ့ အဖြစ်အပျက်ပေါ်လာတဲ့ အ...
09/02/2023

“အတွေး ခဏ တွေး ထရေးဖြစ်သော”

တစ်နေ့တစ်နေ့ မရိုးပါဘူးဆိုတဲ့လောက
တနည်းအားဖြင့် ရိုးမနေအောင်ပေါ်လာတတ်တဲ့ အဖြစ်အပျက်

ပေါ်လာတဲ့ အပြာရောင်မျက်နှာပြင်ထက်မှာ
ယူတတ်ရင်သင်ခန်းစာ
မယူတတ်ရင် တော့ အဆိပ်ဖြစ်မှာပေါ့

သွားသူအတွက် ကျန်သူငိုကြွေး
ဆုတောင်ခြွေသံကြားဖို့မကြားဖို့မသေချာ

သတ္တဝါတွေကို ကြင်နာတတ်တာတဖုံ
နှိပ်စက်တာတမျိုး တတ်လာပြန်

ကြည့်သူအတွက် နှလုံးသားအဟာရဖြစ်မှသာယူ
တချို့အရာတွေက လူသာအုံတာ ရင်ခုန်စရာမကောင်း

ဘယ်ဟာက ဘာ ဆိုတာ သိကြသော်ငြားလည်း
လျစ်လျူရှုတာတော့များသကိုး

ပြောရမောလှပေမယ့် နှိုင်းယှဉ်မခံရအောင်
ကိုသာရှောင်
ရှောင်တဲ့ကိုယ် ချောင်ထိုးမခံရဖို့
အတတ်ပညာကိုမြှင့် အသိပညာတိုးရင်း

ကြိုးစားနေပါအုံးမည်…. အရာရာ

#အတွေးအစအနများ #ကဗျာ #အတွေ့အကြုံ #ကျော်ထက်အောင် #ကြုံဆုံလာတဲ့အရာတွေကပေးတဲ့အသိ

အကြည့်ကြည့်နေတဲ့ အကြည့်ကို မသိတာလားမသိလို့ မကြည့်တာလားအကြည့်က သိနေစေလို့လားသိနေဖို့ ကြည့်ပေး နေရမလားကြည့်နေတာ သိနေတယ်မလာ...
15/01/2023

အကြည့်

ကြည့်နေတဲ့ အကြည့်ကို မသိတာလား

မသိလို့ မကြည့်တာလား

အကြည့်က သိနေစေလို့လား

သိနေဖို့ ကြည့်ပေး နေရမလား

ကြည့်နေတာ သိနေတယ်မလား

သိနေရဲ့နဲ့ ကြည့်မနေတာဘာလား

ကြည့်တာချစ်နေလို့ပါ

ချစ်ရင်တော့ ကြည့်နေပေါ့

#အတွေးအစအနများ #ကဗျာ #အတွေ့အကြုံ #ကျော်ထက်အောင် #ကြုံဆုံလာတဲ့အရာတွေကပေးတဲ့အသိ

12/01/2023

ဝမ်းနည်းကြေကွဲချိန်ဆို ငိုစရာရှိ ငိုချပလိုက်တယ် ကျလာတဲ့မျက်ရည်တွေ လျှာနဲ့ ဟိုဘက်ဒီဘက် လိုက်သိမ်းလိုက်တယ်လေ အလကားတော့အဖြစ်မခံဘူး

ဖြစ်စဉ်ကလေး ဘဝကဆို သူများစားတာ၊ သူများဝတ်တာလေးတွေမှ ကြိုက်တတ်ကြတဲ့သဘောကျောင်းသားဘဝရောက်တော့ ဟိုဟာလေးသူများလုပ်၊ ဒီဟာလေးသ...
10/01/2023

ဖြစ်စဉ်

ကလေး ဘဝကဆို သူများစားတာ၊ သူများဝတ်တာလေးတွေမှ ကြိုက်တတ်ကြတဲ့သဘော

ကျောင်းသားဘဝရောက်တော့ ဟိုဟာလေးသူများလုပ်၊ ဒီဟာလေးသူများလုပ်ရင် လိုက်လုပ်ချင်ကြတဲ့အရွယ်

လူပျို အရွယ်တော့ ဟိုကလည်းချစ်၊ ဒီကလည်းချစ်နဲ့ ငါလည်းလိုက်ချစ်အုံးမှဘဲဆိုပြီး ချစ်တတ်ခဲ့ပုံ

နုပျိုဂုဏ်ရှိန်အတတ်ဆုံးချိန်ရောက်တော့ ကို့ Appearance ကိုဂုဏ်ဆာရင်း ဟောတယောက် ဟောတယောက် နဲ့မှ အမိုက်စားထင်

ရင့်ကျက်တည်ငြိမ်ချိန်မှာတော့ မင်းမှ မင်းဘဲ ဖြစ်နေပါပြီ….

ချစ်တယ်

#အတွေးအစအနများ #ကဗျာ #အတွေ့အကြုံ #ကျော်ထက်အောင်

“ရော”ငိုချင်းရယ်ချင်းတွေ တစုတစည်းထဲရောက်လာချိန်ဘယ်သူဘယ်ဝယ်မခွဲခြားဘဲ ချစ်ခြင်းတွေပြည့်ခဲ့ပြီးမှရက်အနည်းငယ်ကြာတဲ့ချိန် ခံ...
10/01/2023

“ရော”

ငိုချင်းရယ်ချင်းတွေ တစုတစည်းထဲရောက်လာချိန်
ဘယ်သူဘယ်ဝယ်မခွဲခြားဘဲ ချစ်ခြင်းတွေပြည့်ခဲ့ပြီးမှ

ရက်အနည်းငယ်ကြာတဲ့ချိန် ခံစားချက်တွေက
မူးဝေစီးမျောခဲ့စဉ်ကတော့ သူမတူပေါ့

အံကို ခဲက ဝဲပျံနေတုံး အလင်းတန်းတို့ တိုးလို့ဝင်ခဲ့
ကာရံထားတဲ့ မျက်ဝန်းတစုံရှေ့ မဲလို့မှောင်နေ

အေးစက်နေတဲ့ လက်တစုံကို နွေးထွေးပေးဖို့
နှလုံးခုန် နှုန်း မြည်သံတို့ တေးသံထဲမှာလွင့်ပျောက်ဆဲ

စိတ်ရဲ့စေရာ လိုက်လို့ပျံစဉ်
ထိုအရာသည် မျော

#အတွေးအစအနများ #တခဏတာအတွေး #အတွေးပုံရိပ်များ #စိတ်ရဲ့စေရာ #ရော #ကျော်ထက်အောင် #ကဗျာ

မတရားသောတရားလောကကြီးက ဒီကားတွေလိုဘဲ ဘယ်လိုဘဲ စည်းစောင့်စောင့်၊ ဘယ်လိုဘဲ စည်းကမ်းရှိရှိဒီလို မတရားသော ဝင်ရောက်လာမှုတွေရှိ...
27/12/2022

မတရားသောတရား

လောကကြီးက ဒီကားတွေလိုဘဲ

ဘယ်လိုဘဲ စည်းစောင့်စောင့်၊

ဘယ်လိုဘဲ စည်းကမ်းရှိရှိ

ဒီလို မတရားသော ဝင်ရောက်လာမှုတွေရှိနေတတ်တယ်

လမ်းကြောင်းမှန်ပေါ်က လူတွေကသာ ဟပေး နေရာပေးမိလိုက်ရင်

သူတို့က ကို့ရှေ့ကလမ်းကြောင်းမှန်ပေါ်မှာ အခန့်သား စီးမျော သွားကြတတ်ကြတယ်

မဖယ်ပေးရင် ဇွတ်တိုးအနိုင်ကျင့်ပြီး သူတို့ရထိုက်တယ်လို့ထင်ပြီး နေရာယူတတ်ကြတယ်…

#အတွေးအစအနများ #လောကနိယာမ

ဖြစ်တယ်……မရှိလည်းဖြစ်တဲ့ အရာတွေဆိုတာရှိတယ် မလိုဘဲ ထားထားတာတွေလည်းရှိတယ်အဲ့ဒါကို တောင့်တမှ လိုတယ်၊ ရှိချင်တယ်လို့ ဖြစ်တတ်...
29/11/2022

ဖြစ်တယ်……

မရှိလည်းဖြစ်တဲ့ အရာတွေဆိုတာရှိတယ်
မလိုဘဲ ထားထားတာတွေလည်းရှိတယ်

အဲ့ဒါကို တောင့်တမှ လိုတယ်၊ ရှိချင်တယ်လို့ ဖြစ်တတ်တာပါ….

အာ့ကြောင့် တခါတလေ ကျတော်တို့အနားမှာ ကိုယ် မလိုဘဲ ထားထားတာတွေရှိတယ်….

အိမ်မှာဆိုလည်း အိမ်မှာအလျောက်၊ စိတ်မှာဆိုလည်း စိတ်မှာအလျောက်ပေါ့…..

ဒါကြောင့် မလိုအပ်ဘူး လို့ ထင်တာတွေကို စွဲလမ်း နေရင် အသုံးမပြုဘဲ ထားထားမိနေအုံးမှာပါဘဲ…

ကိုယ့်စိတ် ပျက်ဖို့ နဲ့ တကယ်လိုမလိုဘူးဆိုတာ သိဖို့ဘဲလိုတယ်……

ကိုယ့် ပါတ်ဝန်းကျင် minimalist ဖြစ်ဖို့လိုသလို
စိတ် minimalist ဖြစ်ဖို့လည်းလိုတယ်….

#အတွေးစာစုများ #အတွေးအစအနများ #ကျော်ထက်အောင်

Love,Light & Powerကျတော့် အတွက် မနက်စာ စိတ်အဟာရ တစ်ခုပါ…တကယ့်ကို အသိစိတ် ငြိမ်စေ ခဲ့ပြီး ချစ်ခြင်းဆိုတာ…. ဥာဏ်အလင်းဆိုတာ...
24/11/2022

Love,Light & Power

ကျတော့် အတွက် မနက်စာ စိတ်အဟာရ တစ်ခုပါ…တကယ့်ကို အသိစိတ် ငြိမ်စေ ခဲ့ပြီး
ချစ်ခြင်းဆိုတာ….
ဥာဏ်အလင်းဆိုတာဘာ…
စိတ်စွမ်းအင်ဆိုတာ ဘာဆိုတာကို ပြန်ပြန် နွှေးတဲ့သဘောအနေနဲ့ နိုးထစေခဲ့ပါတယ်…..

မနက် မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်တာ နဲ့ တကိုယ်ရေတကာရ သန့်ရှင်းမှုတွေပြီးတာနဲ့ ဒီစာအုပ်လေးဖတ်ဖြစ်တယ်……

တိုက်ဆိုင်တာဘဲလား စိတ်စွမ်းအင်ကြောင့်လားတော့ မသိပေမယ့် ကျတော် မနက်မနက် ဖတ်ဖို့ ချန်ချန်ခဲ့တဲ့ အခန်းစဉ်တိုင်းက ကျတော်ခံစားနေရ ကြုံတွေ့နေရတဲ့ စိတ်အခြေ အနေကို ဖြေလျှော့ပေး အသိစိတ်ဝင်ပေးဖို့ ဖြစ်ဖြစ် ဒီစာအုပ်လေးဖတ်လိုက်တဲ့ မနက်တိုင်း လိုလိုပါဘဲ…..

မမွန် ရဲ့ “မနက်စာအဟာရ” စာအုပ်မှာရေးသလို မနက်ခင်းမှာစာရေးဖြစ်တယ်ဆိုသလို ကျတော်က အဲ့ဒါလေးကိုမှတ်ထားပြီး မနက်ခင်းနိုးပြီးတိုင်း စာလေးဖတ်ဖြစ်ပါတယ်… နိုးတာနဲ့စာဖတ်လိုက်တော့ စာထဲကရတဲ့၊ စာထဲကပေးတဲ့ အေးချမ်းမှု ဥာဏ်အလင်းတွေဟာ စိတ်ကို ရှင်းအောင်ကိုရစေခဲ့ပါတယ်…. တနေ့လုံးလည်းနေရတာ အဆင်ပြေစေခဲ့တယ်….

စွမ်းအင်ဆိုတာ ကိုသိပ်ယုံကြည်သလို စွမ်းအင်ဆိုတာနဲ့ ကျတော်သိပ်အလုပ်လုပ်ပါတယ်….
Emotional base နိုင်ငံဖြစ်တာမို့ ပိုလို့စွမ်းအင်ကိုယုံကြည်တယ် သုံးစွဲပါတယ်….

တစ်ခုသေချာတာ ကျတော် ခံစားကြုံတွေ့နေရတဲ့ ခံစားချက် ဖြစ်နေပြီဆို မနက်နိုးလို့ ဖတ်လိုက်တာနဲ့ ကွက်တိလေး “မမွန်” က လာ လာပြီး ဥပမာ တွေ နဲ့ ပြောပြလိုက်၊ သင်ပေးလိုက်သလိုပါဘဲ…

ပြီးတော့ ဒီစာအုပ်လေးအပါအဝင် “မမွန်” ရေးထားတဲ့ စာအုပ်တော်တော်များများက နှလုံးသားအဟာရ ဖြစ်စေပါတယ်….

ကျတော်တို့ဟာ ခန္ဓာကိုယ်က ဒဏ်ရာကို ဆေးကုလို့ရပေမယ့် ထိတွေ့ကိုယ်တွယ်လို့မရတဲ့ စိတ်၊ ခံစားချက် ဒဏ်ရာတွေကိုကတော့ စာ နဲ့ ဆေးတိုက်ရပါတယ်…

လူတွေ က “ငါတို့ဘာသာ လုပ်တာ သူ့ဘာလုပ်နေလို့လဲ” “ဒါငါ့လုပ်ပိုင်ခွင့်လေ” “ဒါငါ့ကံဘဲလေ” နဲ့ လုပ်တတ်ကြပေမယ့်အဲ့ရဲ့အကျိုးဆက်ကို တဖတ်သူက ခံစား သွားရတတ်တာတွေ အတွက် စာ ကသာလျှင် ကုစားပေးနိုင်ပါတယ်…

မမွန် ကျေးဇူးတင်တာထက် ကျေးဇူးတင်ပါတယ်…..

ကျော်ထက်အောင်

#မွန်ဟော်စီ



ပျက်အစဉ် ပြင်မရယိုယွင်း ပျက်စီးနေတဲ့ တချို့အရာတွေက ဒီအတိုင်းထားမှ အနုသုခုမ လက်ရာတွေဆိုပိုဆိုးတယ် ပျက်စီးခြင်း အချင်းချင်...
10/11/2022

ပျက်အစဉ် ပြင်မရ

ယိုယွင်း ပျက်စီးနေတဲ့ တချို့အရာတွေက ဒီအတိုင်းထားမှ

အနုသုခုမ လက်ရာတွေဆိုပိုဆိုးတယ်

ပျက်စီးခြင်း အချင်းချင်း နှိုင်း ယှဉ် လို့မရနိုင်တာတွေရှိတာပေါ့

ပျက်အစဉ် ပြင်ခဏဆိုတာ ပျက်တုန်းပြင်ရမှာ

ကြာသွားရင် အပျက် ကအပျက်ဘဲ

သို့ပေမယ့် အပျက်တိုင်းလည်း တန်ဖိုးတတ်မနေဘူးလေ

အဆိုးဆုံးက စိတ်ဓါတ်ပျက်ရင် ပေါ့

#အတွေးအစအနများ




အကျင့်လုပ်မိတဲ့အကျင့် တို့သည်ရပ်တန့်ဖိုခက်လှသည်သူ့ဘေးရှိနေတုံး ချွဲနေတတ်တာလည်း အကျင့်သူနဲ့ပဲပျော်တတ်တာလည်း အကျင့်သူ့ကို ...
30/09/2022

အကျင့်

လုပ်မိတဲ့အကျင့် တို့သည်ရပ်တန့်ဖိုခက်လှသည်

သူ့ဘေးရှိနေတုံး ချွဲနေတတ်တာလည်း အကျင့်

သူနဲ့ပဲပျော်တတ်တာလည်း အကျင့်

သူ့ကို သတိတရ လွမ်းရတာလည်းအကျင့်

သူကို ချစ်တယ် ပြောရတာလည်းအကျင့်

သူ့ကို ချစ်လား မေးမေးနေရတာလည်းအကျင့်

သူ့ကို ကိုယ့်ကိုကော လွမ်းရဲ့လားမေးရတာလည်းအကျင့်

Ex ကလုပ်ပေးသွားတဲ့အကျင့်တွေလည်း မပျောက်တော့ လူသာပြောင်းတာ ချစ်တဲ့အကျင့်က မပြောင်းနိုင်

အဲ့တော့ အရာရာ ကို ဆန်းစစ်ကြည့် ဘာမဆို အကျင့်ဖြစ်နေတတ်တာမဟုတ်လား….

စိတ် ကျေနပ်ရာ ကို အကျင့်ဖြစ်တာလေ လုပ်သင့်လုပ်ထိုက်လုပ်ရမှာဆို အကျင့်မဖြစ်တတ်ဘူးလေ….

အိပ်ယာ ထတဲ့အချိန်ကနေ ပြန်ပြီး အိပ်ယာဝင်တဲ့အချိန်အထိ အကျင့် တွေကို ဦးစားပေးလုပ်ကြတယ်မဟုတ်လား….

တချို့ဆို လုပ်သင့်တာတွေ လုပ်နေရင်း အကျင့်ပျက်တတ်ကြတယ်မဟုတ်လား…

အကျင့် ဆိုတာ ထိုက်တန်လို့ လုပ်တာလား …. လုပ်ဖို့ ထိုက်တန်လားဆိုတာ မေးကြည့်ပါအုံး…

တချို့အကျင့်တွေ ပြင်ဖို့ခက်တယ် ပြင်ဖို့ကြိုးစား သော်လည်း အကျင့်ဖြစ်သွားတာပါဘဲ

အကျင့် ပျက်ကို အကျင့်ကောင်းဖြစ်အောင်ကြိုးစားရင်း ကြားက အကျင့် ကြားကျင့် မှာပျော်ပြီး ကြားကျင့်လည်း ကျင့်ကြံနေထိုင်သွားတဲ့ အကျင့်လည်း ဖြစ်တတ်သွားပါတယ် ….

ဘာကိုမှ အကျင့် မလုပ်မိစေနဲ့

#ကျော်ထက်အောင်
#အတွေးစာစုများ

တွေ့မိတဲ့ subject! လူသားတစ်ချို့က ခက်ခဲကြောင်း ကျော်ဖြတ်ခဲ့ရကြောင်းတွေတော့ ခင်းပြ ရှင်းပြတာဘဲ ဒါပေမယ့် presentation မလှတ...
29/09/2022

တွေ့မိတဲ့ subject!

လူသားတစ်ချို့က ခက်ခဲကြောင်း ကျော်ဖြတ်ခဲ့ရကြောင်းတွေတော့ ခင်းပြ ရှင်းပြတာဘဲ

ဒါပေမယ့် presentation မလှတော့ ကိုယ် $ သုံးမကျကြောင်းတွေ ဖြစ်ကုန်ကော

လူသားတချို့က ကြတော့ နှစ်ကိုယ်ခွဲတတ်တာ
လူတယောက်ရှေ့မှာ ချိုလို့၊ ဘေးလူတယောက်ရှေ့ကြ ခါးသပ်သပ်နဲ့ ….

တချို့တွေ ဘဝတွေ နေထိုင်မှုတွေက ပျော်စရာကမ္ဘာငယ်လေး၊ just ကမ္ဘာငယ်လေး…

ကိုယ့်ခံစားချက်နဲ့ တိုင်းရင် တချို့ရဲ့အရာတွေကအဝေးက မြင်ရတဲ့ ကောင်းကင်က ကြယ်လေးတွေလိုဘဲ

ဒါပေမယ့် အဲ့ကြယ်လေးတွေ ဘယ်လောက်အတိုင်းတာရှိကြောင်း ဘယ်သူအတိအကျသိလို့လည်း

အဲ့တော့မော့ကြည့်နေလိုက်တယ်

ဒီနေ့ရဲ့ Subject တချို့ကို

#ကျော်ထက်အောင်
#အတွေးစာစုများ

တချို့တချို့က ဦးနှောက် ပါလာတယ် နှလုံးသားမပါလာဘူးတချို့က နှလုံးသားဘဲပါလာတော့ drama တွေများတယ်တချို့က မိစုံဖစုံရှိတယ် ဆုံး...
28/09/2022

တချို့

တချို့က ဦးနှောက် ပါလာတယ် နှလုံးသားမပါလာဘူး

တချို့က နှလုံးသားဘဲပါလာတော့ drama တွေများတယ်

တချို့က မိစုံဖစုံရှိတယ် ဆုံးမ ခံယူမှု လစ်ဟင်းနေတယ်

တချို့က ပါးစပ်ပါတယ် ရွာမရောက်ဘူး

တချို့က ပါတဲ့ပါးစပ်ကို စိတ်သဏ္ဌာန် အတိုင်းထုတ်တယ်

တချို့က “သင်ညာ” ခုန်ပျံနေအောင် တတ်တယ် “ပညာ” နဲ့မယှဉ်တတ်ဘူး

တချို့က မျက်လုံးတော့ပါ ပါရဲ့ အကန်းတွေလောက်တောင် မမြင်တတ်ဘူး

တချို့က ကိုယ်ဖြစ်တည်နေတာတဲ့အရာကို သူများအပေါ် အဲ့လိုဆိုတဲ့ ကိုယ့်ကိုယ်ကိုတောင် ပြောရင်မကြိုက်တဲ့ အရာနဲ့လှောင်ပြောင်တတ်ကြတယ်

တချို့က တဖက်သူဖြစ်တည်နေတာကို ရှေ့တော့ချစ်ပြတတ်ကြပေမယ့် နောက်ကွယ်မှာ လှောင်ပြောင်နေတတ်ကြတယ်

တချို့က cake ပေါ်က cream တွေလိုဘဲ လှတယ် ချိုတယ် ကျန်းမာရေးအတွက်ကောင်းမနေဘူး

တချို့က တန်းတူညီမှု ကိုအခွင့်အရေးလို့ထင်ပြီး ဒူးနေရာတော်နေရာတွေ မမြင်တတ်တော့ဘူး

တချို့ကငါဘဲမှားနေတာလားဆိုတဲ့ပေတံကြီးနဲ့တိုင်းတိုင်း ပြီး သောကတွေဝေနေတတ်တယ်

တချို့ကကြ ကိုယ်ချင်းဘဲစာတာ ကိုယ်နဲ့ ယှဉ်လာရင်ကြ ကိုယ်နဲ့တောင်တိုက်ချချင်တာ

တချို့ကကြသနားခံရတာကြိုက်တော့ အသနားခံဘဝကို ထုတ်ထုတ်ပြတာ

တချို့ကကြ သနားခံဘဝ ဆိုတာ business တစ်ခုလို ချနင်းတော့တာ

တချို့ကိုကြ ကျတော်မသိတော့ပါ

#ကျော်ထက်အောင်

#အတွေးစာစုများ

ဘာကြောင့်လည်း?ဘာကြောင့် ရှေ့မရောက်တာလည်း?ဘာ့ကြောင့် ငါအောင်မြင်တယ်လိုမခံစားရတာလည်း? ဘာ့ကြောင့် သူတို့အောင်မြင်နေရတာလည်း?...
26/09/2022

ဘာကြောင့်လည်း?

ဘာကြောင့် ရှေ့မရောက်တာလည်း?

ဘာ့ကြောင့် ငါအောင်မြင်တယ်လိုမခံစားရတာလည်း?

ဘာ့ကြောင့် သူတို့အောင်မြင်နေရတာလည်း?

ဘာ့ကြောင့် သူတို့ကရောင်းနေရတာလည်း?

ဘာ့ကြောင့်ငါ့ကို မကြည့်ကြတာလည်း?

ဘာ့ကြောင့်ငါ့ကို မကြိုက်ကြတာလည်း?

ဟုတ်ကဲ့ 😌

ဘာကြောင့် 🧐

ဒီမေးခွန်းတွေရှိလာတာလည်းအရင်မေးပါ…🤔

ဘယ်သူ့ကိုမေးရမှာလည်း🤨

ကိုယ့်ကိုယ်ကို မေးရမှာပါ…. 😧

အပေါ်ကမေးခွန်းတွေရဲ့ အဖြေ ကိုယ်မှာရှာတွေ့နိုင်ပါတယ် ……..😲

ကိုယ်မှာ ဘယ်ကိုရှာရမလည်း စိတ်မှာရှာကြည့်ပါ🤯

ကျတော်တို့ ခန္ဓာကိုယ်ကြီးထဲ ငှါးနေတဲ့ soul မှာ အမွှာ နှစ်ကောင်ရှိပါတယ် 😇😈

အဲ့အမွှာနှစ်ကောင်က တစ်ကောင်က အလိုလိုက်တယ်၊😈
တစ်ကောင်က လမ်းကြောင်းပေါ်တင်ပေးတယ်😇

👀 မြင်အောင်ကြည့် ကြားအောင်ပြောပါ👂

ဒါဆိုအပေါ်က မေးခွန်းတွေ အတွက် အဖြေ ထွက်ပြီလား …. မထွက်သေးပါဘူး…

လုပ်ငန်းလုပ်သူဖြစ်စေ အရာတခုခု ကိုဦးတည်နေသူဖြစ်စေ ဦးစားပေးကို နောက်ရွှေ့တတ် တာ သတိထားမိပါသလား….

မန္တလေးဘူတာ လတ်မှတ်ဝယ်ထားပြီး ကြားဘူတာတွေ ဆင်းဆင်းသွားတတ်ကြတယ်မဟုတ်လား…..

အများနည်းတူ ဒါလေးဆို ဒါလေးလိုက်ချင်ကြတယ်မဟုတ်လား….

ခွဲကောထွက်တတ်ပါသလား…. ခွဲထွက်တော့ကော နည်းမှန် လမ်းမှန်ရဲ့လား….

သူများရယ်ရတိုင်း ကိုယ်ကကော ရယ်ရမတဲ့လား….

အတွေ့အကြုံနဲ့ယှဉ်တဲ့ အဖြစ်အပျက်တိုင်းက လူတိုင်းအတွက် ဟာသမြောက်နိုင်မလား…

လူအုံတာနဲ့ လူကြိုက်တာ ကောကွဲရဲ့လား….

ဆန္ဒတွေ စောပြီး “ရတယ် နောက်မှ လုပ်မယ် “ “ဒါလေးအရင်လုပ်မယ်၊” “မသွားသေးဘူး ပုံအရင်ရိုက်မယ်” “ဒါလေးအရင်တင်မယ်”

ဆိုပြီးချော်ထွက်ကာ မိမိရည်မှန်းထားတဲ့ main project အပေါ် သစ္စာရှိရဲ့လား …..

User သို့မဟုတ် မိမိနဲ့တိုက်ရိုက်သက်ဆိုင်သူအတွက် မှန်ကန် တဲ့ တကယ်လိုအပ်တဲ့ information ပေးဖို့ကြိုးစားရဲ့လား….

ကိုယ်တွင်းစိတ်စွမ်းအား energy ကော ဘယ်လောက် ဇွဲကောင်းကောင်းနဲ့ ထုတ်ဖူးလဲ

NO ပါ (မဟုတ်လား)

ဒါဆို ဘာလုပ်ရမလည်းဆိုတာ သိပြီလား …

သင့်အမြင် ဆက်ဆွေးနွေးသွားပါ ….

#ကျော်ထက်အောင်
#အတွေးစာစုများ

စိတ်ကျေနပ်အောင် လုပ်ယူတာဟုတ်မနေပါဘူးရှုပ်ပွေလေနေတဲ့လောကထဲ အထုတ်တွေဖြေစားရင်း ကျုပ်နေ နေတာပါမတစ်ထောင်သားအတွက် ညအမှောင်နား...
25/09/2022

စိတ်

ကျေနပ်အောင် လုပ်ယူတာဟုတ်မနေပါဘူး

ရှုပ်ပွေလေနေတဲ့လောကထဲ

အထုတ်တွေဖြေစားရင်း ကျုပ်နေ နေတာပါ

မတစ်ထောင်သားအတွက် ညအမှောင်နားထိတိုင်

လရောင်ခံစားရင်း စဉ်းစားပေးတတ်သူမို့

အကျဉ်းသားတစ်ကောင်လို ကလေးကုလား မချုပ်နှောင်စေချင်ဘူး….

သတင်းစကားဆောင်၊ အတင်းနားထောင်ကောင်းအောင် …..

လုပ်ယူမထားလေတော့ ….. ကျုပ်မူနေတာမဟုတ်ပါဘူး….

နွမ်းလျတဲ့အချိန်အခါ တမ်းကာတမိလို့ …..

စမ်းကာထချင်သော်လည်း နမ်းစရာပါးတောင် မရှိ….

ဘယ်အခါ ဘာလာမယ်မှန်း မသိတော့

ဆယ်ခါ တခါတောင် မလွမ်းရဲတော့ဘူး

ဝမ်းရေးကလည်းခက်သကိုး

လွမ်းဆွေးမနေပေမယ့် အလှမ်းဝေးနေတဲ့ မင်းကိုတော့

တမ်းတရင်း ဆွေးငေးနေမိတတ်တယ် ….

KHA
#ကျော်ထက်အောင်
#အတွေးစာစုများ

24/09/2022

ရိုးရှင်းပြီး နေ့တိုင်း ကျင့်သုံးရမယ့် အလေ့အထ လေး 7 ချက်

1- မနက် အိပ်ယာနိုးလာတာနဲ့ မှန်ထဲမှာ ကိုယ့်ကိုကိုယ် ပြန်ကြည့်ပြီး မတ်မတ် ရပ်လိုက်ပါ
(ကျတော်ထက်ပေါင်းထည့်ချင်တာကတော့ တချက်ပြုံးပြလိုက်ပါ)

2- မနက်နိုးလာတဲ့ ပထမဆုံး မိမိ အချိန် နဲ့ အိပ်ခါနီး နောက်ဆုံးအချိန် တွေ မှာ ဘယ်တော့မှ ဖုန်း မသုံးမိပါစေနဲ့…

3- ဘယ်တော့မှ သူများမကောင်းကြောင်းမပြောဘဲ၊ မိမိ ကိုယ်ကိုကိုယ် မိမိ အလုပ်နဲ့ သက်သေပြပါ…..

4- နေ့စဉ် ၁၅ မိနစ်လောက် ဘာမှမလုပ်၊ ဘာမှမပြော၊ ဘယ်သူနဲ့မှ မတွေ့ဘဲ ကိုယ့်ကိုကိုယ် နဲ့သာတိတ်ဆိတ်စွာ နေကြည့်ပါ…..

5- gym မသွားဖြစ်ရင်တောင် နေ့စဉ် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလေးလုပ်ပေးပါ….

6- ကိုယ့်ရဲ့consumer တွေမတွေးခင် အမြဲဖန်တီးထားပါ…..အမြဲနားထောင်ပါ…..

(ဒီနေရာမှာ စာရေးသူ ကျတော်ပြောချင်တာ consumer ဆိုတာ စားသုံးသူတွေကိုကြီးဘဲ မဆိုလိုပါဘူး မိမိ ဘေးမှာရှိနေတဲ့သူတွေဟာလည်း မိမိရဲ့ consumer တွေ ပါဘဲ ဥပမာ မိဘ၊ ညီကိုမောင်နှမ၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း နဲ့ ချစ်သူ တွေလို့ ယူစစေချင်ပါတယ်၊ လုပ်ငန်းရှိသူ service ပေးသူကတော့ consumers ပေါ့)

7- ဘယ်အရာအပေါ်မှာမှ စိတ်မရှည်နိုင်တော့ရင်တောင် ဆက်ပြီး လုပ်နေပေးပါ…. လက်မလျှော့လိုက်ပါနဲ့……

Video credit


Address


Alerts

Be the first to know and let us send you an email when ကျွန်တော့် ကဗျာ၊ ကျွန်တော့် စာ၊ ကျွန်တော် ချစ်သော အနုပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကျွန်တော့် ကဗျာ၊ ကျွန်တော့် စာ၊ ကျွန်တော် ချစ်သော အနုပညာ:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share