WSH Myanmar Publishing

  • Home
  • WSH Myanmar Publishing

WSH Myanmar Publishing Workplace Safety and Health Journal
(3)

World Bicycle Day (June 3)ယနေ့ ဇွန်လ (၃) ရက်နေ့ဟာ World Bicycle Day ဖြစ်ပါတယ်။ World Bicycle Day အထိမ်းအမှတ်အနေဖြင့်  ဝါ...
02/06/2024

World Bicycle Day
(June 3)

ယနေ့ ဇွန်လ (၃) ရက်နေ့ဟာ World Bicycle Day ဖြစ်ပါတယ်။ World Bicycle Day အထိမ်းအမှတ်အနေဖြင့် ဝါသနာအရ ကိုယ်လက်လှုပ်ရှား အားကစားတစ်ရပ်အနေနဲ့ စက်ဘီးစီးနင်းကြသူများ၊ သွားလာရေးအတွက် စီးနင်းကြသူများ၊ ပစ္စည်းပို့ဆောင်ရေးအတွက် စီးနင်းကြသူများ အားလုံးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အချက်အလက်များကို မျှဝေလိုက်ပါတယ်။

✅ Be Safe
ဘေးကင်းစေရန် စက်ဘီးစီးတိုင်း ဦးထုပ်အမာ (စက်ဘီးစီးဦးထုပ်) ကို စနစ်တကျ ဝတ်ဆင်ထားပါ။ စက်ဘီး အရှိန်ကို ထိန်းကာ စီးနင်းပါ။

✅ Be Seen
မိမိစက်ဘီးကို မြင်သာစေရန် ရောင်ပြန်များ၊ မီးသီးများတပ်ဆင်ထားပါ။ ကားလမ်းပေါ်တွင် စီးနင်းသည့်အခါ မော်တော်ယာဥ်ကြီးများ၏ မျက်ကွယ်ထဲတွင် ရောက်မနေစေရန် သတိထားပါ။

✅ Be Heard
လမ်းသွားလမ်းလာများကို မတိုက်မိစေရန် ဘဲ/ဟွန်း တီးခြင်း၊ အသံပေးခြင်းဖြင့် သတိပေးပါ။

စက်ဘီးစီးနင်းကြသူများအားလုံး၊ စက်ဘီးဖြင့် လုပ်ကိုင်ကြသည့် ပို့ဆောင်ရေးဝန်ထမ်းများအားလုံး မိမိတို့ရဲ့ ပြုဖွယ်ကိစ္စများကို ဘေးကင်းစွာဖြင့် သွားလာ လုပ်ဆောင်နိုင်ကြပါစေကြောင်း World Bicycle Day အထိမ်းအမှတ်အနေဖြင့် WSH Myanmar အဖွဲ့သားများက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Team WSH Myanmar



မြန်မာသက္ကရာဇ် ၁၃၈၆ ခု၊ ကဆုန်လပြည့်နေ့ ဗုဒ္ဓအခါ‌တော်နေ့။ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ကဆုန...
21/05/2024

မြန်မာသက္ကရာဇ် ၁၃၈၆ ခု၊ ကဆုန်လပြည့်နေ့ ဗုဒ္ဓအခါ‌တော်နေ့။

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့မှာ ကျင်းပပူဇော်လေ့ရှိကြပါတယ်။

မြတ်ဗုဒ္ဓရဲ့ ရန်အပေါင်းကိုအောင်နိုင်ရာ၊ သစ္စာလေးပါးကိုသိမြင်ရာ၊ ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဌာနဖြစ်တဲ့ မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး၊ မိမိတို့ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားတွေမှာ စိုက်ပျိုးထားတဲ့ ညောင်ပင်များကို မညှိုးနွမ်း၊ မခြောက်သွေ့စေရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေရန် နှစ်စဉ်နှစ်တိုင်း ရေသွန်းလောင်း ပူဇော်ကြခြင်းဖြစ်ပါတယ်။

ဗောဓိညောင်ပင်ဆိုတာ ဘုရားရှင်အား ကိုယ်စားပြုသည့် ပရိဘောဂစေတီတော် ဖြစ်တဲ့အတွက် ဗောဓိပင်ကို ရေသွန်းလောင်းခြင်းဟာ ဗောဓိပင် ဆက်လက်ရှင်သန်ပြီး ထေရဝါဒဗုဒ္ဓသာသနာဆက်လက် အဓွန့်ရှည်တည်တံ့စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ဒီနှစ် ကဆုန်လပြည့်နေ့မှာ လုပ်ငန်းခွင် အသီးသီးမှ လုပ်သားများနှင့်တကွ ကမ္ဘာသူ၊ ကမ္ဘာသား အားလုံး ဘေးကင်းကျန်းမာကြပါစေလို့ WSH Myanmar မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Together we develop a Safety Culture.

Team WSH Myanmar 🇲🇲

Labour Day (အလုပ်သမားနေ့)ယနေ့ ၂၀၂၄ မေလ ၁ ရက်နေ့  (အလုပ်သမားနေ့) တွင် လုပ်ငန်းခွင် အသီးသီးမှ လုပ်သားများအားလုံး ဘေးအန္တရာ...
01/05/2024

Labour Day (အလုပ်သမားနေ့)

ယနေ့ ၂၀၂၄ မေလ ၁ ရက်နေ့ (အလုပ်သမားနေ့) တွင် လုပ်ငန်းခွင် အသီးသီးမှ လုပ်သားများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာ အလုပ်လုပ်ခွင့် ရကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

Team WSH Myanmar 🇲🇲


World Day for Safety and Health at Work (2024)ယနေ့ 28 April 2024 တွင် ကျရောက်သော ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းခွင် ဘေးအန္တရာ...
28/04/2024

World Day for Safety and Health at Work (2024)

ယနေ့ 28 April 2024 တွင် ကျရောက်သော ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး နေ့တွင် လုပ်ငန်းခွင် အသီးသီးမှ လုပ်သားများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာ အလုပ်လုပ်ခွင့်ရကြပါစေကြောင်း၊ ဘေးကင်းကျန်းမာရေးဆိုင်ရာ အလေ့အထကောင်းများကို အတူတကွ တည်ဆောက်ပြီး တိုးတက်ကောင်းမွန်သော အနာဂတ်အလုပ်ခွင်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

Together we build a Safety Culture.

Team WSH Myanmar 🇲🇲

မင်္ဂလာပါလာမယ့် တနင်္ဂနွေနေ့ (28 April 2024) ဟာ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး န...
23/04/2024

မင်္ဂလာပါ

လာမယ့် တနင်္ဂနွေနေ့ (28 April 2024) ဟာ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး နေ့ (World Day for Safety and Health at Work) ဖြစ်ပါတယ်။ World Safety Day လို့လည်း ခေါ်ဆိုကြပါတယ်။

ဒီ World Safety Day နေ့ အထိမ်းအမှတ် အနေနဲ့ မြန်မာနိုင်ငံရှိ လုပ်ငန်းခွင်များမှာ Safety ကဏ္ဍကို တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်ကြသူများ၊ သင်တန်းကျောင်းများနဲ့ အသင်းအဖွဲ့များရဲ့ ပူးပေါင်းပါဝင်မှုဖြင့် Safety စကားဝိုင်း တစ်ရပ်ကို ပြည်သူ့ရင်ပြင်ထဲက Yangon Hawker ထဲမှာ စီစဥ်ထားပါတယ်။

ဒီ Safety စကားဝိုင်းကို ဆရာ ဦးဥက္ကာသိန်း၊ ဆရာ ဦးထွန်းလွင်ဦး၊ ဆရာ ဦးမိုးကြည်ဖြူ တို့က ဆွေးနွေးကြမှာဖြစ်ပြီး Q&A အစီအစဉ်များလည်း ပါဝင်ပါတယ်။ ဒါ့အပြင် Safety ဆိုင်ရာ အသိပညာပြန့်ပွားရေးအတွက် ဆက်လက်ပူးပေါင်း လုပ်ဆောင်ကြရမယ့် ရှေ့လုပ်ငန်းစဉ်များကို အားလုံးနဲ့ အတူတူ တိုင်ပင်ဆွေးနွေးကြပါမယ်။

မြန်မာပြည်ရဲ့ Safety ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး လာရောက် ပါဝင် ဆွေးနွေးပြီး အကြံပြုပေးကြဖို့ လေးစားစွာ ဖိတ်ကြားလိုက်ပါတယ်။


မြန်မာသက္ကရာဇ် ၁၃၈၆၊ နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံရှိ လုပ်ငန်းအသီးသီးမှ အလုပ်သမားများနှင့်တကွ နိုင်ငံသူ နိုင်ငံသားအ...
16/04/2024

မြန်မာသက္ကရာဇ် ၁၃၈၆၊ နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံရှိ လုပ်ငန်းအသီးသီးမှ အလုပ်သမားများနှင့်တကွ နိုင်ငံသူ နိုင်ငံသားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် မိမိတို့၏ အလုပ်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ လုပ်ကိုင်နိုင်ကြပါစေကြောင်း WSH Myanmar မိသားစုမှ နှစ်သစ် ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

Team WSH Myanmar

မြန်မာ့နှစ်ကူး အတာသင်္ကြန်ကာလအတွင်း ဧပြီလ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ WSH Myanmar ၏ ရုံးလုပ်ငန်းကိစ္စရပ်များကို ခေတ္တရပ်နား...
12/04/2024

မြန်မာ့နှစ်ကူး အတာသင်္ကြန်ကာလအတွင်း ဧပြီလ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ WSH Myanmar ၏ ရုံးလုပ်ငန်းကိစ္စရပ်များကို ခေတ္တရပ်နားထားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

နှစ်သစ်ကူးအခါသမယမှာ အားလုံး ဘေးကင်းကျန်းမာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပါစေ။

Team WSHM

WSH Myanmar ဂျာနယ်၊ ဧပြီလ ၂၀၂၄
07/04/2024

WSH Myanmar ဂျာနယ်၊ ဧပြီလ ၂၀၂၄

WSH Myanmar ဂျာနယ်။ ဧပြီလ -၂၀၂၄
04/04/2024

WSH Myanmar ဂျာနယ်။
ဧပြီလ -၂၀၂၄

မင်္ဂလာပါမကြာခင် ထွက်လာမဲ့ WSH Myanmar ဂျာနယ်ပါ။ စာမျက်နှာပေါင်း ၁၄၄ မျက်နှာပါရှိပြီး၊ ခြောက်လ တကြိမ် ထွက်နိုင်ဖို့ ရည်မ...
03/04/2024

မင်္ဂလာပါ
မကြာခင် ထွက်လာမဲ့ WSH Myanmar ဂျာနယ်ပါ။ စာမျက်နှာပေါင်း ၁၄၄ မျက်နှာပါရှိပြီး၊ ခြောက်လ တကြိမ် ထွက်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ဂျာနယ်မှာပါတဲ့ ဆောင်းပါးတွေကို သက်ဆိုင်ရာနယ်ပယ်အလိုက် အကျိုးရှိရှိ ဖတ်ရှုလေ့လာနိုင်အောင် စီစဉ်ထားပါတယ်။

WSH Myanmar ဂျာနယ်ကို အောက်မှာ ဖော်ပြထားတဲ့ link ကတဆင့် ကြိုတင်မှာယူလို့ ရပါပြီ။

https://forms.gle/YP6z7URyMaJPSj4X6
တန်ဖိုး - ၁၅၀၀၀ ကျပ်

အားပေးမှုများအတွက် ကျေးဇူးပါ။

- - -

Address


Alerts

Be the first to know and let us send you an email when WSH Myanmar Publishing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to WSH Myanmar Publishing:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share