Liam’s Channel

  • Home
  • Liam’s Channel

Liam’s Channel စားမယ်၊သွားမယ်၊တွေးမယ်��

30/05/2024

ထိုင်းမှာ ဖုန်းငွေဖြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက်ပါ

တော်တော်များများတော့ သိပြီးသား ဖြစ်မှာပါ
မသိသေးတဲ့ သူတွေအတွက် အကူညီဖြစ်အောင်လို့ပါ😊
7-11 ရှိတဲ့ နေရာတိုင်းရဲ့ အရှေ့မှာ
အဲ့စက်ကလေးတွေရှိပါတယ်ဗျာ

အားလုံးဘဲ အရာရာမှာ အဆင်ပြေကြပါစေဗျာ😊

22/05/2024

တခုလောက်တော့ ပြောဦးမယ်ဗျာ
Onlineပေါ် / Gp တွေထဲမှာ ပြော​နေကြသလို
လေဆိပ်မှာရစ်တာတွေကို အရမ်းမကြောက်စေချင်ဘူး
မကုန်သင့်တာတွေ မကုန်အောင်လို့ပြောပြတာပါ
အဓိကက အလုပ်လာရှာချင်ရင်
အလုပ်ရှာဖို့လိုအပ်မယ့်အရာတွေနဲ့
အလုပ်ရှာနေတဲ့အချိန်အတွင်း လိုအပ်မယ့်
နေထိုင်စရိတ်တွေကိုသာ စဉ်းစားခဲ့ကြပါ…

29/10/2022

🚗………Bagan

Music: ?
Musician: Jeff Kaale

10/10/2022

Random Vlog // Ep-001💌

မန္တလေးက Mookata         နာမည်ကြီးနေတဲ့ Mookataတစ်ယောက်စာ ၅၀၀၀        အဝစားတစ်ယောက်၉၉၀၀တော်တော်လေးကို စားရတာအဆင်မပြေခဲ့တ...
16/09/2022

မန္တလေးက Mookata နာမည်ကြီးနေတဲ့ Mookata
တစ်ယောက်စာ ၅၀၀၀ အဝစားတစ်ယောက်၉၉၀၀

တော်တော်လေးကို စားရတာအဆင်မပြေခဲ့တာပါ
အသားပြားတွေဆိုတာလဲ အထူကြီးတွေ
အသားက လုံးဝအရသာမနပ်ထားတာလား
သေချာအရသာမရလို့လားတော့မသိဘူး
အရသာလဲ မရှိဘူး၊အိလဲမအိလွယ်ဘူး😪😪

Pageကနေ ပုံတွေတက်လာတိုင်း
တခြား Vloggerတွေရဲ့ ပုံတွေ၊Vlogတွေမြင်တိုင်း
ရောက်ရင်တော့ စားဦးမှဆိုတဲ့စိတ်လေးကိုတောင်
ပျောက်သွားမိတယ်😣

မန်းလေးကMookataလေးက ဘူဖေးမဟုတ်ပေမယ့်
ပုံမှန် /ကျွန်တော်လိုလူတောင်
တစ်ယောက်စာ(set)-၅၀၀၀တန်နဲ့
အသားလိုက်ပွဲ -၅၀၀၀မှာလိုက်ရင်
တော်တော်ဗိုက်တင်းနေပြီး၊အရသာကလဲ
အချဉ်ရည်နဲ့တင် တန်နေပြီ😇

တခြားသူတွေတော့ ဘယ်လိုစားပြီး
ဘယ်လိုတန်လဲမသိပေမယ့်
အဲ့စျေးဝန်းကျင်နဲ့ဆို တခြားဘူဖေးထဲကဘဲ
ရွေးတော့မှာ နောက်ခေါက်ကတော့တော်ပြီဘဲ
✌🏻✌🏻✌🏻

(***ဆိုင်နာမည်တော့ မထည့်ပေးတော့ပါဘူး
အစားသရဲတွေဆိုရင် သိမယ်ထင်ပါတယ်😅
ဝန်းထမ်းတွေရဲ့ service တွေ
ဆိုင်အပြင်တွေကတော့ အဆင်ပြေခဲ့ပေမယ့်
ထပ်စားဖို့တော့ မစဉ်းစားတော့ဘူး)

ကျောက်သမားမဟုတ်ပေမယ့် အငတ်သမားလေးမို့လို့ပါ😂😂ကျောက်ဝိုင်းမှာ အလုပ်လုပ်နေတဲ့ ညိုကီတွေကတော့ တချို့သိကြမယ်ထင်ပါတယ်ကျောက်ဝို...
08/09/2022

ကျောက်သမားမဟုတ်ပေမယ့်
အငတ်သမားလေးမို့လို့ပါ😂😂

ကျောက်ဝိုင်းမှာ အလုပ်လုပ်နေတဲ့
ညိုကီတွေကတော့ တချို့သိကြမယ်ထင်ပါတယ်
ကျောက်ဝိုင်းအရှေ့ဘက်မှာ ဖွင့်ထားတဲ့
ပွင့်သစ် ရှမ်းခေါက်ဆွဲဆိုင်ကို
သူ့ဆိုင်က ခေါက်ဆွဲတွေက
အပေါ့ဘက်ကိုသွားပေမယ့် အရသာရှိတယ်😁😋
ရိုးရိုးရှင်းရှင်းလေးနဲ့ စားရတာကောင်းတယ်
မနက်ပိုင်းလမ်းကြုံရင် အမြဲစားလေ့ရှိတဲ့ဆိုင်လေး

ကျွန်တော်ကတော့ အမြဲတမ်း
နံရိုးဆန်စီးအသုပ်ဘဲ စားလေ့ရှိတယ်
မြှီးရှည်ဖက်နဲ့ သုပ်တာကလဲ စားလို့ကောင်းတယ်
အကြိုက်ဆုံးကတော့ နံရိုးဆန်စီးအသုပ်ဘဲ✌🏻😋
ကြက်သားနဲ့လဲရတယ် သူတို့ဆိုင်က
နံရိုးခေါက်ဆွဲ တစ်ပွဲကို ၂၅၀၀
ပုံမှန်စားနိုင်သူကတော့ သူ့တစ်ပွဲကို
အေးဆေးလေးဗိုက်ပြည့်မှာပါ

ဆိုင်နာမည်က “ပွင့်သစ်”
ဆိုင်လိပ်စာက ၃၈-၃၈လမ်းကြား၊
မန်းလေးကျောက်ဝိုင်းအရှေ့ဘက်မှာရှိတယ်

မန္တလေးမြို့ရဲ့ မြို့လည်ခေါင်မှာရှိတဲ့ဆိုင်မဟုတ်ပေမယ့် လူငယ်တွေ ကြိုက်လောက်မယ့်ဆိုင်လေး….🥓🍜ဆိုင်အပြင်အဆင်လေးက ရိုးရိုးလေ...
03/09/2022

မန္တလေးမြို့ရဲ့ မြို့လည်ခေါင်မှာရှိတဲ့
ဆိုင်မဟုတ်ပေမယ့် လူငယ်တွေ
ကြိုက်လောက်မယ့်ဆိုင်လေး….🥓🍜
ဆိုင်အပြင်အဆင်လေးက ရိုးရိုးလေးနဲ့
စားရတာလဲ အတော်လေးအဆင်ပြေတယ်

1. Smoked Pork Ribs
Onlineကနေ ကြေငြာထားတာတွေ့ကတည်းက
အရမ်းစားချင်နေတာက Smoked Pork Ribs
တကယ်စားကြည့်တဲ့အချိန်မှာလဲ
တွေးထားတဲ့အတိုင်း ကျေနပ်ခဲ့တယ်😁😁
အသားလေးကနူးအိပြီး
အရိုးပါကိုက်ချင်လောက် ကြိုက်တာ😅
ပုံထဲကအကင်စက်နဲ့ အချိန်ယူ
မီးခိုးရိုက်ပြီးကင်တာဖြစ်လို့
အနံလေးကစမွှေးနေတာ

သူက အလေးချိန်(g)နဲ့ရောင်းတာ
(100g)-3500နဲ့ယူတာ
(**ကျွန်တော်တို့သွားစားတော့ (200g)မှာတာ
၅ချောင်းရလိုက်တယ် ကျွန်တော်တို့
သွားတာလဲ ၅ယောက်ဆိုတော့
လုနေရမှာစိုးပြီး ၅ချောင်းရအောင်
ချိန်ပေးလိုက်တာထင်တယ်😂)

2. အမဲသားလွှာ မာလာခေါက်ဆွဲ
အမဲသားလွှာလေးတွေက နူးအိနေတာဘဲစားရတာ
ခေါက်ဆွဲသားကလဲ ဆိုင်မှာဘဲလုပ်တာထင်တယ်
စားလို့ကောင်းတယ်(**စက်လေးတွေ့လိုက်လို့ပါ)
မာလာအရသာအရည်လေးကတော့
နည်းနည်းလေးပေါ့တဲ့ဘက်ရောက်တယ်

3. ဝက်သားလွှာ မာလာခေါက်ဆွဲ
သူ့ကလဲ အရသာက အမဲသားလွှာနဲ့တူတူပါဘဲ
ဝက်သားလွှာလေးဖြစ်သွားတာ

4. အမဲသားခေါက်ဆွဲ
အမဲသားခေါက်ဆွဲလေးက စားရတာမွှေးမွှေးလေး
ခံတွင်းလဲလိုက်တယ်၊ချဉ်ငံစပ်လေးစားရတာမျိုး၊
အမဲသားလွှာ/ပုဆိုးကြမ်းအဖက်လေးတွေနဲ့
ရှမ်းခေါက်ဆွဲတွဲစားရတာ

ကျွန်တော်တို့ ခုသွားစားလာတဲ့ထဲ
ခေါက်ဆွဲနဲ့ပတ်သတ်တာတွေက
အရည်တွေနဲ့ဘဲဆိုတော့ အသုပ်နဲ့ပတ်သတ်တာတွေ
မမြည်းကြည့်ခဲ့ရသေးဘူး
မာလာအရည်နဲ့ ရိုးရိုးရည်လေးတွေက
လေးလေးပင်ပင်မရှိဘဲ အပေါ့ဘက်ရောက်ပေမယ့်
အသားပြုတ်ရည်ကိုအဓိကထားပြီး
သုံးထားပုံရတယ် ကျွန်တော်စားရသလောက်
ဒါပေမယ့်လဲ အရသာလေးတွေတော့ကြိုက်တယ်😁

ဆိုင်နာမည် - Dee’s Food & Drink
ဆိုင်လိပ်စာ - မြို့ထဲကနေလာရင် ၇၈လမ်း၊
ကျွဲဆည်ကန်မန်းမြို့တော်ဆိုင်နဲ့မျက်နှာချင်းဆိုင်
လမ်းတဖက်မှာ ပွဲရုံတန်းဖြစ်လို့
သတိထားပြီးကြည့်လိုက်ပါ၊

(**မန်းလေးမှာ အရင်တုန်းက
ကျွန်တော်ကြိုက်တဲ့ စားနေကြရွှေဘဆိုတဲ့
မာလာခေါက်ဆွဲဆိုင်တစ်ဆိုင်ရှိတယ်
သူ့အရသာကိုတော့ တော်တော်လေးကြိုက်ခဲ့တာ
မာလာအရသာကို လေးလေးပင်ပင်နဲ့
စားရတာအတော်လေး အဆင်ပြေတယ်
ခုတော့ ပိတ်သွားပြီထင်တယ်)

-အချစ်ဦးလဲဟုတ်တယ် -အချစ်ဆုံးလဲဟုတ်တယ် ဖက်ထုပ်ပေါင်းထဲမှာဆိုရင်😅💌
16/08/2022

-အချစ်ဦးလဲဟုတ်တယ်
-အချစ်ဆုံးလဲဟုတ်တယ်

ဖက်ထုပ်ပေါင်းထဲမှာဆိုရင်😅💌

ကျွန်တော်က ဒီလိုနေရာတွေရောက်ရင်များသောအားဖြင့် ပြောကြသလိုအေးအေးဆေးဆေး စာဖတ်ချင်တယ်ဆိုတဲ့အကျင့်တော့ မရှိဘူး…Coffee ဆိုင်အ...
17/07/2022

ကျွန်တော်က ဒီလိုနေရာတွေရောက်ရင်
များသောအားဖြင့် ပြောကြသလို
အေးအေးဆေးဆေး စာဖတ်ချင်တယ်ဆိုတဲ့
အကျင့်တော့ မရှိဘူး…

Coffee ဆိုင်အတော်များများမှာရနိုင်တဲ့
Ice Matcha-Latte လေးတစ်ခွက်မှာမယ်
စားစရာလေးတခုမှာမယ် ပြီးရင်…
ကိုယ်ကြိုက်မယ့်/အေးဆေးမယ့်
ထောင့်လေးတစ်နေရာမှာ အေးဆေးထိုင်ပြီး
social media တွေ အတက်နိုင်ဆုံးမသုံးဘဲနေမယ်၊

ထိုင်နေရင်းနဲ့မှ ကိုယ်မျက်စိရှေ့
မြင်နေတာလေးတွေထဲက အရာတချို့ကို
အရမ်းဓာတ်ပုံရိုက်ချင်တဲ့အခါမှ
ဖုန်းလေးနဲ့ထုတ်ရိုက်၊ ပြီးရင်
အေးအေးဆေးဆေးလေးပြန်နေလိုက်နဲ့
၁နာရီ/၂နာရီလောက် ထိုင်နေချင်တာ

ဒီဆိုင်လေးထဲက နေရာအတော်များများက
ဓာတ်ပုံရိုက်လို့အဆင်ပြေတဲ့နေရာလေးတွေ
အများကြီးရှိတယ်

မုန့်အနေနဲ့ကတော့ ကျွန်တော်မှာတဲ့ထဲက
Brownie & Ice cream မှာ
Brownieလေးက နည်းနည်းလေးမာနေတယ်လို့
ခံစားရတယ်(*ကျွန်တော့်အထင်ဖြစ်ရင်လဲဖြစ်မှာပါ)

ဒီဆိုင်လေးလာကြတဲ့သူတွေကလဲ
မုန့်စားဖို့ထက် coffee လေးမှာ
အေးအေးဆေးဆေးဓာတ်ပုံလေးရိုက်လာကြတဲ့
သူတွေဘဲပိုများမယ်ထင်ပါတယ်😅✌🏻

📍လိပ်စာလေးက
၃၃၇(က) စိုက်ပျိုးရေးလမ်း၊
ပြင်ဦးလွင်(မြို့ပတ်လမ်းကနေလာရင်
စန္ဒာမေ ဖက်ထုပ်ဆိုင်နဲ့ ဆက်သွယ်ရေးရုံးကြားကလမ်း)
09766974998

တချို့နေရာမရှာတက်ရင် ကြည့်လိုရအောင်ပါ😇
M2.0 Cafe
https://goo.gl/maps/H7pF4VTzX5dZ1uTE9


Address


Alerts

Be the first to know and let us send you an email when Liam’s Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Liam’s Channel:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share