02/02/2024
''Oiler Duty ယူရင်ဘာလုပ်ရမလဲ''
သင်္ဘောပေါ်မှာ Oiler တစ်ယောက် Duty ၀င်တော့မယ်ဆိုရင် -
၁။ ၁၅ မိနစ်စောပြီး ဆင်းပါ ပထမဦးဆုံးအနေနဲ. Funnel က smoke color,any spark,Steam Leakage တွေကိုစစ်ပါ..(Smoke color က အမဲဆိုရင် Incomplete combustion,အဖြူဆိုရင် ဆီထဲရေပါနေပြီ, အပြာဆိုရင် Lub-oil)...steam Leakage က Boiler Safety Valve ယိုတာကြောင့်ပါ။
၂။ Overboard ကိုစစ်ပါ Cooler တွေကနေတစ်ဆင်. ဆီတွေယိုပြီး ပင်လယ်ထဲကျနေလားကြည့်ပါ။ Central cooling system ဆိုရင် Expansion Tank မှာ ဆီပါ/မပါစစ်ပါ။
၃။ Expansion Tank ရဲ့ Water Level ကိုစစ်ပါ။
ရေလျော့နေရင် ဖြည့်ပေးပါ အများအားဖြင့် Auto
ြဖည့်ပါတယ်။ ( ရေအရမ်းလျော့နေရင် တစ်နေရာရာမှာ ယိုစိမ့်မှုဖြစ်နေပါပြီ။)
၄။ Aux Boiler ရဲ့ Top Mountain တွေကို စစ်ပါ။ Burner ရဲ့မီီးစွယ်ကိုစစ်ပါ။ (Bright moderate orange color ဖြစ်ရပါမယ်။)
Boiler Gauge glass က ရေ Level ကိုစစ်ပါ။Automization Air or Steam ကိုစစ်ပါ။ (5bar လောက်ချိန်ထားပါတယ်။)
အဲဒီနောက် Observation Tank ကိုစစ်ပါ။
ဆီတွေ ပါသလား (Heating coil တွေပေါက်ပြီး Return Line ကနေပြန်ပါလာနိုင်ပါတယ်။)
Cascade Tank Level ( Hot well tank or Feed water Tank )ကိုစစ်ပါ ရေလျော့နေရင်ဖြည့်ပေးပါ ပုံမှန်အတိုင်းက Controller နှင့် Auto ဖြည့်ပေးပါတယ်။ မကောင်းရင် Manual ဖြည့်ပေးရပါတယ်။Feed water Pump ရဲ့ Suction pressure,Discharge Pressure တွေစစ်ပါ။ Boiler Water Circulation Pump ရဲ့ Suction pressure,Discharge Pressure တွေစစ်ပါ။
Boiler`s FO Pump Pressure ကိုစစ်ပါ။(Boiler Fo Temperature ကို Heater နားက Controller မှာစစ်ပါ အနီရောင်မြှားတံလေးက Set point ဖြစ်ပြီး အမည်းရောင်မြှားတံလေးက လက်ရှိရောက်နေတဲ. Temp ကိုပြနေပါတယ် များသောအားဖြင်. Boiler Fo Temperature ကို 110`c လောက်မှာ ချိန်ထားတတ်ပါတယ် Control Room မှာလဲ ကြည့်လို့ရပါတယ်။)
၅။ Steering Gear Room မှာ Header Tank Oil level,ampere,Leakage,Motor Over Heat,Vibration & abnormal Sound တွေ စစ်ပါ။ (ဆီယိုနေရင် မသုတ်ပါနဲ့ Engineer inform လုပ်ပါ။ သန့်ရှင်းရေးလုပ်နေတုန်း Bridge က သင်္ဘောကွေ့လိုက်လို့ ခေါင်းညှပ်ပြီးသေဆုံးတတ်ပါတယ်) ။
Automatic grease pump grease level ကိုစစ်ပါ။ (Emergency Fire Pump Bilge well Level ကိုတစ်ခါတည်းစစ်ပါ သင်္ဘောအများစုက Steering Gear Room ထဲမှာပဲ Emergency Fire Pump ကိုထားတတ်ပါတယ်။)
၆။ Exhaust Gas Economizer ကိုစစ်ပါ။
Manometer ရဲ့ U-tube ရဲ့ ရေ level ညီ/မညီစစ်ပါ(မညီရင် Tube တွေပေါက်နေပါပြီ။)
၇။ Generator ကိုစစ်ပါ။ G/E ရဲ့ RPM,TC RPM နဲ. Temperature တွေကိုစစ်ပါ။
TC က Own sump ဆိုရင် Oil Level စစ်ပါ။
All unit Exhaust Gas Temperature တွေစစ်ပါ။Jacket cooling water inlet/outlet pressure & Temperature တွေစစ်ပါ။
Scavenge Air Temp &Press တွေစစ်ပါ။
Lub Oil Sump Level,Lub Oil Inlet pressure and temperature တွေစစ်ပါ။
Alternator Bearing temperature & Oil Level စစ်ပါ။
Air cooler,Jacket water cooler,lub oil cooler တွေရဲ့ Temperature တွေ Pressure တွေစစ်ပါ။
G/E Circulation Pump/supply Pump ရဲ့ Suction & Discharge Pressure တွေစစ်ပါ။
G/E Fo Temperature စစ်ပါ။(G/E ရဲ. KW,Voltage,Frequency,Amp တွေကို Control Room ထဲမှာကြည့်ပါ)။
Stand By Generator ရဲ. Pre Lub-oil Pump မောင်းထားလား မမောင်းထားဘူးလားလဲ စစ်ဖို့မမေ့နဲ့နော်။
၈။ FO Settling Tank , Daily Service Tank Temperatureတွေစစ်ပါ။
Fo settling Tank,Daily service Tank,တွေ Drain လုပ်ပါ။ (Drain လုပ်ရင် Self Closing Valve ကို ဖိပြီးရေတွေကုန်လို့ပြန်လွတ်ရင် ဖြည်းဖြည်းချင်းလွတ်ပါ အမြန်လွတ်ရင် Spring အားနဲ.အပေါ်ကကြပ်ထားတဲ့Nut ပြုတ်ထွက်ပြီး ဆီတွေ ပေါက်ကျတတ်ပါတယ်)။
FO settling Level လျော့နေရင် Transfer လုပ်ပါ။
၉။ Main Air Compressor ကိုစစ်ပါ။
Main Air Compressor က Auto or Manual Mode လားစစ်ပါ။
Sump Oil Level စစ်ပါ။ Lub Oil Pressure စစ်ပါ။Motor Amp,over Heat,Vibration တွေစစ်ပါ။Unloader Valve ကို စမောင်းတဲ.အချိန်မှာ ပွင့်မပွင်းစစ်ပါ။
1st stage pressure/2nd stage pressure စစ်ပါ။( 1st stage က 5 bar/ 2nd stage က 25-30bar လောက်ရှိပါတယ်။)
Inter cooler/after cooler temp/pressure တွေစစ်ပါ။Outlet Air Temperature ကိုစစ်ပါမြင့်နေတယ်ဆို Cooling system Abnormal ဖြစ်နေပါပြီ။
Air Compressor Running Period ကပုံမှန်အတိုင်းလား ကြာနေလားစစ်ပါ။
ကြာနေတယ်ဆို လေတွေ တစ်နေရာရာက ယိုစိမ့်နေပါပြီ (Air on Deck ပေးထားလားလဲစစ်ပါအုံး တစ်ခါခါ Deck က လေတွေတစ်အားသုံးနေတာလဲဖြစ်နိုင်ပါတယ်။)
တစ်ဆက်တည်း Main Air Bottle , Service Air Bottle , Control Air Bottle တွေ Drain လုပ်ပါ။ Control Air bottle & Service Air Bottle မပါတဲ့သင်္ဘောဆိုရင် Main Air Bottle ကနေ Pressure Reducing Valve ခံပြီး Pressure Reduce လုပ်ပြီး သုံးတတ်ပါသေးတယ်)
Emergency Air Bottle ကို Drain လုပ်ပါ။
Air Dryer မှာ Temp/pressure တွေစစ်ပါ Leakage ရှိမရှိစစ်ပါ။
၁၀။Main Engine မှာ ME/Rpm , TC RPM, Exhaust Gas Temp ( All unit)/Scavenge Air Temp/pressတွေစစ်ပါ။
Jacket cooling Water temp/press တွေစစ်ပါ။ Piston cooling oil temp/pressure တွေစစ်ပါ။
FO Viscosity (12-15 cst) စစ်ပါ။
FO supply & circulation pump pressure တွေစစ်ပါ။
LO sump level,Lo pressure/Temperature တွေစစ်ပါ။
Intermediate bearing Oil flow & Temp/pressure တွေစစ်ပါ။
Oil Miss Detector,Scavenge drains,Crankcase door ကိုစစ်ပါ။
Any Abnormal sound & Leakage from main engineတွေစစ်ပါ။
၁၁။Hydrophone Tank water level and pressure တွေစစ်ပါ။
Pump မောင်းလိုက် ရပ်လိုက်မကြာခဏဖြစ်နေလားစစ်ပါ (ရေ Level က 3/4 လောက်ဖြစ်နေရမှာပါ Adjust လုပ်ပေးပါ။) နောက်တစ်ခုက Cabin မှာ သုံးတဲ့သူက Valve ပိတ်ဖို့မေ့နေရင်လဲ Pump မောင်းလိုက်ရပ်လိုက် ဖြစ်တတ်ပါတယ်။
၁၂။All Running Pump တွေရဲ.Suction/Discharge တွေစစ်ပါ။
Motor တွေ Temp, Over heat,Vibration,abnormal sound & leak from Mechanical seal/gland packing)စစ်ပါ။
Cooling Seawater Pump ရဲ့ Gland Nut ကိုတော့ ရေနည်းနည်းပဲယိုနေအောင် Adjust လုပ်ပါ။ (လုံး၀မယိုလို့မရပါ Cooling အတွက်ပေးယိုထားရခြင်းဖြစ်ပါတယ်)
၁၃။ LO purifier, FO purifier တွေစစ်ပါ။
Operation Water Level/separation temp တွေစစ်ပါ။ (FO 95-98/ LO 80-90)
Purifier မောင်းထားတုန်းမှာ Fo settling Tk နဲ့ Service tank condition ကိုစစ်ပါ။
LO Purifier မောင်းထားရင် ME Sump Tank Level ကိုစစ်ပေးပါ။
Purifier Feed rate ( Through put ) & Back pressure ကိုစစ်ပေးပါ။
Desludge က auto လား Manual လားကြည်.ပါ အများအားဖြင့် တစ်နာရီ တစ်ခါ sludge ချပေးရပါတယ်။
Sludge Tank Level ကို တစ်နာရီတစ်ခါတိုင်းပါ..Level အရမ်းမြင်.တက်လာရင် Duty Engineer ကိုအကြာင်းကြားပါ။
၁၄။ Fresh water Generator ကိုစစ်ပါ။
Shell Temperature,Shell Vacuum,salinity meter,flow meter တွေစစ်ပါ။
Fresh water pump (distillate water pump pressure)/ Ejector Pump pressure တွေစစ်ပါ။(Fresher water Generator ရဲ. Jacket water inlet/out temperature Different က 10-15 လောက်ရှိရပါမယ်။)
၁၆။ Marpol Equipment တွေဖြစ်တဲ့ Oily water separator, Sewage Treatment plants, Incinerator တွေစစ်ပါ။
၁၇။Plate type / tube type တွေရဲ့ Inlet/outlet temp & pressure တွေစစ်ပါ။
၁၈။ Intermediateshaft Bearings, Stern Tube, Thrust Bearing တွေစစ်ပါ။ Any Linkage from Tank top, Engine Room Bilge Well Level တွေစစ်ပါ။
(Blower Room,Air Conditioner Room,Provision plant ( Cool Rooms) တွေကတော. Engine Room ပြင်ပမှာရှိပြီ (Uppdeck) သီးသန့်သွားစစ်ရပါတယ်။ အဲဒီမှာ ရှိတဲ့ Temp,pressure တွေ စစ်ပါ။
Any leakage,Abnormal Sound တွေစစ်ပါ။
Belt ကြိူး တွေလျော့နေလား compressor မှာဆိုရင် sump oil level တွေစစ်ပါ။
Cool Room Temperature တွေ စစ်ပါ။ပုံမှန်မဟုတ်ရင် Duty Engineer ကို အကြောင်းကြားပါ။
၁၉။ အားလုံးစစ်ပြီးလို. Control Room ထဲ ရောက်ရင် Lamp Test,Alarm History,M/E RPM &Parameter,A/E Load တွေ စစ်ပါ Earth Lamp ကိုလဲ နှိပ်ပြီးစစ်ပါ Insulation တန်ဖိုးဘယ်လောက်ရှိလဲ စစ်ပါ။ တစ်နာရီတစ်ခါ Engine Room ကို Round Check လုပ်ပါ။ Duty ထွက်ခါနီး Log ကောက်ပါ ပြီးရင် Engineer ကိုပေးပါ သူဖြည့်ပါလိမ့်မယ်...မိမိကို ဖြည့်ခွင့်ပေးထားရင်လဲ ကိုယ်တိုင်ဖြည်.ပါ။
Tank တွေ Sounding တိုင်းတဲ့အခါ Duty Oiler တွေ အနေနဲ့ ကိုယ့်ကို တာ၀န်ပေးထားတဲ့ သီးသန့် Tank တွေ ကို sounding တိုင်းပေးရပါတယ်။ ( ဥပမာ- ၄-၈ ဆို FO tank DO tank တွေ မနက်တိုင်း sounding တိုင်းရတာမျိုးပေါ့။)
တာ၀န်ပေးထားတဲ့ Floor တွေကိုလဲ သန့်ရှင်းရေးလုပ်ရအုံးမှာနော်။
ကျွန်တော်မှတ်သားမိတာရှိတာတယ် အတိုကောက်ကလေးပေါ့ စက်တွေနဲ.ပတ်သတ်ရင် ပုံမှန်အားဖြင်။ TPLLD
(T-Temperature ,
P-Pressure ,
L-Level ,
L-Leakage ,
D-Drain ) တွေလုပ်ရမယ်။
Motor တွေမှာဆိုရင်တော့ Over heat နဲ့ Vibration တော့ပိုတာပေါ့။
မူးရင်း ရေးသားသူအား crd ပေးပါတယ်ဗျ။