Agriculture Knowledge.wzt

  • Home
  • Agriculture Knowledge.wzt

Agriculture Knowledge.wzt 🌿🌷🌿"စိုက်ပျိုးပညာ၊ပြည်ရွာဖွံ့ဖြိုး"🌿🌷🌿

🙏🙏🙏​ဘေးအန္တာရာယ်ကင်းကြပါ​စေ။🙏🙏🙏 :::;Photo.
29/03/2025

🙏🙏🙏​ဘေးအန္တာရာယ်ကင်းကြပါ​စေ။🙏🙏🙏

:::;Photo.

🛑🛑မုန်တိုင်း"ဆိုးလစ်ခ်"အရှိန်ကြောင့် မနက်ဖြန်မှစ၍ စက်တင်ဘာ ၂၅ ရက်အတွင်းတိုင်းနှင့်ပြည်နယ် (၁၃)ခု၌ မိုးသည်းထန်စွာရွာမည်။🛑...
19/09/2024

🛑🛑မုန်တိုင်း"ဆိုးလစ်ခ်"အရှိန်ကြောင့် မနက်ဖြန်မှစ၍ စက်တင်ဘာ ၂၅ ရက်အတွင်းတိုင်းနှင့်ပြည်နယ် (၁၃)ခု၌ မိုးသည်းထန်စွာရွာမည်။🛑🛑🌧🌧🌧🌦🌦⛈⛈⛈

အပူပိုင်းမုန်တိုင်း"ဆိုးလစ်ခ်"အရှိန်ကြောင့် မနက်ဖြန် စက်တင်ဘာ ၂၀ ရက်မှစ၍ စက်တင်ဘာ ၂၅ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၃)ခု၌ မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ စက်တင်ဘာ ၁၉ ရက်မွန်းလွဲ ၂ နာရီက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ မုန်တိုင်းသည် တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေခြင်းဖြစ်ကာ ၎င်း၏အကြွင်းအကျန်တိမ်တိုက်များနှင့်လေပွေလှိုငိးများသည် မနက်ဖြန် စက်တင်ဘာ ၂၀ ရက်၌ မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသ များသို့ စတင်ဖြတ်ကျော်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးဇလက အသိပေးခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားကြရန်လည်း မိုးဇလက အသိပေးခဲ့သည်။

News Journal🌧🌧🌧🌦🌦🌦⛈⛈⛈
.....

13/09/2024

ဆရာကြီးဦးထွန်းလွင်​ပြောခဲ့​​သောစကားအရမ်းမှန်ပါတယ်။
🌦🌦🌦🌦🌦🌧⛈⛈⛈🌧🌧🌧🌦🌦🌦🌦🌦
🙏🙏🙏​ရေ​ဘေးအန္တရယ်ကင်း​ဝေးကြပါ​စေ။🙏🙏🙏
:;Video.

🌊🌊🌊🌊🌊မြစ်​ရေအ​ခြေအ​နေများ🌊🌊🌊🌊🌊-------------------------------------------------------------------------------🌅မင်္ဂလာနံန...
22/08/2024

🌊🌊🌊🌊🌊မြစ်​ရေအ​ခြေအ​နေများ🌊🌊🌊🌊🌊
-------------------------------------------------------------------------------
🌅မင်္ဂလာနံနက်ခင်းပါ🌅
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၂-၈-၂၀၂၄) ရက်နေ့၊ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကိုသိရှိနိုင်ပါရန် ဖော်ပြလိုက်ပါတယ်။

..မိုး​လေဝသနှင့်ဇလ​ဗေဒ//

  🦠🦠🐒🐒မျောက်​ကျောက်​ရောဂါ🐒🐒🦠🦠လက်ရှိမှာ မျောက်ကျောက်ရောဂါကူးစက်မှုအတွက် ကုသမှု မရှိသေးပါဘူး။ မျောက်ကျောက်ရောဂါကူးစက်ခံရသူ...
22/08/2024

🦠🦠🐒🐒မျောက်​ကျောက်​ရောဂါ🐒🐒🦠🦠
လက်ရှိမှာ မျောက်ကျောက်ရောဂါကူးစက်မှုအတွက် ကုသမှု မရှိသေးပါဘူး။ မျောက်ကျောက်ရောဂါကူးစက်ခံရသူ လူနာများအတွက် ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး အရေပြားရောဂါတစ်ခုခု မရှိဘူးဆိုရင်တော့ သေချာဂရုတစိုက် စောင့်ရှောက်ပြီး နာကျင်မှု သက်သာအောင် ပြုလုပ်ခြင်းက ပြန်လာကောင်းမွန်လာဖို အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအောင် ကြာမြင့်နိုင်ပါတယ်။

#ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။
#ပထမဆး (၅) ရက်အတွင်းမှာ
• ဖျားခြင်း၊
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
• ပြန်ရည်အိတ် (lymph nodes)များ ရောင်ရမ်းခြင်း၊
• ခါးနာခြင်း၊
• ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း
စသည်တို ခံစားရနိုင်ပါတယ်။

ပြန်ရည်အိတ် (lymph nodes) များ ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။

ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
• အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာပါတယ်။
• အနီစက်များဟာ ခန္ဓာကိုယ်ပေါ်ထက် မျက်နှာနှင့် ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
• အနီစက်များဟာ အရည်ကြည်များ၊ ပြည်များပါဝင်ပါတယ်။
• အနာတွေက အရေအတွက် အနည်းငယ်ကနေ ထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။ အနာများဟာ တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ ကွာကျလာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။

#မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
• အဆုတ်ရောင်ရောဂါ၊
• ပိုးဝင်ခြင်း၊
• ဦးနှောက်ရောင်ရောဂါ၊
• မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို ဖြစ်လာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါခံစားနေရသူများက လက်၊ ခြေထောက်၊ ရင်ဘတ်၊ မျက်နှာ၊ ပါးစပ် ၊ လိင်အင်္ဂါတစ်ဝိုက်၊ စအို စသည့်နေရာများတွင် အနီစက်များ ထွက်လာတတ်ပါတယ်။ ရောဂါပျိုးချိန်ကတော့ ၃ ရက်မှ ၁၇ ရက်အတွင်း ဖြစ်ပြီး ထိုအချိန်ကာလများတွင် လူနာက လက္ခဏာမပြဘဲ ကောင်းမွန်နေတာလဲ ဖြစ်နိုင်ပါတယ်။

၂၀၂၄ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံခြင်း ခံရသည့် နိုင်ငံများမှာ -

ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ - ၁၇၅၄
အမေရိကန်ပြည်ထောင်စု - ၁၃၃၉
တရုတ် - ၃၃၃
စပိန် - ၃၃၂
ထိုင်း - ၁၂၀
ဩစတေးလျ - ၁၀၈
ဘရာဇီး - ၁၀၆
ကိုလမ်ဘီယာ - ၁၀၁
ပြင်သစ် - ၁၀၁
ကနေဒါ - ၈၃
ဗီယက်နမ် - ၈၁
အင်္ဂလန် - ၇၇
ပီရူး - ၆၃
အီတလီ - ၆၀
ဂျာမနီ - ၅၇
မက္ကဆီကို - ၄၅
နိုင်ဂျီးရီးယား - ၃၄
ဆွီဒင် - ၃၂
ပေါ်တူဂီ - ၃၁
အာဖရိကအလယ်ပိုင်း - ၂၁
ကွန်ဂို - ၁၉
နယ်သာလန် - ၁၇
ဆွစ်ဇာလန် - ၁၆
တောင်အာဖရိက - ၁၆
ဂျပန် - ၁၅
အင်ဒိုနီးရှား - ၁၅
အာဂျင်တီးနား - ၁၃
ကမ္ဘောဒီးယား - ၁၂
Czech- ၁၁
ဂရိ - ၁၀
ဘယ်လ်ဂျီယမ် - ၁၀
ဩစတြီးယား- ၁၀
ပိုလန်- ၆
လီဘာရီယား - ၅
ကာမယ်ရွန် - ၅
အိုင်ယာလန် - ၅
ကိုရီးယား - ၄
ဟမ်ဂေရီ - ၃
ရုရှား - ၂
နော်ဝေ- ၂
Slovak - ၂
ဘူဂါရီယာ - ၁
ခရိုအေးရှား - ၁
ဖိလစ်ပိုင် - ၁

မျောက်ကျောက်‌ရောဂါသည် မျိုးဗီဇပြောင်းလဲမှုဖြစ်ပေါ်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲချုပ်မှလည်း နိုင်ငံတကာ အရေးပေါ် ကျန်းမာရေးအခြေအနေအဖြစ် ထပ်မံကြေညာလိုက်တာကြောင့် အထူးဂရုစိုက်နေထိုင်ကြစေရန် တိုက်တွန်းလိုက်ပါတယ်။

Crd;to owner

၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင်ဒေသအချို့၌ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေခြင်းနှင့်စပ်လျဉ်းပြီး သတင်းထုတ်ပြန်ခြင်း📣📣 ---MRF🌾🌾🌾
27/07/2024

၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင်ဒေသအချို့၌ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေခြင်းနှင့်စပ်လျဉ်းပြီး သတင်းထုတ်ပြန်ခြင်း📣📣
---MRF🌾🌾🌾

🕙🐓🐓🐓​ကျေးလက်​ဒေသ မြန်မာတို့သုံးနူန်းကြသည့် အချိန်နာရီအ​ခေါ်အ​ဝေါ်​လေးများ🐓🐓🐓🕙⌛⏳⏳ ....⌚⌚⌚
12/07/2024

🕙🐓🐓🐓​ကျေးလက်​ဒေသ မြန်မာတို့သုံးနူန်းကြသည့်
အချိန်နာရီအ​ခေါ်အ​ဝေါ်​လေးများ🐓🐓🐓🕙⌛⏳⏳
....⌚⌚⌚

👨‍🌾သဘာ၀ပိုးသတ်ဆေးဖော်ထုတ်အသုံးပြုနည်းများ👨‍🌾(Natural Pesticide)✅✅✅1.ဒုတ္ထာ​ဆေးရည်မှိုသတ်​ဆေး2.ကြက်သွန်ဖြူပိုးသတ်​ဆေး3.ငရ...
27/06/2024

👨‍🌾သဘာ၀ပိုးသတ်ဆေးဖော်ထုတ်အသုံးပြုနည်းများ👨‍🌾
(Natural Pesticide)✅✅✅
1.ဒုတ္ထာ​ဆေးရည်မှိုသတ်​ဆေး
2.ကြက်သွန်ဖြူပိုးသတ်​ဆေး
3.ငရုပ်သီးပိုးသတ်​ဆေးရည်
4.​ဆေးရွက်ကြီး​​ဆေးရည်
5.အပင်ထွက်ပိုးသတ်​ဆေးများ
..

ကိုယ်ခန္ဓာအစိတ်အပိုင်းနှင့်တူသောအစာသည် ထိုအစိတ်အပိုင်း အတွက် အသင့်လျော်ဆုံး အာဟာရဖြစ်သည်။ .....🍊🍋🥭🍎🍈🍑🍏🍅🥑🥦🍓🍒🍉မှတ်စုကြမ်း ...
26/06/2024

ကိုယ်ခန္ဓာအစိတ်အပိုင်းနှင့်တူသောအစာသည် ထိုအစိတ်အပိုင်း အတွက် အသင့်လျော်ဆုံး အာဟာရဖြစ်သည်။

.....🍊🍋🥭🍎🍈🍑🍏🍅🥑🥦🍓🍒🍉
မှတ်စုကြမ်း

ဇူလိုင် ၁ ရက်မှစ၍ ဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချမည်။🟥🟥🟥လာမည့်ဇူလိုင်လ (၁) ရက်မှစတင်၍ ဆန်များကို အိမ်အရောက်ပ...
26/06/2024

ဇူလိုင် ၁ ရက်မှစ၍ ဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချမည်။🟥🟥🟥

လာမည့်ဇူလိုင်လ (၁) ရက်မှစတင်၍ ဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

ယင်းအစီအစဉ်အရ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် သက်သာသောဈေးနှုန်းဖြင့် ပေါ်ဆန်းဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး မှာယူသည့်နေ့မှစ၍ (၃)ရက်အတွင်း အရောက်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆန်အမျိုးအစားများနှင့် အိမ်အရောက် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ၁၀၈ ပေါင် (၂၄)ပြည် တစ်အိတ် ကျပ် ၁၅ ၂,၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ် ကျပ် ၁၃၀,၀၀ဝ ၊ ဧရာဝတီပေါ်ဆန်း (၁၀) ကီလို (၅) ပြည်တစ်အိတ် ကျပ် ၂၆, ၅၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ငွေပေးချေမှုကိုလည်း KBZ Pay သို့မဟုတ် အခြားနည်းလမ်းဖြင့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ထို့ပြင် မှာကြားသည့် နေ့ရက်/ငွေပေးသွင်းပြီးသည့်အချိန်ကာလမှစတင်၍ အများဆုံး (၃)ရက်အတွင်း အရည်အသွေးမှန်၊ အလေးချိန်မှန် ဆန်အိတ်များကို လိပ်စာပါအတိုင်း အိမ်အရောက်ပို့ပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ မိဘပြည်သူများမှ အိမ်အရောက်ပို့စနစ်ဖြင့် ပေါ်ဆန်းမွှေးဆန်များ ဝယ်ယူလိုပါက Viber ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀ဝ၀၆၇၂၅ ၀၊ ၀၉-၄၀၀၀၆၇၂၆၀ နှင့် အီးမေးလ် [email protected] သို့ ဆက်သွယ်မှာယူနိုင်ကြောင်း ဖော်ပြထားသည်။

အလားတူ အခြားဆန်အမျိုးအစားများနှင့် ထုပ်ပိုးမှုပုံစံအမျိုးမျိုးကိုလည်း အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး တိုးချဲ့ဆောင်ရွက်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတ်မှတ်ဈေးနှုန်းများသည် ရည်ညွှန်းဈေးများနှင့်အညီ သင့်တင့်မျှတသော ဈေးနှုန်းများဖြစ်ပြီး ထပ်မံလျှော့ချနိုင်ရေးဆောင်ရွက်နေပြီး ယခုအစီအစဉ်အား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အမှန်လိုအပ်မှုအတွက်သာ မှာယူကြရန်လည်း မေတ္တာရပ်ခံထားသည်။
.....🌾🌾🌾

မြေသြဇာရည်ညွန်း​စျေးနူန်းများသိရှိနိုင်ပါရန်​ကြေညာခြင်း🟥 ...🌲🌲🌲🌾🌾🌾🌿🌿🌿🌲🌲🌲
25/06/2024

မြေသြဇာရည်ညွန်း​စျေးနူန်းများသိရှိနိုင်ပါရန်​ကြေညာခြင်း🟥
...🌲🌲🌲🌾🌾🌾🌿🌿🌿🌲🌲🌲

🟥🟥"လယ်ယာမြေ"ကို ရဲရဲသာဝယ်ပါ။🟥🟥▪လယ်မြေ/လယ်ယာမြေတို့ကို ဝယ်လိုလျှင်ရဲရဲသာ ဝယ်ပါ။ ဝယ်ပိုင်ခွင့်ရှိနေပါပြီ။▪စည်းကမ်း အရတော့ ...
27/05/2024

🟥🟥"လယ်ယာမြေ"ကို ရဲရဲသာဝယ်ပါ။🟥🟥

▪လယ်မြေ/လယ်ယာမြေတို့ကို ဝယ်လိုလျှင်
ရဲရဲသာ ဝယ်ပါ။ ဝယ်ပိုင်ခွင့်ရှိနေပါပြီ။
▪စည်းကမ်း အရတော့ "လယ်မြေ" ဝယ်ရင် လယ်စိုက်ရပါ့မယ်။ ယာမြေ ဝယ်ရင် "ယာ"စိုက်ရမည်ဖြစ်ပါသည်။
▪အဲဒီလို မစိုက်ချင်ရင်၊ မြေအမျိုးစား ပြောင်းခွင့် တင်လို့ရပါတယ်။ လယ်ယာမြေ ဥပဒေ သစ် ရဲ့ အပိုဒ်(၃၀)
အရပေါ့ (အဟောင်း လ/န ၃၉ လိုပါပဲ)
▪လ/န ၃၉ ဆိုသည်မှာ လယ်ယာမြေကို မြို့မြေ(သို့)
လူနေမြေ အဖြစ်သို့ မြေအမျိုးစား ပြောင်းလဲသတ်မှတ်နိုင်သည့် ပုဒ်မပါ။
▪ပုဒ်မ -၃၈ နှင့် ၃၉ တို့အရ မည်သည့် "လယ်ယာမြေ"ကိုမဆို သင့်တော်သောနည်းလမ်း ၏အတိုင်း မြေအမျိုးစား ပြောင်းလဲ သတ်မှတ်နိုင်ပါသည်။
▪ယခုချိန်မှာ လယ်ယာမြေ ဥပဒေသစ်(၂၀၁၂)မှာက လ/န ဥပဒေ ထက်တော့ ပိုပြီး ပြည်စုံပါသည်။
▪"အခြားနည်းအသုံးပြု' လို့ခေါ်ဝေါ်တဲ့ (ပုဒ်မ-၃၀(က)(ခ)) ကိုပြောင်းလဲသတ်မှတ်အပြီး "လယ်မြေ' တွေကို (လူနေမြေ) အဖြစ်ပြောင်းလဲ လျှောက်ထားပိုင်ခွင့်၊ ရောင်း၊ ပေါင်၊ငှား၊လဲ ခွင့်နှင့် ဂရံ မြေအထိ အဆင့်ဆင့်
ပြောင်းလဲလျှောက်နိုင်ခွင့် ရမည်ဖြစ်သည်။ ယခုလို လျှောက်ထားနိုင်ရန်အတွက် နည်းဥပဒေ ရဲ့ "ပုံစံ-၁၄' ကို
သက်ဆိုင်ရာမြို့နယ် မြေစာရင်းရုံးတွေမှာ ဝယ်လို့ရပါသည်။

▪ပထမဦးဆုံး အနေနဲ့ ​ကိုယ်ဝယ်ယူမယ့် "လယ်မြေ"ရဲ့
ပုံစံ(၇)ကို မြေစာရင်းဦးစီးဌာနမှာ မှန်/မမှန် အရင်စစ်ဆေးဖို့ လိုပါသည်။ မူရင်း ပုံစံ(၇) ကိုမြင်တွေ့ပြီး စရံငွေပေးပြီး ရပ်ကျေး ဥဏ္ဍဌ နှင့်ညှိနှိုင်းပါ။

▪လယ်မြေ အား ငွေအပြေ ပေးချေတော့မည် ဆိုလျှင်-
၁။ အရောင်းဝယ်ပြုလုပ်ရန် အတွက် ထုတ်ယူထားသော ပုံစံ-၁၀၅ တောင်းပါ။
၂။ ပုံစံ-၁၀၅ မှ ပိုင်ရှင်က ဝယ်ယူသူသို့ လွှဲ ပေးသော
SP လည်း ရရှိပါစေ။
၃။ ထို့အပြင် ပုံစံ(၇)မူရင်းလည်း ယူရပါရမည်။
၄။ အထက်ပါအကြောင်းရာများအား စီစစ်ဝယ်ယူပြီးလျှင် "တံဆိပ်ခေါင်းခွန်' နှင့်"မှတ်ပုံတင်ကြေး' တို့ပေးဆောင်၍ မြို့နယ်မြေစာရင်းမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။ ၄င်းစာချုပ်ချုပ်ဆိုပြီးပါက မိမိဝယ်ယူထားသော
"လယ်မြေ' ကွက်ကို ကိုယ့်အမည်(ဝယ်ယူသူအမည်) ပြောင်း ၍ ရပါပြီ။

▪ထိုနည်းတူ "လယ်ယာမြေ'မှ လူနေမြေ သို့ လျှောက်မည်ဆိုပါက ပုံစံ-၁၄. ဝယ်ယူအပြီး မြို့နယ် မြေစာရင်းသို့ ပုံစံ-၁၀၆ အား လိုအပ်ပါက လျှောက်ထားရမည်။
▪ အဆင့်မများပါ။ လွယ်ကူ ရိုးရှင်းပါသည်။

ဒါလေးထပ်ဖတ်ဖို့လည်း မမေ့ပါနဲ့ လယ်မြေပဲဝယ်ဝယ်၊ လယ်ယာမြေပဲ ဝယ်ဝယ် အဆင့် (၁၀) ဆင့် မဖြစ်မ​နေလုပ်​ဆောင်ပါ။
▪ယခုချိန် မြေကွက်အား ရေရှည်စီမံကိန်းဖြင့် ရင်းနှီးမြုပ်နှံရန် အစီစဥ်ရှိသော မည်သူမဆို ငွေနည်းနည်းပေးပြီး မိမိပြန်ရောင်းထုတ်ချိန် စျေးကောင်းကောင်းပြန် ဖို့ရန်အတွက် လယ်မြေ များသည် အထူးစဥ်းစားရမည့် အချက်များထဲ ပါဝင်နေပါသည်။
▪အချက်ချာကျ ပြီး အရပ်လေးမျက်နှာ၌ စီမံကိန်းများ တဖြည်းဖြည်းနဲ့ တိုးတက်လာ၍ အစိုးရ ရာပြည့် Plan များ အရှိန်တင်နေသော နေရာအနီးနား လယ်မြေ များသည် နောင်တစ်ချိန်မှာ "ရွှေ' ဖြစ်လာမည်ဟု အကြံပြုရင်း။

လေးစားစွာဖြင့်🙏🌲🌲🌲
Crd :;;---ဒေါ်နိူင်နိူင်ဝင်း...

Address


Telephone

+959798310574

Website

Alerts

Be the first to know and let us send you an email when Agriculture Knowledge.wzt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Agriculture Knowledge.wzt:

  • Want your business to be the top-listed Media Company?

Share