Goal Trust Sport News

  • Home
  • Goal Trust Sport News

Goal Trust Sport News I Bet 789 Senior Agent 1 Unit 1000 Ks
2D/3D
Shan 234
Slot Game
(14)

“ပရီးမီးယားလိဂ်မှာ ဒုတိယနေရာက အသင်းကို (၁၈) မှတ်လောက် ဖြတ်ထားနိုင်ရင်တော့ ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲကို ကြိုစဉ်း...
06/04/2024

“ပရီးမီးယားလိဂ်မှာ ဒုတိယနေရာက အသင်းကို (၁၈) မှတ်လောက် ဖြတ်ထားနိုင်ရင်တော့ ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲကို ကြိုစဉ်းစားလို့ရပါတယ်။ အခုက အဲ့ဒီလိုလုပ်လို့ မရပါဘူး။ ကျွန်တော်တို့က အခု အမှတ်ပေးဇယားမှာ အဆင့် (၃)။ ထိပ်ဆုံးနဲ့လည်း အဲ့ဒီလောက် မဝေးသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့သာ အမှတ်လျော့သွားရင် ပရီးမီးယားလိဂ်ဖလားအတွက် မျှော်လင့်ချက်မရှိသလောက် ဖြစ်သွားပါမယ်”

“ဒီတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲကို အနိုင်ကန်ရပါမယ်။ ရီးရဲလ်မက်ဒရစ်နဲ့ပွဲအတွက် ကျွန်တော့်မှာ အချိန်အများကြီးရှိမှာ မဟုတ်ပါဘူး။ ကျွန်တော် ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့က ပရီးမီးယားလိဂ်ဖလားအတွက် (၉) လ၊ (၁၀) လလောက် တိုက်ပွဲဝင်လာခဲ့တာလေ”

-

ယူနိုက်တက် အကယ်ဒမီကစားသမားတွေရဲ့ လေ့ကျင့်ရာနေရာမှာ လူtတ်မှု ဖြစ်ပွား----------------------------------------------------...
06/04/2024

ယူနိုက်တက် အကယ်ဒမီကစားသမားတွေရဲ့ လေ့ကျင့်ရာနေရာမှာ လူtတ်မှု ဖြစ်ပွား
------------------------------------------------------------------------
ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီက ကစားသမားတွေ လေ့ကျင့်ရာနေရာတစ်ခုဖြစ်တဲ့ The Cliff Facility အနီးအနားမှာ လူခန္ဓာအစိတ်အပိုင်းတွေကို ပလပ်စတစ်အိတ်နဲ့ ထုတ်ပိုးပြီး လွှင့်ပစ်ထားတာကိုတွေ့ရှိခဲ့တာကြောင့် The Cliff Facilityကို ပိတ်ထားလိုက်ရတယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။ လက်ရှိမှာ ဒီခန္ဓာကိုယ်အစိတ်အပိုင်း‌တွေက ဘယ်သူဆိုတာ မသိရသေးတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။ ဂရိတ်တားမန်ချက်စတာရဲတပ်ဖွဲ့ကတော့ လူtတ်မှုအနေနဲ့ အမှုဖွင့်စစ်ဆေးမှုတွေပြုလုပ်နေပြီလို့လည်း သိရပါတယ်။ The Cliff Facility ဟာ ၂၀၀၀ ပြည့်နှစ်အထိ ယူနိုက်တက်စီနီယာအသင်းကြီးရဲ့ ကစားသမားတွေလေ့ကျင့်ခဲ့ကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ နောင်ပိုင်းမှာ ဖာဂူဆန်ရဲ့ ညွှန်ကြားမှုနဲ့အတူ ကာရင်တန်ကိုပြောင်းခဲ့ကြတာဖြစ်ပြီး The Cliff Facility ကလည်း ၂၀၀၂ ခုနှစ်ကစကာ အကယ်ဒမီကစားသမားလေးတွေရဲ့ လေ့ကျင့်ရာနေရာဖြစ်လာခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်း အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးမှာ ကစားတဲ့ ပွဲစဉ်တွေ ရှိရင်တော့ အင်္ဂလန်အသင်းရဲ့ ကစားသမားတွေဟာ The Cliff Facility မှာပဲလေ့ကျင့်ခန်းဆင်းကြတာ‌ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ယူနိုက်တက်အကယ်ဒမီက ကစားသမားလေးတွေဟာ ကာရင်တန်ကိုပြောင်းပြီး လေ့ကျင့်ခန်းဆင်းနေရတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်မှာ ဆာလားဟ်တစ်ယောက် ဂိုးအများဆုံးသွင်းယူထားတဲ့ အသင်းတွေဖြစ်ပါတယ်။ မန်ချက်စတာ ကလပ်အသင်းနှစ်သင်းလုံးက ဆာလားဟ...
06/04/2024

ပရီးမီးယားလိဂ်မှာ ဆာလားဟ်တစ်ယောက် ဂိုးအများဆုံးသွင်းယူထားတဲ့ အသင်းတွေဖြစ်ပါတယ်။ မန်ချက်စတာ ကလပ်အသင်းနှစ်သင်းလုံးက ဆာလားဟ်ရဲ့ ဂိုးသွင်းလေ့ကျင့်ရာနေရာလိုဖြစ်နေပြီး ယူနိုက်တက်ကို ၁၃ ဂိုး၊ မန်စီးတီးကို ၁၁ ဂိုးထိသွင်းထားခဲ့တာပါ။ လာမယ့် တနင်္ဂနွေညမှာ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရှိနေတာကြောင့် ဆာလားဟ်တစ်ယောက် အဲ့ဒီပွဲစဉ်မှာလည်း ဂိုးသွင်းသွားမလား စောင့်ကြည့်ရပါမယ်။ ယူနိုက်တက်နဲ့ တွေ့တိုင်း ဆာလားဟ်က အနည်းဆုံး ၁ ဂိုးလောက်တော့ သွင်းနေကျမဟုတ်ပါလား။

ဖန်တီးမှုဘုရင်ဖြစ်ကြောင်း သက်သေပြထားတဲ့ ဒီဘရိုင်း -----------------------ဒီဘရိုင်းကတော့ ဒီရာသီမှာ မန်စီးတီးအတွက် ၁၂ ပွဲပ...
29/02/2024

ဖန်တီးမှုဘုရင်ဖြစ်ကြောင်း သက်သေပြထားတဲ့ ဒီဘရိုင်း
-----------------------
ဒီဘရိုင်းကတော့ ဒီရာသီမှာ မန်စီးတီးအတွက် ၁၂ ပွဲပဲ ကစားထားရသေးပေမယ့် အသင်းရဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှာ ဖိုဒန်က ၃၈ ပွဲကစားထားရာမှာ ၁၀ ကြိမ်ဖန်တီးပေးထားပြီး အယ်လ်ဗာရက်ဇ်ကတော့ ၃၇ ပွဲကစားထားရာမှာ ၁၀ ကြိမ် ဖန်တီးပေးထားပါတယ်။ ဒီဘရိုင်းကတော့ ဒဏ်ရာက ပြန်ကောင်းလာပြီးနောက်မှာ ၁၂ ပွဲတည်းနဲ့ ဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

လီဗာပူးနည်းပြကြီး ကလော့ပ်ကတော့ နောက်ထပ် အကယ်ဒမီထွက် ကစားသမားလေးကို စင်တင်ပေးလိုက်ပြန်ပါပြီ။ သူကတော့ အသက် (၁၆) နှစ်အရွယ် ...
29/02/2024

လီဗာပူးနည်းပြကြီး ကလော့ပ်ကတော့ နောက်ထပ် အကယ်ဒမီထွက် ကစားသမားလေးကို စင်တင်ပေးလိုက်ပြန်ပါပြီ။ သူကတော့ အသက် (၁၆) နှစ်အရွယ် အန်ယိုနီဖြစ်ပြီး မနေ့ညက ဆောက်သမ်တန်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ လူစားဝင်ကစားခဲ့ပါတယ်။

အသက်အတိအကျကို ပြောရမယ်ဆိုရင် အန်ယိုနီက အသက် (၁၆) နှစ်နဲ့ (၂၄၃) ရက်သာရှိပါသေးတယ်။ သူက အက်ဖ်အေဖလားပွဲမှာ လီဗာပူးအတွက် ပါဝင်ကစားပေးခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ပြည်တွင်းဖလားပွဲတွေမှာဆိုရင် လူငယ်တွေကို ပွဲထုတ်နေကျ၊ စင်တင်ပေးနေကျ ကလော့ပ်ကတော့ သူ့ရဲ့ အစဉ်အလာကို အပျက်မခံခဲ့ပါဘူး။ နောက်ပြီး သူခေါ်တင်လာတဲ့ ဘရက်ဒ်လေ၊ ဒန်းစ်တို့ကလည်း ခြေစွမ်းခြေစရှိတဲ့ ကစားသမားတွေဆိုတာကို ပြသခဲ့ပြီး ကလော့ပ်ကတော့ သူ့ရဲ့ နောက်ဆုံးရာသီမှာ လီဗာပူးရဲ့အနာဂတ်အတွက် လူငယ်လေးတွေကို စင်တင်ပေးနေခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းပါရင် မန်စီးတီးတို့ အနိုင်သေချာပြီ--------------------------------------------------ကီဗင်ဒီဘရိုင်းတစ်ယောက်ကတော့...
28/02/2024

ဒီဘရိုင်းပါရင် မန်စီးတီးတို့ အနိုင်သေချာပြီ
--------------------------------------------------
ကီဗင်ဒီဘရိုင်းတစ်ယောက်ကတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်မှာ မန်စီးတီးတို့အတွက် သွင်းဂိုး ၁၀ ဂိုးနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်ထားနိုင်ခဲ့ပါတယ်။ ဒီဘရိုင်းပြန်လာမှုဟာ မန်စီးတီးတို့အတွက် အကောင်းဆုံးအခြေအနေကို ပြန်ရောက်စေခဲ့တာဖြစ်ပြီး ဒီဘရိုင်းရဲ့ ဖန်တီးပေးပို့မှုတွေကို အကောင်းဆုံးစားသုံးပေးမယ့် ဟာလန်းကလည်း အသင့်ရှိနေတာကြောင့် ဘယ်လ်ဂျီယံစနိုက်ပါရဲ့ ဖန်တီးမှုတွေကလည်း အလာဟသမဖြစ်စေခဲ့တာပါ။ လက်ရှိမှာ မန်စီးတီးတို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာက လီဗာပူးလ်နဲ့ တစ်မှတ်အကွာ အဆင့် ၂ နေရာမှာရှိနေခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့အခြေအနေကောင်းနေခဲ့သလို အက်ဖ်အေဖလားမှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှာလည်း မန်စီးတီးတို့ ဖလား ၃ လုံးလမ်းကြောင်းပေါ်မှာရှိနေသေးတာပါ။

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ တက်ခဲ့တဲ့ မာယောကာ--------------------------------------------------------ပြီးခဲ့တဲ့ အင်္ဂါညတုန...
28/02/2024

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ တက်ခဲ့တဲ့ မာယောကာ
--------------------------------------------------------
ပြီးခဲ့တဲ့ အင်္ဂါညတုန်းက ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မာရောကာက ရီးရဲလ်ဆိုစီဒက်ကို ပင်နယ်တီနဲ့ အနိုင်ယူနိုင်ခဲ့ပြီး ဗိုလ်လုပွဲ အဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။ ပထမအကျော့တုန်းကလည်း ဒီနှစ်သင်းဟာ ဂိုးမရှိသရေ ကစားခဲ့ကြပြီး ဒုတိယအကျော့မှာလည်း တစ်ဖက်တစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး မာယောကာက ၆ ဂိုး ၅ ဂိုးနဲ့ ရီးရဲလ်ဆိုစီဒက်ကို အနိုင်ယူပြနိုင်ခဲ့တာဖြစ်ပါတယ်။ မာယောကာဟာ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအဆင့်ကို ၄ ကြိမ်မြောက်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးတက်ရောက်နိုင်ခဲ့တဲ့ ၂၀၀၂ -၂၀၀၃ ရာသီကတစ်ကြိမ်သာဗိုလ်စွဲခဲ့ဖူးတာဖြစ်ပါတယ်။ အဲ့ဒီအချိန်‌တုန်းက ဗိုလ်စွဲနိုင်ခဲ့တဲ့ မာယောကာတိုက်စစ်မှာ အီတူးလိုကစားသမားမျိုးကို ပိုင်ဆိုင်ထားခဲ့ပြီး အီတူးကလည်း အကောင်းဆုံးကို ရုန်းကန်ပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ မာယောကာဟာ လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာရှိနေတဲ့အသင်းဖြစ်ပြီး တန်ဆင်းဇုန်နဲ့ အသင်းနှစ်သင်းသာကြားမှာ ခြားနေခဲ့တာဖြစ်ပါတယ်။ အခုလို အသင်းမျိုးက စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီဖြစ်လို့ ဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် အသင်းဟာ အက်သလက်တီကိုလား၊ ဘီလ်ဘာအိုဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ဂိုးဖန်တီးမှုအများဆုံး ကစားသမားကတော့ ဒီဘရိုင်းပါပဲ။ သူက ဂိုးဖန်တီးမှု (၁၀) ကြိမ် ပ...
28/02/2024

ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ဂိုးဖန်တီးမှုအများဆုံး ကစားသမားကတော့ ဒီဘရိုင်းပါပဲ။ သူက ဂိုးဖန်တီးမှု (၁၀) ကြိမ် ပြုလုပ်ပေးထားပြီး မနေ့ညက လူတန်တောင်းနဲ့ အက်ဖ်အေဖလားတစ်ပွဲတည်းမှာတင် (၄) ကြိမ်အထိ ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။

ဒါ့အပြင် သူက ဒီရာသီမှာ (၁၂) ပွဲသာ ကစားထားရသေးပြီး ဒီလိုမျိုး အသင်းရဲ့ ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာက အံ့အားသင့်စရာပါပဲ။

ဒီဘရိုင်းဟာ ရာသီအစပိုင်းမှာ တောက်လျှောက် ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာဖြစ်ပြီး ဒဏ်ရာကနေ ပထမဆုံးပြန်လာခဲ့တဲ့ပွဲကနေစလို့ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့တာပါ။

ဒီဘယ်လ်ဂျီယံကစားသမားကြီးရဲ့ အနာဂတ်က မန်စီးတီးမှာ ဆက်မရှိနိုင်တော့ဘူးလို့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း ဒီဘရိုင်းရဲ့လက်ရှိခြေစွမ်းကတော့ ဂွါဒီယိုလာအတွက် ပစ်ပယ်လို့ မရသေးပါဘူး။

မနေ့ညက လူတန်တောင်းနဲ့ အက်ဖ်အေဖလားပွဲမှာ တစ်ယောက်တည်း ငါးဂိုးသွင်းခဲ့တဲ့ ဟာလန်းရဲ့ ဒီပွဲတစ်ပွဲတည်းက သွင်းဂိုးအရေအတွက်က ယူ...
28/02/2024

မနေ့ညက လူတန်တောင်းနဲ့ အက်ဖ်အေဖလားပွဲမှာ တစ်ယောက်တည်း ငါးဂိုးသွင်းခဲ့တဲ့ ဟာလန်းရဲ့ ဒီပွဲတစ်ပွဲတည်းက သွင်းဂိုးအရေအတွက်က ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် ဒီတစ်ရာသီလုံး သွင်းယူထားတဲ့ သွင်းဂိုးအရေအတွက်နဲ့ သွားတူညီနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြခဲ့တဲ့ ရပ်ရှ်ဖို့ဒ်တစ်ယောက် ဒီရာသီမှာတော့ ဂိုး (၄၀) ရမလိုလို၊ ဘာလိုလိုနဲ့ ခန့်မှန်းခဲ့ပေမယ့် တကယ်တမ်း ရာသီပြန်စပြီး တစ်ဝက်ကျော်လာတဲ့အထိ ချိုမိုမိုင် ‘က’ နေတာပါ။ ဟာလန်းကလည်း ဒဏ်ရာပြဿနာကြောင့် အနားယူခဲ့ရသည့်တိုင် သူ့ရဲ့ ဂိုးသွင်းခြေစွမ်းက မကျဆင်းသွားခဲ့ဘဲ အခုချိန်မှာ ပိုပိုပြီး ဂိုးသွင်းခြေတွေ့လာခဲ့တာလည်း ဖြစ်ပါတယ်။

ဆံပင်ကေအသစ် ရွှိုင်းနေတဲ့ ယူနိုက်တက်အချစ်တော် ဘတ်ဘတ်😁😁
27/02/2024

ဆံပင်ကေအသစ် ရွှိုင်းနေတဲ့ ယူနိုက်တက်အချစ်တော် ဘတ်ဘတ်😁😁

ဥရောပထိပ်တန်းလိဂ်တွေမှာကစားနေတဲ့ အင်္ဂလန်ကြယ်ပွင့်တွေရဲ့ ဒီရာသီ သွင်းဂိုးများ -----------------------ဟာရီကိန်း - ၂၇ ဂိုး...
27/02/2024

ဥရောပထိပ်တန်းလိဂ်တွေမှာကစားနေတဲ့ အင်္ဂလန်ကြယ်ပွင့်တွေရဲ့ ဒီရာသီ သွင်းဂိုးများ
-----------------------
ဟာရီကိန်း - ၂၇ ဂိုး
ဘယ်လင်ဟမ် - ၁၆ ဂိုး
အိုလီဝက်စ်ကင်း - ၁၄ ဂိုး
ဆိုလန်ကီ - ၁၄ ဂိုး
ဘိုဝင် - ၁၃ ဂိုး
ဆာကာ - ၁၃ ဂိုး
ပယ်လ်မား - ၁၀ ဂိုး
ဖိုဒန် - ၉ ဂိုး

ဒီလိုပုံစံနဲ့ဆိုရင်တော့ မန်ယူက ကျောနံပါတ် ၁၀ ကြီးဟာ ယူရို ၂၀၂၄ မှာ ချန်လှပ်ခံရဖွယ်ရှိနေပါတယ်။

"မန်စီးတီးကို ကျနော်စရောက်ခါစမှာ လက်ထောက်နည်းပြ ဘရိုင်ယန်ကစ်ဒ်ပြောတာကို မှတ်မိသေးတယ်၊ ကာရာဘောင်ဖလားကို သိပ်အာရုံမထားနဲ့တ...
27/02/2024

"မန်စီးတီးကို ကျနော်စရောက်ခါစမှာ လက်ထောက်နည်းပြ ဘရိုင်ယန်ကစ်ဒ်ပြောတာကို မှတ်မိသေးတယ်၊ ကာရာဘောင်ဖလားကို သိပ်အာရုံမထားနဲ့တဲ့၊ လူငယ်တွေနဲ့ ကစားတဲ့၊ ဘယ်သူကမှလည်း ဂရုစိုက်တဲ့ ဖလားမဟုတ်ဘူး၊ ဆာအဲလက်စ်ဖာဂူဆန်ဆိုရင် အမြဲတမ်း ချာတိတ်တွေပဲ ထည့်ကန်တာလို့ သူပြောခဲ့တယ်၊ ပြီးခဲ့တဲ့နှစ်တွေမှာ ဘယ်လိုတွေဖြစ်ကုန်တာလဲတော့ ကျနော်လည်း မသိတော့ဘူး"

- ဂွါဒီယိုလာ

ကစားသမားဘ၀ထဲကို ပြန်ရောက်လာမယ့် အဂူရို ---------------------------မန်ချက်စတာမြို့ကို အပြာရောင်လွှမ်းစေခဲ့သူတွေထဲမှာ တစ်ဦ...
27/02/2024

ကစားသမားဘ၀ထဲကို ပြန်ရောက်လာမယ့် အဂူရို
---------------------------
မန်ချက်စတာမြို့ကို အပြာရောင်လွှမ်းစေခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့သူ မန်စီးတီးဂန္ထဝင် အဂူရိုကတော့ ဘောလုံးလောကထဲကို ပြန်လည်ဝင်ရောက်လာဖို့ ပြင်ဆင်နေပါတယ်။ မန်စီးတီးအသင်းရဲ့ ထာ၀ရသွင်းဂိုးအများဆုံးကစားသမားဖြစ်တဲ့ အဂူရိုဟာ ၂၀၂၁ ခုနှစ်အတွင်းမှာတော့ နှလုံးရောဂါကြောင့် အနားယူခဲ့ရတာပါ။ အခုတော့ သူ့ရဲ့နှလုံးဆရာဝန်တွေက အဂူရိုအနေနဲ့ ဘောလုံးပြန်ကစားမယ်ဆိုရင် အဆင်ပြေနိုင်တယ်လို့ ခွင့်ပြုလာတာကြောင့် ငယ်ဘ၀အသင်းဟောင်းဖြစ်တဲ့ အင်ဒီပန်းဒီးယန့်နဲ့အတူ ဒီအပတ်ထဲမှာပဲ လေ့ကျင့်ခန်းဆင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အင်ဒီပန်းဒီးယန့်အသင်းရဲ့နည်းပြတော့ တီဗက်ဇ်ဖြစ်ပါတယ်။

ဆီဗီလာနဲ့ပွဲမှာ မိုဒရစ်လူစားဝင်လာပြီးနောက် ရာမို့စ်က ဆီဗီလာအသင်းဖော်တွေကို " မိုဒရစ်ကို outside of the boot ကန်ချက် လုံး...
27/02/2024

ဆီဗီလာနဲ့ပွဲမှာ မိုဒရစ်လူစားဝင်လာပြီးနောက် ရာမို့စ်က ဆီဗီလာအသင်းဖော်တွေကို " မိုဒရစ်ကို outside of the boot ကန်ချက် လုံး၀ ကန်ခွင့်မပေးနဲ့" လို့ အော်ပြောပြီး သတိပေးသွားခဲ့ပါတယ်။

- MadridXtra

ဘာစီလိုနာဟာ အသင်းဂန္ထဝင်လူစာရင်းထဲကနေ ဒန်နီအဲဗက်စ်ကို ထုတ်ပယ်လိုက်ပါတယ်။ 🥴🥴🥴
27/02/2024

ဘာစီလိုနာဟာ အသင်းဂန္ထဝင်လူစာရင်းထဲကနေ ဒန်နီအဲဗက်စ်ကို ထုတ်ပယ်လိုက်ပါတယ်။ 🥴🥴🥴

လာလီဂါအမှတ်ပေးချန်ပီယံဆုတိုက်ပွဲက ဖွဲမီးလိုပဲ ဖြည်းဖြည်းချင်း တောက်လောင်နေတာပါ။ ဒီတစ်ပတ်မှာ ထိပ်ဆုံး (၃) သင်းဖြစ်တဲ့ ရီး...
27/02/2024

လာလီဂါအမှတ်ပေးချန်ပီယံဆုတိုက်ပွဲက ဖွဲမီးလိုပဲ ဖြည်းဖြည်းချင်း တောက်လောင်နေတာပါ။ ဒီတစ်ပတ်မှာ ထိပ်ဆုံး (၃) သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဂျီရိုနာနဲ့ ဘာစီလိုနာတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး သူတို့ကြားက အမှတ်ကွာဟချက်တွေကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

မနေ့ညကလည်း ဂျီရိုနာက ဗယ်လက်ကာနိုကို (၃) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး စနေညပွဲအပြီး ဒုတိယနေရာကို ရောက်ရှိနေတဲ့ ဘာစီလိုနာကို ပြန်ကျော်တက်ခဲ့ပါတယ်။

လက်ရှိအမှတ်ပေးဇယားမှာ ရီးရဲလ်မက်ဒရစ်က ဒုတိယနေရာက ဂျီရိုနာကို ရမှတ် (၆) မှတ်၊ ဂျီရိုနာက ဘာစီလိုနာကို (၂) မှတ်ဖြတ်ပြီး အဆင့်ဆင့် ရှေ့ဆက်နေတာပါ။

ရီးရဲလ်မက်ဒရစ်အနေနဲ့လည်း အမှားခံလို့ရတဲ့ အခြေအနေမျိုးမှာမရှိဘဲ ဂျီရိုနာကလည်း အခုလိုမျိုး ပွဲစဉ်တွေရဲ့ (၃) ပုံ (၂) ပုံကျော်လာတဲ့အထိ ခြေစွမ်းပြနေတာ၊ တည်ငြိမ်တဲ့ အနေအထားမျိုးနဲ့ ရှေ့ဆက်ပြီး အမှတ်ပေးချန်ပီယံဆုကို ခြိမ်းခြောက်နေတာတွေက မဖြစ်မနေ ချီးကျူးရမယ့်ကိစ္စရပ်လည်းဖြစ်ပါတယ်။

ဂီတာဖေး တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ လာလီဂါပွဲစဉ်မှာ ဖြစ်ပွားခဲ့တဲ့ ဘယ်လင်ဟမ်ရဲ့အမှုနဲ့ပတ်သက်လို့ ပြို...
27/02/2024

ဂီတာဖေး တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ လာလီဂါပွဲစဉ်မှာ ဖြစ်ပွားခဲ့တဲ့ ဘယ်လင်ဟမ်ရဲ့အမှုနဲ့ပတ်သက်လို့ ပြိုင်ဘက်ကို အရေးမယူဖို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ နှစ်ယောက်က ဘောလုံးယှဉ်လုပြီးတဲ့နောက် ဘယ်လင်ဟမ်က ဂရင်းဝုဒ်ကို “မုဒိမ်းကောင်” အဖြစ် ခေါ်ဝေါ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။

လာလီဂါဘက်ကလည်း ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသည့်တိုင် ဂရင်းဝုဒ်ကတော့ ဘယ်လင်ဟမ်ကို အရေးယူစေလိုခြင်းမရှိကြောင်း သိရှိရပါတယ်။

သတင်းရင်းမြစ်က “ဂရင်းဝုဒ်က လာလီဂါအဖွဲ့ချုပ်က တာဝန်ရှိသူတွေကို ဘယ်လင်ဟမ်နဲ့ပတ်သက်လို့ အရေးမယူဖို့နဲ့ စုံစမ်းစစ်ဆေးမှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူ့အနေနဲ့ ဆိုးရွားပြီး လူသိများတဲ့ ကိစ္စကို ထပ်မလိုချင်တော့ဘဲ ဘောလုံးကိုပဲ အာရုံစိုက်ချင်နေပါတယ်။ ဖြစ်ဖြစ်ချင်းတုန်းကတော့ စိတ်ပျက်ခဲ့ရပြီး ဘယ်လင်ဟမ်လိုလူမျိုးဆီက ဒါမျိုးပြုမူလိမ့်မယ်လို့ သူမထင်ခဲ့ပါဘူး”

“ဒါပေမယ့် သူက ဒီလိုဖြစ်ရပ်တွေအတွက် အမြဲတမ်း ပစ်မှတ်ဖြစ်မယ်ဆိုတာကို သိနားလည်ထားပြီး အရေထူနေဖို့ လိုအပ်တာကိုလည်း လက်ခံထားပါတယ်” လို့ ဆိုပါတယ်။

လာလီဂါအဖွဲ့ချုပ်ဟာ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီးနောက် ဘယ်လင်ဟမ်သာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့မယ်ဆိုရင် (၄) ပွဲအထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်နိုင်မှာလည်းဖြစ်ပါတယ်။

မနေ့ညက ရီးရဲလ်မက်ဒရစ်နဲ့ ဆီဗီလာပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တာက ဝါရင့်ကွင်းလယ်လူက...
26/02/2024

မနေ့ညက ရီးရဲလ်မက်ဒရစ်နဲ့ ဆီဗီလာပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တာက ဝါရင့်ကွင်းလယ်လူကြီး မိုဒရစ်ပါ။

ဒီဘဲက အသက်အရွယ်အရ ကစားသမားဘဝရဲ့အကျပိုင်းကို ရောက်နေပြီဆိုပေမယ့် ပိန်ပိန်ပါးပါးခန္ဓာကိုယ်၊ လူကောင်သေးသေးလေးနဲ့ လျင်မြန်ဖျတ်လတ်နေတုန်းပါပဲ။ အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး ဦးဆောင်နိုင်တယ်၊ ထိန်းကျောင်းမောင်းနှင်နိုင်တယ်၊ လိုအပ်လာရင်လည်း မနေ့ညကပွဲလိုမျိုး ဂိုးတွေ သွင်းယူပေးနေဆဲဆိုရင်လည်း မမှားပါဘူး။

သူက ဒီပွဲမှာ ပွဲစကတည်းက ပွဲထွက်ကစားခဲ့တာလည်း မဟုတ်ပါဘူး။ (၇၅) မိနစ်မှ လူစားဝင်လာခဲ့တာဖြစ်ပြီး ကွင်းထဲရောက်ပြီး (၅) မိနစ်အကြာမှာတင် အသင်းအတွက် အနိုင်ဂိုးကို ဧရိယာအပြင်ဘက်ကနေ ကန်သွင်းယူခဲ့တာပါ။

တကယ်ဆိုရင် ဒီပွဲမတိုင်ခင်မှာ မိုဒရစ်က ရီးရဲလ်မက်ဒရစ်နဲ့ ရာသီကုန်မှာ လမ်းခွဲတော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အန်ဆယ်လော့တီတို့က နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ မိုဒရစ်ကို ကမ်းလှမ်းထားပေမယ့်လည်း ဒီခရိုအေးရှားသားကြီးကတော့ မြက်ခင်းစိမ်းတွေပေါ်မှာ ပြေးလွှားနေချင်တုန်းပါပဲ။

ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာသွားနိုင်ခြေရှိပေမယ့် မိုဒရစ်ကတော့ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအတွက် မမေ့နိုင်စရာ ဂန္တဝင်တစ်ဦးအဖြစ် ရှိနေမှာ သေချာပါတယ်။

“လူတွေက ကျွန်တော့်ကို ပြီးဆုံးသွားပြီ၊ မရတော့ဘူးလို့ ထင်နေပုံပါပဲ” လို့ ဗန်ဒိုက်ချ်က ကာရာဘောင်ဖလားယူအပြီးမှာ ပြောကြားခဲ့...
26/02/2024

“လူတွေက ကျွန်တော့်ကို ပြီးဆုံးသွားပြီ၊ မရတော့ဘူးလို့ ထင်နေပုံပါပဲ” လို့ ဗန်ဒိုက်ချ်က ကာရာဘောင်ဖလားယူအပြီးမှာ ပြောကြားခဲ့ပါတယ်။

လီဗာပူးရဲ့ အကောင်းဆုံးသော ခေါ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့တဲ့ ဗန်ဒိုက်ချ်ဟာ အသင်းရဲ့ ချန်ပီယံလိဂ်အောင်မြင်မှု ခရီးလမ်းမှာ အကောင်းဆုံးဖြစ်ခဲ့သလို ဘလွန်းဒီအော်ဆုကိုပါ စိန်ခေါ်နိုင်တဲ့အထိ ခြေစွမ်းပြခဲ့တာပါ။

ဒါပေမယ့်လည်း နောက်ပိုင်းမှာ ဗန်ဒိုက်ချ်က ခြေစွမ်းကျဆင်းလာခဲ့ပြီး ဒီနယ်သာလန်သားရဲ့ ခြေစွမ်းကို ကောက်ရိုးမီးအဖြစ် ဝေဖန်ခဲ့သူလည်း မနည်းပါဘူး။

ဒီလိုမျိုးတွေ ဝေဖန်ခံနေရသည့်တိုင် ဗန်ဒိုက်ချ်က အသင်းအတွက် အရေးပါတဲ့ ကစားသမားအဖြစ်ရှိနေဆဲဖြစ်ပြီး မနေ့က ချဲလ်ဆီးနဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာလည်း အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။

မနေ့က ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးတို့ လီဗာပူးဂိုးသမား ကယ်လာဟာကြောင့်လည်း အပိုင်အခွင့်အရေး (၅) ကြိမ်လောက်အထိကို ဂ...
26/02/2024

မနေ့က ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးတို့ လီဗာပူးဂိုးသမား ကယ်လာဟာကြောင့်လည်း အပိုင်အခွင့်အရေး (၅) ကြိမ်လောက်အထိကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာ အားလုံးအမြင်ပါ။ ဒီဂိုးသမားလေးက ဝင်ဘလေကွင်းကြီးထဲမှာ ဗိုလ်လုပွဲအရှိန်ကို ကောင်းကောင်းရင်ဆိုင်ပြီး ချဲလ်ဆီးအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ဗိုလ်လုပွဲဆိုပေမယ့် ကလော့ပ်က အရင်ကတည်းက အယ်လစ်ဆန်ကို မသုံးဘဲ ကာရာဘောင်ဖလားမှာ အသုံးပြုနေကျ ကယ်လာဟာကိုပဲ ဆက်သုံးမယ်လို့ ပြောထားတဲ့အတိုင်း ယုံယုံကြည်ကြည်နဲ့ အခွင့်အရေးဆက်ပေးခဲ့တာပါ။

ကယ်လာဟာကလည်း ကလော့ပ်ရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်တဲ့ လက်စွမ်းမျိုးကို ပြသနိုင်ခဲ့ပြီး လီဗာပူးရဲ့ ကာရာဘောင်ဖလား အောင်မြင်မှုမှာ ဒီဂိုးသမားကို မေ့ထားလို့လည်း မရပါဘူး။

မနေ့က ရီးရဲလ်မက်ဒရစ်နဲ့ ဆီဗီလာတို့ရဲ့ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတစ်ခုပါ။ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီကရူးစ်က အဝါ...
26/02/2024

မနေ့က ရီးရဲလ်မက်ဒရစ်နဲ့ ဆီဗီလာတို့ရဲ့ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတစ်ခုပါ။ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီကရူးစ်က အဝါကတ်ထိပြီးတာတောင်မှ ကွင်းလယ်ဒိုင်ကို စောဒကတက်နေဆဲဖြစ်ပြီး အခန့်မသင့်ရင် အနီကတ်ထိသွားနိုင်ခြေတောင်ရှိပါတယ်။

ဒါပေမယ့် ပြိုင်ဘက်အနေနဲ့ ဘာနေဗျူးကို ပြန်ရောက်လာခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ဂန္တဝင်ကြီး ရာမို့စ်က တိုနီကရူးစ်ကို ဖျောင်းဖျဆွဲထုတ်သွားခဲ့ပြီး အခြေအနေကို ထိန်းသိမ်းခဲ့ပါတယ်။

တကယ်တမ်းသာ ရီးရဲလ်မက်ဒရစ် တစ်ယောက်လျော့သွားရင် ဆီဗီလာအတွက် အကျိုးရှိနိုင်ပေမယ့် ရာမို့စ်ကတော့ ကရူးစ်ကို မဖြစ်သင့်တာမဖြစ်ရလေအောင် ဖျန်ဖြေသွားခဲ့တာဖြစ်ပြီး သူ့စိတ်ထဲမှာ အခုချိန်အထိ ရီးရဲလ်မက်ဒရစ်ကစားသမားအဖြစ် ထင်မြင်နေတုန်းပဲလို့ ပရိသတ်တွေက ယူဆနေကြပါတယ်။

ဖူလ်ဟမ်နဲ့ပွဲမှာ ဒဏ်ရာကြောင့် မကစားနိုင်ခဲ့တဲ့ ဟော့ဂျ်လန်းဟာ သူ့သူငယ်ချင်းတယောက်ကို သူနဲ့အတူ ပွဲအတူကြည့်ဖို့ရာ ခေါ်ဆောင်...
25/02/2024

ဖူလ်ဟမ်နဲ့ပွဲမှာ ဒဏ်ရာကြောင့် မကစားနိုင်ခဲ့တဲ့ ဟော့ဂျ်လန်းဟာ သူ့သူငယ်ချင်းတယောက်ကို သူနဲ့အတူ ပွဲအတူကြည့်ဖို့ရာ ခေါ်ဆောင်လာခဲ့ပါတယ်။ 😁😁😁

အာဆင်နယ်ရဲ့ set-piece နည်းပြတဦးဖြစ်တဲ့ နီကိုလပ်စ်ဂျိုဗာကတော့ အသင်းထောင့်ကန်ဘောကနေ ဂိုးသွင်းပြီးချိန်မှာ‌ ပျော်ရွှင်နေတာပ...
25/02/2024

အာဆင်နယ်ရဲ့ set-piece နည်းပြတဦးဖြစ်တဲ့ နီကိုလပ်စ်ဂျိုဗာကတော့ အသင်းထောင့်ကန်ဘောကနေ ဂိုးသွင်းပြီးချိန်မှာ‌ ပျော်ရွှင်နေတာပါ။

ဒီရာသီမှာ အာဆင်နယ်က (ပင်နယ်တီမပါ) ပြစ်ဒဏ်ဘောနဲ့ ထောင့်ကန်ဘောတွေကနေ ၁၃ ဂိုးအထိ သွင်းထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဘယ်အသင်းထက်မဆို ပိုသွင်းထားနိုင်ခဲ့တာပါ။ ညက နယူးကာဆယ်နဲ့ပွဲမှာလည်း သူတို့က ထောင့်ကန်ဘောကနေ ၂ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။

အာဆင်နယ်အတွက်တော့ ထောင့်ကန်ဘောတွေဟာ ပင်နယ်တီရနေသလိုကို ဖြစ်နေပါပြီ။

မနေ့က အန်တိုနီရဲ့ ၂၄ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဒါကြောင့် တန်ဟက်ဂျ်က သူ့ကို ဖူလ်ဟမ်နဲ့ပွဲမှာ မွေးနေ့လက်ဆောင်ပေးခဲ့ပါတယ်...
25/02/2024

မနေ့က အန်တိုနီရဲ့ ၂၄ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။

ဒါကြောင့် တန်ဟက်ဂျ်က သူ့ကို ဖူလ်ဟမ်နဲ့ပွဲမှာ မွေးနေ့လက်ဆောင်ပေးခဲ့ပါတယ်။

အဲဒါကတော့ သူ့ကို စက္ကန့် ၃၀ လောက် ဝင်ကစားခိုင်းခဲ့တာပါ။ 😁😁😁

ဝိန်းရွန်နီ 🗣 အေစီမီလန်နဲ့ကစားရမယ့် ပွဲမတိုင်ခင်မှာ ဖာဂီက အသင်းကိုစကားပြောတာ ကျနော်မှတ်မိတယ်၊ သူက ပါ့ခ်ဂျီဆန်ကိုအဓိကထားပ...
25/02/2024

ဝိန်းရွန်နီ 🗣 အေစီမီလန်နဲ့ကစားရမယ့် ပွဲမတိုင်ခင်မှာ ဖာဂီက အသင်းကိုစကားပြောတာ ကျနော်မှတ်မိတယ်၊ သူက ပါ့ခ်ဂျီဆန်ကိုအဓိကထားပြောခဲ့တာပါ၊ မင်းရဲ့ ဒီနေ့အလုပ်က ဘောလုံးထိစရာမလိုဘူး၊ ပေးပို့နေစရာမလိုဘူး၊ မင်းအလုပ်က ပီယာလိုပဲ၊ မင်းလုပ်ရမှာ အဲဒါပဲတဲ့၊ အဲဒီတုန်းက ပီယာလိုက တပွဲကို ပေးပို့မှု ၁၁၀ ကြိမ်လောက် လုပ်နေတဲ့ကစားသမား၊ အဲဒီထဲက ၆၀-၇၀ လောက်က ခင်ဗျားကို နာကျင်စေမယ့် ပေးပို့မှုတွေ၊ သူ့မှာ လှည့်ကွက်ရှိတယ်၊ နောက်တန်းကနေ သူ့ဆီဘောလုံးရောက်လာချိန်ဆို သူက ရှက်ချန်ကို ဒါမှမဟုတ် ကာကာအတွက် ခင်ဗျားရဲ့ ဗဟိုခံစစ်မှူးတွေခေါင်းပေါ်ကနေ ဘောလုံးပေးမှာ၊ ကျနော်မြင်ဖူးသမျှထဲမှာ အဲလိုပေးတာ ပီယာလိုက အကောင်းဆုံးပဲ၊ ဖာဂီက ပါ့ခ်ကို ထပ်ပြောတာက သူ့ကို မင်း ဘောလုံးပေးခွင့်မပေးနဲ့၊ တကိုက်၊ တစက္ကန့်တောင်မှ မင်း နောက်ကျလို့မရဘူးတဲ့၊ ကျနော့်အထင် အဲဒီပွဲမှာ ပီယာလို ဘောလုံးပေးနိုင်တာ ၄၀ ကြိမ်လောက်ပဲရှိမယ်၊ ၉၅% က သူ နောက်ပြန်ပေးနေရတာ၊ ဘာလို့လဲဆိုတော့ ပါ့ခ်ဂျီဆန်က သူ့ကို မယုံနိုင်စရာကောင်းအောင်ကို ထိန်းချုပ်သွားလို့ပဲ၊ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ တကယ်ချီးကျူးရတဲ့သူပါ၊ အဲဒီညက သူ လုပ်သွားတာက အရမ်းခက်ခဲတဲ့ အလုပ်တခုပါ"

ဒီနေ့တော့ နာမည်ကျော်အာရှသားကြီး ပါ့ခ်ဂျီဆန်ဟာ အသက် ၄၃ နှစ် ပြည့်ခဲ့ပါပြီ။

မနေ့ညက လိုက်ပ်ဇစ်နဲ့ပွဲမှာတော့ ဘိုင်ယန်မြူးနစ်တို့ နိုင်ပွဲပြန်တွေ့ခဲ့ပါတယ်။ လွယ်ကူတဲ့နိုင်ပွဲလားဆိုရင်တော့ မဟုတ်ပါဘူး။ ...
25/02/2024

မနေ့ညက လိုက်ပ်ဇစ်နဲ့ပွဲမှာတော့ ဘိုင်ယန်မြူးနစ်တို့ နိုင်ပွဲပြန်တွေ့ခဲ့ပါတယ်။ လွယ်ကူတဲ့နိုင်ပွဲလားဆိုရင်တော့ မဟုတ်ပါဘူး။ လိုက်ပ်ဇစ်က ဘိုင်ယန်မြူးနစ်ကို ဒုက္ခပေးနေကျအတိုင်း ဒုက္ခပေးခဲ့ပြီး ဟယ်ရီကိန်းရဲ့ နောက်ကျဂိုးကြောင့်သာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဒီပွဲမတိုင်ခင်မှာ ပြိုင်ပွဲစုံ (၃) ပွဲဆက် ရှုံးထားပြီး တူဟယ်လ်ကလည်း ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲဖို့ အတည်တကျဖြစ်လာပါတယ်။ ဒီလိုအနေအထားမျိုးမှာ လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်ရတာက ခက်ခဲလွန်းပါတယ်။

ဟယ်ရီကိန်းက ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ပြန်ချေပခံခဲ့ရပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးမိနစ်မှာ ဟယ်ရီကိန်းကပဲ အနိုင်ဂိုးသွင်းပေးခဲ့ပြီး ဘိုင်ယန်မြူးနစ်တို့ နိုင်ပွဲပြန်တွေ့ခဲ့တာပါ။

ဟယ်ရီကိန်းခမျာလည်း သနားဖို့တော့ကောင်းရှာပါတယ်။ စပါးမှာ ဖလားမရလို့ ဆုဖလားအတွက် ကျိန်းသေတဲ့ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လာခဲ့ပြီးမှ ဘိုင်ယန်မြူးနစ်ကပါ ဖလားလက်မဲ့ဖြစ်ဖို့ နီးစပ်နေလို့ သူ့မှာလည်း ဖိအားတွေရှိနေမှာ သေချာပါတယ်။

နိုင်ပွဲပြန်ရခဲ့ပေမယ့် လေဗာကူဆင်နဲ့တော့ (၈) မှတ်ပြတ်နေဆဲပါပဲ။ အပေါ်ကအသင်း ခြေချော်တာကို စောင့်ရမှာဖြစ်သလို ကိုယ်တိုင်လည်း မမှားဖို့ ဘိုင်ယန်မြူးနစ်တို့ အရေးကြီးနေပါပြီ။

“ကျွန်တော်တို့ အနိုင်ရနိုင်တဲ့၊ နိုင်ခဲ့သင့်တဲ့ပွဲတစ်ပွဲပါ။ အသင်းက ကြီးကျယ်ခမ်းနားတဲ့ စရိုက်လက္ခဏာကို ပြသခဲ့ပါတယ်။ ဒါပေမ...
25/02/2024

“ကျွန်တော်တို့ အနိုင်ရနိုင်တဲ့၊ နိုင်ခဲ့သင့်တဲ့ပွဲတစ်ပွဲပါ။ အသင်းက ကြီးကျယ်ခမ်းနားတဲ့ စရိုက်လက္ခဏာကို ပြသခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းရော၊ ဒုတိယပိုင်းမှာပါ နှစ်ပိုင်းစလုံး ကျွန်တော်တို့ အထနှေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာဆိုရင် ကက်စ်မဲရိုးကို ဆုံးရှုံးလိုက်ရတာက ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ အသင်းက ဟန်ချက်အချို့ကို ဆုံးရှုံးလိုက်ရပြီး အဲ့ဒီအချိန်မှာပဲ ဂိုးပေးရပါတယ်”

“ဒီဂိုးကလည်း မဝင်သင့်တဲ့ဂိုးပါပဲ။ အဲ့ဒီနောက်တော့ ကျွန်တော်တို့ တိုက်ပွဲပြန်ဝင်ခဲ့ပြီး ကောင်းမွန်တဲ့ပုံစံကို ပြသခဲ့တဲ့ အသင်းအတွက်လည်း ကျွန်တော် ချီးကျူးပါတယ်။ ပြီးတော့ ကျွန်တော်တို့ အနိုင်ရလဒ်အတွက် ဆက်လက်တိုက်ပွဲဝင်ပါတယ်။ ဒါပေမယ့်လည်း အဆုံးမှာတော့ ကျွန်တော်တို့ ခြေချော်သွားခဲ့ပါတယ်”

-တန်ဟက်ခ်

ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကတော့ ဖူလ်ဟမ်နဲ့ပွဲက အနေအထားအတွက် ပွဲအပြီးမှာ ရှင်းလင်းခဲ့တာပါ။ ယူနိုက်တက်အတွက် သေချာပေါက် အနိုင်ရလဒ် ယူထားသင့်တဲ့ပွဲဆိုတာ သေချာပါတယ်။

ဒါပေမယ့် ထုံးစံအတိုင်းပဲ မထင်ရင် မထင်သလို ထထဖောက်တတ်တဲ့ ယူနိုက်တက်တို့ လန်ဒန်မြို့ခံအသင်းနဲ့ အတွေ့မှာ ခြေချော်သွားခဲ့ပြီး (၂၀၂၄) ခုနှစ်မှာ ပထမဆုံးအရှုံးရလဒ်ကို မြည်းစမ်းကြည့်ခဲ့ရပါတယ်။

"အသင်းတသင်းအနေနဲ့ ပရိသတ်တွေနဲ့အတူ ဒီဖလားကို ရယူနိုင်ဖို့က ကြီးမားတဲ့ အရာဖြစ်ပါတယ်၊ ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်မယ်ဆိုရင...
24/02/2024

"အသင်းတသင်းအနေနဲ့ ပရိသတ်တွေနဲ့အတူ ဒီဖလားကို ရယူနိုင်ဖို့က ကြီးမားတဲ့ အရာဖြစ်ပါတယ်၊ ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်မယ်ဆိုရင် ဒါက ချန်ပီယံလိဂ်ဖလားကို ရတုန်းကထက် ပိုပြီးတော့ ကြီးကျယ်ခမ်းနားမှာပါ"

- ဘင်ချီဝဲလ်

ဒိုကြီးကို ဒိုလေးအဖေလားလို့ မေးခဲ့ဖူးတဲ့ Speed က ဒီတခါလည်း ဒရော့ဘာကို သွားပြီး ဆေးထိုးခဲ့ပါတယ်။ ရန်ပုံငွေပွဲအပြီးမှာ ဒရေ...
24/02/2024

ဒိုကြီးကို ဒိုလေးအဖေလားလို့ မေးခဲ့ဖူးတဲ့ Speed က ဒီတခါလည်း ဒရော့ဘာကို သွားပြီး ဆေးထိုးခဲ့ပါတယ်။ ရန်ပုံငွေပွဲအပြီးမှာ ဒရော့ဘာနဲ့ နှုတ်ဆက်ပြီး စကားပြောနေခဲ့တာပါ။

Speed 🗣"ခင်ဗျားက ပေါ့ဂ်ဘာရဲ့ အဖေလား"

ဒရော့ဘာ 🗣"မဟုတ်ဘူး၊ ငါက Original ကွ၊ ပေါ့ဂ်ဘာက Copy ၊ သူက ငါ့ညီလေးပါ"

Speed ကတော့ မီဒီယာ Attention ရှာတဲ့နေရာမှာ တော်တော်ဂျွတ်နေပါပြီ။

ဟော့ဂျ်လန်း ဒဏ်ရာကြောင့် ဒီနေ့ကစားမယ့် ဖူလ်ဟမ်နဲ့ပွဲကို လွဲချော်တော့မှာပါ။ ဒါကြောင့် တန်ဟက်ဂျ်က သူ့အသင်းရဲ့ အထောင်တိုက်စ...
24/02/2024

ဟော့ဂျ်လန်း ဒဏ်ရာကြောင့် ဒီနေ့ကစားမယ့် ဖူလ်ဟမ်နဲ့ပွဲကို လွဲချော်တော့မှာပါ။ ဒါကြောင့် တန်ဟက်ဂျ်က သူ့အသင်းရဲ့ အထောင်တိုက်စစ်မှူးနေရာမှာ လူငယ်ကစားသမားလေး‌ ဖော်ဆန်ကို ထည့်သွင်းအသုံးပြုလာဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ ဖော်ဆန်က စီနီယာအသင်းကြီးအတွက် ၁ပွဲကစားပေးဖူးပြီး အင်္ဂလန်လူငယ်အသင်းတွေမှာ ဆက်တိုက်ကစားခဲ့ဖူးသူပါ။ အထောင်တိုက်စစ်နေရာမှာ ရက်ရှ်ဖို့ဒ်ကို အသုံးပြုဖို့ တန်ဟက်ဂျ်က မနှစ်သက်တာကြောင့် ဖော်ဆန်ကို အခွင့်အရေးပေးဖွယ်ရှိနေတာပါ။

၀ုလ်ဗ်ကို ၄-၃ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သူက လူစားဝင်ကစားခဲ့ပြီး ကိုဘီမိုင်နူးရဲ့ အနိုင်ဂိုးအတွက် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

Address


Alerts

Be the first to know and let us send you an email when Goal Trust Sport News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share