Palaung Land

Palaung Land News & Media Page
(6)

လက်နက်ကြီးကျည် ပေါက်ကွဲလို့ ကလေးတစ်ဦး သေ ဆုံးပြီး တစ်ဦးဒဏ်ရာရ၊ အကူအညီလိုအပ်ရံပ်ရို; ၊ Palaung Land ၊ ဖေဖော်ဝါရီ ၇ ရက် ၊ ...
07/03/2024

လက်နက်ကြီးကျည် ပေါက်ကွဲလို့ ကလေးတစ်ဦး သေ ဆုံးပြီး တစ်ဦးဒဏ်ရာရ၊ အကူအညီလိုအပ်

ရံပ်ရို; ၊ Palaung Land ၊ ဖေဖော်ဝါရီ ၇ ရက် ၊ ၂၀၂၄ ခုနှစ်

TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်မှာ မတ်လ ၃ရက်နေက ဆိတ်ကျောင်းတဲ့ ညီအစ်ကို သုံးဦးက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ပေါက်ကွဲလို့ ၁၂ နှစ် အရွယ်ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက “ သားသုံးယောက်လုံးက ဆိတ်သွားကျောင်းတာ အပြန်မှာ အငယ်နှစ်ယောက်ပါမလာတော့ ပြန်လိုက်သွားကြည့်တာ။ ဘယ်လိုထိတာလဲတော့ မသိကြဘူး၊ ဆေးရုံတက်တဲ့ တစ်ယောက်ကို မေးကြည့်တော့ ဆိတ်တွေက ရှေ့ကနေသွားတာ သူတို့ခလုတ်တိုက်ပြီးချော်လဲတာ သတိပြန်ရလာတော့ အကိုက ဘေးမှာ ထိနေပြီလို့ပြောတယ်။ သူတို့ဆော့တာလား ဘာလဲတော့မသိဘူး သူတို့ အင်္ကျီထဲမှာတော့ လက်နက်ကြီးကျည်ခွံတွေ တွေ့တယ် “ လို့ ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် မောင်ထွန်းဝင်း (၁၄)နှစ်မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး အသက် ၁၀ နှစ်အရွယ် မောင်ဌေးဝင်နိုင်ကတော့ အခြေအနေစိုးရိမ်ဒဏ်ရာနဲ့ လားရှိုးဆေးရုံမှာ ဆေကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ မောင်ဌေးဝင်နိုင်ရဲ အဖေဟာ လေဖျန်းနေသလို မိခင်ကလည်း စိတ်ကျန်းမာရေးရောဂါ ခံစားနေရတာကြောင့် မိသားစု စားဝတ်နေရေးကို ညီအစ်ကို သုံးယောက်က ဆိတ်ကျောင်းလို့ ရတဲ့ဝင်ငွေနဲ့ ဖြေရှင်းနေရတာပါ။

နမ္မတူမြို့နယ်မှာ ၂၀၂၄ခုနှစ်က စတင်ပြီး ယနေ့အချိန်ထိ မိုင်းနဲ့ လက်နက်ကြီးကျည်ပေါက်ကွဲလို့ ၁၄နှစ်အရွယ်ကလေးအပါအဝင် နှစ်ဦးသေဆုံးကာ အမျိုးသား၄ဦးနဲ့ ၁၀နှစ်အရွယ်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

#စစ်ကောင်စီ #လက်နက်ကြီး #ကလေး #သေဆုံး #ဆေးရုံ #ရှမ်းမြောက် #နမ္မတူ

စစ်ကောင်စီတပ်က ပိတ်ထားလို့ စစ်ဘေးရှောင်တွေ မြို့ထဲကို ပြန်ဝင်ခွင့်မရသေးPalaung Land ၊ ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၄ ခုနှစ်မိုးမိ...
08/02/2024

စစ်ကောင်စီတပ်က ပိတ်ထားလို့ စစ်ဘေးရှောင်တွေ မြို့ထဲကို ပြန်ဝင်ခွင့်မရသေး

Palaung Land ၊ ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၄ ခုနှစ်

မိုးမိတ်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ရှောင်နေတဲ့ ဒေသခံတွေက နေရပ်ကို ပြန်ချင်ပေမဲ့ စစ်ကောင်စီတပ်က တင်းကြပ်ထားလို့ ပြန်လို့ မရသေးပဲ ဖြစ်နေပါတယ်။

ဇန်နဝါရီလ ၁ရက်နေ့မှာ KIAက မိုးမိတ်မြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့မှာ မြို့တွင်းကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။ အဲ့ဒီတိုက်ပွဲအတွင်း မိုးမိတ်မြို့မဈေး၊ လူနေအိမ်အများအပြား မီးလောက်ပျက်စီးခဲ့သလို ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။

စစ်ကောင်စီတပ်က မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နေအိမ်ကို စားနပ်ရိက္ခာပြန်ယူတဲ့ စစ်ဘေးရှောင်တွေကို ပစ်ခက်တာတွေ၊ ပါတဲ့ရွှေငွေတွေသိမ်းဆည်းတာတွေနဲ့ နေအိမ် ဆိုင်ခန်းဖောက်ထွင်း ပစ္စည်းယူတာ လုပ်ဆောင်နေပြီး ဒေသခံများကို အခုချိန်ထိ နေရပ်ကို ပြန်ခွင့်မပြုသေးဘူးလို့ သိရပါတယ်။

မိုးမိတ်မြို့ ဒေသခံတစ်ဦးက “ပေးကို မဝင်ဘူးဗျ။ ကျွန်တော်တို့ကြားတာက မှတ်ပုံတင်နဲ့ အိမ်ထောက်စုဇယားတို့ပါရင် ပြန်လာနေလို့ရတယ်ပြောတယ်။ အဲ့တာကလည်း မျက်နှာကြီးရာ ဟင်ဖတ်ပါဆိုသလိုပါပဲဗျာ ပိုက်ဆံရှိတဲ့လူတွေကတော့ အိမ်တွေသွားကြည့်တာတို့ ဘာတို့လုပ်လို့ရတယ်။ ကျန်တဲ့ မတတ်နိုင်တဲ့သူတွေကတော့ ဒုက္ခရောက်တာပေါ့ဗျာ” လို့ ပြောပါတယ်။

လက်ရှိမိုးမိတ်ဒေသခံတွေအနေနဲ့ နီးစပ်ရာကျေးရွာတွေနဲ့ အခြားမြို့တွေဆီ ထွက်ပြေးတိမ်းရှောင်နေတာ တစ်လနီးပါးကြာနေပြီဖြစ်ပြီး စောင်နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
“စားရေးသောက်ရေးကတော့ လောလောဆယ်အဆင်ပြေနေသေးတယ်၊ အခုက လိုတာက စောင်နဲ့အနွေးထည်တွေပေါ့ တချို့က အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်လာတာဆိုတော့လေ” လို့ သူကပြောပါတယ်။

ဒေသခံတွေအနေနဲ့ အနေရပ်ကို အမြန်ဆုံးပြန်ချင်နေကြပေမဲ့ စစ်ကောင်စီတပ်က မြို့တွင်းဝင်ခွင့်ကို တင်းကြပ်းထားတာကြောင့် အခက်တွေ့နေသလို တစ်ဖက်မှာလည်း သူခိုးတွေ အိမ်ဖောက် ပစ္စည်းယူတာတွေလုပ်ဆောင်နေပါတယ်။

#စစ်ကောင်စီ #မိုးမိတ်မြို့ #စစ်ဘေးရှောင် #မီးလောင်ပျက်စီး

မြေပိုင်ဆိုင်မှုပြဿနာဖြစ်ပွားတဲ့ မြေနေရာတွေကို ဖြေရှင်းခြင်းမပြုသေးပဲ TNLAမှ တာဝန်ရှိသူတစ်ချို့ သိမ်းပိုက်တာတွေ လုပ်ဆောင...
07/02/2024

မြေပိုင်ဆိုင်မှုပြဿနာဖြစ်ပွားတဲ့ မြေနေရာတွေကို ဖြေရှင်းခြင်းမပြုသေးပဲ TNLAမှ တာဝန်ရှိသူတစ်ချို့ သိမ်းပိုက်တာတွေ လုပ်ဆောင်နေ

ရံပ်ရို; ၊ Palaung Land ၊ ဇန်နဝါရီလ ၇ ရက်၊ ၂၀၂၄ ခုနှစ်

ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ် မိုင်းဝီးနဲ့ ပန်ဟန်ကြီးကျေးရွာကြားရှိ မြေယာပိုင်ဆိုင်မှုပြဿနာဖြစ်ပွားနေတဲ့ မြေနေရာများကို TNLAမှ ခေါင်းဆောင်တစ်ချို့နဲ့ မိုင်းဝီးမှ ကျေးရွာတာဝန်ရှိသူများပူးပေါင်းကာ အိမ်ကွက် အသစ်များ ဖော်ပြီး ရောင်းစားနေကြတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်မှာ ပန်ဟန်ကြီးနဲ့ မိုင်းဝီးကျေးရွာတို့ ရွာပိုင်မြေအငြင်းအပွား ပြဿနာဖြစ်ပွားခဲ့ကြပြီး ၎င်းပြဿနာကို ဖြေရှင်းခြင်းမရှိသေးပဲ စခန်းသိမ်းတိုက်ပွဲများ ဖြစ်ပွားပြီးနောက် TNLAခေါင်းဆောင်တစ်ချို့က မိုင်းဝီးမှ တာဝန်ရှိသူများနဲ့ ပူးပေါင်းကာ ၎င်းမြေများပေါ်မှာ အိမ်ကွက်ဖော်ပြီး ရောင်းချနေကြတာပဲ ဖြစ်ပါတယ်။

ပန်ဟန်ကျေးရွာမှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက “စခန်းသိမ်းပြီးနောက်မှာ ကျွန်တော်တို့က TNLA ဖက်က အုပ်ချုပ်ရေးယန္တရာ ဖွဲ့ပြီးမှ မိုင်းဝီးနဲ့ ကျနော်တို့ ပြဿနာ မဖြစ်အောင် သူတို့ကို ဖြေရှင်းခိုင်းမယ်ပေါ့။ သူတို့က အဲလို မဟုတ်ဘဲ ထင်းတွေဖြတ်တာ။ ကျနော်တို့ စစ်သားတွေရော မိုင်းဝီးအုပ်ချူပ်ရေးမှူးတွေရော လိုက်ကြည့်တာ အကုန်ပါတယ်။ မနေ့တုန်းက သူတို့ဆီ ဆင်းသွာတော့ မေးကြည့်တယ်။ သူတို့က အထက်က လူကြီးတွေသိမ်း ခိုင်းတယ် ဆိုပြီးပြောတယ်” လို့ ပြောပါတယ်။

အဆိုပါမြေနေရာများကို သိမ်းချိန်မှာ ပန်ဟန်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့များကို တစ်စုံတစ်ရာအသိပေးခြင်း မရှိသလို အိမ်ကွက်ရိုက်ပြီး နေရာကောင်းများကို TNLAမှ ခေါင်းဆောင်တချို့မှ ပိုင်ဆိုင်ထားတာကိုလည်း တွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။

“အထက်က သိမ်းတယ်ဆိုလဲ ကျနော်တို့ ပန်ဟန်ကြီး အုပ်ချုပ်ရေးမှူးတွေကို အသိပေးရမယ်လေ။ ကျွန်တော်တို့ရဲ့ မြေယာတွေလေ။ အခုကသိမ်းပြီးတဲ့ အပြင် ထင်းတွေခုတ်ပြီး အိမ်ကွတ်တွေတောင် ရိုတ်ကုန်ပြီ။ မိုင်းဝီးက လူတွေကိုမေးတော့ အိမ်ကွတ်တွေ အကုန်ပိုင်ရှင်ရှိပြီ။ လှတဲ့နေရာမှာဆို တာဝန်ထမ်းဆောင်တဲ့ အရာရှိတွေ အကုန်ယူထားပြီ” လို့ ပြောပါတယ်။

အခုလို မြေသိမ်းတာဟာ TNLAရဲ့ အထက်က သိမ်းတဲ့ပုံစံနဲ့ မတူပဲ အောက်မှာရှိတဲ့ တာဝန်ရှိသူတွေကပဲ လုပ်ဆောင်နေတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ၎င်းမြေသိမ်းတဲ့ကိစ္စကို သွားရောက်မေးမြန်းစုံးစမ်းချိန်မှာလည်း ခြိမ်းခြောက်ပြောဆိုတာမျိုး လုပ်တာခံခဲ့ရတယ်လို့လည်းဆိုပါတယ်။

အထက်ပါအမျိုုးသားက ကျွန်တော်တို့ အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေကြတာဖြစ်လို့ ခုလိုအာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေနဲ့ အနိုင်ကျင့်တာမျိုး မလုပ်ဆောင်သင့်ဘူးလို့ သူကဆက်ပြောပါတယ်။

လက်ရှိအချိန်မှာ တအာင်းတပ်မတော် (TNLA)အနေနဲ့ ရှမ်းမြောက်အတွင်းက မြို့ ၇ ခုကို သိမ်းပိုက်ထားပြီး အဲ့ဒီမြို့တွေမှာ ၎င်းတို့ အုပ်ချုပ်ရေး ယန္တရားများနဲ့ အစားထိုးအုပ်ချုပ်လာနေပါတယ်။

စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းတွေကို TNLAက ရှင်းလင်းပြီးပေမဲ့ ခရီးသွားလာဖို့ ခက်ခဲနေဆဲရံပ်ရို; ၊ Palaung Land ၊ ဇန်နဝ...
06/02/2024

စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းတွေကို TNLAက ရှင်းလင်းပြီးပေမဲ့ ခရီးသွားလာဖို့ ခက်ခဲနေဆဲ

ရံပ်ရို; ၊ Palaung Land ၊ ဇန်နဝါရီလ ၆ ရက်၊ ၂၀၂၄ ခုနှစ်

ရှမ်းမြောက်၊ နမ္မတူ နဲ့ သိပေါမြို့ကို ဆက်သွယ်ထားတဲ့ မိုးတေတံတားမှာ စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မိုင်းကို TNLA တပ်က ဖေဖော်ဝါရီလ ၄ရက်နေ့မှာ ရှင်းလင်းပေးခဲ့ပေမဲ့ သီပေါမြို့ရှိ စစ်ကောင်စီတပ်က ကုန်စည် သယ်ယူမှုကို ကန့်သတ်ထားပြီး စစ်ဆေးမေးမြန်းမှု တင်းကြပ်လို့ ခရီးသွားလာဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ် ၅၀၃၊ ၅၀၄ ဂိတ်နှင့် ၂၃ ရဲတပ်ဖွဲ့ ဂိတ်တို့က ခရီးသွားပြည်သူများနဲ့ ကုန်သည်တွေကို စားသောက်ကုန် သယ်ယူတာတွေ ကန့်သတ်ထားတယ်လို့ ဈေးသည် အမျိုးသားတစ်ဦးက အခုလိုပြောပြပါတယ်။

“ကုန် အဝင်တွေက အကုန်ရတယ်။ အထွက်ကတော့ စားသောက်ကုန်မှန်သမျှ ထွက်လို့မရဘူး။ ဈေးသည်တောင်မှ ကျနော်လက်တွေ့ အသားအများကြီးသယ်လို့မရဘူ။ ကြက်တောင် တစ်ကောင် နှစ်ကောင် အာဏာကုန် သုံးကောင်ဘဲ သယ်လို့ရတာ။ မနေ့က ကျွန်တော် ခုနှစ်ကောင်ပါသွားတာ ၂၃ က ရဲတွေ ရစ်ပြီး။ ဝက်သားဆိုလဲ တင်လို့မရဘူး” လို့ ပြောပါတယ်။

မိုးတေတံတားမှာ စစ်ကောင်စီတပ်ကထောင်ထားတဲ့ မိုင်းတွေကို TNLA တပ်က ရှင်းလင်းပြီးနောက် ဖြတ်သန်းသွားလာတဲ့ ခရီသည်တွေ အရင်ကထက်ပိုများလာပေမဲ့ စစ်ဆေးမေးမြန်းတာတွေ စစ်ကောင်စီတပ်က တင်းကြပ်ထားလို့ အခက်ခဲတွေ ဖြစ်နေတယ်လို့ အဲ့ဒီဒေသမှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“မနေ့ကနေစပြီး ပေးသွားပြီ။ ဒါပေမဲ့ နည်းနည်း ဟင်းဖိုးသဘော အနေနဲ့ ဗမာစစ်သားနဲ့ ရှမ်းစစ်သားတွေ ယူတာတော့ ရှိတယ်။ TNLA က မိုင်းတွေဖြုတ်ပြီး စိတ်ချရတယ် ဆိုပေမဲ့ ၂၃ ဂိတ် မှာတော့ တော်တော်စစ်တယ်။ ဆန်၊ ဆီ၊ ဆား၊ ဆေး၊ ဘွတ်ဖိနပ်နဲ့ ဓါတ်ဆီ လုံးဝပေးမတင်ဘူး။ ထော်လာဂျီ တစ်စီးကို ဒီဇယ် တစ်ပုံးပေးတင်ပါတယ်။ အသွားအလာ ကတော့ အရင်ကထက်စာရင် များလာပါတယ်။ လိုအပ်တာမျိုးမရှိရင် ဘယ်သူမှ သိပ်မသွားဘူး” လို့ ပြောပါတယ်။

၎င်းမိုးတေတံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်စီးပြီး မိုင်းထောင်ထားတာကြောင့် ဇန်နဝါရီလအတွင်း ထော်လာဂျီတစ်စီးနဲ့ ခရီးသည်ကားတစ်စီးထိခိုက်ပျက်စီးခဲ့သလို ယာဉ်မောင်းတစ်ဦး ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

#စစ်ကောင်စီ #မြေမြုပ်မိုင်း #မိုးတေတ့တား #နမ္မတူ #ကုန်စည် #ခရီးသည်

TNLAရဲ့ တပ်သားသစ်စုဆောင်းမှုမှာ ကျောင်းနေအရွယ်ကလေးတွေ ပါဝင်နေNaw NC ၊ Palaung Land ၊ ဖေဖော်ဝါရီလ ၆ရက်၊ ၂၀၂၄ ခုနှစ်တအာင်း...
06/02/2024

TNLAရဲ့ တပ်သားသစ်စုဆောင်းမှုမှာ ကျောင်းနေအရွယ်ကလေးတွေ ပါဝင်နေ

Naw NC ၊ Palaung Land ၊ ဖေဖော်ဝါရီလ ၆ရက်၊ ၂၀၂၄ ခုနှစ်

တအာင်းတပ်မတော် (TNLA)ဟာ ၎င်းတို့ ထိန်းချုပ်ထားတဲ့ နမ္မတူ၊ မန်တုံ၊ နမ့်ခမ်းနဲ့ နမ့်ဆန်တွေမှာ စစ်မှုထမ်းဖို့ လူငယ်တွေ အများအပြား တပ်သား စုဆောင်းတာတွေ လုပ်ဆောင်နေပြီး အဲ့ဒီအထဲမှာ ကျောင်းနေ အရွယ်ကလေးတွေလဲ ပါဝင်နေတာ တွေ့ရပါတယ်။

တပ်သားသစ်စုဆောင်းခံရတဲ့ စာရင်းတွေထဲမှာ တအာင်းအမျိုးသားပညာရေးကော်မတီ (TNEC)က ကျောင်းသားအချို့လဲ ပါဝင်ပြီး ကျောင်းအနေနဲ့ တတ်နိုင်သလောက် ဖြေရှင်းဆောင်ရွက်ပေးတာတွေ ရှိတယ်လို့ TNECမှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

“TNEC မှာ ကျောင်းတက်နေတဲ့ ကျောင်းသား မှန်လျှင် သက်ဆိုင်ရာ ကျောင်းအုပ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အချက်အလက်နှင့်တကွ တင်ပြပြီး ကလေးတွေရဲ့ စာသင်နှစ်အပြီးထိ ပညာသင်လို့ရအောင် လုပ်ဆောင်ပေးတာရှိပါတယ်” လို့ ပြောပါတယ်။

တချို့သော တအာင်းမိဘပြည်သူတွေဟာ အသက်ပြည့်ပြီးတဲ့ မွေးချင်းတွေကို စစ်မှုထမ်းတဲ့ စာရင်းထဲ မထည့်ဘဲ ကျောင်းတက်နေတဲ့ ကလေးတွေရဲ့ အမည်စာရင်းကို ထည့်သွင်းပြီး ကာဗာယူတာမျိုး အများအပြားတွေ့ရပါတယ် ဒီလိုဖြစ်စဉ်တွေဟာ ကျောင်းသားတွေတင်မကပဲ ဆရာ၊ဆရာမ တွေမှာလည်း တွေ့နေရတယ်လို့ တအာင်း အမျိုးသား ပညာရေး ကော်မတီမ(TNEC)မှ တာဝန်ရှိသူ တစ်ဦးက ခုလို ဆက်ပြောပါတယ်။

“တချို့ ကလေးတွေက အမှန်တကယ် ကျောင်းတက်လိုတဲ့ ဆန္ဒနဲ့မဟုတ်ဘဲ စစ်မှုထမ်းရမှာစိုးရိမ်လို့ ကျောင်းတက်လိုက်တာတို့ ရှိတာပေါ့။ အဲ့တာမျိုးတွေကိုတော့ မြေပြင်မှာရှိတဲ့ ကျောင်းအုပ်တွေ ကျောင်းကော်မတီတွေနဲ့ အခြေနေကို သုံးသပ်ပြီးမှ လုပ်ဆောင်နေတယ်”လို့ ပြောပါတယ်။

ကျောင်းနေအရွယ် ကလေးတွေကို ပညာရေးဆုံးခန်းတိုင်အောင် ပညာသင်ကြားခွင့်ရစေချင်သလို ပညာတတ်လူငယ်တွေ ပေါ်ထွန်းလာမှ အဖက်ဖက်က ဖွံဖြိုးတိုးတက်လာနိုင်မှာဖြစ်လို့ မိဘပြည်သူနဲ့ အတူ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း ကူညီပံ့ပိုးတာတွေ လုပ်ဆောင်ပေးဖို့ သူက တောင်းဆိုထားပါတယ်။

“လူငယ်တွေ ပညာရေး အားကောင်းအောင် မိဘအသိုင်းအဝိုင်းနဲ့ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့တွေက ပံ့ပိုးစေချင်တယ် မိဘတွေ အနေနဲ့လည်း ကျောင်းတက်နေတဲ့ ကလေးတွေကို စစ်မှုထမ်းတဲ့စာရင်းထဲ မထည့်ဖို့လည်း ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။

၎င်းကိစ္စနဲ့ ပတ်သက်ပြီး TNLAမှ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

PSLF/TNLAက ၎င်းတို့ ထိန်းချုပ် နယ်မြေအတွင်း ကျင့်သုံးမည့် စစ်မှုထမ်းခြင်း ဆိုင်ရာ မူပေါ်လစီကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ အသက်၁၆နှစ်ပြည့်ပြီး ကျန်းမာရေး ကောင်းမွန်သူတွေအနေနဲ့ စစ်မှုထမ်းရမှာ ဖြစ်ပြီး မိသားစုတစ်ခုမှာ ညီအကို ၂ဦးနဲ့အထက်ရှိပါက တစ်ဦးက မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ ဖော်ပြထားပါတယ်။

#တပ်သားသစ်စုဆောင်းရေး #ထိန်းချုပ်နယ်မြေ #ရှမ်းမြောက် #ကျောင်းသား

နမ့်ဆန်မှာ လက်နက်ကြီး‌ကျည်ပေါက်ကွဲလို့ ကလေးသုံးဦး သေဆုံးရံပ်ရို; ၊ Palaung Land ၊ ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ် ရှမ်မြောက...
02/02/2024

နမ့်ဆန်မှာ လက်နက်ကြီး‌ကျည်ပေါက်ကွဲလို့ ကလေးသုံးဦး သေဆုံး

ရံပ်ရို; ၊ Palaung Land ၊ ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်

ရှမ်မြောက် နမ့်ဆန်မြို့ ဇယန်းကြီးကျေးရွာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ဆော့ကစားလို့ ပေါက်ကွဲပြီး ၆နှစ်အရွယ် ကလေးအပါအဝင် ကလေး ၃ ဦး အသက်ဆုံးရှုူံးခဲ့ရပါတယ်။

ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) နံနက် ၉နာရီကျော်ခန့်မှာ ကလေးငယ် ၃ ဦး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ဆော့ကစားရာ ပေါက်ကွဲမှုဖြစ်ပွားပြီး နေရာတွင် ပွဲချင်းပြီး ၂ ဦးသေဆုံးကာ ကျန် ၁ ဦးဟာ နောက်နာရီဝက်ခန့်အကြာမှာ ထပ်မံသေဆုံးခဲ့ပါတယ်။

၎င်းကို အိမ်နီးချင်းအမျိုးသားတစ် ဦးက “၉နာရီခွဲ ၁၀နာရီလောက်မှာ သူတို့က အနောက်မှာ ပန်ကာပါတဲ့ လက်နက်ကြီးလား ၁၀၅ မမလား မသိဘူး။ ဘယ်သူမှ မမြင်ကြဘူး။ သူတို့က ကောက်လာပြီးလာထုတာ ထင်တယ်။၃ယောက်ဝိုင်းထုနေကြတာ။ ၂ယောက်ကတော့ အဲမှာ ပွဲချင်းပြီး သေသွားတယ်။ တယောက်ကတော့ အသက်ကယ်ဆေးထို့ပြီး သူအိမ်မှာ ပြန်ပို့ပေးလိုက်တယ်။ တစ်ကိုယ်လုံးမှာလဲ မိုင်းစတွေဘဲ” လို့ ပြောပါတယ်။

နမ့်ဆန်မြို့မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးကလည်း ”မိုင်းလို့ ယူးဆရတဲ့အရာကို သူတို့က ယူဆော့တာ။ အဲ့တာနဲ့ ထပေါက်တာ။ ထိတာတော့ ၃ယောက်။ နှစ်ယောက်ကတော့ အဲ့နေရာမှာ သေသွားတာ။ တစ်ယောက်ကတော့ ကျွန်တော်တို့ ဆေးရုံပို့ဖို့ လုပ်တုန်းမှာ သေသွားတာ။” လို့ ပြောပြပါတယ်။

ထိခိုက်သေဆုံးသူများမှာ မောင်နေမင်းအောင် (၆) နှစ်၊ မောင်လှိုင်မင်းအောင်(၁၀)နှစ် နဲ့ မောင်အောင်ကျော်ဇော်(၁၁) နှစ် တို့ဖြစ်ပါတယ်။

နမ့်ဆန်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်ကျန် လက်နက်တွေကို ရှာရင်း မြေမြိုပ်မိုင်းနင်းမိလို့ ဒေသခံလူငယ်တစ်ဦိး ခြေတစ်ဖက် ဖြတ်လိုက်ရပါတယ်။

#မြေမြုပ်မိုင်း #ကလေး #နမ့်ဆန်မြို့ #ထိခိုက်သေဆုံး #လက်နက်ကြီး

မိုးမိတ်မြို့မှာ စားနပ်ရိက္ခာပြန်ယူတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးငွေတောင်းPalaung Land ၊ ဖေဖော်ဝါရီလ ၁ ရက...
01/02/2024

မိုးမိတ်မြို့မှာ စားနပ်ရိက္ခာပြန်ယူတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးငွေတောင်း

Palaung Land ၊ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၄ ခုနှစ်

မိုးမိတ်မြို့မှာ စာနပ်ရိက္ခာပြန်ယူတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေလုပ်ဆောင်နေပြီး မြို့တွင်းရှိ နေအိမ်နှင့် ဆိုင်ခန်းများဖောက်ထွင်းကာ ပစ္စည်းတွေ ယူဆောင်တာမျိုးလုပ်ဆောင်နေပါတယ်။

မြို့ထဲကို စားနပ်ရိက္ခာပြန်ယူတဲ့ ဒေသခံတွေ ဖမ်းဆီးနှိပ်စက်တာ၊ ပစ်ခက်သတ်ပစ်တာတွေဟာ စစ်ကောင်စီတပ်က မြို့ကိုပြန်လည်ထိန်းချုပ်ထားပြီးနောက်ပိုင်း ပိုအဖြစ်များလာတယ်လို့ မိုးမိတ်မြို့တွင် နေထိုင်သူအမျိုးသားတစ်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂ရက်လောက်ပဲ ရွာတော်လေးက တစ်ယောက်ပြန်သွားတာ ဖမ်းမိတော့တောင်းပန်တာလဲမရဘူး သူ့ပေါင်ကို ပစ်လိုက်တာ အဲ့ဒါလည်း ၁၀သိန်းနဲ့ ပြန်ရွေးရတယ်ပြောတယ်။ ၂၇ရက်နေ့နောက်ပိုင်းမှာ အသတ်ခံရတာတွေများတာ ရွှေခေတ်ရေခဲမုန့်ဆိုင်က သူ့သားနဲ့ မိန်းမလဲ အသတ်ခံရတယ်ကြားတယ် တိတိကျကျတော့ မသိသေးဘူး” လို့ ပြောပါတယ်။

မြို့တွင်းနေအိမ်ဖောက်ပြီး ပစ္စည်းယူတာတွေ၊ မြို့တွင်းကဆိုင်တွေဖောက်ပြီး ပစ္စည်းယူတာတွေ စစ်ကောင်စီတပ်က လုပ်ဆောင်နေတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

“သူတို့(စစ်ကောင်စီ)ထိန်းချုပ်ပြီးနောက်မှာပဲ မြို့တွင်း ဆိုင်ကယ်ဆိုင်က ဆိုင်ကယ်အစီးရေ ၈၀ကျော် တပ်က ယူဆောင်သွားတယ်။ အိမ်တွေဖောက်ပြီး ပစ္စည်းတွေယူပြီး မီးရှို့တာတွေ လုပ်ဆောင်နေတာ” လို့ ပြောပါတယ်။

မိုးမိတ်ဒေသခံများအနေနဲ့ မိုးကုတ်၊ မန္တလေး၊ ပြင်ဦးလွင် စတဲ့မြို့တွေနဲ့ ဘေးလွတ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေကြရပြီး မြို့ထဲကိုတော့ စစ်ကောင်စီတပ်က ဝင်ရောက်ခွင့် ပိတ်ပင်ထားတယ်လို့ျျ သိရပါတယ်။

မိုးမိတ်မြို့နယ်မှာ KIA ၊ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တစ်လနီးပါကြားတိုက်ပွဲအတွင်း မိုးမိတ်မြို့မဈေးနဲ့ လူနေအိမ် ၁၀၀မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

#မိုးမိတ်မြို့ #စစ်ကောင်စီ #နေအိမ်မီးရှို့ #ဒေသခံ #သေဆုံး

လားရှိူး - နမ္မတူ လိုင်းကားပြေးဆွဲတဲ့ ကားသမားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက် ဖြတ်လိုက်ရNaw NC ၊ Palaung Land ၊ ဇန်နဝါရီ...
31/01/2024

လားရှိူး - နမ္မတူ လိုင်းကားပြေးဆွဲတဲ့ ကားသမားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက် ဖြတ်လိုက်ရ

Naw NC ၊ Palaung Land ၊ ဇန်နဝါရီလ ၃၁ရက်၊ ၂၀၂၄ ခုနှစ်

ရှမ်းမြောက်၊ လားရှိူးမြို့ ၊ နမ့်တွန်ချောင်းအနီးမှာ လားရှိူး - နမ္မတူ လိုင်းကား ပြေးဆွဲနေတဲ့ ကားသမားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ဖြတ်လိုက်ရလို့ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ရက်နေ့မှာ လားရှိုးကနေ နမ္မတူကိုသွားတဲ့အချိန် နမ့်တွန်ချောင်းအနီးမှာ ကိုတူး(အမည်လွဲ)မောင်းနှင်လာတဲ့ကားဟာ မြေမြုပ်မိုင်းကိုနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ကိုတူး(အမည်လွဲ)နဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စဖြစ်တဲ့ အချိန်တော့ မသိဘူး သူဟိုပိတ် လမ်းကနေ ပြန်သွားတာ နမ့်တွန်ချောင်း ရောက်တော့ ပေါက်ကွဲပြီး သူ့ကား အရင်ထိတယ် အင်ဂျင် ထိတာ သူ့ကား မီးခိုးထွက်တော့ မီးလောင်မှာစိုးတာနဲ့ ကားပြင်ထွက်လိုက်တယ် အပြင်ရောက်တော့ နောက်တလုံး ထပ်နင်းမိပြီး ပေါက်ကွဲတယ် သူ့ဘယ်ခြေထောက်နဲ့ ခေါင်းနဲနဲထိပါတယ် သူဖြစ်တဲ့အချိန် ခရီးသည် မပါဘူး သူတစ်ယောက်တည်းပါဘဲ” လို့ ပြောပါတယ်။
အသက် ၃၅နှစ်အရွယ်ရှိ ကိုတူး(အမည်လွှဲ)ဟာ မိသားစုဝင် ၅ဦးကို ရှာဖွေကျွေးမွေးနေတဲ့ အိမ်ထောင်ဦးစီးတစ်ဦး ဖြစ်ပါတယ်။ ကိုတူးဟာ အလုပ်အကိုင် အဆင်မပြေမှုကြောင့် လိုင်းကားပြေးဆွဲတဲ့အလုပ်ကို ပြောင်းလဲလုပ်ကိုင်တာ မကြာသေးခင်မှာပဲ အခုလိုမိုင်းထိသွားတာလို့ လည်း ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ ကိုတူးဟာ လားရှိူးပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ICRC အဖွဲ့နဲ့ တအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့မှ ဆေးရုံစားရိတ်နဲ့ ချိုင့်ထောင့် ကူညီပေးထားတာရှိတယ်လို့ သိရပါတယ်။

နမ္မတူနဲ့ လားရှိုးမြို့ကို အဓိကဆက်သွယ်ထားတဲ့ အီနိုင်းတံတား မိုင်းခွဲဖျက်စီးခံရပြီးနောက်ပိုင်း ခရီးသွားကားများအနေနဲ့ နမ့်တွန်ချောင်းလမ်း(ကွင်းလမ်း)ကို အသုံးပြုသွားလာနေရပြီး ၎င်းမိုင်းပေါက်ကွဲပြီးနောက်ပိုင်း အီနိုင်းလမ်းပိုင်းကို ပြန်လည်အသုံးပြုနေပြီး အီနိုင်းချောင်းတွင် ကားပြောင်းပြီး ခရီးသွားနေရတယ်လို့ သိရပါတယ်။

#မြေမြုပ်မိုင်း #လားရှိုး #ခရီးသည်ဝန်ဆောင်မှု #အီနိုင်းတံတား

နမ္မတူမှာ ဝါးခုတ်သွားတဲ့ ဒေသခံတစ်ဦး မိုင်းနင်းမိလို့ အပြင်းအထန်ဒဏ်ရာရရံပ်ရို; ၊ Palaung Land ၊ ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ ခု...
31/01/2024

နမ္မတူမှာ ဝါးခုတ်သွားတဲ့ ဒေသခံတစ်ဦး မိုင်းနင်းမိလို့ အပြင်းအထန်ဒဏ်ရာရ

ရံပ်ရို; ၊ Palaung Land ၊ ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ခိုဖိတ်ကျေးရွာသား မောင်အိုက်ဟန်ဟာ ရွာအထွက် သစ်တော ကြိုးဝိုင်းအနီးရှိ ဝါးရုံတောတွင် ဝါးခုတ်ဖို့သွားချိန် မြေမြုပ်မိုင်းနင်းမိလို့ ညာဘက်ခြေထောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ရက်နေ့ နံနက် ၈နာရီ အချိန်မှာ မောင်အိုက်ဟန်ဟာ မိသားစုနှင့်အတူ ရွာအထွက်ရှိ ဝါးရုံတောမှာ ဝါးသွားခုတ်ရန်သွားတဲ့အချိန် မိုင်းနင်းမိတာ ဖြစ်တယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“သူတို့ သား အမိ ၃ယောက် က ရွာအထွက် မြောက်ဘက်လောက်မှာရှိတဲ့ သစ်တော ကြိုးဝိုင်းဘက်က ဝါးရုံတောထဲ ဝါးခုတ်ဖို့ သွားတာ အဲ့မှာ သူမိုင်းနင်းမိပြီး သူ့ရဲ့ ညာဘက် ခြေထောက် ထိခိုက်သွားတယ် သူ့မိန်းမနဲ့ ကလေးကတော့ မထိဘူး သူတို့က ဝါးခုတ်ပြီး ဝါးကပ်နဲ့ ပလိုင်းယက်ပြီး ရောင်းဖို့ပေါ့” လို့ ပြောပါတယ်။

မောင်အိုက်ဟန်ဟာ မိသားစုဝင် ၄ဦးကို တောင်သူအလုပ်နဲ့ ရှာဖွေကျွေးမွေးနေရတဲ့ အိမ်ထောင်ဦးစီးတစ်ဦးဖြစ်ပြီး မိသားစုနဲ့အတူ ဝါးပလိုင်းယက်ပြီး ရောင်းတဲ့ အလုပ်ကို လုပ်ကိုင်ကြပါတယ်။

TNLA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း ၎င်းဝါးရုံတောတွင် လက်ကျန်မြေမြုပ်မိုင်းများ ရှင်းလင်းထားခြင်းမရှိသေးတာကြောင့် မကြာခဏ မိုင်းပေါက်ကွဲသံများကြားနေရသလို ပြီးခဲ့တဲ့ ၂လ အတွင်းမှာပဲ မိုင်းနင်းမိသူ ဦးရေ ၄ ဦးခန့် ရှိခဲ့ပြီလို့ သိရပါတယ်။

#မြေမြုပ်မိုင်း #ဝါးခုတ်ခြင်း #ဒေသခံ #နမ္မတူမြို့

တံမြတ်စည်း ခုတ်တဲ့ သားအမိသုံးယောက် မိုင်းနင်းမိလို့ ၁၂နှစ်အရွယ်ကလေးငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာရရံပ်ရို; ၊ Palaung Land ၊ ဇ...
30/01/2024

တံမြတ်စည်း ခုတ်တဲ့ သားအမိသုံးယောက် မိုင်းနင်းမိလို့ ၁၂နှစ်အရွယ်ကလေးငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာရ

ရံပ်ရို; ၊ Palaung Land ၊ ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်တွန်းရွာမှာ သားအမိသုံး‌ယောက် တံမြတ်စည်းပင် သွားခုတ်ရင်း မြေမြုပ်မိုင်းနင်းမိပြီး မိခင်ဖြစ်သူ ခြေထောက်ပျက်ပြီး သမီးဖြစ်သူ မျက်နှာတွင် ဒဏ်ရာအပြင်းအထန်ရခဲ့‌ပါတယ်။

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၄ရက် ညနေ ၃နာရီခန့်မှာ အသက် ၅၀အရွယ် ဒေါ်နန်း‌ဌေး နှင့် ၁၂နှစ်အရွယ် သမီးဖြစ်သူ မအေးလင်းတို့ ကျေးဇူးတော်ရွာသစ် အနီးရှိ တံမြတ်စည်းပင်သွားခုတ်ရင်း မိုင်းနင်းမိ‌တာ ဖြစ်တယ်လို့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

" သူတို့က တောထဲမှာ တံမြတ်စည်းသွားခုတ်တာ သူတို့သုံးယာက်ပေါ့။ အမေက အရင်မိုင်းတက်နင်းမိတယ်။ သမီးကိုထိတယ်။ နောက်တစ်ယာက်ကိုထိတယ်။ နည်းနည်းလေးဘဲ‌ပေါ့။ သမီးက အများကြီးထိတာပေါ့။ မျက်နှာတစ်ခုလုံးပျက်သွားတာ။ ပြီးတော့ အခု မျက်လုံး တစ်ဖက်မမြင်ရတော့ဘူး။ အမေကတော့ ဒူးထိတယ် ဆေးရုံရောက်တော့ ဒူးအပါ်ထိ ဖြတ်လိုက်ရတယ်" လို့ ပြောပါတယ်။

မိုင်းထိလူနာအမျိုးသမီးမှာ ၁၂ နှစ်၊ ၇နှစ်အရွယ်သမီးနှစ်‌ယောက်နဲ့ အဆုပ်ရာဂါသည် အမျိုးသားကို တောင်ယာလုပ်ကိုင်ရင်း ရှာဖွေ‌‌ကျွေးမွေးပြုစု‌နေရလို့ အကူအညီ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

နမ့်တွန်းရွာကို သွားတဲ့လမ်းကိုလည်း စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာလို့ မရအောင် တူးပြီးဖျက်စီးထားသလို ADတံတားမှာလည်း စစ်ကောင်စီတပ်က တပ်ဆွဲထားတယ်လို့ သိရပါတယ်။

#မြေမြုပ်မိုင်း #လားရှိုး ံတား #စစ်ကောင်စီ #ဒေသခံ

မျက်ကန်းမျိုးချစ်နဲ့ နယ်မြေချဲ့ထွင်ရေးဝါဒကို ဆန့်ကျင်တဲ့ မိတ်ဆွေများနဲ့ ပူး‌ပေါင်းမယ်လို့ SSPP ပြောPalaung Land ၊ ဇန်နဝါ...
30/01/2024

မျက်ကန်းမျိုးချစ်နဲ့ နယ်မြေချဲ့ထွင်ရေးဝါဒကို ဆန့်ကျင်တဲ့ မိတ်ဆွေများနဲ့ ပူး‌ပေါင်းမယ်လို့ SSPP ပြော

Palaung Land ၊ ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၄ခုနှစ်

အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းသည့်အမြင်ရှိတဲ့ မျက်ကန်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင်ရးဝါဒများကို ဆန့်ကျင်‌‌တဲ့ မိတ်ဆွေများနဲ့ ပူးပါင်းချီတက်သွားမယ်လို့ SSPPရဲ့ ဗဟိုကော်မတီ ၂၀၂၃နှစ်ချုပ် အစည်းအဝေးထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

၎င်းဗဟိုကော်မတီနှစ်ချုပ်အစည်းအဝေးကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ၊ ၂၀ရက်ကနေ ၂၉ရက်နေ့ထိ SSPPရဲ့ ဗဟိုဌာနချုပ်မှာ ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး ဆေထင်က သဘာပတိအဖြစ်ဆောင်ရွက်ကာ ဗဟိုကော်မတီဝင် (၂၃) ဦး၊ အရံဗဟိုကော်မတီဝင် (၆) ဦးနှင့် တပ်ကိုယ်စားလှယ် (၁၂၅) ဦး၊ နယ်ဘက်အုပ်ချုပ်ရေး ကိုယ်စားလှယ် (၄၈) ဦး၊ ဗဟိုဌာနများနဲ့ ရုံးအဖွဲ့ဝင်(၅၀) ဦး စုစုပေါင်း (၂၅၃) ဦး တက်ရောက်ခဲ့တယ်လို့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

SSPPက ချမှတ်ထားတဲ့ မှုဝါဒအတိုင်း အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒတို့ကို ဆန်ကျင်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အ‌ခြေခံတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဆက်လက်တည်ဆောက်သွားမယ်လို့ ရေးသားဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို တစ်ဆင့်မြှင့်လုပ်ဆောင်သွားမှာဖြစ်သလို အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်များကို တားဆီးဖော်ထုတ် နှိမ်နင်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

SSPPအနေ‌‌နဲ့ တပ်သားသစ် စုဆောင်းမှုတွေ ပိုမိုလုပ်ဆောင်လာ‌နေသလို ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို PNLAက တိုက်ခိုက်သိမ်းပိုက်ချိန် SSPPလည်း ပါဝင်ကူညီပေးတာတွေရှိတယ်လို့ သိရပါတယ်။

#ထုတ်ပြန်ချက် #မဟာမိတ် #အာဏာရှင်စနစ် #ကျားဖျန့်

မူဆယ်ဒသခံတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက် ဖြတ်လိုက်ရPalaung Land ၊ ဇန်နဝါရီလ ၃၀ရက် ၊ ၂၀၂၄ မူဆယ်မြို့နယ်၊ စန်းဆာရွာသားတစ်...
30/01/2024

မူဆယ်ဒသခံတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက် ဖြတ်လိုက်ရ

Palaung Land ၊ ဇန်နဝါရီလ ၃၀ရက် ၊ ၂၀၂၄

မူဆယ်မြို့နယ်၊ စန်းဆာရွာသားတစ်ဦး ထင်းသွားရှာရင်း စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြုပ်မိုင်း နင်းမိလို့ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ 30ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှာ စန်းဆာရွာသား စိုင်းကျော်မြင်ဟာ စစ်ကောင်စီတပ်စခန်းအနီးရှိ ခြံထဲမှာထင်းသွားရှာရင်း မိုင်းနင်းမိတာပဲ ဖြစ်ပါတယ်။

"သူက စ‌ခန်း(စစ်ကောင်စီ)တောင်ဖက်မှာရှိတဲ့ လမ်းကနေသွားတာ ထင်းသွားခုတ်ရင်းနဲ့ အဲ့လမ်းက ရွာသားတွေ သွားနေကြလမ်းပဲ။ အဲ့ဒီအနီးနားက ခြံထဲမှာ သူနင်းမိတာ ဒဏ်ရာကတော့ ညာဖက်ခြေမျက်စိကနေ ပြတ်သွာတယ်" လို့ စန်းဆာဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ စိုင်းကျော်မြင့်ဟာ မူဆယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အကူညီတွေလိုအပ် နေတယ်လို့လည်း သိရပါတယ်။

မူဆယ်မြို့နယ်မှာ ဇန်နဝါရီလအတွင်းမှာပဲ မြေမြုပ်မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးထိရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

#မြေမြုပ်မိုင်း #မူဆယ် #စစ်ကောင်စီ #ထင်းခုတ်

MNDAAတပ်ဖွဲ့က ရိုက်နှက်လို့ မိုင်းလီ ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံးNaw NC ၊ Palaung Land ၊ ဇန်နဝါရီလ ၂၃ ရက် ၊ ၂၀၂၄ ခုနှစ...
23/01/2024

MNDAAတပ်ဖွဲ့က ရိုက်နှက်လို့ မိုင်းလီ ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံး

Naw NC ၊ Palaung Land ၊ ဇန်နဝါရီလ ၂၃ ရက် ၊ ၂၀၂၄ ခုနှစ်

ရှမ်းမြောက်၊ သိန်းနီမြို့နယ်၊ နားဆော့ ကျေးရွာ အုပ်စု ၊ ရေပူ ကျေးရွာမှာ MNDAA တပ်ရင်းအမှတ် (၆၀၇) တပ်က အုပ်ချုပ်ရေးမှူး တစ်ဦးကို သေဆုံးတဲ့အထိ ရိုက်နက်မှု ဇန်နဝါရီလ ၂၀ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။

ဖြစ်စဉ်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းဘဌေး အသက် ၆၀နှစ် ကို MNDAAက တပ်ရင်းမှူး တာစော ဦးဆောင်တဲ့ တပ်ရင်းအမှတ် (၆၀၇) တပ်က အုပ်ချုပ်ရေးမှူးနဲ့ တွေ့ချင်တယ်လို့ပြောကာ ခေါ်ဆောင်သွားပြီး ၇နာရီခန့် အကြာမှာ ညိုမဲဒဏ်ရာနဲ့ သေဆုံးနေတဲ့ အုပ်ချုပ်ရေးမှူးအလောင်းကို မိသားစုဆီကို ပြန်ပို့ခဲ့တာပါ။

“မနက်ပိုင်း ၇နာရီ ခွဲမှာ ယူနီဖောင်းနဲ့ စစ်သား ၅ယောက် လောက်က သူနဲ့တွေ့ချင်တယ်ဆိုပြီး ကားနဲ့သူ့ကို လာခေါ်ပါတယ် ညနေ ပိုင်း၂နာရီခွဲလောက်မှာ ကျောနဲ့ နောက်ပေါင်ခြမ်းမှာ မဲညိုတဲ့ ဒဏ်ရာနဲ့ အလောင်းကို ကားနဲ့ ပြန်လာ ပို့သွားတယ် လာပို့တဲ့ သူကိုတော့ အာရုံမစိုက် လိုက်ရဘူး မိသားစုဝင် အားလုံးက ငိုဘဲငိုနေကြတယ်” လို့ ဦးစိုင်းဘဌေးနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ယခုလို နိုင်ငံရေး မတည်ငြိမ်တဲ့ ကာလမျိုးမှာ အရပ်သား ဖြစ်စေ အစိုးရဝန်ထမ်း ဖြစ်စေ ဒီလို တဖက်သတ် စွပ်စွဲခြင်းမျိုး မလုပ်ဘဲ အပြန်အလှန် မေးမြန်းတာတွေ လုပ်သင့်တယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

ဦးစိုင်းဘဌေးဟာ မိုင်းလီကျေးရွာမှာ နေထိုင်သူဖြစ်ပြီး သွေးတိုးရောဂါရှိသူ တစ်ဦးလည်း ဖြစ်တယ်လို့ သိရပြီး လားရှိူးမှာ စစ်ဘေးရှောင်အဖြစ် တိမ်းရှောင်ခဲ့တယ်လို့လည်း သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်ကနေ နေရပ်ကိုပြန်လာတဲ့ အလုပ်သမားများကို MNDAAတပ်က ဖမ်းဆီးပြီး စစ်မှုတာဝန်ထမ်းဆောင်ခိုင်းတာမျိုး လုပ်ဆောင်နေတာတွေလည်း ရှိနေပြီး တစ်ချို့ကိုပြန်လွှတ်ပေးခဲ့ပေမဲ့ ယခုချိန်ထိ ပြန်မလွှတ်လာသူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

#ဖမ်းဆီး #သေဆုံး #သိန္နီ #အုပ်ချုပ်‌ရေးမှူး

Non-CDMတွေ အလုပ်ပြန်ခန့်မယ်ဆိုတဲ့ကိစ္စ TNLAက သဘောထားရှင်းလင်းချက် ထုတ်ပြန်Palaung Land ၊ ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်TN...
22/01/2024

Non-CDMတွေ အလုပ်ပြန်ခန့်မယ်ဆိုတဲ့ကိစ္စ TNLAက သဘောထားရှင်းလင်းချက် ထုတ်ပြန်

Palaung Land ၊ ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်

TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်း(Non-CDM)တွေကို ပြန်လည် အလုပ်ခန့်မယ်ဆိုတဲ့ PSLF/TNLA ရဲ့ ဒုဥက္ကဌ-၁ ဗိုလ်ချုပ် တားဂျုတ်ဂျားရဲ့ပြောဆိုချက်ကို အများပြည်သူနဲ့ အာဏာဖီဆန်ရေးမှာ ပါဝင်တဲ့(CDM)ဝန်ထမ်းတွေ ဝေဖန်ကန့်ကွက်မှု ဖြစ်ပေါ်ပြီးနောက် TNLAက သဘောထား ရှင်းလင်းချက်တစ်စောင် မနေ့(ဇန်နဝါရီလ ၂၁)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်မှာ “နွေဦးတော်လှန်ရေးအစကတည်းက CDM ဝန်ထမ်းများနှင့် အတူလက်တွဲ အလုပ်လုပ်လာသကဲ့သို့ နောင်ရှေ့ဆက်တွင်လည်း CDMဝန်ထမ်းများနဲ့သာ လက်တွဲအလုပ်လုပ်မှာဖြစ်တယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ပါပါတယ်။

Non-CDM ဝန်ထမ်းတွေကို ပြန်လည်အလုပ်ခန့်မယ်ဆိုတဲ့ PSLF/TNLA ရဲ့ ဒုဥက္ကဌ-၁ ဗိုလ်ချုပ် တားဂျုတ်ဂျားရဲ့ ပြောဆိုချက်ကို သံလွင်ခက် သတင်းဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

“အခု မြိုပေါ် ပြန်ရွှေ့တဲ့အခါကျတော့ CDM နဲ့ Non-CDM နဲ့ အဲ့နှစ်ခုကို ဘယ်လို ပူးပေါင်းပြီး ဆောင်ရွက်မလဲဆိုတာရှိတယ်။ Non-CDM တွေလည်း CDM လုပ်ဖို၊ ပူးပေါင်းပါဝင်ဖို ပထမ လုပ်ရမယ်။ မြို့ပေါ်ဆိုတာက လူမျိုး ပေါင်းစုံ နေထိုင်တဲ့နေရာဆိုတော့ ပြည်သူလူထု ဘယ်လောက်ထိ ပူးပေါင်းပါဝင်မလဲဆိုတာလည်း အရေးကြီးတယ်” ဆိုပြီး ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

-TNLA #ဌာနဆိုင်ရာဝန်ထမ်း #ထိန်းချုပ်နယ်မြေ #ထုတ်ပြန်ချက်

MNDAAက ဖမ်းဆီး ထားတဲ့ လူငယ်တွေ ၂လကျော်ကြာတဲ့ထိ လွှတ်မြောက်ခြင်း မရှိသေးNaw NC ၊ Palaung Land ၊ ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခု...
22/01/2024

MNDAAက ဖမ်းဆီး ထားတဲ့ လူငယ်တွေ ၂လကျော်ကြာတဲ့ထိ လွှတ်မြောက်ခြင်း မရှိသေး

Naw NC ၊ Palaung Land ၊ ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ရက်နေ့က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လောက်ကိုင် ကနေ ပြန်လာတဲ့ အလုပ်သမား၊ လူငယ်တွေကို MNDAAက ဖမ်းဆီးထားတာ ဒီနေ့ထိဆိုရင် ၂လကျော် ကြာမြင့်နေပြီး ပြန်မလွတ်လာသေးတဲ့ လူငယ်တွေလည်း အများကြီး ကျန်ရှိနေပါသေးတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေ လွတ်မြောက်ရေး အတွက် ဆောင်ရွက်ပေးနေတဲ့ တအာင်း ဥပဒေ အထောက်အကူပြု အဖွဲ့ တာဝန်ခံ မိုင်းကာင်ဟာဝ်က သူတို့လုပ်ဆောင်ပေးတာနဲ့ ပတ်သတ်ပြီး အခုလို ပြောပြပါတယ်

“ကျနော်တို့ သူတို့ အခြေအနေကို ဆက်သွယ် မရပါဘူး ဖမ်းခံရကြောင်း မိသားစုဝင်က အချက်အလက်ပို့ လာပေးတယ် တချို့သူကျ ဆက်သွယ်ရ ခက်ခဲတယ် ကျတော်တို့ရတဲ့ အချက်အလက်က လွှမ်းခြုံမှုတော့ မရှိဘူး ကျတော်တို့ ဆီရောက်တာ အားလုံး ၅၈ယောက် လောက်ဘဲ အချက်အလက်ရတယ် MNDAAကို လွတ်ပေးဖို့ ချိတ်ဆက်ပြောတဲ့ အခါမှာ လွတ်ပေးတဲ့သူ ရှိသလို မလွတ်လာသေးတဲ့သူလည်း ရှိနေသေးတယ် ဖမ်းခံရတဲ့ လူငယ်ထဲမှာ အများအားဖြင့်က ရွှေ့ပြောင်း အလုပ်သမားတွေဘဲ ဖြစ်တယ်”

ဖမ်းဆီးခံ လူငယ်များ ပြန်လည် လွတ်မြောက်ရေးအတွက် နောက်ထပ် ပူးပေါင်း လုပ်ဆောင်မယ့် အပေါ် ခုလို ပြောပြထားပါတယ်

“အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သက်ဆိုင်ရာကို စာပို့ဖို့ လုပ်ဆောင်နေပါတယ် ကျတော်တို့ ဘက်ကနေ ဝပြည်ဆက်ဆံရေး ရုံးက တာဝန်ရှိသူနဲ့ တဆင့် ဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့ ချိတ်ဆက်တဲ့အခါ သူတို့ဘက်က စီစစ်ပြီး လွတ်ပေးမယ်လို့တော့ ပြောပါတယ်”

“အခက်အခဲကတော့ ဒီဖမ်းထားတဲ့အပေါ် အစပိုင်းသူတို့က ပွင့်ပွင့်လင်းလင်း ဝန်ခံထားတာမရှိတဲ့ အတွက် လွတ်မြောက်ဖို့ အတွက်တော့ အခက်အခဲ ဖြစ်နေပါတယ် MNDAA ရဲ့ထိန်းချုပ် နယ်မြေထဲက မဟုတ်တဲ့ မန်တုံ၊ မူဆယ်၊ နမ့်ဆန်၊ ကျောက်မဲ စသဖြင့်လူတွေဆို ပြန်လွတ်ပေးဖို့ပြောတဲ့ အခါမှာလည်း ပြန်လည် စီစစ်ပေးမယ်လို့တော့ ပြောပါတယ်”

“စစ်အာဏာရှင်ကို တော်လှန်တဲ့ အခါမှာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စစ်စည်းမျဉ်း၊စည်းကမ်း၊ကျင့်ဝတ် နဲ့အညီ အလုပ်လုပ်ဖို့လိုတယ် ပြီးရင် ပြည်သူလူထု မရှိဘဲနဲ့ တော်လှန်ရေး လုပ်ရတာ အောင်မြင်မှာမဟုတ်ဘူး ပြည်သူလူထုရှိမှသာလျှင် ကျွန်တော်တို့ တော်လှန်ရေး အောင်မြင်နိုင်မှာဖြစ်တယ်” လို့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေကို ပြည်သူလူထုထောက်ခံမှု ရရှိအောင် လုပ်ဆောင်ဖို့ နဲ့ အကာကွယ်ပေးဖို့ မိုင်းကာင်ဟာဝ်က တောင်းဆို ထားပါတယ်

ဖမ်းခံရတဲ့ လူငယ် တွေဟာ လောက်ကိုင်မှာ အလုပ်သွား လုပ်တဲ့ လားရှိူး၊ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ ကလူငယ်တွေ အများစုဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို အမျိုးသမီး ဆိုရင် MNDAA ရဲ့ ရုံးပိုင်းဆိုင်ရာမှာ တာဝန်ပေးပြီး အမျိုးသားဆိုရင် စစ်သင်တန်းပို့ချတဲ့နေရာမှာ ပို့တယ်လို့ မိသားစုဝင်တွေဆီက တဆင့် သိရပါတယ်။

#မြောက်ပိုင်းညီနောင်မဟာမိတ် #ဖမ်းဆီး #တအာင်းလူငယ် #အလုပ်အကိုင် #လောက်ကိုင် #၁၀၂၇စစ်ဆင်ရေး

မိုးမိတ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များထိခိုက် ပျက်စီးNaw NC ၊ Palaung Land ၊ ဇန်နဝါရီလ ၁၉ရ...
19/01/2024

မိုးမိတ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များထိခိုက် ပျက်စီး

Naw NC ၊ Palaung Land ၊ ဇန်နဝါရီလ ၁၉ရက် ၊ ၂၀၂၄ ခုနှစ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့ မှာ ဇန်နဝါရီလ ၁၈ရက်နေ့က KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်မှုကြောင့် လူနေအိမ်အများအပြားလည်း ပျက်စီးခဲ့ပါတယ်။

“မနေ့မနက် ၅ ခွဲကနေ ၁၂ နာရီအထိ အပြန်အလှန် ပစ်ခတ်ပြီးခဏ ငြိမ်သွားသေးတယ် လေယာဉ်နဲ့လည်း ၅၊၆ကြိမ် လောက်လာပစ်တယ် သေသေချာချာ မသိပေမယ့် သိသလောက် ၇အိမ် လောက်ထိခိုက်တာရှိနေပြီ ၂အိမ်က မီးလောင်တယ် အခုချိန်ထိ လေယာဥ်ဝဲ နေတုန်းဘဲ အားလုံးက မြေကတုတ်ကျင်းထဲမှာပဲ နေကြရတယ်” လို့ မိုးမိတ်မြို့ခံ တစ်ဦးက ပြောပါတယ်။

ဒီနေ့ မနက်မှာလည်း ပစ်ခတ်မှုဆက်ရှိနေပြီး ၉နာရီ ၄၀ ဝန်းကျင်မှာ လေကြောင်းနဲ့ တိုက်ခိုက်မှု ၃ကြိမ် ထပ်မံပြုလုပ်ခဲ့တယ် လို့၎င်းကဆက်ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့မှာ MPT နဲ့ Telenor ဖုန်းလိုင်များလည်း ဖြတ်တောက်ထားပြီး မြို့တွင်းကနေ ထွက်မရဘဲ ပိတ်မိနေတဲ့ ဒေသခံများလည်း ကျန်ရှိနေသေးတာကြောင့် ဒေသခံ ထိခိုက်မှုများ ရှိနိုင်ပြီး အချက်အလက်အသေးစိပ်ကိုတော့ မသိရှိရသေးပါဘူး။

#မိုးမိတ် #လေးကြောင်း #ဗုံးကြဲ #စစ်ကောင်စီ #ဒေသခံ #လူနေအိမ် #မီးလောင်

နမ္မတူ မြို့မဈေးဖွင့်ချိန်ကို ၄နာရီထိ ပြောင်းလဲ သတ်မှတ်ထား Naw NC ၊ Palaung Land ၊ ဇန်နဝါရီလ ၁၉ရက်၊ ၂၀၂၄ ခုနှစ်ရှမ်းပြည်...
19/01/2024

နမ္မတူ မြို့မဈေးဖွင့်ချိန်ကို ၄နာရီထိ ပြောင်းလဲ သတ်မှတ်ထား

Naw NC ၊ Palaung Land ၊ ဇန်နဝါရီလ ၁၉ရက်၊ ၂၀၂၄ ခုနှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့က မြို့မစည်ပင် ဈေးဖွင့်ချိန်ကို မနက်၆နာရီမှ ညနေ၄နာရီအထိ တအာင်းတပ်မတော် (TNLA)က ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ဈေးသည်တွေဆီကနေ သိရပါတယ်။

တအာင်းတပ်မတော် (TNLA) က နမ္မတူမြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် နမ္မတူမြို့မဈေးကို မနက် ၆ နာရီကနေ နေလည် ၁၂ နာရီထိ ဖွင့်လှစ်ခွင့် ပေးထားရာကနေ ဒီနေ့ (ဇန်နဝါရီ ၁၉) မှာတော့ မနက် ၆နာရီမှ ညနေ ၄ နာရီထိ ပုံမှန်ဖွင့်လှစ်ခွင့် ပေးလိုက်ပြီလို့ သိရပါတယ်။

”ဒီနေ့ဈေး ၄နာရီထိ ဖွင့်တယ်လို့ စည်ပင်ရုံးမှာထိုင်တဲ့ ဦးလေးက ဈေးထဲ လာပြောတယ် ဈေးဖွင့်ချိန် ဘာလို့ ပြောင်းလဲတော့ ကျမတို့ မသိရပါဘူး အထက်က ဖွင့်ဆိုဖွင့်၊ပိတ်ဆိုပိတ်ပေါ့ အရင်တုန်းကတော့ ၁၂နာရီထိဘဲ ဈေးဖွင့်ခိုင်းတယ်” ဟု နမ္မတူမြို့မဈေးက ဈေးသည် ၁ဦးက ပြောပါတယ်။

တအာင်းတပ်မတော် (TNLA) က နမ္မတူမြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် နမ္မတူမြို့ပေါ်မှာ ယခင်အတိုင်း ပုံမှန်လည်ပတ်နေပြီး ည ၆ နာရီ မှ မနက် ၆နာရီ အထိ သွားလာခွင့်ကို TNLAက ကန့်သတ်ထားသလို ၎င်းတို့ရဲ့ အုပ်ချုပ်ရေး ယန္တယားကို ချပြခြင်းမျိုး လုပ်ဆောင်တာတွေ မရှိသေးဘူးလို့လည်း သိရပါတယ်။

နမ္မတူမြို့နယ်ဟာ TNLA သိမ်းပိုက်ထားတဲ့ ၇ မြို့ထဲက မြို့တစ်မြို့ဖြစ်သလို ကမ္ဘာကျော် သတ္ထုတွင်း ထွက်ရာ ဘော်တွင်း တည်ရှိရာမြို့လည်းဖြစ်ပါတယ်။

#နမ္မတူ #မြို့မဈေး #ဘော်တွင်း #ထိန်းချုပ်နယ်မြေ

စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းကြောင့် ဆန်တင်လာတဲ့ ဒေသခံ ထော်လာဂျီတစ်စီး ထိခိုက်ပျက်စီးရံပ်ရို; ၊ Palaung Land ၊ ဇန်နဝ...
19/01/2024

စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းကြောင့် ဆန်တင်လာတဲ့ ဒေသခံ ထော်လာဂျီတစ်စီး ထိခိုက်ပျက်စီး

ရံပ်ရို; ၊ Palaung Land ၊ ဇန်နဝါရီလ ၁၉ ရက် ၊ ၂၀၂၄ ခုနှစ်

ရှမ်းမြောက် သီပေါမြို့ နဲ့ နမ္မတူမြို့နယ်ကို ဆက်သွယ်ထားတဲ့ မိုးတေတံတားပေါ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းကို ဆန်တင်လာတဲ့ ဒေသခံ ထော်လာဂျီတစ်စီးက တက်ကြိတ်မိလို့ ပေါ်ကွဲပြီး ထော်လာဂျီ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

ဖြစ်စဉ် သိရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက " အဲလူက တံတားမပိတ်ခင် မိုးတေဖက်မှာ စပါးသွားကြိတ်တာ။ ပြန်လာ‌တော တံတားပေါ်မှာ သစ်ပင်တွေနဲ့အုပ်ထားပြီး တံတားပိတ်ထားတယ်။ပြီးခဲ့တဲ့ သုံးလေးရက်က TNLAက တံတားပေါ်မှာရှိတဲ့ သစ်သစ်ပင် တွေကိုရှင်းလင်းပြီးတော့ မိုင်းထောင်ထားတဲ့နေရာတွေ အမှတ်အသား တွေလုပ်ပြီးပြန်တဲ့ချိန် မနေတုန်းက သူ့ရဲ့ထော်လာဂျီကို သွားယူတာ‌ပေါ့။ သူပြန်လာ‌တော့ သူများတွေလဲ ဖြတ်ပါတယ်။ သူ့ဘီးက မိုင်းကို မလွတ်ဘူးပေါ့။ အဲ့တာနဲ့ ပေါက်ထွက် သွားတာ။ တာယာ‌တွေလဲ ကျွတ်ထွက်သွားတာ။ ဆန်တွေတင်ထားတော့ လူကိုတော့မထိဘူး‌ပေါ့ " လို့ ပြောပါတယ်။

ထိခိုက်မှုမရှိစေဖို့ မိုင်းရှိတယ်လို့် မြင်သာတဲ့နေရာတွေမှာ "မိုင်းရှိသည်" ဆိုတဲ့ အမှတ်အသားများကို TNLAက လုပ်ပေးထားပြီး ဒေသခံပြည်သူများအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့ ပြောဆိုထားတယ်လို့လည်း သိရပါတယ်။

နမ္မတူ နဲ့ မိုင်းငေါ့မြို့ကို TNLA တိုက်ခိုက်သိမ်းပိုက်ပြီးချိန် သိပေါမြို့ကို ထပ်မံသိမ်းပိုက်မှာစိုးရိမ်တာကြောင့် စစ်ကောင်စီတပ်က ၎င်းတံတားကို မိုးခွဲဖျက်စီး ခဲ့တာပါ။ ဒေသခံများက သစ်သားတွေနဲ့ ပြန်လည်ပြုပြင်ပြီး ဆိုင်ကယ်နဲ့ ယာဉ်ငယ်တွေ ဖြတ်သန်းသွားလာလို့ ရတယ်လို့လဲသိရပါတယ်။

#နမ္မတူ #မိုးတေတံတား #မိုင်းခွဲဖျက်စီး #မော်တော်ယာဉ်

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခက်လို့ ကလေးအပါအဝင် ၃ဦးဒဏ်ရာရပြီး ၁ ဦး သေဆုံးPalaung Land ၊ ...
19/01/2024

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခက်လို့ ကလေးအပါအဝင် ၃ဦးဒဏ်ရာရပြီး ၁ ဦး သေဆုံး

Palaung Land ၊ ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်

မိုးကုတ်မြို့နယ် ပိန်းပြစ်လီဆူရွာကို မိုးကုတ်စစ်ကောင်စီတပ်က ဇန္နဝါရီ ၁၈ရက် ည ၁၁နာရီ ဝန်းကျင်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ ၁ ဦးသေဆုံးပြီး ကလေးအပါအဝင် ၃ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လီဆူရွာမှာကျတာ တစ်အိမ်က မီးဖိုချောင်မီးလောင်၊ နောက်တစ်အိမ်ကတော့ အိမ်ပေါ်တည့်တည့်ကျတာ၊ တစ်ယောက်တော့ သေတယ်၊ နောက်တစ်ယောက်တော့ ပေါင်ကြိုးနေတာတွေ့တယ်၊ သူ့သမီးတွေလဲ ထိတယ်ပြောတယ် သေချာတော့ မတွေ့လိုက်ရဘူး” လို့ ပိန်းပြစ်ဒေသခံ တစ်ဦးက ပြောပါတယ်။

ထိခိုက်သူတွေနဲ့ အမျိုးတော်စပ်သူ တစ်ဦးက “မောင်လေးကတော့ ဆုံးသွားပြီ။ အခု သူ့မိန်းမနဲ့ ကလေးနှစ်ယောက်ကတော့ မန္တလေးဆေးရုံးကို သွားနေတယ်။အကြီးမကတော့ ဗိုက်ပေါက်သွားတယ်၊ အငယ်မက ဒူးနဲ့ ခြေထောက်တွေထိတယ်၊ သူတို့အမေကတော့ ပေါင်ကြိုးတယ် ပါးက ပေါက်သွားတယ်” လို့ သူ ကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခက်မှုကြောင့် အစီးဖာ အသက် (၃၄) နှစ် သေဆုံးပြီး ဂူတားမီး ၃၀နှစ် ပေါင်ကျိုး၊ ပါးပေါက်ထွက်ဒဏ်ရာ၊ အလေးမီး ၇ နှစ် ဗိုက်ပေါက် အူထွက်ဒဏ်ရာ နှင့် အဆာမီး ၁နှစ်ခွဲ ဒူး၊ ခြေထောက် ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်က ပစ်ခက်လိုက်တဲ့ လက်နက်ကြီးကြောင့် စာသင်ကျောင်းဆောင် ၁ လုံးနဲ့ လူနေအိမ် ၃လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။ ရွာအတွင်းမှာ နောက်ထပ် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ၂ လုံးကျန်နေသေးတယ်လို့လည်း သိရပါတယ်။

လက်နက်ကြီးတွေနဲ့ နောက်ထပ်ပစ်မှာကို စိုးရိမ်ကြလို့ ပိန်းပြစ်လီဆူရွာ ဒေသခံတွေဟာ မိုးကုတ်မြို့နဲ့ ဘေးလွှတ်ရာကျေးရွာတွေဆီတိမ်းရှောင်နေကြရပါတယ်။

လက်ရှိရှမ်းမြောက်မှာ စစ်ကောင်းစီတပ်နဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိပေမဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

#မိုးကုတ် #လက်နက်ကြီးပစ် #ဒေသခံ #လီဆူ #သေဆုံး #စစ်ကောင်စီ

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+95947219572

Alerts

Be the first to know and let us send you an email when Palaung Land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Palaung Land:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share