This is chelsea

  • Home
  • This is chelsea

This is chelsea နောက်ဆုံးရ ချဲလ်ဆီးသတင်းများ

20/08/2024

Caption ရေးစရာ မလိုဘူးမလား ချဲလ်ဆီးဖန်တို့..😁

27/05/2024

ချဲလ်ဆီးရဲ့ နည်းပြသစ် ရှာပုံတော်က ရှေ့ရောက်မလိုနဲ့ နောက်ပြန်ပြန်ဆုတ်လာတာတွေ့ရတယ်။
ဘိုလေး တို့ အုပ်စုဝယ်ယူပြီးနောက်ပိုင်း တူချယ်လ်ကိုထုတ်တယ်၊ ဂရေဟမ်ပေါ်တာ ခန့်တယ်။ ကောင်းလာလား ဆိုတော့ ပိုဆိုးသွားတယ်။

ဒါနဲ့ပဲ လမ်းပတ်ကို လီဂျန့်ဆိုတဲ့ ခေါင်းစဉ်နဲ့ အဆဲခံခိုင်းလိုက်တယ်။ ရာသီကုန်တော့ ပိုချက်တီနိုကို Project နည်းပြဆိုပြီး ခန့်တယ်။ လူငယ်တွေ တသီကြီး ဝယ်ပေးလိုက်တာ တချို့ဆို ပိုချက်တီနိုတယောက် နာမည်တောင် မှတ်မိလိုက်မှာမဟုတ်ဘူး။

ဟော အခု ရာသီကုန် ပရီးမီးယားလိဂ် အဆင့် (၆) နဲ့ ကွန်ဖရင့်လိဂ်ဝင်ခွင့်ရတယ်။ ပိုချက်တီနိုကိုထုတ်ပစ်တယ်။ ဘိုလေးတို့ ဘာဖြစ်ချင်တာလဲ။

ဟုတ်ပါပြီ အဆင့် ၆ နဲ့မတင်းတိမ်နိုင်ဘူး။ ရည်မှန်းချက်ကြီးတယ်ပေါ့။ နည်းပြအသစ်ပြောင်းမယ်ဆိုတော့ လိုက်ချိတ်နေတဲ့ နည်းပြတွေက အပ်ဆွစ်က မက်ကန်နာ၊ လက်စတာနည်းပြ အန်ဇို မာရက်ဇ်ကာ၊ ဘရန့်ဖို့ဒ်က သောမတ်စ်ဖရန့်၊ ဘရိုက်တန်နဲ့ လမ်းခွဲထားတဲ့ ဒီဇာဘီတဲ့။

ဒီထဲက ဘယ်တယောက်ကမှ ပိုချက်တီနိုထက် profile မမြင့်နေဘူး။ ဥရောပမှာ ဘာမှ ထူးထူးခြားခြားလုပ်ပြထားတာ မရှိသေးတဲ့ တဆင့်နိမ့်နည်းပြတွေကို ခန့်ဖို့ ပိုချက်တီနိုကို ထုတ်လိုက်တာ ဆိုရင် တော့ အတော့ကို ရယ်စရာကောင်းနေမှာ အမှန်ပါပဲ။

လာမယ့် တပတ် အတွင်း ချဲလ်ဆီး နည်းပြ သစ်ဘယ်သူဖြစ်မလဲဆိုတာ သိရတော့မှာဖြစ်ပါတယ်။ အဲ့တော့မှ ဆက်လက်ဆွေးနွေးငြင်းခုန်ကြတာပေါ့။ ဘိုလေးတို့ရဲ့ လုပ်ကွက်တွေကတော့ ချဲလ်ဆီးဖန်တွေတင်မက အကုန် မျက်စိလည်ကုန်ပြီ။

ခင်ဗျားတို့ရော ချဲလ်ဆီးနည်းပြသစ်အဖြစ် ဘယ်သူနဲ့ လိုက်ဖက်မယ်ထင်ကြလဲ??

Ads***

အားကစားဝါသနာရှင်လူကြီးမင်းများအားလုံးပဲ မင်္ဂလာပါခင်ဗျာ 🙏

လူကြီးမင်းတိုရဲ့ အကြိုက်နှစ်သက်ဆုံးသော ဘောလုံး အသင်းတစ်သင်း ကို
အားပေးရင်း အနိုင်ဆုတွေရယူဖို အတွက် Melbet က စောင့်မျှော်နေပါတယ် 😍

တစ်ခါငွေဖြည့်ရုံနဲ့ အပိုဆုကြေးဘောနပ်စ်တွေအများကြီး ပိုင်ဆိုင်နိုင်ဦးမှာနော် 💰

ဒီနေ့ EFL ပွဲရှိပါတယ်။ ဘရိုက်တန် နဲ့ပါ။ ဒီဇာဘီ ရဲ့ ဘရိုက်တန် က ဘယ်လို အသင်းလဲ ဆိုတာ အားလုံးသိကြမှာပါ​။ first line up တော...
27/09/2023

ဒီနေ့ EFL ပွဲရှိပါတယ်။ ဘရိုက်တန် နဲ့ပါ။ ဒီဇာဘီ ရဲ့ ဘရိုက်တန် က ဘယ်လို အသင်းလဲ ဆိုတာ အားလုံးသိကြမှာပါ​။ first line up တော့ ပွဲမထုတ်လောက်ပါဘူး။

သူတို့ ယူရိုပါလိဂ်၊ EPL ဆက်တိုက်ကန်လာရတော့ အရန် လူစာရင်းပဲ ထွက်လာမှာပါ။ အဓိက က ဘရိုက်တန် အရန်လူစာရင်း နဲ့ ဆိုလည်း ချဲလ်ဆီး ကို ဒုက္ခကောင်းကောင်းပေးနိုင်ပါတယ်။

နည်းပြကတော့ ခပ်တည်တည်ပါပဲ။ ချီးဝဲလ် ကို left Winger ထားဖို့ နဲ့ ကိုးဝဲလ် ကို LB ကစားဖို့ကို မပြောင်းလဲပါဘူးလို့ ပြောသွားတယ်။

ဘရိုဂျာ ကလည်း မိနစ် ၉၀ မကစားနိုင်ဘူးလို့ ပြောသွားတယ်။ ဒီနေ့တော့ တိုက်စစ်က ဒေးဗစ်ဝါရှင်တန် ဆိုတဲ့ ၁၈ နှစ်သား ဘရာဇီး ချာတိတ်ကို ကစားခိုင်းမလား မသိပါဘူး။

နောက်ထပ် ၃ ပွဲလောက် ဆက်တိုက်ရှုံးရင် ပိုချက်တီနို ကို မမြင်ရတော့ပါဘူး။

ခက်တာက ပိုင်ရှင်တွေက နည်းပြခန့်တဲ့နေရာမှာ သူတို့ ပြောသမျှ ခေါင်းညိမ့်မယ့် ပုတ်သင်ညိုလို နည်းပြမျိုးပဲ လိုချင်တာပါ​။

ဒီတော့ ပိုချက်တီနို ထွက်လည်း Class A နည်းပြ ရောက်ဖို့ မရှိပါဘူး။ အသင်းလက်မဲ့ဖြစ်နေတာ ဇီဒန်း တို့ ကွန်တီ တို့ ဟန်ဆီဖလစ် တို့ ရှိပေမယ့် ချဲလ်ဆီးပိုင်ရှင်တွေ အကြိုက်မဟုတ်ပါဘူး။

အက်မင်ကတော့ ဒီနေ့ကစပြီး ပိုချက်တီနို မြန်မြန်ထွက်ဖို့ပဲ သတင်းစောင့်နေတော့မယ်။

ပိုချက်တီနို ထွက်ရင် ဘယ်သူ့ကို နည်းပြအဖြစ်မြင်ချင်ကြလဲ။

ရွှေပြည်တော် မျှော်တိုင်းဝေး......စာမရေးတာလဲ ကြာပြီ။ ဘယ်လောက် ရှုံးရှုံး အချိန်တန် ချဲလ်ဆီးပွဲရှိတော့လဲ TV ရှေ့ရောက်ရတာပ...
25/09/2023

ရွှေပြည်တော် မျှော်တိုင်းဝေး......

စာမရေးတာလဲ ကြာပြီ။ ဘယ်လောက် ရှုံးရှုံး အချိန်တန် ချဲလ်ဆီးပွဲရှိတော့လဲ TV ရှေ့ရောက်ရတာပဲ။ ကျနော်တို့ ချဲလ်ဆီးဖန်တွေ တော်တော် ဝဋ်ကြွေးကြီးပါတယ်။

အားပေးခဲ့တဲ့ နှစ် ၂၀ ကျော် အတွင်း ဒီနှစ်လောက် မျှော်လင့်ချက်မဲ့တာ မရှိဘူး။ အရင်က အခြေအနေ ဘယ်လော​က်ဆိုးဆိုး ဆင်ပိန်ရင် ကျွဲလောက်တော့ ကျန်ပါသေးတယ်ဆိုပြီး ဖြေသိမ့်လို့ရသေးတယ်။

အခုကတော့ တကယ် လမ်းပျောက်နေတာ။ နည်းပြကလဲ ခေါင်းမာလွန်းတယ်။ သူကိုယ်တိုင် ဘာမှ လုပ်ပြထားဖူးတဲ့ နည်းပြမဟုတ်ဘဲ ဆရာကြီး စတိုင်နဲ့ လူတွေ နေရာ တလွဲချ။ Colwill ကို LB ထားပြီး LB စစ်စစ် ၃ ယောက် ကို အရန်ခုံထိုင်ခိုင်းထားတာ တကယ်ကို ကြည့်ရတာ ငရဲကျနေသလိုပဲ။

Sterling / Jackson တို့ကို ဆဲရတာလဲ မောနေပြီ။ အဲ့ ဂျက်ဆန် ဆိုတဲ့ တိုက်စစ်မှူးက ဘယ်က ဘယ်လိုရှာဝယ်လာလဲဆိုတာ တကယ် စဉ်းစားမရဘူး။ Michy Batshuayi ကမှ သူ့ထက် စာရင် ဟုတ်နေဦးမယ်။

ခု စဉ်းစားကြည့်စမ်းပါ။ Jackson ဆိုတဲ့ ကောင် ဘယ် EPL အသင်းကြီး တွေမှာ first line up ရမလဲလို့။ ယုတ်စွ အဆုံး ဘရိုက်တန်မှာဆို ဝဲဘက်၊ ဖာဂူဆန်တို့ကို မကျော်ဘူး။ အဲဗာတန် မှာတောင် ကားဗက်လီဝင် သူ့ထက် ကောင်းတယ်။

ဘရန့်ဖို့ဒါက ဝစ်ဆာ၊ ဗီလာက Watkins၊ ဝက်စ်ဟမ်းက အန်တိုနီယို၊ ဘယ်သူ့ကို အရန်ခုံပို့နိုင်တဲ့ ခြေစွမ်းရှိလဲ။

တကယ်ဗျာ။ Todd Boehly တို့ project ဆိုတာ လူငယ်တွေ လျှောက်ဝယ်ပြီး ပြန်ရောင်းဖို့လား။ အသင်းမှာ အခုဆို အတွေ့အကြုံရှိတဲ့ ကစားသမား လက်ချိုးရေလို့ ရတယ်။ ဦးဆောင်မယ့်သူမရှိဘူး။

ဂိုး ပေးရရင် ရှုံးပြီပဲ။ အခု ရှုံးထားတဲ့ အသင်းတွေကြည့်။ ဝက်စ်ဟမ်း၊ ဖောရက်စ်၊ ဗီလာတဲ့ အရင်က အဲ့ဒီ အသင်းတွေဆို လှည့်ကြည့်စရာကိုမလိုတာ။ အခု ဘာတွေ ဖြစ်ကုန်တာလဲ။

ဒရော့ဘာ ပြောခဲ့တာ အခုထိ မေ့မရဘူး။ ဒါ ကျနော်တို့ အသင်းမဟုတ်ဘူးတဲ့​။

တကယ်ကို ချဲလ်ဆီးက လူမလေး ခွေးမခန့်ဖြစ်နေရပြီ။ အိမ်ပေါ်ထိ တက်ရိုက်တာ ခံနေရတာ ခံပြင်းလွန်းတယ်။ တချိန်ပ စတန်းဖို့ဒ် ဘရစ်ချ် ဆိုရင် ဥရောပ ဘီလူးတွေတောင် အမှတ်ရဖို့ ခက်တဲ့နေရာ။ အခု ကြည့်ပါဦး။ စုတ်ပြတ်သတ်နေတာပဲ။

အချိန်ရှိတုန်း ပိုချက်တီနိုကို ထုတ်ပြီး နည်းပြ အသစ်ပြောင်းရင် ပြောင်းပါတော့။ မနှစ်က ပေါ်တာ ဆိုရင် pre season မရခဲ့လို့ ကြောင်ပျောက်ခဲ့တာ။ ခု ပိုချက်တီနို pre season လဲ ရတယ်။ လူလဲ စိတ်ကြိုက်ဝယ်ထားတာ။ တပတ် တပွဲ တည်းကန်ရတာပါ။

ပိုင်ရှင်ဆိုတဲ့ ကောင်တွေလဲ ဘောလုံးအကြောင်း နားမလည်၊ လူဝယ်ရင် နိုင်ပြီထင်နေတာ။ နာဂျယ်စမန်း တို့ အင်းနရစ်တို့ မခန့်ဘဲ ဘာ profile မှ ဟုတ်တိပတ်တိမရှိတဲ့ နည်းပြကိုခန့်တယ်။

အခု အသင်းက ခွေးဖြစ်နေပြီ။ Enzo ဆိုရင် ခြေပျက်နေတာ ဘယ်နှပွဲရှိပြီလဲ။ တော်တော် စိတ်ပျက်ရတဲ့ အခြေအနေပါ။

ဒီတိုင်းဆို တန်းဆင်းဇုန် အန္တရာယ်ပါရှိလာပြီ။ မယုံမရှိနဲ့ ဒီနည်းပြ ဒီ ကစားကွက်နဲ့ ဆက်သွား၊ နောက်နှစ် ချန်ပီယံလိဂ် ဝင်ခွင့် မပြောနဲ့ အဆင့် ၁၀ အတွင်း ဝင်ဖို့ မနည်းကြိုးစားရမှာ။

ဒီမိုး ဒီရေ ဒီလှေ နဲ့တော့...... ရွှေပြည်တော် မျှော်တိုင်းဝေးပေါ့.....

Kepa ကို ရီးရဲလ်က ခေါ်ဖို့ ကြိုးစားနေပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကနဦး အငှားနဲ့ ခေါ်မလား အပြီးသတ်ခေါ...
12/08/2023

Kepa ကို ရီးရဲလ်က ခေါ်ဖို့ ကြိုးစားနေပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကနဦး အငှားနဲ့ ခေါ်မလား အပြီးသတ်ခေါ်မလားဆိုတာ ကို ဆွေးနွေးနေဆဲပါ။

ဘိုင်ယန်နည်းပြ တူချယ်လ် က လည်း တပည့်ဟောင်း Kepa ကို ခေါ်ပေးဖို့ ဘုတ်အဖွဲ့ကို တောင်းဆိုထားပါတယ်။

Kepa ကတော့ ရီးရဲလ်ကို ပြောင်းဖို့ ဆန္ဒရှိနေတယ်လို့ သိရပြီး

သေချာတာ တခုကတော့ Sunday လီဗာပူးလ်နဲ့ ပွဲမှာ Sanchez ပွဲထွက်လာတာ မြင်ရဖွယ်ရှိပါတယ်။

Plettigoal

12/08/2023

မှတ်မိသေးရဲ့လား ဗျ ကျနော့် နာမည် ဘွဲလေး ပါ 😁

မန်ဒီကိုလဲ သတိရလို့ အပျော်သဘော တင်တာပါ။ သူ့ရဲ့ အားနည်းချက်ကို​က Sweeper Keeper မကစားတတ်တာပဲ။

အမှတ်တရကတော့ Real ကို UCL မှာ ရှုံးတဲ့ပွဲပေါ့။

အမှားတွေက နေ သင်ခန်းစာ ယူနိုင်ပါစေ ဘွဲလေးရေ

 ဒီနေ့ တော့ သတင်းကောင်းတွေ ကြားရမယ့် နေ့ပါ။ Lavia ရော Caicedo ရော ၂ ယောက်လုံးကို ခေါ်ဖို့ကြိုးစားနေတာ ခရီးရောက်နေပြီလို့...
12/08/2023



ဒီနေ့ တော့ သတင်းကောင်းတွေ ကြားရမယ့် နေ့ပါ။ Lavia ရော Caicedo ရော ၂ ယောက်လုံးကို ခေါ်ဖို့ကြိုးစားနေတာ ခရီးရောက်နေပြီလို့ သတင်းတွေ ဖတ်ရပါတယ်။

တကယ်လိုလား မေးရင် လိုပါတယ်။ Enzo တယောက်ထဲ ပွဲတိုင်း ရုန်းနေဖို့ မဖြစ်နိုင်ပါဘူး။ ကျန်တဲ့ England သားတသိုက်ကိုလဲ သိပ်အားကိုးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဂါလယ်ဟာ ဆိုရင် အသင်းက ထွက်ဖို့ ရှိပါလိမ့်မယ်။ ချာလိုဘာ လည်း အထွက်စာရင်းမှာ ပါဝင်နေတယ်။

ကစားသမား အဝင်တွေပြီးရင် ရောင်းရဦးမှာပါ။ FFP ကြောင့်ပဲ Adams ကို ဆေးစစ်ပြီးမှ ပြန်လွှတ်လိုက်ရတာ စိတ်မကောင်းစရာပါပဲ။ တကယ်တော့ Adams ကလဲ player ကောင်းတယောက်ပါ။ နည်းပြ အကြိုက်မဟုတ်ဘဲ ဘုတ်အဖွဲ့က ခေါ်တဲ့ Player ဆိုလည်း မမှားဘူးပေါ့။

ဘာပဲဖြစ်ဖြစ် Caicedo နဲ့ Lavia ရရင် ဒီရာသီ ကွင်းလယ်က စိတ်ချလို့ ရပြီလို့ပြောလို့ ရပါတယ်။

ကိုယ်တွေအသင်းက သူတို့ လိုချင်တဲ့ ကစားသမား ၂ ယောက်လုံးကို ရအောင် ခေါ်သွားတာ ကို သိပ်တော့ကျေနပ်ကြမှာ မဟုတ်ဘူးဆိုတော့ Sunday ပွဲကတော့ လီဗာပူးလ် နဲ့ တကယ်ကိုကြည့်ကောင်းတော့မှာပါ။

ဒီဘဲ 92 ကြောင်နေတာလား လီဗာပူးလ် က သန်း 110 သုံးပြီး ဝယ်မယ်လုပ်တော့ Great Business တဲ့ ချဲလ်ဆီးက သန်း 110 ပေးမယ်ဆိုမှ ဘို...
11/08/2023

ဒီဘဲ 92 ကြောင်နေတာလား

လီဗာပူးလ် က သန်း 110 သုံးပြီး ဝယ်မယ်လုပ်တော့ Great Business တဲ့

ချဲလ်ဆီးက သန်း 110 ပေးမယ်ဆိုမှ ဘိုလေး ရူးနေပြီလား ဘာညာ ထလုပ်တာ

ကစားသမားဘဝမှာ တင် Own Goal တွေ သွင်းတာ မဟုတ်ဘူး ခုထိ လဲ ကောင်းကင်ပေါ် မော့ပြီး တံတွေးထွေးနေတုန်း 😂

ပျော်ပါတယ် မအေးစိန်ရယ် 😁😉
11/08/2023

ပျော်ပါတယ် မအေးစိန်ရယ် 😁😉

ခနနေ ကြပါဦးဗျာ ကျနော် ချဲလ်ဆီးကိုပဲပြောင်းချင်တာပါ။ ချဲလ်ဆီးနဲ့ ပြောထားဆိုထားပြီးသား ကတိကဝတ်တွေကို မဖျက်ချင်ပါဘူးကဲ ကိုင...
11/08/2023

ခနနေ ကြပါဦးဗျာ

ကျနော် ချဲလ်ဆီးကိုပဲပြောင်းချင်တာပါ။ ချဲလ်ဆီးနဲ့ ပြောထားဆိုထားပြီးသား ကတိကဝတ်တွေကို မဖျက်ချင်ပါဘူး

ကဲ ကိုင်ဆီဒိုကတော့ ချဲလ်ဆီးကိုပဲရွေးထားတယ်ဆိုတော့ ဘိုလေးတို့တသိုက် မိုက်လက်စ နဲ့ ဆက်မိုက်ကြရုံ ရှိတာ​ပေါ့ကွာ...

တဖြေးဖြေးနဲ့ အသင်းက စောင်ပေါ အသင်းကြီး ဖြစ်လာပြီ။ ဘုတ်အဖွဲ့နဲ့ ဒါရိုက်တာ ဆိုတဲ့ ကောင်တွေလဲ ဘာတွေ လုပ်နေတာလဲ မသိတော့ဘူး။ ...
11/08/2023

တဖြေးဖြေးနဲ့ အသင်းက စောင်ပေါ အသင်းကြီး ဖြစ်လာပြီ။ ဘုတ်အဖွဲ့နဲ့ ဒါရိုက်တာ ဆိုတဲ့ ကောင်တွေလဲ ဘာတွေ လုပ်နေတာလဲ မသိတော့ဘူး။ သူတို့ ကိုယ်တိုင်တောင် လမ်းပျောက်နေတာ။ ကိုင်ဆီဒိုကို လီဗာပူးလ်က ၁၁၀ ပေးပြီး ခေါ်ဖို့ သဘောတူပြီးပါပြီ ဆိုတာကို နောက်ကနေ အရူးချီးပန်း ပြီး ခုထိ လက်မလျော့သေးဘဲ ၁၁၀ ထက်များတဲ့ ပမာဏနဲ့ ကမ်းလှမ်းမယ်တဲ့။ ၃ လလုံး ၁၀၀ မပေးချင်လို့ နောက်ဆုံးထိ တင်းခံခဲ့ပြီးမှ တခြား အသင်းဝင်ဖျက်မှပဲ စံချိန်တင်ပေးတော့မယ်ပေါ့။ ဘရိုက်တန်ကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပဲ။ များများပေးတဲ့ကောင်ရောင်းမယ်။ နောက်ဆို ဘရိုက်တန် လို့ အသံကြားတာနဲ့ ဆီပုလင်းပါ ဆောင်ထားတော့ ဘိုလေး တို့ တသိုက်၊ တကယ့် ကောင်တွေ

Mood rn 😐 ကိုင်ဆီဒိုကို တနွေလုံး အသည်းအသန်လိုက်တယ်။ ကစားသမားကလည်း ချဲလ်ဆီးကိုပြောင်းချင်ပါတယ်ဆိုတာ လူသိရှင်ကြားထုတ်ပြောပ...
11/08/2023

Mood rn 😐

ကိုင်ဆီဒိုကို တနွေလုံး အသည်းအသန်လိုက်တယ်။ ကစားသမားကလည်း ချဲလ်ဆီးကိုပြောင်းချင်ပါတယ်ဆိုတာ လူသိရှင်ကြားထုတ်ပြောပြီးပြီ။ လန်ဒန်ရောက်နေပြီး ပြောင်းရွှေ့ကြေးသဘောတူညီမှု ရဖို့ ထိုင်စောင့်နေတာ။

နောက်ဆုံးတော့ လီဗာပူးလ်က ပေါင်သန်း ၁၁၀ ထိ ပေးခေါ်သွားတယ်။

Transfer မှာတော့ လက်နှေးရင် ခွက်ဆေးရမှာပဲ။

ကိုယ့်ရည်းစား သူများနဲ့ညားတဲ့ ခံစားချက်ကြီး။

Here We Goလိဒ်ယူနိုက်တက် ကွင်းလယ်လူ တိုင်လာ အဒမ် ကို ခေါ်ယူဖို့ သဘောတူညီမှုရ ပြောင်းရွှေ့ကြေး  ပေါင်သန်း ၂၀ မကြာခင် ဆေးစ...
10/08/2023

Here We Go

လိဒ်ယူနိုက်တက် ကွင်းလယ်လူ တိုင်လာ အဒမ် ကို ခေါ်ယူဖို့ သဘောတူညီမှုရ
ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀
မကြာခင် ဆေးစစ်ပြီး ကြေညာဖို့ ရှိနေ

အမေရိကန်သား ကွင်းလယ် ကစားသမား ဖြစ်ပြီး အဖျက်အားသန်တဲ့ ကွင်းလယ်လူပါ။ မနှစ်က လိဒ်ယူနိုက်တက် မှာ တော်တော်လေး ခြေစွမ်းပြထားတဲ့ကစားသမား ဆိုပေမယ့် ဒဏ်ရာ မကြာခဏ ရတတ်တာကတော့ သိပ်မကြိုက်ပါဘူး။
ဒီအပြောင်းအရွှေ့ကိုတော့ အများကြီး Rate မလုပ်ချင်ဘူး။ 6/10 ပါပဲ

  ပြီးခဲ့တဲ့ ရာသီက အသင်းရဲ့ စိတ်ပျက်စရာအခြေအနေကြောင့်် Page မှာ Post တွေ မတင်ဖြစ်ပေမယ့် ပွဲတွေကိုတော့ တပွဲမှ မလွတ်အောင်က...
09/08/2023



ပြီးခဲ့တဲ့ ရာသီက အသင်းရဲ့ စိတ်ပျက်စရာအခြေအနေကြောင့်် Page မှာ Post တွေ မတင်ဖြစ်ပေမယ့် ပွဲတွေကိုတော့ တပွဲမှ မလွတ်အောင်ကြည့်ခဲ့ပါတယ်။ ဒီအသင်းကို ကြိုက်မိမှတော့လဲ ဒီလောက်က အေးဆေးပါဆိုပြီးတော့ ကြိတ်မှိတ် အားပေးခဲ့တာပါပဲ။
ဒီရာသီတော့ နည်းပြ အသစ် နဲ့ ကစားသမားသစ်တွေ နဲ့ စိတ်ဝင်စားစရာ ဖြစ်မယ် ထင်ရပေမယ့် လက်တွေ့အခြေအနေကတော့ မျှော်လင့်စရာ သိပ်မရှိဘူးဖြစ်နေတယ်။ ဟာ မင်းဟာကလဲ ရာသီတောင် မစရသေးဘူး ဘာညာ ပြောလိမ့်မယ်။ မှန်ပါတယ် ရာသီမစရသေးပေမယ့် အသင်းရဲ့ လုပ်ပုံကိုင်ပုံတွေက အရင်ကလို မဟုတ်တော့ တော်တော် လေးကို သတိထားသင့်ပါတယ်။

ရင်ဘတ် စပွန်ဆာ မပါဘဲ ကန်မလိုလို ခုပဲ စပွန်ဆာ ရပီလိုလိုနဲ့ ကျနော်တို့ ခင်ဗျားတို့ မသိနိုင်တဲ့ နောက်ကွယ်က ကိစ္စတွေအများကြီးပါပဲ။ ကစားသမားတွေ တသင်းစာ ထုတ်ရောင်းပြီးတာတောင် အန်ကွန်ကူ၊ ဂျက်ဆင်၊ ဒီဆာဆီ၊ ဆန်းချက် ကလွဲလို့ အသင်းကြီးမှာ အရံသင့် သုံးဖို့ မခေါ်ထားနိုင်သေးပါဘူး။

တခြား အသင်းကြီးတွေ နဲ့ ယှဉ်ရင် လူအင်အားက အတော် အားနည်းတာမြင်ရတယ်။ နယူးကာဆယ် လို အသင်းက ကွင်းလယ်မှာ ဘရူနိုဂီမာရေး နဲ့ တိုနာလီ တွဲထားနိုင်တဲ့အချိန် ကိုယ့်အသင်းမှာက အန်ဇိုပဲ ၂ ကိုယ်ခွဲကစားရမယ့်ကိန်းရှိနေတယ်။

အဆင်မပြေတာတွေပဲ ရွေးပြောနေတာလို့ တော့ မထင်ပါနဲ့။ ကောင်းတာတွေလဲ ရှိပါတယ်။ ပိုချက်တီနိုဟာ အသင်းအတွက် သင့်တော်တဲ့ နည်းပြပါ။ လူငယ်တွေ ခေါ်ထားတာကောင်းတယ်။ မူဒရစ် တိုးတက်လာတယ်။ ဂျက်ဆန် က အဆင်ပြေတယ်။ အန်ကွန်ကူကိုတော့ သိပ်မမျှော်လင့်ပါဘူး။ Injury Prone ပါပဲ။ ဒီပုံစံနဲ့ EPL မှာ မလွယ်ဘူး။

ကျန်တာတွေကတော့ လီဗာပူးလ်နဲ့ ပွဲပြီးမှပဲ ဆက်ပြောတာပေါ့။

အော် မေ့လို့ လီဗာပူးလ်နဲ့ ပွဲကိုတော့ သရေ ခန့်မှန်းပါတယ်။ 1-1 0-0 ပဲ ထင်ပါတယ်။

CHELSEA BOYS နိုင်ငံတကာ ပွဲစဉ်တွေမှာ ခြေစွမ်း ပြနေတဲ့ Kai Havertz နဲ့ Mason Mount
27/09/2022

CHELSEA BOYS

နိုင်ငံတကာ ပွဲစဉ်တွေမှာ ခြေစွမ်း ပြနေတဲ့ Kai Havertz နဲ့ Mason Mount

  Villareal တိုက်စစ်မှူး Alex Baena ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ချဲလ်ဆီး အသင်းလဲ တသင်းအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။...
27/09/2022



Villareal တိုက်စစ်မှူး Alex Baena ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ချဲလ်ဆီး အသင်းလဲ တသင်းအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။

Alex Baena ဟာ အသက် ၂၁ သာရှိသေးပြီး အလားအလာ များစွာရှိတဲ့ ကစားသမားဖြစ်သလို စာချုပ်ဖျက်သိမ်းကြေး ယူရို ၃၅ သန်း သာရှိသူဖြစ်ပါတယ်။

{La Razon}

FULL TIME1-1 Chelsea ရဲ့ပြဿနာက ဘာရယ်လို့ ပြောရခက်ပါတယ်။ နည်းပြပြောင်းတယ်။ ကစားဟန်ပြောင်းတယ်။ ခြေစွမ်းကတော့ တက်မလာဘူးပဲပြ...
14/09/2022

FULL TIME

1-1

Chelsea ရဲ့ပြဿနာက ဘာရယ်လို့ ပြောရခက်ပါတယ်။ နည်းပြပြောင်းတယ်။ ကစားဟန်ပြောင်းတယ်။

ခြေစွမ်းကတော့ တက်မလာဘူးပဲပြောရမလား။ တဦးချင်း performance ကျနေတာကိုအပြစ်ပြောရမလား။

တကယ်တမ်းတော့ အသက် ၃၇ နှစ်အရွယ် ဆေးဗားက ပွဲတိုင်း ပွဲချိန်ပြည့် ကစားဖို့ မသင့်ပါဘူး။ ဆီဇာလည်း ထိုနည်းလည်းကောင်းပေါ့။

ပထမ တပွဲ ရှုံးထားတာဆိုတော့ ဒီပွဲသရေ ရောဆိုရင် နောက်ပွဲတွေ ပွဲတိုင်း အနိုင်ကစားမှ ဖြစ်ပါတော့မယ်။ မလွယ်ပါဘူး။

ဂရေဟမ်ပေါ်တာရဲ့ ပွဲဦးထွက်မှာတော့ သူဘယ်လို ကစားချင်လဲ ဆိုတာ မြင်ခဲ့ရပါတယ်။ ဒီရာသီတော့ အများကြီး မှန်းမထားတာ စိတ်ချမ်းသာစရာဖြစ်မှာပါ။

Half-Time 0-0 -Build up ကတော့ ခပ်သွက်သွက်လေးဖြစ်လာပေမယ့် တိုက်စစ်ဂိုးသွင်းခြေမရှိတာတော့ အရင်လိုပါပဲ။ - Mount / James တို...
14/09/2022

Half-Time

0-0

-Build up ကတော့ ခပ်သွက်သွက်လေးဖြစ်လာပေမယ့် တိုက်စစ်ဂိုးသွင်းခြေမရှိတာတော့ အရင်လိုပါပဲ။

- Mount / James တို့ ​ဘက်ကပဲ ဘောလုံးထွက်ပြီး စတာလင်က ပုံမှန်ခြေအောက်ရောက်နေတယ်။

- တဖက်အသင်းကလဲ အကောင်းဆုံး တုံ့ပြန်ကစားနေတာဆိုတော့ ခက်ခဲတဲ့ ပထမပိုင်းပါပဲ။

ဒုတိယပိုင်း ဆက်ကြည့်တာပေါ့။

Line_Up Potter ရဲ့ ပွဲဦးထွက်ပေါ့။ အထိုင်ကတော့ အရင် အထိုင်ပါပဲ။ ဘာတွေ ပြောင်းလဲ သွားမလဲ ကြည့်ကြတာပေါ့။
14/09/2022

Line_Up

Potter ရဲ့ ပွဲဦးထွက်ပေါ့။ အထိုင်ကတော့ အရင် အထိုင်ပါပဲ။

ဘာတွေ ပြောင်းလဲ သွားမလဲ ကြည့်ကြတာပေါ့။

 ဆဲလ်ဘတ်နဲ့ ပွဲအတွက် လေ့ကျင့်ခန်း အစီအစဉ်မှာ မန်ဒီ မပါဝင်ခဲ့တာကြောင့် ကီပါ နဲ့ ပွဲထွက်လာဖွယ်ရှိနေ
13/09/2022



ဆဲလ်ဘတ်နဲ့ ပွဲအတွက် လေ့ကျင့်ခန်း အစီအစဉ်မှာ မန်ဒီ မပါဝင်ခဲ့တာကြောင့် ကီပါ နဲ့ ပွဲထွက်လာဖွယ်ရှိနေ

  ချဲလ်ဆီးနည်းပြသစ်အဖြစ် ဂရေဟမ်ပေါ်တာကို ခန့်အပ်ကြောင်း ကြေညာ ကြိုဆိုပါတယ် Potter ရေ .... အများကြီးမျှော်လင့်ထားတယ်နော် ...
08/09/2022



ချဲလ်ဆီးနည်းပြသစ်အဖြစ် ဂရေဟမ်ပေါ်တာကို ခန့်အပ်ကြောင်း ကြေညာ

ကြိုဆိုပါတယ် Potter ရေ ....

အများကြီးမျှော်လင့်ထားတယ်နော် 😉

 Graham Potter ဟာ ချဲလ်ဆီးအသင်းနဲ့ လက်မှတ်ထိုးဖို့ ကော့ဟမ်း လေ့ကျင့်ကွင်းကိုရောက်ရှိလာပါပြီ။ ဒီနေ့မှာပဲ နည်းပြသစ်အဖြစ် တ...
08/09/2022



Graham Potter ဟာ ချဲလ်ဆီးအသင်းနဲ့ လက်မှတ်ထိုးဖို့ ကော့ဟမ်း လေ့ကျင့်ကွင်းကိုရောက်ရှိလာပါပြီ။

ဒီနေ့မှာပဲ နည်းပြသစ်အဖြစ် တရားဝင်ကြေညာမှာဖြစ်ပါတယ်။

🔵📝

Graham Potter ဟာ ချဲလ်ဆီး နည်းပြသစ်ဖြစ်လာဖို့ အလွန်နီးစပ်လျှက်ရှိ။ ~  (ပြင်သစ် ဂျာနယ်လစ်)
08/09/2022

Graham Potter ဟာ ချဲလ်ဆီး နည်းပြသစ်ဖြစ်လာဖို့ အလွန်နီးစပ်လျှက်ရှိ။

~ (ပြင်သစ် ဂျာနယ်လစ်)

  ချဲလ်ဆီးအသင်းက လစ်လပ်နေတဲ့ နည်းပြနေရာအတွက် ဘရိုက်တန် နည်းပြ ဂရေဟမ်ပေါ်တာကို ကမ်းလှမ်းဖို့ ပြင်ဆင်လျှက်ရှိပါတယ်။ ချဲလ်ဆ...
07/09/2022



ချဲလ်ဆီးအသင်းက လစ်လပ်နေတဲ့ နည်းပြနေရာအတွက် ဘရိုက်တန် နည်းပြ ဂရေဟမ်ပေါ်တာကို ကမ်းလှမ်းဖို့ ပြင်ဆင်လျှက်ရှိပါတယ်။

ချဲလ်ဆီးကတော့ ဂရေဟမ်ပေါ်တာကို ရေရှည် အတွက် ရည်ရွယ်ထားပြီး လက်ရှိမှာ ဘရိုက်တန် အသင်းကို လျော်ကြေး ပေးရမယ့် ကိစ္စကို ဆက်လက်ဆွေးနွေးနေပါတယ်။

(Fabrizio Romano)

Address


Website

Alerts

Be the first to know and let us send you an email when This is chelsea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share