မယူမြစ်စာပေတိုက် ရန်ကုန်မြို့ 09965236839

  • Home
  • မယူမြစ်စာပေတိုက် ရန်ကုန်မြို့ 09965236839

မယူမြစ်စာပေတိုက် ရန်ကုန်မြို့ 09965236839 သုတ၊ရသစာအုပ်များ ထုတ်ဝေ၊ ဖြန့်ချိရောင်းချသည်။

ဆရာတာရာမင်းဝေ၏ စာအုပ်(၈)မျိုး။(၁)မြင်းစီးထွက်သော အိပ်မက်များ(၅၅၀၀ကျပ်)(၂)ကတ်ကြေးတစ်လက်နှင့် ကောင်းကင်တစ်ထည်(၇၀၀၀ကျပ်)(၃)...
11/11/2024

ဆရာတာရာမင်းဝေ၏ စာအုပ်(၈)မျိုး။

(၁)မြင်းစီးထွက်သော အိပ်မက်များ(၅၅၀၀ကျပ်)

(၂)ကတ်ကြေးတစ်လက်နှင့် ကောင်းကင်တစ်ထည်(၇၀၀၀ကျပ်)

(၃)ကိုယ့်လက်နဲ့ဖမ်းမိတဲ့ နဂါးငွေ့တန်း(၆၅၀၀ကျပ်)

(၄)ဝင်္ကပါကိုဖွင့်တဲ့သော့(၅၀၀၀ကျပ်)

(၅)ကျွန်တော်နှင့် ဂါလီဗားအိပ်မက်(၄၀၀၀ကျပ်)

(၆)ယန္တရားအရေခွံနဲ့လူ(၈၀၀၀ကျပ်)

(၇)ကိုယ်ရေးကိုယ်တာပုရပိုက်(၆၅၀၀ကျပ်)

(၈)ရှူး(၈၀၀၀ကျပ်)

ဆရာဦးဆန်းလွင်၏ စာအုပ်ကောင်း(၆)အုပ်။(၁)ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်း-16000ကျပ်(၂)လူတို့ကို...
11/11/2024

ဆရာဦးဆန်းလွင်၏ စာအုပ်ကောင်း(၆)အုပ်။

(၁)ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်း-16000ကျပ်

(၂)လူတို့ကိုးကွယ်ရာ ဘာသာကြီးများ-20000ကျပ်

(၃)သစ္စာဉာဏ်ပွင့် ဒဿန-
4000ကျပ်

(၄)တရားတွေ့ဖို့ ချမ်းမြေ့ဖို့-4000ကျပ်

(၅)ဖဲသမား-7000ကျပ်

(၆)ရွှေတောင်တက် ဒဿန-5000ကျပ်

စာရေးဆရာကြူးနှစ် ဆက်ဆံခဲ့ဖူးတဲ့ ချစ်သူများ၊မိန်းမများ၊ တခုလပ်များ၊ ဉာဉ့်ငှက်များ၊ တေလေများ၊ဘိန်းစားများ၊ အရက်သမားများ၊ က...
11/11/2024

စာရေးဆရာကြူးနှစ် ဆက်ဆံခဲ့ဖူးတဲ့ ချစ်သူများ၊
မိန်းမများ၊ တခုလပ်များ၊ ဉာဉ့်ငှက်များ၊ တေလေများ၊
ဘိန်းစားများ၊ အရက်သမားများ၊ ကြမ်းပိုးများ၊
သူတောင်းစားများ၊ နိုင်ငံရေးသမားများ၊ လူကြီး
လူကောင်းများ၊ ကြောင်သူတော်များ၊ သစ္စာဖောက်များ၊
လိင်စိတ်ပြင်းသူများ၊ ရာဂသောင်းကျန်းသူများ၊
ပစ္စည်းမဲ့များ၊ လူဘော်ကြော့များ။ ပြီးတော့
စာရေးဆရာကြူးနှစ်ပတ်သက်ဖူးတဲ့ ရှဲဒိုးစာပေလောက၊
အဲဒီလောကထဲက ဖြစ်ပုံပျက်ပုံတွေကို ဟာ- ဟင်- ဖြင့်
တအံ့တဩ ဖတ်ကြရမယ့်အပြင်- စာရေးဆရာများ၊
ကဗျာဆရာများ၊ အယ်ဒီတာနဲ့ ထုတ်ဝေသူများ။ ။
ပိုက်ဆံက လွဲရင် ဘာမှမရှိကြတဲ့ သူများရဲ့အကြောင်း။

ဆရာကြူးနှစ်က ဒီစာအုပ်ဟာ သူ့ရဲ့နောက်ဆုံးလက်ရာ
ဖြစ်နိုင်တယ်လို့ သတ်မှတ်ပြီး၊ သူ့ ဘဝဇာတ်ကြောင်းကို ဟုတ်တိုင်းမှန်ရာ ရေးပြထားခြင်း။ အများ ထင်မှတ်ထား
ကြမှာမဟုတ်တဲ့ ကြူးနှစ်ဆိုသူရဲ့ဘဝ၊စာရေးဆရာဖြစ်ဖို့ရုန်းကန်ရပုံတွေ၊ သူ ကျင်လည်ခဲ့တဲ့ လောကတွေထဲက
ရှုပ်ကွက် မြုပ်ကွက်တွေအကြောင်း။ အဲဒီအကြောင်းကို
သူ ကျော်လွှားခဲ့တဲ့ ခေတ်ကြီးရဲ့သရုပ်နဲ့၊ မျိုးရိုးနဲ့ ချီပြီး
ဆိုးခဲ့ မိုက်ခဲ့ တေခဲ့ ပွေခဲ့ကြတဲ့ ကြူးနှစ်ရဲ့ဘိုးဘွားတွေရဲ့
ဇာတ်လမ်းပမာ ဘဝတွေကို အခြေပန္နက်ပြု၍

စာရေးဆရာကြူးနှစ်၏ ဘဝအခြေ ဇာစ်မြစ်ကို
အစစ်အမှန် မြေလှန်တူးဆွ အထုပ်ဖြေပြမှုကြီး။
မထိတ်သာ မလန့်သာ ဖတ်ရကြမည့် အတ္ထုပ္ပတ္တိ။

ဤစာအုပ်ဖတ်ပြီးသော် စာရေးဆရာကြူးနှစ်ကို
အချို့က ကြည်ညိုကောင်း ကြည်ညို လာဖွယ်ရှိ၍
အချို့က အော့နှလုံးနာ ရွံရှာ မုန်းတီးကြလိမ့်မည်။
အချို့က အနာပေါ်တုတ်ကျ ဆွေ့ဆွေ့ခုန်လိမ့်မည်။

ကြူးနှစ်ကမူ လောကဓံတရားကို နှလုံးသွင်းလျှက်
ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက် သဘောထားဖြင့်
တသက်လုံး ဖုံးထားသမျှ ကုန်းပြလိုက်လေပြီ။

စာအုပ်သစ်/ ပထမအကြိမ် ထုတ်ဝေခြင်း။
စာမျက်နှာ ၂၆၀ ဝန်းကျင်။
စက္ကူဖြူချောဖြင့် -ပုံနှိပ်သည်။
မျက်နှာဖုံးပန်းချီ - မုတ်သုံ၏ လက်ရာကို
ဗဂျီလင်းဝဏ္ဏက ဒီဇိုင်းဖွဲ့စည်းမွမ်းမံမှုဖြင့်-

တန်ဖိုး #ကျပ်_တသောင်းသုံးထောင်

ခေတ်ရှေးညိုနရသူ8500ကျပ်
01/11/2024

ခေတ်ရှေးညို
နရသူ
8500ကျပ်

အမေနှင့် သမီးများမောင်သိန်းဆိုင်6000ကျပ်
01/11/2024

အမေနှင့် သမီးများ
မောင်သိန်းဆိုင်
6000ကျပ်

ပယ်ရီပယ်ရီ ချစ်ကန်းပါပီယွန်10000ကျပ်
01/11/2024

ပယ်ရီပယ်ရီ ချစ်ကန်း
ပါပီယွန်
10000ကျပ်

ငါ့အတွက် ငါရှိတယ်လင်းရောင်စင်5000ကျပ်
01/11/2024

ငါ့အတွက် ငါရှိတယ်
လင်းရောင်စင်
5000ကျပ်

မမမြသန်းတင့်18000ကျပ်
01/11/2024

မမ
မြသန်းတင့်
18000ကျပ်

စနေဂြိုဟ်စာအုပ်ကြူးနှစ်13000ကျပ်
01/11/2024

စနေဂြိုဟ်စာအုပ်
ကြူးနှစ်
13000ကျပ်

အမှတ်တရ ဂျူး5000ကျပ်
01/11/2024

အမှတ်တရ
ဂျူး
5000ကျပ်

နွေလယ်ညရဲ့မိုးအိပ်မက်မွန်ဟော်စီ9000ကျပ်
01/11/2024

နွေလယ်ညရဲ့မိုးအိပ်မက်
မွန်ဟော်စီ
9000ကျပ်

မိတ္တဗလဋီကာဦးနု12000ကျပ်
01/11/2024

မိတ္တဗလဋီကာ
ဦးနု
12000ကျပ်

ဖာရာရီလမ်းခွဲမိုးရှင်း(I.M.T)7000ကျပ်
01/11/2024

ဖာရာရီလမ်းခွဲ
မိုးရှင်း(I.M.T)
7000ကျပ်

ဆရာကြီးမင်းသိင်္ခ၏ စာအုပ်အစုံံ(၄၆)မျိုးကို မယူမြစ်စာပေတွင် ဝယ်ယူရရှိနိုင်ပါပြီ။(၁)ဘဝဝင်္ကဘာ-5000ကျပ်(၂)မနုစာရီ-7500ကျပ်(...
31/10/2024

ဆရာကြီးမင်းသိင်္ခ၏ စာအုပ်အစုံံ(၄၆)မျိုးကို မယူမြစ်စာပေတွင် ဝယ်ယူရရှိနိုင်ပါပြီ။

(၁)ဘဝဝင်္ကဘာ-5000ကျပ်
(၂)မနုစာရီ-7500ကျပ်
(၃)ပုဂံသားမောင်ဘမော်-5000ကျပ်
(၄)မသွားမီကရောက်နှင့်သည်-10000ကျပ်
(၅)မမင်းဖြူမှန်မှန်ပြော-10000ကျပ်
(၆)မဟေသီနှင့်ဂမ္ဘီရဝတ္ထုတိုများ-7000ကျပ်
(၇)ပြည်တော်ဝင်စနေမောင်မောင်-10000ကျပ်
(၈)မြိုင်ရာဇာတာတေ-6000ကျပ်
(၉)မြိုင်မဟာမမြလေး-10000ကျပ်
(၁၀)ပေတလူ-5500ကျပ်
(၁၁)ဖိုးသူတော်ကြီးနှင့်ကျွန်ုပ်-5000ကျပ်
(၁၂)မနောမယ မဟာမြိုင်-15000ကျပ်
(၁၃)ဆရာသခင်နဲ့နှစ်ပေါင်းများစွာ-5000ကျပ်
(၁၄)ပျားသားချောင်းက ရေမြောကမ်းတင် အောင်ဗဒင်-4000ကျပ်
(၁၅)တစ်ပွဲစားဦးနှော ဝတ္ထုတိုများ-6000ကျပ်
(၁၆)ပြောထုံးဖြစ်အောင် ငနက်ခေါင်-15000ကျပ်
(၁၇)ကျွန်တော်ကြားဖူးသလို ပြောဆိုပါမည်-3500ကျပ်
(၁၈)မိုးနဲ့မြေ-5500ကျပ်
(၁၉)မွှေးပင်မွှေးငြားပန်းစကား-4500ကျပ်
(၂၀)မင်းမေးတိုင်းဖြေရမှာလား-5500ကျပ်
(၂၁)မိုးနဲ့အတူ-4500ကျပ်
(၂၂)ပျော်ပါတယ်မောင်ပြည်သိမ်း-12000ကျပ်
(၂၃)မြင်းကပါအကျဥ်းသား-4500ကျပ်
(၂၄)ဘုမ္မာဝတီအရှုပ်တော်ပုံ-6500ကျပ်
(၂၅)ရာဇဝင်ထဲကလိုမင်းသား-5000ကျပ်
(၂၆)မင်းဘာသိလို့လဲ-12000ကျပ်
(၂၇)မြယာရွှေပြည်မင်းသမီး-5000ကျပ်
(၂၈)မနောမယကိုပီတာ-2500ကျပ်
(၂၉)မြကျွန်းသာပေါ်မှ မျောက်သုံးကောင်-18000ကျပ်
(၃၀)မာဃဝါဇိတ်-5000ကျပ်
(၃၁)မိုက် ခဲ ကျောက် ပွင့်-10000ကျပ်
(၃၂)မတတ်ပ-5000ကျပ်
(၃၃)မြေလျှောက်ဝိဇ္ဇာ ရွှေမြသာ-18000ကျပ်
(၃၃)မြနန်းနွယ်-7500ကျပ်
(၃၅)ဘာ ဘာ ဘာမှမသိဘူး-5000ကျပ်
(၃၆)ဝေဒမောင်မောင်-8500ကျပ်
(၃၇)ဘိုးဘေးဘီဘင်-5000ကျပ်
(၃၈)ပတ္တမြားမိုး-6000ကျပ်
(၃၉)တူသောဝတ္ထုတိုများ-7500ကျပ်
(၄၀)ပက်ထရစ် ရွှေဂေါင်း-6000ကျပ်
(၄၁)ပိတုန်းသုံးကောင်-9000ကျပ်
(၄၂)မြေလျှိုးမိုးပျံဂိုဏ်း-5500ကျပ်
(၄၃)ပြည်ကြီးမဏ္ဍိုင် မြကြီး-7500ကျပ်
(၄၄)မိုးဒေဝါ-3000ကျပ်
(၄၅)စနေမောင်မောင် မဟူရာ-8500ကျပ်
(၄၆)မြိုင်ဟေဝန်-6000ကျပ်

မြတ်တရားကို ရှာဖွေတွေ့ရှိသူဦးနု၁၀၀၀၀ကျပ်
31/10/2024

မြတ်တရားကို ရှာဖွေတွေ့ရှိသူ
ဦးနု
၁၀၀၀၀ကျပ်

♦လွမ်းသမျှစာတင်♦ရွှေကူမေနှင်း     တန်ဖိုး ၅၀၀၀ကျပ်     မယူမြစ်စာပေ     ပထမအကြိမ်     မေလ 2024♦ဆရာမကြီးရွှေကူမေနှင်း ၏ စက...
31/10/2024

♦လွမ်းသမျှစာတင်
♦ရွှေကူမေနှင်း
တန်ဖိုး ၅၀၀၀ကျပ်
မယူမြစ်စာပေ
ပထမအကြိမ်
မေလ 2024

♦ဆရာမကြီးရွှေကူမေနှင်း ၏ စကားဦး

လွမ်းသမျှစာတင် ------
ဒီစာသားဟာ ဆရာမြို့မငြိမ်းရဲ့ ကိုယ်ပိုင်ဖြစ်ပါတယ်။ စစ်ကြိုခေတ်(၁၉၄၁)၊ မေရှင်သီဆိုဖို့အတွက် ဆရာမြို့မငြိမ်းက "ပျို့မှာတမ်း" ခေါင်းစဥ်နဲ့ သီချင်းတစ်ပုဒ်ရေးဖွဲ့တဲ့အထဲမှာ " အသစ်တွေ့လို့ မောင်မေ့တယ်ထင် × မျှော်သူပန်း လွမ်းလေသမျှစာတင် ချစ်သူထံရည်မှန်း × ပျို့မှာတမ်း ဆက်တယ်ရှင်----" လို့ ရေးဖွဲ့ခဲ့ပါတယ်။
ကျွန်မ ဒီသီချင်းကို သံစဥ်ရော စာသားတွေပါ ကြိုက်လွန်းလို့ စာသားတွေကို ခေါင်းစဥ်တင်ပြီး ဝတ္ထုတွေရေးခဲ့ဖူးပါတယ်။
စိတ်ချလက်ချ ကြည်ဖြူချင် (ငြိမ်းကျော်နှင့်တွဲ)၊ မြေပေါ်တွင်သူပဲ စွဲလို့သာခင်(လုံးချင်း) တွေ ထုတ်ဝေပြီးတဲ့အခါ ချစ်ဦးညိုနှင့်ဆုံတော့ သူကပြောတယ်။ ပျို့မှာတမ်းထဲက စကားလုံးတွေ ----- စသဖြင့်။ ကျွန်မပြန်ပြောခဲ့တာက " တစ်ပုဒ်လုံး ငါယူမှာနော် ---- " တဲ့။
အဲသလောက် စွဲလန်းနှစ်သက်တာပါ။ အဲဒီကာလမှာ သူများစာသားတွေ ယူသုံးရင် ခွင့်ပြုချက်တောင်းလေ့ မရှိကြပါဘူး။ ကြိုက်လို့ယူတာဆိုပြီး သဘောတူကြတာပါပဲ။ ဒါနဲ့ ကျွန်မလည်း အဲသလို ယူသုံးခဲ့တာပါ။
အခုလည်း ဒီသီချင်းထဲကပဲ " လွမ်းသမျှစာတင်" ကို ခေါင်းစဥ်ယူသုံးခဲ့ပါပြီ။ ကွယ်လွန်သူတွေကို တမ်းတတဲ့စာတွေ ရေးကြတာမှာ မောင်မိုးသူက " လွမ်းတော်မူဖို့ ---- စာကိုစီတယ်" တဲ့။ ဒါက နန်းတော်ရှေ့ဆရာတင် ရဲ့ စာသားပါ။ မင်းသစ်က " လွမ်းရတဲ့သူတွေ" တဲ့။ ကျွန်မလည်း "လွမ်းသမျှစာတင်" တာ နားလည်ပေးကြစေချင်ပါတယ်။
စာပေသစ္စာဖြင့်
ရွှေကူမေနှင်း
(5.1.2024)

♦လူသိများထင်ရှားတဲ့လူပုဂ္ဂိုလ် ၉ဦးနဲ့ပတ်သက်ပြီး လွမ်းသမျှစာတင်ထားတယ်။ သာမန်လူတွေမသိနိုင်တဲ့၊ ဆရာမကြီးနဲ့ထိတွေခင်မင်ခဲ့တဲ့သူတွေရဲ့ အကြောင်းလေးတွေကို လွမ်းတသသဖတ်ရှုခံစားရပါတယ်။ ထိုပုဂ္ဂိုလ်တွေက ဘယ်သူတွေများလဲ။
ဆရာမကြီးရဲ့ ဘဝတလျှောက် စာပေဟောပြောပွဲပေါင်းများစွာ သွားရောက်ဟောပြောခဲ့ဖူးတယ်။ ဒီထဲကမှ အမှတ်တရဖြစ်တဲ့၊ ပြန်စဥ်းစားရင် လွမ်းအားပိုရတဲ့ မြို့၉မြို့ရှိခဲ့တယ်။ ဘယ်လိုလွမ်းစရာအကြောင်းအရာတွေဖြစ်ခဲ့သလဲ။
"အခက်အခဲတွေကြုံတိုင်း ဆရာ့ကိုလွမ်းမိတယ်။ လှေကားပေါ်ကဆင်းတိုင်းလည်း ဆရာ့ကိုသတိရပါတယ်။" တဲ့။
မှတ်ဥာဏ်ကောင်းတုန်းရေးထားမှဖြစ်မယ်ဆိုပြီး စာတင်ထားတဲ့ Memoir လေးတွေဖြစ်ပါတယ်။အများစုက မြန်မာတိုင်းမ်သတင်းစာမှာ ပင်တိုင်ရေးဖြစ်ခဲ့တဲ့ စာမူတွေဖြစ်ပြီး၊ အသစ်ထပ်မံရေးသားတဲ့ စာမူတွေနဲ့ပေါင်းပြီး စုစည်းထုတ်ဝေထားခြင်းဖြစ်ပါတယ်။
မြန်မာစာပေလောကထဲကို ထည့်ဝင်လိုက်တဲ့ ကောင်းမွန်သောထည့်ဝင်မှု(Good Contribution)တစ်ခုဖြစ်မဖြစ်ဆိုတာ ကိုယ်တိုင်ဖတ်ရှုခံစားသုံးသပ်ကြည့်ပါလို့ ညွှန်းဆိုလိုက်ရပါတယ်။
ဟာလူ
22.5.2024

ထုတ်ဝေသူ၏စကား
===============
ဆရာမကြီးရဲ့စာဖတ်ပရိသတ်များအတွက် တခါမှမထုတ်ရသေးတဲ့ စာအုပ်အသစ်စက်စက်တစ်အုပ်ကို ဂုဏ်ယူစွာ ထုတ်ဝေလိုက်ပါတယ်။
ကျွန်တော်ကိုယ်တိုင် ဆရာမကြီးရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး၊ ဆရာမကြီးရဲ့ကျေးဇူးလည်းရှိဖူးပါတယ်။ ၂၀၁၂က ဆရာမကြီးရဲ့ဘာသာပြန်စာအုပ်တစ်အုပ်ထွက်လာတယ်။ ရူပဗေဒပါရဂူတန်းကျောင်းသားတစ်ဦးဖြစ်တဲ့ ကျွန်တော့်အတွက်အလွန်သဘောကျခဲ့ရတဲ့စာအုပ်ပါ။ WALTER ISAACSON ရဲ့ EINSTEIN HIS LIFE AND UNIVERSE ဆိုတဲ့စာအုပ်ကို ဆရာမကြီးက "အိုင်းစတိုင်း သူ့ဘဝနှင့်စကြဝဠာ" ဆိုပြီး ဘာသာပြန်ထုတ်ဝေခဲ့တာပါ။ ခွန်အားတွေရခဲ့တယ်၊အတွေးတွေ နယ်ချဲ့နိုင်ခဲ့တယ်။ အကျိုးများခဲ့တယ်။ ဘာသာပြန်သူကို ကျေးဇူးတင်ခဲ့ရတယ်။
ဆရာမကြီးရေးတဲ့ ဆောင်းပါးတစ်ပုဒ်ကလည်း မှတ်မှတ်ရရ ရှိနေခဲ့ပါတယ်။ဘယ်မှာဖတ်ဖူးလဲတော့ မမှတ်မိတော့ဘူး။ ဆောင်းပါးက ရေရဲ့အရေးကြီးပုံကိုရေးထားတာပါ။ အတိအကျပြောရရင် ရေချိုးတဲ့အခါ အဖြစ်လောက် မချိုးဘဲ၊ ရေအဝချိုးရမယ်၊ ခန္ဓာတစ်ခုလုံးအပူကင်းစင်သွားလောက်တဲ့အထိ ရေဝဝ ချိုးသင့်တယ်လို့ ရေးထားတဲ့ဆောင်းပါးလေးပါ။ ယနေ့အထိ လိုက်နာကျင့်သုံးဖြစ်ပြီး ကျန်းမားရေးကိုအထောက်အကူပြုတဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်နေပါတယ်။
အခုထုတ်ဝေလိုက်တဲ့ 'လွမ်းသမျှစာတင်' ထဲက လည်း သီချင်းကောင်းတစ်ပုဒ်လက်ဆောင်ရလိုက်ပါတယ်။ ရှားရှားပါးပါးပါပဲ။ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရေးစပ်ပြီး၊ တယောကိုတင်ရီသီဆိုခဲ့တဲ့ " ညွှန်းသက်သေတင်" ဆိုတဲ့ ဂန္ထဝင်လက်ရာလေးပါ။ ဖေ့ဘွတ်မှာ ရှာဖွေနားထောင်ကြည့်ရင်း ဆရာမကြီးရဲ့ ညွှန်းဆိုချက်ကို အလွမ်းဓာတ်ခံရှိသူချင်းမို့ ထောက်ခံနေမိတယ်။
ဆရာမကြီးရဲ့ "လွမ်းသမျှစာတင်" ကို ဖတ်ရှုခံစား၊ လွမ်းအားပိုနိုင်အောင် စာဖတ်သူလက်ထဲ အရောက်ပို့လိုက်ရပါကြောင်း။

ဒေါက်တာဌေးလှိုင်
မယူမြစ်စာအုပ်တိုက်
ရန်ကုန်မြို့။
24.4.2024

#စာအုပ်ရောက်ငွေချေစနစ်ဖြင့် မှာယူနိုင်ပါပြီ။
09766706309

တက်ရဦးမယ့် တောင်  ကူးရဦးမဲ့မြစ်
28/10/2024

တက်ရဦးမယ့် တောင် ကူးရဦးမဲ့မြစ်

ဆရာ မင်းသန်းထွဋ် ၏ စာအုပ် (၃)မျိုးမယူမြစ်စာပေတွင် ရပါပြီ။
31/08/2024

ဆရာ မင်းသန်းထွဋ် ၏ စာအုပ် (၃)မျိုး
မယူမြစ်စာပေတွင် ရပါပြီ။

Address

အမှတ် ၂၆၅ ၊ ငမိုးရိပ် ၇လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

Telephone

+959965236839

Website

Alerts

Be the first to know and let us send you an email when မယူမြစ်စာပေတိုက် ရန်ကုန်မြို့ 09965236839 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မယူမြစ်စာပေတိုက် ရန်ကုန်မြို့ 09965236839:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share