02/07/2018
►►►Art & Design ကို စိတ်ဝင်စားတဲ့ လူငယ်များအတွက် လက်တွေ့ကျကျ လေ့လာခွင့်ရမယ့် Art & Design Portfolio Workshop...
Date - 7.7.2018 ( Saturday)
Time- 9:30 am to 1 pm
Place- Melia Hotel, Function Room - 6, First Floor ( Beside Myanmar Plaza)
► မြန်မာနိုင်ငံရဲ့ လူမှု့ရေး နဲ့ စီးပွားရေးနယ်ပါယ်တွေမှာ ပြုပြင်ပြောင်းလဲမှု့တွေ ပေါ်ပေါက်လာတာနဲ့အမျှ ထိုပြောင်းလဲမှု့တွေနဲ့အညီ လူ့အဖွဲ့အစည်းထဲမှာ လိုအပ်တဲ့ အသိပညာရှင် အတက်ပညာရှင်တွေကို မွေးထုတ်ပေးနိုင်ဖို့အတွက် ပညာရေးနယ်ပယ်တွေမှာလည်း ပြုပြင်ပြောင်းလဲမှု့တွေ ဖြစ်ပေါ်လာရပါတယ်။ အထူးသဖြင့် အသက်မွေးဝမ်းကြောင်း ပညာရပ်အချို့နဲ့ပါတ်သတ်ပြီး ယခင်ကစိတ်ဝင်စားမှု့နည်းပါး ခဲ့တဲ့ ဘာသာရပ်အချို့ဟာ ယခုအချိန်မှာ လူငယ်တွေစိတ်ဝင်စားမှု့မြင့်တက်လာပြီး ဈေးကွက်လည်းရှိလာပေမယ့် Professional ကျကျ အတက်ပညာရှင်တွေ မွေးထုတ်ပေးနိုင်တဲ့ Institution တွေကတော့ မြန်မာပြည်မှာ ရှားပါးနေဆဲပါ။
► ယခုလောလောဆယ် လူငယ်တွေစိတ်ဝင်စားမှု့အမြင့်မားဆုံးဖြစ်နေတဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်ကတော့ Art & Design ဘာသာရပ်တွေပဲဖြစ်ပါတယ်။ နိုင်ငံ့စီးပွားရေးတိုးတက်လာမှု့နဲ့အတူ ၀င်ငွေတိုးလာမှု့၊ လူထုရဲ့ နည်းပညာနဲ့အကျွမ်းတ၀င်ရှိလာမှု့တို့ဟာ လူထုရဲ့ အနုပညာ၊ Fashion Design၊ Photography & Video စတဲ့ အနုပညာ၊ ဒီဇိုင်းနဲ့ပတ်သတ်ပြီး စိတ်ဝင်စားမှု့နဲ့ ငွေကြေးသုံးစွဲမှု့တွေဟာ မြင့်တက်လာနေတာ ဖြစ်ပါတယ်။
► ဒီ Art & Design ဘာသာရပ်တွေထဲမှာ popular ဖြစ်ပြီး အလုပ်အတွက် အာမခံချက်ပေးနိုင်တဲ့ ဘာသာရပ်အချို့ကတော့ Animation, Architecture, Architectural Technology, Design Crafts, Digital Design, Fashion Buying with Design, Fine Art, Footwear Design, Game Art, Graphic Design, Photography and Video, Product & Furniture Design, Visual Effects, Fashion Management with Marketing စတဲ့ ဘာသာရပ်များပဲဖြစ်ပါတယ်။ ဒီ ဘာသာရပ်များဟာ နိုင်ငံတကာမှာ ၀င်ငွေမြင့်မားတဲ့ အလုပ်အကိုင်တွေကို ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံမှာလည်း အလွန်မှ အလားအလာရှိတဲ့ ဘာသာရပ်များဖြစ်ပြီး စွန့်ဦးတီထွင်သူများအဖြစ် ၀င်ရောက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
► ဒီဘာသာရပ်တွေကို ရွေးချယ်တက်ရောက်မယ်ဆိုရင် အရေးကြီးတာက သင်ကြားရေးပိုင်းသာမကဘဲ လက်တွေ့လုပ်ဆောင်မှု့တွေနဲ့ သင်ကြားတဲ့ Professor များရဲ့ ကျွမ်းကျင်မှု့များဟာ အဓိက ကျပါတယ်။ ဒ့ါအပြင် နိုင်ငံတကာမှာ အနုပညာကျောင်းတွေကို ရွေးချယ်တက်ရောက်ချင်တယ်ဆိုရင် သာမန်အသက်မွေးဝမ်းကြောင်း ဘာသာရပ်များနဲ့မတူဘဲ IELTS/TOEFL, GPA ရမှတ်များသာမကဘဲ နောက်ထပ် Art & Design Portfolio တွေကိုပါ တင်ပေးရတာဖြစ်ပါတယ်။ ကျောင်းများမှလည်း မိမိတို့ တက္ကသိုလ်ဝင်မယ့် ကျောင်းသားများကို အသေအချာ ရွေးချယ်ကြပြီး တကယ့် professional ဖြစ်အောင် လေ့ကျင့် သင်ကြားပေးကြတာဖြစ်ပါတယ်။
► လာမည့် 7th of July, Melia Hotel မှာ SR Worldwide Education နှင့် De Montfort University တို့ပူးပေါင်းပြီး Art & Design Portfolio- Workshop လေးပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီ workshop လေးမှာ Portfolio ဟာ ဘာကြောင့်လိုအပ်တာလဲ၊ ဘယ်လိုပြင်ဆင်ရမလဲ၊ Strong Portfolioတစ်ခုဖြစ်ဖို့ လိုအပ်တဲ့ Conceptual Skill, Technical Skill တွေကို ဘယ်လိုထည့်ရမလဲ စသည်ဖြင့် Art & Design ကိုစိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အသုံးဝင်မယ့် Information တွေကို River Gallery ပညာရှင်တွေထဲက တစ်ဦးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာပါ အနုပညာလက်ရာကောင်းတွေ ဖြန့်ကျက်လျက်ရှိတဲ့ ဆရာ ကျော်ညို ကိုယ်တိုင်လာရောက် ဟောပြောဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
► ဒါ့ကြောင့် Art & Design ကိုစိတ်ဝင်စားပြီး နိုင်ငံတကာ ထိပ်တန်းတက္ကသိုလ်တွေမှာ သွားရောက်တက်ရောက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်/ကျောင်းသားများ လာရောက် နားထောင်၊ လေ့လာသင့်တဲ့ Workshop ဖြစ်တဲ့အတွက်ကြောင့် participate လုပ်နိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လူဦးရေ ၄၀ ပဲ သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် အချိန်မှီစာရင်းပေးသွင်းပြီး ၀င်ရောက် participate လုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
** လူဦးရေကန့်သတ်ထားပါသောကြောင့် ကြိုတင်စာရင်းပေး၍လာရောက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်**
Date - 7.7.2018 ( Saturday)
Time- 9:30 am to 1 pm
Place- Melia Hotel, Function Room - 4, First Floor ( Beside Myanmar Plaza)
ဖုန်းဖြင့်စာရင်းပေးသွင်းရန် ►►09 514 8848 , 09 543 8848, 09 542 8848
Online ဖြင့်စာရင်းပေးသွင်းရန်►► https://goo.gl/forms/kGYx250lSxbR0Zaq1
___________________________________
Share Via: SR Worldwide Education Myanmar