ABSDF - ချင်းတွင်းဒေသ ဒရုန်းတပ်ဖွဲ့

  • Home
  • ABSDF - ချင်းတွင်းဒေသ ဒရုန်းတပ်ဖွဲ့

ABSDF - ချင်းတွင်းဒေသ ဒရုန်းတပ်ဖွဲ့ ABSDF - ချင်းတွင်းဒေသ ဒရုန်းတပ်ဖွဲ့

18/09/2023

🔺ချွေးထွက်များမှ သွေးထွက်နည်းမယ်
🔺အောင်မြင်မှုတွေ ခူးဆွတ်မယ်
ျင်းတွင်းဒေသဒရုန်းတပ်ဖွဲ့

ABSDF Column-3 ရဲဘော်များရဲ့ လှုပ်ရှားမှုပုံရိပ်များကို ဖော်ပြလိုက်ပါတယ် ။

ဖော်ပြပါ မှတ်တမ်းပုံရိပ်များအနေဖြင့် ABSDF Column- 3 ရဲဘော်များ လှုပ်ရှားခဲ့သည့် သင်တန်းပုံရိပ်များ၊ စစ်ရေးပုံရိပ်များ၏ မှတ်တမ်းများဖြစ်ပါတယ် ။

ABSDF Column-3 အနေဖြင့် မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ယောဒေသစခန်း ၊ ချင်းတွင်းဒေသစခန်းတို့ တည်ဆောက်ထားပြီး စစ်ကောင်စီတပ်များကို ခရိုင် PDF တပ်ရင်းများ ၊ Local PDF များနဲ့ ပူးပေါင်း၍ တိုက်ပွဲဝင်လျှက်ရှိပါတယ် ။

ကျောင်းသားတပ်မတော် သီချင်းဖြင့် ပုံဖော်ထားခြင်းဖြစ်ပြီး အသုံးပြုခွင့်ပေးသည့် သီချင်းပိုင်ရှင် ABSDF ဒေါင်းတမာန်စခန်းမှာ တေးရေး၊တေးဆို ရဲဘော်မိုးခါးအား ကျေးဇူးတင်ရှိပါတယ် ။

ABSDF Column - 3
ABSDF

✅အလှူပေးသလို အမြောက်အမြားရမယ့် စခန်းသိမ်းတွေအများကြီးလာတော့မှာဖြစ်လို့ ပြည်သူများကလည်း ခွင့်သာခိုက်မှာ ကူညီထောက်ပံ့ပေးကြ...
15/09/2023

✅အလှူပေးသလို အမြောက်အမြားရမယ့် စခန်းသိမ်းတွေအများကြီးလာတော့မှာဖြစ်လို့ ပြည်သူများကလည်း ခွင့်သာခိုက်မှာ ကူညီထောက်ပံ့ပေးကြပါဦး
#တော်လှန်ကူဖို့ဒရုန်းလှုစို့
#အောင်ပွဲကူဖို့ဒရုန်းလှူစို့
ျင်းတွင်းဒေသဒရုန်းတပ်ဖွဲ့


အာဏာသိမ်း စစ်ကောင်စီတပ် ရေတလျောက် စခန်းအား KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်များစွာ သိမ်းဆည်းရမိ

စက်တင်ဘာ ၁၅

KNU - ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် မှ ထိုင်း - မြန်မာနယ်စပ် တစ်နေရာတွင် တည်ရှိသော အာဏာသိမ်း စစ်ကောင်စီတပ် ရေတလျောက်စခန်းအား KNLA - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၈)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၇ နာရီ ၅၅ မိနစ်မှ စတင်၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ မနက် ၈ နာရီ မိနစ် ၂၀ အချိန်ခန့်မှာ စခန်းတစ်ခုလုံးအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ (၉) ဦး သေဆုံးပြီး အခြားတပ်သားများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ ထိုစခန်းသိမ်းတိုက်ပွဲအတွင်း KNLA - တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ (၃) ဦး ဒဏ်ရာရပြီး (၁) ဦးမှာ တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ် ရေတလျောက် စခန်းမှ သိမ်းဆည်းရမိသော လက်နက်များမှာ MA-1 (၁) လက်၊ MA-2 (၂) လက်၊ MA-3 (၁) လက်၊ MA-4 ပူးတွဲ (၂) လက်၊ RPG-7 (၁) လက်၊ 60mm ပြောင်းတို (၂) လက်၊ ပစ္စတို (၂) လက် နှင့် ငါးကြင်းမြိး စက်လက် (၁) လက် တို့ဖြစ်ပြီး ခဲယမ်း ကျည်ဆံနှင့် အခြားပစ္စည်းများမှာ RPG-7 ကျည် (၇၀) လုံး၊ 81mm ကျည် (၄၀) လုံး၊ 60mm ကျည် (၁၁၀) လုံး၊ M-79 ကျည် (၄၀) လုံး၊ 5.56 ကျည် (၂၈၀၀) တောင့်၊ 7.62 ကျည် (၈၀၀) တောင့်၊ တိုက်မိုင်း (၂၀) လုံး၊ နင်းမိုင်း (၂၃) လုံး၊ ရှေ့ထွက်မိုင်း (၃) လုံး၊ ဆက်သွယ်ရေးစက်ကြီး (၁) လုံး၊ မြေပုံ (၁) ရွက်၊ လက်ပစ်ဗုံး (၂၀) လုံး နှင့် Compass (၂) လုံးတို့ဖြစ်ကြောင်း ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

 #တော်လှန်ကူဖို့ဒရုန်းလှုစို့၁၉၈၉ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကျနော်တို့ချစ်တဲ့ သူမကို မြန်မြန်ကယ်ဖို့ များများကူစို့ ျင်း...
14/09/2023

#တော်လှန်ကူဖို့ဒရုန်းလှုစို့
၁၉၈၉ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်
ကျနော်တို့ချစ်တဲ့ သူမကို မြန်မြန်ကယ်ဖို့ များများကူစို့

ျင်းတွင်းဒေသဒရုန်းတပ်ဖွဲ့

 #တော်လှန်ကူဖို့ဒရုန်းလှုစို့ခုရှုံးရင် သားစဉ်မြေးဆက်အနိုင်ကျင့်ခံရတော့မှာမို့ အမှတ်ရှိကြပါ။ ျင်းတွင်းဒေသဒရုန်းတပ်ဖွဲ့
13/09/2023

#တော်လှန်ကူဖို့ဒရုန်းလှုစို့
ခုရှုံးရင် သားစဉ်မြေးဆက်အနိုင်ကျင့်ခံရတော့မှာမို့ အမှတ်ရှိကြပါ။

ျင်းတွင်းဒေသဒရုန်းတပ်ဖွဲ့

08/09/2023

ပြည်သူမှကျွေးသောထမင်းကိုမစားခင်မှာ ပြည်သူ့သစ္စာခံ အဓိဌာန်ရွတ်ဆိုကြပါတယ်။
#အောင်ပွဲကူဖို့ဒရုန်းလှူစို့
ျင်းတွင်းဒေသဒရုန်းတပ်ဖွဲ့

05/09/2023

မဝေးလှတော့တဲ့အချိန်မှာ အောင်ပွဲများကို ယူဆောင်လာပေးတော့မယ့် တိုင်းပြည်အနာဂတ်လေးများ၏ လေ့ကျင့်ရေးပုံရိပ်လေးများ
#အောင်ပွဲကူဖို့ဒရုန်းလှူစို့
ျင်းတွင်းဒေသဒရုန်းတပ်ဖွဲ့

04/09/2023
"ချင်းတွင်းရိုးမ ထိန်းချုပ်ဖို့ ဒရုန်းဖိုးကို လှုကြစို့"မြဝတီက မုန့်ဟင်းခါးသတင်းလေးတွေ ဖတ်ပြီးကြရင် ချင်းတွင်းရိုးမမှာလည...
04/09/2023

"ချင်းတွင်းရိုးမ ထိန်းချုပ်ဖို့ ဒရုန်းဖိုးကို လှုကြစို့"
မြဝတီက မုန့်ဟင်းခါးသတင်းလေးတွေ ဖတ်ပြီးကြရင် ချင်းတွင်းရိုးမမှာလည်း ဒီလို ဒရုန်းတိုက်ကွက်လေးများ ဖော်ဆောင်နိုင်အောင် ပြည်သူများက ျင်းတွင်းဒေသဒရုန်းတပ်ဖွဲ့ ကို ကူညီပံ့ပိုးပေးကြပါဦး။

Photo_ ABSDF ချင်းတွင်းတပ်ရင်း၃မှ တာဝန်ရှိသူတဦး ဒေသခံမိဘပြည်သူများနှင့် တွေ့ဆုံဆွေးနွေးနေပုံ

ပြည်သူ့အမေရဲ့ ကျန်းမာရေး ချို့ယွင်းလာနေတဲ့အတွက် အဆုံးသတ်တိုက်ပွဲ မြန်မြန်ဆင်နွှဲနိုင်ဖို့ အရေးကြီးလာတဲ့အတွက် ပြည်သူများက...
03/09/2023

ပြည်သူ့အမေရဲ့ ကျန်းမာရေး ချို့ယွင်းလာနေတဲ့အတွက် အဆုံးသတ်တိုက်ပွဲ မြန်မြန်ဆင်နွှဲနိုင်ဖို့ အရေးကြီးလာတဲ့အတွက် ပြည်သူများက တော်လှန်ရေး တပ်ပေါင်းစုများကို ကူညီထောက်ပို့ပေးကြပါဦး။
ျင်းတွင်း

နေပြည်တော် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ချို့ယွင်းနေကြောင်း နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဗွီအိုအေကိုပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မူးဝေပြီး ပျို့အန်ခဲ့တဲ့အတွက် အကျဉ်းဦးစီး ဆေးမှူးချုပ်က သွားရောက်ကြည့်ရှုခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သွားဖုံးယောင်ပြီး၊ သွားနာနေတဲ့ ဝေဒနာကြောင့် အစားမစားနိုင်ဖြစ်နေတဲ့ အခြေအနေမှာ ပြင်ပသွားဆရာဝန်နဲ့ပြဖို့ ခွင့်တောင်းထားတာကို စစ်ကောင်စီက ပယ်ချခဲ့တယ်လို့ နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေက စစ်ကောင်စီကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် အခုချိန်ထိ ဆက်သွယ်လို့ မရနိုင်သေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ်လ အစောပိုင်းက ပြစ်ဒဏ်တွေ လျှော့ပေါ့ခဲ့ပေမယ့်၊ နေပြည်တော်အကျဉ်းထောင်မှာ နှစ်ပေါင်း ၃၀ နီးပါး အကျဉ်းချထားဆဲ ဖြစ်ပါတယ်။ သားဖြစ်သူ မောင်ထိန်လင်း (ခေါ်) Kim Aris ကတော့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပေမယ့် အခုချိန်ထိ တွေ့ခွင့်မရသေးကြောင်း ဗွီအိုအေနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။
VOA Burmese

မြေပြင်မှာ ပြည်သူ့တပ်ပေါင်းစုများလက်ချက်နဲ့ အလဲလဲအကွဲကွဲ ဖြစ်နေတဲ့ စစ်ကောင်စီဟာ နိုင်ငံတကာသံတမန် စစ်မြေပြင်မှာလည်း အရေးမ...
03/09/2023

မြေပြင်မှာ ပြည်သူ့တပ်ပေါင်းစုများလက်ချက်နဲ့ အလဲလဲအကွဲကွဲ ဖြစ်နေတဲ့ စစ်ကောင်စီဟာ နိုင်ငံတကာသံတမန် စစ်မြေပြင်မှာလည်း အရေးမလှ ဆက်တိုက်ရှုံးနိမ့်နေပြီ ဖြစ်ပါတယ်။
ျင်းတွင်း

စစ်ကောင်စီကို အကြမ်းဖွဲ့အဖွဲ့အစည်းအဖြစ် အာဆီယံပြည်သူ့ဖိုရမ်မှ သတ်မှတ်ကြေညာ

အာဆီယံပြည်သူ့ဖိုရမ်(ASEAN People Forum 2023)သည် မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ယနေ့သတ်မှတ်ကြေညာသည်။

လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ကိုဆန့်ကျင်သည့်ရာဇဝတ်မှုများ ကျူးလွန်နေသော မြန်မာစစ်တပ်သည် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်လာသဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း အာဆီယံပြည်သူ့ဖိုရမ်က ဆိုသည်။

အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ စက်တင်ဘာ ၁ မှ ၃ အထိ ကျင်းပခဲ့သော ယင်းဖိုရမ်တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စတီ၊ ဗီယက်နမ်တို့မှ ပြည်သူများ တက်ရောက်ခဲ့ကာ ၎င်းတို့သည် မြန်မာစစ်ကောင်စီ၏ ဖိနှိပ်မှုကို ခုခံတွန်းလှန်နေသော မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာအတူ ရပ်တည်ကြောင်း ထုတ်ပြန်သည်။

“ဒီလူထုဖိုရမ်ကြီးက ပထမဆုံးအကြိမ် မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာလိုက်တယ်ဆိုတာသည် လူထုလှုပ်ရှားမှုတွေထဲ အဆင့်တဆင့်တက်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်တပ်က ပြည်သူကို ဘယ်လိုဆက်ဆံလည်းဆိုတာ ပြည်သူက အဓိက အသိဆုံးဖြစ်ပါတယ်။ သို့သော်ငြား အာဆီယံအဆင့် ကိုယ့်နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံတစ်ခုက စစ်တပ်လုံခြုံရေးအဖွဲ့တစ်ခုကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာတယ်ဆိုတာ ဘယ်လောက်တောင်ဆိုးရွားရက်စက်လဲဆိုတာကို အာဆီယံဒေသတွင်း ပြည်သူတွေရဲ့ အသိပညာတိုးတက်မှု၊ သူတို့ စဉ်းစားမှုပြောင်းလဲလာတယ်ဆိုတာ တွေ့ရပါတယ်။ ဒါက သိပ်ခက်ခဲပါတယ်။ စစ်တပ်သည် နိုင်ငံရဲ့ တရားဝင် အဖွဲ့အစည်း အဖြစ်ရပ်တည်လာတာ အခုမှ မဟုတ်ဘူး။ သို့သော် ဒီအဖွဲ့အစည်းကို တရားဝင်မှု ပယ်ချလိုက်တဲ့ လုပ်ရပ်ဖြစ်တယ်။ terrorist အဖွဲ့အစည်းအဖြစ် ကြေညာတယ်ဆိုတာ အနည်းဆုံးတော့ ဒီဖိုရမ်ကတဆင့် တက်ရောက်လာတဲ့ ပြည်သူတွေ ၊ လူငယ်တွေ နောက်မျိုးဆက်သစ်တွေဟာ စစ်တပ်ရဲ့ လုပ်ရက်တွေကို ပိုပြီး မြင်လာနေပြီ။ လူထုချင်း အတူရပ်ထားမှ ရမယ်ဆိုတာ၊ အတူကာထားပေးမှရမယ်ဆိုတဲ့ စဉ်းစားချက်လည်း တိုးတက်လာတာ ကျွန်မတို့ ဒေသတွင်းအတွက် ကောင်းတဲ့ အပြောင်းအလဲဖြစ်ပါတယ်” ဟု ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။

ယင်းဖိုရမ်သည် လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ကတည်းက နှစ်စဉ် တစ်နှစ်အကြိမ်ကျင်းပသော အာဆီယံဒေသတွင်း အကြီးမားဆုံးစုဖွဲ့မှုဖြစ်ပြီး အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ တက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ၊ အမျိုးသမီးများ၊ နေရာဒေသ အသီးသီးမှ ဖိနှိပ်ခံ၊ ဖယ်ကြဉ်ခံတို့ကို ကိုယ်စားပြုတက်ရောက်ကာ ဖလှယ်ကြ၊ ဆွေးနွေးကြကြောင်း ယခုနှစ်ဖိုရမ်သို့ အွန်လိုင်းမှ တက်ရောက်မိန့်ခွန်းပြောကြားသူ မသဉ္ဇာရွှန်းလဲ့ရည်က ရှင်းပြသည်။

ထို့အပြင် အာဆီယံပြည်သူ့ဖိုရမ်သည် အာဆီယံခေါင်း
ဆောင်များအနေဖြင့် စစ်ကောင်စီကို တရားဝင်မှုမပေးရန်၊ စစ်ကောင်စီ၏ လက်နက်နှင့် ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်ရန်၊ ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရရှိနေမှုကို အဆုံးသတ်ရန်နှင့် မြန်မာပြည်သူများ၏ တော်လှန်ရေးကို ထောက်ခံပံ့ပိုးရန် တောင်းဆိုသည်။

ယင်းနောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ EROs၊ အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် ပါဝင်ပတ်သက်သူများ(stakeholders)ကို တရားဝင်ဆက်သွယ်မှု၊ ပုံမှန်ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန်နှင့် NUG နှင့် EROs များနှင့် ပူးပေါင်းခြင်းဖြင့် ဒေသခံအဖွဲ့အစည်းများမှတဆင့် အရေးပေါ်လူသားချင်းစာနာမှု အကူအညီများကို တိုက်ရိုက်ချက်ချင်းပေးအပ်ရန်လည်း အာဆီယံပြည်သူ့ဖိုရမ်က တိုက်တွန်းထားသည်။

(အာဆီယံပြည်သူ့ဖိုရမ်(ASEAN People Forum 2023) ကိုဂျာကာတာမြို့တွင် စက်တင်ဘာလ ၁ ရက်မှ ၃ ရက်အထိကျင်းပခဲ့သည်။ဓာတ်ပုံ - Iloilo Pride Team
FB)
ရဲဇော်

🔺ထောက်ပို့လုပ်တယ်ဆိုတာ ✅သူတောင်းစားကိုပေးသလို စိတ်ကူးပေါက်မှ မူးစွန်းပဲစွန်းပေးတာမဟုတ်ပါ။✅စီးပွါးရေးမကောင်းဘူးငြီးငြူနေပ...
02/09/2023

🔺ထောက်ပို့လုပ်တယ်ဆိုတာ

✅သူတောင်းစားကိုပေးသလို စိတ်ကူးပေါက်မှ မူးစွန်းပဲစွန်းပေးတာမဟုတ်ပါ။
✅စီးပွါးရေးမကောင်းဘူးငြီးငြူနေပြီး ပိုမှပေးမယ် ဆိုတာမျိုးမဟုတ်ပါ။
✅ကြောက်တယ်ဆိုပြီး ဝိနည်းလွတ်ပရဟိတနဲ့ ဇွတ်လိပ်ပြာလုံနေတာမျိုးမဟုတ်ပါ။

တိုင်းပြည်အတွက် အသက်တောင်ပေးဆပ်နေကြတဲ့ လူငယ်လူရွယ်လေးတွေကို အားပေးကူညီ ထောက်ပံ့ပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်။
ျင်းတွင်း

ဟယ်လို စက်တင်ဘာစက်တင်ဘာလကနေစပြီး ကောင်းချီးမဂ်လာများ ယူဆောင်လာပေးနိုင်ဖို့ တော်လှန်ရေးအင်အားစုများကို ကူညီထောက်ပံ့ပေးကြပ...
01/09/2023

ဟယ်လို စက်တင်ဘာ
စက်တင်ဘာလကနေစပြီး ကောင်းချီးမဂ်လာများ ယူဆောင်လာပေးနိုင်ဖို့ တော်လှန်ရေးအင်အားစုများကို ကူညီထောက်ပံ့ပေးကြပါဦး။
ျင်းတွင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ကျောင်းသားတပ်မတော် )၊ အမှတ် (၃) စစ်ကြောင်း လှုပ်ရှာ နယ်မြေအတွင်းရှိ စာသင်ကျောင်းများမှာ လိုအပ်နေသည့် စာသင်ခုံ ၁၀ စုံ အား အလှူရှင်များရဲ့ ကူညီမှုနဲ့အတူ ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါတယ် ။

ပညာရေး အတွက် စစ်ကြောင်း (၃) ရဲ့ တတ်စွမ်းသမျှ ထောက်ပံ့မှုဖြစ်ပြီး အလှူရှင်များရဲ့ လှူဒါန်းမှုကြောင့် ယခုလို ကူညီနိုင်ခြင်းဖြစ်ပါတယ် ။

ABSDF စစ်ကြောင်း (၃) အနေဖြင့် မိမိတို့ လှုပ်ရှားနယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများအပြင် လူထုရဲ့ ပညာရေး၊ကျန်မာရေး၊ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တတ်စွမ်းသမျှ လုပ်ဆောင်လျှက်ရှိပါတယ် ။

ပညာရေးလုပ်ငန်းများကိုလည်း အလှူရှင်များရဲ့ လှူဒါန်းမှုများနှင့်အတူ ဆက်လက်ကူညီထောက်ပံ့သွားမည်ဖြစ်ပါတယ် ။

ABSDF Column - 3
ABSDF

အကြမ်းဖက်စစ်တပ် စကခ (၁၉)နှင့် ခလရ(၆၁) ကို လေယာဥ်ငယ်ဖြင့် ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့  ျင်းတွင်း၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၉) ရ...
01/09/2023

အကြမ်းဖက်စစ်တပ် စကခ (၁၉)နှင့် ခလရ(၆၁) ကို လေယာဥ်ငယ်ဖြင့် ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့
ျင်းတွင်း

၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်၊

၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့၊ မနက်(၁၁)နာရီဝန်းကျင်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ - ၁၉ နှင့် ခလရ - ၆၁ တို့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ( တပ်ရင်း- ၁ ) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (T-5)၊ ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ရေးလေတပ် YAF၊ ရေးကာကွယ်ရေးတပ် YDF၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF ၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO၊ ရေးကာကွယ်ရေးတပ် YDF နှင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) တို့ ပူးပေါင်းကာ SF-Z လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယခုစစ်ဆင်ရေးကို (၇၆) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်း အခြေစိုက်တော်လှန်ရေး မဟာမိတ်အင်အားစုများနှင့် ဒေါနစစ်ကြောင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။။

စစ်ဆင်ရေးအတွင်း ရာသီဥတုဒဏ်ကြောင့် တော်လှန်ရေးအင်အားစုများဘက်မှ SF - Z လေယာဉ်တစ်စင်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုပြီးနောက် ရန်သူ့တပ်မှ (၈၁)မမ၊ (၁၂၀)မမ လက်နက်ကြီးများဖြင့် (၈) ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မိမိတို့မဟာမိတ် တော်လှန်ရေးတပ်ပေါင်းစုများ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်)
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။

ABSDF ကျောင်းသားတပ်မတော်မှ ကျဆုံးရဲဘော် အတွက် အလေးနီပြုလိုက်ပါတယ်ဩဂုတ်လ ၂၇ ရက်နေ့မှ စတင်ပြီး ၂၈ ရက်နေ့အထိ စစ်ကိုင်းတိုင်...
29/08/2023

ABSDF ကျောင်းသားတပ်မတော်မှ ကျဆုံးရဲဘော် အတွက် အလေးနီပြုလိုက်ပါတယ်

ဩဂုတ်လ ၂၇ ရက်နေ့မှ စတင်ပြီး ၂၈ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊အင်းတော်မြို့အနောက်ဘက် ၈ မိုင်ခန့်အကွာရှိ မော်တိတ်ကျေးရွာတွင် တပ်စွဲထားသော အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် ကျောင်းသားတပ်မ တော် (ABSDF) တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် စစ်သား ၂ ဦးသေဆုံးပြီး အင်း တော်မြို့ထဲသို့ အလောင်းကို သယ်ယူခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ၆ ဦးသေဆုံးသည်ကို မျက်မြင် တွေ့ ရှိခဲ့ရပြီး ABSDF မှ ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ျင်းတွင်း

မြေပြင်မှာ ဒကစမှူး ဗိုလ်မှူးချုပ်အဆင့်တွေအထိ လွတ်လပ်စွာလှုပ်ရှားနိုင်မှုမရှိအောင် ချုပ်ကိုင်လာနိုင်တဲ့ နည်းဗျူဟာစွမ်းဆော...
28/08/2023

မြေပြင်မှာ ဒကစမှူး ဗိုလ်မှူးချုပ်အဆင့်တွေအထိ လွတ်လပ်စွာလှုပ်ရှားနိုင်မှုမရှိအောင် ချုပ်ကိုင်လာနိုင်တဲ့ နည်းဗျူဟာစွမ်းဆောင်ရည်တွေ ပြည့်ဝလာလို့ အိမ်ပြန်ချိန်တွေဟာ မဝေးတော့ဘူးလို့ ပြည်သူကို အားတဖန်ပြန်ပေးပါရစေ
ျင်းတွင်း

NUG MOD ၏သတင်းထုတ်ပြန်ချက်
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစမှူး) ဗိုလ်မှူးချုပ် မြတ်မင်းမိုး၏ တပ်ပြောင်းပစ္စည်းများ ဖမ်းဆီးရမိခဲ့
၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့

၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၉) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင်ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်-ပကဖ)က ထီးချိုင့်မြို့နယ်တွင် ကုန်ကား များကို စစ်ဆေးနေစဥ် ယာဥ်အမှတ် 6B/54571 ဖြင့် လွိုင်ကော်မှ တနိုင်းသို့ တပ်ပြောင်းရွှေ့ လာသော ရန်သူ့တပ် ဗိုလ်မှူးချုပ် မြတ်မင်းမိုး (ကြည်း-၂၇၉၇၂) ၏ တပ်သုံးပစ္စည်းများနှင့်အိမ်ထောင်သုံးပစ္စည်း များကို သိမ်းဆည်းရမိခဲ့သည်။

ဗိုလ်မှူးချုပ် မြတ်မင်းမိုး (ကြည်း-၂၇၉၇၂) သည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)၏ ဒေသကွပ်ကဲမှူစစ်ဌာနချုပ်မှူး(ဒကစမှူး) အဖြစ်မှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း)သို့ ဒေသကွပ်ကဲမှူစစ်ဌာနချုပ်မှူး(ဒကစမှူး) အဖြစ် ရွှေ့ပြောင်းလာရခြင်း ဖြစ်သည်။

(၁) စစ်ယူနီဖောင်း (၇၀) စုံ
(၂) 5.56 ကျည် (၄၆၅) တောင့်
(၃) လက်ပစ်ဗုံး (၅) လုံး
(၄) ၁၂ ဘီးကား (၁) စီး
(၅) Skynet (၂) လုံး
(၆) ဓာတ်မြေသြဇာ (၁၅၀) အိတ်
(၇) Sony အမျိုးအစား Camera (၁) လုံး
(၈) Fax စာပို့စက် (၁) လုံး
(၉) Jammer အကြီး (၁) လုံး
(၁၀) Jammer အသေး (၁) လုံး
(၁၁) PC Computer (၂) လုံး
(၁၂) TYT ဆက်သွယ်ရေးစက် (၄) လုံး
(၁၃) Inverter (၄) လုံး
(၁၄) Equipment (၁) စုံ
(၁၅) စစ်ဖိနပ် (၃) ရံ
(၁၆) ဆုတံဆိပ် (၆) ခု
(၁၇) TV (၂) လုံး
(၁၈) ကော်ရည်လောင်းစက် (၁) ခု
(၁၉) ကတ်ထရစ် (၂) ခု တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်)
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။

အာဏာရူးကိုမာန်ဟုန်ချီ ခွတ်ဒေါင်းမာန်နဲ့ မလျော့ဘဲတိုက်နေမည် ျင်းတွင်း
28/08/2023

အာဏာရူးကိုမာန်ဟုန်ချီ ခွတ်ဒေါင်းမာန်နဲ့ မလျော့ဘဲတိုက်နေမည်

ျင်းတွင်း

အောင်ပွဲကြိုတဲ့ သပြေညို ျင်းတွင်း
27/08/2023

အောင်ပွဲကြိုတဲ့ သပြေညို

ျင်းတွင်း

Address


Telephone

+959757777777

Alerts

Be the first to know and let us send you an email when ABSDF - ချင်းတွင်းဒေသ ဒရုန်းတပ်ဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ABSDF - ချင်းတွင်းဒေသ ဒရုန်းတပ်ဖွဲ့:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share