Suu

Suu 💐 Embrace a life of tranquility and serenity, experiencing every moment to its fullest. 💐

ဆံပင်တွေဆိုရင် ညှပ်ရမှာလည်း နှမြောတယ်…ထိန်းသိမ်းရမှာခက်လို့ ညှပ်လည်း ညှပ်ချင်တယ်… 😛
23/12/2022

ဆံပင်တွေဆိုရင် ညှပ်ရမှာလည်း နှမြောတယ်…
ထိန်းသိမ်းရမှာခက်လို့ ညှပ်လည်း ညှပ်ချင်တယ်… 😛

ချစ်ရတဲ့ အမတစ်ယောက်က ပြောဖူးတယ်…လောကမှာ မလှတဲ့ မိန်းကလေးဆိုတာ မရှိဘူး။ပျင်းတဲ့ မိန်းကလေးဆိုတာပဲ ရှိတယ်တဲ့…လှနေတဲ့ မိန်းက...
18/12/2022

ချစ်ရတဲ့ အမတစ်ယောက်က ပြောဖူးတယ်…
လောကမှာ မလှတဲ့ မိန်းကလေးဆိုတာ မရှိဘူး။
ပျင်းတဲ့ မိန်းကလေးဆိုတာပဲ ရှိတယ်တဲ့…
လှနေတဲ့ မိန်းကလေးတွေဆိုတာက ကြိုးပမ်းအားထုတ်ထားလို့ လှနေတာတဲ့…

အဲ့ဒီလိုပဲ…

ကိုယ့်ရဲ့နေထိုင်မှု အိမ်မှုဝန်းကျင်ရဲ့ အဆင့်အတန်းဆိုတာလည်း ကိုယ့်ရဲ့ မပျင်းမရိ အချိန်ပေးနိုင်မှုအပေါ်မှာ အချိုးကျ သက်ဆိုင်နေတာပဲရယ်…

ပျင်းရိလာခဲ့ပြီး smart ကျကျ မနေနိုင်တော့ရင် ကိုယ့်ဘာသာ တုတ်နဲ့ရိုက်ဖို့ ရေးတဲ့ reminder

Upcycling ဆိုသည်မှာ….. ကျမဒီနေ့တော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေတဲ့ Upcycling product...
23/11/2022

Upcycling ဆိုသည်မှာ…..

ကျမဒီနေ့တော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေတဲ့ Upcycling products လေးတွေအကြောင်း ပြောပြချင်ပါတယ်။
Upcycling ဆိုတာ ဘာလဲလို့မေးရင် အကြမ်းဖျဉ်းရှင်းပြရရင် ကျမတို့ အင်္ကျီချုပ်တဲ့အခါ ပိုလာတဲ့၊ လွှင့်ပစ်ရမယ့် ပိတ်စလေးတွေကို အသုံးပြုပြီး ပြန်လည် အသုံးပြုလို့ရတဲ့၊ လှပတဲ့ ထုတ်ကုန်ပစ္စည်းလေးတွေ၊ ဖက်ရှင် အသုံးအဆောင် အစရှိသဖြင့် တီထွင် ဖန်တီးချုပ်လုပ်ခြင်း လုပ်ငန်းစဉ်ပါပဲ…
ကျမတို့ ငယ်ငယ်က အဘိုးအဘွား လက်ထက်က တစ်ချို့အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ အသုံးပြုတဲ့ စပ်စောင်လို့ ခေါ်မယ်ထင်ပါတယ်။ အပ်ချုပ်ဆိုင်က လွှင့်ပစ်လိုက်တဲ့ ပိတ်စဖတ်လေးတွေ စီတန်းကာ ပြန်လည်ချုပ်လုပ်ထားတဲ့ စောင်၊ လိုက်ကာ အစရှိတဲ့ ပစ္စည်းလေးတွေနဲ့ အလားသဏ္ဍာန် တူပါတယ်။
အခုတော့ fashion trend တောင် ဖြစ်လာရောပေါ့….
တကယ်တော့ Upcycling Products တွေက သာမာန် Products တွေထက် ချုပ်လုပ်ရတာ ပိုမို လက်ဝင်ပါတယ်။ တစ်ခုချင်းစီ လိုက်စပ်ရတာကိုး…
မြင်ဖူးပါလိမ့်မယ်။ တစ်ချို့ အကွက်လေးတွေက တစ်ခုနဲ့တစ်ခု ဆက်ပြီး ချုပ်ထားတာမဟုတ်ဘဲ အကွက်ဖြစ်အောင်သာ printed လုပ်ထားတာမျိုးပါ။ အကွက်ဖြစ်နေတာနဲ့ပဲ Upcycling products တွေ မဟုတ်ပြန်ပါဘူး။
အောက်က အိတ်လေးတွေကတော့ ကျမရှမ်းပြည်ခရီးစဉ်အတွင်း အင်းထဲက ဝယ်လာတဲ့ Upcycling Products လေးတွေပါ။
ကျမလျှောက်ကြည့်ရင်း အဲ့ဒီအိတ်လေးတွေကို တွေ့လိုက်ရတဲ့ အချိန်က ပျော်ရွှင်မှုကတော့ ပြောမပြတတ်အောင်ပဲ…
(၂၃) အိတ်တောင် ကျမ ဝယ်ချလိုက်တာ 🤭
ငယ်ငယ်ကတော့ ကျမ အဲ့ဒီလို ခရီးစဉ်တွေသွားရင် လက်ဆောင်ပစ္စည်းတွေ ဝယ်တဲ့အခါ ဂျင်းထည့်မလားဆိုပြီး တွေးမိသောပဲ…
အခုတော့ ကျမ စိတ်ထဲ ငါ ဒီဒေသကို လာလည်တဲ့အတွက် ဒီဒေသခံလူတွေကို သူတို့ဒေသရဲ့ အလှအပတွေကို ကြည့်ရှုခံစားခဲ့သော အဖိုးအခအနေနဲ့ တစ်ချို့ စျေးများတာလေးတွေလည်း ဝယ်ယူခြင်းအားဖြင့် contribution လုပ်ပါတယ်…
ကျမရဲ့ စုဆောင်းထားတဲ့ Upcycling Products ပုံလေးတွေတစ်ချို့ကို အောက်က comments မှာ ဖော်ပြပေးလိုက်ရပါတယ်….

Sincerely,
𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎

ငွေရှိလို့ ပျော်နေတဲ့သူတွေကို အားကျပြီး စိတ်ထဲ အလိုမကျ ဖြစ်လာရင် ငွေမရှိဘဲလည်း ပျော်တတ်အောင် ကြိုးစားရဦးမယ်…ကိုယ့်ရဲ့ ပျ...
12/11/2022

ငွေရှိလို့ ပျော်နေတဲ့သူတွေကို အားကျပြီး စိတ်ထဲ အလိုမကျ ဖြစ်လာရင် ငွေမရှိဘဲလည်း ပျော်တတ်အောင် ကြိုးစားရဦးမယ်…
ကိုယ့်ရဲ့ ပျော်ရွှင်မှုက တစ်စုံတစ်ခုပေါ်မှာ တည်မှီနေမယ်၊ ဟိုဟာပြည့်စုံမှ၊ ဒီဟာ ပြည့်စုံမှ၊ ဟိုဟာ ရှိမှ၊ ဒီဟာ ရှိမှရယ်ဆိုတာမျိုးက မဖြစ်သင့်နေဘူးမလား…
💐 ပျော်ရွှင်မှုဟာ ကိုယ့်ရဲ့ အတွင်း စိတ်သဏ္ဍာန်က လာပါတယ်။
ကိုယ့်မှာ ရရှိပိုင်ဆိုင်ထားမှုတွေထက် ကိုယ့်ရဲ့ အတွင်းစိတ်က အေးချမ်းနေမှ ကိုယ့်ဘဝရဲ့ ပျော်ရွှင်မှု အစစ်အမှန်ကို ရှာဖွေတွေ့ရှိမှာပါ… 💐

💛 Happiness is inside you. 💛

Elysian က ကျမရဲ့ စာဖတ်သူလေးတွေ နေကောင်းကျန်းမာရှိရဲ့ပါလားရှင်…မတွေ့တာလည်း ကြာပြီနော်… ကျမက အခုတလောမယ် ကျမရဲ့ Full Time J...
21/10/2022

Elysian က ကျမရဲ့ စာဖတ်သူလေးတွေ နေကောင်းကျန်းမာရှိရဲ့ပါလားရှင်…
မတွေ့တာလည်း ကြာပြီနော်…
ကျမက အခုတလောမယ် ကျမရဲ့ Full Time Job လေးရယ်၊ New Life Beginning အတွက်လည်း အလုပ်အနည်းငယ် ရှုပ်နေပါတယ်။
ကျမရဲ့ page လေးမှာ စာ ပုံမှန်လေး ရေးဖို့ အမြဲ အမှတ်တရရှိပါတယ်။
(၂) လလောက် ဝေးကွာခဲ့တဲ့ ကျမရဲ့ page လေးဆီ မကြာခင် စာအသစ်လေးတွေနဲ့ ပြန်လာခဲ့ပါမယ်ရှင်…

Hope - မျှော်လင့်ခြင်းများအကြောင်း...ဘဝမှာ ဆက်လက်ရှင်သန်နေထိုင်ဖို့ ဘာလိုအပ်ပါသလဲဆိုရင် 💐 အသက်ဆက်လက်ရှင်သန်လိုစိတ် - wil...
28/08/2022

Hope - မျှော်လင့်ခြင်းများအကြောင်း...

ဘဝမှာ ဆက်လက်ရှင်သန်နေထိုင်ဖို့ ဘာလိုအပ်ပါသလဲဆိုရင်
💐 အသက်ဆက်လက်ရှင်သန်လိုစိတ် - willing to survive နဲ့
💐 မျှော်လင့်ခြင်းဆိုတဲ့ -hope လိုပါသတဲ့...

🌸 ပိုပြီး ကောင်းမွန်တဲ့ ဘဝမှာ နေထိုင်ခွင့်ရဖို့
🌸 ပိုပြီးကောင်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းရဖို့
🌸 မနေ့ကထက် ဒီနေ့က ပိုကောင်းမယ်၊ ဒီနေ့ထက် မနက်ဖြန်က ပိုကောင်းမယ် စတဲ့စတဲ့ မျှော်လင့်ချက်တွေက ကျမတို့ဘဝကို ဆက်လက်ရှင်သန်နေထိုင်စေဖို့ အကြောင်းတရားတွေ ဖြစ်စေပါသတဲ့...

Sincerely,
𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎

ပျော်တာလေးတွေပဲ ရွေးလုပ်ပါ… ✨✨ကျမ အရင်လက အသုံးစရိတ် စာရင်းချုပ်လိုက်တော့ အသုံးစရိတ် စုစုပေါင်း (၁၁) သိန်းကျော် ရှိပါတယ်။...
06/08/2022

ပျော်တာလေးတွေပဲ ရွေးလုပ်ပါ… ✨✨

ကျမ အရင်လက အသုံးစရိတ် စာရင်းချုပ်လိုက်တော့ အသုံးစရိတ် စုစုပေါင်း (၁၁) သိန်းကျော် ရှိပါတယ်။
ဆေးစစ်တာ၊ ဆေးထိုးတာက (၅) သိန်းလောက်ကျပြီး မလိုအပ်ဘဲ ကုန်တဲ့ stress buying က (၃) သိန်းဖိုးလောက် ရှိနေရော…
ဒီလတော့ အသုံးစရိတ်လျှော့ချမယ် တွေးရင်း personal ကိစ္စတွေကြောင့် (၅) သိန်းလောက် ထပ်ကုန်ပြန်ရော…
ကျမလည်း မသေချာတဲ့ အနာဂတ်နဲ့ ငွေရေးကြေးရေးကြားမှာ တစ်ခါတစ်လေလည်း lost ဖြစ်ပါတယ်။
တစ်ခါတစ်လေလည်း စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။
ဒီလို တုန်လှုပ်ချိန်တိုင်း ကျမ အမျိုးသား ပြောတဲ့ စကားလေးတစ်ခုကို ကျမ စွဲစွဲထင်ထင် ကျန်ရှိပါတယ်။
ဘီဘီလေးမှာ ရှိတာတွေတောင် တစ်ရက် တစ်မနက်တည်းနဲ့ စွန့်ခဲ့ရတယ်မလားဆိုတာပါ…
ကျမတို့ရဲ့ အိပ်မက်တွေ၊ အဆင်ပြေနေတဲ့ဘဝတွေကို အာဏာသိမ်းမှု ဖြစ်စဉ်ဖြစ်ခဲ့တဲ့ တစ်မနက်ခင်းထဲမှာပဲ တစ်မဟုတ်ချင်း စွန့်လွှတ်ခဲ့ရတယ်။
- အဆင်ပြေနေတဲ့ အလုပ်အကိုင်တွေ
- ဝင်ငွေတွေ
- အိပ်မက်တွေ
- အနာဂတ်တွေ
- မိသားစုဘဝတွေ
စုံလို့ပဲနော်…
မနက်ဖြန်တွေဟာ ဘာဖြစ်မလဲဆိုတာ သိမှ မသိနိုင်တာ…
ဒီလိုနိုင်ငံမှာက ပိုဆိုးတာပေါ့နော်…
ကျမကတော့ မသေချာ၊ မရေရာတဲ့ အနာဂတ်တွေမှာ အထူးသဖြင့် ဒီလိုနိုင်ငံမှာ 🍒 ကိုယ်ပျော်မှာလေးတွေပဲ လုပ်စေချင်ပါတယ်… 🍒
- ငွေမရှိလို့ ဒါကိုတော့ မလုပ်လိုက်ရဘူး။
- ငွေကို ချင့်ချိန်နေရလို့ ဒီအသက်အရွယ်မှာ enjoy သင့်တာတွေ မ enjoy လိုက်ရဘူးရယ်လို့တော့ မဖြစ်စေချင်ဘူးရယ်…
အခုရောက်နေတဲ့ ကိုယ့်ရဲ့ အခုအသက်က နှစ်ခါ မရနိုင်တဲ့ အရာမလား…

ဒီလိုဆိုလိုက်တိုင်းလည်း ရှိသမျှ ငွေကို ထိုင်သုံးနေရမယ်လို့တော့ မဆိုလိုဘူးပေါ့…

အသုံးနဲ့ အဖြုန်းကို ခွဲခြားပြီး ကိုယ့်ကိုယ်ကိုယ်လည်း မထိခိုက်စေတဲ့ အကုန်အကျလည်း အရမ်းမများစေတဲ့အရာဆိုရင် ကျမတို့ လုပ်သင့်တာပဲလေ…

မနက်ဖြန်တိုင်းက မသေချာနေဘူး…
ရှင်သန်ရတဲ့ နေ့ရက်တိုင်းမှာ နောင်တမရအောင် ကိုယ် ပျော်မယ် ထင်တာလေးတွေကို ရွေးချယ်ဖို့ ကျမ ဒီစာစုလေးနဲ့ တိုက်တွန်းလိုက်ရပါတယ်…

Sincerely,
𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎

မကြာသေးခင်က ကျမ အလုပ်မှာ incident ဖြစ်ပြီး အရင်က ကြုံခဲ့ရတဲ့ traumatic experience က trigger လာဖြစ်ပါတယ်။ပုံမှန်အတိုင်း ပ...
24/07/2022

မကြာသေးခင်က ကျမ အလုပ်မှာ incident ဖြစ်ပြီး အရင်က ကြုံခဲ့ရတဲ့ traumatic experience က trigger လာဖြစ်ပါတယ်။
ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ကို မနည်းပြန်ကြိုးစားရပါတယ်။
Soul က သပ်သပ်၊ Mind က သပ်သပ် ဖြစ်သွားပြီး နေ့စဉ် သွားနေရတဲ့ လုပ်ငန်းခွင်က ကျမအတွက် unhappy ဖြစ်လာပါတော့တယ်။
ကျမက ကျမလုပ်တဲ့အလုပ်ကို ဘာကြောင့် လုပ်ရလဲဆိုတဲ့ why ဆိုတဲ့ reason လည်း ရှိသလို ကျမအလုပ်အပေါ် ကျမ ကျေကျေနပ်နပ်နဲ့ vow လုပ်ထားတဲ့ ကိုယ်ပိုင် professional oath လည်း ရှိပါတယ်။
အခုလို ခေတ်အခြေအနေမှာ မြင်မြင်သမျှက ကျမတို့ စိတ်ရော ခန္ဓာအတွက် အထိမခံဖြစ်စရာ၊ နာမကျန်းဖြစ်စရာ အခြေအနေနဲ့မလား…
ကျမ စိတ်အခြေအနေ ဒီလို ဖြစ်သွားတိုင်း လုပ်လေ့လုပ်ထ ရှိတဲ့ mindfulness practice တစ်ခု ရှိပါတယ်။
အဲ့ဒါကတော့ attitude of gratitude ဆိုတဲ့ ကျေးဇူးတင်အကောင်းမြင်စိတ်နဲ့ ကိုယ့်အနားမှာ ရှိတဲ့ အကြောင်းအရာတွေ၊ ကိုယ့်ဘဝထဲမှာ ရှိတာတွေအတွက် ဝမ်းမြောက်တာပါ။
ဘယ်လောက်ဆိုးတဲ့အခြေအနေမှာဖြစ်ဖြစ် သေချာ ရှာဖွေကြည့်ရင် ကျမတို့ ဘဝမှာ ကျေးဇူးတင်အကောင်းမြင်လို့ရတာလေးတွေ ရှိပါသေးတယ်…
💐 အနည်းဆုံးတော့ ကျမ အသက်ရှင်သေးပါတယ်။ ခြေလက်အင်္ဂါအစုံအလင်နဲ့ ရှိနေပါသေးတယ်။
💐 နေ့စဉ်ဘဝကို ဖြတ်သန်းဖို့ လုပ်ငန်းခွင်တစ်ခု ရှိပါသေးတယ်။ ဝင်ငွေရနေသေးတဲ့ အလုပ်၊ ကျမကို ထမင်းကျွေးတဲ့၊ ကျမ လိုချင်တာတွေ ဝယ်ဖို့ ပိုက်ဆံကို ဖန်တီးပေးတဲ့ အလုပ်တစ်ခု ရှိနေပါသေးတယ်။
💐 ဒီအလုပ်ကလည်း ကျမ ဘဝတစ်လျှောက်လုံး လုပ်လာတဲ့ ဝါသနာနဲ့ ကိုက်ညီတဲ့ ကျမချစ်တဲ့ အလုပ်ဖြစ်နေပါသေးတယ်။
💐 ကျမ ချစ်တဲ့သူတွေ ကျန်းကျန်းမာမာနဲ့ ကျမ အနားမှာ ရှိနေပါသေးတယ်။ ရောဂါကပ်ဘေးမှာ ကျမချစ်တဲ့သူတွေကို တစ်ယောက်မှ မဆုံးရှုံးရသေးဘဲ အနားမှာ ရှိနေသေးတာလည်း ဝမ်းမြောက်စရာမဟုတ်ပါလားရှင်…
💐 ကျမ ကိုယ်တိုင်လည်း ကျန်းကျန်းမာမာ ရှိနေပါသေးတယ်။ Asthma ကြောင့် ရာသီဥတုအပြောင်းအလဲမှာ နှာစေးချောင်းဆိုးတာက လွဲပြီး ကျမမှာ ကြီးကြီးမားမား ဝေဒနာ မရှိဘဲ ကျန်းမာနေပါသေးတယ်။

ဒီလိုတွေ စဉ်းစားလိုက်တော့လည်း ကျမဘဝက အရမ်း မဆိုးနေသေးဘူး။ ဒီအလုပ်မှာတော့ဖြင့် ကျမ ဆက်ရှိလို့ ရနေသေးတယ်။ ဆက်လုပ်လို့တော့ဖြင့် ရသေးတယ်ဆိုပြီး အတွေးတွေ ဝင်လာခဲ့ပါတယ်။

တကယ်လို့ 𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎 Page က စာဖတ်သူလေးတွေလည်း ငါ့ဘဝမှာတော့ဖြင့် မကောင်းတာတွေချည်းပဲ ကြုံနေရတယ်။

ဘာမှတော့ဖြင့် ကောင်းနေတာ မရှိပါဘူး။ ရှိမှာ မဟုတ်ပါဘူးဆိုပြီး တွေးနေမိရင် ကျမလိုပဲ ကိုယ့်ဘဝထဲမှာ ရှိိနေတဲ့ အချက်သေးသေးလေးတွေကစပြီး ကျေးဇူးတင် အကောင်းမြင် ဝမ်းမြောက်တဲ့စိတ်နဲ့ ရေတွက်ကြည့်ပါ…

ဘဝမှာ ဆက်လက်ရှင်သန်ဖို့ အကြောင်းအရင်းတွေ ရှာဖွေတွေ့ရှိလာမှာပါလို့ ဆန္ဒပြုရင်း…. ✨

Sincerely,
𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎

🔹How to get away Monday Blues🔹ကျမရဲ့ Elysian Psychotherapy page လေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်….ဒီနေ့တော့ ကျမ စိတ်လိုလ...
27/06/2022

🔹How to get away Monday Blues🔹

ကျမရဲ့ Elysian Psychotherapy page လေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်….
ဒီနေ့တော့ ကျမ စိတ်လိုလက်ရ ရှိတာမလို့ အရင်က ပြောထားတဲ့ ရေးပေးမယ်ဆိုတဲ့ How to get away Monday Blues ဆိုတဲ့အကြောင်းလေးကို ကျမ ကိုယ်တွေ့ အကြောင်းအရာလေးတွေကနေ ရထားတဲ့ experience တွေကနေတဆင့် မျှဝေချင်ပါတယ်။

How to get away Monday Blues ဆိုတာကို မပြောခင်

🔹What’s Monday Blues?
Monday Blue ဆိုတာ ဘာလဲ၊ ဘယ်လိုမျိုးကို ခေါ်တာလဲ အရင် ဆွေးနွေးကြရအောင်!

Monday Blues ဆိုတာက ကျမတို့ White Collar သမားတွေ၊ အလုပ်လုပ်နေတဲ့ ဝန်ထမ်း၊ ကျောင်းသူကျောင်းသားတွေ အဓိက ကြုံကြရတဲ့ တနင်္ဂနွေ ပိတ်ရက်ပြီး နောက်တစ်ရက်က စိတ်လက်မအီမသာမှုပဲ ဆိုကြပါစို့…

🔹ကျမရော ဘယ်လို ကျော်ဖြတ်နေသလဲ?

👩🏻‍💼ပထမဆုံးအချက်ကတော့ ကိုယ် ပျော်တဲ့ လုပ်ငန်းခွင်မှာ ရှိနေဖို့ပါပဲ။ လုပ်ငန်းခွင်တစ်ခုဟာ ကိုယ်နဲ့ အတိအကျ ကိုက်ညီပြီး အလုံးစုံ ပျော်ရွှင်​နေဖို့ကိုတော့ ကျမတို့ မျှော်လင့်လို့ မရပါဘူး။ အဆင်မပြေတာလည်း ရှိသလို အဆင်ပြေတာလည်း ရှိမယ်။ အလုပ်တွေ တစ်ခုနဲ့ တစ်ခု offer ပေးနိုင်တာတွေကလည်း မတူညီနိုင်ပါဘူး။ တစ်ချို့အလုပ်က လစာကောင်းတယ်။ တစ်ချို့အလုပ်က သွားရေးလာရေး အဆင်ပြေမယ်။ တစ်ချို့အလုပ်ကျ ကိုယ်လိုချင်တဲ့ ရာထူး၊ ကိုယ်ဖြစ်ချင်တာတွေ လုပ်ခွင့်ရတယ်။ ဘယ်လိုပဲ မတူညီတာတွေကို ရရှိပေမယ့် ကိုယ်ပျော်နေဖို့က အဓိကနဲ့ နံပါတ်တစ် အရေးကြီးဆုံးပါပဲ။

👩🏻‍💼 ဒုတိယအနေနဲ့ကတော့ တနင်္လာနေ့မနက်မှာ ရုံးတက်ဖို့အတွက် အလှဆုံး ပြင်ဆင်ပါ။
ကျမကတော့ တနင်္လာနေ့ မနက်ခင်းတွေ ရုံးကို သွားရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အတတ်နိုင်ဆုံး အလှဆုံး အဝတ်အစား၊ အပြင်အဆင်၊ မိတ်ကပ်အသုံးအဆောင်များနှင့် ပြင်ဆင်ခြယ်သပါတယ်။ အနည်းဆုံး အလုပ်တွေရှုပ်တဲ့ မနက်ခင်းမှာ ကျမ ကြည်ကြည်လင်လင် ရှိနေဖို့ လိုအပ်တယ်လို့ ထင်တယ်လေ။

👩🏻‍💼 နံပါတ်(၃) အနေနဲ့ကတော့ ရုံးသွားဖို့ motivation ရှိပါစေ။
ကျမဆို ကျမ စားပွဲခုံပေါ်မှာ indoor plant လေး (၃) ပင် စိုက်ထားတယ်။ တနင်္ဂနွေနေ့ဆို တနင်္လာနေ့ကျရင် ကျမအပင်လေးတွေကို ပြန်တွေ့ဖို့ ရင်ခုန်စိတ်လှုပ်ရှားနေပြီလေ။ အပင်လေးတွေ ဘာတွေများဖြစ်နေလဲဆိုပြီး ရုံးရောက်တာနဲ့ အပြေးအလွှား ကြည့်ရတာက motivation ဖြစ်စေတယ်ရယ်….

👩🏻‍💼 စတုတ္ထအနေနဲ့ကတော့ ကြိုတင်ပြင်ဆင်မှု ရှိပါစေ….
Monday ရောက်မှ အကုန်စုပြုံလုပ်နေမယ့်အစား ကြိုတင်ပြင်ဆင်လို့ရမယ့် ဖိုင်တွေ၊ အကြောင်းအရာတွေကို စုစည်းထားရှိပါ။ အိပ်ရေးဝအောင်အိပ်ပါ။
ကျမကတော့ တစ်ပတ်နှစ်ရက်ပဲ နားရတာမို့ တနင်္ဂနွေနေ့မှာ အပြည့်အဝအိပ်ပစ်ဖို့က အလုပ် မဖြစ်လှဘူးရယ်။ တနင်္လာနေ့ မနက်ခင်းတိုင်းက အိပ်ရာထနောက်ကျပြီး မနက်စာမမှီ၊ ဖယ်ရီပြေးစီးရတဲ့ ရက်တွေချည်း….

အပေါ်က (၄) ချက်ကို ပြောပြပြီးပြီဆိုတော့ ရှောင်ရန်၊ ဆောင်ရန်လေးတွေ ပြောပြချင်သေးတာရယ်…

ရှောင်ရန်ကတော့ ကျမ ဘယ်တော့မဆို အရေးကြီး ကိစ္စတွေကို တနင်္လာနေ့ မနက်ခင်းတွေမှာ ကျမ Client တွေနဲ့ မပြောဘူး။ အလုပ်တွေများ၊ အလုပ်တွေ ရှုပ်နေရတဲ့ထဲ ပိုစိတ်အနှောင့်အယှက် ဖြစ်နိုင်တယ်လေ….

ဆောင်ရန်ကတော့ ကိုယ့်ကိုယ်ကိုယ် treat လုပ်ဖို့ပဲ…
ကျမဆိုရင် တနင်္လာနေ့ဆို ကိုယ့်ကိုယ်ကိုယ် bubble tea လေး ဝယ်တိုက်လိုက်၊ shopping လေး ထွက်လိုက်နဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အတတ်နိုင်ဆုံး အလိုလိုက်ပြီး ဖြတ်သန်းစေတယ်….

ကဲ နင့်အချက်တွေက နင်ကိုယ်တိုင် အလုပ်ဖြစ်ရဲ့စမ်းလားဆိုရင် တစ်ချို့ဟာတွေရယ် အလုပ်မဖြစ်လှဘူး…

ဒါ့အပြင် တစ်ချို့အိပ်ရေးမဝတဲ့ရက်တွေက မလန်းမဆန်းနဲ့ စိတ်ညစ်ညူးစွာ ရုံးသွားရတဲ့ နေ့ရက်တွေလည်း ရှိတာပါပဲ။ ဒီလိုရက်တွေကတော့ ကျမရုံးက energy ကောင်းတဲ့ vitamin လေးတွေရဲ့ ကျေးဇူးကြောင့် ခံစားရတဲ့ အချိန်နာရီက မရှည်စေတာရယ်….

ကဲ…
ကျမရဲ့ Monday Blues နဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးတွေကတော့ မလုံလောက်ပေမယ့် မျှဝေပေးတာကို ကျေနပ်ကြလိမ့်မယ် ထင်ပါတယ်….

ရှင်တို့ရော ရှင်တို့ ကြုံရတဲ့ Monday Blues နဲ့ ပတ်သတ်ပြီး ကျမကို ပြောပြချင်တာလေးတွေ ရှိရင် ကော်မန့် box မှာ မျှဝေခဲ့လို့ ရပါတယ်။

Sincerely,
𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎

ကျမကို ဒီအရွယ်မှာ relationship တစ်ခုရဲ့ value ကို ပြောပါဆိုရင် effort လို့ပဲ ဖြေမိမှာ…စချစ်ပြီး ဆက်ချစ်သွားဖို့ဆိုရင် ချ...
17/06/2022

ကျမကို ဒီအရွယ်မှာ relationship တစ်ခုရဲ့ value ကို ပြောပါဆိုရင် effort လို့ပဲ ဖြေမိမှာ…
စချစ်ပြီး ဆက်ချစ်သွားဖို့ဆိုရင် ချစ်တာတွေ၊ မေတ္တာတွေထက် လိုအပ်တာ တစ်ယောက်အနားမှာ တစ်ယောက်ရှိချင်တဲ့စိတ်နဲ့ ကြိုးစားမှု၊ တစ်ယောက်အပေါ် ထားရှိတဲ့စေနာတွေပေါ့….
Energy ဆိုတာ ခံစားလို့ ရနိုင်တဲ့ အရာမလား…
- ပေါ့ပျက်ပျက် ဆက်ဆံခံရရင်လည်း သိတာပဲ
- အလေးမထားခံရရင်လည်း သိတာပဲ
- တစ်ယောက်တည်းကပဲ effort တွေ အများကြီး ထုတ်နေရင်လည်း သိသာတာပဲရယ်…

မချစ်တော့တာလား မေးရင်လည်း မဟုတ်ဘူး…
အဆင်မပြေကြတော့တာလားဆိုရင်လည်း မဟုတ်ဘူး…
သစ္စာမရှိလို့လားဆိုတော့လည်း မဟုတ်ဘူး….
ဘာဖြစ်လဲ မေးရင်လည်း ကျမတို့မှာ ဖြေစရာ ရှိမနေဘူး…
ဘဝရဲ့ lost ဖြစ်သော အခိုက်အတန့်များပါပဲ….

ဒီရက်ပိုင်းအတွင်း ကျမ ခေါင်းထဲမှာ တွေးဖြစ်နေတဲ့ အကြောင်းအရာလေးတစ်ခုရှိတယ်။ဘာလဲဆိုတော့ ကျမတို့တွေက လူအချင်းချင်း သိပ်ကြော...
12/06/2022

ဒီရက်ပိုင်းအတွင်း ကျမ ခေါင်းထဲမှာ တွေးဖြစ်နေတဲ့ အကြောင်းအရာလေးတစ်ခုရှိတယ်။
ဘာလဲဆိုတော့ ကျမတို့တွေက လူအချင်းချင်း သိပ်ကြောက်စေချင်ကြတယ်။
- မိဘကလည်း သားသမီးကို ကြောက်ပြီး စကားနားထောင်စေချင်တယ်။
- ဆရာ၊ ဆရာမကလည်း ကျောင်းသူကျောင်းသားကို ကြောက်စေချင်တယ်။
- အလုပ်မှာဆိုလည်း ဒီအလုပ်ကို happily enjoy လုပ်ရမှာထက် ငါ complaint အတက်ခံရရင် ဘယ်လိုလုပ်မလဲ၊ KPI မပြည့်ရင် ဘယ်လိုလုပ်မလဲ စတဲ့ အကြောက်တရားရှိမှပဲ အဆင်ပြေမယ် ယူဆကြတယ်။
- အုပ်ချုပ်ခံလူတန်းစားကလည်း အုပ်ချုပ်သူ လူတန်းစားကို သူတို့ကို ပြန်မတွန်းလှန်နိုင်အောင် ကြောက်စေချင်တယ်။

အဲ့ဒီတော့ ကျမတို့ ငယ်စဉ်ဘဝတည်းကနေ ဒီအရွယ်ထိ ကျမတို့ရဲ့ ပတ်ဝန်းကျင်ဘေးပတ်ပတ်လည်မှာ ရှိနေတာရယ်၊ ကျမတို့ကို ရှိစေချင်တာရယ်က အကြောက်တရားပဲ ရှိတယ်။
နေရာတိုင်းကနေ ကျမတို့ကို exposed လုပ်နေတယ်။

လူတွေက အကြာက်တရားတွေ များလာရင် ဘာတွေ ဖြစ်လာလဲဆိုတော့
- ကိုယ့်ရဲ့ energy တွေ၊ confidence တွေက တဖြည်းဖြည်း ကျဆင်းလာပြီး မလုပ်ရဲ၊ မကိုင်ရဲဖြစ်လာမယ်။ မပြောရဲ၊ မဆိုရဲ ဖြစ်လာမယ်။

- ငါ ဒါလေး လုပ်လိုက်လို့ မှားသွားရင် ဘယ်လိုလုပ်မလဲ။
- ငါ့မိဘတော့ သိသွားရင် ဘယ်လိုလုပ်မလဲ။
- ဆရာမက ရိုက်ရင် ဘယ်လိုလုပ်မလဲ။
- ဒါမျိုးပို့စ်တင်လိုက်လို့ ငါ့ကို လာဖမ်းရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့၊ ဆိုတဲ့ အတွေးတွေကနေ ကျမတို့ရဲ့ ဖန်တီးနိုင်စွမ်းအား (creativity) တဖြည်းဖြည်း ကန့်သတ်(limit) လုပ်ခံလာရပါတော့တယ်။

အဲ့ဒါဆို ငါတို့က အကြောက်တရားနဲ့ မအုပ်ချုပ်ရဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ? လို့ မေးလာခဲ့ရင်
ဟုတ်ကဲ့ … အကြောက်တရားရဲ့ ဆန့်ကျင်ဘက်မှာ ချစ်ခြင်း ရှိပါတယ်။

ချစ်ခြင်းထက် ကောင်းမွန်တဲ့ motivation ဆိုတာ မရှိပါဘူး။

- ငါ့မိဘကို ချစ်လို့ ငါ စကားနားထောင်တယ်။
- ငါ့ဆရာမ စိတ်ချမ်းသာအောင် ငါ စာကြိုးစားမယ်

ဒါမျိုးပေါ့ရှင်….

တစ်ချို့တွေက ဒီသဘောတရားကို မသိကြတာတော့ မဟုတ်ပါဘူး။ သိကြတယ်နော်။ ဘာလို့ မလုပ်ကြလဲဆိုတော့ လူတွေကို ချစ်အောင် လုပ်ရတာထက် ကြောက်အောင် လုပ်ရတာက ပိုလွယ်ကူလို့ပါပဲ။

- ချစ်ခြင်းတရားက သိမ်မွေ့နူးညံ့တယ်။
- လုပ်ရတဲ့ နည်းပညာတွေက ခက်ခဲရှုပ်ထွေးတယ်။
- ရင်ဘတ်ထဲကပါမှ ရမယ်။

ဆိုတော့ လူတွေက ခက်ခဲမယ့်လမ်းထက် လွယ်ကူတာတွေကိုပဲ ရွေးချယ်တဲ့သဘောပေါ့။

ကျမတော့ ကျမ ကိုယ်တွေ့ experience အရ လူတွေကို အကောင်းဆုံး mind f**k လုပ်နိုင်ဖို့က ချစ်ခြင်းတရားကလွဲ တခြား မတွေ့မိပါဘူး။

30/05/2022

How I pass my Monday ✨

လူတိုင်းမှာ စိတ်နာဖျား မကျန်းမာကြတဲ့ အခိုက်အတန့်တွေဆိုတာ ရှိတယ်မလား…ကျမရဲ့ စိတ်နာဖျားမှု အကြီးဆုံးကတော့ အရမ်းရင်းနှီးတယ်...
28/05/2022

လူတိုင်းမှာ စိတ်နာဖျား မကျန်းမာကြတဲ့ အခိုက်အတန့်တွေဆိုတာ ရှိတယ်မလား…
ကျမရဲ့ စိတ်နာဖျားမှု အကြီးဆုံးကတော့ အရမ်းရင်းနှီးတယ်လို့ ထင်ရတဲ့ လူတွေနဲ့ ဝေးကွာမှုကို ခံစားရတဲ့ အခိုက်အတန့်တွေပါ….
ခေတ်မှီမှီစကားလုံးနဲ့ ပြောရရင်တော့ Ghost လုပ်ခံရတာပေါ့…
ရယ်စရာ ပြောရရင် Ghost လုပ်ခံရတာက ရည်းစားတွေဆီကထက် ကျမ အပေါင်းအသင်း၊ အသိမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆီက ပိုများပါတယ်။ အဲ့ဒီလိုအဖြစ်အပျက်တွေကြောင့် ခံစားရတဲ့ အခိုက်အတန့်တွေက မနည်းလှဘူးရယ်… Experience အလွန်ရှိပေါ့…
ဒီလိုရှုပ်ထွေးနောက်ကျိနေရတဲ့ စိတ်အလျင်ကို ကြည်လင်စေတာကတော့ ဒီနေ့အတွက် အိမ်မှာပွင့်နေတဲ့ နှင်းဆီပန်းလေးပါပဲ…
ဒီပန်းလေးက ကျမ အမေအတွက် ဝယ်ပေးတဲ့ နှင်းဆီပင်လေး…
ဝယ်တည်းက ပါလာတဲ့ အဖူးက ပွင့်တာမျိုး မဟုတ်ဘဲ ကျမဆီ ရောက်မှ ဖူးပွင့်လာတဲ့ အပွင့်လေးရယ်…
ထူးခြားတာကတော့ ရေမွှေးနှင်းဆီလေးမို့ အနံ့လေးသင်းသင်းလေးပါ မွှေးနေတာ…
ဒီအပတ်တော့ ကျမအတွက် သဘာဝတရားကြီးနဲ့ အတူတကွ ယှဉ်တွဲနေထိုင်ဖြစ်တဲ့ ရက်သတ္တပတ်ရယ်…
ကျမရုံးမှာလည်း Monday Blue ကို ကျော်နိုင်ဖို့အတွက် အပင်လေးတွေ စိုက်ထားဖြစ်ပါတယ်။
ရုံးပိတ်ရက်တွေ ပြီးတော့ ရုံးပြန်တက်ရမယ့် တနင်္လာနေ့ကျရင် ကျမအပင်လေးတွေ ဘာတွေများ ဖြစ်နေမလဲဆိုပြီး သိချင်တာက ကျမအတွက် တနင်္လာနေ့ ရုံးလာဖို့ motivation ဖြစ်စေတယ်လေ…
How To Get Away Monday Blue ပေါ့…
တစ်ရက်ကျမှ ကျမ ရုံးမှာ စိုက်ထားတဲ့ office palnt တွေနဲ့ မိတ်ဆက်ပေးပါဦးမယ်….
ဒီတစ်ပတ် weekend အတွက် ကျမရဲ့ Elysian Psychotherapy Page လေးက မျှဝေချင်တဲ့ blog လေးကတော့ ဒီအထိပါပဲ…
အားလုံးပဲ နေကောင်းကျန်းမာ ရှိကြပါစေရှင်…

Sincerely,
𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎

ကျမရဲ့ “ရန်ကုန်မြို့ထဲ လမ်းတွေလျှောက်” ဖြစ်တဲ့ တနင်္ဂနွေ styling လေးပါ ✨အရင်တစ်ပတ်က Green Festival မှာ ဝယ်ထားတဲ့ Prelove...
22/05/2022

ကျမရဲ့ “ရန်ကုန်မြို့ထဲ လမ်းတွေလျှောက်” ဖြစ်တဲ့ တနင်္ဂနွေ styling လေးပါ ✨
အရင်တစ်ပတ်က Green Festival မှာ ဝယ်ထားတဲ့ Preloved Shirt လေးကို ဝတ်ဆင်ထားပါတယ်။
ဒီရက်ပိုင်း ကျမ ကိုယ်တိုင်လည်း ကျမ ဗီရိုကိုရှင်းပြီး သိပ်မဝတ်ဖြစ်တဲ့ Preloved လေးတွေကို ကျမ ချစ်ရတဲ့သူတွေဆီ ဝေမျှပေးနေပါတယ်။
ချစ်ရတဲ့ Elysian Psychotherapy က စာဖတ်သူလေးတွေလည်း ကိုယ့်ဗီရိုထဲမှာ ကိုယ် ပိန်သွားလို့ပဲဖြစ်ဖြစ်၊ ကိုယ် ဝလာလို့ပဲဖြစ်ဖြစ် ဝတ်လို့မရတဲ့ အဝတ်အစားတွေ၊
ပွဲနေပွဲထိုင်ကလွဲပြီး ခနခန ဝတ်လို့မရဘဲ သိမ်းပဲ ထားရတဲ့ အဝတ်အစားတွေရှိရင် ရှင်းထုတ်လိုက်ပါ… နှမြောပြီး မသိမ်းထားပါနဲ့…

Decluttering လုပ်ရာလည်းကျသလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်ပါတယ်။

👗ကျမတော့ အခုနောက်ပိုင်း အဝတ်အစားဝယ်တဲ့အခါ
Online က မဝယ်ဘဲ ဆိုင်မှာ သွားရောက် ကိုယ်တိုင်ကိုယ်ကျ ကိုယ်ပေါ်မှာ ဝတ်ကြည့်ပြီး အဆင်ပြေတယ်ဆိုမှ ရွေးချယ် ဝယ်ယူပါတယ်။ Online က ဝယ်တဲ့အခါ မော်ဒယ် ဝတ်ပြထားတဲ့ ဓာတ်ပုံတွေမှာတော့ အဆင်ပြေပေမယ့် ကိုယ် တကယ် ဝတ်ကြည့်တဲ့အခါကျမှ ကိုယ်နဲ့ မလိုက်တာ၊ Cutting အဆင်မပြေတာ၊ အသားမကောင်းတာတွေ ရှိနေနိုင်ပြီး အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။

👗 ကိုယ့် ဗီရိုထဲမှာ ခနခန မဝတ်ဖြစ်တာ၊ (၆) လအတွင်း တစ်ခါမှ မဝတ်တဲ့ အဝတ်အစားမျိုးတွေရှိရင် နှမြောပြီး မသိမ်းထားဘဲ Decluttering လုပ်ပေးပါ။

👗 အဝတ်အစားဝယ်တဲ့အခါ စျေးသက်သာတာထက် ကိုယ်ပေါ်မှာ သောက်တောင့်သက်သာ ဖြစ်စေတာ၊ နေ့စဉ် ဝတ်ဆင်လို့ရတာ စတဲ့အချက်တွေကို ကြည့်ပြီး အကောင်းဆုံးကိုသာ ရွေးချယ်ဝယ်ယူပြီး အကြာကြီး အသုံးပြု ဝတ်ဆင်ပေးပါ။ သဘာဝပတ်ဝန်းကျင်ကိုလည်း ကူညီထိန်းသိမ်းရာ ရောက်သလို မိမိရဲ့ costing ကိုလည်း ချွေတာရာ ရောက်ပါတယ်။

👗 အဝတ်အစား မဝယ်ခင် လိုချင်စိတ် တစ်ခုတည်းနဲ့ မဝယ်ယူဘဲ ထပ်ခါထပ်ခါ စဉ်းစားပါ။ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ အချက်တွေထဲမှာ ပလတ်စတစ်ထက် Fashion Industry က ပိုဆိုးနေတာကို သတိပြုပေးပါ။

Preloved လေးတွေကို ဝတ်ဆင်တယ်ဆိုတာ ရှက်စရာ မဟုတ်ဘဲ ဒီအင်္ကျီလေးရဲ့ အကျိုးရှိတဲ့ ဝတ်ဆင်ချိန် သက်တမ်းတစ်ခုကို အတူတူကူပြီး ဆွဲဆန့်ကာ မိမိနေထိုင်တဲ့ကမ္ဘာကြီးကို ထိန်းသိမ်းနေတဲ့ Process တစ်ခုပါပဲ….

Sincerely,
𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎

ကျမမှာ ငယ်စဉ်တည်းကဆိုရင် ရင်ကျပ် ရောဂါ ရှိပါတယ်။ တစ်ခါတစ်ခါ ရင်ကျပ်ရင် မောလည်းမော၊ စားချင်တာတွေ မစားနိုင်၊ လူကြားထဲလည်း ...
17/05/2022

ကျမမှာ ငယ်စဉ်တည်းကဆိုရင် ရင်ကျပ် ရောဂါ ရှိပါတယ်။ တစ်ခါတစ်ခါ ရင်ကျပ်ရင် မောလည်းမော၊ စားချင်တာတွေ မစားနိုင်၊ လူကြားထဲလည်း ချောင်းဆိုးနဲ့ စိတ်ညစ်ရတာပေါ့။
ကျမက ငယ်ငယ်တည်းက ဒီဝေဒနာကို ခံစားခဲ့ရတော့ တကယ်လို့ အသက်ကြီးပြီး ဝေဒနာ ခံစားရရင် ပန်းနာရင်ကျပ်နဲ့တော့ မသေချင်ဘူး။ အဲ့ဒါတော့ မဖြစ်ချင်ဘူး။
ဝေဒနာခံစားရချိန်တွေဆိုရင် ငါ့မှာမှ ဘာလို့ ဒါမျိုး ဖြစ်ရတာလဲ? ရောဂါတွေ အများကြီး ရှိတဲ့ထဲကမှ ဘာလို့ ဒီရောဂါ ဖြစ်ရတာလဲဆိုပြီး ကိုယ့်ဘဝကိုယ် အစကနေ reset ပြန်ချချင်မိသားပဲ…
နောက်ပိုင်း အသက်ရလာပြီး နားလည်တာကတော့ ရောဂါ ဝေဒနာဆိုတာမျိုးက ဘာရောဂါဖြစ်ဖြစ် မကောင်းတဲ့အရာမျိုးမလား…
ဘယ်ရောဂါကတော့ နည်းနည်းပဲ ခံစားရတယ်။ ဘယ်ရောဂါကတော့ ပိုခံစားရမယ်လို့မရှိနိုင်ဘူးရယ်…
မသက်မသာ ဖြစ်ရလို့တောင် disease ဆိုပြီး အင်္ဂလိပ်စကားမှာ ပြောကြရတာလေ….
ပြီးတော့ လူတိုင်းမှာ ကိုယ်ပိုင်ဆိုင်ထားရတဲ့ ကိုယ့် အမှတ်အသား ရောဂါ signature disease လေးတွေက ရှိတတ်ကြတယ်။
မွေးရာပါပဲဖြစ်ဖြစ်၊ အသက်ကြီးလာတော့မှ နေထိုင်စားသောက်မှုကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဆီ မဖိတ်ခေါ်ဘဲ ရောက်လာကြတဲ့ ဘဝရဲ့ ဧည့်သည်တွေပေါ့…
သဘာဝရဲ့ လက်ဆောင်လို့တောင် ကျမ တင်စားချင်ပါရဲ့…
ကျမရဲ့ အနီးအပါး ပတ်ချာလည်က အသိမိတ်ဆွေ သူငယ်ချင်းတွေကို ကြည့်တော့လည်း အကုန်လုံးက ကိုယ်ပိုင် ရရှိထားတဲ့ သဘာဝရဲ့ လက်ဆောင်လေးတွေနဲ့….
ကျမရဲ့ အသိအမနှစ်ယောက်ဆိုရင် SLE လို့ခေါ်တဲ့ အရေပြား လေးဖက်နာ၊ ကျမ အချစ်ဆုံး သူငယ်ချင်းမဆိုရင် သားအိမ်မှာ ရေအိတ်နဲ့၊ ကျမ ကောင်လေးဆိုရင် ကျမလိုပဲ ရင်ကျပ်ရောဂါ…
အကုန်လုံးက ကိုယ်ပိုင်ဆိုင်ထားတဲ့ သဘာဝရဲ့ လက်ဆောင်လေးတွေကို manage လုပ်နေကြရတဲ့လူတွေချည်းပဲရယ်…
တရားသဘောအရဆိုလည်း အနာရောဂါကင်းမဲ့တဲ့ ခန္ဓာကိုယ်မျိုးဆိုတာ မရှိနိုင်ဘူးမလား…
ခန္ဓာရှိရင် ဝေဒနာဆိုတာ ရှိနေမယ့် အရာမျိုးပဲမို့ အကြီးအကျယ် မခံစားရတာနဲ့၊ နေ့စဉ်ဘဝကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့အထိ အကြီးအကျယ် ခံစားကြရတာပဲ ကွာခြားပါလိမ့်မယ်။
လူတိုင်းကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဝေဒနာ signature disease, သဘာဝရဲ့ လက်ဆောင်လေးတွေ ရှိကြမယ် ထင်ပါရဲ့နော်….

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့အတွက် ကျမရဲ့ နေ့စဉ်ဘဝမှာ ဒါတွေ လုပ်ဆောင်နေပါတယ်🌱 ကျမရဲ့ အသုံးအဆောင် ပစ္စည်း(အိတ်၊...
15/05/2022

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့အတွက် ကျမရဲ့ နေ့စဉ်ဘဝမှာ ဒါတွေ လုပ်ဆောင်နေပါတယ်
🌱 ကျမရဲ့ အသုံးအဆောင် ပစ္စည်း(အိတ်၊ ဖိနပ်၊ အင်္ကျီ) တွေကို အရင်လို လိုချင်တိုင်း မဝယ်တော့ဘဲ တတ်နိုင်သလောက် လျှော့ဝယ်ပါတယ်။ ဒါတွေက တစ်ချိန် အသုံးမလိုရင် အမှိုက်ဖြစ်သွားနိုင်လို့ပါ။
🌱 နေ့စဉ်ဘဝထဲက ပလတ်စတစ် အသုံးကို တတ်နိုင်သမျှ လျှော့ချပါတယ်။
ပလတတ်စတစ် အမှိုက်များကို လျှော့ချနိုင်ဖို့ ပါဆယ်ဝယ်စားခြင်းကို တတ်နိုင်သလောက် လျှော့ချပြီး ဆိုင်မှာပဲ ထိုင်စားပါတယ်။ ရေခဲမုန့် ဝယ်စားတဲ့အခါ ဇွန်းမတောင်းတာ၊ ဆိုင်ထိုင်တဲ့အခါ တစ်ခါသုံးတူကို တတ်နိုင်သလောက် လျှော့သုံးတာ စတာတွေကို ပြုလုပ်ပါတယ်။
🌱 စက္ကူလျှော့သုံးတာ။
လုပ်ငန်းခွင်သုံး စာရွက်တွေကို အမှားပါတဲ့အခါ တစ်ခါတည်း လွှင့်ပစ်တာမျိုးမဟုတ်ဘဲ တစ်ဖက်လွတ်အနေနဲ့ ပြန်လည်အသုံးပြုတာ၊ တစ်ရှူးကို တတ်နိုင်သလောက် လျှော့သုံးတာ…

ကျမက environmentalist မဟုတ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ အကြောင်းအရာများကို Professional ကျကျ မရည်ညွှန်းတတ်ပါဘူး။
အပေါ်အချက်တွေကတော့ ကျမ တစ်ကိုယ်ရည်စာ လုပ်ဆောင်နေတဲ့ ထိန်းသိမ်းခြင်းတွေကိုသာ ဝေမျှထားတာ ဖြစ်ပါတယ်။
ဒီကမ္ဘာကြီးကို ရေရှည်တည်တံ့ကျန်းမာအောင် ထိန်းသိမ်းဖို့က ဒီကမ္ဘာကြီးရဲ့ resource တွေကို ထုတ်ယူသုံးစွဲနေကြတဲ့ ကမ္ဘာသူ၊ ကမ္ဘာသားတိုင်းမှာ မလွဲမသွေ တာဝန်ရှိပါတယ်။

သဘာဝရားကို ချစ်ဖို့ရာကလည်း ကိုယ့်အနီးအနားမှာ ရှိတဲ့ ပတ်ဝန်းကျင်က ပန်းတွေ ပွင့်နေတာ၊ တောငှက်တိရစ္ဆာန်လေးတွေ အော်မြည်နေတာ၊ အင်းဆက်တွေလှုပ်ရှားနေတာစတဲ့ အသေးစိတ်ကို မျက်စိနဲ့ မြင်အောင်ကြည့်ပြီး နှလုံးသားနဲ့ ခံစားတတ်မှသာ ချစ်တတ်လာမှာပါ။

ကျမရဲ့ environmental awareness နဲ့ ပလတ်စတစ်လျှော့ချသုံးစွဲခြင်း awareness level ကို increase လုပ်ပေးခဲ့တဲ့ ချစ်ရတဲ့ အမ Sein Mya Living Lifestyle -စိမ်းမြ နဲ့ zero waste community ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

ပုံလေးကတော့ ကျမ ဒီနေ့ Kokkoya Organics က Green Festival ကို သွားခဲ့တဲ့ ပုံလေးပါ…

ခေါင်းစည်းကြိုးလေးကတော့ Four Degree Studios က Fabrics Waste တွေနဲ့ ပြုလုပ်ထားတဲ့ Scrunchies လေးပါ…

Have a blessed Saturday ✨
14/05/2022

Have a blessed Saturday ✨

လူတစ်​ယောက်ကို ချစ်မိတဲ့အခါ တစ်ယောက်ကနေ နှစ်ယောက် တစ်သားတည်းပေါင်းစပ်မိသွားချိန်…ကိုယ့်ဘဝမှာ သူမှ သူ…သူ မရှိရင် မဖြစ်ပါဘ...
12/05/2022

လူတစ်​ယောက်ကို ချစ်မိတဲ့အခါ
တစ်ယောက်ကနေ နှစ်ယောက် တစ်သားတည်း
ပေါင်းစပ်မိသွားချိန်…
ကိုယ့်ဘဝမှာ သူမှ သူ…
သူ မရှိရင် မဖြစ်ပါဘူးဆိုတာတွေ ဖြစ်လာပါတော့တယ်…
ကိုယ်ပိုင်ဟန်တွေ ပျောက်ဆုံးလာပြီး သူ့အိပ်မက်တွေက ကိုယ့်အိပ်မက် ဖြစ်လာပြီဆိုရင် ကျမတို့ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ရပါမယ်…
ဘာလို့လဲဆိုရင် ကျမတို့ဘဝထဲမှာ သူတို့တွေ မရှိတော့ရင်ဆိုတဲ့ အခြေအနေမျိုးတွေ ရောက်လာနိုင်လို့ပါပဲ…
ဒါကြောင့် ချစ်ခင်နေစဉ်တည်းက ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင် အိပ်မက်တွေ ကျမပျောက်သွားဖို့ လိုအပ်ပါတယ်။

အတူတူရှိနေစဉ်မှာ….
🌼 ကိုယ်ပိုင်ဟန် မပျောက်ပါစေနဲ့
🌼 ကိုယ့်အိပ်မက်တွေကို အမြဲဆန်းစစ်ပြီး ဖြစ်မြောက်အောင် အကောင်အထည်ဖော်ပါ။
🌼 ကိုယ် ဝါသနာပါတာတွေ လုပ်ပါ။
🌼 ကိုယ်ပိုင် အသိုင်းအဝိုင်းလေး တစ်ခု ရှိပါစေ…

အဆိုးမြင်အနေနဲ့ အတူရှိတဲ့အချိန်တွေမှာ ပြတ်စဲမယ့်အချိန်တွေကို ကြိုတင်တွေးတော ပူပင်ကာ ပြင်ဆင်နေဖို့ မလိုအပ်သလို ပြတ်စဲတဲ့အချိန်ရောက်လာခဲ့ရင်လည်း အတူတူရှိခဲ့တဲ့ ကောင်းမွန်တဲ့ အမှတ်တရများကို သိမ်းဆည်းပြီး ကိုယ့်ဘဝကို ဟန်ချက်မပျက်စေဘဲ ဆက်လှမ်း လျှောက်လှမ်းကြရပါမယ်….

အားလုံးပဲ သာယာလှပတဲ့ ချစ်ခရီးလမ်းများကို ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း…

Sincerely,
𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎

A New Beginning- အသစ်တစ်ခုစတင်ခြင်း 🌱
10/05/2022

A New Beginning- အသစ်တစ်ခုစတင်ခြင်း 🌱

My life is over ဆိုပြီး တွေးမိတဲ့ အခိုက်အတန့်တွေ ခနခန ရှိဖူးတယ်…အရမ်းနာကျင်ရသော အချိန်များရယ်လို့ အမှတ်စဉ် ရေလိုက်ရင် စာ...
09/05/2022

My life is over ဆိုပြီး တွေးမိတဲ့ အခိုက်အတန့်တွေ ခနခန ရှိဖူးတယ်…
အရမ်းနာကျင်ရသော အချိန်များရယ်လို့ အမှတ်စဉ် ရေလိုက်ရင် စာမေးပွဲကျတဲ့အချိန်ရယ်၊ အရင်ရည်းစားနဲ့ ပြတ်တဲ့အချိန်ရယ်၊ အာဏာသိမ်းပြီး account ပါသွားတဲ့အချိန်တွေရယ်ပဲ…
အသက်တွေသာ ကြီးလာတယ်။ ခံစားချက်တွေက မရင့်ကျက်ဘဲ လူကတော့ emotional ဖြစ်တုန်းပဲ…
- တစ်ချို့ ရက်တွေမှာ guilty feeling ရတယ်။
- တစ်ချို့ ရက်တွေကျ ခံစားချက်တွေ တနင့်တပိုးနဲ့ I don’t want to live this life anymore ဆိုတာမျိုး…
- တစ်ချို့ပြဿနာတွေက ကိုယ်မဖြေရှင်းပေးနိုင်လို့ စိတ်မကောင်းဖြစ်ရတယ်။
- ချစ်ခြင်းတရားတွေ၊ သံယောဇဉ်တွေကြား ပူရတယ်။ လောင်ရတယ်။ ဝမ်းနည်းရတယ်။ ပျော်ရတယ်။
ဘဝဆိုတာကိုက ခံစားချက်တွေ အစုံကို ပြသနေတဲ့ ရုပ်ရှင်တစ်ကားပါပဲ…
သူပြသတဲ့ ခံစားချက်နောက်ကို လိုက်ပြီး စီးမျောရတာကိုက ဘဝရဲ့ အရသာ ထင်ပါရဲ့….

သင့်ဘဝရဲ့ အရေးကြီးဆုံးက ဘာလဲ?ကျမ ဟိုတလောဆီက Psychology Workshop တစ်ခုတက်တော့ ဘဝရဲ့ အရေးကြီးဆုံး၊ ကိုယ်တန်ဖိုးအထားဆုံး ဆိ...
07/05/2022

သင့်ဘဝရဲ့ အရေးကြီးဆုံးက ဘာလဲ?

ကျမ ဟိုတလောဆီက Psychology Workshop တစ်ခုတက်တော့ ဘဝရဲ့ အရေးကြီးဆုံး၊ ကိုယ်တန်ဖိုးအထားဆုံး ဆိုတဲ့ အရာတစ်ခု ရှာတဲ့ စိတ်လေ့ကျင့်ခန်း လုပ်ကြရတယ်….
အဲ့ဒီတုန်းကတော့ ကျမ စိတ်လေပြီး ကိုယ့်ဘဝကိုယ် လမ်းပျောက်နေတဲ့အချိန်ဆိုတော့ ဗြုန်းခနဲ ရုတ်တရက် စဉ်းစားလို့ မရဘူး…
- ကျမ အလုပ်ပြန်ဝင်ချင်နေလို့ ကျမရဲ့ career life က အရေးကြီးဆုံးလား…
- ကျမက ကျမရှာတဲ့ ငွေလေးတွေဆိုရင်လည်း သိပ်ချစ်တာမို့ ပိုက်ဆံများလား…
- ကျမ ကောင်လေးလား၊ ကျမ မိဘလားပေါ့…

အရိုးသားဆုံးအဖြေကိုရဖို့ (၃) စက္ကန့်အတွင်း ခေါင်းထဲ ဖြတ်ခနဲ ပေါ်လာတဲ့ မစဉ်းစားတဲ့အဖြေကိုယူဖို့က အကောင်းဆုံးမလား?

ကျမအတွက် ဖြတ်ခနဲ ကျမခေါင်းထဲ ပေါ်လာတာကတော့ Honesty ပါပဲ…

ဒီနေရာမှာ ကျမအနေနဲ့ ရိုးသားခြင်းသည်သာ ဘဝရဲ့ အင်အား တို့ ဘာတို့ဆိုပြီး ဗမာကားဆန်ဆန် ပြောမှာ မဟုတ်ဘူး…

ရိုးသားခြင်းဆိုတာ ဘာလဲ…

ကျမအတွက်တော့ ရှင်းပါတယ်။
ကျမလည်း သူများအပေါ် မလိမ်မညာ၊ မကောက် မကွေးဘဲ ရိုးရိုးဖြောင့်ဖြောင့်၊ အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း ပြောဆိုဆက်ဆံတယ်။

အလားတူ ကျမကိုလည်း တစ်ဖက်သားက ရိုးဖြောင့်စွာ ဆက်ဆံပေးမှုကို ကျမ ပြန်လိုချင်တယ်။

ကျမအပေါ် မရိုးမဖြောင့် လုပ်တာတွေ၊ ဟန်ဆောင်တာတွေ၊ လိမ်ညာတာတွေ၊ ဖုံးကွယ်တာတွေကို ကျမအနေနဲ့ သည်းခံနိုင်မှု မရှိဘူးရယ်…

မျက်စိရှေ့မှာတွေ့ရင် အော့နှလုံးနာပြီး ကျမဘဝရဲ့ ပတ်သတ်ဆက်ဆံမှု စာရင်းဇယားထဲကနေ ထုတ်ထားချင်တာမျိုး…

ဒါက ကျမအတွက် zero tolerance နဲ့ ကျမဘဝရဲ့ အရေးကြီးဆုံး အရာ၊ လူတွေကို ကျမပေးချင်တဲ့ အကောင်းဆုံးလက်ဆောင်၊ လူတွေဆီက ကျမ လိုချင်တဲ့ တန်ဖိုးအထားဆုံး အရာပေါ့…

တစ်ချို့လူတွေအတွက်က ငွေက အရေးကြီးဆုံးဖြစ်မယ်။
ငွေရဖို့ဆိုရင် ဘာမဆို လုပ်နိုင်တာမျိုး…
တစ်ချို့တွေအတွက်က ပျော်ရွှင်မှု…
တစ်ချို့တွေအတွက်က ချစ်ခြင်းမေတ္တာ စသဖြင့်ပေါ့…

ကျမတို့ရဲ့ ဘဝမှာ သတ်မှတ်ထားတဲ့ ဘဝရဲ့ တန်ဖိုးထားတဲ့ စံနှုန်းတွေပေါ်မှာ မူတည်ပြီး ကျမတို့ ဘယ်သူဆိုတာ ဖြစ်လာတယ် ထင်ပါရဲ့…

စာဖတ်သူရဲ့ တန်ဖိုး အထားဆုံး အရာက ဘာများဖြစ်မလဲ?
ဘာကြောင့် တန်ဖိုးထားရသလဲဆိုတာကို အပန်းမကြီးရင် comment box မှာ comment ပေးပြီး မျှဝေခဲ့ပါဦး…

Sincerely,
𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎

နွေရာသီဆိုတော့ ပူပူအိုက်အိုက်နဲ့ ကျမတို့ရဲ့ နေ့စဉ်သွားလာလှုပ်ရှားမှုတွေမှာ ချွေးထွက်ပြီး အရမ်းတော့ စိတ်ညစ်စရာပါပဲ…ဒီကြား...
04/05/2022

နွေရာသီဆိုတော့ ပူပူအိုက်အိုက်နဲ့ ကျမတို့ရဲ့ နေ့စဉ်သွားလာလှုပ်ရှားမှုတွေမှာ ချွေးထွက်ပြီး အရမ်းတော့ စိတ်ညစ်စရာပါပဲ…
ဒီကြားထဲ မီးက ပျက်သေးတယ်မလား…
ကျမအတွက် နွေရာသီဆိုရင် ပျော်ရွှင်စရာ အကြည်ဓာတ်လေးက နီနီရဲရဲနဲ့ တစ်ပင်လုံး ရဲနေအောင် ပွင့်တတ်တဲ့ စိန်ပန်းပင်တွေပါပဲ…
လမ်းသွားရင်း ကြည့်နေတာကိုက ပျော်စရာပဲရယ်…
စိန်ပန်းက ကျမ အကြိုက်ဆုံးပန်းထဲမှာ ပါတယ်…
စိုက်ပျိုးတဲ့အခါမှာလည်း ဂရုတစိုက် တယုတယ ပြုစုယုယစရာ မလိုဘဲ အလွယ်တကူ စိုက်ပျိုးလို့ရတယ်…
ရာသီချိန်ရောက်လို့ ပွင့်တယ်ဆိုရင်လည်း တအုံတမနဲ့ ကြည့်ရတာ သိပ်လှတယ်လေ…
ကိုယ်ပိုင် ခြံလေးတစ်ခြံနဲ့ အိမ်ဆောက်ဖြစ်ရင် ကျမတော့ စိန်ပန်းတွေ ဝေအောင် စိုက်ဖို့ စိတ်ကူး ရည်ရွယ်ထားတယ်….
𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎 ရဲ့ စာဖတ်သူလေးတွေလည်း ကျမလို နွေရာသီနေပူပူမှာ အကြည်ဓာတ်လေး ရနိုင်ဖို့ ကျမလုပ်လေ့လုပ်ထ ရှိတဲ့ ကောင်းမွန်တဲ့ habit လေးတစ်ခုကို မျှဝေလိုက်ရပါတယ်ရှင်…
အားလုံးပဲ မသာယာတဲ့ ကမ္ဘာမှာ တဒင်္ဂရွှင်လန်းကြည်သာ ရှိကြပါစေရှင်…

Sincerely,
𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎

ပတ်ဝန်းကျင်က ကဲ့ရဲ့တတ်တဲ့လူတွေ…ကျမ ပုံလေး တစ်ပုံတင်တော့ ကျမကို စသလို နောက်သလိုနဲ့ Negative ကော်မန့် လာပေးတဲ့သူ တစ်ယောက်ရ...
01/05/2022

ပတ်ဝန်းကျင်က ကဲ့ရဲ့တတ်တဲ့လူတွေ…

ကျမ ပုံလေး တစ်ပုံတင်တော့ ကျမကို စသလို နောက်သလိုနဲ့ Negative ကော်မန့် လာပေးတဲ့သူ တစ်ယောက်ရှိတယ်။
ဒီလူဟာ ဒီလိုပဲ ခနခန လာပေးနေတာရယ်…
အရင် အရွယ်ငယ်ငယ် ကျမ မရင့်ကျက်ခင်တုန်းကတော့ ငါ့မှာ ဘာအပြစ်ရှိလဲ၊ ဘာပြင်ရမလဲပဲ ကျမ တွေးမိခဲ့တာ…
အခုကျတော့ ကျမ နားလည်သွားခဲ့တယ်။ သူတို့ကလေ
- ရည်းစားမရှိရင် ရည်းစား မရှိလို့ FA မ လို့ နှိမ်မယ်။
- ရည်းစားရှိလို့ ကိုယ့်ရည်စားနဲ့ ကြည်ကြည်နူးနူး နေရင် လင်တရူးလို့ ပြောမယ်။
- ဝနေရင် ဝက်မ… တားဆေးတွေ သုံးနေတာလား မထိခလုတ် ထိခလုတ် ပြောမယ်
- ပိန်သွားရင် ပိန်သွားလို့ ငဖောင်ရိုးခြောက်မ လို့ပြောမယ်
- အလုပ်မရှိရင် အလုပ်လက်မဲ့လို့ နှိမ်မယ်
- အလုပ်ရှိပြီး ပျော်ရွှင်အဆင်ပြေနေတာ တွေ့ရင် မာန်တက်နေတယ်ဆိုပြီး သပုတ်လေလွင့်ပြောမယ်။
- ပိုက်ဆံမရှိတဲ့ပုံနေပြရင် ဆင်းရဲသားသဖွယ် နှိမ်မယ်။
- ပိုက်ဆံ ရှိတဲ့အခါကျ အရင်က ဆင်းရဲပြီး အခုမှ သုံးဖူး၊ စားဖူးသဖွယ် အတင်းအဖျင်း ပြောကြမယ်။

တကယ်တော့ ပြဿနာက ကျမတို့ဆီမှာ ရှိနေတာ မဟုတ်ဘဲ ကျမတို့ကို အဲ့ဒီလို လိုက်ပြောနေတဲ့ သူတို့တွေဆီမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတာရှင့်…
- ကိုယ့်ရဲ့ insecurities စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို သူများပေါ် လိုက်ပြောရင်း ဖြေဖျောက်တာ
- တစ်ဖက်သားအပေါ်မှာ တစ်ဖက်သားရဲ့ တည်ရှိမှု၊ ဖြစ်တည်မှုအပေါ် လေးစားမှု မပေးနိုင်ဘဲ ဝင်ရောက်စွက်ဖက်ချင်တာ…

အပြောခံရတဲ့ ကျမတို့က ရှက်ရမှာ မဟုတ်ဘဲ… အဲ့လို လိုက်ပြောနေတဲ့ လူတွေက ကိုယ့်စိတ်ဓာတ်ကို ကိုယ် ရှက်ရမှာ၊ အရှက်ရရမှာ…

ပြီးရင် ကျမတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အဲ့ဒီလူတွေက ကျမတို့ရဲ့ ဖြစ်တည်မှု၊ တည်ရှိမှုတွေ အမြဲ မကောင်းတဲ့ဘက်ကနေပဲ လိုက်ရှာဖွေပြီး အပြစ်ပြောကဲ့ရဲ့ချင်တာမို့ အမြဲ တစ်ခုမဟုတ် တစ်ခု အပြစ် ပြောခံနေရမှာပဲရယ်….
အဲ့ဒီတော့ သူတို့တွေ စိတ်သဘောကျ ကျမတို့ဟာ သူတို့ အပြစ်ပြောတာကို ခံပြီးပဲ ကျမတို့ကိုယ် ကျမတို့ ငါ ဘာလိုအပ်ချက်ရှိနေလဲဆိုပြီး သူတို့ရဲ့ မကောင်းတဲ့ negative energy တွေ အကူးစက်ခံမလား? ကိုယ့်ဘဝ ကိုယ့်ခရီးလမ်းကို ကိုယ့် စိတ်သဘောကျ တည်ဆောက်ပြီး ဆက်လျှောက်မလားဆိုတာကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှုပါပဲ…..

Sincerely,
𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎

ကျမ တစ်ရက်တစ်ရက် ရုံးကပြန်လာပြီဆိုရင် မီးပျက်နေတာတွေ့ရင် စိတ်စညစ်ရတော့တာပဲ…လူကနားချင်… မီးကမလာ… ရာသီဥတုက ပူ… ခြင်ကကိုက်…...
26/04/2022

ကျမ တစ်ရက်တစ်ရက် ရုံးကပြန်လာပြီဆိုရင် မီးပျက်နေတာတွေ့ရင် စိတ်စညစ်ရတော့တာပဲ…
လူကနားချင်… မီးကမလာ… ရာသီဥတုက ပူ… ခြင်ကကိုက်…
ပူတော့ လူက စိတ်ပိုတိုချင်…
မှောင်ကြီးမည်းကြီး ပန်းကန်ခွက်ယောက်ဆေးကြောပြီး နားမယ်လုပ်ရင် ခြင်တွေက ကိုက်ဖို့ ဝိုင်းလာ… အခန်းထဲမှာလည်း မီးမလာလို့ Air Con မရတော့ ပူလို့ မနေနိုင်…
ဘာမှ မလုပ်နိုင်ဘဲ မီးလာအောင် စောင့်နေရတာက အလုပ်တစ်ခုလို ဖြစ်နေရော…
ည (၉) နာရီကျမှ မီးလာတော့ လုပ်ချင်တာလေးတွေ လုပ်ရဖို့ အိပ်ရာဝင်တာ နောက်ကျ၊ မနက်ကျ အလုပ်သွားဖို့ အိပ်ရေးမဝဘဲ အစောကြီး ပြန်ထရ…
တကယ့် ငရဲပါပဲ…
ကျမတို့ဘဝတွေဟာ မပေးသင့်တဲ့နေရာတွေမှာ လိုအပ်တာထပ် emotional cost တွေ ပေးလိုက်ကြရတာများဆိုတာ…
တစ်ဆက်တည်းမှာ ခေတ်ပျက်ကြီးကို ဖြတ်သန်းခဲ့ကြရတဲ့ တစ်ခေတ်တစ်ခါ ကျမတို့ရဲ့ မိဘတွေကို သတိရမိတယ်။
ခေတ်အခေါ် Gen L တွေပေါ့…
သူတို့မျက်နှာတွေမှာ စိတ်အလိုမကျမှုတွေ၊ လူတစ်ဖက်သားကို နားမလည်ပေးနိုင်မှုတွေနဲ့ Negative Vibe တွေ များပြီး ရှိသင့်တဲ့ အသက်ထက် ပိုအိုစာကြတဲ့ လူတွေပေါ့…
သူတို့ရော ဘယ်လောက်များများ emotional cost တွေ ပေးခဲ့ကြရပါလိမ့်နော်…
ကျမတို့ထပ်တော့ ဆိုးခဲ့ကြမှာ အသေအချာပါပဲ…
ခေတ်ကြီးက တစ်ရက်ထက် တစ်ရက် ပိုပျက်လာတော့ ကျမတို့ဟာ ပျော်ရွှင်နိုင်ဖို့ ခက်လာကြတယ်။
ငွေရေးကြေးရေးကအစ အပေါ်မှာ ကျမပြောတဲ့ Emotional Cost တွေ ထည့်တွက်လိုက်ရင် ကျမတို့ရဲ့ နေ့စဉ်ဘဝက ဘယ်လောက်တောင်များ ပျော်စရာတွေ ရှားပါးပါလိမ့်နော်…
ကျမကတော့ ကျမရဲ့ Energy ကို ဆွဲစုပ်ယူပစ်တဲ့ လူတွေကို အနားနားမှာ မထားချင်တော့ဘူးရယ်…
အစစအရာရာ လိုတာထက် ပိုခက်ခဲတဲ့ ခေတ်ပျက်ကြီးထဲမှာ ကျမတို့ဟာ တတ်နိုင်သလောက် လူတွေကို Happy Vibe ပေးနိုင်တဲ့သူတွေ ဖြစ်အောင် ကြိုးစားကြရပါမယ်…
ဒီနေ့ ကျမပေးချင်တဲ့ message လေးကတော့ ခေတ်ပျက်ကြီးထဲမှာ အရင်ကထက် ပျော်ဖို့ ခက်နေတာမို့ ကိုယ့်အနားမှာ အာရုံနောက်စေတဲ့လူတိုင်းကို တတ်နိုင်သလောက် ရှောင်ပြီး ကိုယ်တိုင်လည်း သူများကို အာရုံနောက်စေရတဲ့လူ မဖြစ်စေဖို့ပါပဲ…

Sincerely,
𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎

ကျမတို့နိုင်ငံရဲ့ အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဆုံးရှုံးမှုတွေ ကိုယ်စီ ရှိကြမှာပါ။- အသက်အိုးအိမ် ဆုံးရှုံးကြရတဲ့သူတွေ- လွတ်...
23/04/2022

ကျမတို့နိုင်ငံရဲ့ အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဆုံးရှုံးမှုတွေ ကိုယ်စီ ရှိကြမှာပါ။
- အသက်အိုးအိမ် ဆုံးရှုံးကြရတဲ့သူတွေ
- လွတ်လပ်မှုတွေ ဆုံးရှုံးကြတဲ့သူတွေ
- အိုးပစ်အိမ်ပစ် ထွက်ပြေးရတဲ့သူတွေ စုံလို့ပါပဲနော်…
ဘယ်သူ့ဒဏ်ရာတွေကတော့ဖြင့်သေးတယ်။ ဘယ်သူကတော့ နာမည်ပိုကြီးလို့ သူ့ဒဏ်ရာတွေကတော့ ကြီးတယ်ဆိုတာမျိုးတော့ မရှိပါဘူး…
ကျမတို့လူငယ်တွေဟာလည်း ဘဝရဲ့အိပ်မက်တစ်ချို့ ဆုံးရှုံးခဲ့ကြရပါတယ်။
အာဏာသိမ်းမှု ဖြစ်စဉ်မတိုင်ခင်က ကျမရဲ့ တစ်လစာ ဝင်ငွေဟာ ဒေါ်လာ (၁၀၀၀) နဲ့အထက် ရှိခဲ့ပြီး (၆) နှစ်တာ ရင်းနှီးမြုပ်နှံခဲ့ရတဲ့ Career Life အသီးအပွင့်ကို စတင် ရရှိနေချိန်လို့ပဲ ဆိုရပါမယ်။
ဒီလိုတွေ ဖြစ်လာမယ်ဆိုတာလည်းမသိတော့ အသက် (၃၀) လောက်ကျရင် တိုက်ခန်းလေး ဝယ်ပြီး တစ်ယောက်တည်းနေမယ်။ MBA တက်မယ်။ တစ်ယောက်တည်းပဲ ဆက်ဖြစ်နေခဲ့ရင် အသက်(၄၀) မှာ မိဘမဲ့ကလေးလေးတစ်ယောက်ကို တာဝန်ယူ မွေးစားမယ်။ တစ်နှစ်တစ်ခေါက် Oversea နိုင်ငံတွေဆီ ခရီးထွက်မယ် စတဲ့ အိပ်မက်တွေပဲ ရှိပါတယ်။
အာဏာသိမ်းမှု ဖြစ်စဉ်အတွင်း အိပ်မက်တွေ စွန့်လွှတ်ဖို့အကြောင်းဖန်လာခြင်းနဲ့အတူ ကျမရဲ့အခက်အခဲအပိုကတော့ ကျမရဲ့ Career ကိုပါ စွန့်လွှတ်ဖို့ အကြောင်းတရားတွေ ရှိလာခဲ့ခြင်းပါ။
ဘာဆက်လုပ်ရမှန်းမသိတဲ့နေ့တွေ၊ စဉ်းစားရင်း အိပ်လို့မပျော်တဲ့ညတွေ၊ ရွယ်တူတွေကြားထဲ ငါ ကျန်နေခဲ့မလားဆိုတဲ့ အတွေးတွေက ကျမကို အလွန်ပဲ နှိပ်စက်ခဲ့ပါတယ်။
အခုတော့ ကျမ ရှင်သန်ချင်တဲ့ ရပ်ဝန်းတစ်ခုကို ရွေးချယ်ရင်း ကျမရဲ့ အိပ်မက်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့ ဆက်လက် အကောင်အထည်ဖော်ဖို့ ပြန်လည်အားယူနေပါတယ်။
ကျမလိုပဲ ဒီအာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ကိုယ့်ရဲ့ အိပ်မက်တွေကို ဆက်မက်ခွင့်မရတော့တဲ့ လူငယ်တွေ၊ ကိုယ့်ရဲ့ စွန့်လွှတ်လိုက်ရတဲ့ အိပ်မက်တွေ၊ ရည်ရွယ်ထားတာတွေ ဖြစ်မလာတော့တာတွေ ရှိခဲ့ရင် အားလုံးအတူတူ အားယူဖို့ ဒီပို့စ်ရဲ့ comment လေးမှာ comment ပေးခဲ့နိုင်ပါတယ်။

Sincerely,
𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎

အားလုံးပဲ Morning ပါ…အားလပ်ရက်တွေ အများကြီး ရပြီးမှ ရုံးပြန်တက်ရတော့ ကျမကတော့ Monday Blue အကြီးစားနဲ့ Emotional ဖြစ်နေတေ...
18/04/2022

အားလုံးပဲ Morning ပါ…
အားလပ်ရက်တွေ အများကြီး ရပြီးမှ ရုံးပြန်တက်ရတော့ ကျမကတော့ Monday Blue အကြီးစားနဲ့ Emotional ဖြစ်နေတော့တာပဲ…
ရှင်တို့လေးတွေရော ဒီတနင်္လာနေ့ရဲ့ မနက်ခင်းကို ဘယ်လိုများ ကျော်ဖြတ်နေကြလဲဆိုတာ သိချင်မိပါရဲ့…
နောက်တစ်ရက်ကျမှ “How to Get Away Monday Blue” ဆိုတဲ့ article ဘာသာပြန်လေး ရေးပေးပါဦးမယ်…
ကျမက ကော်ဖီလည်း မသောက်တတ်တဲ့သူဆိုတော့ အခု သီချင်းအေးအေးလေးတွေနားထောင်ရင်းနဲ့ အတတ်နိုင်ဆုံး စိတ်ကို Calm ဖြစ်အောင် လုပ်ပြီး ဖြတ်သန်းနေပါတယ်….
ရှင်တို့လေးတွေလည်း Monday Blue တွေကို အကောင်းဆုံး Manage လုပ်ပြီး ကျော်ဖြတ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်…

Sincerely,
𝐸𝓁𝓎𝓈𝒾𝒶𝓃 𝒫𝓈𝓎𝒸𝒽𝑜𝓉𝒽𝑒𝓇𝒶𝓅𝓎

Address


Alerts

Be the first to know and let us send you an email when Suu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Suu:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share