Voice of Myanmar

  • Home
  • Voice of Myanmar

Voice of Myanmar Reporting current affairs, peace and politic, VOM is an independent news agency based in Mandalay. Founded in 2017.

ပုလဲနယ်က NUG တရားရုံး ဗုံးကျဲခံရလို့ လူ ငါးဦး  သေဆုံးပြီး ငါးယောက်ထက်မနည်း ဒဏ်ရာရဒီဇင်ဘာ ၊ ၁၂ ၊ ၂၀၂၃SP ( VOM)စစ်ကိုင်းတ...
12/12/2023

ပုလဲနယ်က NUG တရားရုံး ဗုံးကျဲခံရလို့ လူ ငါးဦး သေဆုံးပြီး ငါးယောက်ထက်မနည်း ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၁၂ ၊ ၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ မင်းတိုင်ပင်ကျေးရွာမှာရှိတဲ့ NUG တရားရုံးကို ဒီကနေ့ ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံး ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

" NUG တရားရေးရုံးပေါ်ကို လေကြောင်းပစ်ခတ်လို့ လက်နက်ကြီးကျရောက်ပေါက်ကွဲတယ် ၊ လတ်တလော သိရတာက တရားရေး ဥက္ကဌ ဦးသိန်းအောင်နဲ့ဇနီး အပါအဝင် လုံခြုံရေး ယူပေးနေတဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ရဲဘော်တယောက်နဲ့ဆို ငါးယောက်သေတယ် ၊ တရားရုံးလာတဲ့ အမှုသည် တွေထဲက လေးငါးယောက်က ထိခိုက်ဒဏ်ရာရတယ် ၊ အသေအပျောက် အရေအတွက်က အတည်မဖြစ်သေးဘူး ၊ ဒဏ်ရာတွေကပြင်းတယ် " လို့ မင်းတိုင်ပင် ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ သတင်းထုတ်ပြန်ထားက ပုလဲမြို့နယ် NUG တရားရုံးဗုံးကျဲခံရလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ကိုပေါပြည့်အောင် အပါအဝင် လူ ငါးယောက် သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့ဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက် မနက် ၁၀ နာရီဝန်းကျင်ကလည်း ပုလဲမြို့နယ် ၊ မြကုန်းကျေးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က လေးယောက် သေဆုံးပြီး ကျေးရွာမှာရှိတဲ့ လူနေအိမ်တချို့ မီးလောင်ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်က ပုလဲမြို့ပေါ်မှာရှိတဲ့ မြို့မရဲစခန်းနဲ့ ထွေ/ အုပ်ရုံး တိုက်ခိုက်ခံရတာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ အခင်းဖြစ်တရားရုံးအားမြင်ရပုံ (ဒေသခံတဦး)

#ပုလဲမြို့နယ် #မင်းတိုင်ပင်ရွာ ားရုံး

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၂ ရက်၊ ညနေ ၄ နာရီ)Voice of Myanmar-ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၆ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈ...
12/12/2023

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၂ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၁၉၈၆ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၃၇၁၅၀၀၀ ကျပ်
ဝယ်ဈေး ၃၆၇၅၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၃၅၁၅၀၀၀ ကျပ်
ဝယ်ဈေး ၃၄၇၅၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

#ရွှေစျေး

မြန်မာ့ စီးပွားရေးတိုးတက်မှုနှုန်း လာမယ့်နှစ် မတ်လထိ ၁ ရာခိုင်နှုန်းသာရှိမယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်းဝါရှင်တန်၊ ဒီဇင်ဘာ-၁၂...
12/12/2023

မြန်မာ့ စီးပွားရေးတိုးတက်မှုနှုန်း လာမယ့်နှစ် မတ်လထိ ၁ ရာခိုင်နှုန်းသာရှိမယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၂-၂၀၂၃
မျိုးဆက်(VOM)

လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂၀၂၄ ခုနှစ် မတ်လထိ ၁ ရာခိုင်နှုန်းသာရှိလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဒီဇင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ နှစ်စဉ် မြန်မာ့စီးပွားရေး စောင့်ကြည့်မှု လေ့လာချက်အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ လာမယ့်ဘဏ္ဍာရေးနှစ်အတွက် ပြည်တွင်း အသားတင်ထုတ်လုပ်မှု(ဂျီဒီပီ) ဟာ ၂ ရာခိုင်နှုန်းမှာ ရပ်တန့်နေမယ်လို့ ခန့်မှန်းထားပါတယ်။

အောက်တိုဘာနှောင်းပိုင်းမှစပြီး မြန်မာနိုင်ငံအနှံ့အပြားမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးမှု၊ လုပ်သားရှားပါးမှု၊ ထောက်ပံ့ရေးစရိတ်တွေ မြင့်တက်လာတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဆိုပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အဓိကကျတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ အထူးသဖြင့် တရုတ်နဲ့နယ်စပ်ကုန်သွယ်ရေး အရေးပါတဲ့ ရှမ်းပြည်မြောက်ပိုင်းက နယ်စပ်ဂိတ်တွေရပ်တန့်ခဲ့သလို ထိုင်း၊ အိန္ဒိယတို့နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း ပြတ်တောက်ခဲ့ရပါတယ်။

စီးပွားရေးလုပ်ငန်းညွှန်းကိန်းတွေဟာလည်း ၂၀၂၃ ခုနှစ် နှစ်လယ်ကတည်းက ဆိုးရွားလာနေခဲ့ပြီး မတ်လကတည်းက ၁၆ ရာခိုင်နှုန်း ပိုမိုကျဆင်းခဲ့ကာ စက်တင်ဘာလမှာ ၅၆ ရာခိုင်နှုန်းသာ လည်ပတ်နိုင်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: Nikkei Asia
Photo: Ken Kobayashi

#မြန်မာ့စီးပွားရေး #တိုးတက်မှုနှုန်း #ကမ္ဘာ့ဘဏ်

အာဖဂန်ကို ကျော်တက်ပြီး ကမ္ဘာ့ဘိန်းထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံ ရပ်တည်ကုလသမဂ္ဂ၊  ဒီဇင်ဘာ-၁၂-၂၀၂၃မျိုး...
12/12/2023

အာဖဂန်ကို ကျော်တက်ပြီး ကမ္ဘာ့ဘိန်းထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံ ရပ်တည်

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၁၂-၂၀၂၃
မျိုးဆက်(VOM)

လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံအဖြစ် အာဖဂန်နစ္စတန်ကိုကျော်ပြီး ရပ်တည်နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံ (UNODS) က ဒီနေ့ ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဘိန်းထုတ်လုပ်မှုမှာ အာဖဂန်နစ္စတန်က ထိပ်ဆုံးမှာရပ်တည်နေပြီး တာလီဘန်တွေ နိုင်ငံကိုထိန်းချုပ်ပြီးနောက်မှာ ဘိန်းထုတ်လုပ်မှု ကျဆင်းလာကြောင်း UNODS ရဲ့ ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစစ်တမ်းမှာ ဖော်ပြထားပါတယ်။

တာလီဘန်တွေရဲ့ တားမြစ်ချက်ကြောင့် ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း တရားမဝင်ဘိန်းစိုက်ပျိုးမြေ ၁၈ ရာခိုင်နှုန်း ဧက ၁၁၆၄၀၀ ထိတိုးလာတယ်လို့ UNODS ကဆိုပါတယ်။

မြန်မာနိုင်ငံ ၂၀၂၁ ခုနှစ်က နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်မှာ စီးပွားရေး လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယိုယွင်းမှုတွေကြောင့် ဝေးလံခေါင်သီတဲ့ ဒေသက တောင်သူတွေဟာ အသက်မွေးဝမ်းကျောင်းအတွက် ဘိန်းစိုက်ပျိုးမှုတွေကို ဆက်လက်လုပ်ကိုင်နေကြတယ်လို့ UNODS ရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျယ်ရမီဒေါက်ကလပ်စ်က ပြောပါတယ်။

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဟာ မြန်မာ လာအိုနဲ့ ထိုင်းတို့ နယ်နိမိတ်ဆုံးရာ ရွှေတြိဂံဒေသမှာ ပါဝင်နေပြီး ဘိန်းနဲ့ ဘိန်းဖြူထုတ်လုပ်ရောင်းချမှုတွေအပေါ် အစိုးရရဲ့ ထိန်းချုပ်နိုင်မှု အားနည်းတာတွေနဲ့ နယ်စပ်ဒေသမှာ တရားမဲ့လုပ်ရပ်တွေနဲ့အတူ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ တိုးပွားလာနေပါတယ်။

Ref: Asahi Shimbun
Photo:AP

#ကမ္ဘာ့ဘိန်းထုတ်လုပ်မှု #အမြင့်ဆုံးနိုင်ငံ # မြန်မာ

စစ်တပ်နဲ့ မြောက်ပိုင်းသုံးဖွဲ့ တွေ့ဆုံဆွေးနွေးမှု အပြုသဘောဆောင်တဲ့ ရလဒ်တွေရှိခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ထ...
12/12/2023

စစ်တပ်နဲ့ မြောက်ပိုင်းသုံးဖွဲ့ တွေ့ဆုံဆွေးနွေးမှု အပြုသဘောဆောင်တဲ့ ရလဒ်တွေရှိခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ပေကျင်း၊ ဒီဇင်ဘာ-၁၂-၂၀၂၃
မျိုးဆက်(VOM)

မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းသုံးဖွဲ့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်ပေးမှုနဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ ရလဒ်တွေရှိခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပပြီး အပြုသဘောဆောင်တဲ့ရလဒ်တွေကို တွေ့ခဲ့ရတာ ဝမ်းသာမိတယ်လို့ သူကဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဒီဆွေးနွေးပွဲတွေကို အပြီးသတ်ထိ ဆက်လက်ပံ့ပိုးကူညီပေးသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေတွေ ပြေလျော့တာဟာ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့တွေအားလုံးရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးပြီး တရုတ်-မြန်မာနယ်စပ်တလျှောက် တည်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိဆွေးနွေးမှုအပေါ် အခြေခံပြီး ဒီလကုန်ပိုင်းမှာ နောက်ထပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ိရှိတယ်လို့ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့စစ်တပ်အကြား တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒေသခံတွေ ထိခိုက်သေဆုံးမှုနဲ့ စစ်ဘေးရှောင်ရတာတွေ ရှိနေပါတယ်။

Ref:CNA
Photo:AFP

#စစ်တပ် #မြောက်ပိုင်းသုံးဖွဲ့ #တွေ့ဆုံမှု

ကိုးကန့်ဒေသက ငွေလိမ်ဂိုဏ်းခေါင်းဆောင် ၁၀ ယောက်ကို တရုတ်ဘက်က ဖမ်းဝရမ်း ထပ်ထုတ်(Facebook ကဖြုတ်ချတာကြောင့် ပြန်တင်ခြင်းဖြစ...
12/12/2023

ကိုးကန့်ဒေသက ငွေလိမ်ဂိုဏ်းခေါင်းဆောင် ၁၀ ယောက်ကို တရုတ်ဘက်က ဖမ်းဝရမ်း ထပ်ထုတ်

(Facebook ကဖြုတ်ချတာကြောင့် ပြန်တင်ခြင်းဖြစ်ပါသည်)

ဒီဇင်ဘာ ၁၂၊ ၂၀၂၃
Shy V (VOM)

တရုတ်နိုင်ငံ Liaoning ပြည်နယ် နဲ့ Fujian ပြည်နယ်က Dalian, Quanzhou, Longyan, Chongchin မြို့တွေမှာရှိတဲ့ ရဲဌာနတွေက မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့်ဒေသက အဓိက ငွေလိမ်ဂိုဏ်းခေါင်းဆောင် ၁၀ ယောက်ကို အခု ဒီဇင်ဘာလမှာ တရုတ်ဘက်က ဖမ်းဝရမ်းထပ်ထုတ်ထားပါတယ်။

ဖမ်းဝရမ်း ထုတ်ခံထားရသူတွေကတော့ ဦးပယ်ဆောက်ချိန် (Bai Socheng)၊ ပယ်ရင့်ချန်(ခ)လီယွင်ချိန် (Yingcang (Li Yunchen - ဦးပယ်ဆောက်ချိန်ရဲ့ သား)၊ ပယ်ရင့်လန်(ခ)လီမုန့်န (Bai Yinglan (Limona) - ဦးပယ်ဆောက်ချိန်ရဲ့ သမီး)၊ ဦးဝိဟိုင်ရိန်(ခ)ဦးဝိစိုင်း (Wei Huairen (ဝေ့ဟွိုင်ရင်)၊ ဝိယုံ(ခ)ချိန်ယုံ (Wei Rong / ဝေ့ယွန်း (Chen Rong) - ဦးဝိစိုင်းရဲ့တူမ)၊ ဝိချင်ရှုံး(ခ)ရန်ရှုံး (Wei Qingsong (Yang Song)/ ဝေချင်းဆုန် - ဦးဝိစိုင်းရဲ့သား)၊ ဦးလျိုကျိမ့်ရှန် (Liu Zhengxiang)၊ လျှိုကျီကွမ်(ခ)လီဟွာကွမ် (Liu Jiguang /Liu Huguang - ဦးလျှိုကျိမ့်ရှန်ရဲ့သား)၊ လျိုကျင့်‌မောင် (Liu Zhengmao)၊ ရွှီလောက်ဖာ(ခ)ရွှီဖာချီ (Xu Laofa /Xu Faji) တို့ ဖြစ်ကြောင်း ဖြစ်ကြောင်း The Kokang သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ ဝရမ်းပြေးတွေဟာ အွန်လိုင်းလိမ်လည်မှု ကြီးကြီးကျယ်ကျယ် လုပ်တဲ့အပြင် သူတပါးကို မတရားချုပ်နှောင်ပြီး ရက်ရက် စက်စက် နှိပ်စက်ညှင်းပန်းမှုတွေ ဆိုးဝါးစွာ ကျူးလွန်ခဲ့သူတွေဖြစ်ပြီး သူတပါးကို တမင်သက်သက် သတ်သေမှုတွေ ဖြစ်စေခဲ့ တယ်လို့ တရုတ်ဘက်က အမိန့်ထုတ်ပြန်စာမှာ ပါပါတယ်။

၁။ အွန်လိုင်း လိမ်လည်မှုမှာ အဓိက ခေါင်းဆောင် ဖြစ်တဲ့ မြန်မာနိုင်ငံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဥက္ကဌဟောင်း အသက် ၇၄ နှစ်ရှိ Bai Socheng ကို Shi Gong ရဲစခန်းက ဒီဇင်ဘာ ၁၇ ရက်နေ့က ဖမ်းဝရမ်း ထုတ်ထားပါတယ်။

၂။ တရုတ် နိုင်ငံသား၊ တရုတ်မှတ်ပုံတင်နံပါတ် 421302199211264639 ကိုင်ဆောင်သူ ဖြစ်ပြီး မြန်မာနိုင်ငံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင်၊ စီးပွားရေးစီမံအုပ်ချုပ်ရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး၊ Cang Sheng Science and Technology Park ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ အသက် ၃၁ နှစ်အရွယ် Bai Yingcang (Li Yunchen)ကိုလည်း Shi Gong ရဲစခန်းက ဒီဇင်ဘာလထဲ ဖမ်း ဝရမ်းထုတ်ထားပါတယ်။

၃။ မြန်မာနိုင်ငံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိ Xin Baili အုပ်စုရဲ့ ဥက္ကဌ ဖြစ်သူ အသက် ၄၃ နှစ်ရှိ တရုတ်နိုင်ငံသား၊ တရုတ် မှတ်ပုံတင်နံပါတ် 421302198002043122 ကိုင်ဆောင်သူ Bai Yinglan (Limona) ကို Shi Gong ရဲစခန်းမှ ဒီဇင်ဘာ ၂ ရက်နေ့က ဖမ်းဝရမ်း ထုတ်ထားပါတယ်။

၄။ မြန်မာနိုင်ငံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရှိ ၁၀၀၆ နယ်ခြားစောင့်တပ်ရဲ့ ကြီးကြပ်ရေးကော်မတီ ဥက္ကဌဖြစ်တဲ့ အသက် ၆၅ နှစ်အရွယ် Wei Huairen (ဝေ့ဟွိုင်ရင်)ကို ဝရမ်းပြေး အဖြစ် ဒီဇင်ဘာ ၁၀ ရက်နေ့က တရုတ်နိုင်ငံ ဖူကျင့်ပြည်နယ် ချွမ်ကျိုးမြို့ ရဲဌာနက ဖမ်းဝရမ်း ထုတ်ထားပါတယ်။

၅။ အသက် ၃၅ နှစ်ရှိ တရုတ်နိုင်ငံသား၊ တရုတ်မှတ်ပုံတင်နံပါတ် 533525198802080442 ကိုင်ဆောင်သူ မြန်မာနိုင်ငံ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ Henri အုပ်စုရဲ့ ဥက္ကဌ ဖြစ်သူ Wei Rong / ဝေ့ယွန်း (Chen Rong) ကို တရုတ်နိုင်ငံ Fujian ပြည်နယ် ချွမ်ကျိုးမြို့ Shi Gong ရဲစခန်းက ဝရမ်းပြေး အဖြစ် ဒီဇင်ဘာ ၁၀ ရက်နေ့က အမိန့်ထုတ်ထားပါတယ်။

၆။ မြန်မာနိုင်ငံကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီဝင်ဖြစ်တဲ့ အသက်၄၁ နှစ် ရှိ တရုတ်မှတ်ပုံတင်နံပါတ် 513432198211274514 ကိုင်ဆောင်သူ တရုတ်နိုင်ငံသား Wei Qingsong (Yang Song)/ ဝေချင်းဆုန် ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့က တရုတ်နိုင်ငံဖူကျင့်ပြည်နယ် ချွမ်ကျိုးမြို့ ရဲ စခန်းက ဖမ်းဝရမ်း ထုတ်ထားပါတယ်။

၇။ မြန်မာနိုင်ငံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ စီမံအုပ်ချုပ်ရေးကော်မတီဝင်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့်စီမံအုပ်ချုပ်ရေးဌာနက ဌာနမှူး၊ ဖူလီလိုက် အုပ်စုရဲ့ ဥက္ကဌ ဖြစ်သူ အသက် ၆၀ ရှိ Liu Zhengxiang/ လျိုကျင့်ရှန် ကို ဒီဇင်ဘာလထဲ ဖမ်းဝရမ်း ထုတ်ထားပါတယ်။

၈။ လီဟွာဂွမ် လို့လူသိများတဲ့ တရုတ်နိုင်ငံသား တရုတ်မှတ်ပုံတင်နံပါတ် 53352519930605679 ကိုင်ဆောင်င်သူ၊ ၎င်း ‌နေထိုင်ရာနေရာ တရုတ်ဘက် ယူနန်ပြည်နယ်၊ Zhenkang ကောင်တီ၊ Lincang မြို့၊ ကျန်းမာရေး ဌာနရဲ့ဒါရိုက်တာ၊ မြန်မာနိုင်ငံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဖူလီလိုက် အုပ်စုရဲ့ အမှုဆောင်ဒါရိုက်တာ အသက် ၃၀ နှစ်ရှိ လျိုကျီကွမ် (Liu Jiguang) ကို ဝရမ်းပြေး အဖြစ် တရုတ်နိုင်ငံ Fujian ပြည်နယ် လုံရမ်မြို့ ရဲဌာနက ဒီဇင်ဘာ ၁၀ ရက်နေ့က အမိန့်ထုတ်ထားပါတယ်။

၉။ မြန်မာနိုင်ငံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ ဖူလီလိုက်အုပ်စုရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့ အသက် ၄၁ နှစ်ရှိ Liu Zhengmao (လျိုကျင့်မောင်) ကိုလည်း တရုတ်နိုင်ငံဖူကျင့်ပြည်နယ် လုံရမ်မြို့ ရဲစခန်းက ဒီဇင်ဘာလထဲ ဝရမ်းပြေးအဖြစ် အမိန့် ထုတ်ထားပါတယ်။

၁၀။ တရုတ်နိုင်ငံသား အသက် ၅၂ ရှိ တရုတ်မှတ်ပုံတင်နံပါတ် 533524197108160919 ကိုင်ဆောင်သူ မြန်မာနိုင်ငံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီရှမ်းမြို့နယ် ကျာဇီရှုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ Xu Laofa (Xu Faji)/ ရွှီလောက်ဖာကို ဝရမ်းပြေးအဖြစ် တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ရဲစခန်းက ဒီဇင်ဘာ ၁၀ ရက်နေ့က ဖမ်းဝရမ်း ထုတ်ထားပါတယ်။

အထက်ပါ ဖမ်းဝရမ်းထုတ်ခံထားရသူတွေကို ဖမ်းဆီးရမိနိုင်ရန်သတင်းပေးနိုင်သူ တွေကို တရုတ် ယွမ်ငွေ တစ်သိန်း မှ ငါးသိန်းအထိ ဆုကြေးငွေ ချီးမြှင့်မှာ ဖြစ်ကြောင်း အဲဒီ အမိန့် ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

Photo Crd # Original Uploader

#ကိုးကန့် #ငွေလိမ်ဂိုဏ်းခေါင်းဆောင် #ဖမ်းဝရမ်း #

နစက အဖွဲ့ဝင်တွေအပါအဝင် လူပုဂ္ဂိုလ်လေးယောက်နဲ့ ကုမ္ပဏီနှစ်ခုကို ဥရောပသမဂ္ဂက ထပ်မံအရေးယူ ပိတ်ဆို့ဘရပ်ဆဲလ်၊ ဒီဇင်ဘာ-၁၂-၂၀၂၃...
12/12/2023

နစက အဖွဲ့ဝင်တွေအပါအဝင် လူပုဂ္ဂိုလ်လေးယောက်နဲ့ ကုမ္ပဏီနှစ်ခုကို ဥရောပသမဂ္ဂက ထပ်မံအရေးယူ ပိတ်ဆို့

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ-၁၂-၂၀၂၃
မျိုးဆက်(VOM)

ဥရောပသမဂ္ဂ (အီးယူ) ဟာ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် လေးယောက်နဲ့ ကုမ္ပဏီနှစ်ခုကို အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်လိုက်ပါတယ်။

အရေးယူပိတ်ဆို့မှု ချမှတ်ခံရတဲ့ လူပုဂ္ဂိုလ်လေးဦးကတော့ နစကအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အပါအဝင် လေးဦးဖြစ်ပြီး ကုမ္ပဏီတွေကတော့ မြန်မာစစ်တပ်အတွက် လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ Star Sapphire Group of Companies နဲ့ Royal Shune Lei Company Limited တို့ဖြစ်ပါတယ်။

အရေးယူပိတ်ဆို့ခံရတဲ့ စာရင်းမှာပါဝင်သူတွေနဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားမှာဖြစ်ပြီး သူတို့နဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်လို့ဖြစ်စေ အကျိုးအမြတ်ရရှိစေမယ့် လုပ်ငန်းအရင်းအမြစ်တွေကို ပိတ်ပင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု၊ အတိုက်အခံတွေကို ဖိနှိပ်ဖို့အတွက် အသုံးပြုတဲ့ ဆက်သွယ်ရေးဆိုင်ရာ ကိရိယာတွေ တင်သွင်းမှု၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်အသုံးပြုနိုင်မယ့် ထုတ်ကုန်တွေ တင်ပို့မှုနဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်တာတွေကို တားမြစ်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ယခင်ကတည်းက ချမှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်တိုးပွားလာနေပြီး ကာလရှည်ကြာ ပဋိပက္ခဆီကို ဦးတည်နေတဲ့ အပေါ် ဥရောပသမဂ္ဂက အလေးအနက်စိုးရိမ်ပူပန်ကြောင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေအပေါ် ပြစ်တင် ရှုတ်ချထားပါတယ်။

Ref: European Council
Photo: Reuters

#နစက #ဥရောပသမဂ္ဂ #အရေးယူပိတ်ဆို့

တိုက်ပွဲတွေကြား နေရတဲ့ ပြည်သူများ သတိထားဆောင်ရွက်သင့်တဲ့ နည်းလမ်းများ
12/12/2023

တိုက်ပွဲတွေကြား နေရတဲ့ ပြည်သူများ သတိထားဆောင်ရွက်သင့်တဲ့ နည်းလမ်းများ

ရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက် ဒီဇင်ဘာ ၁၁ - ၂၀၂၃SN (VOM) (Facebook က ဖြုတ်ချတာကြောင့် ပြန်တင်ပေးခြင်းဖြစ်ပါသည်)အခု...
12/12/2023

ရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်

ဒီဇင်ဘာ ၁၁ - ၂၀၂၃
SN (VOM)

(Facebook က ဖြုတ်ချတာကြောင့် ပြန်တင်ပေးခြင်းဖြစ်ပါသည်)

အခုတပတ် ရွှေဈေးနဲ့ ငွေလဲဈေးမှာ ဈေးမာပြီး တက်ရိပ်ပြခဲ့ပါတယ်။ ဓာတ်ဆီဈေးမှာ ဈေးကွက်အတွင်း ဆီပြတ်လပ်မှုကြောင့် ဈေးတန်းအမြင့်မှာပဲ ဆက်ရှိနေပါတယ်။

နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာမှာ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုလိုက်တဲ့ ဗဟိုဘဏ်ရဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်ကြောင့် နိုင်ငံခြားငွေဈေးတွေ အလှုပ်အခတ်များခဲ့သလို ပြည်တွင်းရွှေဈေးဟာလည်း အတက်အကျမငြိမ်မှုတွေရှိခဲ့တာပါ။

ဒါ့ကြောင့် ပြည်တွင်းက ရွှေ၊ ငွေနဲ့ စက်သုံးဆီတို့ရဲ့ လာမယ့်တပတ်အတွင်း ဖြစ်ပေါ်လာနိုင်မယ့် ဈေးကွက်အခြေအနေတွေကို ခန့်မှန်း တွက်ဆနိုင်ဖို့အတွက် ဒီဇင်ဘာ ၅ ရက်ကနေ ၁၁ ရက်အထိ ဖြစ်ပေါ်ခဲ့တဲ့ ဈေးကွက်အခြေအနေတွေကို VOM ကနေ စုစည်း ဖော်ပြပေးလိုက်ပါတယ်။

#ရွှေဈေးနှုန်း

အခုတပတ် ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး အဆမတန် မြင့်တက်လာမှုကြောင့် ရုတ်တရက် ထိုးတက်သွားပြီး လက်ရှိအချိန်အထိ ဈေးတန်းအမြင့်မှာ ရှိနေပါတယ်။

ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် လိုက်ပါ မြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီဇင်ဘာ ၂ ရက်၊ နေ့လယ်ပိုင်းမှစတင်ကာ ကျပ် ၃၇ သိန်းကျော်ကို ရောက်ရှိလာတာဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်ကနေ ၁၁ ရက်အထိ တပတ်အတွင်းမှာတော့ အမြင့်ဆုံးဈေး ကျပ် သုံးဆယ့်ခုနစ်သိန်းခုနစ်သောင်းအထိ ရောက်ရှိခဲ့ပါတယ်။

အဲ့ဒီ့နောက် တဖြည်းဖြည်း ပြန်လည် ကျဆင်းလာပြီး ဒီဇင်ဘာ ၉ ရက်မှ စတင်ကာ လက်ရှိအချိန်အထိ ကျပ် ၃၇ သိန်းဝန်းကျင်မှာပဲ အတက်အကျ ဖြစ်ပေါ်နေပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ နိုဝင်ဘာ ၂၅ ရက်နေ့မှစတင်ကာ တအောင်စ ဒေါ်လာ ၂၀၀၀ အထက်နဲ့ တောက်လျှောက် မြင့်တက်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့တပတ်အတွင်း အမြင့်ဆုံး တအောင်စ ၂၀၈၈ ဒေါ်လာ‌ကို ရောက်ရှိခဲ့ပေမယ့် အခုတပတ်မှာတော့ တဖြည်းဖြည်း ပြန်လည် ကျဆင်းခဲ့ကာ ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက် နေ့လယ်မှာ တအောင်စ ၁၉၉၆ ဒေါ်လာဈေး ဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းရွှေအသင်း (YGEA) ရဲ့ ဈေးကွက်ဈေးနှုန်းဟာလည်း ဒီဇင်ဘာ ၈ ရက်နေ့မှစတင်ကာ တကျပ်သား ၃၅ သိန်းကျော်အထိ မြင့်တက်လာပါတယ်။

ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေလဲနှုန်း သတ်မှတ်ချက်ကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းဝယ်ခွင့်ပြုလိုက်ပြီးနောက် ပြည်တွင်းဒေါ်လာလဲနှုန်းတွေ မြင့်တက်လာခဲ့ပြီး YGEA ရွှေဈေးပါ လိုက်ပါ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

YGEA အနေနဲ့ ဈေးကွက်ဈေးနှုန်းကို ဘဏ်တွေအကြား ဗဟိုဘဏ်ရဲ့ အွန်လိုင်းဈေးကွက်ကနေ အရောင်းအဝယ်ဖြစ်တဲ့ ဒေါ်လာပေါက်ဈေးနဲ့ တွက်ချက်ပြီး ဈေးကွက်ပေါက်ဈေးအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်ကစပြီး ပြောင်းလဲ ထုတ်ပြန်နေတာပါ။

“ရွှေရည်ညွှန်း‌ဈေးက ပြည်တွင်းဘဏ်တွေရဲ့ အရောင်းအဝယ်ဖြစ်တဲ့ဈေးနဲ့ပဲ တင်ထားတာ။ ဒေါ်လာဈေးတက်လာလို့ ရည်ညွှန်းဈေး ၃၅ သိန်းကျော်သွားတာပါ။ ကမ္ဘာ့ဈေးက ကျပါတယ်၊ ပြည်တွင်း ဒေါ်လာ‌ဈေးတက်လာတာ။ လက်ရှိ ရွှေဈေးကွက် အနေအထားကတော့ ဘယ်လိုမှကို ပြောလို့မရဘူးဖြစ်နေတယ်။ ကမ္ဘာ့ရွှေဈေးကလည်း တခါမှ နှစ်ထောင်မကျော်ဖူးဘူး။ အစ္စရေး စစ်ဖြစ်တာနဲ့ တောက်လျှောက်တက်သွားတာ။ ၁၆၀၀ ၊ ၁၇၀၀ ကနေတက်သွားပြီး ပြန်မကျတော့ဘူး။ ပြည်တွင်းမှာလည်း တခုပြီးတခု ကောလဟာလနဲ့ ဒေါ်လာဈေးက ကစားနေတဲ့အခါကျတော့ ဒေါ်လာဈေးမကျတာလည်း ပါတာပေါ့။ ရွှေဈေးက လုံးဝကို မှန်းလို့မရတော့ဘူး၊ အရင်လို ပုံသေမဟုတ်တော့ဘူး” လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

ဗဟိုဘဏ်ရဲ့ Online Trading ကနေ အရောင်းအဝယ်လုပ်နေခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးနှုန်းကို ဒီဇင်ဘာ ၈ ရက်မှစတင်ကာ တဒေါ်လာကို ၃၂၉၀ ကျပ် ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် YGEA ရဲ့ ရွှေရည်ညွှန်းဈေး မြင့်တက်သွားတာဖြစ်ပြီး အရင်က ဗဟိုဘဏ် ဒေါ်လာ‌ပေါက်ဈေးဟာ ကနဦးမှာ ၂၉၃၂ ကျပ်၊ အဲ့ဒီ့ နောက်မှာတော့ ၂၉၆၀ ကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၈ ရက်က ထုတ်ပြန်တဲ့ YGEA ရွှေဈေးဟာ အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို သုံးဆယ့်ငါးသိန်း ခြောက်သောင်းခုနစ်ထောင့်နှစ်ရာကျပ် ဖြစ်ပြီး အမျိုးသားနေ့ဈေးကွက်မပိတ်ခင် ဒီဇင်ဘာ ၆ ရက်ကဈေးနဲ့ယှဉ်ရင် ကျပ် သုံးသိန်းခွဲကျော် ခုန်တက်လာတာဖြစ်ပါတယ်။

ရွှေဈေးတွေ မြင့်တက်လာပေမယ့် ဈေးကွက်မှာတော့ ရွှေဝယ်ယူတဲ့သူ နည်းနေပြီး ပြန်ရောင်းချင်ရင်လည်း ဈေးကွက် ပြန်ငြိမ်သွားမှ အရောင်းအဝယ် လုပ်ကြတယ်လို့ သိရပါတယ်။

#ငွေလဲနှုန်း

ပြည်တွင်း ငွေလဲဈေးတွေဟာ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲဈေးကွက် ဖွင့်ပေးလိုက်တယ်ဆိုတဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အတက်ဘက်ကို ပိုမို ရောက်ရှိ‌နေတာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ငွေလဲဈေးကွက် လှုပ်ခတ်ခဲ့ပြီး ဈေးနှုန်းတွေ အတက်အကျမငြိမ် ဖြစ်ခဲ့ပါတယ်။

တပတ်အတွင်း အမေရိကန် တဒေါ်လာ ၃၅၀၀ ကျပ်ဝန်းကျင်ကနေ ၃၆၀၀ နီးပါးအထိ မြင့်တက်ခဲ့သလို ထိုင်းတဘတ်ကို ၉၆ ဒသမ ၆၁ ကျပ်ဝန်းကျင်မှ ၁၀၀ ကျပ်ဝန်းကျင်အထိ တက်ခဲ့ပါတယ်။ အဲ့ဒီ့လိုပဲ တရုတ်ယွမ် ၄၇၂ ကျပ်ကနေ ၄၈၅ ကျပ်အထိ၊ စင်ကာပူဒေါ်လာ ၂၅၂၅ ကနေ ၂၆၀၀ နီးပါးအထိ မြင့်တက်ခဲ့သလို အိန္ဒိယရူပီးကတော့ ၄၀ ဒသမ ၈၂ ကနေ ၄၂ ဒသမ ၃၇ အထိ မြင့်တက်ခဲ့ပါတယ်။

“လက်ရှိမှာ ဒေါ်လာဈေးက ၃၅၀၀ ကျော်နဲ့ အမြင့်ဈေးမှာပဲ အတက်အကျ ဖြစ်နေတယ်။ ဈေးမငြိမ်သေးဘူးပေါ့။ မနေ့ကတော့ ၃၅၃၀ ၊ ဒီနေ့ ၃၅၅၀ ပြန်ဖြစ်နေတယ်။ ဆက်တက်မလား၊ ပြန်ကျလာမလား ဆိုတာကတော့ တပ်အပ်ပြောလို့မရသေးဘူး။ ‌စောင့်ကြည့်ရဦးမယ်” လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတယောက်က ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်မှာ စင်္ကာပူဒေါ်လာ ၂၅၇၅ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၉၇ ဒသမ ၅၆ ကျပ်ဝန်းကျင်၊ အိန္ဒိယရူပီး ၄၁ ဒသမ ၆၉ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၄၇၅ ကျပ်ဝန်းကျင် ရှိနေပါတယ်။

#စက်သုံးဆီ

လက်ရှိ ဈေးကွက်အတွင်း စက်သုံးဆီ ပြတ်လပ်နေဆဲ ဖြစ်ပေမယ့် ဆီ‌ဈေးတွေကတော့ ဆိုင်တွေမှာ အချိန်ကြာ တန်းစီ စောင့်ဆိုင်းနေရတဲ့ လူထုကို နှစ်သိမ့်တဲ့အလား အနည်းငယ် ပြန်ကျနေပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေနဲ့ ဒီဇင်ဘာ ၁ ရက်ကနေ ၇ ရက်အထိ 92 အောက်တိန်း တလီတာကို ၂၅၁၀ ကျပ် သတ်မှတ်ခဲ့ပေမယ့် ၈ ရက်နေ့မှာတော့ ၂၄၆၅ ကျပ် သတ်မှတ်ခဲ့တဲ့အတွက် တလီတာ ၄၅ ကျပ်လောက် ပြန်ကျလာတာကို တွေ့ရပါတယ်။

အဲ့ဒီ့လို ဆီဈေးကျလာပေမယ့် ဈေးကွက်အတွင်း ဆီပြတ်လပ်နေဆဲဖြစ်ပြီး အချိန်ကြာ တန်းစီစောင့်ဆိုင်းနေရမှုတွေ ဖြစ်ပေါ်နေဆဲပါ။ စက်သုံးဆီရရှိဖို့အတွက် စောင့်ဆိုင်းနေရတဲ့ ကားတန်းကြီးဟာ တနေ့ထက်တနေ့ ပိုမို ရှည်လျားလာပြီး မိုးမလင်းခင်ကတည်းက စောင့်ဆိုင်းနေရတဲ့ ကားတန်းတွေအကြားမှာ ပဋိပက္ခတွေလည်း ရှိခဲ့တာမှာ ဆီရောင်းသူနဲ့ ဝယ်သူအကြား ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ မြေနီကုန်း Denko ဆီဆိုင်ကလို ဖြစ်စဉ်တွေကိုပါ မြင်တွေ့ရပါတယ်။

“တနေ့တနေ့ ဆီတန်းစီရတာ အတော်ကိုစိတ်ကုန်နေပြီ။ မနေ့က ၂ နာရီခွဲလောက်ထပြီး သင်္ဃန်းကျွန်း BOC နားက 360 မှာ သွားတန်းစီနေတာ။ မနက် ၇ နာရီခွဲအထိ စောင့်ပြီး မရခဲ့ဘူး။ မေးတော့လည်း ဝန်ထမ်းတွေက မသိဘူးပဲဖြေနေတာနဲ့ လှည့်ပြန်ခဲ့ရတယ်။ တချို့ဆိုင်တွေဆို ဒီဇယ်ပဲရောင်းမှာတဲ့၊ ဓာတ်ဆီ မရှိဘူးတဲ့။ ဒီဆီကြောင့် အတော်ကို ဒုက္ခရောက်နေကြတာပါ။ ဘာမှ လုပ်လို့မရဘူး။ မနက်အစောကြီးကတည်းက သွားပြီးတန်းစီတာတောင် အဆင်ပြေချင်မှ ပြေတာ” လို့ အငှားယာဉ်မောင်းတယောက်က ပြောပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ ဈေးနှုန်းတွေကတော့ ရန်ကုန်မြို့မှာ အောက်တိန်း 92 တလီတာ ၂၄၆၅ ကျပ်၊ 95 တလီတာ ၂၅၇၅ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၁၁၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၂၇၀ ကျပ်၊ မန္တလေးမြို့မှာ အောက်တိန်း 92 တလီတာ ၂၅၁၅ ကျပ်၊ 95 တလီတာ ၂၆၂၅ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၂၆၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၃၁၅ ကျပ်၊ နေပြည်တော်မှာ အောက်တိန်း 92 တလီတာ ၂၅၁၀ ကျပ်၊ 95 တလီတာ ၂၆၂၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၂၆၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၃၁၅ ကျပ် သတ်မှတ်ထားပြီး အရင်တပတ်ကထက် ဈေးအနည်းငယ် ပြန်လည် ကျဆင်းလာတာ ဖြစ်ပါတယ်။

#ရွှေငွေစက်သုံးဆီဈေး

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၂ ရက်)Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး - ၃၅၅၀ ကျပ်ဝယ်ဈေး     - ၃၄၉၀ က...
12/12/2023

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၂ ရက်)
Voice of Myanmar

-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၃၅၅၀ ကျပ်
ဝယ်ဈေး - ၃၄၉၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၂၅၇၅ ကျပ်
ဝယ်ဈေး - ၂၅၂၅ ကျပ်

-ယူရို
ရောင်းဈေး - ၃၇၅၂ ကျပ်
ဝယ်ဈေး - ၃၆၈၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၉၇.၅၆ ကျပ်
ဝယ်ဈေး - ၉၅.၆၉ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၇၅၀ ကျပ်
ဝယ်ဈေး - ၇၃၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၄၇၅ ကျပ်
ဝယ်ဈေး - ၄၆၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၃.၉၀ ကျပ်
ဝယ်ဈေး - ၂၃.၄၅ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၁.၆၉ ကျပ်
ဝယ်ဈေး - ၄၀.၈၉ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၆၄ ကျပ်
ဝယ်ဈေး - ၂.၅၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၄၄၃၄ ကျပ်
ဝယ်ဈေး - ၄၃၄၉ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၂၆၈ ကျပ်
ဝယ်ဈေး - ၂၂၂၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၅၆၇ ကျပ်
ဝယ်ဈေး - ၂၅၁၈ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၄၄၃ ကျပ်
ဝယ်ဈေး - ၄၃၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၉၇၅ ကျပ်
ဝယ်ဈေး - ၉၅၆ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

#နိုင်ငံခြားငွေလဲလှယ်နှုန်း #ဒေါ်လာစျေး

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၂ ရက်၊ နံနက် ၁၀ နာရီ)Voice of Myanmar-ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၁ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင...
12/12/2023

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၂ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၁၉၈၁ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၃၇၁၀၀၀၀ ကျပ်
ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၃၅၁၀၀၀၀ ကျပ်
ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

#ရွှေစျေး

This Day in HistoryVoice of Myanmarအမေရိကန် တရားရုံးချုပ်သည် ၂၀၀၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ၌ ဖလော်ရီဒါပြည်နယ်တွင် ဆန္ဒ...
12/12/2023

This Day in History

Voice of Myanmar

အမေရိကန် တရားရုံးချုပ်သည် ၂၀၀၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ၌ ဖလော်ရီဒါပြည်နယ်တွင် ဆန္ဒမဲအငြင်းပွားမှုများ ရှိနေခဲ့သော်လည်း ဂျော့ချ်ဒဗလျူဘုရှ်ကို သမ္မတအဖြစ် ဒီဇင်ဘာ ၁၂ ရက်တွင် ကြေညာခဲ့သည်။

ကလေး - တမူး နယ်စပ်ကုန်သွယ်ရေး ကားလမ်းမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်လာဒီဇင်ဘာ ၊ ၁၁ ၊ ၂၀၂၃SP ( VOM)ပြီးခဲ့တဲ့ ...
12/12/2023

ကလေး - တမူး နယ်စပ်ကုန်သွယ်ရေး ကားလမ်းမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်လာ

ဒီဇင်ဘာ ၊ ၁၁ ၊ ၂၀၂၃
SP ( VOM)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကနေ ၇ ရက်အထိ လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ရယူထားတဲ့ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ကလေး - တမူး ကားလမ်းပေါ်က ခါမ်းပါတ်မြို့နယ်ခွဲ အပါအဝင် ကာကင်းစခန်းတချို့ကို သုံးရက်ကြာ တိုက်ခိုက်ပြီးနောက် မနေ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက နစက လုံခြုံရေးအဖွဲ့တွေက ပြန်လည် ရယူထိန်းချုပ်လိုက်တယ်လို့ ခါမ်းပါတ်မြို့နယ်ခွဲ ဒေသခံတွေဆီက သိရပါတယ်။

" ကလေး တမူးကားလမ်းဘက်မှာ လွန်ခဲ့တဲ့ လေးငါးရက်လောက်က စပြီး နစကရဲ့ ကွန်မန်ဒို အထူးစစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာတယ်လို့ သိရတယ် ၊ အဲ့ဒါကြောင့် ကျွန်းတောရေရှင် ၊ ဖက်ရားရေရှင် ၊ နန်းခေါက်ခေါက် ၊ နန်းကတိတ် ၊ ခါမ်းပါတ် ၊ ကနန် ၊ ကမ္မကြီး ၊ တိန်းခရား ၊ စတဲ့ ရွာတွေက ဒေသခံတွေတသောင်းနီးပါးဟာ ထွက်ပြေးတိမ်းရှောင်နေကြတယ် ၊ တချို့လည်း စပါးရိတ်သိမ်းရာသီဆိုတော့ မိသားစုလိုက် ယာခင်းတောတွေမှာ ပြောင်းရွေ့နေထိုင်ကြတယ် ၊ ရွာတွေမှာက လူမရှိသလောက်ဖြစ်နေတယ် ၊ ၊ လွန်ခဲ့တဲ့ သုံးလေးရက်ကတော့ နန်းကတိတ်ရွာနားမှာ လူခုနှစ်ယောက် သတ်ခံရတယ်လို့ ကြားတယ် ၊ သေဆုံးသူတွေဟာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က မိုင်းရဲဘော်တွေလို့ ကြားရတယ် ၊ ခါမ်းပါတ်ရွာအဝင်မှာလည်း တနေ့က လူ လေးယောက် သတ်ဖြတ်ခံရတယ် ၊ မနေ့ကတော့ အဲ့ဒီ စစ်ကြောင်း အဖွဲ့ ခါမ်းပါတ်မြို့ထဲကို ဝင်ရောက်လာပြီး လူ ၃၀ နဲ့ ၅၀ ကြားကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကြားရတယ် ၊ စစ်ဆေးနေတုန်းဆိုတော့ ဒီမနက်အထိ ပြန်လွတ်မလာသေးဘူး ၊ ခါမ်းပါတ်မြို့ထဲမှာ သေနတ်သံတွေတော့ ကြားရဆဲဖြစ်တယ် " လို့ ခါမ်းပါတ်မြို့ခံတယောက်က ပြောပါတယ်။

ခါမ်းပါတ်မြို့နယ်တွေကို နစက လုံခြုံရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်ရယူပြီးနောက် မနေ့ နိုဝင်ဘာ ၁၀ ရက်က ခါမ်းပါတ်မြို့နယ်ခွဲ ၊ ဧဝံဂေလိ AG အသင်းတော် ၊ မိဘမဲ့ ကလေးဂေဟာမှာရှိတဲ့ ကလေး လေးယောက် သေနတ်မှန်သေဆုံးတယ်လို့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက သူတို့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တမူးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က " တလနီးပါးကြား ထိန်းချုပ်ခံထားရတဲ့ ခါမ်းပါတ်မြို့နယ်ခွဲကို မနေ့က အပြီးသတ် ပြန်လည်ရယူနိုင်ပြီဖြစ်တယ် ၊ နောက်ဆက်တွဲ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်၊ နှစ်ဘက် ထိခိုက်သေဆုံးတာတွေရှိတယ် ၊ အရေအတွက် စာရင်းတော့ တက်မလာသေးဘူး " လို့ ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ကလေး - တမူး နယ်စပ်ကုန်သွယ်ရေး ကားလမ်းမှာရှိတဲ့ ခါမ်းပါတ် ၊ ကနန် ၊ ကမ္မကြီး ၊ ထင်းစင် ၊ ဝိတုတ် ၊ ဖိုင်လင်း ၊ ဘုတ္ကန် ၊ နန့်မွန်းတာ ၊ ခုန့်မွန်းနွံ ၊ ပန်သာ ၊ မန်မော် ၊ ထန်းတပင် စတဲ့ ရွာတွေဘက်မှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းက တမူး - စေတီ - အောင်ဇေယျ ကားလမ်းဘက်မှာရှိတဲ့ ဦးအောင်ဇေယျ စခန်း တိုက်ခိုက်ခံရပြီးနောက် အောင်ဇေယျ ၊ နန်းအောက်မော် နဲ့ စိုးသာယာ စတဲ့ကျေးရွာတွေဘက်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ကျွဲနွား အကောင်ရေ ၃၀ ဝန်းကျင် ထိခိုက်သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒါကြောင့် တမူး - ကလေး ကားလမ်းတွေ ပိတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ဝန်းကျင်ကလည်း ခါမ်းပါတ်နဲ့ တမူမြို့ကြားက ဘုက္ကန်ကျေးရွာမှာရှိတဲ့ ရဲကင်းစခန်းအတိုက်ခံရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရကာ ရဲတပ်ဖွဲ့ဝင်အားလုံး စခန်းကို စွန့်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

#တမူးကလေးကားလမ်း #ခမ်းပတ်တိုက်ပွဲ

မူဆယ်မှာ ရေမရလို့ ‌ရွှေလီမြစ်မှာ ရေသွားချိုးရာက ရေနစ် သေဆုံးသူ ဆက်တိုက်ဖြစ်လာဒီဇင်ဘာ ၁၁၊ ၂၀၂၃Shy V(VOM)တရုတ် - မြန်မာ နယ...
11/12/2023

မူဆယ်မှာ ရေမရလို့ ‌ရွှေလီမြစ်မှာ ရေသွားချိုးရာက ရေနစ် သေဆုံးသူ ဆက်တိုက်ဖြစ်လာ

ဒီဇင်ဘာ ၁၁၊ ၂၀၂၃
Shy V(VOM)

တရုတ် - မြန်မာ နယ်စပ်၊ မူဆယ်မှာ မီးမလာတာ‌ေကြာင့် ရေမရလို့ ‌ရွှေလီမြစ်ဘက် ရေသွားချိုးရာက ရေနစ် သေဆုံးသူ ဆက်တိုက်ဖြစ်လာကြောင်း ဒေသခံ တွေဆီက သိရပါတယ်။

"ရွှေလီမြစ်ထဲ ဒီနေ့လည်း ၂ နာရီခွဲလောက်မှာတယောက် ထပ်နစ်ပြန်ပြီ။ သုံးယောက်က သုံးရက် ဆက်တိုက် ရှိပြီ ။ ကမ်းစပ်နား ရေပုံး၊ ရေခွက်တွေနဲ့ ခပ်ချိုးသင့်တယ် " လို့ ဒေသခံတွေက ပြောပါတယ်။

"မနေ့ညနေကတော့ ပြန်ပြီးတွေ့တယ်ဗျ။ ရေနစ်တဲ့ သုံးယောက်လုံးက ဆုံးသွားတာပေါ့။ ပထမ တစ်ယောက်နဲ့တော့ ခြားတယ်ပေါ့။ မီးပျက်တော့ ရေမရကြဘူး။ ရေမရတော့လည်း အဲဒီမှာ (ရွှေလီမြစ်မှာ) ရေသွားချိုးကြတာပေါ့။" လို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးကွန်ယက် က တာဝန်ရှိသူ ၁ ဦးက VOM ကို ပြောပါတယ်။

မီးပျက်တာ ၁၀ ရက်ကျော် သွားပြီ ဖြစ်တာကြောင့် ရေတင်မရ၊ ရေမလာ ဖြစ်နေလို့ ရွှေလီမြစ်ထဲ ရေဆင်းချိုးကြတာလို့ သူက ပြောပါတယ်။

"အဓိကတော့ အန္တရာယ် မရှိတဲ့ နေရာပဲ ချိုးစေချင်တာပေါ့နော်။ အရင်တုန်းက ကျနော်တို့ မူဆယ်မှာ ေရချိုးတဲ့ နေရာ တခု ရှိတယ်။ အဲဒီနေရာ (‌ေရနစ်တဲ့နေရာ) နဲ့ ကိုက် ၅၀၀ လောက် အကွာမှာ။ သူက ရေသိပ်မနက်ဘူးပေါ့နော်။ ပြီးလို့ ရှိရင် အဲဒီနေရာတွေက သဲကျင်းတွေ မရှိဘူးပေါ့။ အခုဟာ အဓိက ဖြစ်တာက သဲစုပ်တဲ့ နေရာ ဖြစ်တယ်။ သဲစုပ်တဲ့ ချိုင့်ထဲကို ဝင်သွားတာ။ ဝဲထဲကို ပါသွားတာပေါ့။" လို့ သူက ရှင်းပြပါတယ်။

ရေနစ်သူတွေက လူငယ်ပိုင်း ယောက်ျားလေးတွေ ဖြစ်ကြပြီး အဆင်မပြေဘူး ဆိုရင်တော့ ရေပုံးနဲ့ ခွက်နဲ့ ရေခွက်နဲ့ အဲလို ခပ်ချိုးတာ မျိုးပေါ့နော်၊ ကမ်းနားလေးမှာပဲ ချိုးတာမျိုး ဖြစ်‌ေစချင်တယ်လို့ ဆိုပါတယ်။

"ရေ မလာလို့ ရေသွားချိုးတာ ဟုတ်တယ်။ သူငယ်ချင်းပါ။ အသက် ၁၈ နှစ်။ ဆုံးသွားပြီ။ ချောင်းထဲ မသွားခင် သူ့အမေက မသွားဖို့ပြော သေးတယ်။ အိမ်မက် မကောင်းလို့ သား မသွားနဲ့လို့ ပြောတာ။" လို့ ယမန်နေ့ည နေနစ်သေဆုံးသွားသူရဲ့ သူငယ်ချင်းမိန်းကလေး တဦးက ပြောပါတယ်။

ဒီနေ့ညနေ နစ်တာနဲ့ဆို ရွှေလီမြစ်ထဲ ရေချိုးရင်း ရေနစ်သူ ၄ ဦး ရှိပြီဖြစ်ပါတယ်။

ဒါ့အပြင် ရေမရှိတာကြောင့် တချို့ နေအိမ် တွေမှာ အိမ်သာသုံးဖို့ ရေတောင် အခက်အခဲ ဖြစ်နေရပြီး သုံးရေတွေကို ၂၀ လီတာ ဗူး ၁ ဗူး သုံးရာကျပ် ပေးပြီး ဝယ်သုံးနေရတယ်လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။

မူဆယ်မြို့နယ် ပြည်သူ့ ‌ဆေးရုံမှာလည်း ရေမရှိတာကြောင့် အခက်အခဲ ဖြစ်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မူဆယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး လက်ရှိအချိန်အထိ လျှပ်စစ်မီး ပြတ်တောက်နေတာ ဖြစ်ပါတယ်။

Photo Crd # လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးကွန်ယက်

#မူဆယ် #ရေနစ်သေဆုံးမှုများ

11/12/2023

မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ တာဝန်ရှိသူတွေနဲ့ MNDAA ၊ TNLA ၊ AA အဖွဲ့တွေက တာဝန်ရှိသူတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစက
သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

#ဗိုလ်ချုပ်ဇော်မင်းထွန်း

လွိုင်ကော်က ပြည်နယ်အဆင့် ရဲစခန်းဌာနချုပ် ထိန်းချုပ်ခံရတယ်လို့ သတင်းထွက်ပေါ်ရန်ကုန်၊ ဒီဇင်ဘာ ၁၁ -၂၀၂၃GG (VOM)ကယားပြည်နယ် ...
11/12/2023

လွိုင်ကော်က ပြည်နယ်အဆင့် ရဲစခန်းဌာနချုပ် ထိန်းချုပ်ခံရတယ်လို့ သတင်းထွက်ပေါ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ -၂၀၂၃
GG (VOM)

ကယားပြည်နယ် ၊လွိုင်ကော်မြို့မှာရှိတဲ့ ပြည်နယ်အဆင့် ရဲဌာနချုပ်စခန်းကို KNPDF ဦးဆောင်တဲ့ ဒေသတွင်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲတွေက ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့ည ပိုင်းမှာ ပြည်နယ်ရဲဌာနချုပ်ကို ထိန်းချုပ်ခဲ့တာဖြစ်ပြီး လက်နက်တွေ၊ ရဲကားတွေ ၊ ဆိုင်ကယ်တွေ အပါအဝင် ပစ္စည်းတွေကို ရရှိခဲ့တယ်လို့ KNDF ရဲ့သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

" ဟုတ်တယ် အဲ့ဒီရဲစခန်းကပြည်နယ်အဆင့်ရဲစခန်းပေါ့၊ အဲ့တဝိုက်မှာတိုက်ပွဲတွေဖြစ်နေတာကတော့ကြာပြီ၊ ဘယ်သူမှလည်းမသွားရဲဘူး ။ ရဲစခန်းကိုသိမ်းလိုက်ပြီဆိုတာ ကျနော်တို့လည်း မနေ့က PDF ဘက်ကသတင်းထုတ်တော့မှ သိရတာ၊ " လို့ လွိုင်ကော်ဒေသခံကပြောပါတယ်။

ပြည်နယ်ရဲဌာနချုပ်စခန်း တိုက်ပွဲမှာ စစ်တပ်နဲ့ PDF တွေ နှစ်ဖက်လုံး အကျဆုံးတွေရှိခဲ့ကြောင်း ၊ PDF တွေဘက်က ၆ ယောက်သေဆုံးခဲ့တယ်လို့ KNDF ရဲ့ ဥက္ကဋ္ဌခေါင်းဆောင်ဖြစ်သူ ခွန်းဘီထူးက ကယားပြည်နယ် ဒေသတွင်း မီဒီယာကိုဖြေဆိုထားတာတွေ့ရပါတယ်။

ပြည်နယ်အဆင့်ရဲစခန်း ထိန်းချုပ်ခံလိုက်ရတာနဲ့ပတ်သက်လို့ နစက ဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရှိရသေးပေမယ့် ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့တော့ ထုတ်ပြန်ထားပါတယ်။

လက်ရှိ အချိန်ထိ နစက လုံခြုံရေးတပ်တွေ နဲ့ ဒေသတွင်းလက်နက်ကိုင်တွေအကြား လွိုင်ကော်မှာ ပစ်ခတ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တုန်ူကလည်း လွိုင်ကော်မြို့က နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိပြီး ဆိုင်ခန်းပေါင်း ထောင်ချီရှိတဲ့ သီရိမင်္ဂလာစျေးကြီးထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ စျေးတခုလုံးမီးလောင်ပျက်စီးခဲ့သလို တောင်ကွဲစေတီလည်း လက်နက်ကြီးထိမှန်ပြီး ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

သီရိမင်္ဂလာစျေး မီးလောင်ပျက်စီးမှုက ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ နစက ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

လွိုင်ကော်မြို့မှာ ဒေသတွင်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲတွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေဖြစ်ပွားနေတာ နိုဝင်ဘာလ ၁၁ ရက်နေ့ကတည်းကဖြစ်လို့ ခုဆိုရင် တိုက်ပွဲကာလ ၁ လဝန်းကျင်အထိ ကြာမြင့်လာနေပြီဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအကြားမှာ အရပ်သားပြည်သူတွေ ထိခိုက် သေဆုံးတာ ဒဏ်ရာရတာတွေရှိသလို နေအိမ်တွေ ၊ဘာသာရေးအဆောက်အဦးတွေ၊ လွိုင်ကော်ဟိုတယ်၊ အခု သိရီမင်္ဂလာစျေး၊ တောင်ကွဲစေတီ စတဲ့ အဆောက်အဦး ထိခိုက်ပျက်စီးမှာတွေရှိနေတယ်လို့သိရပါတယ်။

တိုက်ပွဲပြင်းထန်လာမှုနဲ့အတူ လွိုင်ကော်မြို့ခံတွေထဲကနေ မြို့ကိုစွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်သူအများအပြားရှိလာနေသလို မြို့ထဲမှာပဲကျန်ခဲ့ပြီး အကူအညီတွေ ပေးနေတဲ့ ဒေသခံတွေလည်းရှိနေတယ်လို့သိရပါတယ်။

ေဒသတွင်းလက်နက်ကိုင်တွေဖြစ်တဲ့ KA၊ KNDF၊ KNPLF၊ DMO- Local PDF၊ မြို့ပြပျောက်ကြားတပ်နဲ့ အတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်းဌာနမှ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဖရူဆို၊ ဒီမောဆိုနဲ့ ရှမ်းတောင် PDF တပ်ရင်းတွေ ပူးပေါင်းပြီး လွိုင်ကော်မှာ မြို့သိမ်းတိုက်ပွဲကိုဆင်နွှဲနေကြတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Photo Crd: Original Uploader

#လွိုင်ကော် #ရဲစခန်း

VOM Telegram Channel: https://t.me/VOMNEWS2023/3921

VOM Viber Channel: https://i3d.me/y9YCjQ

VOM Youtube Channel: https://i3d.me/VOMYOUTUBECHANNELVOM

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၁ ရက်၊ ညနေ ၄ နာရီ)Voice of Myanmar-ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၆ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈ...
11/12/2023

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၁ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၁၉၉၆ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၃၆၉၀၀၀၀ ကျပ်
ဝယ်ဈေး ၃၆၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၃၄၉၀၀၀၀ ကျပ်
ဝယ်ဈေး ၃၄၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

#ရွှေစျေး

VOM Telegram Channel: https://t.me/VOMNEWS2023/3920

VOM Viber Channel: https://i3d.me/y9YCjQ

VOM Youtube Channel: https://i3d.me/VOMYOUTUBECHANNELVOM

ယူကရိန်စစ်ပွဲအရေး ဂျိုးဘိုင်ဒင် နဲ့ ဇီလန်စကီးတို့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးမယ်ဝါရှင်တန်၊ ဒီဇင်ဘာ-၁၁-၂၀၂၃မျိုးဆက်(VO...
11/12/2023

ယူကရိန်စစ်ပွဲအရေး ဂျိုးဘိုင်ဒင် နဲ့ ဇီလန်စကီးတို့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးမယ်

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၁-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ဟာ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ သမ္မတနှစ်ယောက်ဟာ ဒီဇင်ဘာ ၁၂ ရက်မှာ ဆွေးနွေးဖို့ စီစဉ်ထားကြပါတယ်။

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံတွန်းလှန်နေရတဲ့ ယူကရိန်းနဲ့ ယူကရိန်းပြည်သူတွေအတွက် အမေရိကန်ရဲ့ မယိုင်လဲတဲ့ ကတိကဝတ်တွေကို ထပ်မံအတည်ပြုဖို့ အတွက် ယူကရိန်းသမ္မတကို ဖိတ်ကြားခဲ့တာလို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးဟာ လက်ရှိမှာတော့ အာဂျင်တီးနားနိုင်ငံကို ရောက်ရှိနေပါတယ်။ ရုရှားဟာ ယူကရိန်းကို ဒုံးကျည်၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေချိန်မှာ ယူကရိန်းအတွက် အရေးပေါ်လိုအပ်ချက်တွေနဲ့ အမေရိကန်ရဲ့ ဆက်လက်ပံ့ပိုးကူညီမယ့် ကိစ္စရပ်တွေအပေါ် ဂျိုးဘိုင်ဒင်နဲ့ ဇီလန်စကီးတို့ ဆွေးနွေးဖွယ်ရှိနေပါတယ်။

ယူကရိန်းအတွက် နောက်ထပ်ရန်ပုံငွေကို ကွန်ဂရက်က အတည်ပြုမပေးဘူးဆိုရင် အမေရိကန်ရဲ့ စစ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေဟာ ယခုနှစ်ကုန်မှာ ကုန်ဆုံးတော့မယ်လို့ အမေရိကန်အစိုးရက ပြောကြားထားပါတယ်။

ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တစ်တွေအကြား သဘောထားကွဲလွဲမှုတွေကြောင့် အရေးပေါ်အသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်း လွှတ်တော်တွင်းဆွေနွေးမှုတွေကို လက်ရှိမှာတော့ ရပ်တန့်ထားပါတယ်။

Ref:NHK
Photo:Reuters

#ယူကရိန်စစ်ပွဲ #ဂျိုးဘိုင်ဒင် #ဇီလန်စကီး

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959963999295

Alerts

Be the first to know and let us send you an email when Voice of Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Voice of Myanmar:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

Who is VOM?

Founded by the freelance journalists based in Mandalay, Myanmar, VOM is a registered Online News Agency, accordingly with the law, under Ministry of Information.

Our Mission is to promote freedom of expression, freedom of press and rights to information. To take part in the Peace process and democratization of the country with journalism.