Myanmar Soccer Online Agent - MSOA

  • Home
  • Myanmar Soccer Online Agent - MSOA

Myanmar Soccer Online Agent - MSOA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Soccer Online Agent - MSOA, Media/News Company, .

ဆန်ချိုအားခေါ်ယူရေးအတွက်မန်ယူဆက်လက်ဆွေးနွေးနေဆဲမန်ယူဟာဒေါ့မွန်တောင်ပံကစားသမားဆန်ချိုအားခေါ်ယူရေးအတွက်ဒေါ့မွန်နှင့်ဆွေးနွ...
10/09/2020

ဆန်ချိုအားခေါ်ယူရေးအတွက်မန်ယူဆက်လက်ဆွေးနွေးနေဆဲ

မန်ယူဟာဒေါ့မွန်တောင်ပံကစားသမားဆန်ချိုအားခေါ်ယူရေးအတွက်ဒေါ့မွန်နှင့်ဆွေးနွေးနေဆဲဖြစ်ပြီးတိုးတက်မှုများရှိနေကြောင်းသိရပါတယ်။ဒေါ့မွန်အားကစားဒါရိုက်တာမိုက်ကယ်ဇော့ကအင်္ဂလန်လက်ရွေးစင်ကိုရောင်းချမှာမဟုတ်ကြောင်းပြောကြားထားပေမယ့်မန်ယူနည်းပြဆိုးလ်ရှားကတော့သူ့ကိုယခုနွေရာသီအဓိကပစ်မှတ်အဖြစ်ခေါ်ယူရေးမဆုတ်မနစ်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ဒေါ့မွန်ကမရောင်းလို့ဆိုထားပေမယ့်လည်းမန်ယူဟာဆန်ချိုအားခေါ်ယူရေးလုပ်ဆောင်နေဆဲဖြစ်သလိုအပြောင်းအ ရွှေ့မှာသေဆုံးခြင်းမရှိသေးဘူးလို့ယုံကြည်နေပါတယ်။
ဒေါ့မွန်ဟာအသက်၂၀နှစ်ရှိဆန်ချိုအတွက်ပြောင်းရွှေ့ကြေးယူရိုသန်း၁၂၀ရရှိလိုနေပါတယ်။မန်ယူဟာဆန်းချက်ဇ်တုန်းကအမှားမျိုးထပ်မံမပြုလုပ်မိစေဖို့အတွက်ဆန်ချိုအပြောင်းအရွှေ့ကိုဂရုတစိုက်လုပ်ဆောင်နေမှုနှင့်အတူအချိန်အနည်းငယ်ကြာနေတာလည်းဖြစ်ပါတယ်။
ဒါပေမယ့်မန်ယူဟာဆန်ချိုရဲ့အေးဂျင့်နှင့်လုပ်ခနှင့်ပတ်သက်ပြီးသဘောတူညီမှုရရှိပြီးပြီလို့ယုံကြည်ရပါတယ်။မန်ယူအတွက်ဆန်ချိုအပြောင်းအရွှေ့မှာအကြီးမားဆုံး အခက်အခဲကဒေါ့မွန်ကတောင်းဆိုတဲ့ပြောင်းရွှေ့ကြေးအလွန်မြင့်မားနေတာဖြစ်ပါတယ်။၎င်းတို့ဟာဘာစီလိုနာမှဒမ်ဘီလီ၊ဂျူဗင်တပ်မှဒေါက်ကလပ်ကော့စတာတို့ကိုလည်းဆန်ချိုကိုမခေါ်ယူနိုင်ပါကခေါ်ယူရေးစောင့်ကြည့်နေပါတယ်။

# Credit လေးစားစွာဖြင့်

ကြာသပတေးည ပြင်သစ်လီဂူးပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်လန်းစ် နှင့် ပီအက်စ်ဂျီ (ည ၁:၃၀)ပြီးခဲ့တဲ့ရာသီမသိမ်းခင်လန်းစ်ရဲ့ခြေစွမ်...
10/09/2020

ကြာသပတေးည ပြင်သစ်လီဂူးပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်

လန်းစ် နှင့် ပီအက်စ်ဂျီ (ည ၁:၃၀)

ပြီးခဲ့တဲ့ရာသီမသိမ်းခင်လန်းစ်ရဲ့ခြေစွမ်းကျဆင်းသလိုဖြစ်ခဲ့ရပါသေးတယ်။ ရာသီတစ်လျှောက်လုံးခပ်မာမာကစားပြီးမှခြေကျခဲ့ရပေမယ့်တန်းတက်ခွင့် ရယူနိုင်ခဲ့တယ်ဆိုတာအစောပိုင်းရလဒ်တွေကောင်းမွန်လို့ပါ သူတို့ရဲ့အဓိကအားသာချက်ကတိုက်စစ်ထက်မြက်မှု့ဖြစ်ပြီးအိမ်ကွင်းဆိုရင်ခံစစ်ကလည်း လုံခြုံလွန်းတာပါပဲ။ အခုပွဲမှာလည်းအင်အားကြီးတဲ့ ပီအက်စ်ဂျီကို အိမ်ကွင်းမှာယှဉ်ပြိုင်ရမှာဖြစ်လို့ ခံစစ်အားပြုလာမှာပါ ။ ပီအက်စ်ဂျီကတော့အဝေးကွင်း ခြေစွမ်းရောအိမ်ကွင်းကစားအားပါနှစ်ခုစလုံး အပြစ်ပြောစရာမရှိအောင်ထက်မြက်လွန်းပါတယ်။
နေမာ၊ ဒီမာရီယာတို့ မပါဝင်နိုင်တာကတော့ပီအက်စ်ဂျီရဲ့အားနည်းမှု့လို့ဆိုရမယ် ။သူတို့နှစ်ဦးမပါနိုင်လို့ ပီအက်စ်ဂျီရဲ့ကစားအားအထိုက်အလျောက်ကျဆင်းနိုင်ပြီးလန်းစ်ရဲ့မာကျောမှု့ကိုတုန့်ပြန်ဖို့ခက်ခဲပါလိမ့်မယ်။ ဒီပွဲမှာပီအက်စ်ဂျီက ၁+၄၀အကျောပေးထားတာကလည်းအတော်လေးကိုပျော့ပြောင်းနေတဲ့အနေအထားပါ။ ဒါဟာလန်းစ်ရဲ့ခံစစ်ကိုကြောက်ရွံပြီးပေါ်ထွက်လာတဲ့ကြေးလို့ဆိုရမယ်အဲ့ဒီ့တော့အနိမ့်ဆုံးသရေတစ်မှတ်ရယူရမယ့်လန်းစ်ကိုဂိုးအောက်နှင့်အတူတွဲဖက်ရွေးချယ်ရပါမယ် ။

# Credit လေးစားစွာဖြင့်

၉၆ နှစ်အတွင်း ပြင်သစ်အတွက် အသက်အငယ်ဆုံးပွဲကစားခွင့်ရသူ ဖြစ်လာတဲ့ ကာမာဗင်ဂါရန်းနက်စ်လူငယ်ပါရမီရှင်အက်ဒူယာဒိုကာမာဗန်ဂါဟာ ၁...
09/09/2020

၉၆ နှစ်အတွင်း ပြင်သစ်အတွက် အသက်အငယ်ဆုံးပွဲကစားခွင့်ရသူ ဖြစ်လာတဲ့ ကာမာဗင်ဂါ

ရန်းနက်စ်လူငယ်ပါရမီရှင်အက်ဒူယာဒိုကာမာဗန်ဂါဟာ ၁၉၁၄ ခုနှစ်နောက်ပိုင်း မှာပြင်သစ်အတွက်ကစားခွင့်ရရှိတဲ့အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ ပါတယ်။ကာမာဗန်ဂါဟာအင်္ဂါနေ့တုန်းကခရိုအေးရှားကိုပြင်သစ်က၄-၂ဖြင့်အနိုင်ရရှိတဲ့ပွဲမှာ ပွဲချိန်၆၃မိနစ်မှာအန်ဂိုကန်တီအစားလူစားဝင် ရောက်လာပြီးနောက်အသက်၁၇နှစ်နှင့်၃၀၃ရက်ဖြင့်ပွဲကစားခွင့်ရရှိခဲ့ပါတယ်။
သူဟာပြင်သစ်သမိုင်းမှာတတိယအသက်အငယ်ဆုံးပွဲကစားခွင့်ရသူဖြစ်ပါတယ်။ ပြင်သစ်အတွက်အသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ်မောရစ်ဂါစတီဂါက၁၉၁၄ခုနှစ်တုန်းကအသက်၁၇နှစ်နှင့်၁၂၈ရက်ဖြင့်ပြင်သစ်အတွက်အသက်အငယ်ဆုံးပွဲကစားသူအဖြစ်မှတ်တမ်းရေးထိုးထားပါတယ်။
ကာမာဗန်ဂါက “ပြင်သစ်လူထုအားလုံးနဲ့မိသားစုအတွက်အရမ်းပျော်ပြီးဂုဏ်ယူ မိပါတယ်။ယုံကြည်မှုတွေဘယ်ကရောက်လာလဲမသိပါဘူး။အသက်ကြီးကစားသမားတွေနဲ့ကစားဖူးပါတယ်။ဒါကြောင့်လည်းသူတို့နဲ့ကစားဖို့ကြီးမားတဲ့ရင့်ကျက်မှု ရလာတာလို့ထင်ပါတယ်”လို့ပြောကြားသွားပါတယ်။
ရန်းနက်စ်လူငယ်ပါရမီရှင်ကွင်းလယ်ခံစစ်ကစားသမားဟာရီးရဲလ်မက်ဒရစ်ရဲ့ပစ်မှတ်ထားခြင်းခံနေရပေမယ့်၂၀၂၀-၂၁ရာသီမှာရန်းနက်စ်မှာဆက်ရှိနေဖို့သေချာနေသူ ဖြစ်ပါတယ်။

# Credit လေးစားစွာဖြင့်

နိုင်ငံအတွက် ဂိုး ၁၀၀ သွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာတဲ့ ရော်နယ်ဒိုပေါ်တူဂီအသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒ...
09/09/2020

နိုင်ငံအတွက် ဂိုး ၁၀၀ သွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာတဲ့ ရော်နယ်ဒို

ပေါ်တူဂီအသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုဟာသမိုင်းတွင် နိုင်ငံတကာသွင်းဂိုးဂိုးရာပြည့်သွင်းနိုင်တဲ့ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာအင်္ဂလန်နေ့တုန်းက ဆွီဒင်ကို ၂-၀ဖြင့် အနိုင်ရရှိတဲ့ပွဲရဲ့ ပထမပိုင်းမှာ ဖရီးကစ်မှ တစ်ဆင့် ဦးဆောင်ဂိုးကို သွင်းယူပြီးနောက် ပေါ်တူဂီလက် ရွေးစင်အတွက် ဂိုးရာပြည့်သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာဒုတိယပိုင်းပွဲချိန် ၇၂ မိနစ်မှာဧရိယာအပြင်မှကန်ကာပေါ်ဂူတီအတွက်ဒုတိယ အနိုင်ဂိုးနှင့်သူ့ရဲ့ပေါ်တူဂီအတွက်၁၀၁ဂိုးကိုသွင်းယူခဲ့ပါတယ်။
အသက် ၃၅နှစ်ရှိဂျူဗင်တပ်ကစားသမားဟာအီရန်အတွက်၁၀၉ဂိုးသွင်းယူခဲ့တဲ့ အလီဒါယီပြီးနောက်နိုင်ငံအတွက်ဂိုးရာပြည့်သွင်းနိုင်တဲ့ဒုတိယမြောက်အမျိုးသား ကစားသမားဖြစ်လာခဲ့ပါတယ်။ရော်နယ်ဒိုအနေဖြင့်အလီဒါယီရဲ့၁၀၉ဂိုးစံချိန်ကို လိုက်မီဖို့ ၈ဂိုးသာလိုတော့ပြီဖြစ်ရာလာမယ့်တစ်နှစ်အတွင်းတွင်လိုက်မီလာဖို့ ရှိနေပါတယ်။
ရော်နယ်ဒိုဟာသူ့ရဲ့ပေါ်တူဂီအတွက်၉၉ဂိုးမြောက်ဂိုးကို၂၀၁၉ခုနှစ်၊နိုဝင်ဘာလတုန်းကလူဇင်ဘတ်နှင့်ပွဲတွင်သွင်းယူနိုင်ခဲ့တာဖြစ်ပြီးဂိုးရာပြည့်သွင်းနိုင်ဖို့အတွက်၁၀လအထိစောင့်ဆိုင်းခဲ့ရပါတယ်။သူဟာကိုရိုနာဗိုင်းရပ်စ်ကြောင့်ဘောလုံးပွဲများ ရပ်နားလိုက်မှုနှင့်အတူဂိုး၁၀၀ပြည့်သွင်းနိုင်ဖို့အချိန်များစွာစောင့်ဆိုင်းခဲ့ရတာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာယူရို၂၀၀၄ပြိုင်ပွဲတုန်းကအသက်၁၉နှစ်အရွယ်မှာပေါ်တူဂီအတွက် ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ပြီးယခင်ပေါ်တူဂီရဲ့ဂိုးအများဆုံးသွင်းယူသူ ပေါ်လက်တာရဲ့ ၄၇ ဂိုးစံချိန်ထက် နှစ်ဆကျော်အထိ ပိုမိုသွင်းယူထားကာ ပေါ်တူဂီ သမိုင်းတစ်လျှောက် ချိုးဖျက်ရအခက်ခဲဆုံးစံချိန် ဖြစ်လာဖို့ သေချာနေပြီဖြစ်ပါတယ်။
သူဟာယူရို၂၀၀၄ တုန်းက ဒုတိယဖြင့်သာကျေနပ်ခဲ့ရပေမယ့် ယူရို၂၀၁၆ နှင့် Nations League 2019 တို့မှာ ပေါ်တူဂီကို ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးထားနိုင်ပါတယ်။

# Credit လေးစားစွာဖြင့်

Ibet 789 အကောင့်ဖွင့်ပြီးonlineက ကစားမယ့်ဆိုရင်
၁ယူနစ် ၁ထောင်နှုန်းနဲ့ ငွေကျပ်၁သောင်းဖိုးကနေ စတင် ယူပြီး ကစားနိုင်ပါပြီ။၁ပွဲကို ၂ယူနစ်အနည်းဆုံး ထိုးလို့ရပါတယ်

✅ ငွေသွင်းငွေထုတ် (နေ့စဉ်လုပ်ပေးပါတယ်)
⚠️MixParlay မောင်းအဆ ၁၀၀ ကန့်သတ်ထားပါတယ်

-ဘယ်လိုကစားရမလဲ မသိသေးဘူးဆိုရင်တော့
Viber & Hotline - 09957773404
Hot line - 09763079990 အသေးစိတ် မေးနိုင်ပါတယ်ခင်ဗျာ

🏧KBZ / AYA / CB / Wave Money
တို့ဖြင့်ငွေသွင်းငွေထုတ်လုပ်နိုင်ပါတယ်။
ငွေကြေးစိတ်ချမှုက 100% ပါခင်မျာ။

💰​ငွေသွင်း မြန်​မြန်​ ဆန်​ဆန်​ လုပ်​​ပေးနိုင်​သူ ၊​ငွေအ​မောက်​ ဘယ်​​လောက်​နိုင်​နိုင်​ ထုတ်​​ပေးနိုင်သူကစားဖို့နည်းလမ်း​ကို စိတ်​ရှည်​သ​ဘော​ကောင်းပြီး ညွှန်​ပြနိုင်​သူကို ရှာ​နေတယ်​ဆိုရင်​​တော့ Football Market နဲ့မိတ်ဆက်ပေးပါရစေ💰

Call Now
Hot Line (or) Viber : 09957773404
: 09763079990
(Or)
Page Chat Box
# ဘောလုံးပှဲ
# Football Market
# Credit
#ဘောလုံးဈေးကွက်
#အားကစားသတင်း

****** 24 hours / 7 days services******

၀က်ဖိုဒ့်ကွင်းလယ်လူ ဒူးကူရီ ကိုခေါ်ယူပြီး ကွင်းလယ်ကို အားဖြည့်ခဲ့တဲ့ အဲဗာတန်နာမည်ကျော်နည်းပြ အန်ဆယ်လော့တီကိုင်တွယ်နေတဲ့ ...
09/09/2020

၀က်ဖိုဒ့်ကွင်းလယ်လူ ဒူးကူရီ ကိုခေါ်ယူပြီး ကွင်းလယ်ကို အားဖြည့်ခဲ့တဲ့ အဲဗာတန်

နာမည်ကျော်နည်းပြ အန်ဆယ်လော့တီကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းကတော့ ဝက်ဖိုဒ့်ကွင်းလယ်လူ ဒူးကူရီကိုခေါ်ယူကာ ကွင်းလယ်အင်အားကို ထပ်မံဖြည့်တင်းမှု ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ဒူးကူရီဟာ ဒီရာသီမှာ အဲဗာတန်အသင်းရဲ့ တတိယမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။ အဲဗာတန်ဟာ အစောပိုင်းမှာ နာပိုလီကွင်းလယ်လူ အလန်နဲ့ ရီးရဲမက်ဒရစ်ကွင်းလယ်တိုက်စစ်သမား ဂျိမ်း ရိုဒရီဂွက်စ်တို့ကိုလည်း ခေါ်ယူအားဖြည့်ထားပြီးဖြစ်တာကြောင့် လာမယ့်ဘောလုံးရာသီမှာ ကစားသမားအင်အားတောင့်တင်းတဲ့ အဲဗာတန်အသင်းကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ အသက် ၂၇ နှစ်အရွယ် အဆိုပါပြင်သစ်ကွင်းလယ်လူကို ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ဒူးကူရီဟာ ဝက်ဖိုဒ့်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ လေးရာသီကြာဖြတ်သန်းခဲ့ကာ ၁၄၁ ပွဲကစားပေးခဲ့ပြီး သွင်းဂိုး ၁၇ ဂိုး သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒူးကူရီဟာ ဝက်ဖိုဒ့်အသင်းနဲ့အတူ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ အက်ဖ်အေဖလား ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ဖူးသလို ၂၀၁၇-၁၈ ဘောလုံးရာသီမှာလည်း အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ အဲဗာတန်အသင်းကို ပြောင်းရွှေ့လာရခြင်းနဲ့ ပတ်သက်ပြီး အဆိုပါကစားသမားက

"ကျွန်တော် အဲဗာတန်ကို ပြောင်းကစားခွင့်ရဖို့ အချိန်အတော်ကြာစောင့်ခဲ့ရပါတယ်။ အခုတော့ ဒီကိစ္စဟာ တကယ်ဖြစ်လာတဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်။ ကျွန်တော့်ကို တခြားအသင်းတွေကလည်း စိတ်ဝင်စားခဲ့ကြပေမယ့် အဲဗာတန်က ချိတ်ဆက်လာတဲ့အချိန်မှာတော့ ကျွန်တော့်ဟာ ဒီအသင်းကိုသာ ပြောင်းချင်တဲ့အကြောင်း အေးဂျင့်ကိုလည်း ပြောထားလိုက်ပါတယ်။ အဲဗာတန်ဟာ အင်္ဂလန်ဘောလုံးလောကမှာ အစဉ်အလာကြီးမားတဲ့အသင်းတစ်သင်းဖြစ်တာကြောင့် ကျွန်တော့်ကစားသမားဘ၀ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးလို့လည်း ယုံကြည်မိပါတယ်။ အခုတော့ ကျွန်တော် အရမ်းကို ပျော်ရွှင်နေပြီး အနာဂတ်အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်"လို့ ပြောဆိုသွားခဲ့ပါတယ်။

# Credit လေးစားစွာဖြင့်

ရှက်ဖီးလ်ယူနိုက်တက်သို့ ချဲလ်ဆီးရဲ့အမ်ပါဒူး အငှားဖြင့် ပြောင်းရွှေ့ချဲလ်ဆီးရဲ့ပါရမီရှင်ဗဟိုနောက်ခံလူအီသန်အမ်ပါဒူဟာရှက်ဖီ...
08/09/2020

ရှက်ဖီးလ်ယူနိုက်တက်သို့ ချဲလ်ဆီးရဲ့အမ်ပါဒူး အငှားဖြင့် ပြောင်းရွှေ့

ချဲလ်ဆီးရဲ့ပါရမီရှင်ဗဟိုနောက်ခံလူအီသန်အမ်ပါဒူဟာရှက်ဖီးလ်ယူနိုက်တက်သို့ တစ်ရာသီအငှားဖြင့်ပြောင်းရွှေ့သွားပါတယ်။ လာမယ့်အပတ်မှာအသက်၂၀နှစ် ပြည့်မယ့်အမ်ပါဒူဟာယခုနွေရာသီမှာဖရန့်လမ်းပတ်ရဲ့ချဲလ်ဆီးနှင့်ရာသီကြိုလေ့ ကျင့်ခန်းဆင်းနေသူဖြစ်ပြီးခရစ်ဝိုင်ဒါရဲ့ရှက်ဖီးလ်ယူနိုက်တက်ပွဲထွက်ခွင့်ရရှိရန် အာမခံချက်ပေးလာမှုနှင့်အတူအငှားဖြင့်ထွက်ခွာခဲ့ခြင်းလည်းဖြစ်ပါတယ်။
ဝေးလ်လက်ရွေးစင်ဟာရိုင်ယန်ဂစ်ရဲ့ဝေးလ်လက်ရွေးစင်အသင်းကဖင်လန်၊ ဘူလ်ဂေရီးယားတို့အားအနိုင်ရရှိတဲ့ UEFA Nations League ပွဲမှာပွဲထွက်ကစားခဲ့သူလည်းဖြစ်ပါတယ်။
ရှက်ဖီးလ်ယူနိုက်တက်နည်းပြဝိုင်ဒါက “အီသန်ကချဲလ်ဆီးအတွက်ပါရမီရှင်ကစားသမားလေးပါ။သူ့ကိုခေါ်ယူနိုင်ဖို့ကျွန်တော်တို့အများကြီးလုပ်ခဲ့ရပါတယ်။ဒီအပြောင်းအရွှေ့ဖြစ်လာအောင်ကူညီတဲ့ ဖရန့်လမ်းပတ်နဲ့ချဲလ်ဆီးကလူတွေကိုကျေးဇူးတင်ပါတယ်။သူတို့နဲ့ကျွန်တော်တို့ အကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။သူ့ကိုကျွန်တော်တို့အကောင်းဆုံး ဂရုစိုက်ပေးမယ်ဆိုတာကိုလည်းသူတို့သိပါတယ်။ဒီရာသီကအီသန်အတွက်အရေး ကြီးတဲ့ရာသီဖြစ်ပါတယ်။ဒီအပြောင်းအရွှေ့ကအားလုံးအတွက်ကောင်းပါတယ်။ သူဟာအသင်းသို့အရည်အသွေးတွေအများကြီးယူဆောင်လာပါမယ်။သူကကျွန်တော်တို့နှစ်ရာသီ၊သုံးရာသီကြာစောင့်ကြည့်လာခဲ့တဲ့သူဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။ သူဟာပြီးခဲ့တဲ့ရာသီတုန်းကချန်ပီယံလိဂ်ဆီမီးဖို်ငနယ်သို့လိုက်ဇစ်သို့ အငှားဖြင့်ပြောင်းကစားခဲ့ပေမယ့်ပုံမှန်ပွဲထွက်ခွင့်ရရှိရန်ရုန်းကန်ခဲ့ရပါတယ်။
ရှက်ဖီးလ်ယူနိုက်တက်ဟာယခုနွေရာသီတွင် ဘုန်းမောက်ဂိုးသမားရမ်ဒယ်ကို ပေါင် ၁၈.၅သန်းဖြင့်လည်းကောင်း၊ ရိန်းဂျားမှ ဝက်စ်ဖိုဒရင်ဂမ်ကိုအလွတ်ပြောင်းရွှေ့ ကြေးဖြင့်လည်းကောင်း၊ ဒါဘီကောင်တီမှနောက်တန်းအစွန်လူများဖြစ်တဲ့ မက်စ်လိုဝီနှင့်ဂျေဒန်ဘိုဂလီတို့ကိုလည်းခေါ်ယူထားပါတယ်။

# Credit လေးစားစွာဖြင့်

အိုက်စ်လန်းသူလေးနှစ်ယောက်ကို ဟိုတယ်ခေါ်မိလို့ အင်္ဂလန်လက်ရွေးစင်အသင်းက ထုတ်ပယ်ခံခဲ့ရတဲ့ ဂရင်းဝုဒ်နဲ့ ဖိုဒန်မန်ချက်စတာယူန...
08/09/2020

အိုက်စ်လန်းသူလေးနှစ်ယောက်ကို ဟိုတယ်ခေါ်မိလို့ အင်္ဂလန်လက်ရွေးစင်အသင်းက ထုတ်ပယ်ခံခဲ့ရတဲ့ ဂရင်းဝုဒ်နဲ့ ဖိုဒန်

မန်ချက်စတာယူနိုက်တက် လူငယ်ကြယ်ပွင့် မေဆင်ဂရင်းဝုဒ်တစ်ယောက် အင်္ဂလန်လက်ရွေးစင် အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် သူ့ရဲ့တွစ်တာအကောင့်ကို ဖျက်သွားခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ မန်ချက်စတာစီးတီး ကွင်းလယ်လူ ဖီးလ်ဖိုဒန်နဲ့အတူ နည်းပြဆောက်ဂိတ်ရဲ့ အသင်းနေထိုင်နေတဲ့ အိုက်စ်လန်းမှာ Covid 19 တားမြစ်စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။

FA ကတော့ အိုက်စ်လန်းသူ ခပ်ချောချော ကောင်မလေးနှစ်ယောက်ကို ဟိုတယ်ထဲခေါ်ခဲ့တဲ့ ကစားသမားနှစ်ယောက်ကို စုံစမ်းစစ်ဆေးနေပြီး ဒီပြစ်မှုဟာ အိုက်စ်လန်းဥပဒေနဲ့ FA ရဲ့ social distancing စည်းမျဉ်းတွေကိုလည်း ချိုးဖောက်ရာရောက်ခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပြီးခဲ့တဲ့ရာသီက အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး အခုလို့ အသင်းလူစာရင်းက ထုတ်ပယ်ပြီး အင်္ဂလန်ကို ပြန်ပို့ခံခဲ့ရပြီးနောက်မှာတော့ သူ့ရဲ့ တွစ်တာအကောင့်ကို ဖျက်သွားခဲ့ပါတယ်။

အိုက်စ်လန်းကို ၁-၀ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ နှစ်ယောက်စလုံး ပါဝင်ခဲ့ပေမယ့် လာမယ့် ဒိန်းမတ်နဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာတော့ သူရော ဖိုဒန်ပါ ဝင်ကစားခွင့်ရမှာ မဟုတ်ပါဘူး။ ရာသီသစ်မစတင်မီ ဂရင်းဝုဒ်ကို မန်ချက်စတာယူနိုက်တက်က ဂန္တဝင်နံပါတ်တစ်ခုဖြစ်တဲ့ နံပါတ် ၁၁ ကို ပေးအပ်ခဲ့ပေမယ့် နိုင်ငံအသင်းမှာ လုပ်ခဲ့တဲ့လုပ်ရပ်ကိုတော့ အပြစ်ပေးဆုံးမသွားဖွယ် ရှိပါတယ်။

ယူနိုက်တက်ရဲ့ ထုတ်ပြန်ချက်မှာတော့ “မန်ချက်စတာယူနိုက်တက်ကလည်း ဘောလုံးအဖွဲ့ချုပ်နဲ့ တိုက်ရိုက်ဆယ်သွယ်နေပါတယ်၊ မေဆင်ဂရင်းဝုဒ်ရဲ့ ဒီအခြေအနေနဲ့ ပက်သက်လို့ စိတ်ပျက်မိပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ယူနိုက်တက်ကြယ်ပွင့်လေး ဒီကိစ္စအတွက် တိတ်ဆိတ်နေပြီး တွစ်တာကနေ ပျောက်သွားခဲ့ချိန်မှာ ဖီးလ်ဖိုဒန်ကတော့ တနင်္လာနေ့ မနက်အစောပိုင်းကပဲ ဒီကိစ္စအတွက် တုံ့ပြန်မှု ပြုလုပ်သွားခဲ့ပါတယ်။

ဖိုဒန်က သူ့ရဲ့ တွစ်တာကနေ “ဒီနေ့ပေါ်ထွက်ခဲ့တဲ့ အိုက်စ်လန်က ကိစ္စတွေအတွက် အရမ်းကို နောင်တရမိပါတယ်၊ ကျွန်တော့်အနေနဲ့ စိတ်ရင်းနဲ့တောင်းပန်ချင်ပါတယ်။ နည်းပြဂါရတ်ဆောက်ဂိတ်နဲ့ အင်္ဂလန်အသင်းဖော်တွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ ပရိသတ်တွေနဲ့ ကျွန်တော့် ကလပ်အသင်းနဲ့မိသားစုဝင်တွေ အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော်က ငယ်ရွယ်တဲ့ ကစားသမားတစ်ယောက် ဖြစ်လို့ သင်ယူစရာတွေ အများကြီးကျန်ပါသေးတယ် ဒါပေမယ့် မန်ချက်စတာစီးတီးနဲ့ အင်္ဂလန်ကို ဒီအဆင့်ထိ ကိုယ်စားပြုလာခဲ့ပြီး ဖြစ်တာကြောင့် ဒီကိစ္စကို တာဝန်ယူပါတယ်”

ဒီကိစ္စမှာ “ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အားနည်းမှုနဲ့ ကျွန်တော့်ကို မျှော်လင့်ထားသလောက် မဖြစ်ခဲ့တဲ့ အပြုအမူတွေကို လုပ်ခဲ့မိပါတယ်။ အသင်းဖော်တွေနဲ့ ကျွန်တော် ကိုယ်တိုင်ကို ကာကွယ်ထားတဲ့နေရာမှာ Covid 19 စည်းမျဉ်းတွေ ချိုးဖောက်မိပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ဒိန်းမတ်ကိုသွားမယ့် အသင်းမှာ ပါဝင်ခွင့်မရတော့ပါဘူး၊ အဲ့ဒါက အရမ်းကို ခံစားရပါတယ်” လို့ ရေးသားခဲ့ပါတယ်။

# Credit လေးစားစွာဖြင့်

(8.9.2020) ရက်နေ့အတွက် နံနက်ခင်းသတင်းစာများ
08/09/2020

(8.9.2020) ရက်နေ့အတွက် နံနက်ခင်းသတင်းစာများ

အင်္ဂလန်ကို Shock ရသွားအောင် လုပ်နိုင်တယ်လို့ ဝေးလ်ရဲ့ဂစ်နှင့်ဝီလီယမ် ယုံကြည်နေဝေးလ်နည်းပြရိုင်ယန်ဂစ်နှင့်နောက်ခံလူနီကို...
07/09/2020

အင်္ဂလန်ကို Shock ရသွားအောင် လုပ်နိုင်တယ်လို့ ဝေးလ်ရဲ့ဂစ်နှင့်ဝီလီယမ် ယုံကြည်နေ

ဝေးလ်နည်းပြရိုင်ယန်ဂစ်နှင့်နောက်ခံလူနီကိုဝီလီယမ်တို့က၎င်းတို့မှာဘူလ်ဂေးရီးယားအားအနိုင်ရရှိရန်ရုန်းကန်ခဲ့ရသော်လည်းလာမယ့်လအင်္ဂလန်နှင့်ပွဲတွင်အားလုံး အံ့ဩသင့်အောင်လုပ်ဆောင်နိုင်စွမ်းရှိနေတယ်လို့ပြောကြားလိုက်ပါတယ်။
ဝေးလ်ဟာတနင်္ဂနွေနေ့တုန်းကဘူလ်ဂေးရီးယားနှင့်ပွဲစဉ်တွင်နာကျင်အချိန်ပိုမှာလီဗာပူးနောက်တန်းအစွန်လူဝီလီယမ်သွင်းယူတဲ့ဂိုးဖြင့် Nations League မှာ ဒုတိယ မြောက်နိုင်ပွဲရရှိခဲ့ပါတယ်။ ဝေးလ်ဟာNations League ပွဲစဉ်များတွင်အကောင်း ဆုံးပုံ စံရရှိရေးရုန်းကန်နေရပေမယ့်လည်းလာမယ့်အောက်တိုဘာလတွင် ဝင်ဘာလေတွင်အင်္ဂလန်နှင့်ကစားရမယ့်ခြေစမ်းပွဲမှာအိမ်ရှင်ကိုဒုက္ခ ပေးလာနိုင်တယ်လို့ယုံကြည်နေပါတယ်။
ရိုင်ယန်ဂစ်က “ကျွန်တော်တို့မှာအရည်အသွေးတွေအများကြီးရှိပါတယ်။အင်္ဂလန် ကလည်းတောင့်တင်းမှုတွေနဲ့အရည်အသွေးမြင့်အသင်းတစ်သင်းဖြစ်ကြောင်းပြသ ထားပါတယ်။ဒါပေမယ့်ကျွန်တော်တို့ကသူတို့လိုဘဲတောင့်တင်းတဲ့အသင်းပါ။ပွဲတိုင်းကိုအခွင့်အရေးတစ်ခုရှိနေတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ချီတက်ပါမယ်။ဒီပွဲ(အင်္ဂလန်)ကပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာဖို့သေချာပါတယ်။ကောင်လေးတွေလည်းစိတ်လှုပ်ရှားနေကြပါတယ်။ဒီပွဲအတွက်မစောင့်နိုင်အောင်ဖြစ်နေပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။
ဝေးလ်ဟာNations League မှာ အနိုင်ရတဲ့ပွဲနှစ်ပွဲလုံးကိုနောက်ကျဂိုးဖြင့်အနိုင်ရရှိ ခဲ့ခြင်းလည်းဖြစ်ပါတယ်။ဝေးလ်နည်းပြဂစ်ဟာဖာဂူဆန်လက်ထက်တုန်းကနောက်ကျဂိုးများဖြင့်နိုင်ပွဲများစွာရယူခဲ့ဖူးတဲ့မန်ယူအသင်းရဲ့အစိတ်အပိုင်းအဖြစ်ပါဝင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

🙏 မူရင်းများကို Credit ပေးပါသည်🙏

အကောင့်နဲ့ကစား ချင်သူများ
ဆက်သွယ်ရန်
☎ 09-755229312
👉 Viber - 09985591603 မှာသိလိုသမျှကို စုံစမ်းနိုင်ပါတယ်။

တနင်္လာည နေးရှင်းလိဂ်ပွဲကြိုသုံးသပ်ချက်သြစတြီးယား vs ရိုမေးနီးယား (ည ၁း၁၅)နော်ဝေနဲ့ပွဲမှာသြစတြီးယား တော်တော်လေးကောင်းတယ်...
07/09/2020

တနင်္လာည နေးရှင်းလိဂ်ပွဲကြိုသုံးသပ်ချက်

သြစတြီးယား vs ရိုမေးနီးယား (ည ၁း၁၅)

နော်ဝေနဲ့ပွဲမှာသြစတြီးယား တော်တော်လေးကောင်းတယ်။ အဲ့ဒီလိုအဝေးကွင်းနိုင်ပွဲရထားတဲ့အသင်းကောင်းတွေဟာအိမ်ကွင်းမှာမျှော်လင့်ရတာ မျှော် လင့်ရကျိုးနပ်တယ်။ ရိုးမေးနီးယားက ခြေစွမ်းသိပ်မငြိမ်ဘူး။
မြောက်အိုင်ယာလန်ကိုတောင်မနည်းကန်ခဲ့ရတယ်။ အခုပွဲမှာသြစတြီးယားကြေးပေးတာလည်း နည်းနည်းမြင့်လာပြီး ၁+၅၀ ရောက်လာတယ်။ အိမ်ကွင်းအားသာချက်လည်း ရှိနေပြန်တော့ သြစတြီးယားနိုင်သင့်တဲ့ပွဲပါ။

ဂိုးခန့်မှန်း (2:0)

🛑 UEFA နေရှင်းလိဂ် 🛑➖➖➖➖➖➖➖➖(08:30pm) ကာဇက်စတန် (2+30) L-100 ဘီလာရုစ်(01:15am) ဘော့စနီးယား (2-70) L-10 ပိုလန်(01:15am) ဟ...
07/09/2020

🛑 UEFA နေရှင်းလိဂ် 🛑
➖➖➖➖➖➖➖➖
(08:30pm) ကာဇက်စတန် (2+30) L-100 ဘီလာရုစ်
(01:15am) ဘော့စနီးယား (2-70) L-10 ပိုလန်
(01:15am) ဟော်လန် L-40 (2-80) အီတလီ
(01:15am) ဩစတြီးယား 1+70 (2-60) ရိုမေးနီးယား
(01:15am) မ/အိုင်ယာလန် (2+20) L-30 နော်ဝေး
(01:15am) ချက် L-10 (2-30) စကော့တလန်
(01:15am) အစ္စရေး L-80 (2-40) စလိုဗက်ကီးယား
(01:15am) အယ်ဘေးနီးယား 1-40 (2-50) လစ်သူယေးနီးယား

🛑 ပြင်သစ်နေရှင်နယ် 🛑
➖➖➖➖➖➖➖➖➖
(12:30am) FC ဘက်စတီးယား (2-30) L-10 ဘူလော့နီ
(12:30am) အော်လိန်း L-90 (2+10) အာဗရန်ချက်
(12:30am) လီမန်းစ် L-20 (2-20) SC ဘက်စတီးယား

🛑ဆွီဒင်လိဂ် 🛑
➖➖➖➖➖➖
(11:30pm) ဟမ်းစတက် (2-90) L-20 ဒီဂါဖို့

🛑 အိုင်ယာလန်လိဂ် 🛑
➖➖➖➖➖➖➖➖
(01:15am) ဆလီဂို L-90 (2-20) ဖင်းဟတ်

🛑 အိုင်ယာလန်လိဂ် ၁ 🛑
➖➖➖➖➖➖➖➖➖
(01:15am) ဘရေး 2+40 (3-30) အက်သလုန်း
(01:15am) ဒရော့ဟီဒါ L-90 (3+80) ကာဘင်တီလီ
(01:15am) ရှမ်းရော့ II (3+80) L-40 ကော့ရမ်ဘလာ
(01:15am) UCD L-60 (3+80) ဂဲလ်ဝေး

🛑ဖင်လန်လိဂ် 🛑
➖➖➖➖➖➖➖
(10:00pm) KTP 2+20 (4+90) အကာတာမီယား

အားလုံးအဆင်ပြေကြပါစေ

🙏 မူရင်းများကို Credit ပေးပါသည်🙏

အကောင့်နဲ့ကစား ချင်သူများ
ဆက်သွယ်ရန်
☎ 09-755229312
👉 Viber - 09985591603 မှာသိလိုသမျှကို စုံစမ်းနိုင်ပါတယ်။

ဘင်ချီးဝဲကိုအပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ချဲလ်ဆီးအသင်းနဲ့နောက်ဆုံးရအားကစားသတင်းများ.....-ချဲလ်ဆီးအသင်းဟာ လက်စတာနောက်ခ...
27/08/2020

ဘင်ချီးဝဲကိုအပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ချဲလ်ဆီးအသင်းနဲ့နောက်ဆုံးရအားကစားသတင်းများ.....

-ချဲလ်ဆီးအသင်းဟာ လက်စတာနောက်ခံလူဘင်ချီးဝဲကို ပေါင်သန်း (၅၀)ဖြင့်အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
- လူငယ်ဂိုးသမားဒင်းဟန်ဒါဆန်ကို (၆)နှစ်သက်တမ်းတိုးခဲ့တဲ့ မန်ယူ
- အသင်းနဲ့အတူစာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့ ဂျင်မီဗာဒီ
- အသစ်ခေါ်ယူထားတဲ့ လူငယ်ကစားထရင်ချာအိုကိုမိတ်ဆက်ပွဲပြုလုပ်ပေးခဲ့တဲ့ ဘာစီလိုနာ
- ဂီတာဖေးအသင်းခေါင်းဆောင်မိုလီနာကိုခေါ်ယူနိုင်ခဲ့တဲ့ ဂရန်နာဒါ
- အဲဗာတန်ကိုရောက်ရှိဖို့နီးစပ်နေတဲ့ ဂျိမ်းရိုဒရီဂွတ်
- လိဒ်အသင်းကစိတ်ဝင်စားနေတဲ့ ရိုဒရီဂို
- ရမ်ဆေးကိုခေါ်ယူဖို့ မျက်စိကျနေတဲ့ နယူးကာဆယ်

...လေးစားစွာဖြင့်
#အားကစားသတင်း

မက်ကန်နီကို ခေါ်ယူရန် ဂျူဗင်တပ် သဘောတူညီမှုရရှိဂျူဗင်တပ်ဟာရှော်လ်ကေးမှဝက်စ်တန်မက်ကန်နီအား အငှားဖြင့်ခေါ်ယူရန်သဘောတူညီမှု...
27/08/2020

မက်ကန်နီကို ခေါ်ယူရန် ဂျူဗင်တပ် သဘောတူညီမှုရရှိ

ဂျူဗင်တပ်ဟာရှော်လ်ကေးမှဝက်စ်တန်မက်ကန်နီအား အငှားဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းသိရပါတယ်။ဂျူဗင်တပ်ဟာမက်ကန်နီကိုရာသီအကုန်တွင်ယူရို၁၈သန်းဖြင့်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ပါဝင်တဲ့ယူရို၃သန်းတန်အငှားစာချုပ်ဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။

အမေရိကန်အလယ်တန်းကစားသမားဟာ၂၀၁၆ခုနှစ်၊ဩဂုတ်လမှာရှော်လ်ကေးသို့ ရောက်လာခဲ့သူဖြစ်ပြီးတစ်နှစ်အကြာမှာရှော်လ်ကေးစီနီယာအသင်းကြီးသို့ရောက်လာခဲ့သူဖြစ်ပါတယ်။

အသက်၂၁နှစ်ရှိအမေရိကန်ကွင်းလယ်ကစားသမားဟာအမေရိကန်လက်ရွေးစင်အတွက်၁၉ပွဲကစားခွင့်ရရှိထားသူဖြစ်ပြီးရှော်လ်ကေးအတွက်၉၁ပွဲကစားကာ၅ဂိုးသွင်းယူပြီး၇ကြိမ်ဖန်တီးပေးထားပါတယ်။

...လေးစားစွာဖြင့်
#အားကစားသတင်း

 #မာရန်ကို နည်းပြသစ်အဖြစ် ဂျီနိုအာခန့်အပ်ဂျီနိုအာဟာဒါဗီဒီနီကိုလာရဲ့နေရာမှာနည်းပြရိုလန်ဒိုမာရန်ကိုခန့်အပ်လိုက်ပြီဖြစ်ပါတယ...
27/08/2020

#မာရန်ကို နည်းပြသစ်အဖြစ် ဂျီနိုအာခန့်အပ်

ဂျီနိုအာဟာဒါဗီဒီနီကိုလာရဲ့နေရာမှာနည်းပြရိုလန်ဒိုမာရန်ကိုခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ကက်ဂလီယာရီနည်းပြဟောင်းဟာကက်ဂလီယာရီနှင့်စာချုပ်ဖျက်သိမ်းပြီးနောက်ဂျီနိုအာနှင့်၂နှစ်စာချုပ်ချုပ်ဆိုလိုက်တာလည်းဖြစ်ပါတယ်။

နီကိုလာဟာ၂၀၁၉-၂၀ရာသီတုန်းဂျီနိုအာရဲ့တတိယမြောက်နည်းပြအဖြစ် ဒီဇင်ဘာလမှာခန့်အပ်ခြင်းခံခဲ့ရကာစီးရီးအေတွင်တင်ကျန်အောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။
ဂျီနိုအာဟာနီကိုလာကိုခန့်အပ်ပြီးနောက်နည်းပြသစ်အဖြစ်ပါးမားနည်းပြဟောင်းရောဘတ်တိုဒီအဗာဆာ၊စပီဇီယာနည်းပြဗင်ဆင့်ဇိုအီတာလီယာနိုတို့အားခန့်အပ်ရန်ကြိုးပမ်းခဲ့ပေမေယ့်မအောင်မြင်ခဲ့ပါဘူး။

ယခုအခါ၎င်းတို့ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကကက်ဂလီယာရီမှထုတ်ပယ်ခြင်းခံခဲ့ရတဲ့မာရန်အားခန့်အပ်လိုက်နိုင်ပြီဖြစ်ပါတယ်။မာရန်ဟာကက်တာဒဲလ်လာ၊ဘရက်ရှား၊ဘာရီ၊ထရီစတီနာ၊ ဗီစင်ဇာ၊ဗာရက်စ်၊ကာတားနီးယား၊ချီယေဗိုနှင့်ကက်ဂလီ ယာရီတို့အားကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။

...လေးစားစွာဖြင့်
#အားကစားသတင်း

ဒိုင်ဘာလာ ဆက်ရှိကာ ဟီဂူယင် ထွက်ခွာမည်ဟု ပီယာလို အတည်ပြုအင်ဒရေပီယာလိုကပေါ်လိုဒိုင်ဘာလာမှာဂျူဗင်တပ်အနာဂတ်ရဲ့အရေးပါတဲ့အစိတ်...
26/08/2020

ဒိုင်ဘာလာ ဆက်ရှိကာ ဟီဂူယင် ထွက်ခွာမည်ဟု ပီယာလို အတည်ပြု

အင်ဒရေပီယာလိုကပေါ်လိုဒိုင်ဘာလာမှာဂျူဗင်တပ်အနာဂတ်ရဲ့အရေးပါတဲ့အစိတ်အပိုင်းဖြစ်ကြောင်း၊သို့ရာတွင်တိုက်စစ်မှူးဂွန်ဇာလိုဟီဂူယင်မှာယခုနွေတွင်ထွက်ခွာမှာဖြစ်ကြောင်းအတည်ပြုပြောကြားသွားပါတယ်။

ဒိုင်ဘာလာဟာပြီးခဲ့တဲ့ရာသီတုန်းကဂျူဗင်တပ်အားစကူဒက်တိုဖလားကိုးကြိမ်ဆက်ဆွတ်ခူးနိုင်အောင်၁၁ဂိုးသွင်းပြီး၁၁ကြိမ်ဖန်တီးကာကူညီခဲ့သူဖြစ်ပါတယ်။သူဟာကစားဖော်ခရစ္စတီယာနိုရော်နယ်ဒိုအားကျော်ဖြတ်ကာစီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိအာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟာ၂၀၁၈-၁၉ရာသီတုန်းကအကောင်း ဆုံးပုံစံရရှိရန်ရုန်းကန်ခဲ့ရပြီးနောက်နည်းပြဆာရီလက်အောက်တွင်အကောင်းဆုံးပုံစံပြန်လည်ရရှိလာခြင်းဖြစ်ပြီးပြီးခဲ့တဲ့နွေကတည်းကအသင်းပြောင်းမည်ဟုသတင်းများထွက်လာခဲ့သူလည်း ဖြစ်ပါတယ်။

ယခုနွေရာသီတွင်ဂျူဗင်တပ်နည်းပြသစ်အဖြစ်ပီယာလိုဖြစ်လာမှုနှင့်အတူဒိုင်ဘာလာမှာဂျူဗင်တပ်မှထွက်ခွာနိုင်တယ်လို့သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့်ပီယာလိုက “သူ့ကိုဈေးကွက်ထဲမှာမတင်ပါဘူး။ခင်ဗျားတို့(မီဒီ ယာတို့)က ဘဲဒီကောလာဟ လတွေကိုဖြန့်တာပါ။ကျွန်တော့်အတွက်တော့သူကအခြားကစားသမားတွေလို ဘဲအရေးပါတဲ့သူပါ။သူကဒီစီမံကိန်းရဲ့အစိတ်အပိုင်းဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဟီဂူယင်မှာမူဂျူဗင်တပ်နှင့်တစ်နှစ်စာချုပ်သာကျန်ရှိတော့ပြီဖြစ်ပြီးသူ့ကိုအသင်းမှထွက်ခွာခွင့်ပေးသွားမယ်လို့ပီယာလိုက ဆိုထားပါတယ်။
ပီယာလိုက “ဟီဂူယင်နဲ့စကားပြောခဲ့ပါတယ်။ သူကကျွန်တော်လေးစားရတဲ့သူတစ်ဦး ပါ။သူကဒီမှာအရေးပါတဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။သူကကြီးကျယ်တဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ဒါပေမယ့်သူနဲ့စကားပြောတဲ့အခါမှာတော့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြပါတယ်”လို့ ပြောကြားသွားပါတယ်။

ပီယာလိုဟာဂျူဗင်တပ်ယူ-၂၃အသင်းနည်းပြအဖြစ်ခန့်အပ်ခြင်းခံရပြီး၉ရက်အကြာ တွင်ပင်ဂျူ ဗင်တပ်နည်းပြအဖြစ်ဆာရီ နေရာတွင်အစားထိုးခန့်အပ်ခံခဲ့ရပါတယ်။သူဟာနည်းပြအတွေ့ အကြုံလုံးဝမရှိသူဖြစ်ပေမယ့် ကစားသမားဘဝတုန်းကအောင်မြင်မှုများရယူနိုင်ခဲ့မှုကြောင့် ဂျူဗင်တပ်တွင်အောင်မြင်မှု ရယူနိုင်မယ်လို့ ထင်ကြေးပေးနေရပါတယ်။

ကွန်တီဟာဂျူဗင်တပ်ကစားသမားများနှင့်အတူ မနေ့တုန်းက ပထမဆုံးအကြိမ်လေ့ကျင့်ခန်းဆင်းမှု ပြုလုပ်ခဲ့ပါတယ်။

...လေးစားစွာဖြင့်
#အားကစားသတင်း

လီယွန်နယ်မက်ဆီကို လမ်းခွဲနူတ်ဆက်လာတဲ့ ကာတာလိုနီးယားဥက္ကဌကာတာလိုနီးယားဥက္ကဌဟာဘာစီလိုနာမှထွက်ခွာခွင့်တောင်းဆိုထားတဲ့မက်ဆီအ...
26/08/2020

လီယွန်နယ်မက်ဆီကို လမ်းခွဲနူတ်ဆက်လာတဲ့ ကာတာလိုနီးယားဥက္ကဌ

ကာတာလိုနီးယားဥက္ကဌဟာဘာစီလိုနာမှထွက်ခွာခွင့်တောင်းဆိုထားတဲ့မက်ဆီအားလမ်းခွဲနူတ်ဆက်စကားပြောလာပါတယ်။ကွမ်တော်ရာအိုင်ပလာဟာတွစ်တာအကောင့်မှတဆင့်မက်ဆီအားလမ်းခွဲနူတ်ဆက်လာတာဖြစ်ပြီးကာတာလိုနီးယားမှာမက်ဆီရဲ့အတွက်အိမ်အဖြစ်အမြဲတမ်းရှိနေမှာဖြစ်ကြောင်းရေးသားလာပါတယ်။

ကွမ်တော်ရာက “ကာတာလိုနီးယားကမင်းအတွက်အိမ်အဖြစ်အမြဲရှိနေမှာပါ။ပျော်စရာအချိန်တွေ၊ ကြီးကျယ်ခမ်းနားတဲ့ဘောလုံးအတွက်မင်းကိုအများကြီးကျေးဇူးတင်ပါတယ်။ကမ္ဘာ့အကောင်းဆုံးကစားသမားနဲ့ကျွန်တော်တို့ နှစ်အနည်းငယ်ကြာအတူနေထိုင်ခွင့်ရခဲ့တာအ ရမ်းကံ ကောင်းပါတယ်။မင်းကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူးလီယွန်နယ်မက်ဆီ။St.Geroge’Cross”လို့ရေးသားသွားပါတယ်။

ရွှေဘောလုံးဆုခြောက်ကြိမ်ရမက်ဆီဟာဘာစီလိုနာနှင့်၁နှစ်စာချုပ်ကျန်နေသေးသူဖြစ်ပြီး၎င်းကိုမန်စီးတီး၊အင်တာမီလန်၊ပီအက်စ်ဂျီ၊မန်ယူတို့ကစိတ်ဝင်စားလျက်ရှိပါတယ်။

အသက်၃၃နှစ်ရှိမက်ဆီရဲ့စာချုပ်မှာစာချုပ်ကိုဖျက်သိမ်းနိုင်တဲ့အချက်ပါဝင်ပေမယ့်ယင်းအချက်မှာဇွန်လမှာကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမယ့်မက်ဆီက၂၀၁၉၂၀ရာသီမှာဩဂုတ်အထိရှိနေရာယခုလအထိအကြုံးဝင်သေးတယ်လို့ယုံကြည်နေပါတယ်။

...လေးစားစွာဖြင့်
#အားကစားသတင်း

ချန်ပီယံလိဂ်ရဲ့ ဖိုင်နယ်သွားမယ့်လက်မှတ်ကိုဘယ်သူ ရယူသွားမလဲ (ဘိုင်ယန်မြူးနစ် နဲ့ လိုင်ယွန်ပွဲကြို သုံးသပ်ချက်)-----------...
19/08/2020

ချန်ပီယံလိဂ်ရဲ့ ဖိုင်နယ်သွားမယ့်လက်မှတ်ကိုဘယ်သူ ရယူသွားမလဲ
(ဘိုင်ယန်မြူးနစ် နဲ့ လိုင်ယွန်ပွဲကြို သုံးသပ်ချက်)

------------------------------------------

ချန်ပီယံလိဂ်ကတော့ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းကို ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ လက်ရှိမှာ ဖိုင်နယ်ကို PSG က တက်ရောက်သွားပြီဖြစ်ပြီး ကျန်တဲ့ တစ်သင်းနေရာအတွက်တော့ ဒီနေ့ညမှာတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လိုင်ယွန်အသင်းတို့က ရင်ဆိုင်ကစားသွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲအတွက် သုံးသပ်မှုတွေပြုလုပ်ပေးလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်

ပြည်တွင်းမှာ ဖလား ၂ လုံးရယူထားပြီးပြီဖြစ်သလို လက်ရှိခြေစွမ်းအရလည်း ဒီပြိုင်ပွဲရဲ့ရေပန်းအစားဆုံးအသင်းဖြစ်ပါတယ်။ လက်ရှိအဆင့်မှာ ချန်ပီယံလိဂ်ဖလားကို ရရှိဖူးတဲ့ တစ်သင်းတည်းသောအသင်းဖြစ်ပြီး ဒီတစ်ကြိမ်ရရှိရင် ၆ ကြိမ်မြောက်ရရှိမှာဖြစ်ပါတယ်။ လက်ရှိခြေစွမ်းတွေအရလည်း သူတို့ဟာ အကောင်းဆုံးအနေအထားမှာရှိနေတာပဲဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ၁၆ သင်းအဆင့်မှာ ချဲလ်ဆီးကို ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်လာခဲ့သလို ကွာတားဖိုင်နယ်မှာလည်း ဘာစီလိုနာလိုအသင်းမျိုးကို ၈ - ၂ ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာပါ။ တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးက အကောင်းဆုံးအနေအထားမှာရှိနေသလို အသင်းကလည်း စုစည်းမှုအပြည့်နဲ့ ကစားနိုင်ပြီး တိုက်စစ်ပိုင်းက အထက်မြက်ဆုံးအနေအထားမှာရှိနေတာပဲဖြစ်ပါတယ်။

လိုင်ယွန်

လိုင်ယွန်အသင်းကတော့ ခံစစ်ပိုင်းမှာ ကောင်းမွန်တဲ့အသင်းဖြစ်ပါတယ်။ သူတို့ဟာ PSG အသင်းနဲ့ ကစားတဲ့ ပြင်သစ်ကိုပါဒီပြိုင်ပွဲမှာ ပွဲချိန်အတွင်းမှာ ဂိုးမပေးရအောင် အကောင်းဆုံးကစားနိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ သူတို့ရဲ့အားသာချက်က ခံစစ်ကောင်းကောင်းနဲ့ စုဖွဲ့မှုအကောင်းဆုံးရှိနေတာပဲဖြစ်ပါတယ်။

လိုင်ယွန်ဟာ ၁၆ သင်းအဆင့်မှာ ဂျူဗင်တပ်အသင်းကို ကျော်ဖြတ်လာခဲ့သလို ကွာတားဖိုင်နယ်မှာလည်း မန်စီးတီးကို ကျော်ဖြတ်လာခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ဒီပြိုင်ပွဲရဲ့နာမည်ကြီးအသင်းတွေကို ဖြုတ်ချသူအဖြစ် နာမည်ကြီးနေတာဖြစ်ပါတယ်။ အခုတော့ သူတို့ဟာ တိုက်စစ်အကောင်းဆုံးအသင်းဖြစ်တဲ့ ဘိုင်ယန်အသင်းနဲ့ ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။

သုံးသပ်ချက်

ဒီပွဲမှာ ဘိုင်ယန်အသင်းက တိုက်စစ်ကို ဖွင့်ကစားလာမှာဖြစ်ပြီး လိုင်ယွန်ကတော့ ခံစစ်ကိုပဲ အဓိက ပြင်ဆင်လာဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ ဘိုင်ယန်အသင်းက အတော်လေး မြန်ဆန်တဲ့ အသင်းဖြစ်ပြီး တိုက်စစ်ပိုငးကလည်း မြန်နှုန်းမြှင့်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာမို့ လိုင်ယွန်အသင်းတို့ အတော်လေး ခက်ခဲဖွယ်ရှိနေပါတယ်။

လက်ရှိအနေအထားအရတော့ ဘိုင်ယန်အသင်းအနေနဲ့ အာရုံစူးစိုက်မှုအပြည့်နဲ့သာ ကစားမယ်ဆိုရင် လိုင်ယွန်အသင်းကို အသာရဖို့များနေပြီး ခြေစွမ်းပိုင်းမှာလည်း သူတို့က အမြင့်ဆုံးမှာရှိနေတာပါ။ လိုင်ယွန်အနေနဲ့ ဘိုင်ယန်တိုက်စစ်ကို ပွဲချိန်ပြည့်တောင့်ခံဖို့က ခက်ခဲပြီး ဘိုင်ယန်အသင်းကပဲ ဂိုးပြတ်အနိုင်ယူသွားဖို့ များနေတာပဲဖြစ်ပါတယ်။

ခန့်မှန်းရလဒ် - ဘိုင်ယန်မြူးနစ် ၂ - ၀ လိုင်ယွန်

ေးစားစွာဖြင့်

ဗုဒ္ဓဟူးည ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲကြိုလိုင်ယွန် vs ဘိုင်ယန် ( ည ၁:၃၀)ဘိုင်ယန်ကဒီရာသီမှာရေပန်းအစားဆုံးအသင်းပါ။ သူတို့...
19/08/2020

ဗုဒ္ဓဟူးည ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲကြို

လိုင်ယွန် vs ဘိုင်ယန် ( ည ၁:၃၀)

ဘိုင်ယန်ကဒီရာသီမှာရေပန်းအစားဆုံးအသင်းပါ။ သူတို့မှာ ချန်ပီယံဖြစ်ထိုက်တဲ့လုံလောက်တဲ့အရည်အသွေး၊ စုစည်းမှုတွေ ပြည့်နှက်နေပါတယ်။ မူလာလို ကစားသမားကအစငယ်သွေးငယ်မွှေးခြေစွမ်းပြန်ုကနေတာကြောင့်ဘိုင်ယန်ဟာဥရောပဘီလူးကြီး ပြန်ဖြစ်လာပါတယ်။ ဒါ့အပြင်နည်းပြဖလင့်ခ်နဲ့ ကစား သမားတွေကလည်းတသားတည်းရှိနေပါတယ်။
လိုင်ယွန်ကတော့ဂျူဗင်တပ်နဲ့မန်စီးတီးညံ့လွန်းလို့ ဆီမီးကစားခွင့်ရတာ ဖြစ်ပါတယ်။ တန်ပြန်တိုက်စစ်သာကစားနိုင်မယ့်လိုင်ယွန်ဟာဘိုင်ယန်တိုက်စစ်ကို ပွဲချိန်ပြည့်တောင့်ခံနိုငါဖို့ မလွယ်ပါဘူး။ ဂိုးပြတ်နိုင်ပွဲနဲ့အတူ ဗိုလ်လုပွဲကို ဘိုင်ယန်တက်လှမ်းမှာပါ။

ေးစားစွာဖြင့်

ရီယို ဖာဒီနန် က ယမန်နေ့ ညက ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ် က PSG တိုက်စစ်မှုးလေး အမ်ဘာပေ ကို ချီးကျုး ပြေ...
19/08/2020

ရီယို ဖာဒီနန် က ယမန်နေ့ ညက ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ် က PSG တိုက်စစ်မှုးလေး အမ်ဘာပေ ကို ချီးကျုး ပြောဆို

ယူနိုက်တက် အသင်း ရဲ့ နောက်ခံလူဟောင်း ရီယို ဖာဒီနန် က ယမန်နေ့ ညက ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ် က PSG တိုက်စစ်မှုးလေး အမ်ဘာပေ ကို ချီးကျုး ပြောဆို လိုက်ပြီး ဘရာဇီး ဂန္ထဝင် ရိုနယ်ဒို နောက်ပိုင်း အကောင်းဆုံး လူငယ် ကစား သမား ဖြစ်တယ်လို့ အမွှမ်းတင် သွားခဲ့ ပါတယ် ။ PSG ဟာ ယမန်နေ့ ညက ဂျာမန် ကလပ် လိုက်ပ်ဇစ် ကို ၃ – ၀ နဲ့ အနိုင် ကစားပြီး လစ္စဘွန်း မြို့မှာ ကျင်းပမယ့် ၂၀၂၀ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကို တက်ရောက် သွားခဲ့ ပါတယ် ။

ဘာပေ ဟာ ဒီပွဲ မှာ ဂိုး မသွင်း နိုင်ခဲ့ ပေမယ့် အကောင်းဆုံး ကစား ပေးသွားခဲ့ ပြီး ဖာဒီနန် ရဲ့ လေးစားမှု ကို ရရှိ ခဲ့ ပါတယ် ။ ဖာဒီနန် က ဘာပေ လို ငယ်ငယ် ရွယ်ရွယ် နဲ့ ထိပ်တန်း အဆင့် ရောက်လာ သူမျိုး ကို မိုက်ကယ် အိုဝင် တစ်ယောက် မှာသာ မြင်တွေ့ ခဲ့ဖူးတယ် လို့ ဆိုသွား ခဲ့ ပါတယ် ။

“ရိုနယ်ဒို နောက်ပိုင်း စိတ်ဝင်စား ဖို့ အကောင်းဆုံး လူငယ် ပါပဲ ။ ဒီလို အရွယ် မှာ ဒီလို ခြေစွမ်းပြ နေတာမျိုး က မိုက်ကယ် အိုဝင် တစ်ယောက်ပဲ မြင် ခဲ့ဖူး ပါတယ် ။ အခု ဘာပေ က ဒီအဆင့်မျိုး မှာ ရှိနေ ခဲ့ ပါပြီ” လို့ BT Sport သတင်း ဌာန ကနေ ဖာဒီနန် က သုံးသပ် သွားခဲ့ တာဖြစ်ပါတယ် ။

“ဘာပေ က ခင်ဗျား တို့ ကို ပြန်ပြီး ငယ်သွား စေလိမ့်မယ် ၊ ကလေး တုန်းကလို တီဗွီရှေ့မှာ ထိုင်ပြီး သူ ကစားတာ ကို ကြည့်ခိုင်း ပါလိမ့်မယ် ၊ ပွဲ မစခင် ကတည်းက ရင်ခုန် စိတ်လှုပ်ရှား ရတဲ့ အရသာမျိုး ကို ပြန်ပေး စွမ်း ပါလိမ့်မယ်” လို့ လည်း ဖာဒီနန် က ဆက်လက် ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။

ဘာပေ ဟာ အသက် ၂၁ နှစ် အရွယ်သာ ရှိသေး ပေမယ့် ကြီးမားတဲ့ အောင်မြင်မှုတွေ ကို ရယူ ပိုင်ဆိုင် ထားခဲ့ပြီး ဖြစ်ပါတယ် ။ ပြင်သစ် တိုက်စစ်မှုးလေး ဟာ ပြည်တွင်း အမှတ်ပေး ဖလား ၊ ရှုံးထွက် ဖလားတွေ ကို ရရှိ ထားတဲ့ အပြင် ပြင်သစ် လက်ရွေးစင် အသင်းနဲ့ လည်း ၂၀၁၈ ကမ္ဘာ့ ဖလား ကို ရယူ ထားခဲ့ ပါတယ် ။

ဒီလို ငယ်ငယ် ရွယ်ရွယ် နဲ့ ဂိုးတွေ သွင်း ၊ ဂိုးတွေ ဖန်တီးပြီး အောင်မြင်မှုတွေ ကို ရယူ ထားနိုင်တာ ကြောင့်လည်း ဘာပေ ဟာ မက်ဆီ နဲ့ ခရစ္စတီယာနို ရိုနယ်ဒို တို့ မရှိ တော့တဲ့ ဘောလုံး ကမ္ဘာ မှာ ကမ္ဘာ့ အကောင်းဆုံး ဆုတွေကို ကြီးစိုး သိမ်းပိုက် ထားမယ့် ကစား သမား ဖြစ်လာမယ်လို့ အလေးပေး ခြင်း ကိုလည်း ခံထား ခဲ့ရ ပါတယ် ။

ဘာပေ ဟာ လျှင်မြန်မှု ကို အားပြု ကစားသူ ဖြစ်ပြီး သူ့ရဲ့ ပုံစံ ဟာ ဘရာဇီး ရိုနယ်ဒိုကြီး အသက် ၂၀ ဝန်းကျင် က ကစားခဲ့တဲ့ ပုံစံနဲ့ အလွန် ဆင်တူတယ်လို့ မှတ်ချက် ပေးခြင်း ခံခဲ့ရ ပါတယ် ။ ဘာပေ ဟာ ဒီရာသီ မှာ PSG အတွက် ပြိုင်ပွဲ အစုံ ၃၅ ပွဲ ကစား ခဲ့ပြီးဂိုး ၃၀ အထိ သွင်းယူ ပေးထားခဲ့ ပါတယ် ။

အတ္တလန်တာ ကို အနိုင် ရခဲ့တဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ် မှာ ဘာပေ ဟာ PSG အတွက် အရေးပါတဲ့ ကစား သမား ဖြစ်ခဲ့ပြီး ၁ – ၀ နဲ့ ရှုံးနိမ့် နေမှု ကို လူစားဝင် လာ အပြီးမှာ အသင်းဖော် နေမာ နဲ့ တွဲဖက်ပြီး အနိုင် ရလဒ် အဖြစ် ပြောင်းလဲ ပေးနိုင် ခဲ့ ပါတယ် ။

ဒီ ဗိုလ်လုပွဲ ဟာ PSG အတွက် သမိုင်း တစ်လျောက် ပထမဆုံး အကြိမ် ချန်ပီယံ လိဂ် ဗိုလ်လုပွဲ တက်ရောက် နိုင်ခဲ့တာ ဖြစ်ပြီး ဘိုင်ယန်မြုးနစ် နဲ့ လိုင်ယွန် တို့ရဲ့ ပွဲစဉ် က အနိုင် ရလာမယ့် အသင်းနဲ့ ရင်ဆိုင် ဗိုလ်လု ရမှာပဲ ဖြစ်ပါတယ် ။

ဘာပေ ဟာ အတ္တလန္တာ နဲ့ ပွဲမှာ ကစားပေးနိုင်မယ်လို့ အတည်ပြုလိုက်တဲ့ သောမတ် တူချယ်ဘာပေ ဒဏ်ရာကနေ အမြန်ဆုံး ပြန်လည်သက်သာလာဖို့...
12/08/2020

ဘာပေ ဟာ အတ္တလန္တာ နဲ့ ပွဲမှာ ကစားပေးနိုင်မယ်လို့ အတည်ပြုလိုက်တဲ့ သောမတ် တူချယ်

ဘာပေ ဒဏ်ရာကနေ အမြန်ဆုံး ပြန်လည်သက်သာလာဖို့ မျှော်လင့်နေကြတဲ့ ပီအက်စ်ဂျီ ပရိသတ်တွေ ရဲ့ ဆန္ဒဟာ မကြာခင်မှာ ပြည့်ဝတော့မှာ ဖြစ်ပါတယ်။နည်းပြ သောမတ် တူချယ် က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားမယ့် အတ္တလန္တာ နဲ့ ပွဲမှာ ဘာပေ ပါဝင် ကစားနိုင်ချေ ရှိတဲ့ အကြောင်းကို အတည်ပြုသွားခဲ့ပြီး ၊ အရံကနေ တဆင့် လူးစားလဲ ဝင်ရောက် ကစားဖို့ စီစဉ်ထားတဲ့ အကြောင်းကိုလဲ အရိပ်အမြွက် ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
“ ဘာပေ ဟာ ဒီပွဲမှာ ပါဝင် ကစားပေးနိုင်ပြီ ဖြစ်တယ် ဆိုတဲ့ အသိက အရမ်းကို ကျေနပ်စရာပါ။ ဒါဟာ သူ့ရဲ့ အကောင်းဆုံး တွဲဘက်ကြီး နေမာ အတွက်တော့ သတင်းကောင်း တစ်ခုပါပဲ” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ ပါတယ်။
ဘာပေ ဟာ အသက် ပီအက်စ်ဂျီ နဲ့ စိန့်အီတီယန် တို့ ကစားခဲ့တဲ့ French Cup ဗိုလ်လုပွဲမှာ ၊ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပေမယ့် ၊ အချိန်မီ ပြန်လည် သက်သာလာခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တစ်ခါမှ ဗိုလ်စွဲထားဖူးခြင်း မရှိသလို ၊ ကာတာလုပ်ငန်းရှင်တွေ လွှဲပြောင်း ရယူပြီး နောက်ပိုင်း ကတည်းက ဆီမီး ဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့ခြင်း မရှိသေးပါဘူး။
အတ္တလန္တာ နည်းပြ ဂက်စ်ပါရီနီ ကတော့ ဗိုင်းရပ်ကြောင့် အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ရသူတွေ အတွက် ရည်စူးပြိး ၊ ဒီပွဲကို အကောင်းဆုံး ကစားမယ်လို့ ကြိုတင် ပြောဆိုသွားခဲ့ ပါတယ်။
အတ္တလန္တာ ဟာ ဘာဂါမိုမြို့ အခြေစိုက် ဘောလုံးကလပ် ဖြစ်ပြီး ၊ အီတလီ မှာ ဗိုင်းရပ်ဒဏ် အဆိုးဝါးဆုံး ခံခဲ့ရတဲ့ ဒေသတွေ ထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ တစ်ချို့ အခိုက်အတန့် ဆိုရင် အသေအပျောက်တွေ က များလွန်းခဲ့လို့ ၊ စစ်တပ်ကတောင် ဝင်ကူပြီး သဂြိုဟ်တဲ့ လုပ်ငန်းကိစ္စတွေကို ဝင်ရောက် ကူညီပေးခဲ့ရတဲ့ နေရာ ဖြစ်ပါတယ်။
“ ဒီပွဲမှာ ကျနော်တို့ အပေါ် ပရိသတ်တွေ အားလုံးက ဘယ်လောက်အထိ မျှော်လင့်ထားကြမလဲ ဆိုတာ သိပါတယ်။ အထူးသဖြင့် ဘာဂါမို ပတ်ဝန်းကျင် က အမာခံ ပရိသတ်တွေပါ။ပြီးခဲ့တဲ့ ကာလတစ်ခုအတွင်း ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုကြောင့် အသက်ပေါင်း များစွာ ဆုံးရှုံးလိုက်ရတဲ့ ကျနော်တို့ ပရိသတ်တွေ အတွက် ရည်မှန်းပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပေါ်ထွက်လာအောင် ကြိုးစားသွားမှာပါ။ ကိုယ့်မြို့ကလူတွေ အားလုံး ဂုဏ်ယူလို့ ရအောင်ပေါ့” လို့ ပြောဆိုသွားခဲ့ ပါတယ်။
အတ္တလန္တာ ဟာ ဒီရာသီမှာလဲ စီးရီးအေ အမှတ်ပေးဇယား ကို တတိယ နေရာမှာ ရပ်တည်နိုင်ခဲ့သလို ၊ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်လာတဲ့ အီတလီ ရဲ့ တစ်ခုတည်းသော အသင်းလဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ် ဘောလုံးရာသီဟာ သူတို့ရဲ့ ကလပ်သမိုင်းကြောင်း တစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ယှဉ်ပြိုင် ကစားခွင့် ရရှိခဲ့တာပါ။
“ အသင်းတစ်သင်းဟာ ထိပ်တန်း အသင်းကြီးလဲ မဟုတ်သလို ၊ ငွေကြေး တောင့်တင်းမှုလဲ မရှိပေမယ့် ဘောလုံး အပေါ် တကယ် ရူးသွပ်တဲ့ စိတ်နဲ့ ကြိုစား တည်ဆောက်မယ် ဆိုရင် အောင်မြင်မှုတွေ ရရှိနိုင်တယ် ဆိုတာ ကျနော်တု့ိ အသင်းက သက်သေခံထားပြီးပါပြီ။ အထူးသဖြင် ချန်ပီယံလိဂ် ပြိုင်ပွဲလို နေရာမှာတောင် ပြင်းပြတဲ့ ဆန္ဒတွေ ၊ အောင်ပွဲရယူချင်တဲ့ ခံယူချက်တွေ သာ ခိုင်ခိုင်မာမာ ရှိထားတဲ့ ရလာဒ်ကောင်းတွေ နဲ့ ဖြတ်ကျော်လို့ ရတယ် ဆိုတာ အတ္တလန္တာ က အကောင်းဆုံး ဥပမာပါ” လို့ ဂက်စ်ပါရီနီ က ပြောဆိုသွားခဲ့ ပါတယ်။အတ္တလန္တာ အသင်းမှာ 16 သင်း ရှုံးထွက်အဆင့် က ဗလင်စီယာ ကို တစ်ဦးတည်း 4 ဂိုး အထိ သွင်းယူခဲ့တဲ့ တိုက်စစ်မှုး အီလီဆစ် က ပါဝင်ကစားပေးနိုင်မှာ မဟုတ်ပါဘူး။

• ဒီနှစ်သင်းဟာ တစ်ကြိမ်တစ်ခါမျှ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးခြင်း မရှိပါဘူး။
• ပီအက်စ်ဂျီ ကတော့ ချန်ပီယံလိဂ်မှာ အီတလီ ကလပ်တွေ နဲ့ ထိပ်တိုက်တွေ့ဆုံတိုင်း တစ်ပွဲမှ အနိုင်မရသေးပဲ 4 ပွဲ သရေ ၊ 2 ပွဲ ရှုံးထားပါတယ်။ ဒါ့အပြင် အဲဒီ ပွဲစဉ်တွေ အားလုံးမှာ ပေးဂိုးတွေက ပွဲတိုင်း ရှိခဲ့တာပါ။
• နေမာ က သူပါဝင် ကစားခဲ့တဲ့ နောက်ဆုံး ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် 16 ပွဲမှာ စုစုပေါင်း 12 ဂိုး အထိ သွင်းယူထားပါတယ်။
• အတ္တလန္တာ ဟာ အုပ်စုတွင်းအဖွင့် ပွဲစဉ် 3 ပွဲ စလုံး ရှုံးနိမ့်ခဲ့ပေမယ့် ၊ ကွားတားဖိုင်နယ် အထိ ရောက်အောင် စွမ်းဆောင်ပြထားပါတယ်။
• ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ 4 ပွဲ ဆက်တိုက် အနိုင်ယူပြနိုင်တဲ့ အသင်းဆိုလို့ နှစ်သင်းပဲ ပေါ်ထွက်လာပါသေးတယ် ၊ အဲဒီ အသင်းတွေကတော့ ဘိုင်ယန် နဲ့ ပီအက်စ်ဂျီ တို့ပါ။
• အီလီဆစ် ဟာ အတ္တလန္တာ နောက်ဆုံး သွင်းယူခဲ့တဲ့ 7 ဂိုးမှာ 5 ဂိုး အထိ သွင်းယူထားသူပါ။ ဒါ့အပြင် ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သူ့ကြောင့် အတ္တလန္တာ က ပင်နယ်တီ 3 ကြိမ် ကန်သွင်းခွင့် ရရှိထားပါတယ်။

.......လေးစားစွာဖြင့် 🙏🙏🙏

Address


Telephone

+959985591603

Website

Alerts

Be the first to know and let us send you an email when Myanmar Soccer Online Agent - MSOA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share