Esco Burma - SNS

  • Home
  • Esco Burma - SNS

Esco Burma - SNS Esco Burma from The Sun Never Sets.

🚨 Breaking News 🚨ချဲလ်ဆီး အသင်းဟာ  နည်းပြ ဂရေဟမ် ပေါ်တာကို ရာထူးကနေ တရားဝင် ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။
02/04/2023

🚨 Breaking News 🚨
ချဲလ်ဆီး အသင်းဟာ နည်းပြ ဂရေဟမ် ပေါ်တာကို ရာထူးကနေ တရားဝင် ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။




မန်ချက်စတာနိက်တက် သည် ဆောက်သာသမ်ကြယ်ပွင့် Romeo Lavia၏ ဖခင်နှင့် ယခုလအစောပိုင်းတွေ့ဆုံခဲ့ ပြီး 19နှစ်အရွယ် ကစားသမား အား ...
26/03/2023

မန်ချက်စတာနိက်တက် သည် ဆောက်သာသမ်ကြယ်ပွင့် Romeo Lavia၏ ဖခင်နှင့် ယခုလအစောပိုင်းတွေ့ဆုံခဲ့ ပြီး 19နှစ်အရွယ် ကစားသမား အား ပေါင်သန်း 40နှင့် စာချုပ်ဆိုနိုင်ရန် နီစပ်နေပြီ ဖြစ်သည်။

"လိုတိုရှင်း  Transfer News "မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ နွေရာသီမှာ ဝုဗ်ကွင်းလည်ကစားသမား ရူဘင်နီဗက်စ်ကို ခေါ်ယ...
20/03/2023

"လိုတိုရှင်း Transfer News "

မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ နွေရာသီမှာ ဝုဗ်ကွင်းလည်ကစားသမား ရူဘင်နီဗက်စ်ကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင်ဖြစ်လာနိုင်ပါတယ်။
အဲဗာတန် အသင်းဟာ ဝက်စ်ဟမ်း တိုက်စစ်မှူး မီချားလ် အန်တိုနီယိုကိုခေါ်ယူဖို့ ရည်မှန်းချက် ကြီးကြီးမားမား
ထားရှိနေပါတယ်

ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့ဟာ မန်စီးတီးတိုက်စစ်မှူးဟောင်း ဘရာဟင်ဒီယက်ဇ်ကို ခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကတော့ ရာသီကုန်တွင် Joao Cancelo ကို မန်စီးတီးသို့ ပြန်လည်စေလွှတ်ရန် စီစဉ်လျက်ရှိသည်။



--ဆောက်သမ်တန်သို့ စနေနေ့ခရီးစဉ်မတိုင်မီ ကွန်တီရဲ့ ပြောစကား--🗣️“ခင်ဗျားတို့သိတဲ့အတိုင်းဒီလိုအခြေအနေမျိုးမှာက နည်းပြတစ်‌ယေ...
19/03/2023

--ဆောက်သမ်တန်သို့ စနေနေ့ခရီးစဉ်မတိုင်မီ ကွန်တီရဲ့ ပြောစကား--
🗣️“ခင်ဗျားတို့သိတဲ့အတိုင်းဒီလိုအခြေအနေမျိုးမှာက နည်းပြတစ်‌ယောက်အတွက် အခြေအနေကို တစ်ဖက်ဖက်က တွန်းအားပေးဖို့ ခက်ခဲပါတယ်
အခြေအနေမှန်ကို ရှာဖွေဖို့ ကစားသမားနဲ့ ကလပ်ပေါ်မှာမူတည်ပါတယ်။
နည်းပြတိုင်းက ဟယ်ရီကိန်းကို သူတို့အသင်းမှာ လိုချင်နေကြတယ်လို့ ကျွန်တော်ပြောနိုင်ပါတယ် ဒါပေမယ့် အခြေအနေအမျိုးမျိုးတွေထဲကမှ အခြေနေမှန်တစ်ရပ်ကိုရှာတွေ့ဖို့လိုပါတယ် ဒါကလဲ ကစားသမားနဲ့ ကလပ်ပေါ်မှာ မူတည်တာပါ ငါ့အပေါ်မှာမဟုတ်ပါဘူး
ကျွန်တော့်ရဲ့ အကဲဖြတ်ချက်၊ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်က ဟယ်ရီဟာ ဒီအသင်းအတွက် တကယ်အရေးကြီးတဲ့ ကစားသမားပါ၊ ဒီအသင်းအတွက် ကိုယ်စားလှယ်အဖြစ်ဆုံး ကစားသမားပါ။ သူ ဒီအသင်းမှာ အရေးကြီးတယ်ဆိုတာ ခင်ဗျားသိပါတယ်။
ထိပ်တန်းလေးသင်းစာရင်းဝင်ဖို့က လူတိုင်းအတွက် အရမ်းအရေးကြီးပါတယ်။ ပထမဆုံးအနေနဲ့ ကလပ်အတွက်၊ ကစားသမားတွေ၊ မန်နေဂျာနဲ့ ပရိသတ်တွေအတွက်ပါ။
ခင်ဗျားက ထိပ်တန်းလေးနေရာ
မှာ ရပ်တည်နိုင်တာသေချာရင်တော့ အခြေအနေတော်တော်များများက ပိုရိုးရှင်းသွားပါလိမ့်မယ်"
ရီးယဲလ်မက်ဒရစ်အသင်းဟာ လည်းယခုနွေရာသီမှာ ၎င်းတို့ရဲ့တိုက်စစ်အင်အားကို မြှင့်တင်ရန် စဉ်းစားနေသဖြင့် ဟယ်ရီကိန်းနှင့် အပြောင်းရွှေ့တိုးတက်မှုများကို စောင့်ကြည့်နေပါတယ်။




-ဆန္ဒပြခံရတော့မယ့် GOAT ကြီးမက်ဆီ-PSG ပရိသတ်များဟာသူတို့ရဲ့သတိပေးချက်ထုတ်ပြန်ချက်အဖြစ် Lionel Messi ကိုဆန့်ကျင်ဆန္ဒပြရန်...
19/03/2023

-ဆန္ဒပြခံရတော့မယ့် GOAT ကြီးမက်ဆီ-

PSG ပရိသတ်များဟာသူတို့ရဲ့သတိပေးချက်ထုတ်ပြန်ချက်အဖြစ် Lionel Messi ကိုဆန့်ကျင်ဆန္ဒပြရန်စီစဉ်နေတယ်လို့သိရပါတယိ၊

စပိန်သတင်းများအရ အာဂျင်တီးနားအသင်း ခေါင်းဆောင် Lionel Messi ဟာ လာမည့် Rennes နှင့် ယှဉ်ပြိုင်ကစားမည့် Ligue 1 ပွဲစဉ်မှာ Paris Saint-Germain Ultras မှ Boo လုပ်ခံရဖွယ်ရှိနေပါတယ်။ ထို့ကြောင့် ပါရီမြို့မှာ တင်းမာမှုများ မြင့်တက်လာ‌ နေပါတယ်၊
2021 နွေရာသီတွင် အာဂျင်တီးနားကြယ်ပွင့်သည် ဘာစီလိုနာမှထွက်ခွာခဲ့ပြီး ပဲရစ်သို့ပြောင်းရွှေ့ကာ အသင်းဖော်ဟောင်း နေမာဂျူနီယာနှင့် ပြန်လည်ပေါင်းစည်းခဲ့ပါတယ်
ဒါပေမယ့် 2နှစ်ကြာပြီးတဲ့ထိ နာမည်ကြီး တောင်အမေရိကသားနှစ်ဦးကတော့ PSG ရဲ့ ဥရောပရည်မှန်းချက်များ အောင်မြင်စေရန် ကူညီပေးနိုင်ခြင်းမရှိသေးပါဘူး။

Parc des Princes မှာ အသစ်ချုပ်ဆိုနိုင်တယ်ဆိုတဲ့ ကောလဟာလတွေရှိနေပေမဲ့ PSG အသင်းဟာလီယွန်နယ်မက်ဆီရဲ့ စာချုပ်နဲ့ပတ်သတ်ပြီး တရားဝင်ကြေငြာခြင်းမရှိသေးပါဘူး။ PSG ပရိတိသတ်တွေကတော့ UEFA Champions League နောက်ဆုံး 16 သင်းအဆင့်မှ နှစ်နှစ်ဆက်တိုက် ထွက်ခဲ့ရသည့် အခြေအနေကြောင့် ဒေါသတကြီး ဖြစ်နေလျက်ရှိပြီး GOAT ကြီး မက်ဆီအပေါ် အပစ်ပုံချ ဖွယ်ရှိနေပါတယ်။





"အသင်းတစ်သင်းလို့ကိုမမြင်မိဘူး"မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့‌ တော့တင်ဟမ်ဟော့စပါးVSဆောက်သမ်တန်ပွဲစဉ်မှာတော့ စပါးအသင်းဟာ နှစ်...
19/03/2023

"အသင်းတစ်သင်းလို့ကိုမမြင်မိဘူး"

မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့‌ တော့တင်ဟမ်ဟော့စပါးVSဆောက်သမ်တန်ပွဲစဉ်မှာတော့ စပါးအသင်းဟာ နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်၊ စပါးအသင်းဟာပွဲပြီးခါနီး ၁၆ မိနစ်ထိ ၃-၁ ဂိုးဖြင့်အနိုင်ရခဲ့သော်လည်း James Ward-Prowse ရဲ့ အချိန်ပိုအတွင်း ပင်နယ်တီက Saints တို့အတွက် ၃-၃ သရေကျကာအဖိုးတန်တစ်မှတ်ကိုရစေခဲ့ပါတယ်။ပွဲအပြီးမှာတော့ စပါးအသင်းနည်းပြ အန်တိုနီယို ကွန်တီက Sky Sports နဲ့အင်တာဗျူးမှာ

🗣️"ကျွန်တော် တစ်ကိုယ်ကောင်းဆန်တဲ့ ကစားသမားတွေ အများကြီးကို မြင်ပြီး အသင်းတစ်သင်းလို့ကို မမြင်မိပါဘူး"

လို့ပြောကြားခဲ့ပါတယ်။





"Transfer News"ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးကစားသမား ရိုမဲလူ လူကာကူကို စိတ်လှုပ်ရှားဖွယ်ရာ အပြောင်းအရွှေ့နဲ့ခေါ်ယူဖို့ ...
18/03/2023

"Transfer News"

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးကစားသမား ရိုမဲလူ လူကာကူကို စိတ်လှုပ်ရှားဖွယ်ရာ အပြောင်းအရွှေ့နဲ့ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်...

ဘယ်လ်ဂျီယံသားဟာ မနှစ်က သူ့ရဲ့ကလပ်ဟောင်း အင်တာမီလန်ကို အငှားနဲ့ စေလွှတ်ခံခဲ့ရပေမယ့် အသင်းရဲ့ CEO ဖြစ်သူ Giuseppe Marotta က လူကာကူဟာ အင်္ဂလန်ကို ရာသီကုန်မှာ ပြန်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။

လူကာကူကို 2021 ခုနှစ်တွင် ချဲလ်ဆီးအသင်းက စံချိန်တင်ကြေး ပေါင် 97 သန်းဖြင့် ခေါ်ယူခဲ့သော်လည်း
စတန်းဖို့ဒ်ဘရစ်ချ်မှာ ခြေစွမ်းမပြနိုင်ခဲ့ ဘဲအခုချိန်မှာ‌တော့San Siroမှာ ဒဏ်ရာပြဿနာကိုရင်ဆိုင်နေရပါတယ်၊

စပိန်သတင်းတွေအရတော့ ရီးယဲလ်မက်ဒရစ်အသင်းဟာ လျှော့စျေးနဲ့ ခေါ်ယူရနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ Fichajes ရဲ့ အဆိုအရ Carlo Ancelotti ရဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒဏ်ရာကနေ လွတ်လာတဲ့ Lukaku ရဲ့ အရည်အချင်းတွေကို သဘောကျလျက်ရှိပြီး ဆန်တီယာဂို ဘာနေဗျူးကို ခေါ်ဆောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။






"ဒဏ်ရာ‌ တွေကြားက ပွဲထွက်ခွင့်"ဒဏ်ရာရရှိနေတဲ့မန်ချက်စတာယူနိုက်တက်ရဲ့ကွင်းလယ်လူ စကော့မက် တိုမီ​နေးဟာ ဖူလ်ဟမ်နဲ့ကစားရမယ့်အက...
18/03/2023

"ဒဏ်ရာ‌ တွေကြားက ပွဲထွက်ခွင့်"

ဒဏ်ရာရရှိနေတဲ့မန်ချက်စတာယူနိုက်တက်ရဲ့ကွင်းလယ်လူ စကော့မက် တိုမီ​နေးဟာ ဖူလ်ဟမ်နဲ့ကစားရမယ့်
အက်ဖ်​အေကွာတားဖိုင်နယ်ပွဲမှာပါနိုင်ဖို့ မ​သေချာဘူးလို့သတင်း တွေ ထွက်ပေါ်နေပါတယ်။
ဒီသတင်းဟာ ဒီရာသီပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ တိုမီနေးအတွက် ကြီးမားတဲ့ဆုံးရှံးမှုတစ်ခုဖြစ်ပါတယ်။





"ခရစ္စတယ်ပဲလေ့စ်အသင်းက နည်းပြ ပက်ထရစ် ဗီအဲရာကို ထုတ်ပယ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်"ဗုဒ္ဓဟူးနေ့က Brighton  အသင်းကို1-0 န...
18/03/2023

"ခရစ္စတယ်ပဲလေ့စ်အသင်းက နည်းပြ ပက်ထရစ် ဗီအဲရာကို ထုတ်ပယ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်"

ဗုဒ္ဓဟူးနေ့က Brighton အသင်းကို1-0 နဲ့ရှုံးနိမ့်ခဲ့ပြီး‌‌နောက်မှာတော့ ပဲလေ့စ်တို့ဟာ နောက်ဆုံး11ပွဲဆက်တိုက် နိုင်ပွဲမရရှိခဲ့တာဖြစ်ပြီး အမှတ်ပေးဇယား အဆင့် 12 တန်းဆင်းဇုန်အထက် သုံးမှတ်အကွာမှာသာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။

အသက် 46 နှစ်အရွယ်ရှိ အာဆင်နယ်ဂန္ဓဝင် ကတော့ 2021 ခုနှစ် ဇူလိုင်လမှာ Palace ရဲ့နည်းပြရာထူးကိုလွှဲပြောင်းရယူခဲ့ပြီး သူ့ရဲ့ပထမဆုံးရာသီမှာ အဆင့် 12 နှင့် FA ဖလားဆီမီးဖိုင်နယ်သို့ တက်လှမ်းအောင်စွမ်းဆာင်ထားနိုင်ခဲ့သူဖြစ်ပါတယ်၊

“ဒီခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တဲ့အတွက် အကြီးအကျယ် နောင်တရမိပါတယ်” လို့ပဲလေ့စ် ဥက္ကဌ Steve Parish က တရားဝင်ထုတ်ပြန်ချက်မှာလည်းပြောကြာသွားးခဲ့ပါတယ်။




Address


Telephone

+959943202072

Website

Alerts

Be the first to know and let us send you an email when Esco Burma - SNS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Esco Burma - SNS:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share