Future Light News

  • Home
  • Future Light News

Future Light News ထူးြခားြဖစ်စဉ်နှင့် သတင်းထူး သတင်း?
(1)

ဗန်းမော်ဆရာတော်ကြီးရဲ့အန္တိမဈာပနကို ဇွန်လ ၆ ရက်မှာပြုလုပ်မယ်နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ...
27/05/2023

ဗန်းမော်ဆရာတော်ကြီးရဲ့အန္တိမဈာပနကို ဇွန်လ ၆ ရက်မှာပြုလုပ်မယ်

နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်ကြီး) ရဲ့ အန္တိမဈာပနအခမ်းအနားကို လာမယ့်ဇွန်လ ၆ ရက် နေ့လယ် ၂ နာရီအချိန် မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ရုပ်ကလာပ်မီးပူဇော်ပွဲကို ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းနေရာမှာကျင်းပမှာဖြစ်ပြီး ဆရာတော်ကြီးရဲ့အရိုးပြာကို ဧရာဝတီမြစ်ထဲမျောမှာဖြစ်ပါတယ်။

ဇွန်လ ၄ ရက် နဲ့ ၅ ရက်မှာတော့ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်မှာ ဈာပနာတရားပွဲအနေနဲ့ မစိုးရိမ်ကျောင်းတိုက်ဆရာတော်ကြီးအပါအဝင် ဆရာတော်ကြီးတွေရဲ့တရားပွဲတွေပြုလုပ်မှာဖြစ်ပါတယ်။

နဝမမြောက်ဗန်းမော်ဆရာတော်ကြီး ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၉၄ နှစ် ဝါတော် ၇၄ နှစ်ရှိပြီဖြစ်ပါတယ်။

ဆရာတော်ကြီးဟာ မြန်မာနိုင်ငံမှာ သာသနာဆိုင်ရာအမြင့်ဆုံးဘွဲ့တံဆိပ်တော်များစွာကို ဆက်ကပ်ခြင်းခံထားရသလို ပါဠိဘာသာနဲ့ ဓမ္မာစရိယ (၉)ကျမ်းကို တစ်နှစ်တည်းအောင်မြင်သူမှာ ဗန်းမော်ဆရာတော်ကြီးတစ်ပါးသာရှိပါတယ်။

ဓမ္မစာပေတင်သာမက လောကီစာပေဆိုင်ရာ အတန်းစာများကိုလည်း တက်ရောက်သင်ယူခဲ့ပြီး မန္တလေးတက္ကသိုလ်က ဝိဇ္ဇာဘွဲ့ရရှိခဲ့ပါတယ်။

ဓာတ်ပုံ - အရှင်ရဋ္ဌပါလ

Crd

Wave Money အကောင့်ထဲရှိ ပိုက်ဆံများကို ရိုးမဘဏ် ATM စက်များတွင် ငွေသား ထုတ်ယူနိုင်မည့် ဝန်ဆောင်မူ့ အသစ် မိတ်ဆက်*********...
14/08/2022

Wave Money အကောင့်ထဲရှိ ပိုက်ဆံများကို ရိုးမဘဏ် ATM စက်များတွင် ငွေသား ထုတ်ယူနိုင်မည့် ဝန်ဆောင်မူ့ အသစ် မိတ်ဆက်
**************************
Wave Money အသုံးပြုသူများ အနေဖြင့် မိမိအကောင့်ထဲရှိ ပိုက်ဆံများကို ရိုးမဘဏ် ATM စက်များတွင် အကန့်သတ်မရှိ ငွေသား ထုတ်ယူနိုင်မည့်
Flexi Everyday အကောင့် အမည်ရှိ ဝန်ဆောင်မူ့ အသစ် မိတ်ဆက်လိုက်ကြောင်း ထုတ်ပြန်လိုက်သည်။

Wave Money နှင့် ရိုးမဘဏ်တို့ ပူးပေါင်းက မိတ်ဆက်လိုက်သည့် Flexi Everyday အကောင့် ဝန်ဆောင်မူ့သည့် Wave Money အသုံးပြုသူများ အတွက် ပိုမိုကျယ်ပြန့်သော မိုဘိုင်းငွေကြေး ဝန်ဆောင်မူများကို အသုံးပြုနိုင်စေရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

WavePay အက်ပီလီကေးရှင်းအား Flexi Everyday အကောင့်ဖြင့် ချိတ်ဆက်ခြင်းကို အလွယ်တူ ဆောင်ရွက်နိုင်ပြီး ငွေလွှဲခြင်းနှင့် နီးစပ်ရာ ရိုးမဘဏ်ခွဲ သို့မဟုတ် ATM စက်များတွင် အကန့်အသတ်မရှိ ငွေသားထုတ်ယူခြင်းဝန်ဆောင်မှုများကို ရရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးဝန်ဆောင်မှုကို လူတိုင်းလက်လှမ်းမီနိုင်စေရေးအတွက် Wave Money သည် မရှိမဖြစ် လိုအပ်သော အခြေခံ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုများကို ပေးစွမ်းနေခြင်းဖြစ်သည်။

"လတ်တလော အခြေအနေများကြောင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ၊ ကိုယ်စားလှယ်တွေနဲ့ မိတ်ဖက်တွေဟာ ငွေသားထုတ်ယူမှုအတွက် အကျပ်အတည်း၊ စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ကောင်းစွာသိရှိပါတယ်။ ဒီဝန်ဆောင်မှုအသစ်ဟာ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ သုံးစွဲသူများကို ငွေသားလုံလုံလောက်လောက်ထုတ်ပေးနိုင်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်” ဟု Wave Money ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Brad Jones မှ ပြောသည်။

Wave-Flexi ချိတ်ဆက်မှုကို ဇူလိုင်လ အစောပိုင်းမှစတင်ကာ ကနဦးအဆင့် အကောင်ထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် Wave Money သည် ကိုယ်စားလှယ်များနှင့် အေးဂျင့်များ၏ Wave Partner အကောင့်များကို ၎င်းတို့၏ ရိုးမဘဏ် Flexi Connect အကောင့်ဖြင့် ချိတ်ဆက်ပေးကာ Flexi ဝန်ဆောင်မှုမှတစ်ဆင့် အဆင်ပြေချောမွေ့စွာ ငွေလွှဲပြောင်းမှုကို လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။

လက်ရှိအချိန်တွင် နီးစပ်ရာ ရိုးမဘဏ်ခွဲများ သက်ဆိုင်ရာ ကိုယ်စားလှယ်များမှတစ်ဆင့် Wave အေးဂျင့်များသည် အကန့်အသတ်မရှိ ငွေသားထုတ်ယူမှုဝန်ဆောင်မှုကို လက်လှမ်းမီ ရယူနိုင်ပြီဖြစ်သည်။

နိုင်ငံတစ်ဝှမ်းရှိ Wave ဆိုင်ပေါင်း ၅၀၀၀၀ ကျော်မှတစ်ဆင့် Wave Money အသုံးပြုသူများသည် ငွေလွှဲခြင်း၊ ငွေသားထုတ်ယူခြင်းတို့ကို လွယ်ကူ၊လျင်မြန်ပြီး လုံခြုံစိတ်ချစွာပြုလုပ်နိုင်သည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။

" ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့ ၎င်းတို့ရဲ့ ငွေကြေးတွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်ပြီး အစဉ်အမြဲလက်လှမ်းမီ နိုင်စေဖို့ လုပ်ဆောင်နိုင်သမျှအရာအားလုံးကိုကျွန်တော်တို့လုပ်ဆောင်နေပါတယ်။ ဒီ Flexi Everyday ဝန်ဆောင်မှုဟာ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ဖြည့်စွမ်းပေးမယ့် အဓိကလုပ်ဆောင်ချက်တစ်ခုပဲ ဖြစ်ပါတယ်။” ဟု ရိုးမဘဏ်၏ Chief Consumer Banking Officer ဖြစ်သူ ကိုကျော်စိုးလင်းက ဆိုသည်။

Wave Money အသုံးပြုသူများနှင့် မိတ်ဖက်များအား ရိုးမဘဏ် Flexi Everyday အကောင့်နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် ရိုးမဘဏ်၏ Flexi Everyday အကောင့်ကို မည်သည့်ရိုးမဘဏ်ခွဲများတွင် မဆို ဖွင့်နိုင်ပါသည်။

Wave Money ၏ WavePay သည် လွယ်ကူ၊လျင်မြန်ပြီး လုံခြုံစိတ်ချသော ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုကို သန်း၂၀ကျော်သော လစဉ် WavePay မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူများထံသို့ ဝန်ဆောင်မှုပေးလျက်ရှိပြီး အသုံးပြုသူများသည် ချေးငွေဝန်ဆောင်မှု၊ လစဉ်ကြေးများပေးဆောင်ခြင်း ဝန်ဆောင်မှုများကို ထိတွေ့မှုမရှိ၊ ငွေသားအသုံးပြုရန်မလိုဘဲ လွယ်ကူစွာလုပ်ဆောင်နိုင်ပါသည်။

Rider များ တောင်းဆိုထားသည့် အချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်ပေးနေပြီး လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးနေကြောင်း ...
09/06/2022

Rider များ တောင်းဆိုထားသည့် အချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်ပေးနေပြီး လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးနေကြောင်း Foodpanda ဘက်မှ ထုတ်ပြန်
=============================
ဇွန် ၉၊ ၂၀၂၂။

ပို့ဆောင်ခ နူန်းထားများ တိုးမြှင့်ပေးခြင်း အပါအဝင် Rider များနှင့် နောက်ဆုံး တွေ့ဆုံစဉ်က တောင်းဆိုထားသည့် အချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်ပေးထားပြီး လိုအပ်သည်များကို ဆက်လက် ဆောင်ရွက်ပေးရန် လုပ်ဆောင်နေကြောင်း Foodpanda မှ သတင်း ထုတ်ပြန်လိုက်သည်။

Foodpanda အနေဖြင့် Rider များ၏ တောင်းဆိုချက်များထဲမှ အချက် ၇ချက်ကို အကောင်အထည်ဖေါ် ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။

အဆိုပါ အချက်များမှာ ပို့ဆောင်ခ နူန်းထားများ တိုးမြှင့်ပေးခြင်း၊ စည်းမျဉ်းစည်းကမ်းများဖြေလျော့ ပေးခြင်း၊ Rider များ၏ ဘေးအန္တရာယ် လုံခြုံရေး ဆောင်ရွက်ပေးခြင်း၊ တစ်ပတ်လျှင် အလုပ်တစ်ရက် နား‌ခွင့်နှင့် တစ်ရက်လျှင် ကိုယိပိုင် အချိန် တစ်နာရီပေးခြင်း၊ အလုပ်သမားဘက်မှ လိုအပ်လျှင် အချိန် မရွေး ဆက်သွယ်နိုင်ရန် Call Center ထားရှိပေးခြင်း၊ ခရီးအကွာအဝေး သတ်မှတ်ရာ၌ လမ်းကြောင်းပြ မြေပုံ အတိုင်း တွက်ချက်ပေးခြင်း နှင့် တစုံတရာ အပြောင်းအလဲ ရှိပါက ကုမ္ပဏီ၏ Social media (သို့) Telegram မှ တရားဝင် ထုတိပြန်ပေးရန် စသည့် အချက်များ ဖြစ်သည်။

Foodpanda ဘက်မှ အကောင်အထည်ဖေါ် ဆောင်ရွက်ပေးနေသည့် အချက်များကို ထုတ်ပြန်ချက်တွင် အောက်ပါ အတိုင်း အသေးစိတ် ဖေါ်ပြထားပါသည်။

၁။ foodpanda အနေဖြင့် မတ်လ၊ ၁၉ ရက်နေ့ (စနေနေ့) တွင် rider တို့၏ အမြင်များနှင့် လိုအပ်ချက်များအား တွေ့ဆုံညှိနှိုင်းပြီးနောက် ပို့ဆောင်ခနှုန်းထားအား လက်ရှိ ဈေးကွက်အနေအထားနှင့် ကိုက်ညီပြီး သင့်တင့်မျှတသော ပမာဏသို့ တိုးမြှင့်ပေးခဲ့ပါသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ foodpanda မှကြေညာချက်: https://t.me/pandaridersmyanmar/1583

၂။ Rider များတောင်းဆိုထားသည့်အချက်များထဲမှ ကွန်ပြူတာစနစ်ဖြင့် ထိန်းချုပ်နေသော စည်းမျည်းစည်းကမ်းများအားလျော့ချပေးရန်တောင်းဆိုချက်
Rider များအော်ဒါပို့‌ဆောင်ရာတွင် ပိုမိုအဆင်ပြေစေနိုင်ရန် ကွန်ပြူတာစနစ်ဖြင့် ထိန်းချုပ်နေသော စည်းမျည်းစည်းကမ်းအချို့အားဖြေလျှော့ပေးထားပြီးဖြစ်ပါသည်။ ဥပမာအားဖြင့် အက်စီဒင့်များကြုံတွေ့ရသောအခါ၊ ရုတ်တရက် ဖျားနာလာသောအခါ၊ ခန့်မှန်းအော်ဒါပို့ဆောင်ပြီး အချိန်မှာ shift ပြီးဆုံးသွားသည့်အချိန်ပြင်ပဖြစ်နေသောအခါ၊ အော်ဒါပို့သည့်အခါတွင် စီးနင်းနေသောယာဉ် (သို့) ကိုင်ဆောင်နေသောဖုန်းအလုပ်မလုပ်သောအခါ၊ ပို့‌ဆောင်ရမည့် နေရာမှာ မိမိပို့‌ဆောင်ရမည့် ဇုန်မဟုတ်သောအခါ၊ ဆိုင်ဘက်မှ အစားအသောက်ပြင်ဆင်မှု ကြန့်ကြာနေသောအခါ အစရှိသည့် အခြေအနေများကို စွမ်းဆောင်ရည်အကဲဖြတ်ချိန်တွင် ထည့်သွင်းစဉ်းစားမှုတို့ကို ဖြေလျှော့ပေးထားပါသည်။

ထို့အပြင် ဧပြီလ (၁)ရက်နေ့မှ စ၍ ပြေစာတွင်ပါရှိသော ပို့ဆောင်ရမည့်လိပ်စာနှင့် အမှန်တကယ်ပို့ဆောင်ရမည့်လိပ်စာ မတူသောအခါတွင် rider များအနေဖြင့် ထပ်ဆောင်းပို့ဆောင်ကြေးများရရှိနိုင်ရန်နည်းလမ်းများ ထည့်သွင်းဖြည့်စွက်ခဲ့ပြီး ဖြစ်ပါသည်။

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ foodpanda မှကြေညာချက်: https://t.me/pandaridersmyanmar/1596

၃။ Rider များ ဘေးအန္တရာယ်ကျရောက်လာသည့်အခါ company ဘက်မှ တာဝန်ယူမှု တာဝန်ခံမှု တခုခုပြုလုပ်ပေးရန်တောင်းဆိုချက်

ဧရာမြန်မာ အသက်အာမခံ (AMI) အာမခံကုမ္ပဏီနှင့်ပူးပေါင်း၍ panda rider များအတွက် အသင့်တင့်ဆုံးနှင့် အသက်သာဆုံး ဖြစ်နိုင်မည့် အာမခံ package များကို မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါသည်။ rider များအနေဖြင့် တစ်ရက် အနည်းဆုံး ငွေ (၁၀၀) ကျပ်မှစပြီး အာမခံအကာအကွယ်ကို ဝယ်ယူနိုင်ပြီး အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်ဒဏ်ရာရခဲ့လျှင် (၅) သိန်းမှစ၍ အာမခံကြေး ပြန်လည်ရရှိနိုင်မည်ဖြစ်ပါသည်။

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ foodpanda မှကြေညာချက်: https://www.facebook.com/foodpandaridersMM/posts/879036766825013

၄။ rider များသည် မိမိတို့၏ ကိုယ်ရေးကိုယ်တာကိစ္စအတွက်ဖြင့် company ဘက်မှသတ်မှတ်ထားသော အလုပ်ချိန်အတွင်းမှ နေ့စဉ် ၁နာရီထိ တပတ်လျှင် ၁ရက်နားပိုင်ခွင့် ရရှိရန်တောင်းဆိုချက်

rider များမှာ အလွတ်တမ်းသဘော (freelance) အလုပ်လုပ်ကိုင်ကြသူများဖြစ်သည့်အလျောက် ကိုယ်ရေးကိုယ်တာကိစ္စ အတွက်နားလိုလျှင် အလုပ်ချိန်မယူဘဲ မိမိအတွက်သင့်တော်သောအလုပ်ချိန်ကို ရွေးချယ်နိုင်ခွင့်ရှိပါသည်။ ထို့အပြင် special hour ကိုအခြေခံ၍ batch တွက်ချက်မှုများကို ဖြေလျှော့ပေးထားခြင်းကြောင့် rider များအနေဖြင့် မိမိအတွက် ပိုမိုအဆင်ပြေစေမည့် အလုပ်ချိန်ကို ရွေးချယ်လုပ်ကိုင်နိုင်ပါသည်။

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ foodpanda မှကြေညာချက်: https://t.me/pandaridersmyanmar/1605

၅။ Rider များ လုပ်ငန်းလုပ်ဆောင်နေစဉ်အတွင်း အလုပ်သမားများဘက်မှ လိုအပ်လျှင် company နှင့်ဆက်သွယ်နိုင်ရန်အတွက် call center တစ်ခုထားရှိပေးရန်တောင်းဆိုချက်

panda rider များအကူအညီလိုအပ်ပါက rider အက်ပ်တွင် နားကြပ် မှဆက်လက်ဆက်သွယ် အကူအညီတောင်းခံနိုင်ပြီး လက်တလောတွင် rider များမှ ကြုံတွေ့နေရသောအခက်အခဲများအတွက် ယာယီဆက်သွယ်အကူအညီတောင်းနိုင်ရန်အတွက် ဖုန်းနံပါတ် ၀၉ ၇၆၅ ၆၃၈ ၇၅၈ (မနက် ၇ နာရီမှ ညနေ ၈ နာရီအတွင်း) ကိုဆက်သွယ်၍အကူအညီတောင်းခံနိုင်ပါသည်။

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ foodpanda မှကြေညာချက်: https://t.me/pandaridersmyanmar/1650

၆။ အလုပ်သမားများသွားရောက်ပို့ဆောင်သည့် ခရီးအကွာအဝေးသတ်မှတ်ရာ၌ လမ်းကြောင်းပြ မြေပုံအတိုင်း တွက်ချက်ပေးပါရန် (Google Map) အတိုင်း (ဥပမာ- လမ်းပြောင်းပြန်မောင်းနှင်ခြင်းမှ ရည်ရွယ်ပါသည်။)

မြေပုံတွက်ချက်မှုနှင့်ပတ်သက်၍ ပြည်ပရုံးချုပ်နှင့် နည်းပညာပိုင်းဆိုင်ရာ ပူပေါင်းပြင်ဆင်ချက်များ ပြုလုပ်ရသည်များရှိ၍ အချိန်အတိုင်းအတာတစ်ခု စောင့်ဆိုင်းပေးရန် အသိပေးပြောကြားခဲ့ပြီးဖြစ်ပါသည်။ လတ်တလောတွင် အဆင်ပြေစေရန် မြစ်/ ချောင်း / ကန်နှင့် တံတားများဖြတ်ကျော်၍ ပို့ဆောင်ရမည့် အော်ဒါများနှင့်ပတ်သက်ပြီး ပို့ဆောင်ခများကို ထပ်တိုးတွက်ချက်ထည့်သွင်းပေးမည့်အစီအစဉ်ကို အ‌ကောင်အထည်ဖော်ပြီးဖြစ်ပါသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ foodpanda မှကြေညာချက်: https://www.facebook.com/foodpandaridersMM/posts/870735560988467
၇။ ကုမ္ပဏီဘက်မှ တစ်စုံတစ်ရာပြင်ဆင်ပြောင်းလဲခြင်းများပါက rider များသိရှိစေရန်အတွက် ရုံးဘက်က သတ်မှတ်ထားသော foodpanda Page (Social Media) နှင့် Telegram channel မှ တရားဝင်ကြေငြာထားပေးပါရန်တောင်းဆိုချက်

Rider များနှင့်သက်ဆိုင်သော ပြောင်းလဲမှုများ/သတင်းများကို foodpanda rider App Notifcation ဖြစ်သော Tweety နှင့် foodpanda rider Telegram နှင့် page တို့မှတစ်ဆင့်လည်း အချိန်နှင့်တပြေးညီ rider များသိရှိနိုင်ရန် အသိပေးကြေညာပေးလျက်ရှိပါသည်။

လက်ရှိတွင် Foodpanda ကုမ္ပဏီမှပေးသည့် အခြေခံနှုန်းထား ၅၈၀ ကျပ်ကို မြန်မာငွေ ၉၀ ကျပ် တိုးပေးရန် တောင်းဆိုထားသည့်အပေါ် ကုမ္ပဏီဘက်က လိုက်လျောပေးခြင်းမရှိဟု ဆိုကာ Foodpanda Rider တွေစုပေါင်းပြီး အလုပ်မဆင်းသပိတ်ကိုပြုလုပ်နေပြီး Rider များနှင့် အတူ ရပ်တည်ကြောင်း ထုတ်ဖေါ်‌ပြောဆိုနေသည့် စားသုံးသူများလဲ ရှိနေပါသည်။

မန္တလေးမြို့၏ လူကြိုက်အများဆုံး CoCo စတိုးနှင့် ပူးပေါင်းကာကုန်ပစ္စည်း များကို နာရီဝက်အတွင်း အိမ်အရောက်ပို့ပေးမည့် ဝန်ဆေ...
25/05/2022

မန္တလေးမြို့၏ လူကြိုက်အများဆုံး CoCo စတိုးနှင့် ပူးပေါင်းကာကုန်ပစ္စည်း များကို နာရီဝက်အတွင်း အိမ်အရောက်ပို့ပေးမည့် ဝန်ဆောင်မူ့ ပေးသွားမည် ဖြစ်ကြောင်း Foodpanda မှ သတင်း ထုတ်ပြန်

၂၃ ရက်၊ မေလ၊ ၂၀၂၂ ခုနှစ်၊ ရန်ကုန် – အက်ပ်ပလီကေးရှင်းအခြေပြု ထိပ်တန်း အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခုဖြစ်သော foodpanda သည် မန္တလေးမြို့ရှိ အကြီးဆုံးနှင့် လူသိအများဆုံးဖြစ်သော ကုန်စုံဆိုင်လုပ်ငန်းဖြစ်သည့် CoCo နှင့် လက်တွဲပူးပေါင်းကာ ကုန်ပစ္စည်းများကို မိနစ် ၃၀အတွင်း အိမ်အရောက်ပို့ပေးမည့် ဝန်ဆောင်မှု‌ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်လိုက်သည်။

အဆိုပါပူးပေါင်းမူ့ကြောင့် သုံးစွဲသူများသည် CoCo မှ ကုန်ပစ္စည်းများကို အွန်လိုင်းတွင် foodpanda အက်ပ်ပလီကေးရှင်းမှတစ်ဆင့် လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်မည်ဖြစ်သည်။

Foodpanda အက်ပ်မှ တစ်ဆင့် CoCo ဆိုင်များတွင် ရောင်းချသော ကုန်စုံပစ္စည်းများ၊ မုန့်အမျိုးမျိုး၊ အချိုရည်များနှင့် ရေချိုးခန်းသုံးပစ္စည်းများ ကဲ့သို့သော နေ့စဉ်သုံးပစ္စည်းစုံစုံလင်လင် အပါအဝင် ပစ္စည်းအမျိုးအစားပေါင်း ၈၀၀ ကျော် ကို ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

“အခုဆိုရင် မန္တလေးရဲ့ လူကြိုက်အများဆုံး CoCo ကုန်စုံဆိုင်က အားလုံးရဲ့ လက်တစ်ကမ်းမှာရှိနေပါပြီ။ လွယ်ကူလျင်မြန်တဲ့ ကုန်စည်ပို့ဆောင်ရေး (q-commerce) ၏ရှေ့ဆောင်လုပ်ငန်းတစ်ခုအနေနဲ့ foodpanda က ပိုမိုအဆင်ပြေ၊ လုံခြုံပြီး စိတ်ကျေနပ်ဖွယ်စျေးဝယ်မှုအတွေ့အကြုံကို မြန်မာပြည်သူတွေ အတွက် ယူဆောင်ပေးနိုင်ဖို့ CoCo နဲ့ ပူးပေါင်းခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်မိ ပါတယ်” ဟု foodpanda Myanmar ၏ Director of New Verticals John Francis Arbidans မှ ပြောသည်။

သုံးစွဲသူများသည် အိမ်မှာဖြစ်စေ၊ အပြင်မှာဖြစ်စေ ဖုန်းထဲတွင်ရှိသော foodpanda အက်ပ်မှတစ်ဆင့် နှစ်သက်ရာ ကုန်စုံဆိုင် (convenience store) မှ လွယ်ကူစွာ မှာယူနိုင်မည်ဖြစ်ပြီး foodpanda မှ မှာယူထားသူများဆီသို့ မိနစ် ၃၀ အတွင်း အရောက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် foodpanda အက်ပ်ပလီကေးရှင်းတွင် CoCo ဆိုင်ခွဲ ၂၃ ဆိုင်မှကုန်စုံများကိုမှာယူနိုင်မည်ဖြစ်ပြီး ဆိုင်ခွဲများ ထပ်မံထည့်သွင်းသွားမည်ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က မန္တလေးတိုင်း ဒေသကြီးတစ်ခုလုံးအတွက် အဆင်ပြေပြေ ဈေးဝယ်နိုင်စေဖို့ပါ။ ဆိုင်ခွဲ ၂၃ ခုနဲ့ စတင်ထားတဲ့ CoCo နှင့် foodpanda ပူးပေါင်းမှုမှ တစ်ဆင့် စားသုံးသူတွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ဆိုင်ခွဲများ နှင့်အတူ ပစ္စည်းအမျိုးအစားပိုမိုစုံလင်စေရန်လည်း ဆက်လက်တိုးချဲ့သွားမှာဖြစ်ပါတယ် ” ဟု CoCo ၏ Merchandising Manager Jordan Lee မှ ပြောသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာဈေးကွက်သို့ ဝင်ရောက်လာသည့်အချိန်မှစ၍ foodpanda သည် ရန်ကုန်နှင့် မန္တလေးတို့တွင် အခိုင်အမာရပ်တည်လျက် နိုင်ငံတစ်ဝန်းရှိ မြို့ကြီး ၁၉ မြို့တွင် လုပ်ငန်းလည်ပတ်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်။

Foodpanda ကိုအသုံးပြုပြီး အဆင်ပြေချောမွေ့သော အွန်လိုင်းမှာယူမှုအတွေ့အကြုံကိုခံစားနိုင်ရန် App Store သို့မဟုတ် Google Play Store မှတစ်ဆင့် အက်ပ်ပလီကေးရှင်းကိုဒေါင်းလုတ်လုပ်ပါ – သို့မဟုတ် www.foodpanda.com.mm သို့ ဝင်ရောက်ကြည့်နိုင်ပါသည်။

မြန်မာ့ တောရိုင်းတိရစ္ဆာန်များ အွန်လိုင်းမှတဆင့် ရောင်းဝယ်ခံနေရမှု သိသိသာသာ တိုးမြင့်လာ၍ တားဆီးရန်လိုအပ်နေ၁ ရက်၊ ဧပြီလ၊ ...
01/04/2022

မြန်မာ့ တောရိုင်းတိရစ္ဆာန်များ အွန်လိုင်းမှတဆင့် ရောင်းဝယ်ခံနေရမှု သိသိသာသာ တိုးမြင့်လာ၍ တားဆီးရန်လိုအပ်နေ

၁ ရက်၊ ဧပြီလ၊ ၂၀၂၂ ခုနှစ်။ ရန်ကုန်။

မြန်မာအပါအဝင် အာရှပစိဖိတ်ဒေသအတွင်း တောရိုင်းတိရစ္ဆာန်များအား အွန်လိုင်းမှတဆင့် တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှု သိသိသာသာ တိုးမြင့်လာနေသည်ကို တုံ့ပြန်သော အားဖြင့် WWF က အများပြည်သူ၏ ပြုမှုဆောင်ရွက်မှု အလေ့အထများ ပြောင်းလဲနိုင်စေရန် အသိပညာပေး ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

WWF ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ရုံး၏ သုတေသနမှတ်တမ်းသစ်အရ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်ကြား ကာလအတွင်း မြန်မာနိုင်ငံတွင် Facebook မှတဆင့် တောရိုင်းတိရစ္ဆာန်ထွက် ကုန်ပစ္စည်းများ ရောင်းဝယ်မှု ၇၄ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း တွေ့ရှိရသည်။

“လူမှုကွန်ရက်ကို သုံးပြီးတော့ တောရိုင်းတိရစ္ဆာန်တွေကို ရောင်းဝယ်နေကြတဲ့အတွက် ရောင်းတဲ့သူတွေက ကုန်ကျစရိတ်လည်းမရှိဘူး။ သိပ်ပြီးစိုးရိမ်စရာလည်း မရှိသလို ဖြစ်နေတာပါ။ လူတိုင်းကလည်း လိုချင်တဲ့ တောရိုင်းတိရစ္ဆာန်ထွက်ကုန်ပစ္စည်းတွေကို အွန်လိုင်းမှာ လွယ်လွယ်ကူကူနဲ့ ရှာဖွေပြီး ရောင်းဝယ်လို့ရတဲ့ ပုံစံမျိုး ဖြစ်နေတယ် " ဟု ဟု WWF ၏ အာရှပစိဖိတ်ဒေသတွင်း တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားသည့် ဆိုက်ဘာရာဇဝတ်မှုများဆိုင်ရာ စီမံကိန်း ခေါင်းဆောင်ဖြစ်သူ Shaun Martin က ပြောသည်။

၂၀၂၁ ခုနှစ်အတွင်း သက်ရှိတိရစ္ဆာန်များအဖြစ်လည်းကောင်း၊ အစိတ်အပိုင်းများအဖြစ်လည်းကောင်း၊ ပုံစံတဆင့်ပြောင်းလဲထားသော ပစ္စည်းများအဖြစ်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ်ခဲ့ကြသည့် မျိုးစိတ်များ၏ သုံးပုံတစ်ပုံခန့်သည် ကမ္ဘာအဝှမ်း မျိုးသုဥ်းပျောက်ကွယ်နိုင် သည့် အန္တရာယ်ရှိနေသော မျိုးစိတ်များဖြစ်ကြသည်။​

မှတ်တမ်းတင်ရရှိသည့် မျိုးစိတ်များ၏ ၇၁ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံ၏ ၂၀၁၈ ခုနှစ် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ​ဥပဒေအရ “လုံးဝ ကာကွယ်ထားသော” မျိုးစိတ်များ ဖြစ်ကြသည်။

" တကယ်လို့ ဒီလိုအပြုအမူတွေကို မပြောင်းလဲဘဲ လူတွေက ဆက်ပြီး တောရိုင်းတိရစ္ဆာန်တွေကို အိမ်မွေးတိရစ္ဆာန်တွေအဖြစ် မွေးနေကြမယ်၊ တောကောင်သားတွေကို စားသုံးနေကြမယ်၊ တိရစ္ဆာန်အစိတ်အပိုင်း ကရတဲ့ ပစ္စည်းတွေကို လက်ဝတ်ရတနာတွေအဖြစ် သုံးနေကြမယ်၊ တိုင်းရင်းဆေးတွေမှာ သုံးနေကြဦးမယ် ဆိုရင်တော့ ကျွန်တော်တို့ ပြန်ပေးဆပ်ရမှာက မြန်မာနိုင်ငံရဲ့ တောတောင်၊ ရေမြေ၊ ကောင်းကင်တွေမှာ တောရိုင်းတိရစ္ဆာန်တွေ ကင်းမဲ့လာမယ့် အခြေအနေပါ " ဟု စီမံကိန်း ခေါင်းဆောင်ဖြစ်သူ Shaun Martin က ဆိုသည်။

" ပြည်သူ့ကျန်းမာရေးနဲ့ပတ်သက်ပြီး အကြီးအကျယ် ထိခိုက်နိုင်တဲ့ လူနဲ့ တိရစ္ဆာန်တွေကြား ကူးစက်နိုင်တဲ့ ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလိုပစ္စည်းတွေကို ဝယ်မယ့်သူမရှိရင်၊ ရောင်းဝယ်ဖောက်ကားမှုကလည်း ရပ်တန့်သွားမှာပါ။” ဟု စီမံကိန်း ခေါင်းဆောင်ဖြစ်သူ Shaun Martin က ထပ်လောင်း ပြောကြားလိုက်သည်။

“မြန်မာပြည်သူပြည်သား တော်တော်များများက ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေက ဘာတွေလဲ၊ ဘာကြောင့် သူတို့ကို ကာကွယ်ထားတာလဲဆိုတာ မသိကြဘူး။ အင်တာနက်သုံးစွဲတဲ့သူတွေကလည်း အများသူငါ မြင်အောင်တင်ထားတဲ့ အဲ့ဒီလို ပို့စ်တွေ ၊ group တွေကို တွေ့ခဲ့တယ်ဆိုရင် Facebook ကို သတင်းပို့ တိုင်ကြားသင့်ပါတယ်။ ဒါမှလည်း Facebook ဘက်က လိုအပ်သလို ဆောင်ရွက်နိုင်မှာပါ ” ဟု Facebook မှတစ်ဆင့် အဝတ်နှာခေါင်းစည်းများ၊ လက်မှုအသုံးအဆောင်များ ရောင်းချနေသည့် ဒေါ်စန္ဒာလင်း (အမည်လွှဲ)က ဆိုသည်။

မြန်မာ့ တောကောင်လေးတို့အတွက် ရင်တွင်းစကားသံ လုပ်ဆောင်မှုတွင် ပါဝင်သော အဖွဲ့အစည်းများက အများပြည်သူအား အသိပညာမြှင့်တင်ရေးဆောင်ရွက်မှုများတွင် တက်ကြွစွာပူးပေါင်း ပါဝင်ရန် တိုက်တွန်း နှိုးဆော်လျှက်ရှိပါသည်။

“သဘာဝမှာရှိနေတဲ့ အရာတိုင်းမှာ သူတို့တည်ရှိနေရခြင်းရဲ့ ရည်ရွယ်ချက်ဆိုတာ ရှိပါတယ်။ တောရိုင်းတိရစ္ဆာန်တွေကို သူတို့ရဲ့ သဘာဝကျင်လည်ကျက်စားရာနေရာနဲ့ ဝေးကွာစေတာက အဲ့ဒီ တိရစ္ဆာန်တွေ၊ ကျွန်မတို့ရဲ့ လူမှုအသိုင်းအဝိုင်းတွေ နဲ့ ကျွန်မတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက် ဖျက်စီးစေတာပါပဲ ” ဟု တောကောင်လေးတို့အတွက် ရင်တွင်းစကားသံကို ကူညီပံ့ပိုးပေးခဲ့သူ ဖြစ်သည့် အဆိုတော် မအိမ့်ချစ်က ဆိုသည်။

အနုပညာရှင်တစ်ဦးလည်းဖြစ်ပြီး တောကောင်လေးတို့အတွက် သံတမန်တစ်ဦးလည်းဖြစ်သူ ကိုအာကာကျော်က “ဝက်ဝံပေါက်လေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်ရောင်းချနေတာကို တွေ့ရတာ ကျွန်တော် အရမ်း စိတ်မကောင်း ဖြစ်မိတယ်။ အဲ့ဒီလို တောရိုင်းတိရစ္ဆာန်တွေကို ရောင်းချနေတဲ့သူတွေပဲဖြစ်ဖြစ်၊ အိမ်မှာ မွေးထားတဲ့သူတွေကိုပဲ ဖြစ်ဖြစ် ဝိုင်းဝန်း အသိပညာပေးမျှဝေပြီး အဲ့လိုမလုပ်ဖို့ တားမြစ်ပေးကြပါ။ ကျွန်တော်တို့ရဲ့ အသံတွေနဲ့ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုကို အတူတကွ အဆုံးသတ်ကြရအောင်။” ဟု ဆိုသည်။

မြန်မာနှင့် မလေးရှားနိုငံတို့မှ မိတ်ဖက်လုပ်ငန်းပေါင်း ၁၁၀ ကျော် ပါဝင်ပြသမည့် ဈေးရောင်းပြပွဲများကို ရန်ကုန်မြို့တွင် ကျင်...
08/12/2021

မြန်မာနှင့် မလေးရှားနိုငံတို့မှ မိတ်ဖက်လုပ်ငန်းပေါင်း ၁၁၀ ကျော် ပါဝင်ပြသမည့် ဈေးရောင်းပြပွဲများကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်

ဒီဇင်ဘာလ ၃ ရက်၊ ၂၀၂၁ ခုနှစ်၊ ရန်ကုန်။ ။

မြန်မာနိုင်ငံမှ မိတ်ဖက်လုပ်ငန်းများ အပါအဝင် မလေးရှားနိုင်ငံမှ ကုန်အမှတ်တံဆိပ်ပေါင်း ၁၁၀ကျော် ပါဝင်မည့် ဈေးတန်း အရောင်းပြပွဲများကို ရန်ကုန်မြို့ရှိဈေးဝယ် စင်တာများတွင် ဒီဇင်ဘာလ အတွင်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ မလေးရှား ကုန်သွယ်မူ့ဌာန (MATRADE)မှ ကြီးမှူးကျင်းပမည့် မြန်မာနိုင်ငံရှိ မလေးရှား ထုတ်ကုန်များ၏ အထူး အရောင်းပြပွဲများကို " မလေးရှား အရသာ" ဟူသော အမည်ဖြင့်ဒုတိယ အကြိမ် ပြန်လည်ကျင်းပခြင်း ဖြစ်သည်။

“မလေးရှားအရသာဆိုတာ မြန်မာနဲ့မလေးရှားပြည်သူတွေကို ယဉ်ကျေးမှု၊ လူမှုရေးနဲ့ စီးပွားရေးအရ ချိတ်ဆက် ပေးတဲ့ ပေါင်းကူးတံတားတစ်ခုပါ။ ကျွန်တော်တို့က ချစ်ခြင်းမေတ္တာ၊ ကြင်နာမှု၊ အတွေ့အကြုံနဲ့ အခွင့်အလမ်း တွေကို မျှဝေပေးဖို့ ရည်ရွယ်ထားလို့ ယခုနှစ်ပြပွဲမှာ မလေးရှားကုန်အမှတ်တံဆိပ် အများအပြားနှင့် သူတို့ရဲ့ မြန်မာမိတ်ဖက်လုပ်ငန်းရှင်တွေ ပါဝင်လာလို့ ကျေနပ်မိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ မလေးရှားကုန်သွယ်ရေး အတိုင်ပင်ခံ Mr. Azahar Mohamed က ပြောသည်။

အဆိုပါ ပြပွဲတွင် ဖက်ရှင်အသုံး အဆောင်များမှသည် အဖျော်ယမကာများအထိ အမျိုးအစားစုံလင်လှ သော အရည်အသွေးမြင့် ထုတ်ကုန်များ စသည့် လူသုံးကုန်နှင့် စားသောက်ကုန်များကို ပါဝင်ခင်းကျင်း မိတ်ဆက်ပြသသွားမည်ဖြစ်သည်။

MATRADE ၏ စီစဉ်မှုဖြင့် မလေးရှားအရသာပြပွဲအား ကံစမ်းမဲအစီအစဉ်များ၊ ဆုချီးမြှင့်မှုများ၊ အံ့အားသင့်စရာ လက်ဆောင်အစီအစဉ်များနှင့်အတူ ရန်ကုန်မြို့ရှိ ဈေးဝယ် စင်တာအချို့တွင်လည်း ဈေးတန်းများအဖြစ် ခင်းကျင်းပြသ ရောင်းချသွားမည့်အပြင် အွန်လိုင်းတွင်လဲ ခင်းကျင် မိတ်ဆက် ပြသ သွားမည် ဖြစ်သည်။

အွန်လိုင်းမှ ထုတ်လွှင့် ပြသမှုများအား မလေးရှားအရသာဖေ့စ်ဘွတ်စာမျက်နှာနှင့် တရားဝင်မီဒီယာမိတ်ဖက် ဓူဝံဖေ့စ်ဘွတ် စာမျက်နှာ များတွင် ဒီဇင်ဘာ ၄ ရက်၊ ၁၁ ရက်နှင့် ၁၈ ရက်တို့တွင် မွန်းလွဲ (၁) နာရီမှ (၂) နာရီအထိ တစ်နာရီကြာ ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

ဒီဇင်ဘာလ ၄ ရက်နေ့တွင် “မလေးရှားအရသာ - အချစ်တွေကို ဝေမျှပါ” အမည်ဖြင့် အွန်လိုင်း ဈေးအရောင်းပြပွဲ အစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ပြီး ကြည့်ရှု သူများများအနေဖြင့် ဈေးဝယ်ခွင့်လက်မှတ်များ၊ လက်ဆောင်ကတ်များ၊ အထူးလျှော့ဈေးနှုန်းကုတ် နံပါတ်များ နှင့် မိတ်ဖက်လုပ်ငန်းများ၏ အရောင်းမြှင့်တင်ရေး လက်ဆောင်ထုတ်ကုန်များ အပါအဝင် ကံစမ်းမဲလက်မှတ် များကို ရရှိနိုင်မည်ဖြစ်သည်။

ထိုအွန်လိုင်းပြပွဲတွင် ခင်းကျင်းပြသထားသည့် ထုတ်ကုန်ပစ္စည်း အများစုကို ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေတည်ထောင်ထားသည့် ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ ကို လှူဒါန်းသွားမည် ဖြစ်သည်။

အချက်အပြုတ် ဝါသနာပါပြီး စားကောင်းသောက်ဖွယ်များကို ကြိုက်နှစ်သက်သူများအတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်မည့် “မလေးရှားအရသာ - အစားအသောက်တွေကိုဝေမျှပါ” ဆိုသည့် အစီအစဥ်ကို ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါအစီအစဉ်တွင် တစ်မိနစ် စာ ချက်နည်းပြုတ်နည်း တက်သစ်စလူငယ် Jaz3 နှင့်အတူ Wyndham Grand Yangon ဟိုတယ်မှ မလေးရှား အစားအစာ စားဖိုမှူး ကိုမျိုးထက်အောင်က ထင်ရှားသော မလေးရှားဟင်းပွဲများအား ချက်ပြုတ်ပြသသွားမည် ဖြစ်သည်။

ဒီဇင်ဘာ ၁၈ တွင် ပြုလုပ်မည့် နောက်ဆုံးနေ့အစီအစဉ် “မလေးရှားအရသာ - အတွေ့အကြုံကိုဝေမျှပါ” အစီအ စဉ်တွင် ဖက်ရှင်နှင့် လူနေမှုပုံစံအကြောင်းအရာများ ပါဝင်မည်ဖြစ်ပြီး ရန်ကုန်သူ မီရှဲလ်က တင်ဆက်ပေးသွား မည်ဖြစ်သည်။

မလေးရှားနိုင်ငံ၏ နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဖြစ်သည့် Gillian Hung ခေါ် Ma Ma G က မလေးရှား နိုင်ငံ၏ ဖက်ရှင်အမှတ်တံဆိပ် ၅ ခုမှ ပြိုင်ဘက်ကင်းသည့် ပထမဆုံး လက်ရွေးစင် ဖက်ရှင်များကို အဆိုပါ အွန်လိုင်းပြပွဲအစီအစဥ်တွင် ပြသသွားမည်ဖြစ်သည်။

“ကျွန်မအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အရည်အချင်းရှိ လူငယ် ဒီဇိုင်နာတွေအနေနဲ့ ကိုယ်ဝါသနာပါတဲ့ အကြောင်းအရာတွေစူးစမ်းလေ့လာပြီး မလေးရှားနိုင်ငံက ဒီဇိုင်နာတွေနဲ့ ပူးပေါင်းပြီး ကိုယ်ပိုင်ဒီဇိုင်းတွေကို ဖန်တီးစေချင်တယ်” ဟု Gillian Hung က မှတ်ချက်ပေး ပြောကြားခဲ့ပါသည်။

ထို့အပြင် ကားလောကတွင် နာမည်ကြီး ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Nissan က Terra နှင့် Navara မော်ဒယ်များကို ခင်းကျင်းပြသ တင်ဆက်ပြသသွားမည်ဖြစ်သည်။

မလေးရှားအရသာ ဈေးတန်းအရောင်းပြပွဲများကို ဒီဇင်ဘာလ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ Junction City တွင်လည်းကောင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ အထိ Junction Square တွင်လည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ Junction Mawtin နှင့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကန်သာယာစင်တာတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

“Pasar Malam ဆိုတာ ညစျေးလို့ အဓိပ္ပာယ်ရပြီး မလေးရှား ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းကြီးတစ်ခုဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ပွဲဈေးတန်းဖြစ်ပြီး မြန်မာမှာ နဂိုကတည်းက ခုလိုပွဲဈေးတန်းတွေက စည်ကားထင်ရှားပြီးသား ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီမလေးရှားအရသာပြပွဲကနေတစ်ဆင့် ဒီချစ်ခင်နှစ်သက်စဖွယ် ဓလေ့စရိုက် အတွေ့အကြုံတွေကို မြန်မာနိုင်ငံက မိတ်ဆွေတွေအတွက် ယူဆောင်လာနိုင်လိမ့်မယ့်လို့ မျှော်လင့်ပါတယ်” ဟု Mr. Azahar Mohamed က ပြောသည်။

မလေးရှားအရသာ ဈေးတန်းအရောင်းပြပွဲများတွင် မလေးရှား စားသောက်ဆိုင်များနှင့် စားသောက်ကုန် ဖရန် ချိုက်များ၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် ငွေပေးချေမှုဆိုင်ရာဝန်ဆောင်မှုများအပြင် အမျိုးစုံလင်သော စားသောက်ကုန်နှင့် အဖျော်ယမကာ၊ ဟင်းချက်ပစ္စည်းများ၊ အိမ်သုံးကုန်ပစ္စည်းများ၊ မိခင်နှင့် ကလေးအသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများအပါအဝင် ကုန်ပစ္စည်းဖြန့်ချိရေးလုပ်ငန်း ၈၀ ကျော်၏ အရည်အသွေးမြင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ခင်းကျင်း ပြသ ရောင်းချသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ စျေးဝယ်သူများအနေဖြင့် မလေးရှားနိုင်ငံထုတ်ကုန် ပစ္စည်းများ ကို Shop.com.mm၊ City Mall Online နှင့် BeeHive တို့အပါအဝင် အွန်လိုင်းကူးသန်းရောင်းဝယ်ရေး ပလက် ဖောင်းများမှတစ်ဆင့်လည်း ဝယ်ယူနိုင်မည်ဖြစ်သည်။

🪔သီတင်းကျွတ် လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ 🙏🙏🙏
20/10/2021

🪔သီတင်းကျွတ် လပြည့်နေ့
အဘိဓမ္မာအခါတော်နေ့ 🙏🙏🙏

မလေးရှားနိုင်ငံမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့အကြီးဆုံး ဟာလာ‌ဈေးရောင်းပွဲတော် (MIHAS)တွင် ပါဝင်ရန် မြန်မာနိုင်ငံမှ စွန့်ဦးတ...
28/08/2021

မလေးရှားနိုင်ငံမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့အကြီးဆုံး ဟာလာ‌ဈေးရောင်းပွဲတော် (MIHAS)တွင် ပါဝင်ရန် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအား ဖိတ်ခေါ်

========================================

ကွာလာလမ်ပူ၊ ဩဂုတ်လ ၂၆ရက်၊ ၂၀၂၁ ခုနှစ်။

မကြာခင်ကျင်းပမည့် ကမ္ဘာ့အကြီးဆုံး ဟာလာ ပွဲတော်ဖြစ်သော မလေးရှားနိုင်ငံတကာဟာလာပွဲတော် (MIHAS) တွင် ပါဝင်ဆင်နွှဲရန် မြန်မာ့စီးပွားရေး လုပ်ငန်းခေါင်းဆောင်များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည် ဖြစ်သည်။

မလေးရှားပြင်ပ ကုန်သွယ်မှု ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း (MATRADE) က ဦးစီးကျင်းပသည့် MIHAS သည် အရည်အသွေး မြင့်မားသည့် ဟာလာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နယ်စပ်ဖြတ်ကျော်၍ ဝယ်ယူရောင်းချနိုင်ရန် ရည်ရွယ်ထားပြီး၊ ထိုပွဲတော်ကို စက်တင်ဘာလ ၉ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ကျင်းပသွား မည်ဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ရောင်းဝယ် ဖောက်ကားမှုကို ဖန်တီးလုပ်ဆောင်ပေးသွားမည့် ပထမဆုံး ပွဲတော်လည်း ဖြစ်လာမည်ဖြစ်သည်။

“ဒစ်ဂျစ်တယ်နည်းလမ်းအရ ရောင်းဝယ်ဖောက်ကားနိုင်မှုဟာ စီးပွားရေးဆိုင်ရာ ကြံ့ကြံ့ခံနိုင်မှုကို ပြန်လည်တည်ဆောက်ရာမှာ အခရာကျပါတယ်။ လက်ရှိခေတ် ရေစီးကြောင်းနဲ့အမီ လိုက်နိုင်ဖို့နဲ့ လတ်တလောကပ်ရောဂါအခြေအနေတွေကြောင့် MIHAS က ဒီနှစ်မှာတော့ ဟာလာလုပ်ငန်းနယ်ပယ်အတွက် ကူညီပံ့ပိုးတဲ့သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုန်သွယ်ရေး မိတ်ဖက်တွေကို ဒစ်ဂျစ်တယ်ပလက်ဖောင်း တစ်ခုတည်းအောက်မှာ ယူဆောင်လာမှာပဲ ဖြစ်ပါတယ် ”ဟု MATRADE အမှုဆောင်အရာရှိချုပ် Mohd Mustafa Abdul Aziz က ပြောကြားခဲ့သည်။

MIHAS သည် ဟာလာထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပေးအပ်သည့် လုပ်ငန်းများကို ဒစ်ဂျစ်တယ်နည်းဖြင့် တင်ဆက်သွားမည်ဖြစ်ပြီး ဟာလာဂေဟစနစ်တစ်ခုလုံးရှိ အပြည်ပြည်ဆိုင်ရာ ဝယ်လက်များနှင့် ကုန်သွယ် ရေးလေ့လာသူ ၁၅၀၀၀ ကျော် ပါဝင်ဆင်နွှဲကြမည်ဖြစ်သည်။

MIHAS သည် ကုန်သွယ်ရေးထောက်တိုင် ၁၂ ခုဖြစ်သော ပညာရေး၊ ဆေးဝါးပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် ပံ့ပိုးပေးသူများ၊ ကုန်အမှတ်တံဆိပ်အသုံးပြုခွင့် (franchise)၊ လုံခြုံ ရိုးရှင်းလှပသည့် ဖက်ရှင်၊ ဘဏ္ဍာရေး၊ အလှကုန်များနှင့် တစ်ကိုယ်ရည်ထိန်းသိမ်းစောင့်ရှောက်မှု၊ မီဒီယာနှင့် အပန်းဖြေမှု၊ ခရီးသွားလာမှု၊ အွန်လိုင်းကူးသန်းရောင်းဝယ်မှုနှင့် စားသောက်ကုန် နည်းပညာတို့ကို ပြသသွားမည်ဖြစ်သည်။

“ဒစ်ဂျစ်တယ်စနစ်ကို ကူးပြောင်းလုပ်ဆောင်ခြင်းဖြင့် MIHAS က သူ့ရဲ့ လက်လှမ်းမီနိုင်မှုနဲ့ သက်ရောက် မှုတွေကို ပိုပြီးချဲ့ထွင်လိုက်နိုင်ပါတယ်။ အဲဒါက ဟာလာလုပ်ငန်းတွေ တိုးတက်လာနေတဲ့ မြန်မာအပါအဝင် မလေးရှားရဲ့အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမိတ်ဖက်တွေနဲ့ ပိုပြီးတော့ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ အခွင့် အလမ်းတစ်ခုအဖြစ် ဖန်တီးပေးပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ မလေးရှားကုန်သွယ်ရေး မဟာမင်းကြီး Mr. Azahar Mohamed က ပြောကြားခဲ့သည်။

ဒစ်ဂျစ်တယ်ဆိုင်ရာ စွမ်းဆောင်ရည်များနှင့် ပံ့ပိုးလုပ်ဆောင်ပေးနိုင်သည့် MIHAS သည် ပြခန်းခင်းကျင်းပြသ သူများ၊ လေ့လာသူများနှင့် ပါဝင်သူများအား AI အကူအညီဖြင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများနှင့် ချိတ်ဆက်ပေးခြင်း၊ မတူညီသော စံတော်ချိန်များမှတစ်ဆင့် မည်သည့်အချိန်တွင်မဆို တိုက်ရိုက်ချိတ်ဆက် ပြောဆိုမှုများပြုလုပ်နိုင်ခြင်း၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား ခင်းကျင်းပြသခြင်း၊ အွန်လိုင်းဆွေးနွေး ပွဲများတွင် ပါဝင်သူများအနေဖြင့် ၎င်းတို့၏ နိုင်ငံများမှတစ်ဆင့် ဘေးကင်းစွာနှင့် သက်သောင့်သက်သာ ပါဝင်နိုင်ခြင်း စသည့်တို့ကို စီစဉ်လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

ဒစ်ဂျစ်တယ်အသုံးပြုမှု ပိုမိုကျယ်ပြန့်လာ သည့် ယနေ့ခေတ်ဝန်းကျင်တွင် ဈေးကွက်၌ ဆက်လက်ယှဉ်ပြိုင်နိုင်ရန် MIHAS ပွဲတော်၌ ခင်းကျင်းပြသ သည့် ကုန်အမှတ်တံဆိပ်များအနေဖြင့် မိမိထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို လေ့လာသုံးသပ်နိုင်ရန်နှင့် အမှတ်တံဆိပ် တိုးတက်ရေးအတွက် အလွန်အမင်းအရေးကြီးသော အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ရရှိမည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

MIHAS ၂၀၂၁ ကို MATRADE က ဩဂုတ် ၁၁ ရက်မှ စက်တင်ဘာ ၁ ရက်နေ့အထိ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အထူးပွဲအစီအစဉ်များဖြင့် သတ်မှတ်အချိန်ဇယားအတိုင်း ဦးစီးလုပ်ဆောင်နေပြီး ဖြစ်သည်။

Bank Islam Malaysia Berhad (BIMB)၊ Standard Chartered Bank Malaysia Berhad၊ Halal Development Corporation Berhad (HDC) နှင့် CIMB Bank Berhad (CIMB) စသော MIHAS ၂၀၂၁ ၏ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်များနှင့်အတူ လုပ်ဆောင်သော အထက်ပါအစီအစဉ်များသည် ဟာလာ လုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်များ၊ နည်းပညာအလိုက်သင့် ဆောင်ရွက်မှုများနှင့် စဉ်ဆက်မပြတ်တိုးတက်မှုများနှင့် ဆက်နွှယ်သော အသေးစိတ်အကျဉ်းချုပ်များကို တက်ရောက်သူများကို မျှဝေပေးနိုင်ရန် ရည်ရွယ်သည်။

စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ပြုလုပ်မည့် MIHAS 2021 virtual Knowledge Hub အစီအစဉ်သည် မလေးရှားပို့ကုန်လုပ်ငန်းရှင်များအား တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက (MENA)၊ အနောက်အာဖရိက၊ ဗဟိုအာရှနှင့် ဥရောပကဲ့သို့ ဈေးကွက်များမှ MATRADE ကုန်သွယ်ရေး မဟာ မင်းကြီးများနှင့် အနီးကပ်ချိတ်ဆက်ပြီး MIHAS 2021 အား လက်စွဲတစ်ခုအဖြစ် အသုံးချလျက် အလား အလာရှိသော ဟာလာပို့ကုန်အခွင့်အလမ်းများကို ရှာဖွေရန် အခွင့်အလမ်းတစ်ခု ဖြစ်လာစေရေးအတွက် အစီအစဉ်များဖြင့် စတင်မည်ဖြစ်သည်။

MIHAS ၂၀၂၁ နှင့်အတူ ပို့ကုန်ဈေးကွက်များ ဝင်ရောက်မှုနှင့် ပတ်သက်၍ www.mihas.com.my တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

၂၀၀၄ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီးနောက်ပိုင်း MIHAS သည် ဟာလာအတွက် အဓိကရင်းမြစ်တစ်ခုအဖြစ် တဖြည်းဖြည်း တည်ဆောက်လာနိုင်ခဲ့ပြီး နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သော ၂၀၁၉ ခုနှစ်တွင် MIHAS ၏ အစီအစဉ်၌ နိုင်ငံ ၄၄ နိုင်ငံမှ ခင်းကျင်းပြသသူ ၁၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့သည်။

မိုးကုတ်မြို့မှာ နှစ်ရက်အတွင်းမြေပြိုမှုကြောင့် ငါးနှစ်ရွယ်ကလေး (၁)ဦးအပါအဝင် (၅)ဦးသေဆုံး။မိုးကုတ်မြို့  မြို့မအပိုင်း (၄...
13/08/2021

မိုးကုတ်မြို့မှာ နှစ်ရက်အတွင်းမြေပြိုမှုကြောင့် ငါးနှစ်ရွယ်ကလေး (၁)ဦးအပါအဝင် (၅)ဦးသေဆုံး။
မိုးကုတ်မြို့ မြို့မအပိုင်း (၄)ရပ်ကွက်ထဲ ဒီကနေ့ သြဂုတ်လ(၁၃)ရက်နေ့ မနက်ပိုင်းက ချောင်းရေလျှံမှုနဲ့ မိုးရွာသွန်းမှုတို့ကြောင့်မြေပြိုမှုဖြစ်ခဲ့ပြီး (၆)ဦးဒဏ်ရာရကာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ မိုးကုတ်မြို့က လူမှုကယ်ဆယ်ရေးအသင်းတွေကပြောပါတယ်။
မနေ့ကလည်း မိုးကုတ်မြို့အနောက်ပိုင်း ကျောက်ဖြူရပ်ကွက်ထဲမှာ မြေပြိုတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး အသက်ငါးနှစ်အရွယ်ကလေးတစ်ဦးအပါအဝင် မိသားစုဝင်(၃)ဦးသေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအသင်းတွေကပြောပါတယ်။



ဓါတ်ပုံ- ဟိန်းထက်မောင် (မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း-မိုးကုတ်)

မိုးကုတ်မြို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေကြီးမှုနှင့် မြေပြိုမှုတွေဖြစ်ပွားခဲ့ပါတယ်။မိုးကုတ်မြို့တွင် သြဂုတ်လ...
12/08/2021

မိုးကုတ်မြို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေကြီးမှုနှင့် မြေပြိုမှုတွေဖြစ်ပွားခဲ့ပါတယ်။

မိုးကုတ်မြို့တွင် သြဂုတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းက မိုးရေချိန် စံချိန်တင် ရွာသွန်းမှုကြောင့် မိုးကုတ်မြို့ အနောက်ပိုင်းကျပ်ပြင် ကျောက်ဖြူရပ်ကွက်တွင် ဓာတ်ဆီဆိုင် တံတိုင်းပြိုကျခဲ့ကာ အိမ်ပေါ်ပိခဲ့ပြီး အိမ်ထဲရှိ မိသားစုဝင်သုံးဦး သေဆုံးခဲ့ကြောင်းသိရပါသည်။
မိုးကုတ်မြို့တွင် မိုးရွာသွန်းခဲ့မှုကြောင့် မိုးရေချိန် စံချိန်တင်ခဲ့ပြီး ရပ်ကွက်အချို့တွင် ရေကြီးမှုနှင့် မြေပြိုမူတွေဖြစ်ပွားခဲ့ပါသည်

Light News

12/08/2021

မိုးကုတ်မြို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေကြီးမှုနှင့် မြေပြိုမှုတွေဖြစ်ပွားခဲ့ပါတယ်။

မိုးကုတ်မြို့တွင် သြဂုတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းက မိုးရေချိန် စံချိန်တင် ရွာသွန်းမှုကြောင့် မိုးကုတ်မြို့ အနောက်ပိုင်းကျပ်ပြင် ကျောက်ဖြူရပ်ကွက်တွင် ဓာတ်ဆီဆိုင် တံတိုင်းပြိုကျခဲ့ကာ အိမ်ပေါ်ပိခဲ့ပြီး အိမ်ထဲရှိ မိသားစုဝင်သုံးဦး သေဆုံးခဲ့ကြောင်းသိရပါသည်။
မိုးကုတ်မြို့တွင် မိုးရွာသွန်းခဲ့လို့ မိုးရေချိန် စံချိန်တင်ခဲ့ပြီး ရပ်ကွက်အချို့တွင် ရေကြီးမှုနှင့် မြေပြိုမူတွေဖြစ်ပွားခဲ့ပါသည်

Light News

ဝူဟန်မှာ လူ ၁၁ သန်းကျော်ကို ကိုဗစ် ရှိမရှိ ၆ ရက် အတွင်း ထပ်စစ်ဆေးပြီးစီး တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ်ရဲ့ ကြီးမား...
09/08/2021

ဝူဟန်မှာ လူ ၁၁ သန်းကျော်ကို ကိုဗစ် ရှိမရှိ ၆ ရက် အတွင်း ထပ်စစ်ဆေးပြီးစီး

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ်ရဲ့ ကြီးမားကျယ်ပြန့်လှတဲ့ မြို့တော် ဝူဟန်မြို့ တစ်မြို့လုံးကို ကိုဗစ်ပိုး ကူးစက်မှု ရှိမရှိ အခု ထပ်ပြီး စစ်ဆေးထားခဲ့ပြီ ဖြစ်တယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီ အဓိပ္ပာယ်ဟာ လူ ၁၁ သန်းကျော်ကို ၆ ရက် အတွင်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ တုန်းက ကမ္ဘာပေါ် ကိုဗစ်ပိုး စတင်တွေ့ခဲ့တဲ့ အဲဒီ ဝူဟန်မြို့မှာ ဒယ်လ်တာ မျိုးကွဲ ကူးစက်မှု ၇ မှုကို လတ်တလော တကျော့ပြန် တွေ့လာရတဲ့နောက် အသက် ၆ နှစ် အောက် တွေက လွဲပြီး ၊ မြို့လူထု အားလုံး နီးပါး ဖြစ်တဲ့ လူ ၁၁ သန်းကျော်ကို ပိုးရှိမရှိ အချိန်တို အတွင်း စစ်ဆေး နိုင်ခဲ့တာပါ။

စစ်ဆေးမှုတွေကနေ ဒေသတွင်း ကူးစက်မှု ၃၇ မှုနဲ့ အတူ ရောဂါလက္ခဏာ မပြပဲ ပိုးရှိနေသူ ၄၁ ယောက်ကို တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။ အခု တရုတ်နိုင်ငံမှာ ဒယ်လ်တာ မျိုးကွဲ ကူးစက်မှု တွေ့လာရတဲ့ ပြည်နယ်ပေါင်း ၁၅ ပြည်နယ်ထိ ရှိနေပြီ ဖြစ်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း

အာဆီယံ အွန်လိုင်း ဈေးရောင်းပွဲတော် AOSD 2021 ၌ နိုင်ငံတကာ e-commerce website ပေါင်း ၂၇ ထံ ထုတ်ကုန်များအား ဝယ်ယူနိုင်မည် ...
08/08/2021

အာဆီယံ အွန်လိုင်း ဈေးရောင်းပွဲတော် AOSD 2021 ၌ နိုင်ငံတကာ e-commerce website ပေါင်း ၂၇ ထံ ထုတ်ကုန်များအား ဝယ်ယူနိုင်မည်

ဩဂုတ် ၈ရက်၊ ၂၀၂၁ခုနှစ်။

COVID-19 ကာလ အတွင်း စားသုံးသူများအတွက် ဘေးကင်းလုံခြုံစိတ်ချရစေသည့် နည်းစနစ် တစ်ခုဖြစ်သော e-Commerce စနစ်အား ဖွံ့ဖြိုးလာစေရန် အတွက် မလေးရှား အခြေစိုက်နှင့် နိုင်ငံတကာ အွန်လိုင်းစီးပွားရေး လုပ်ငန်း ၂၇ ခု ပူးပေါင်းကာ ထုတ်ကုန်များအား မြန်မာနိုင်ငံမှ တိုက်ရိုက်ဝယ်ယူနိုင်မည့် အစီစဉ် တစ်ခုကို မလေးရှား ပြည်ပ ကုန်သွယ်မူဖွံ့ဖြိုးရေး အဖွဲ့(MATRADE) မှကြီးမှုး၍ ပြုလုပ်သွားမည် ဖြစ်သည်။

အာစီယံ အွန်လိုင်း ဈေးရောင်းပွဲတော် AOSD 2021 ပွဲတော်ကို ဩဂုတ်လ ၈ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကပ်ရောဂါကာလအတွင်း စီးပွားရေး လုပ်ငန်းများနှင့် စားသုံးသူများအကြား ဘေးကင်းလုံခြုံစိတ်ချရသော ဒစ်ဂျစ်တယ်ဈေးကွက်များဖြင့် ပံ့ပိုးထောက်ပံ့လျက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံအပါအဝင် အွန်လိုင်းမှတဆင့် ဈေးဝယ်သူများသည် များပြားပြည်စုံလှသော ကုန်ပစ္စည်းများကို လွယ်လင့်တကူ သက်သောင့် သက်သာ ရှာဖွေနိုင်ကာ ဒေသတစ်ဝန်းမှ ခိုင်မာစိတ်ချရသော လက်လီရောင်းချသူများ ၊ ကုန်ပစ္စည်းထောက်ပံ့ပေးသွင်းသူများနှင့် အွန်လိုင်းကူးသန်းရောင်းဝယ်ရေး ဈေးကွက်ထောက်ပံ့သူများထံမှ အထူးလျှော့ဈေးများကို ရရှိနိုင်မည်ဖြစ်သည်။

စားသောက်ကုန်၊ အဖျော်ယမကာ ၊ စာသုံးကုန်ပစ္စည်းများ ၊ ဖက်ရှင် ၊လျှပ်စစ် ၊ အိမ်သုံးပစ္စည်းများ ၊ ခရီးသွာလာမှုနှင့် ခရီးသွားအစီအစဉ်များနှင့် အရည်အသွေးမြင့်ထုတ်ကုန်များကို ရောင်းချနေသော အွန်လိုင်းကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းပေါင်း ၁၅၀ နီးပါးကို နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးကို ချိတ်ဆက်မြင့်တင်ဆောင်ရွက်ပေးလျက်ရှိသည့် onlineasean.com ဝက်ဘ်ဆိုက်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

“AOSD ဟာ အွန်လိုင်းကူးသန်းရောင်းဝယ်ရေးမှာ အောင်မြင်ကြီးထွားခါစ လုပ်ငန်းတွေအတွက် လမ်းဖွင့်ပေးထားတဲ့ ပလက်ဖောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုမျိုးစိတ်ခေါ်မှုကြီးမားတဲ့ကာလမှာ အသေးစား ၊ အလတ်စား လုပ်ငန်းတွေချဲ့ထွင်နိုင်ဖို့အပြင် မလေးရှားအွန်လိုင်းကူးသန်းရောင်းဝယ်ရေး ဈေးကွက်ထဲက စားသုံးသူယုံကြည်မှုအရှိဆုံး လုပ်ငန်းတွေထဲက တချို့ကို ပါဝင်ပြသခွင့်ရလို့ ကျေနပ်မိသလို မြန်မာက ဝယ်ယူသူတွေအနေနဲ့ အွန်လိုင်းကနေဖြစ်စေ ကိုယ်တိုင်ဖြစ်စေ ချောချောမွေ့မွေ့နဲ့ ကောင်းမွန်တဲ့ ဈေးဝယ်အတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာမိပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ မလေးရှားကုန်သွယ်ရေးမဟာမင်းကြီး Mr. Azahar Mohamed ကပြောကြားခဲ့သည်။

Alibaba ၊ Shop.com ၊ Shopee၊ Minebizs ၊ Lokein ၊ PG Mall ၊ BuyMalaysia ၊ JIFFY2U ၊ bebecom ၊ Halal Street၊ Zalora ၊ Dagang Halal ၊ Tour Plus ၊ Souk Asia ၊ Pazarme ၊ Payhalal ၊ Idea Planet ၊ eKedai ၊ SiteGiant ၊ Halal Food Master၊ Jazmine၊ Shoppymore ၊ Trapo Asia ၊ Elokal ၊ Desamall ၊ Malakat ၊ Youbeli နှင့် Hanker’s Food အစရှိသော မလေးရှားအခြေစိုက်လုပ်ငန်းများ သို့မဟုတ် မလေးရှားတွင် ဒေသဆိုင်ရာ ရုံးချုပ်များဖွင့်လှစ်ထားသည့် အွန်လိုင်းကူးသန်းရောင်းဝယ်ရေးလုပ်ငန်း ၂၇ ခုအား မြန်မာနိုင်ငံမှ စားသုံးသူများက AOSD ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်မည် ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာန (MITI)နှင့် မလေးရှား ဒစ်ဂျစ်တယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (MDEC) တို့က ပူးပေါင်းဆောင်ရွက်လျက် မလေးရှား ပြည်ပ ကုန်သွယ်မှုဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေး MATRADE ၏ ကူညီပံ့ပိုးမှုဖြင့် မလေးရှားနိုင်ငံက AOSD တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ကုန်ပစ္စည်းတိုက်ရိုက်ရောင်းချမှုအပြင် စီးပွားရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးပွဲ ဖလှယ်ပွဲများကို MATRADE နှင့် MITI တို့က ကြီးမှူး၍ ဩဂုတ်လ ၈ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ eBizmatch အစီအစည်မှ တဆင့် မလေးရှားမှ ရောင်းချလိုသူများနှင့် မြန်မာမှ ဝယ်ယူတင်သွင်းလိုသူများ ၊ ပြန်လည်ဖြန့်ဖြူးလိုသူများအကြား မည်သို့ မည်ပုံ ပူးပေါင်းလုပ်ဆောင်နိုင်မည့် စိတ်ကူး အကြံဉာဏ်များနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းများ ဖလှယ်မှုတို့ကို လွယ်ကူချောမွေ့စေ လုပ်ဆောင်နိုင်စေရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဒေသတွင်းအွန်လိုင်းကူးသန်းရောင်ဝယ်ရေးလုပ်ငန်းသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ မှ ဘီလီယံ ၃၀၀ အထိ ၃ ဆ တိုးတက်လာနိုင်မည်ဟု e-Conomy SEA 2019 report အစီရင်ခံစာတွင်ဖော်ပြခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း အွန်လိုင်းကူးသန်းရောင်းဝယ်ရေးသို့ ပြောင်းလဲမှု အားကောင်းနေဆဲ အချိန်တွင် AOSD သည် ဒေသတွင်း၌ အရှိန်အဟုန်ကောင်နေသော နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို ပိုမိုအားကောင်းလာစေရန် ဒစ်ဂျစ်တယ်မှတဆင့် အရှိန်မြင့် ထိန်းကျောင်းလုပ်ဆောင်လျက်ရှိသည်။ ယခုကဲ့သို့ စိန်ခေါ်မှုများပြားသော ကာလမျိုးတွင် ကြီးမားလှသည့် ဒေသတွင်းစားသုံးသူဈေးကွက်ကို ဝင်ရောက်နိုင်ရန်အတွက် AOSD က အသေးစား ၊ အလတ်စား လုပ်ငန်းများကို ထောက်ပံ့ကူညီပေးလျက်ရှိပြီး လုံခြုံစိတ်ချစွာဖြင့် ကိုယ်တိုင်ထိတွေ့မှု အနည်းဆုံးဖြစ်မည့် ဈေးဝယ်စနစ်ကို ဖြည့်စွမ်းလုပ်ဆောင်ပေးလျက်ရှိပါသည်။

MATRADE အကြောင်း ပိုမိုသိရှိလိုပါက www.matrade.gov.my သို့ဝင်ရောက်လေ့လာနိုင်ပါသည်။

Address


Alerts

Be the first to know and let us send you an email when Future Light News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share