The Hype Myanmar

  • Home
  • The Hype Myanmar

The Hype Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Hype Myanmar, Media Agency, Malikha Condominium, .

မြန်မာရိုးရာနှစ်သစ်ကူး အခါသမယမှာ ကိုယ်၊စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပါစေကြောင်း The Hype Myanmar Team မှ ဆုမွန်ကောင်းတောင...
17/04/2024

မြန်မာရိုးရာနှစ်သစ်ကူး အခါသမယမှာ ကိုယ်၊စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပါစေကြောင်း The Hype Myanmar Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။



Happy New Year 2024 🎈🎈🎈မကြာခင် ရောက်ရှိလာတော့မဲ့ 2024 နှစ်သစ်လေးမှာ ချစ်ရတဲ့ မိသားစု သူငယ်ချင်း မိတ်ဆွေတွေအားလုံး စိတ်ချ...
31/12/2023

Happy New Year 2024 🎈🎈🎈

မကြာခင် ရောက်ရှိလာတော့မဲ့ 2024 နှစ်သစ်လေးမှာ ချစ်ရတဲ့ မိသားစု သူငယ်ချင်း မိတ်ဆွေတွေအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အကောင်းဆုံးသောနေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေကြောင်း The Hype Myanmar Team မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။

❝Happy Eid Mubarak❞အစ္စလာမ်ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ အီးဒ်နေ့မှာ မိသားစုဝင်တွေအားလုံး အတူတကွပျော်ရွှင်ဖွယ်အချိ...
29/06/2023

❝Happy Eid Mubarak❞

အစ္စလာမ်ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့
အီးဒ်နေ့မှာ မိသားစုဝင်တွေအားလုံး
အတူတကွပျော်ရွှင်ဖွယ်အချိန်များပိုင်ဆိုင်နိုင်ပြီး
လိုအင်ဆန္ဒများပြည့်ဝကြပါစေလို့
The Hype Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

သူတို့ ဘာလို့ ဈေးနှုန်းမရေးကြတာလဲ ? အရောင်းပို့စ်တွေရဲ့အောက်မှာ "ဒါလေး ဘယ်လောက်လဲ" လို့ ဝယ်သူကမေးတဲ့အခါ "အသေးစိတ်ကို CB ...
22/06/2023

သူတို့ ဘာလို့ ဈေးနှုန်းမရေးကြတာလဲ ?

အရောင်းပို့စ်တွေရဲ့အောက်မှာ "ဒါလေး ဘယ်လောက်လဲ" လို့ ဝယ်သူကမေးတဲ့အခါ "အသေးစိတ်ကို CB လာပေးနော်" ဆိုတဲ့ reply မျိုးကို ကျွန်တော်တို့အားလုံးတွေ့ဖူးကြမှာပါ ။

အရောင်းပို့စ်မှာ ပစ္စည်းနဲ့ဈေးနှုန်းတစ်ခါတည်း တွဲမတင်ရတဲ့ အကြောင်းအရင်းဟာ ဘာကြောင့်များပါလဲ ?

အတူတူဆွေးနွေးကြည့်ပေးပါဦးခင်မျာ ...

#ဈေးနှုန်း

Branding လုပ်ခြင်းဟာ ရင်းနှီးမြုပ်နှံခြင်းပါပဲ ။လုပ်ငန်းတစ်ခုဟာ  Marketing မရှိဘဲ ရှင်သန်ရပ်တည်နိုင်မယ်လို့ထင်ပါသလား ? ဘ...
19/06/2023

Branding လုပ်ခြင်းဟာ ရင်းနှီးမြုပ်နှံခြင်းပါပဲ ။

လုပ်ငန်းတစ်ခုဟာ Marketing မရှိဘဲ ရှင်သန်ရပ်တည်နိုင်မယ်လို့ထင်ပါသလား ?
ဘက်ဂျက်ချွေတာနိုင်ဖို့ Marketing ပိုင်းမလုပ်တော့ပါဘူးကွာဆိုတာဟာ
အချိန်ကုန်သက်သာချင်လို့ နာရီကိုဓာတ်ခဲထုတ်မယ်ဆိုတာမျိုးနဲ့အတူတူပါပဲ ။

ကြော်ငြာမရှိတဲ့ Brand တစ်ခုကို
ဘယ်သူမှလည်းသိမှာမဟုတ်သလို
ဘယ်သူမှလည်းမြင်မှာမဟုတ်တဲ့အပြင်
ဘယ်သူမှလည်းဝယ်ဖို့ညွှန်းမှာမဟုတ်ပါဘူး ။

စိုက်ပျိုးထားမှ ရိတ်သိမ်းစရာလည်းရှိမှာပါ ။
ဒါကြောင့် ကြော်ငြာပါ Branding လုပ်ပါ ရင်းနှီးမြုပ်နှံကြည့်ပါ ။

===================================

The Hype Myanmar မှ ဝန်ဆောင်မှုပေးနေသော Digital Marketing Services များ

https://m.facebook.com/story.php?story_fbid=135670299456955&id=100090419575646&mibextid=Nif5oz

#ကြော်ငြာ

တူသယောင်နဲ့ကွဲပြားတဲ့ Marketing & Branding 📌Branding ဆိုတာကတော့ အလွယ်ဆုံးပြောရရင် ဘာပစ္စည်းဆိုတာထက်  ဘယ်ကထုတ်တာလေဆိုတဲ့ ...
15/06/2023

တူသယောင်နဲ့ကွဲပြားတဲ့ Marketing & Branding 📌

Branding ဆိုတာကတော့ အလွယ်ဆုံးပြောရရင် ဘာပစ္စည်းဆိုတာထက် ဘယ်ကထုတ်တာလေဆိုတဲ့ လွှမ်းမိုးမှုမျိုးကို ဖန်တီးပေးတဲ့လုပ်ငန်းစဉ်မျိုးဖြစ်ပြီး customers တွေရဲ့ ယုံကြည်မှုနဲ့အားကိုးမှုကိုရရှိဖို့ အချိန်တစ်ခုရင်းပြီးတည်ဆောက်ရတဲ့ အရာမျိုးဖြစ်ပါတယ် ။

Marketing ဆိုတာကတော့ ဈေးရောင်းကောင်းအောင် ပုံစံအမျိုးမျိုးနဲ့ ဝယ်ယူသူတွေကို စွဲဆောင်ရတဲ့ အလုပ်ပါ ။ ဟုန်းဟုန်းတောက်ပေမယ့် ကြာကြာမခံတဲ့ ကောက်ရိုးမီးလိုပါပဲ။ အသစ်အသစ်တွေအမြဲဖန်တီးပေးနေရတဲ့ လုပ်ဆောင်မှုမျိုးဖြစ်ပါတယ် ။

ဆိုတော့ Marketing နဲ့ Branding ရဲ့ ကွာခြားမှုတွေကိုသိသွားရင်
👉 ကိုယ့်လုပ်ငန်းက Marketing ကိုလိုအပ်တာလား
👉 Branding လုပ်ရမယ့် စီးပွားရေးမျိုးလားဆိုတာကိုပါ ခွဲခြားသိသွားပါလိမ့်မယ် ။

==========================================

The Hype Myanmar မှ ဝန်ဆောင်မှုပေးနေသော Services များ -

https://www.facebook.com/100090419575646/posts/135670299456955/?

လုပ်ငန်းခွင်မှာ AI ကိုရင်ဆိုင်ဖို့ ဘာတွေပြင်ဆင်ထားရမလဲ ?AI ရဲ့အခန်းကဏ္ဍကျယ်ပြန့်လာတာနဲ့အမျှ လူသားတွေကိုအစားထိုးနိုင်တော့...
07/06/2023

လုပ်ငန်းခွင်မှာ AI ကိုရင်ဆိုင်ဖို့ ဘာတွေပြင်ဆင်ထားရမလဲ ?

AI ရဲ့အခန်းကဏ္ဍကျယ်ပြန့်လာတာနဲ့အမျှ လူသားတွေကိုအစားထိုးနိုင်တော့မှာလားဆိုတဲ့မေးခွန်းဟာလည်း အနာဂတ်အတွက်စိုးရိမ်စရာတော့ ဖြစ်လာပါတယ် ။ AI ဟာလူသားတွေကို ရာနှုန်းပြည့်အစားထိုးနိုင်မှာမဟုတ်ပေမယ့် အတိုင်းအတာတစ်ခုထိတော့ နေရာယူလာမှာပါ ။ ဒါကြောင့် ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ကိုယ့်ဘက်ကဘာတွေပြင်ဆင်ထားနိုင်မလဲဆိုတာကို ဝေမျှပေးသွားပါမယ် ။

🔰 ပြောင်းလဲသင်ယူဖို့ဝန်မလေးပါနဲ့ ။

ကိုယ်ကျွမ်းကျင်ပြီးသားအလုပ်ဖြစ်နေရင်တောင်မှ အသုံးပြုနည်းတွေ လုပ်ကိုင်နည်းတွေဟာ နည်းပညာတိုးတက်တာနဲ့အမျှ ပြောင်းလဲလာမှာပါ ။
ဒါကြောင့် ကိုယ့်အလုပ်နဲ့သက်ဆိုင်တဲ့ device အသစ်တွေအသုံးပြုနိုင်အောင် နည်းပညာအသစ်တွေနဲ့မစိမ်းအောင် သင်ယူထားပါ ။

🔰 AI သတင်းတွေကို နားအမြဲစွင့်ပါ ။

AI သတင်းတွေတွေ့တဲ့အခါ ငါနဲ့မဆိုင်လောက်ပါဘူးဆိုပြီး ကျော်သွားတာမျိုးမလုပ်ပါနဲ့ ။ သတင်းအချက်အလက်တွေဟာ အမြဲအသုံးဝင်ပါတယ် ။ ကိုယ့်လုပ်ငန်းခွင်နဲ့သက်ဆိုင်နေမလားချင့်ချိန်ပြီး အသုံးဝင်မယ်ဆိုရင် ဖတ်ပါ မှတ်ပါ ။

🔰 skills အသစ်တွေကို လေ့လာပါ။

နည်းပညာဟာ တစ်နေ့တစ်ခြားတိုးတက်လာတာနဲ့အမျှ ကိုယ်ကလည်း အဆင်မပြတ်သင်ယူနေမှ အမီလိုက်နိုင်မှာပါ ။ AI ဟာလူသားတွေလုပ်ပြတာကိုပဲ အတုခိုးလုပ်နိုင်တာပါ ။ ဒါကြောင့် AI နဲ့မဖန်တီးနိုင်တဲ့ အတွေးအခေါ်စွမ်းရည် ၊ ပြသနာဖြေရှင်းတဲ့စွမ်းရည် ၊ ဖန်တီးနိုင်စွမ်းတွေဟာ ကိုယ့်မှာပဲရှိတယ်ဆိုတာကို သိထားပြီး အသစ်အသစ်တွေ သင်ယူဖို့ motivated ဖြစ်အောင်နေပါ။

🔰 သူများအပြောမစောင့်ပါနဲ့ ။

အခွင့်အရေးဆိုတာ သူများလာပေးမှယူရမှာမဟုတ်ဘဲ ကိုယ်တိုင်ရှာပြီး လုပ်ဆောင်ရမှာပါ ။ ဒါကြောင့် ကိုယ်လုပ်နေရတဲ့အလုပ်နဲ့ AI ကို ဘယ်လိုချိတ်ဆက်လုပ်လို့ရမလဲ ကိုယ်တိုင်ရှာဖွေပြီး အသုံးချပါ ဖန်တီးပါ ။

🔰 career တူမိတ်ဆွေတွေနဲ့ တိုင်ပင်ဆွေးနွေးပါ ။

တူညီတဲ့ AI စိန်ခေါ်မှုတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ ဘာတွေပြင်ဆင်ထားရမလဲဆိုတဲ့ မေးခွန်းအတွက် ကိုယ်နဲ့နယ်ပယ်တစ်ခုထဲလုပ်ကိုင်နေတဲ့ သူတွေဆီကအကြံဉာဏ်တောင်းပါ တိုင်ပင်ဆွေးနွေးပါ ။

AI စိန်ခေါ်မှုဟာ မလွဲမသွေရင်ဆိုင်ရမှာဖြစ်တာကြောင့် အပေါ်မှာပြောခဲ့တဲ့အချက်လေးတွေကို သတိထားပြီး ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ ဖော်ပြလိုက်ပါတယ် ။

"သားရေကွင်းပဲ မကျန်ရလေအောင်"လစာက မလောက်တာလား ?ကိုယ်က လောက်အောင်မသုံးတာလား ?ဒီမေးခွန်းနှစ်ခုအတွက် အဖြေရှာရခက်နေပြီဆိုရင်တ...
02/06/2023

"သားရေကွင်းပဲ မကျန်ရလေအောင်"

လစာက မလောက်တာလား ?
ကိုယ်က လောက်အောင်မသုံးတာလား ?
ဒီမေးခွန်းနှစ်ခုအတွက် အဖြေရှာရခက်နေပြီဆိုရင်တော့ သင်က သားရေကွင်းစုဆောင်းသူဆိုတာ 80% သေချာပါပြီ ။

လခထုတ်ပြီးတိုင်း ဘာမှလည်းမစုမိဘူး ဘာမှလည်းသေချာမသုံးလိုက်ရဘူးဆိုတဲ့ သူတွေအတွက် ကိုယ့်လစာငွေကိုစနစ်တကျနဲ့သုံးစွဲတတ်ဖို့ သိထားရမယ့်အချက်လေးတွေကို ဝေမျှပေးချင်ပါတယ် ။

📌 ပေးစရာရှိတာ အရင်ပေးပါ ။
ဒီနေရာမှာ ပေးစရာရှိတာအရင်ပေးပါဆိုတာ အကြွေးတွေမဟုတ်ဘဲ မီတာခ၊အိမ်ခန်းခ၊wifi ခ စတဲ့ မဖြစ်မနေအသုံးစရိတ်တွေကို ပေးခိုင်းတာပါ ။ ဖြုန်းစရာထက် သုံးစရာတွေကို အရင်ဦးစားပေးလိုက်ခြင်းက ကိုယ့်အတွက် အကြွေးလည်းမတင် ပုခုံးလည်းမလေးတော့ပါဘူး။

📌 တစ်လစာ အသုံးစရိတ်သတ်မှတ်ပါ ။
ကိုယ်ရှာတဲ့ပိုက်ဆံကို စီမံခန့်ခွဲနိုင်ဖို့က သားရေကွင်းမကျန်ဖို့အတွက် အဓိကအချက်ဖြစ်ပါတယ် ။
ဘယ်နေရာမှာ ဘယ်လောက်သုံးမယ် ဘာအတွက် ဘယ်လောက်ချန်ထားမယ်ဆိုတာကို ကိုယ့် limit နဲ့ကိုယ် ကြိုသတ်မှတ်ထားပါ ။
လူက June မှာ သုံးထားတာက August ရောက်နေပြီဆိုပြီး ဖြစ်လို့မရပါဘူး 🥹

📌 ကိုယ့် limit ကိုယ်သိပါ ။
ကိုယ်ကပိုက်ဆံစုချင်တယ်ဆို တစ်ခုခုလိုချင်တိုင်း တစ်ခုခုစားချင်တိုင်း ဒီအချက်ကို နှလုံးသွင်းထားဖို့လိုပါတယ် ။ ကိုယ်ရှာနိုင်တဲ့ပမာဏနဲ့ ကိုယ်သုံးချင်တဲ့ပမာဏ မျှရဲ့လားဆိုတာ အမြဲချင့်ချိန်ပြီးမှ သုံးစွဲပါ ။

📌 အကြွေးမတင်အောင်နေပါ ။
ပိုက်ဆံစုမိဖို့အတွက် အရေးအကြီးဆုံးအချက်ကတော့ အကြွေးကင်းရပါမယ် ။ အကြွေးနည်းလေ ပိုက်ဆံစုမိလေ အကြွေးများလေ တပြားမှမကျန်လေပါပဲ ။ မလောက်ငှရင် မသုံးဖို့ မဖြုန်းဖို့ ကိုယ့်ကိုကိုယ်အမြဲသတိပေးပါ။

📌 ကိုယ်ဘာတွေသုံးစွဲနေလဲ အမြဲစစ်ဆေးပါ ။
တစ်လနှစ်ခါလောက် ကိုယ်ဘာတွေသုံးလိုက်ပြီလဲ ဘယ်လောက်ကျန်သေးလဲ ဆိုတာကို စစ်ဆေးသင့်ပါတယ် ။ ဒါမှသာ ကိုယ့်အသုံးစရိတ်က လက်လွန်နေပြီလား အချိန်မီသေးလားသိရပြီး ချွေတာလို့ရမှာပါ ။

📌 အနာဂတ်ရှိသေးတယ်ဆိုတာ သတိရပါ။
ပိုက်ဆံဆိုတာ ရှိတိုင်းသုံးရင် ကုန်သွားရုံပါပဲ ။
ကိုယ့်ရဲ့ကျန်းမာရေး၊ပညာရေး၊မိသားစုရေး စတဲ့အနာဂတ်ကိစ္စတွေအတွက် စုဆောင်းဖို့ ကိုယ့်ကိုကိုယ်အမြဲသတိပေးပါ ။ ပြီးရင်တော့ နည်းနည်းဖြစ်စေ များများဖြစ်စေ ရသလောက်ကို စုမိအောင်စုပါလို့ ။

ဆိုတော့ လစာထုတ်တဲ့အခါတိုင်း သားရေကွင်းပဲမကျန်ရလေအောင် အပေါ်မှာပြောခဲ့တဲ့အချက်လေးတွေကို ဂရုစိုက်ပြီး စုဆောင်းဖို့ကြိုးစားကြည့်ပါဦးနော် ။

ဒီလအတွက်ရော သားရေကွင်းပဲကျန်တော့တာလား ဖြေခဲ့ကြပါဦးဗျာ ...

#လခ #လစာ

ဝန်ထမ်းတွေဟာ လစာပဲလိုချင်ကြတာလား ? အဖြေကတော့  "No" "No" "No" ပါပဲ just Business ပါလို့ ပြောကြပေမယ့် မသိစိတ်မှာတော့ ဝန်ထမ...
29/05/2023

ဝန်ထမ်းတွေဟာ လစာပဲလိုချင်ကြတာလား ?

အဖြေကတော့ "No" "No" "No" ပါပဲ
just Business ပါလို့ ပြောကြပေမယ့် မသိစိတ်မှာတော့ ဝန်ထမ်းအများစုဟာ ကိုယ့်ရဲ့အလုပ်ပေါ်မှာ သံယောဇဉ်ရှိပြီးတွယ်တာကြပါတယ် ။ အလုပ်ပေါ်မှာ သူတို့ပေးဆပ်ထားကြသလောက် သူတို့ပြန်မျှော်လင့်တာကလည်း လုပ်ခငွေကြေးသီးသန့်ပဲမဟုတ်တတ်ကြပါဘူး ။

ကိုယ့်ရဲ့ အလုပ်ရှင်ဆီက
ကိုယ့်ရဲ့လုပ်ငန်းခွင်ဆီက
သူတို့ဘာတွေမျှော်လင့်တတ်ကြလဲဆိုတာကို ဒီ post မှာ ဖော်ပြပေးချင်ပါတယ် ။

🔰အာမခံချက်ရှိတဲ့ အကျိုးခံစားခွင့်များ

ရသလောက်အသုံးချပြီး မလိုအပ်တော့တဲ့အချိန်ကျ စွန့်ပစ်တတ်ကြတဲ့ လုပ်ငန်းရှင်တွေဟာ ဝန်ထမ်းတွေအတွက် အိပ်မက်ဆိုးပါပဲ ။
ပင်စင်ယူတဲ့အခါမှာဖြစ်ဖြစ် နေထိုင်မကောင်းတဲ့ကာလအတွက်ဖြစ်ဖြစ် သင့်တင့်လျောက်ပတ်တဲ့ insurance တစ်ခုစီစဉ်ပေးဖို့ဟာ အလုပ်ရှင်တွေဆီက ဝန်ထမ်းတွေ အမျှော်လင့်ဆုံး အရာပါပဲ ။

🔰Work-Life balance

ဝန်ထမ်းတွေဟာ အလုပ်ချိန်မှာ အလုပ်အတွက်တာဝန်ကျေပွန်ကြသလို ကိုယ်ပိုင်အချိန်မှာလည်း မိသားစုအတွက် သူငယ်ချင်းအတွက် ကိုယ့်ဝါသနာအတွက် အချိန်ပေးချင်ကြပါတယ် ။
လုပ်ငန်းရှင်တွေက ကိုယ်ပိုင်အချိန်တွေအထိပါ အလုပ်တာဝန်တွေပေးနေမယ်ဆိုရင်တော့
အလုပ်နဲ့ ကိုယ်ရေးကိုယ်တာမကွဲတဲ့အလုပ်ကို
ဘယ်သူမှလုပ်ချင်ကြတော့မှာမဟုတ်ပါဘူး ။

🔰 တန်ဖိုးထားခံရခြင်း

အရည်အချင်းကို ငွေကြေးနဲ့ပေးဝယ်သလို သဘောထားတဲ့အလုပ်ရှင်တွေဟာ အဆိုးရွားဆုံးဖြစ်ပါတယ် ။ အလုပ်ရှင်နဲ့ ဝန်ထမ်း အပြန်အလှန်တန်ဖိုးထားဆက်ဆံမှသာ တိုးတက်တဲ့လုပ်ငန်းခွင်တစ်ခုဖြစ်လာမှာပါ ။ ဒါကြောင့် ကိုယ့်ရဲ့ဝန်ထမ်းတွေကို သူတို့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး ချီးကျူးပေးဖို့ အသိအမှတ်ပြုပေးဖို့ အမြဲတမ်းလိုအပ်ပါတယ် ။

🔰 တိုးတက်မှုအခွင့်အလမ်းများပေးခြင်း

"နင် ဒါကျွမ်းရင် ဒါပဲလုပ်" ဆိုတာမျိုးက ဝန်ထမ်းတွေရဲ့ သင်ယူလိုစိတ် တိုးတက်လိုစိတ်ကို ချိုးနှိမ်တာနဲ့အတူတူပါပဲ ။ ပိုကောင်းတဲ့အခွင့်အလမ်းတွေ ဖွင့်ပေးဖို့ ဆန်းသစ်တဲ့ စိန်ခေါ်မှုတွေနဲ့ ထိတွေ့ခွင့်‌ပေးဖို့ဟာ ဝန်ထမ်းတွေ လိုအပ်တဲ့အရာပါပဲ ။

🔰 နွေးထွေးတဲ့လုပ်ငန်းခွင်တစ်ခုဖန်တီးပေးခြင်း

ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ လုပ်ငန်းခွင်တစ်ခုက တိုးတက်လာဖို့ ဘာအခွင့်အရေးမှမရှိပါဘူး ။
ဒါကြောင့် အထက်ဖားအောက်ဖိတဲ့ ဆက်ဆံရေးတွေ
ကြီးနိုင်ငယ်ညှင်းဓလေ့တွေ မရှိတဲ့လုပ်ငန်းခွင်ဖြစ်မှသာ စည်းလုံးမှုရှိတဲ့လုပ်ငန်းခွင်တစ်ခုဖြစ်လာပြီး အလုပ်ရှင်တွေအတွက်ရော ဝန်ထမ်းတွေအတွက်ရော လုပ်ငန်းအတွက်ရော အကျိုးရှိစေမှာပါ ။

အပြန်အလှန်အနေနဲ့ ဝန်ထမ်းတွေဟာ ငွေကြေးပဲလိုချင်ကြတာမဟုတ်သလို အလုပ်ရှင်တွေဟာလည်း ဖြစ်သလိုလုပ်တဲ့ ဝန်ထမ်းတွေကို လိုချင်ကြမှာမဟုတ်ပါဘူး ။

ဒါကြောင့် ဒီစာကိုဖတ်နေတဲ့သင်က အလုပ်ရှင်ဖြစ်စေ ဝန်ထမ်းဖြစ်စေ နှစ်ဦးနှစ်ဖက် နားလည်မှုရှိတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်လာဖို့ သတိထားရမယ့်အချက်လေးတွေကို မှတ်မိနိုင်ကြပါစေလို့ ရည်ရွယ်ရင်း အဆုံးသတ်လိုက်ပါတယ် ။

#လုပ်ငန်းခွင် #အလုပ်ရှင် #အလုပ်သမား

ဈေးမရောင်းတတ်ရင် ဒီကိုလာ...သင်က Online Shopping လုပ်နေတဲ့သူတစ်ယောက်လား ?Online စီးပွားရေးတစ်ခု စတင်ချင်တဲ့သူလား ?  ဒါဆို...
18/05/2023

ဈေးမရောင်းတတ်ရင် ဒီကိုလာ...

သင်က Online Shopping လုပ်နေတဲ့သူတစ်ယောက်လား ?
Online စီးပွားရေးတစ်ခု စတင်ချင်တဲ့သူလား ?
ဒါဆိုရင်တော့ ဒီကမ်းလှမ်းမှုလေးကို လမ်းကြုံနားထောင်ကြည့်သွားပါဦး 💁

အရပ်ဈေးထဲမှာ ပစ္စည်းချရောင်းတာလွယ်ပေမယ့် အွန်လိုင်းဈေးကွက်မှာ ဆိုင်နေရာချဖို့ဆိုတာကတော့ ကောက်ရိုးပုံထဲ အပ်ရှာရသလိုပါပဲ
Product တူတွေ မှိုလိုပေါနေတဲ့ ဆိုင်တွေအပုံကြီးထဲကမှ ကိုယ့်ဆီကို customers တွေရောက်လာဖို့ဆိုရင် အားကောင်းတဲ့ Marketing Plan တစ်ခုရှိကိုရှိရပါမယ် ။

Marketing Plan ဆိုတာကတော့ ဘယ်ပစ္စည်းကို ဘယ်ဈေးနှုန်းနဲ့ ဘယ်နေရာမှာ ဘယ်လိုရောင်းမလဲ ဆိုတဲ့ step by step ရေရှည်အစီအစဉ်တစ်ခုဖြစ်ပါတယ် ။

ဒီလို Plan တစ်ခုအတွက် Idea ကစလို့ ကြော်ငြာ ၊ content s ၊ ဒီဇိုင်း ၊ Logo ၊ service အထိ ကျွန်တော်တို့ Hyper Team က ကူညီပေးဖို့အသင့်ပါပဲ။

ဆိုတော့ ကျွန်တော်တို့က တံတားထိုးပေးပါမယ်
မိတ်ဆွေတို့က နင်းလျှောက်သွားလိုက်ပါ ...

===================================

The Hype Myanmar တွင်ရယူနိုင်သော Digital Marketing ဝန်ဆောင်မှုများ -

https://m.facebook.com/story.php?story_fbid=135670299456955&id=100090419575646&mibextid=Nif5oz

တနင်္လာနေ့တွေကို ဘာလို့မုန်းကြတာလဲ ? မန်းဒေးမရောက်ချင်ဘူးဆိုတဲ့ စကားဟာ ကျွန်တော်တို့လို အလုပ်လုပ်နေကြတဲ့လူငယ်တွေကြားမှာ ...
15/05/2023

တနင်္လာနေ့တွေကို ဘာလို့မုန်းကြတာလဲ ?

မန်းဒေးမရောက်ချင်ဘူးဆိုတဲ့ စကားဟာ ကျွန်တော်တို့လို အလုပ်လုပ်နေကြတဲ့လူငယ်တွေကြားမှာ အမြဲလိုလိုကြားနေရတဲ့ စကားတစ်ခုဖြစ်ပါတယ် ။

ဒါဆိုရင် အလုပ်သမားတွေဟာ ရုံးဖွင့်ရက်ငါးရက်ထဲမှာ တနင်္လာနေ့ကိုမှ ဘာလို့မရောက်ချင်ကြတာဖြစ်မလဲ ?

1️⃣ မိမိအလုပ်ကိုမုန်းခြင်း
လေ့လာချက်တွေအရ အသက် 25နှစ်အောက်အလုပ်သမားတွေရဲ့ 39% ဟာ ကိုယ့်ရဲ့အလုပ်နဲ့ပတ်သတ်ပြီး မကျေနပ်ချက်အများဆုံးပါပဲတဲ့ ။ အလုပ်ကိုမုန်းတာကြောင့် တနင်္လာနေ့တွေကိုပါ မုန်းသွားကြတဲ့အဖွဲ့ပါ ။

2️⃣ အားလပ်ရက်ကုန်ဆုံးသွားခြင်း
စာရွက်စာတမ်းတွေ Emails တွေ Deadlines တွေနဲ့ကင်းဝေးသွားတဲ့ပိတ်ရက်တွေဟာ အလုပ်သမားတွေရဲ့ comfort zone ဖြစ်ပါတယ်။ ဒီလိုအပြည့်အဝပျော်ထားရတဲ့ Sunday အပြီးမှာ အိပ်ယာထတာနဲ့ရုံးသွားရမယ့်အဖြစ်ဟာ shock ရစရာကောင်းနေတာကြောင့်ပါတဲ့ ။

3️⃣ Monday Virus ဝင်သွားခြင်း
ကမ္ဘာလုံးဆိုင်ရာမုန်းကြတဲ့နေ့ဖြစ်တာကြောင့်
မသိစိတ်ကနေ အလိုလိုမုန်းသွားတဲ့ Monday Virus ကူးစက်ခံလိုက်ရတဲ့ Workers တွေဖြစ်ပါတယ် ။

4️⃣ Negative Energy များနေခြင်း
တစ်ဖက်ကနေပြန်ကြည့်တဲ့အခါ တနင်္လာနေ့တွေဟာ ကိုယ့်အတွက် အခွင့်အရေးအသစ်တွေစောင့်ကြိုနေတဲ့ ရက်တွေလည်းဖြစ်နိုင်ပါတယ် ။ ဒါကြောင့် Negative Thoughts တွေကိုလျော့ပြီး အကောင်းမြင်စိတ်နဲ့ကြည့်ပေးမယ်ဆိုရင် တနင်္လာနေ့ဟာ သင်ထင်သလောက်မုန်းစရာတော့ကောင်းမနေပါဘူး ။

5️⃣ အိပ်ရေးမဝခြင်း
စောစောထတာငှက်ပဲရှိပါတယ် ဟူးမန်းတွေကတော့ မထချင်ကြဘူးလေနော်
နှစ်ရက်ဆက်တိုက် အပြည့်အဝအနားယူပြီးတဲ့နောက်မှာ 5ရက်ဆက်တိုက် "စောစောထ အလုပ်သွား" ရမယ့် process ကြောင့် တနင်္လာနေ့တွေကို အများစုကမုန်းကြတာလည်းဖြစ်ပါတယ် ။

မိတ်ဆွေတို့ရော ဘယ်လိုအချက်တွေကြောင့် တနင်္လာနေ့ကို မုန်းဖူးခဲ့ကြလဲ ဝေမျှပေးသွားပါဦး ?

"Happy Mother's Day"ယနေ့ကျရောက်သော အမေများနေ့တွင် အမေများအားလုံး ကျန်းမာပျော်ရွှင်ပြီး  ချစ်ရတဲ့မိသားစုနဲ့ ပျော်ရွှင်စွာ...
14/05/2023

"Happy Mother's Day"

ယနေ့ကျရောက်သော အမေများနေ့တွင်
အမေများအားလုံး ကျန်းမာပျော်ရွှင်ပြီး ချစ်ရတဲ့မိသားစုနဲ့ ပျော်ရွှင်စွာအချိန်ကုန်ဆုံးနိုင်ကြပါစေလို့
The Hype Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။



#အမေများနေ့

Business မှာ ဗေဒင်ယတြာတွေမရှိပါဘူးနည်းလမ်းတကျနဲ့ တိုင်ပင်ဆွေးနွေးဦး‌ဆောင်ပေးမယ့် Marketing Agency တစ်ခုပဲလိုပါတယ် ပြောင...
10/05/2023

Business မှာ ဗေဒင်ယတြာတွေမရှိပါဘူး
နည်းလမ်းတကျနဲ့ တိုင်ပင်ဆွေးနွေးဦး‌ဆောင်ပေးမယ့် Marketing Agency တစ်ခုပဲလိုပါတယ်

ပြောင်းလဲလာတဲ့ဈေးကွက်နဲ့ တိုးတက်လာတဲ့နည်းပညာကြားမှာ အပြိုင်အဆိုင်တွေကိုကျော်ဖြတ်ပြီး အောင်မြင်မှုရယူဖို့ မိတ်ဆွေတို့ရဲ့ ယုံကြည်မှုရယ် ကျွန်ုပ်တို့ရဲ့ အာမခံချက်ရယ် ပေါင်းစည်းလိုက်ကြရအောင်ပါ 🤝

⚡ ချိုသာတဲ့ service fee
⚡ ထိရောက်တဲ့ရလဒ်
⚡ ယုံကြည်ရတဲ့ဝန်ဆောင်မှုတွေနဲ့ ကျွန်တော်တို့ The Hype Myanmar ကနေ ရယူနိုင်တဲ့ Digital Marketing Services တွေကတော့

🔷 Content Marketing
Headline ကနေ ပုဒ်မချတဲ့အထိ ဆွဲခေါ်နိုင်မယ့် quality အပြည့်ဖန်တီးထားတဲ့ content တွေနဲ့ ကိုယ့်စီးပွားရေးကို တန်ဆာဆင်လိုက်ပါ ။

🔷 Influencer Marketing
Brand Awareness တွေသန်းချီရောက်ပြီး
ကိုယ့် product နဲ့လည်းလိုက်ဖက်မယ့် Influencer Marketing ဝန်ဆောင်မှုလိုချင်ရင်လည်း The Hype Myanmar ကဆောင်ရွက်ပေးနေပါပြီ။

🔷 Email Marketing
ကိုယ့် လုပ်ငန်းရဲ့ update news တွေ ဝန်ဆောင်မှုအသစ်တွေ လျှော့ဈေးတွေကို customers တွေဆီ အချိန်မှန် သတင်းပါးပေးမယ့် Email Marketing ဝန်ဆောင်မှုလည်းရှိပါတယ်။

🔷 Social Media Marketing
လူတိုင်းအသုံးပြုနေတဲ့ Social Media ပေါ်မှာ ကိုယ့်စီးပွားရေးလုပ်ငန်းကို ချဲ့ထွင်ထားဖို့လိုတယ်‌နော်
ဒီအတွက်လည်း The Hype Myanmar ကတာဝန်ယူကူညီပေးနေပါပြီ ။

🔷 Event Design and Video
စာအုပ်ကို အဖုံးနဲ့ဆုံးဖြတ်လို့မရဘူးဆိုတာ သေချာရဲ့လား ?
မျက်စိပသာဒဖြစ်ပြီး Trend နဲ့လည်းအညီ စီးမြောသစ်လွင်နေတဲ့ ဖန်တီးမှုဒီဇိုင်းတွေကို လိုနေပြီဆို The Hype Myanmar ကိုသာ ပုံအပ်လိုက်ပါ ။

🔷 Translation Service ( E to Mm , Mm to E )
ကျောင်းအတွက်ပဲလိုလို အလုပ်အတွက်ပဲလိုလို
တိကျမှန်ကန်တဲ့အရည်အသွေးနဲ့ မြန်မြန်ဆန်ဆန်ဘာသာပြန်ဖို့လိုအပ်နေပြီဆိုရင် ကျွန်တော်တို့ဆီက အတွေ့အကြုံရှိပြီးအရည်အချင်းပြည့်ဝတဲ့ ဘာသာပြန်တွေဆီကနေ ဝန်ဆောင်မှုရယူနိုင်ပါပြီ ။

🔷 Integrated Marketing
Marketing Communication တစ်ခုလုံးခြုံငုံတာဝန်ယူပေးမယ့် All In One - Integrated Marketing ဝန်ဆောင်မှုကိုလည်း The Hype Myanmar မှာရယူနိုင်ပါတယ်။

🔷 SEM ( Search Engine Marketing) & SEO ( Search Engine Optimization)
လူသန်းပေါင်းများစွာအသုံးပြုနေကြတဲ့ internet ပေါ်မှာ ကိုယ့်ရဲ့ အရောင်း post တွေ website တွေကို ထိပ်ဆုံးကမြင်စေချင်ပြီလား ?
#1 နေရာကို အရောက်ပို့ပေးမယ့် SEM , SEO service တွေကို The Hype Myanmar မှာရယူလိုက်ပါ ။

🔷 Strategic Media Buying
100% Target Audience ဆီအရောက်ပို့ပေးမယ့်အပြင် ရောင်းအားတွေပါခုန်ထိုးတက်လာစေဖို့ ဗျူဟာကျကျနဲ့ ဝန်ဆောင်မှုပေးမယ့် Media Buying service ကိုလည်း The Hype Myanmar မှာရရှိနိုင်ပါတယ်။

အသေးစိတ် သိရှိလိုသည်များအတွက် ဆက်သွယ်ရန် -
☎️ 09-980019999
📧 [email protected]


Teamwork is the Key ✨ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ လုပ်ငန်းခွင်က အောင်မြင်ဖို့ခက်ခဲပါတယ် ကိစ္စတစ်ခုခု အောင်အောင်မြင်မြင်ပ...
08/05/2023

Teamwork is the Key ✨
ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ လုပ်ငန်းခွင်က အောင်မြင်ဖို့ခက်ခဲပါတယ်
ကိစ္စတစ်ခုခု အောင်အောင်မြင်မြင်ပြီးမြောက်ဖို့ဆိုခေါင်းဆောင်နဲ့နောက်လိုက်အတွဲညီဖို့က အဓိကပါပဲ ။

Logo တစ်ခုအတွက် သူတို့ဘယ်လောက်သုံးစွဲခဲ့ကြလဲ? ဒီမှာ ဖော်ပြထားတာကတော့ လူတိုင်းနီးပါးမြင်ဖူးကြလောက်မယ့် နာမည်ကျော် Logo တွ...
05/05/2023

Logo တစ်ခုအတွက် သူတို့ဘယ်လောက်သုံးစွဲခဲ့ကြလဲ?

ဒီမှာ ဖော်ပြထားတာကတော့ လူတိုင်းနီးပါးမြင်ဖူးကြလောက်မယ့် နာမည်ကျော် Logo တွေရဲ့ ဒီဇိုင်းခဖြစ်ပါတယ် ။

Logo ဆိုတာ ကိုယ့်လုပ်ငန်းအတွက် မျက်နှာပါပဲ
Brand တစ်ခုရဲ့ First Impression ကို Logo ကဖော်ပြပေးနိုင်ပြီး အများနဲ့မတူကွဲပြားနိုင်စေတဲ့ အချက်လည်းဖြစ်ပါတယ် ။

အချို့အဝတ်အစားအမှတ်တံဆိပ်တွေဆို ဒီဇိုင်းထက် Logo ကိုပေးဝယ်ရတဲ့အထိတောင် Logo တစ်ခုရဲ့ impact က သက်ရောက်မှုကြီးပါတယ်။

ဒါကြောင့် Logo တစ်ခုရေးဆွဲတဲ့အခါ ပြီးစလွယ်မလုပ်ဘဲ ကိုယ့်လုပ်ငန်းရဲ့အုတ်မြစ်ကို သေချာလေးချကြပါလို့... ။

🙏 ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ 🙏၂၀၂၃ ခုနှစ် မေလ (၃) ရက်နေ့တွင် ကျရောက်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အခါသ...
03/05/2023

🙏 ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ 🙏

၂၀၂၃ ခုနှစ် မေလ (၃) ရက်နေ့တွင် ကျရောက်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အခါသမယတွင်
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံပါစေကြောင်း The Hype Myanmar မိသားစုမှ ဆုမွန်‌ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

#ကဆုန်လပြည့်နေ့

၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သော "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" အား The Hype Myanmar မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်...
01/05/2023

၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သော "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" အား The Hype Myanmar မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည် ။

နယ်ပယ်အရပ်ရပ်တွင်
တာဝန်ထမ်းဆောင်လုပ်ကိုင်နေကြသော အလုပ်သမား/ ဝန်ထမ်းများအားလုံး ပျော်ရွှင်ဖွယ်အားလပ်ရက်လေး ပိုင်ဆိုင်ကြပါစေ ။

# #အလုပ်သမားနေ့

AI နဲ့ fake ထားတဲ့ ဓာတ်ပုံတွေကို AI နဲ့ပြန်စစ်လို့ရပါတယ် ✅ဒီရက်ပိုင်းမှာ AI နဲ့ဖန်တီးထားတဲ့ဓာတ်ပုံတွေ လိုက်ဖြန့်တဲ့အကြော...
30/04/2023

AI နဲ့ fake ထားတဲ့ ဓာတ်ပုံတွေကို AI နဲ့ပြန်စစ်လို့ရပါတယ် ✅

ဒီရက်ပိုင်းမှာ AI နဲ့ဖန်တီးထားတဲ့ဓာတ်ပုံတွေ လိုက်ဖြန့်တဲ့အကြောင်းနဲ့ပတ်သတ်လို့ ကြားမိကြမှာပါ။
အသေးစိတ်သေချာကြည့်မယ်ဆိုရင် original နဲ့ AI ဖန်တီးထားတဲ့ဓာတ်ပုံတွေဟာ ကွဲပြားပေမယ့်
အတော်ကြမ်းလာတဲ့ AI နည်းပညာတွေမှာတော့ ခွဲခြားလို့မရအောင်ဖြစ်နေတာတွေလည်းရှိပါတယ်။

ဒီတော့ ဓာတ်ပုံတစ်ပုံဟာ AI လား Original လားဆိုတာကို စစ်ဆေးလို့ရမယ့် အလွယ်ကူဆုံးနဲ့ Free သုံးလို့ရတဲ့ website နှစ်ခုကို share ပေးချင်ပါတယ် ။

ကိုယ်စစ်ဆေးချင်တဲ့ image ကို upload လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း AI လား Original လားဆိုတာ အဖြေထုတ်ပေးမှာပါ ။

100% အတိအကျမဟုတ်ပေမယ့် အတိုင်းအတာတစ်ခုထိ အသုံးချလို့ရတဲ့ website တွေဖြစ်ပါတယ်။

Illuminarty
https://app.illuminarty.ai/

Hugging Face
https://huggingface.co/spaces/umm-maybe/AI-image-detector

( အနုပညာရှင်ဓာတ်ပုံများမှာ ဥပမာပြရန်သာ ယူသုံးစွဲထားခြင်းဖြစ်ပါသည် )

27/04/2023

ပြိုင်ဆိုင်မှုတွေကြားထဲက တိုးထွက်ဖို့
The Hype Myanmar နဲ့လက်တွဲနိုင်ရန် ဖိတ်ခေါ်ပါတယ် 🙏💙

တစ်ယောက်ထဲတိုးလို့မပေါက်တဲ့ ဈေးကွက်ပြိုင်ဆိုင်မှုထဲမှာ ရုန်းလေနစ်လေမဖြစ်ရအောင် လျင်လျင်မြန်မြန်နဲ့ အမြင့်ဆုံးထိသွားကြမလား...

Digital Marketing မပါရင် ဘာမှအလုပ်မဖြစ်တော့တဲ့ စီးပွားရေးနယ်ပယ်မှာ ကိုယ့်လုပ်ငန်းအတွက်
✅ချိုသာတဲ့ service fee
✅ထိရောက်တဲ့ရလဒ်
✅ထူးခြားတဲ့အရည်အသွေးတို့နဲ့
အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ service တစ်ခုကို ရှာနေပြီဆိုရင်တော့ ကျွန်တော်တို့ The Hype Myanmar ကိုသာ ပုံအပ်လိုက်ပါတော့

ဒီလိုအရည်အချင်းတွေနဲ့ ဝန်‌ဆောင်မှုအပြည့်အဝပေးနေတဲ့ ကျွန်တော်တို့ The Hype Myanmar မှာရရှိနိုင်တဲ့ services တွေကတော့ -
🔷 Content Marketing
Headline ကနေ ပုဒ်မချတဲ့အထိ ဆွဲခေါ်နိုင်မယ့် quality အပြည့်ဖန်တီးထားတဲ့ content တွေနဲ့ ကိုယ့်စီးပွားရေးကို တန်ဆာဆင်လိုက်ပါ ။

🔷 Influencer Marketing
Brand Awareness တွေသန်းချီရောက်ပြီး
ကိုယ့် product နဲ့လည်းလိုက်ဖက်မယ့် Influencer Marketing ဝန်ဆောင်မှုလိုချင်ရင်လည်း The Hype Myanmar ကဆောင်ရွက်ပေးနေပါပြီ။

🔷 Email Marketing
ကိုယ့် လုပ်ငန်းရဲ့ update news တွေ ဝန်ဆောင်မှုအသစ်တွေ လျှော့ဈေးတွေကို customers တွေဆီ အချိန်မှန် သတင်းပါးပေးမယ့် Email Marketing ဝန်ဆောင်မှုလည်းရှိပါတယ်။

🔷 Social Media Marketing
လူတိုင်းအသုံးပြုနေတဲ့ Social Media ပေါ်မှာ ကိုယ့်စီးပွားရေးလုပ်ငန်းကို ချဲ့ထွင်ထားဖို့လိုတယ်‌နော်
ဒီအတွက်လည်း The Hype Myanmar ကတာဝန်ယူကူညီပေးနေပါပြီ ။

🔷 Event Design and Video
စာအုပ်ကို အဖုံးနဲ့ဆုံးဖြတ်လို့မရဘူးဆိုတာ သေချာရဲ့လား ?
မျက်စိပသာဒဖြစ်ပြီး Trend နဲ့လည်းအညီ စီးမြောသစ်လွင်နေတဲ့ ဖန်တီးမှုဒီဇိုင်းတွေကို လိုနေပြီဆို The Hype Myanmar ကိုသာ ပုံအပ်လိုက်ပါ ။

🔷 Translation Service ( E to Mm , Mm to E )
ကျောင်းအတွက်ပဲလိုလို အလုပ်အတွက်ပဲလိုလို
တိကျမှန်ကန်တဲ့အရည်အသွေးနဲ့ မြန်မြန်ဆန်ဆန်ဘာသာပြန်ဖို့လိုအပ်နေပြီဆိုရင် ကျွန်တော်တို့ဆီက အတွေ့အကြုံရှိပြီးအရည်အချင်းပြည့်ဝတဲ့ ဘာသာပြန်တွေဆီကနေ ဝန်ဆောင်မှုရယူနိုင်ပါပြီ ။

🔷 Integrated Marketing
Marketing Communication တစ်ခုလုံးခြုံငုံတာဝန်ယူပေးမယ့် All In One - Integrated Marketing ဝန်ဆောင်မှုကိုလည်း The Hype Myanmar မှာရယူနိုင်ပါတယ်။

🔷 SEM ( Search Engine Marketing) & SEO ( Search Engine Optimization)
လူသန်းပေါင်းများစွာအသုံးပြုနေကြတဲ့ internet ပေါ်မှာ ကိုယ့်ရဲ့ အရောင်း post တွေ website တွေကို ထိပ်ဆုံးကမြင်စေချင်ပြီလား ?
#1 နေရာကို အရောက်ပို့ပေးမယ့် SEM , SEO service တွေကို The Hype Myanmar မှာရယူလိုက်ပါ ။

🔷 Strategic Media Buying
100% Target Audience ဆီအရောက်ပို့ပေးမယ့်အပြင် ရောင်းအားတွေပါခုန်ထိုးတက်လာစေဖို့ ဗျူဟာကျကျနဲ့ ဝန်ဆောင်မှုပေးမယ့် Media Buying service ကိုလည်း The Hype Myanmar မှာရရှိနိုင်ပါတယ်။

Marketing Services အမျိုးမျိုးအဖုံဖုံ စုံစုံလင်လင်နဲ့ လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများအတွက် သက်သက်သာသာနဲ့ အကျိုးရှိတဲ့ရလဒ်တွေကို The Hype Myanmar နဲ့အတူဖန်တီးလိုက်ကြရအောင်ပါ ။

အသေးစိတ် သိရှိလိုသည်များအတွက် ဆက်သွယ်ရန် -
☎️ 09-980019999
📧 [email protected]

ကိုယ်က Business Page တစ်ခုကို Run နေရတဲ့သူဆိုရင် ဒီပို့စ်လေးကို အချိန်ခဏပေးပြီး ဖတ်ကြည့်စေချင်ပါတယ် Post တင်ထားတယ် Boost...
26/04/2023

ကိုယ်က Business Page တစ်ခုကို Run နေရတဲ့သူဆိုရင် ဒီပို့စ်လေးကို အချိန်ခဏပေးပြီး ဖတ်ကြည့်စေချင်ပါတယ်

Post တင်ထားတယ် Boost ထားတယ် ဆိုရုံနဲ့ page တစ်ခုက engagement ကောင်းမလာပါဘူး
ကိုယ့်ရဲ့ page ကို အမြဲတမ်း active ဖြစ်ပြီး followers တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရချင်တယ်ဆိုရင်တော့ နေ့စဉ်ပြုလုပ်ပေးသင့်တဲ့ အချက်လေးတွေကို share ပေးချင်ပါတယ်

𝘿𝙖𝙞𝙡𝙮 𝘾𝙝𝙚𝙘𝙠𝙡𝙞𝙨𝙩 𝙛𝙤𝙧 𝘽𝙪𝙨𝙞𝙣𝙚𝙨𝙨 𝙋𝙖𝙜𝙚

✅ chat box က messages တွေအားလုံးကို reply ပြန်ပေးပါ
( hi တစ်လုံးပဲဖြစ်ဖြစ် မဆိုင်တဲ့မေးခွန်းပဲဖြစ်ဖြစ် ကိုယ့်ဘက်က service ပေးဖို့အရေးကြီးပါတယ်)

✅ comment/ share notifications တွေအားလုံးကို စစ်ဆေးပေးပါ
( ကိုယ့်ရဲ့ followers တွေနဲ့ ရင်းနှီးဖို့အတွက် မဖြစ်မနေလုပ်ရမယ့်အရာဖြစ်ပါတယ်
ဒီလိုစစ်ဆေးခြင်းကနေ ကိုယ့်လုပ်ငန်းရဲ့ အားသာချက် အားနည်းချက်တွေကိုလည်း သိရှိပြင်ဆင်နိုင်ပါတယ်)

✅ ကိုယ်နဲ့အလားတူ page 2ခု လောက်ကို Like လုပ်ပြီး posts 5ခု လောက်မှာ comment ရေးပေးပါ
( Facebook AI ဟာ အသုံးပြုသူတွေရဲ့ interest ပေါ်လိုက်ပြီး Ad တွေပြပေးတာကြောင့် ဒီလိုလုပ်ခြင်းက organic engagement တက်စေပါတယ် )

✅ ကိုယ့် product/ brand နဲ့သက်ဆိုင်လောက်မယ့် နိုင်ငံတကာ သတင်းဆောင်းပါးတွေရှိရင် post တင်ပေးပါ
( ဥပမာပြောရရင် ကိုယ်က အလှကုန်ရောင်းတဲ့သူဆို
Brand တွေက ကုန်ပစ္စည်းအသစ်ထုတ်တာတို့
Celebrity တွေက သုံးထားတာတို့ရှိရင် ပြန်တင်ပေးတာမျိုးပါ )

✅ post something
( ဓာတ်ပုံဖြစ်ဖြစ် စာဖြစ်ဖြစ် သူများ post ကိုပြန် shr တာဖြစ်ဖြစ် ကြိုက်တာတင်လို့ရပါတယ်
page အမြဲ active ဖြစ်နေဖို့အတွက် အလေ့အကျင့်လေးတစ်ခုဖြစ်သွားစေမှာပါ )

Happy Eid Mubarak 🤍✨Eid ul-Fitr နေ့ထူးနေ့မြတ်လေးမှာချမ်းသာပျော်ရွှင်ခြင်းတွေ ရရှိပိုင်ဆိုင်ပြီး ပျော်ရွှင်စရာ နေ့ရက်လေးဖ...
22/04/2023

Happy Eid Mubarak 🤍✨

Eid ul-Fitr နေ့ထူးနေ့မြတ်လေးမှာ
ချမ်းသာပျော်ရွှင်ခြင်းတွေ ရရှိပိုင်ဆိုင်ပြီး
ပျော်ရွှင်စရာ နေ့ရက်လေးဖြစ်ပါစေလို့ The Hype Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ✨


Hashtag ( #) တွေဘာလို့ ထည့်ရေးသင့်တာလဲ? Social Media Posts တော်တော်များများရဲ့ အဆုံးသတ်မှာ တွေ့ရတတ်တဲ့  # လေးတွေကို မြင်...
19/04/2023

Hashtag ( #) တွေဘာလို့ ထည့်ရေးသင့်တာလဲ?

Social Media Posts တော်တော်များများရဲ့ အဆုံးသတ်မှာ တွေ့ရတတ်တဲ့ # လေးတွေကို မြင်ဖူးကြတယ်မဟုတ်လား
Hashtag ဆိုတာကတော့ ကိုယ်ရေးထားတဲ့ စာ /ပုံ နဲ့ သက်ဆိုင်တဲ့ keyword လေးတွေကို ဆိုပြီး တွဲရေးတဲ့ပုံစံဖြစ်ပါတယ် ။

ဒီ # လေးတွေ အလုပ်လုပ်ပုံကတော့ ရိုးရှင်းပါတယ်
လေးကို Click လိုက်တာနဲ့ အဲ့ဒီစကားလုံးနဲ့တွဲရေးထားတဲ့ posts တွေအကုန်လုံးကို ဖော်ပြပေးတာဖြစ်ပါတယ်

ဒါကြောင့် ကိုယ့်ရဲ့ posts တွေမှာ # လေးတွေထည့်ရေးမယ်ဆိုရင်

✅public attention ရနိုင်ခြင်း
( followers မဟုတ်တဲ့သူတွေဆီ‌ကိုတောင် ကိုယ့်ရဲ့ content တွေကရောက်ရှိနိုင်ပါတယ်)

✅brand awareness ရယူနိုင်ခြင်း
( Brand name ကို # နဲ့တွဲရေးခြင်းက ကိုယ့်ထုတ်ကုန်ရဲ့ အမှတ်တံဆိပ်ကို လူတွေမှတ်မိလွယ်စေပါတယ် )

✅ရှာဖွေရလွယ်ကူစေခြင်း
( # ထည့်ရေးထားခြင်းက target audience က ကိုယ့်ဆီကို တိုက်ရိုက်ရောက်ရှိစေနိုင်တဲ့ နည်းလမ်းလည်းဖြစ်ပါတယ်)

# ထည့်ရေးခြင်းဟာ လွယ်လွယ်ကူကူနဲ့ ကိုယ့်ရဲ့ content တွေကို engagement ကောင်းစေမယ့် နည်းလမ်းဖြစ်တာကြောင့် သုံးကြည့်ကြပါဦး ။

🙏 မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများနှင့် ပြည့်စုံကာ တစ်နှစ်ပတ်လုံး ကျန်းမာရွှင်လန်း...
17/04/2023

🙏 မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ

စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများနှင့်
ပြည့်စုံကာ
တစ်နှစ်ပတ်လုံး ကျန်းမာရွှင်လန်း၍
စီးပွားဥစ္စာလာဘ်လာဘများ တိုးတက်ပါစေကြောင်း
The Hype Myanmar မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ် ✨

#နှစ်ဆန်းတစ်ရက်

ဘယ်အချက်တွေက Facebook ကို No.1 အွန်လိုင်းဈေးကွက်ဖြစ်အောင် လုပ်ပေးနေတာလဲ? 🌐 အသုံးပြုသူ များပြားခြင်းမြန်မာနိုင်ငံရဲ့အကြီး...
15/04/2023

ဘယ်အချက်တွေက Facebook ကို No.1 အွန်လိုင်းဈေးကွက်ဖြစ်အောင် လုပ်ပေးနေတာလဲ?

🌐 အသုံးပြုသူ များပြားခြင်း
မြန်မာနိုင်ငံရဲ့အကြီးမားဆုံး digital platform ဖြစ်တဲ့ Facebook ဟာ နေ့စဉ်အသုံးပြုသူ 1 ဘီလီယံကျော်ရှိပါတယ်။ ဒီလိုအသုံးပြုသူများပြားခြင်းက Target Audience ရှာဖွေဖို့လွယ်ကူတဲ့အတွက် Digital Marketers တွေဟာ Facebook Marketing ကိုလက်မလွှတ်ကြတာဖြစ်ပါတယ်။

💲ကြော်ငြာခ အလွန်သက်သာခြင်း
ကြိုက်တဲ့နေရာမှာ ကြော်ငြာထည့်ကြည့် Facebook Ads တွေလောက် ကြော်ငြာခသက်သာတာမရှိပါဘူး ။ ကုန်ကျငွေသက်သက်သာသာနဲ့ Target Audience ကိုထိထိရောက်ရောက်ကြော်ငြာနိုင်ပြီး ညှိနှိုင်းဆွေးနွေးရတဲ့ကိစ္စတွေလည်းမရှိတာကြောင့် လွယ်လွယ်ကူကူပဲ ကိုယ့်လုပ်ငန်းကိုအွန်လိုင်းမှာ ဈေးကွက်ချဲ့ထွင်နိုင်ပါတယ် ။

📑ကြော်ငြာနည်းလမ်းများစွာရှိခြင်း
Video Ads, Image Ads, Carousel Ads, Stories Ads စတဲ့ အမျိုးမျိုးသော ကြော်ငြာနည်းလမ်းတွေရှိခြင်းက လုပ်ငန်းရှင်တွေအတွက် ကိုယ့်လုပ်ငန်းနဲ့လိုက်ဖက်မယ့် ကြော်ငြာနည်းလမ်းကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်ပါသေးတယ် ။

📊ထိရောက်မှုတိုင်းတာနိုင်ခြင်း
Facebook Insights ရဲ့ အကူအညီနဲ့ ကိုယ့်ကြော်ငြာဟာ ထိရောက်မှုရှိရဲ့လားဆိုတာကို ကြည့်ရှုလို့ရတဲ့အတွက်ကြောင့် Marketing Plan အတွက်ပြင်ဆင်မှု ပြောင်းလဲမှုတွေလည်း ပြုလုပ်နိုင်ပါသေးတယ် ။

======================================
The Hype Myanmar မှဝန်ဆောင်မှုပေးနေသော Marketing services များ -

https://m.facebook.com/story.php?story_fbid=135670299456955&id=100090419575646&mibextid=Nif5oz

အသေးစိတ်သိရှိလိုသည်များအတွက် The Hype Myanmar သို့ဆက်သွယ်ရန် လိပ်စာများ -

☎️ 09-980019999
📩 [email protected]

🌊 ယနေ့ကျရောက်သော မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန် အခါသမယမှာကျန်းမာခြင်း ၊ ချမ်းသာခြင်း ၊ အေးချမ်းခြင်း ၊ လာဘ်လာဘပွင့်...
13/04/2023

🌊 ယနေ့ကျရောက်သော မြန်မာ့ရိုးရာ
နှစ်သစ်ကူးအတာသင်္ကြန် အခါသမယမှာ

ကျန်းမာခြင်း ၊ ချမ်းသာခြင်း ၊ အေးချမ်းခြင်း ၊ လာဘ်လာဘပွင့်လန်းခြင်းများနှင့် ပြည့်စုံကြပါစေလို့
The Hype Myanmar Advertising Agency မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်မျာ ✨🙏🙏🙏

#နှစ်သစ်ဆုတောင်း

အွန်လိုင်းစီးပွားရေးလုပ်နေပြီးWebsite မရှိရင်တော့ ခြေတလှမ်းနောက်ကျနေပြီနော် 🤷 တစ်နိုင်တစ်ပိုင် လုပ်ငန်းလေးမို့ Website က...
10/04/2023

အွန်လိုင်းစီးပွားရေးလုပ်နေပြီး
Website မရှိရင်တော့ ခြေတလှမ်းနောက်ကျနေပြီနော် 🤷

တစ်နိုင်တစ်ပိုင် လုပ်ငန်းလေးမို့ Website ကြီးမလိုပါဘူးဟာ ဆိုရင်တော့ digital ခေတ်ကြီးမှာ သင်အမှားတစ်ခုလုပ်မိနေပါပြီ ။
ကိုယ့်ရဲ့ Online Business အတွက် ရိုးရှင်းတဲ့ Website လေးတစ်ခုဖန်တီးထားခြင်းက
Customers တွေရဲ့ ယုံကြည်မှုကို ပိုခိုင်မာစေပြီး
အခြား platform တွေထက် ကိုယ့်ရဲ့ products တွေကို မိတ်ဆက်ရ ရောင်းချရလည်းပိုလွယ်ကူစေပါတယ်။

အပမ်းမကြီးပေမယ့် အကျိုးရှိတဲ့ marketing tips လေးတစ်ခုကိုပြောပါဆိုရင်
ကျွန်တော်ကတော့ website လေးတစ်ခုဖန်တီးထားပါလို့ပဲ အကြံပေးချင်ပါတယ်။

မိတ်တွေတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သတ်ပြီး Digital Marketing အကူအညီများရယူလိုပါက The Hype Myanmar ကိုဆက်သွယ်နိုင်ပါတယ်ခင်မျာ ။

======================================
The Hype Myanmar မှဝန်ဆောင်မှုပေးနေသော Marketing services များ -

https://m.facebook.com/story.php?story_fbid=135670299456955&id=100090419575646&mibextid=Nif5oz

အသေးစိတ်သိရှိလိုသည်များအတွက် The Hype Myanmar သို့ဆက်သွယ်ရန် လိပ်စာများ -

☎️ 09-980019999
📩 [email protected]

ဟဲဟဲ စတာပါဗျာ The Hype Myanmar မှာတော့ သုံးချင်တဲ့ ဘက်ဂျက်သာပြော လိုက်ဖက်မယ့်အမိုက်ဆုံး marketing plan တွေဖန်တီးပေးဖို့ ...
07/04/2023

ဟဲဟဲ စတာပါဗျာ

The Hype Myanmar မှာတော့
သုံးချင်တဲ့ ဘက်ဂျက်သာပြော
လိုက်ဖက်မယ့်အမိုက်ဆုံး marketing plan တွေဖန်တီးပေးဖို့ အသင့်ပါပဲ ✨

=======================================

The Hype Myanmar မှဝန်ဆောင်မှုပေးနေသော Marketing services များ -

https://m.facebook.com/story.php?story_fbid=135670299456955&id=100090419575646&mibextid=Nif5oz

အသေးစိတ်သိရှိလိုသည်များအတွက် The Hype Myanmar သို့ဆက်သွယ်ရန် လိပ်စာများ -

☎️ 09-980019999
📩 [email protected]

💡"Content Marketing အတွက် အကျိုးရှိစေမယ့် အချက် 4 ချက် "🔰ဖန်တီးနိုင်သမျှ ဖန်တီးပါ 🧑‍💻Content Marketing ဆိုတာဟာ အချိန်ပေး...
04/04/2023

💡"Content Marketing အတွက် အကျိုးရှိစေမယ့် အချက် 4 ချက် "

🔰ဖန်တီးနိုင်သမျှ ဖန်တီးပါ 🧑‍💻

Content Marketing ဆိုတာဟာ အချိန်ပေးပြီးလုပ်ယူရတဲ့ အောင်မြင်မှုဖြစ်တာကြောင့် ကိုယ်တင်တဲ့ posts တွေ reach မရောက်တိုင်း စိတ်ဓာတ်ကျစရာမလိုပါဘူး ။ ဇွဲရှိရှိနဲ့ ရေရှည်ဖန်တီးသွားနိုင်မယ်ဆိုရင် သေချာပေါက် အောင်မြင်မှုကဆီးကြိုနေမှာပါ ။

🔰 ပေးချင်တဲ့ Message ကိုမလွဲချော်ပါစေနဲ့ 📑

Content တွေဖန်တီးတဲ့အခါ Idea တွေအထုတ်လွန်ပြီး အဓိကပြောချင်တဲ့အရာကပျောက်ပျောက်သွားတတ်ကြပါတယ် ။ ဒါကြောင့် ကိုယ့်ရဲ့ content ကနေ ဘယ်လို message ပေးမလဲဆိုတာကို မှတ်သားထားပြီး လိုက်ဖက်မယ့် design ပုံကိုပါ ရွေးချယ်နိုင်မှသာ Content Marketing ကအလုပ်ဖြစ်မှာပါ ။

🔰 Infographics တွေအသုံးချပါ 📊

Content ဆိုတိုင်းလည်း ကိုယ့်ရဲ့ page / website ပေါ်မှာ စာတွေချည်းထိုင်ရေးနေဖို့မလိုအပ်ပါဘူးနော် ။
စာပိုဒ်ကြီးတွေထက် မျက်စိပသာဒဖြစ်စရာကောင်းတဲ့ အရောင်စုံ၊ဒီဇိုင်းစုံနဲ့ ဆွဲထားတဲ့ infographics တွေက ဖတ်ရှုသူတွေအတွက် ပိုမှတ်မိလွယ်စေတယ်ဆိုတဲ့ အချက်ကိုလည်းမေ့မထားသင့်ပါဘူး။

🔰 Content Quality ကိုထိန်းသိမ်းပါ 💯

Content ဖန်တီးသူတွေဟာ အရေအတွက်နဲ့ အရည်အသွေးကို ကွဲကွဲပြားပြားနားလည်ထားဖို့လိုပါတယ် ။ Content Marketing ဆိုတိုင်း များများတင်နိုင်ရင်ပြီးရောဆိုပြီး ရေးချင်တိုင်းရေးလို့ကတော့ အနှစ်မရှိတဲ့ content တွေပဲထွက်လာမှာပါ ။
ဒါကြောင့် ကိုယ့်လုပ်ငန်းကို အရည်အသွေးရှိတဲ့ content marketing ဖြစ်စေချင်ရင်တော့ အပုဒ်တိုင်းအတွက် အချိန်ယူပြီးရေးသားဖို့လိုအပ်ပါတယ် ။

လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်
ကိုယ်တိုင်အလုပ်ရှုပ်ခံဖို့ အချိန်မရှိတော့ရင်
Quality ရော Quantity ရော စိတ်တိုင်းကျဖြစ်စေရမယ့် Content Marketing service ကို The Hype Myanmar မှာ ရယူနိုင်ပါပြီ ။

=======================================
The Hype Myanmar မှဝန်ဆောင်မှုပေးနေသော Marketing services များ -

https://m.facebook.com/story.php?story_fbid=135670299456955&id=100090419575646&mibextid=Nif5oz

အသေးစိတ်သိရှိလိုသည်များအတွက် The Hype Myanmar သို့ဆက်သွယ်ရန် လိပ်စာများ -

☎️ 09-980019999
📩 [email protected]

Address

Malikha Condominium

Alerts

Be the first to know and let us send you an email when The Hype Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Hype Myanmar:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share