Public Eye Media

  • Home
  • Public Eye Media

Public Eye Media Information
(3)

01/02/2021

သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ

သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) နံနက် ၈ နာရီကျော်ခန့်တွင် မြဝတီရုပ်မြင်သံကြားမှတဆင့် ကြေညာခဲ့သည်။ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသော အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယင်းကြေညာချက်တွင် မဲစာရင်းများ ပမာဏကြီးမားစွာ မှားယွင်းနေခြင်း မဲစာရင်းပြဿနာများကို ဖြေရှင်းရန်ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှု မပြုခြင်း၊ ပြည်သူ့လွှွတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကို ရွှေ့ဆိုင်းမှု မရှိခြင်း၊ ပြည့်သူ့လွှတ်တော်အစည်းအဝေး အစီအစဉ်များထုတ်ပြန်ကာ အစီအစဉ်များ ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါသည်။

၎င်းကဲ့သို့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ မြို့ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို မယုံကြည်သဖြင့် ဆန္ဒပြမှုများ များစွာဖြစ်ပေါ်လျက်ရှိပြီး အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များအနေဖြင့် ထောက်ခံပွဲ အလံလွင့်ထူခြင်းများအပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်း တွေ့ရသဖြင့် နိုင်ငံတော်တည်ငြိမ်မှုကို များစွာ ထိခိုက်စေလျက်ရှိသည် အဆိုပါ ပြသနာကို မှန်ကန်စွာဖြေရှင်းခြင်းမပြုပါက ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။ ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ(၄၁၇)အရ နိုင်ငံတော်အား အရေပေါ်အခြေအနေကြေငြာလိုက်သည်။

COVID-19  ရောဂါပိုးရှိ/မရှိ တစ်ရက်လျှင်လူ ၁၄၀၀ ဦးခန့် အတည်ပြုစမ်းသပ်ပေးနိုင် သော COBAS 6800  စက်များဖြင့် တပ်မတော်က ကူညီ...
25/04/2020

COVID-19 ရောဂါပိုးရှိ/မရှိ တစ်ရက်လျှင်လူ ၁၄၀၀ ဦးခန့် အတည်ပြုစမ်းသပ်ပေးနိုင် သော COBAS 6800 စက်များဖြင့် တပ်မတော်က ကူညီစစ်ဆေးပေးမည်

နေပြည်တော် ၊ ဧပြီ- ၂၄

COBAS 6800 စက်များသည် ကမ္ဘာ့ထိပ်တန်းရောဂါရှာဖွေရေးစက်များ ထုတ်လုပ်သည့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Roche Diagnostics Co,Ltd မှ ထုတ်လုပ်သော နောက်ဆုံး ပေါ်ရောဂါရှာဖွေရေးစက် အမျိုးအစားဖြစ်ပြီး အမေရိကန်နှင့်ကမ္ဘာ့နိုင်ငံကြီး များ၌ COVID-19 ရောဂါပိုးရှာဖွေရာတွင် လက်ရှိသုံးစွဲလျက်ရှိပြီး အရည်အသွေးဆိုင်ရာ အသိအမှတ် ပြုမှုရရှိပြီး ဖြစ်ပါသည်။

အားသာချက်အနေဖြင့် COBAS 6800 စက်သည် Fully Automatic System ဖြစ်သည့်အတွက် တစ်ရက်လျှင်လူဦးရေ ၁၄၀၀ ဦးခန့်အတွက် စမ်းသပ်စစ်ဆေးပေးနိုင် မည်ဖြစ်ပြီး စက်ကိုင်တွယ်သူများအား ရောဂါပိုးကူးစက်နိုင်မှုရာခိုင်နှုန်းနည်းပါးပြီး အမြန်ဆုံး၊ အများဆုံးနှင့် အမှန်ကန်ဆုံးစစ်ဆေးပေးနိုင်မည်ဖြစ်ပါသည်။

တပ်မတော်အနေဖြင့် ရောဂါပိုးအမျိုးမျိုးအား အတည်ပြု စမ်းသပ်စစ်ဆေး နိုင်ရန်အတွက် အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)၊ ရန်ကုန်နှင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော်တို့တွင် COBAS 6800 စက် ၁ လုံးစီကို ၂၀၁၉ ခု နှစ်က ပင်တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

COBAS 6800 စက်များဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် လိုအပ်သည့် ွ Reagent များအား မှာယူခဲ့ရာ ယခုအခါရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။ COVID-19 ရောဂါပိုးစစ်ဆေးနိုင်ရန်အတွက် သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များနှင့် ဆေး၀န်ထမ်းတပ်ဖွဲ့မှ ပညာရှင်များပူးပေါင်း၍ စက်ပိုင်းဆိုင်ရာ လိုအပ်သည့် Installation နှင့်ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ကြပြီးနောက် ၂၃-၄-၂၀၂၀ ရက်တွင် စမ်းသပ်စစ်ဆေးမှုများ အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့သဖြင့် ယခုအခါ အဆိုပါ စက်များမှာ COVID-19 ရောဂါပိုး စမ်းသပ်စစ်ဆေးအတည်ပြုပေးမှုများ ပြုလုပ်ပေးရန် အသင့်ရှိပြီဖြစ်ပါသည်။

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနတွင် အလားတူ COBAS 6800 စက် တစ်လုံးအား AA Medical Products Ltd( Pacific- AA Foundation) က လှူဒါန်း ရရှိထားပြီးဖြစ်၍ ရန်ကုန်တွင် Installation လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း လည်း သိရှိရသည်။ အဆိုပါ Installation လုပ်ငန်းများ မပြီးစီးမီနှင့်ပြီးစီးပြီးနောက်ပိုင်း လိုအပ် ပါက ရန်ကုန်နှင့်နေပြည်တော်တွင် တပ်မတော်ဆေးရုံများရှိ COBAS 6800 စက်များဖြင့် Covid-19 ရောဂါပိုးအတည်ပြုစမ်းသပ်စစ်ဆေးမှုများအား တပ်မတော်မှပူးပေါင်း ကူညီ ဆောင်ရွက်ပေးသွား နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မင်းပြားတွင် အရပ်သား မော်တော်ယာဉ်တစီး ထပ်မံ ပစ်ခတ်ခံရCPS ပိုးသတ်ဆေးကုမ္ပဏီမှ ဝန်ထမ်းများ ဖြစ်သည့် ယာဉ်မောင်း ဦးနွယ်နွယ်မ...
22/04/2020

မင်းပြားတွင် အရပ်သား မော်တော်ယာဉ်တစီး ထပ်မံ ပစ်ခတ်ခံရ

CPS ပိုးသတ်ဆေးကုမ္ပဏီမှ ဝန်ထမ်းများ ဖြစ်သည့် ယာဉ်မောင်း ဦးနွယ်နွယ်မောင်နှင့် ယာဉ် နောက်လိုက် မောင်ဟိန်းထက်ဦး လိုက်ပါလာသည့် ယာဉ်သည် ဖားပြိုကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀ ခန့်အကွာသို့အရောက်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ပစ်ခံရခြင်း ဖြစ်ပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးသွားခဲ့သည်။
ဓာတ်ပုံ - တပ်မတော်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် လက်နက်ကိုင် ပဋိပက္ခများအတွင်း သေဆုံး၊ ဒဏ်ရာရ အရပ်သားများကို ထောက်ပံ့မည်ဟု နိုင်ငံတော်၏ အ...
21/04/2020

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် လက်နက်ကိုင် ပဋိပက္ခများအတွင်း သေဆုံး၊ ဒဏ်ရာရ အရပ်သားများကို ထောက်ပံ့မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။

❐ ဓာတ်ခွဲ နမူနာများအား ရန်ကုန်သို့ ပို့ဆောင်သည့် UN နံပါတ်ပြားတပ် မော်တော်ယာဥ်အား မင်းပြားမြို့နယ်တွင် ULA/AA အကြမ်းဖက်အ...
21/04/2020

❐ ဓာတ်ခွဲ နမူနာများအား ရန်ကုန်သို့ ပို့ဆောင်သည့် UN နံပါတ်ပြားတပ် မော်တော်ယာဥ်အား မင်းပြားမြို့နယ်တွင် ULA/AA အကြမ်းဖက်အဖွဲ့က ပစ်ခတ်ကြောင်း သတင်းထုတ်ပြန်

နေပြည်တော်၊ ဧပြီ ၂၀

ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များမှ COVID-19 ရောဂါ စောင့်ကြည့်ခံရ သူများ၏ ဓာတ်ခွဲနမူနာများအား ရန်ကုန်မြို့သို့ ပို့ဆောင်မည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပိုင် UN နံပါတ်ပြားတပ် မော်တော်ယာဥ်အား မင်းပြားမြို့နယ်၌ ULA/AA အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် အရပ်သား ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရှိရသည်။

ပစ်ခတ်မှုကြောင့် ယာဥ်မောင်း၏ ဘယ်ဘက် တင်ပါး ဖောက်ဝင် ဒဏ်ရာနှင့် ယာဘက် တတောင်ဆစ် စုတ်ပြတ်ဒဏ်ရာ ရရှိခဲ့ပြီး ကျန်းမာရေးကြီးကြပ်(၂) ၏ ယာဘက် လက်ဝါး စုတ်ပြတ်ဒဏ်ရာ တစ်ချက် ရရှိခဲ့သဖြင့် မင်းရွာ ကျေးလက် ကျန်းမာရေးဌာနမှ တဆင့် မင်းပြား ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသပေးလျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် မော်တော်ယာဥ်မှာ ပစ်ခတ်ခံရသည့် နေရာ မြောင်းထဲကျသဖြင့် ဧပြီ ၂၁ ရက်တွင် သွားရောက် ယူဆောင်မည် ဖြစ်ကြောင်း သိရှိရသည်။

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ အလေးထား ဆောင်ရွက်နေချိန်တွင် ဓာတ်ခွဲနမူနာများ ပို့ဆောင်ရန် သွားရောက်သည့် မော်တော်ယာဥ်အား ပစ်ခတ် တိုက်ခိုက်ခြင်းမှာ လူသား မဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

Photo : MOI

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၀-၄-၂၀၂၀)  ရက်နေ့၊ ည (၈:၀၀)နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
20/04/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၀-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၀-၄-၂၀၂၀) ရက်နေ့၊ (ပထမအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၁) ခုအနက် (၆) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၁၇၅) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။

၂။ အဆိုပါ လူနာသစ် (၆) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ပါသည်။

၃။ ယနေ့ ည (၈:၀၀)နာရီ အထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၇) ဦးရှိပြီဖြစ်ပါသည်။

၄။ ယခုအခါ မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ (၉)ဦး ရှိလာခဲ့ပြီး ၎င်းတို့အနက် (၄)ဦးအား ယနေ့ (၂၀-၄-၂၀၂၀)ရက်နေ့တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့သဖြင့် ဆေးရုံဆင်းသူ စုစုပေါင်း (၆)ဦး (Case-003၊ Case-004၊ Case- 007၊ Case-009၊ Case-021၊ Case-015) ရှိပြီဖြစ်ပါသည်။ သို့သော်လည်း ၎င်းတို့အား သတ်မှတ်ရက်ပြည့်သည်အထိ အသွားအလာ ဆက်လက်ကန့်သတ်ထားပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂)ဦးအား အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှုပေးလျက်ရှိပြီး ကျန်လူနာအားလုံး၏ ကျန်းမာ‌ရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၉-၄-၂၀၂၀)  ရက်နေ့၊ နံနက် (၇:၀၀)နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
19/04/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၉-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၈-၄-၂၀၂၀) ရက်နေ့၊ (တတိယအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၈၇) ခုအနက် (၉) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၇၈) ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။

၂။ အဆိုပါ လူနာသစ် (၉) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ပါသည်။

၃။ (၁၈-၄-၂၀၂၀) ရက်နေ့၊ COVID-19 ရောဂါအတွက် (ပထမအသုတ် + ဒုတိယအသုတ် + တတိယအသုတ်) ဓာတ်ခွဲစစ်ဆေးမှုတွင် တွေ့ရှိခဲ့သော လူနာသစ် စုစုပေါင်း (၁၃) ဦးရှိပါသည်။ ကျန် (၂၅၉) ဦးတွင် ရောဂါပိုးမတွေ့ရှိပါ။

၄။ ယနေ့ နံနက် (၇:၀၀)နာရီအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၀၇) ဦးရှိပြီဖြစ်ပါသည်။

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၈-၄-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
18/04/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၈-၄-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပေးပို့လာသော COVID-19 ရောဂါစောင့်ကြည့်လူနာ (၁၇၇)ဦးနှင့် အသွား အလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ (၂၀၁) ဦး၊စုစုပေါင်း (၃၇၈)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ပါသည်။

၂။ အဆိုပါ ဓာတ်ခွဲနမူနာများတွင် ပထမအသုတ်စစ်ဆေးခဲ့သော (၉၃) ဦးအနက် (၃) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်းနှင့် (၉၀) ဦး၏ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်းကို (၁၇-၄-၂၀၂၀) ရက်နေ့၊ ည (၈) နာရီသတင်းတွင် ထုတ်ပြန်ခဲ့ပြီးဖြစ် ပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၇-၄-၂၀၂၀) ရက်နေ့၊ ည တွင် ဓာတ်ခွဲစစ်ဆေးခဲ့သော ကျန်ရှိသည့် (၂၈၅) ဦး၏ ဓာတ်ခွဲနမူနာများအနက် (၆) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ၍ (၂၇၉)ဦး၏ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

၄။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၉၄) ဦးရှိပြီဖြစ်ပါသည်။

၅။ (၁၇-၄-၂၀၂၀)ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုခဲ့သည့် အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲ အတည်ပြုလူနာ အသက် (၇၈)နှစ် အရွယ် အမျိုးသားတစ်ဦး သည် ဆီးချိုရောဂါနှင့်သွေးတိုးရောဂါအခံရှိသူ ဖြစ် ပြီး ၄င်း(၁၃-၄-၂၀၂၀)ရက်နေ့တွင် လက္ခဏာများခံစားခဲ့ရသဖြင့် (၁၅-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူခဲ့ပါသည်။ ၄င်းအား COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုပြီးချိန်တွင် (၁၇-၄-၂၀၂၀)ရက်နေ့၌ ဝေဘာဂီအထူးကုဆေးရုံကြီးသို့လွှဲ ပြောင်း၍ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုပေးခဲ့ရာ (၁၈-၄-၂၀၂၀)ရက်နေ့၊ နံနက် (၂:၅၅) နာရီ အချိန်တွင် သေဆုံးခဲ့ပါသည်။ သေဆုံးရသည့်အကြောင်းရင်းမှာ ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက် အသက်ရှုလမ်းကြောင်းပျက်စီးခြင်းနှင့် သွေးတိုးရောဂါအခံနှင့် အမျိုးအစား(၂) ဆီးချိုရောဂါတို့ကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။

၆။ ဝေဘာဂီအထူးကုဆေးရုံကြီးတွင်ကုသမှုပေးနေသည့် လူနာ (၃)ဦးအားလည်း အထူးကြပ်မတ် ကုသ ဆောင်တွင် ကုသမှုများပေးလျက်ရှိပါသည်။

၇။ သတင်းအကျယ်ကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ပါသည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၆-၄-၂၀၂၀)  ရက်နေ့၊ ည (၈:၀၀)နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
16/04/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၆-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် ပိုင်းအထိ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၃,၂၃၆) ဦး၏ ဓာတ်ခွဲ နမူနာများကို စစ်ဆေးခဲ့ရာ (၈၅) ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး (၃,၁၅၁) ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။

၂။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၇၉)ဦးအား အောက်ပါဇယားအတိုင်း သက်ဆိုင်ရာ ဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ် ကောင်းမွန်လျက်ရှိပါသည်။

၃။ (၁၅-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၆-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၁၉)ဦး ရှိပါသည်။

၄။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က (၁၆-၄-၂၀၂၀) ရက်နေ့တွင် ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၁၀၂) ဦး၏ ဓာတ်ခွဲနမူနာများအား (ပထမအသုတ်) အနေဖြင့် စစ်‌ဆေးခဲ့ရာ ဓာတ်ခွဲနမူနာအားလုံးတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
16/04/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၅-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပေးပို့လာသော COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၄၀၀) ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ပါသည်။

၂။ အဆိုပါ ဓာတ်ခွဲနမူနာများအနက် (၁၂၈) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်းကို (၁၅-၄-၂၀၂၀) ရက်နေ့၊ ည (၈) နာရီ သတင်းတွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၃) နာရီအချိန် ထုတ်ပြန်ချက်အရ ကျန်ရှိသည့် (၂၇၂) ဦး၏ ဓာတ်ခွဲနမူနာများအနက် ဇယား (၁) ၌ ဖော်ပြထားသော (၁၁) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရပြီး ကျန် (၂၆၁) ဦး၏ ဓာတ်ခွဲနမူနာ များတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါ။

၄။ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၅) ဦးရှိပြီ ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁) ဦးအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပို့၍ ကုသမှုပေးသွားမည်ဖြစ်ပါသည်။

NLD အစိုးရက တရားမဝင်နယ်မြေကျော်လွန် ဝင်ရောက်လာတဲ့ ဘင်္ဂါလီများအား တရားဆွဲဆိုခြင်းများပြန်လည်ရုပ်သိမ်းပြီး နေရပ်သို့ပြန်လ...
14/04/2020

NLD အစိုးရက တရားမဝင်နယ်မြေကျော်လွန် ဝင်ရောက်လာတဲ့ ဘင်္ဂါလီများအား တရားဆွဲဆိုခြင်းများပြန်လည်ရုပ်သိမ်းပြီး နေရပ်သို့ပြန်လည်လွတ်ပေး နေခြင်းအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အခုလိုသဘောထားထုတ်ပြန်ကြေညာချက်တစောင်ကို union solidarity and development party ရဲ့Facebook စာမျက်နှာမှာအခုလိုဖော်ပြထားပါတယ်။

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ ▄▄▄▄▄▄▄▄▄▄▄▄▄▄...
13/04/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၃-၄-၂၀၂၀) ရက်နေ့ ည COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု တတိယအသုတ် (၁၃-၄-၂၀၂၀ အတွက် နောက်ဆုံး) အဖြစ် ဓာတ်ခွဲနမူနာ (၁၂၃) ခု အား ထပ်မံစစ်ဆေးခဲ့ပါသည်။

၂။ ၎င်းတို့အနက် အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျက်ရှိသူ (၈) ဦးနှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျက်ရှိသူ (၁) ဦး၊ စုစုပေါင်း (၉) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။

၃။ ကျန်ဓာတ်ခွဲနမူနာ (၁၁၄) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

၄။ သို့ဖြစ်ပါ၍ (၁၃-၄-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၃၀၉) ခု အား စစ်ဆေးခဲ့ရာ ဇယား (၁) ပါ (၂၁) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရပါသည်။ လက်ရှိတွင် ၎င်းတို့အားလုံး၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။

၅။ ဓာတ်ခွဲအတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ ပို့ဆောင်၍ လိုအပ်သလို ကုသမှုပေးသွားမည်ဖြစ်ပါသည်။

တရားပွဲ ကျင်းပသည့် ခရစ်ယာန်တရားဟောကိုတရာစွဲဆိုနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြ========================================...
13/04/2020

တရားပွဲ ကျင်းပသည့် ခရစ်ယာန်တရားဟောကိုတရာစွဲဆိုနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြ
====================================================================================
၂၀၂၀၊ ဧပြီ ၁၃

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ၊ တလန်လိုကျေးရွာ၌ လူစုလူဝေးဖြင့် ဘုရားဝတ်ပြုဆုတောင်းခြင်း အခမ်းအနားကျင်းပသည့်တရားဟော ဆရာ တစ်ဦး ကို တရားစွဲဆိုနိုင်ရေး ပြည်နယ်အစိုးရ အဖွဲ့ထံတင်ပြထားကြောင်း ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံ မှ စုံစမ်း သိရသည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်‌ရေးနှင့်ကူးစက်ပျံ့နှံ့မှု မရှိစေရေး လူစုလူဝေးဖြင့် အခမ်းအနားများကျင်းပခြင်းမပြုရန် ချင်းပြည်နယ် အတွင်း ကြေညာထားသော်လည်း ယမန်နေ့ နံနက် ၉ နာရီ ကျော်က တလန်လိုနှစ်ခြင်းခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာ ပါစ္စတာ ဦးငွန်ဟာအိုဦးဆောင်သည့် အသင်းသူ အသင်းသား ၃၇ ဦးသည် ဘုရားဝတ်ပြုဆုတောင်းခြင်းအခမ်းအနား ပြုလုပ်ခဲ့ခြင်းကြောင့် ဦးဆောင်သည့် တရားဟော ဆရာကိုတရားစွဲဆိုနိုင်ရေး ပြည်နယ်အစိုးရ အဖွဲ့ထံ တင်ပြခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့က တားတယ်။တားတာကို လုပ်တော့ အထက်ကို တင်ပြထားတယ်။အကြောင်းပြန်လာတာတော့ မရှိသေးဘူး"ဟု ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်ဆွေမြင့် က ပြောသည်။

အဆိုပါ သင်းအုပ် ဆရာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၃၀(က) ဖြင့် အရေးယူ ဆောင်ရွက်ရန် အတွက် ပြည်နယ်အစိုးရအဖွဲ့ထံဧပြီလ ၁၂ ရက်နေ့က တင်ပြခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် အတွင်း COVID-19ရောဂါ ရှိသည့် လူနာ ၃ ဦး ရှိပြီး ၎င်းတို့ကို တီးတိန်မြို့ရှိပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။၎င်းသုံးဦးသည် အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ သားအမိ နှစ်ဦးနှင့်ညအိပ်တည်းခိုခဲ့သည့် တီးတိန်မြို့ရှိ နေအိမ် မှအမျိုးသမီးတစ်ဦး တို့ ဖြစ်သည်။

Covid-19 ကပ်ရောဂါဖြစ်ပွားနေချိန် ဘင်္ဂလားဒေ့ရှ်ဘက်မှ ခိုးဝင်များကြောင့် မောင်တောဒေသခံများစိုးရိမ်=======================...
13/04/2020

Covid-19 ကပ်ရောဂါဖြစ်ပွားနေချိန် ဘင်္ဂလားဒေ့ရှ်ဘက်မှ ခိုးဝင်များကြောင့် မောင်တောဒေသခံများစိုးရိမ်
===================================================================================
Monday, April 13, 2020

Covid-19 ကပ်ရောဂါဖြစ်ပွားနေချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ခိုးဝင်လာသူတွေရှိနေတာကြောင့် မောင်တောဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်ကပြောပါတယ်။

ဒီရောဂါနဲ့ပတ်သက်ပြီး ဘယ်သူ့ဆီမှာ ပါလာမယ်ဆိုတာ မသိနိုင်တာကြောင့်လည်း ဒေသခံပြည်သူတွေအနေနဲ့ ပိုပြီးစိုးရိမ်နေကြတာလို့ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်နဲ့ နီးကပ်နေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီခိုးဝင်လာသူတွေဟာ မောင်တော မြို့နယ်၊ တောင်ပြိုလက်ဝဲဘက်ကနေ အများဆုံးဝင်တာဖြစ်ပြီး အယောက် (၈၀)ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။

အခုခိုးဝင်လာသူတွေကလည်း မတ်လအတွင်းက ဝင်လာသူ တွေဖြစ်တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင် ကပြောပါတယ်။

မတ်လအတွင်းမှာ မောင်တော မြို့နယ်က ကျေးရွာတွေကို ရောက်ရှိလာတာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူတွေရဲ့ သတင်းပေးပို့ချက်အရ COVID-19 ရောဂါ မဖြစ်ပွားရ အောင်ကာကွယ်ဖို့အတွက် လှဖိုးခေါင်ကြားစခန်းမှာ Quarantine လုပ်ထားတယ်လို့ဆို ပါတယ်။

Shar Min Nyo

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၃-၄-၂၀၂၀) ရက်နေ့၊ နံနက်(၀၀:၃၀) နာရီ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
13/04/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၃-၄-၂၀၂၀) ရက်နေ့၊ နံနက်(၀၀:၃၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၂-၄-၂၀၂၀) ရက်နေ့၊ ည ဓာတ်ခွဲစစ်ဆေးမှုများအရ စောင့်ကြည့်လူနာများ၊ ဆေးရုံများနှင့် သက်ဆိုင်ရာနေရာများတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံနေသူများ စုစုပေါင်း (၂၇၈)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ ဇယား (၁) ၌ ဖော်ပြထားရှိသော လူနာ (၂) ဦးနှင့် (၁၂-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ဖော်ပြထားရှိသော လူနာ (၁) ဦး၊ စုစုပေါင်း (၃) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာများနှင့် စောင့်ကြပ် ကြည့်ရှုမှုခံနေသူ (၂၇၅) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိ ရပါသည်။

၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-040) သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် (၆၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ (Case-08) နှင့် (Case-028) တို့နှင့်အတူနေမိသားစုဝင်များဖြစ်ပါသည်။ (Case-08) အား ဓာတ်ခွဲအတည်ပြု လူနာအဖြစ် သတ်မှတ်ခဲ့ပြီးနောက် လူနာမှာ (၂၈-၃-၂၀၂၀) ရက်နေ့တွင် (Case-028) နှင့်အတူ နေအိမ်၌ အသွားအလာကန့်သတ်ခြင်းပြုလုပ်ထားရှိပါသည်။ အဆိုပါလူနာအား (၉-၄-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ပြီး ယင်းနေ့တွင်ပင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) ၏ ဓာတ်ခွဲအဖြေအရ ရောဂါပိုးမတွေ့ရှိရကြောင်း သိရှိရပါသည်။ သို့သော်လည်း လူနာမှာ မောခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် (၁၂-၄-၂၀၂၀) ရက်နေ့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြသခဲ့ရာ ၎င်းအားစောင့်ကြည့် လူနာအဖြစ်သတ်မှတ်၍ ဓာတ်ခွဲနမူနာထပ်မံရယူစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါလူနာတွင် သွေးတိုးရောဂါနှင့် နာတာရှည်ကျောက်ကပ်ရောဂါအခံများရှိကြောင်း သိရှိရပါသည်။

၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-041) သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်သော အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး (၆-၄-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ နုံးချိခြင်းစသော လက္ခဏာများ ခံစားခဲ့ရသော်လည်း ရောဂါလက္ခဏာမှာ ပြင်းထန်ခြင်းမရှိသဖြင့် ဆေးရုံသို့ သွားရောက်ပြသ ခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။ အဆိုပါလူနာသည် (Case-024)၊ (Case-034)၊ (Case-035)၊ (Case-036) နှင့် (Case-037) တို့နှင့် ဘာသာရေးအခမ်းအနား အတူတက်ရောက်ခဲ့ဖူးသည့် ရာဇဝင်ရှိ ကြောင်း သိရှိရပါသည်။ လူနာသည် (၁၂-၄-၂၀၂၀)ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းစသော လက္ခဏာများထပ်မံခံစားခဲ့ရသဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီး သို့ သွားရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်း ကုသရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၄။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၂-၄-၂၀၂၀)ရက်နေ့၊ ည (၁၂:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄၁) ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

၅။ သို့ဖြစ်ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၃)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၂၇)ဦး၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး တွင် လူနာ (၁)ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦးနှင့် မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးတွင် လူနာ (၁)ဦး၊ စုစုပေါင်း (၃၄)ဦး တို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေ မှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ် ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၆။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရှာဖွေစုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်၊ အိမ်ထောင်သည်လိုင်းခန်းအား AA အကြမ်းဖက် သောင်းကျန်းသူများက ဝင်ရောက်တိုက်ခိုက်နေပြည်တေ...
13/04/2020

မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်၊ အိမ်ထောင်သည်လိုင်းခန်းအား AA အကြမ်းဖက် သောင်းကျန်းသူများက ဝင်ရောက်တိုက်ခိုက်

နေပြည်တော်၊ ဧပြီ ၁၂

AA အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံရေးနှင့် စစ်ရေးအမြတ်ထုတ်ရန် ရည်ရွယ်လျက် သင်္ကြန်ကာလ မတိုင်မီ တပ်ဌာနချုပ်/စစ်ကြောင်းနှင့် မြို့ရွာများအား အလစ်အငိုက် တိုက်ခိုက်ဆောင်ရွက်ရန်ရှိကြောင်း AA အကြမ်းဖက်သောင်းကျန်းသူများအား လိုလားနှစ်သက်ခြင်းမရှိသည့် ဒေသခံပြည်သူများ၏ သတင်းပို့ချက်အရ မိမိတပ်များ၊ စခန်းများ၊ ဌာနချုပ်များနှင့် လှုပ်ရှားစစ်ကြောင်းများအနေဖြင့် အသင့်အနေအထားဖြင့် ကြိုတင်ပြင်ဆင်မှုများအား နေ့ညမပြတ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ဧပြီ ၁၀ ရက် နံနက် ၃ နာရီခန့်မှစ၍ မြောက်ဦးမြို့အနီးရှိ ရဲတပ်ရင်းဌာနချုပ်နှင့် လေးမြို့မြစ်အနီး လှေဆိပ်လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း ၁ ကြောင်းအား AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် အင်အားအလုံးအရင်းသုံး တစ်ချိန်တည်း တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအစပိုင်း ဧပြီ ၉ ရက် ည ၁၀ နာရီ ၅ မိနစ်ခန့်တွင် ရဲတပ်ရင်းဌာနချုပ်၏ အနောက်ဘက်၊ အနောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တို့မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် နှောက်ယှက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့၀င်များက ပြန်လည်တိုက်ခိုက်၍ ရင်ဆိုင်ထိန်းချုပ်ထား ခဲ့သော်လည်း နံနက် ၃ နာရီခန့်မှစ၍ မြောက်ဘက်ခြမ်း၌ စုဖွဲ့ထားသည့် AA အကြမ်းဖက် သောင်းကျန်းသူအင်အားစုများအနက်မှ အချို့သည် လက်နက်ကြီးပစ်ကူရယူလျက် ရဲတပ်ရင်းဌာနချုပ် ဗဟိုကင်းသို့ အိမ်ထောင်သည်လိုင်းများကိုဖြတ်၍ ပစ်ခတ်တိုက်ခိုက်လာခဲ့သည်။

သို့ဖြစ်၍ ရဲတပ်ရင်းဌာနချုပ် လုံခြုံရေးစစ်ကြောင်းများအပြင် မြောက်ဦးမြို့ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းကလည်း ပစ်ကူပစ်အားသုံး၍ ဟန်ချက်ညီစစ်ကူပေးတိုက်ခိုက်ခဲ့ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ကူရယူ တိုက်ခိုက်ရာ ရဲတပ်ရင်းဌာနချုပ် ဗဟိုကင်းနေရာသို့ ဦးတည်တိုက်ခိုက်နေသည့် အကြမ်းဖက် သောင်းကျန်းသူအင်အားစုများ နံနက် ၅ နာရီခွဲခန့်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ အဆိုပါဆုတ်ခွာသွားသောအဖွဲ့သည် လှေဆိပ်လုံခြုံရေးနေရာသို့ တိုက်ခိုက်နေသည့် AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ထပ်မံပူးပေါင်း၍ တိုက်ခိုက်ရာ ယာယီခြေကုပ်ယူထားသည့် မိမိတပ်များက ပြင်းပြင်းထန်ထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကူစစ်ကြောင်းများနှင့် အပြန်အလှန်ပူးပေါင်းလျက် လေကြောင်းနှင့်အမြောက် ပစ်ကူရယူ၍ တန်ပြန်တိုက်ခိုက်နှိမ်နင်းခဲ့သဖြင့် သောင်းကျန်းသူများ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်သို့ အကျအဆုံးများစွာဖြင့် ကစဥ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

အထက်ပါဖြစ်စဉ်တွင် ရဲတပ်ရင်းဌာနချုပ်ရှိ ရဲတပ်ဖွဲ့၀င်အချို့နှင့် ရဲမိသားစု၀င် အချို့ကျဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့၀င်အချို့နှင့် မိသားစု၀င်အချို့ ပျောက်ဆုံးနေကြောင်း ပဏာမစိစစ်ချက် များအရ သိရှိရသည်။

ဆုတ်ခွာထွက်ပြေးသွားသော AA အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော် လုံခြုံရေး စစ်ကြောင်းများက ထက်ကြပ်လိုက်လံ တိုက်ခိုက်နှိမ်နင်းလျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန်-စစ်တွေပြည်ထောင်စုကားလမ်းပေါ်ရှိ လက္ကာကျေးရွာအနီးတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသော မိမိတပ်မတော် လုံခြုံရေးစစ်ကြောင်းနှင့် အရပ်၀တ်များ ၀တ်ဆင်ထားသည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နှင့် ၂ နာရီခန့်ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ၎င်းအကြမ်းဖက်သောင်းကျန်းသူများသည် လက္ကာကျေးရွာအတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ကျေးရွာအတွင်း ထက်ကြပ်လိုက်လံရှင်းလင်းရာ ရွာခံမဟုတ်သည့် မသင်္ကာဖွယ်ရွာသား ၂၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ၎င်း ၂၃ ဦးအား ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ရွာခံများအားပြသရာ ၎င်းတို့ရွာသားများမဟုတ်ကြောင်း သိရှိရသဖြင့် စစ်ဆေးခဲ့ရာ ၎င်းင်းတို့မှာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ သာထွန်းစံ ခေါင်းဆောင်သည့် အဖွဲ့၀င် ၃၅ ဦးပါအဖွဲ့မှ သိန်းထွန်းစိန်ပါ ၂၃ ဦးဖြစ်ကြောင်း ၎င်းတို့ထံမှ သိမ်းဆည်းရမိသည့် ဖွဲ့စည်းပုံစာရွက်စာတမ်းများအရသိရှိရပြီး အသေးစိတ်အား ဆက်လက်စစ်ဆေးလျက်ရှိသည်။ ဖမ်းဆီးရမိ AA အကြမ်းဖက်သောင်းကျန်းသူများအား နေ့စဉ်ထုတ်သတင်းစာများတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြပေးသွားမည်ဖြစ်သည်။

AA အကြမ်းဖက်သောင်းကျန်းသူများသည် မြို့နယ်၊ ကျေးရွာများ လုံခြုံရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသော ရဲစခန်းများဖြစ်သည့် ဘူးသီးတောင်မြို့နယ်ရှိ ခထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနှင့် ကျောင်းတောင် ရဲစခန်းများကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် လည်းကောင်း၊ မတ် ၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ရဲစခန်းအားလည်းကောင်း တိုက်ခိုက်ခဲ့ကြသည်။ ထို့အပြင် AA အကြမ်းဖက်သောင်းကျန်းသူများသည် ကျေးရွာများရှိ နေအိမ်များပေါ်တွင် နေရာယူပြီး တပ်မတော်လုံခြုံရေးစစ်ကြောင်းများအား ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်း၊ မြို့၊ ရွာများတွင် တိုက်ခိုက်မှုများဖြစ်ပွားအောင် ဖန်တီးခြင်းဖြင့် ဒေသခံပြည်သူလူထုအား ထိခိုက်ပျက်စီးအောင် အကြမ်းဖက် လုပ်ရပ်များဆောင်ရွက်လျက်ရှိသည်။

ယခုတိုက်ခိုက်မှုဖြစ်စဉ်တွင်လည်း နယ်မြေဒေသနှင့်ပြည်သူလူထုအား အကာအကွယ်ပေးလျက်ရှိသည့် ရဲတပ်ရင်းဌာနချုပ်နှင့် မိသားစု၀င်များနေထိုင်သည့် အိမ်ထောင်သည် လိုင်းခန်းများအား ရည်ရွယ်ချက်ရှိရှိဖြင့် AA အကြမ်းဖက်သောင်းကျန်းသူများက ၀င်ရောက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များအား ပြည်သူလူထုသိရှိစေရန် သတင်းထုတ်ပြန်အပ်ပါသည်။

#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

အောင်ပန်းတွင် သင်္ကြန်အကြို စျေးဝယ်သူ များလာသဖြင့် ရောဂါထိန်းချုပ်နိုင်ရေး အိမ်ပြန်ကြရန် တိုက်တွန်း=====================...
12/04/2020

အောင်ပန်းတွင် သင်္ကြန်အကြို စျေးဝယ်သူ များလာသဖြင့် ရောဂါထိန်းချုပ်နိုင်ရေး အိမ်ပြန်ကြရန် တိုက်တွန်း
=================================================================
April 12, 2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မစျေးတွင် ဧပြီလ ၁၁ ရက်က သင်္ကြန်အကြို အဖြစ် စျေးဝယ်သူ ရာနှင့်ချီ၍ များပြားလာသည့်အတွက် နေအိမ်သို့ ပြန်ကြရန် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
“ ဒေသန္တရအမိန့်လည်း ထုတ်ထားပါတယ်။ ခုက လူတွေစုဝေး များပြားလာလို့ ရောဂါ ထိန်းချုပ်နိုင်ဖို့အတွက် အိမ်ပြန်ကြဖို့ တိုက်တွန်းရတာ ဖြစ်ပါတယ်။” ဟု ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ပြောကြားခဲ့သည်။
အဆိုပါ အောင်ပန်းမြို့မစျေးသို့ လာရောက်သူ ၅၀၀ ဦးခန့် ရှိခဲ့ပြီး မြို့ COVID-19 ရောဂါ ထိန်းချုပ်ရေးအဖွဲ့များက ဈေးဝယ် လာရောက်သူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးရာတွင် ကိုယ်အပူချိန် ၃၈ ဒီဂရီကျော်လွန်သူ ၂ ဦးကို တွေ့ရှိခဲ့ရသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း အောင်ပန်း လူမှုကူညီရေးအသင်းထံမှ သိရသည်။
ကိုယ်အပူချိန် ၃၈ ဒီဂရီကျော်လွန်သူ ၂ ဦးမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၁၈ နှစ် အရွယ် အမျိုးသားတို့ ဖြစ်ကြကာ အမျိုးသားမှာ ဆေးရုံတွင် အပူချိန် သာမန်သို့ ပြန်လည် လျော့ကျခဲ့သဖြင့် အမျိုးသမီးကိုသာ စောင့်ကြည့် ကုသမှုပေးနေကြောင်း သိရသည်။
အောင်ပန်းမြို့၊ မြို့မစျေးတွင် ဈေးဝယ်သူများအား လူစု ကွဲရန် ပိတ်ဆို့မှုများ ပြုလုပ်၍ အော်လံများဖြင့် လိုက်လံ အသိပေးမှုများ ပြုလုပ်ခဲ့ကာ ဈေးဆိုင်များရှိ ပစ္စည်းများကို သိမ်းဆည်းစေပြီး ညနေ ၃ နာရီတွင် စျေးကို ပိတ်သိမ်းစေခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်းမှ အချို့သော မြို့နှင့် ဒေသများရှိ ဈေးများတွင်လည်း ယင်းကဲ့သို့ ဈေး ဝယ်သူများဖြင့် အထူး စည်ကားနေသော်လည်း တားမြစ်သူ မရှိဘဲ ရောင်း/ဝယ်မြဲ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။

ဗိုလ် ကျော် တိုး

Coronavirus Disease 2019 (Covid-19) ရောဂါကာကွယ်ထိန်းချုပ်ရာတွင် အသုံးပြုရန်အတွက် စေတနာ ရှင်ပြည်သူများမှ လှူဒါန်းထားသည့် ...
12/04/2020

Coronavirus Disease 2019 (Covid-19) ရောဂါကာကွယ်ထိန်းချုပ်ရာတွင် အသုံးပြုရန်အတွက် စေတနာ ရှင်ပြည်သူများမှ လှူဒါန်းထားသည့် ဆေးရုံသုံးပစ္စည်းများ ထပ်မံရောက်ရှိ
==================================================================================

ရန်ကုန်၊ ဧပြီ - ၁၂

Coronavirus Disease 2019 (Covid-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရာ တွင် လိုအပ်သောနေရာများ၌ အသုံးပြုနိုင်ရန်အတွက် စေတနာရှင်ပြည်သူများမှလှူဒါန်းထား သော ဆေးရုံသုံးပစ္စည်းများ ယနေ့ညပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နေပြည်တော် လေဆိပ်သို့ မြန်မာ့တပ်မတော်လေယာဉ်ဖြင့် စတုတ္တအကြိမ် ထပ်မံရောက်ရှိလာသည်။

ရောက်ရှိလာသော ဆေးရုံသုံးပစ္စည်းများမှာ Portable Ventilator (အသက်ရှူစက်) ၁၂ လုံး၊ Personal Protective Equipment(PPE) ၀တ်စုံ ၂၀၀၀၀ စုံ၊ (Covid-19)ရောဂါစစ်ဆေးသော ဓာတ်ခွဲခန်းသုံး ဆေးပစ္စည်း (RT-PCR Kit) ၁၀၀၀၀ tests ၊ ရောဂါပိုးစမ်းသပ်စစ်ဆေးသည့် ကိရိယာ (SARS CoV-2 Rapid Qualitative Test Kit) ၂၀၀၀၀ tests နှင့် ဆက်စပ်အသုံးပြုရသောဆေးပစ္စည်း (Viral Nucleic Acid Extraction Kit) ၁၀၀၀၀ tests တို့ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိ သူများက လက်ခံရယူကြသည်။

ဆေးပစ္စည်းများ ရောက်ရှိမှုအနေဖြင့် ဧပြီ ၁ ရက်တွင် (GX01 Non Contact Electronic Thermometer) အခု ၅၀၀ နှင့် ရောဂါပိုးစမ်းသပ်စစ်ဆေးသည့် ကိရိယာ (SARS-CoV-2 Rapid Qualitative Test Kit) ၁၀၀၀၀ tests ကိုလည်းကောင်း၊ ဧပြီ ၅ ရက်တွင် Portable Ventilator (အသက်ရှူစက်) ၅၀ လုံးနှင့် Surgical Masks (ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း)အခုရေ ၂ သိန်းကိုလည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် Portable Ventilator (အသက်ရှူစက်) ရ၃ Personal Protective Equipment(PPE) ၀တ်စုံ ၉၃၉၉ စုံ၊ (Covid-19) ရောဂါစစ်ဆေးသော ဓာတ်ခွဲခန်းသုံး ဆေးပစ္စည်း (RT-PCR Kit) ၁၂၄၀၀ tests နှင့် ဆက်စပ်အသုံးပြုရသော ဆေးပစ္စည်း (Viral RNA Isolation Kit) ၁၀၀၀၀ tests တို့လည်းကောင်း ရောက်ရှိခဲ့ပြီးဖြစ်သည်။

ဗိုလ် ကျော် တိုး

အင်းစိန်မှ COVID-19 အတည်ပြုလူနာ ၄ ဦးမှာ His Glory Ministry Mission Churchမှ သင်းအုပ်ဆရာနှင့် ဓမ္မတေးတီးခတ်သူများဖြစ်ကြော...
12/04/2020

အင်းစိန်မှ COVID-19 အတည်ပြုလူနာ ၄ ဦးမှာ His Glory Ministry Mission Churchမှ သင်းအုပ်ဆရာနှင့် ဓမ္မတေးတီးခတ်သူများဖြစ်ကြောင်းသိရ
===================================================================================

Sunday, April 12, 2020

အင်းစိန်မြို့နယ်အတွင်းတွေ့ရတဲ့ COVID -19 အတည်ပြုလူနာ ငါးဦးအနက် လေးဦးဟာ အရှေ့ကြို့ကုန်းမှာရှိတဲ့His Glory Ministry Mission Church က ဖြစ်တယ်လို့ သိရပါတယ်။

His Glory Ministry Mission Church က သင်းအုပ်ဆရာ၊ ဓမ္မတေးတီးခတ်သူတို့ဖြစ်တယ်လို့ ဘုရားကျောင်းရှိရာအရှေ့ကြို့ကုန်း၊ ဝပ်ရှော့ ( ၂ ) ရပ်ကွက်ရဲ့ ရာအိမ်မှူး က ဦးစောဝင်းလွင်က ပြောပါတယ်။

ဒီလူနာတွေဟာ လူနာအမှတ် ၃၄ ၊ ၃၅ ၊၃၆ နဲ့ ၃၇ တို့ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မှာတော့ နိုင်ငံခြားသားတွေ ပါဝင်တဲ့ ဘာသာရေးအခမ်းအနား ကို အတူ တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိတယ်လို့ တွေ့ရပါတယ်။

သူတို့လေးဦးနဲ့ ထိ​တွေ့ ဆက်စပ်မိသူဟာခန့်မှန်းခြေအားဖြင့် တော့ လူတစ်ရာကျော်လောက်ရှိမယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

ထိတွေ့ဆက်စပ်မိသူတွေကိုတော့ အသွားအလာကန့်သတ်ကာစောင့်ကြည့်ဖို့ စီစဉ်နေပါတယ်။

ဒါ့အပြင် လူနာတွေနေထိုင်ခဲ့တဲ့ နေအိမ်ပတ်ဝန်းကျင်တွေကိုလည်းအသွားအလာ ကန့်သတ်လိုက်တာတွေ့ရပါတယ်။

ဒီကနေ့ မနက် အစောပိုင်းက ကျန်းမာရေးဝန်ကြီးဌာနကထပ်မံတွေ့ရှိရတဲ့ COVID -19 လူနာ စာရင်းကို ထုတ်ပြန်ရာမှာ ခုနှစ်ဦးအနက် ငါးဦးက အင်းစိန်မြို့နယ်အတွင်းက ဖြစ်ပါတယ်။

အဲဒီ ငါးဦးဟာ ဘာသာရေးအခမ်းအနားကိုအတူတက်ခဲ့တဲ့ သူလေးဦးနဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး တို့ဖြစ်ပါတယ်။

လူနာငါးဦးစလုံးကို ပိုးတွေ့ရတာဆိုတာ အတည်ပြုပြီးတဲ့နောက် အင်းစိန်ဆေးရုံကနေ ဝေဘာဂီ ဆေးရုံ ကို ပို့ဆောင်ကုသနေ တဲ့အကြောင်းအင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဆိုပါတယ်။

ဆိုရှယ်မီဒီယာမှာတော့ လူနာ အမှတ် ၃၇ က အဆိုတော်မျိုးကြီးဖြစ်တယ်ဆိုပြီး ကောလဟာဟတွေ ပျံ့ခဲ့ပေမယ့် မျိုးကြီး ဇနီးဖြစ်သူက မျိုးကြီးမဟုတ်တဲ့အကြောင်း သူ့အကောင့်ကနေ အသိပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ၃၇ ဟာ သူတို့ရဲ့ မိတ်ဆွေ ဖြစ်လို့ စိတ်မကောင်းတဲ့အကြောင်းလည်း ရေးသားထားပါတယ်။

Credit - 7 Day

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၂-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
12/04/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၂-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ COVID-19 ရောဂါအတွက်ဓာတ်ခွဲစစ်ဆေးမှု ပထမအသုတ်အား စစ်ဆေးမှုတွင် စောင့်ကြည့်လူနာများ၊ ဆေးရုံများနှင့် သက်ဆိုင်ရာ နေရာများ၌ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခံနေသူများ စုစုပေါင်း (၉၃) ဦး ၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) ၌ ဖော်ပြထားရှိသော လူနာ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာများနှင့် စောင့်ကြပ် ကြည့်ရှုမှုခံနေသူ (၉၂)ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း တွေ့ရှိရပါ သည်။ (COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) မှု သတင်းကို ယနေ့၊ ညနေ (၆:၃၀) တွင် သတင်းအကျဉ်း ထုတ်ပြန်ပြီးဖြစ်ပါသည်။)

၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-039) သည် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြိို့နယ် တွင်နေထိုင်သူ အသက် (၈၅) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၉-၄-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းလက္ခဏာများစတင်ခံစားခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (၁၁-၄-၂၀၂၀) ရက်နေ့တွင် သွားရောက်ပြသခဲ့ရာစောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓာတ်ခွဲ နမူနာရယူစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါလူနာသည် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပ နိုင်ငံများသို့ ခရီးသွားလာသော ရာဇဝင်မရှိခဲ့ကြောင်း သိရှိရပြီး ဆီးချိုရောဂါနှင့် နှလုံးသွေး ကြောကျဉ်းရောဂါအခံရှိကြောင်း သိရှိရပါသည်။ လူနာမှာ ဆေးရုံ စတင်တက်ရောက်သည့် အချိန်တွင် အလွန်မောပန်းလျက်ရှိပြီး သွေးတွင်း အောက်စီဂျင်ဓာတ်များ ကျဆင်းလျက် ရှိရာ လိုအပ်သော ကုသမှုများပေးခဲ့သော်လည်း (၁၂-၄-၂၀၂၀)ရက်နေ့၊ နံနက် (၆:၀၀) နာရီအချိန်ခန့် တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ သေဆုံးရသည့် အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံ ရှိခြင်းတို့ကြောင့် ဖြစ်ပါသည်။

၃။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၂-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၉)ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

၄။ သို့ဖြစ်ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၃)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၂၆)ဦး၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး တွင် လူနာ (၁)ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦး၊ စုစုပေါင်း (၃၂)ဦးတို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီး ရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၅။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959951082556

Website

Alerts

Be the first to know and let us send you an email when Public Eye Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Public Eye Media:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share