123 Media

123 Media 123 Media: Your Premier Digital Entertainment Hub – Where Every Click Sparks Joy!

21/04/2024

လူတစ်ရာမှာ တစ်ရာလုံး ကိုယ့်ကိုထောက်ခံမယ်လို့ ဘယ်သူမှ မျှော်လင့်ထားလို့မရဘူး …
ဖေဖေနဲ့လည်း သိပ်မတိုင်ပင်ဖြစ်ဘူး …
ကျတော်မှားတယ် ဆိုတာကလည်း
ကျတော် မှားချင်လို့ကို မှားတာ ဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင်

21/04/2024

ကလေးလေးတွေ အများကြီးကို မုန့်ဝေရတာ အရမ်းပျော်စရာကောင်းတယ်….
ဆံပင်အရှည်ထားရတာပဲ ကြိုက်တယ်ဆိုတဲ့ ထရက်ရှာလေး …

16/04/2024

ကိုသားကြီး ရှိတုန်းကဆို သူလည်း ရှုတင်နောက်ကျတယ် သူက မနက် ၅ ခွဲလောက် နိုးပြီး ၆ နာရီမှာ ဘုရားဝတ်ပြုပြီး ၇ နာရီမှာ သူ ရယ်ဒီဖြစ်နေပြီ

ဘာလို့ ရှုတင်ကို နောက်ကျပြီးမှ သွားတာလဲလို့ မေးဖူးတယ် .. ဒွေးရဲ့ အဖြေက “ ငါရိုက်ချင်စိတ် ပေါ်လာမှ သွားတာ “ လို့ ဖြေဖူးတယ် ဆိုတဲ့ သားညီ နှင့် တွေ့ဆုံခိုက်

#သားညီ #ဒွေး

15/04/2024

ငယ်ငယ်က သင်္ကြန်သူများလည်ရင် လိုက်ချင်တယ် နယ်ဘက်မှာကျ ဂျစ်ကားတွေ စုငှါးကြတာ

မေမေ့ကို မလွန်ဆန်နိုင်ဘူး ပြောမရရင် ကျုံးမှာဆိုတော့ မလိုက်ရဘူး ဘယ်မှလည်မရဘူး .. အခုကျ အကျင့်ဖြစ်သွားတာ .. တရားစခန်းပဲ အမြဲဝင်ဖြစ်သွားတယ် ဆိုတဲ့ သရုပ်ဆောင် မှူးထိပ်ထား နှင့် တွေ့ဆုံခိုက်

#မှူးထိပ်ထား

15/04/2024

နေရဲက ဆိုးတာ မဟုတ်ဘူး အရမ်း စော်ကြည်တာ .. ဒါပေမယ့် အရမ်းလိမ္မာပြီးတော်တယ် ဆိုတဲ့ နွေးနွေးချစ်ဖွယ်

အစ်မက ငယ်ငယ်တည်းက ကျွန်တော်တို့ကို ထိန်းတာ .. ထမင်းကအစ ခွံကျွေး.. ခုထိ အစ်မအရင်းတစ်ယောက်လို အရမ်းချစ်တယ် .. ဆိုးလို့ လည်း ရတုန်းပဲ ဆိုတဲ့ နေရဲ တို့နှင့် တွေ့ဆုံခိုက်

#နွေးနွေးချစ်ဖွယ် #နေရဲ

14/04/2024

သင်္ကြန်ဆို ခွက်စောင်းလည်း ခုတ်တာပေါ့ မှတ်တော့ မမှတ်မိတော့ဘူး ..

ငယ်ငယ်က ဖြတ်သွားရင် ခွေးဖြတ်သွားရင် ခွေးလိုက်ပက်တာ .. ရေပူဖောင်းတော့ မဆော့ဘူး .. ဒီ “တန်ခူးတူးယူ” ကားလေးက ဟိုးငယ်ငယ်တုန်းက ခွက်စောင်းလိုက်ခုတ် ရေပြွတ်နဲ့ ပက် စတုဒီသာ လိုက်ကျွေး အဲလိုပုံစံလေးရိုက်ထားတာ ဆိုတဲ့ သရုပ်ဆောင် နေ့သစ်အေးအောင် နှင့် တွေ့ဆုံခိုက်

#နေ့သစ်အေးအောင် #တန်ခူးတူးယူ

14/04/2024

နွဲ့နှောင်းပြီး သရုပ်ဆောင်ရမှာကို အတောင့်သား ဖြစ်နေတယ် ဆိုတဲ့ လီလီကျော်ခိုင်

ငါနဲ့ တွဲရမယ့် ကောင်မလေးက ငယ်ငယ်သေးသေး ချစ်စရာလေး ထင်နေတာ .. သူ ဖြစ်နေတယ် .. သူငယ်ချင်း နင်က တော်တော်တော့ ကြီးနေတယ်နော် ဆိုတဲ့ ချာလီ တို့နှင့် တွေ့ဆုံခိုက်

#ချာလီ #လီလီကျော်ခိုင်

13/04/2024

ဒီ “ ချစ်လို့စတာပါ “ ကားလေးက ညီအစ်ကိုတွေ အားလုံး တူတူကြိုးစားထားတာ ညီအစ်ကိုဆိုတာ အဖေလည်းပါတယ် ..

ကျွန်တော့်ညီ (မြင့်မြတ်) က ကျွန်တော့်ကျေးဇူးရှင်ပါ .. ကျွန်တော် ဒါရိုက်တာဖြစ်လာခြင်းအကြောင်းရင်းက သူ့တွန်းအားတွေ ပံ့ပိုးမှုတွေ အများကြီးပါတယ် ဆိုတဲ့ ခင်လှိုင် ၊ မြင့်မြတ် ၊ နေရဲ ၊ K ညီ တို့နှင့် တွေ့ဆုံခိုက်

#ခင်လှိုင် #မြင့်မြတ် #နေရဲ ီ

13/04/2024

အခု သင်္ကြန်က အရမ်းတော့ ပျော်စရာ မကောင်းတော့ဘူးပေါ့

ဟိုးအရင်နှစ်ကလို သင်္ကြန်မျိုးတွေ ပြန်ဖြစ်စေချင်တယ် ပြန်ပြီး စည်စည်ကားကားနဲ့ ပျော်စရာကောင်းတဲ့ မြန်မာ့ သင်္ကြန်ကို ပြန်ရောက်စေချင်တယ် အရမ်းပျော်စရာတွေ ပြန်မဖြစ်သေးရင်တောင် ကျွန်တော်တို့ ဇာတ်ကားလေး (ပါးကွက်ကြားမလေးရဲ့ သင်္ကြန်) ကို ကြ ည့်ပြီး ပျော်ပေးပါ ဆိုတဲ့ ချမ်းမင်းရဲထွဋ် ၊ တာတာ ၊ ယွန်းအိန္ဒြာကို တို့နှင့် တွေ့ဆုံခိုက်

#ချမ်းမင်းရဲထွဋ် #တာတာ #ယွန်းအိန္ဒြာကို

13/04/2024

အခြေခံလူတန်းစား ရပ်ကွက်ထဲမှာ နေတာဆိုတော့ ရပ်ကွက်ထဲမှာ လုပ်တဲ့သင်္ကြန်ကို အရမ်းသဘောကျတယ် ပျော်တယ်

မဏ္ဍပ်အကြီးကြီးတွေမှာ သီချင်းအကျယ်ကြီးတွေနဲ့ ရေမြုပ်တွေ ရေတွေ မီးစလိုက်တွေနဲ့ အဲဒါကို မပျော်တတ်ဘူး ဆိုတဲ့ အေးမြတ်သူ နှင့် တွေ့ဆုံခိုက်

#အေးမြတ်သူ

12/04/2024

ဒီ “နှစ်ဦးကြိုတဲ့သင်္ကြန်” ကားက ပျော်စရာလည်း ကောင်းတယ် ဇာတ်ညွှန်းတဲ့ မပါတဲ့ဟာသတွေလည်း လျှောက်ထည့်ထားတယ် .. တချို့ဟာတွေဆို ဆင်ဆာမရတဲ့ဟာသတွေတောင် ကျွန်တော် လျှောက်ထည့်ထားတယ် ဆိုတဲ့ တေဇလင်းရောင်

သူဖြေတဲ့ တချို့ဟာတွေဆိုရင် ဂျစ်ကန်ကန်စကားလုံးလို့ ထင်မယ် သူကိုက အဲလို ဖြေတတ်တာ ဆိုတဲ့ နန်းခင်ဇေယျာ တို့နှင့် တွေ့ဆုံခိုက်

#နန်းခင်ဇေယျာ #တေဇလင်းရောင်

12/04/2024

ဘဝမှာ ခံယူထားတာ တစ်ခုက ဘယ်တော့မှ ကောက်ရိုးမီးလို မအောင်မြင်ချင်ဘူး …

ပေါ်ပင်မှာ ပျော်ရွှင်တတ်တဲ့သူ မဟုတ်ဘူး .. အနုပညာနဲ့ ပက်သက်ပြီး ကျောထောက်နောက်ခံ မရှိဘူး .. ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကြိုးစားတာရတာ ဆိုတဲ့ ခြူးစစ်ဟန် နှင့် တွေ့ဆုံခိုက်

#ခြူးစစ်ဟန်

12/04/2024

ဒီကားမှာ မတွဲလိုက်ရလဲ ကွဲသွားတာ .. ဇာတ်လမ်းကလည်း ဆက်မရေးတော့ဘူး ..

ဇာတ်ညွှန်းသမားက နှိပ်စက်တာ နင်တို့ ၂ ယောက် မပေါင်းနဲ့ ပေါ့ .. ဘယ်ကာရိုက်တာမှာမှ မဆုံစည်းလိုက်ရဘူး ဆိုတဲ့ သရုပ်ဆောင် ကာတွန်း ၊ သက်နှင်းဆု တို့နှင့် တွေ့ဆုံခိုက်

#ကာတွန်း #သက်နှင်းဆု

11/04/2024

သရဲခြောက်တာ ခံခဲ့ရဖူးတယ် .. ဟိုတယ်မှာ အိပ်နေရင်းနဲ့ အိပ်ပျော်သလို မပျော်သလို ဖြစ်နေတဲ့ အချိန်အတွင်းမှာ ကိုယ်က ထလို့လည်း မရ .. တီဗီကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေတာ ..

မိန်းကလေးဆိုတာတော့ သိတယ် အင်္ကျီအရောင်တွေရော နောက်ကျောဘက် မြင်နေရတယ် ဆိုတဲ့ သရုပ်ဆောင် နေရဲ နှင့် တွေ့ဆုံခိုက်

#နေရဲ

11/04/2024

ကျွန်တော်တို့ အနုပညာသမားတော်တော်များများက နုကြတယ် အရွယ်တင်တယ် ပြောကြတယ် ရှုတင်ဆိုတာ ဒုတိယ မိသားစုပဲ ..

ရှုတင်ရောက်ရင် ဘာဖြစ်ဖြစ် ကိုယ့်ဆရာ ကိုယ့်ညီလေး ညီမလေးတွေနဲ့ ပျော်ပျော်ပါးပါးနေကြတာမို့ ရှုတင်က ကိုယ့်ရဲ့ အိမ်လိုပဲ ဆိုတဲ့ သတ္တိ နှင့် တွေ့ဆုံခိုက်

#သတ္တိ

10/04/2024

အဘိုး သီချင်းတွေ ဆိုရင် ဖန်တီးရင် အရမ်းအာရုံစိုက်ရတယ် .. အဘိုး ပရိသတ်က အင်မတန် အစွဲအလမ်းကြီးတယ် အဘိုးရဲ့ အသံကိုမှ သူတို့နားထဲမှာ အလွတ်ရနေတာမျိုး ဖြစ်နေတာ ..

ကျွန်တော်က နာမည်မရသေးဘူး .. ကျွန်တော်ပြည့်ဟိန်းသူ မဖြစ်သေးဘူး ဆိုတဲ့ တွံတေးသိန်းတန် မြေး ပြည့်ဟိန်းသူ နှင့် တွေ့ဆုံခိုက်

#ပြည့်ဟိန်းသူ #တွံတေးသိန်းတန် #သောကြာမိုး

10/04/2024

ဒီနှစ်က ရချင်တဲ့ သူတွေ မဟုတ်ဘူး ပေးချင်တဲ့သူတွေက အများကြီး .. ဘာလိုချင်လဲဆိုပြီး မေးကြတယ် ..

ကျွန်တော်ကိုယ်တိုင်ရဲ့ Mood ကိုက ဒီနှစ်က ဘာလက်ဆောင်မှ မလိုချင်တာ .. ဘယ်သူက ဘာပေးပေး ဘာလက်ဆောင်မှ မလိုချင်တာ ဆိုတဲ့ MC လင်းခေတ် နှင့် တွေ့ဆုံခိုက်

#လင်းခေတ်

10/04/2024

နောက်ဆုံးအခန်းရိုက်ပြီးတော့ ပြန်ကြတော့ ဒါရိုက်တာနဲ့ ညီမတို့ စီးတဲ့ကားကို ကားတစ်စီးက ဖြတ်တိုက်တာ … တော်တော်ဆိုးတယ်

ညီမဆို မင်းဘုန်းမြတ် ကို ငိုပြီး ဖုန်းဆက်တာ .. ၂ ပတ်လောက် ရှုတင်နားလိုက်ရတယ် ဆိုတဲ့ ယင်းမာ ၊ မင်းဘုန်းမြတ် တို့နှင့် တွေ့ဆုံခိုက်

#မင်းဘုန်းမြတ် #ယင်းမာ #သောကြာမိုး

09/04/2024

ကိုယ့်အထက်မှာ အကြီးတစ်ယောက် ရှိတာက တိုင်ပင်လို့ရတယ် ရင်ဖွင့်လို့ ရတယ် တစ်ခုခုဖြစ်လာရင် ကိုယ့်ရှေ့ကနေ မိဘလိုပဲ ရပ်တည်ပေးတယ် ဆိုတဲ့ သရုပ်ဆောင် ဟန်လင်း

တစ်ခါတလေကျရင် မောင်နှမလိုချင်တဲ့ စိတ်ဖြစ်တယ် တစ်ခါတစ်လေကျလည်း မလိုချင်ဘူး
ဆိုတဲ့ သရုပ်ဆောင် မျိုးဇေယျာဝင်း တို့နှင့် တွေ့ဆုံခိုက် …

#မျိုးဇေယျာဝင်း #ဟန်လင်း

09/04/2024

“အစ်မကြီး အမိအရာ” ဖြစ်တည်လာတဲ့ မူရင်းဖြစ်တဲ့ အမေနဲ့ ညီမလေးကို ရှိစေချင်တာ ..

ဒါပေမယ့် အမေက သီလရှင်ဖြစ်နေတာရယ် ညီမလေးကလည်း ကျောင်းသွားတက်ပြီဆိုတော့ သက်ဆိုင်သူ ၂ ယောက်လုံး မရှိတဲ့ ပွဲ ဖြစ်နေတာဆိုတဲ့ ထက်အဉ္ဇလီ နှင့် တွေ့ဆုံခိုက် …

#ထက်အဉ္ဇလီ #အစ်မကြီးအမိအရာ

09/04/2024

တင်ပေးတဲ့ Page တွေကိုလည်း ကျေးဇူးတင်ပါတယ် .. ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ သီချင်းထဲကနေ ဖြတ်ပြီး တင်ပေးတော့ လူလည်းပိုသိတာပေါ့ …

ဒီတိုင်း ဘာမှမသိတာထက်စာရင် အခုလို တင်ပေးတာ ဝမ်းသာပါတယ် ဒါပေမယ့်လည်း သီချင်းလေးလည်း ပိုပြီး နားထောင်စေချင်တယ် အနုစိတ်နဲ့ ဂရုတစိုက်ဖန်တီးခဲ့တာမို့ နားထောင်စေချင်တယ် ဆိုတဲ့ အောင်ဆက် ၊ ခေတ်မင်းပိုင် တို့နှင့် တွေ့ဆုံခိုက် …

#ခေတ်မင်းပိုင် #အောင်ဆက်

09/04/2024

တွဲပြီးကရင်တော့ သူ့ကို သင်ရမယ် .. ကိုယ်က ဆရာကြီး .. သရုပ်ဆောင်ဆိုရင်တော့ သူ့ဆီက သင်ရမယ် ဆိုတဲ့ မေတင်မောင်ဆန်းဝင်း

အစ်မကတာ လှတယ် .. အရင်ကဆို အိမ်မှာ ခဏခဏ ကြည့်ဖြစ်တယ် ဆိုတဲ့ အေးချမ်းမောင် တို့နှင့် တွေ့ဆုံခိုက် …

#မေတင်မောင်ဆန်းဝင်း #အေးချမ်းမောင်

08/04/2024

တစ်ခါတစ်လေကျရင် နှိမ်ချင်ကြတဲ့သူတွေ ရှိတယ် .. ဒါပေမယ့် မင်းသား မင်းသမီး အသိုင်းအဝိုင်းမှာတော့ မနှိမ်ပါဘူး အားလုံးက သူ့အဆက်အသွယ်နဲ့ သူပဲ ..

အရမ်းကြီးနှိမ်တယ်ဆိုတာက ကျွန်တော်တို့ အနေနဲ့တော့ မတွေ့ဖူးပါဘူး .. ကိုယ့်ကိုလည်း မနှိမ်သလို ကိုယ့်ကလေးတွေကိုလည်း မနှိမ်ပါဘူး ဆိုတဲ့ ဒီဇိုင်နာ ပြည်စိုးအောင် နှင့် တွေ့ဆုံခိုက် …

#ပြည်စိုးအောင် #ဒီဇိုင်နာ

08/04/2024

စာက ရေးလက်စနဲ့ ရပ်နေတာပါ .. ဆရာလုပ်တဲ့ အပိုင်းလည်း မပါဘဲ ဖြတ်သန်းလာတဲ့ဘဝမှာ ကိုယ်တကယ် ကြုံခဲ့ရတာ ခံစားခဲ့ရတာမျိုးကို ချပြတဲ့ ပုံစံမျိုး ရေးချင်တယ် ဆိုတဲ့ ငွေတီဦး နှင့် တွေ့ဆုံခိုက် …

#ငွေတီဦး

08/04/2024

မင်းသား ၂ ယောက်နဲ့ ဒါရိုက်တာက ကားကို မပြီးချင်ဘူး ပရိုဂျူဆာက ပိုက်ဆံကုန်နေပြီ …ရိုက်ရတာ အရမ်းပျော်နေကြတာ ရိုက်ကူးရေးမှာ …

ပိုက်ဆံတွေ ရှာဦးမယ် ရုပ်ရှင်ရိုက်ဖို့ .. ရုပ်ရှင်ရိုက်ရတာ ပျော်လို့ ဆိုတဲ့ ဒီဇိုင်နာ ရည်မွန်အောင် ၊ ဇာတ်လမ်း ဇာတ်ညွှန်း မယ်ခိုင် တို့နှင့် တွေ့ဆုံခိုက် …

#မယ်ခိုင် #ရည်မွန်အောင်

08/04/2024

ဟန်လင်းနဲ့က အပြင်မှာ ညီအစ်ကိုလို နေကြတယ် ဆိုပေမယ့် ဇာတ်လမ်းရိုက်တဲ့အချိန်မှာတော့ တကယ်ချစ်ခဲ့ကြတာ

ပြန်တွေ့တဲ့အချိန်ကျ စိတ်ထဲမှာ စိမ်းမနေဘဲ ရည်းစား ၂ ယောက်က Ex အနေနဲ့ ပြန်တွေ့သလို ဖြစ်နေတယ် ဆိုတဲ့ သရုပ်ဆောင် ဟိန်းသစ်စ နှင့် တွေ့ဆုံခိုက် …

#ဟိန်းသစ်စ #ဟန်လင်း

08/04/2024

အပင်မြင့်ရင် လေတိုက်တယ် လေတိုက်တော့လည်း အေးသွားတာပေါ့ရှင်

ကိုယ့်ရဲ့ခံယူတတ်တဲ့ စိတ်ပေါ်ပဲ အားလုံးက မူတည်တာ .. ဘေဘီရဲ့ ခံယူချက်ကတော့ အပင်မြင့်ရင် လေတိုက်မယ် .. လေတိုက်တော့လည်း ကျွန်မဘဝအတွက် အေးချမ်းသွားတယ်ပဲ ခံယူလိုက်တယ် ဆိုတဲ့ ဘေဘီမောင် နှင့် တွေ့ဆုံခိုက် …

#ဘေဘီမောင်

08/04/2024

၂၀၁၉ သင်္ကြန်မဏ္ဍပ်က အပြန်မှာ ကားတိုက်ဖူးတယ်

သင်္ကြန်မတိုင်ခင်မှာ ကားဝယ်ပြီး သင်္ကြန်မှာ တိုက်တာပဲ .. အတက်နေ့ကြီး .. နှစ်ဆန်းတစ်ရက်နေ့မှာ ဘူနေခဲ့ရတာ ဆိုတဲ့ ပိုင်အုပ်စိုးအောင် နှင့် တွေ့ဆုံခိုက် …

#ပိုင်အုပ်စိုးအောင်

07/04/2024

ဒေါက်တာ ငွေတီဦးဆိုပြီး ဖြစ်လာတာ ပြေတီဦးရဲ့ အရိပ်အာဝါသအောက်မှာ ဖြစ်လာတာမဟုတ်ဘူး

ငွေတီဦးဆိုပြီး သူ့ဘာသာ ရပ်တည်လာတာ .. သူ့တစ်ယောက်တည်း ကြိုးစားတာ လုပ်ယူတာ .. အဲဒါက မကြီးတို့အတွက် အရမ်း အတုယူစရာကောင်းတယ် ဆိုတဲ့ စိုးမြတ်သူဇာ ၊ ငွေတီဦး တို့နှင့် တွေ့ဆုံခိုက် …

#စိုးမြတ်သူဇာ #ငွေတီဦး

07/04/2024

အင်းယားလမ်းသင်္ကြန်မဏ္ဍပ်ခေတ်ကို မီခဲ့တာ အဲ့ဒီခေတ်က ဘာနဲ့မှ လဲလို့ မရဘူး

တောက်လျှောက် မဏ္ဍပ်တွေ စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင်ကဲခဲ့တာတွေ အဲ့ဒီခေတ်က သိပ်ကို ပျော်စရာကောင်းခဲ့ပါတယ် ဆိုတဲ့ စိုးကြီး နှင့် တွေ့ဆုံခိုက် …

#စိုးကြီး

Address


Telephone

+959791350670

Website

Alerts

Be the first to know and let us send you an email when 123 Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 123 Media:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share