BUN channel

BUN channel Knowledge and entertainment

11/11/2024

“ကမ္ဘာအနှံ့က thay ဒ-ဏ်များအကြောင်း”
ကမ္ဘာအနှံ့က နိုင်ငံပေါင်း ၅၅ နိုင်ငံကျော်ဟာ thayဒ-ဏ်ဆိုတဲ့ ပြ-စ်ဒ-ဏ်ကို ကျင့်သုံးနေကြဆဲပါ၊ ဒါပေမဲ့ အကျ-ဉ်းသားတွေကို ရူ-းသွပ်စေလောက်တဲ့ ဂျပန်နိုင်ငံရဲ့thayဒ-ဏ်ကစလို့ လှည့်ကွက်ဆို-းဆို-းရွားရွားတွေသုံးတဲ့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ thayဒ-ဏ်အထိ အမျိုးမျိုး ကွဲပြားပါတယ်၊

07/11/2024

ရွာကသူနာပြုမလေးဘဝကနေ လူချစ်လူခင်ပေါတဲ့ ဘုရင်မဘဝ
အဲ့ကနေ a-သဒဏ်ကျခံရတဲ့အကျဉ်းသား၊ ဒီဇာတ်လမ်းက ဘယ်လိုအဆုံးသတ်သွားလဲ

07/11/2024

"ဘာကြောင့် ဘရူနိုင်းဘုရင်က သူ့သားတော်ကို သာမာန်မိန်းကလေးတစ်ဦးနဲ့ လက်ထပ်ခွင့်ပြုခဲ့သလဲ?"

04/11/2024

ဘုရင်မကြီး ဆိုဖီယာက သူ့ခင်ပွန်းရဲ့ အငယ်အနှောင်း ၁၅၀၀ ကို သည်းခံခဲ့ရတယ်.သူမရဲ့ အခြေအနေကို ကြည့်လိုက်ပါ။

25/10/2024

နိုင်ငံကထွက်ပြေးခဲ့ရတဲ့ အီရန်ဘုရင်မဖာရာပါလာဗီကို မှတ်မိကြသေးလား၊ သူမရဲ့ထီးနန်းကို ဘယ်လိုပြန်ယူမလဲဆိုတာ ကြည့်ကြရအောင်

23/10/2024

ရုတ်တရက် ဝေလငါးက ရေငုပ်သမားကို မြိုလိုက်တယ်၊ ၅မိနစ်ကြာပြီးနောက်မှာ လူတိုင်း အံ့ဩတုန်လှုပ်သွားခဲ့ရတယ်
#ဝေလငါး

16/10/2024

"ကီရာနရိဖက်ထားခဲ့တဲ့ သ-ဆုံးကာနီး ကလေးမလေးတစ်ယောက်အကြောင်း"

11/10/2024

အသက်အငယ်ဆုံးဘုရင်ဖြစ်လာမဲ့ မင်းသားမူလေ
သူ့အဖေက ဘယ်မှာလဲ၊ အမေကရော ဘာလို့ ပြန်နာမည်ကြီးလာတာလဲ

အရင်တုန်းက ရေးထားတဲ့ရယ်စရာ လေး တစ်ခု တင်မယ်နော်၊ တကယ့်အဖြစ်တိုင်းရေးထားတာမို ရိုင်းတယ်လို မထင်ကြစေချင်ပါ။ရန်ကုန်က ဈေးသယ်...
03/10/2024

အရင်တုန်းက ရေးထားတဲ့
ရယ်စရာ လေး တစ်ခု တင်မယ်နော်၊ တကယ့်အဖြစ်တိုင်းရေးထားတာမို ရိုင်းတယ်လို မထင်ကြစေချင်ပါ။

ရန်ကုန်က ဈေးသယ် တွေ ဈေးဗန်းခင်းချက်ကရူး လောက်တယ်၊🌷😄😄🌷

ကျွန်မတိုမိသားစုဟာ
တောင်ဥက္ကလာအိမ်ကို ရခိုင်ကနေ ပြောင်းလာခဲ့ကြတော့ နေ့လည်နေ့ခင်းဆို သမီးတွေ အလုပ်သွား၊ကျောင်းသွားကြလျှင် မေမေတစ်ယောက်ထဲ အိမ်မှာကျန်ခဲ့တယ်။

တစ်နေ့မှာ
မေမေက ကျွန်မကို ပြောတယ်။

"မ ယေ၊မ ယေ
ဒီရန်ကုန်မှာ ရောင်းစားတာကိုလေးလေးစားစားမရောင်းကြဘူး"

"ဟင်..ဘာဖြစ်လိုလဲမေမေရဲ့"

"နေ့လည် သမီးတိုကျောင်းသွားချိန်ဆို မိန်းမတစ်ယောက်
ဆဲဆိုပြီးစျေးလာရောင်းတယ်"

ကျွန်မလည်းတအံ့တဩနဲ့
မေမေ့ကိုကြည့်ပြီး

"ဘယ်လိုဆဲတာလဲမေမေ"

"ငဆပ
ငဆပ ဆိုပြီး
အော်ပြေးနေတယ်'

"မေမေပြောတော့စျေးရောင်းတာဆို"

"သူ့ခေါင်းမှာဗန်းပါတယ်သမီးရဲ့၊မေမေလဲ ဘာအော်တာလဲသိချင်လို
ခေါ်ဦးမလိုပဲ၊တော်ကြာအရူးဆိုရင်အခက်ဆိုပြီးမခေါ်ရဲဘူး..
ပြီး..သူက စျေးရောင်းတယ်လဲမထင်ရဘူး
ငဆပ လိုအော်ပြီး ပြေး
နေတာ"

ကျွန်မတော်တော်ဦးဏှောက်စားသွားတယ်။
နောက်ရက်တွေလဲအဲသည်မိန်းမကြီးကို အဲလိုအော်ရင်းပြေးရင်းနဲ့
တွေ့ နေရတာပဲတဲ့..
ထူးဆန်းတာက ကျွန်မတို
ကျောင်းပိတ်ရက်ဆိုရင်
သူမလာလို ဘာရယ်ဆိုတာမသိရဘူး၊

တစ်ရက်တော့ ကျွန်မ ‌နေမကောင်းလို
ခွင့်ယူပြီး မေမေနဲ့ နှစ်ယောက်ထဲ အိမ်မှာရှိနေတုန်း ..

ငဆပ ဆိုတဲ့ အော်သံအကျယ်ကြီးကိုကြားလိုက်ရတယ်။ကျွန်မလဲ အိမ်ထဲကနေခြံထဲကိုအတင်းပြေးဆင်းတာ ဖိနပ်တောင်မပါဘူး။

အိမ်နဲ့ခြံဝကတော်တော်လှမ်းတဲ့အပြင် ပုဏ္ဏရိပ်ပင်တွေကွယ်နေတော့ တော်ရုံလူကို မတွေ့ရဘူးလေ။ တွေ့ပါပြီ၊အသက်ကြီးကြီး ခပ်ပိန်ပိန်မိန်းမတစ်ယောက် နှီးဗန်းဇောက်မြင့်မြင့်လေးထဲမှာ တစ်စုံတစ်ရာပါလာသလိုမျိုး လက်နှစ်ဖက်နဲ့ကိုင်ပြီး
ကျွန်မတိုအိမ်ရှေ့ရောက်လာတယ်ဆိုရင်ပဲ သူ့ပါးစပ်ကို အကျယ်ကြီးဖွင့်ပြီး ထပ်အော်ပြန်တယ်။

အို ..တော်တော်ရိုင်းတဲ့မိန်းမ..
ရူးနေပုံလဲ မရပါဘူး၊

သူလည်းကျွန်မတိုအိမ်ခြံ၀နား‌အရောက် ကျွန်မလည်း လူလုံး ထွက်ပြကာခေါ်လိုက်ပါတယ်။

"အ ‌ဒေါ်ရေ.
အာ့ဘာရောင်းတာလဲဟင်"

"ဝယ်မလိုလား"

"ဟုတ်..ဟုတ်"

လေသံဩဩကြီးကကြောက်စရာကြီးမို ကျွန်မလည်ချောင်းခြောက်သွားရတယ်။

ဘာရောင်းတယ်ဆိုတာ
မပြောပဲ ခြံထဲဝင်လာတဲ့အဲမိန်းမ ‌နောက်ကလိုက်လာရင်း မေမေ့ကို အော်ခေါ်ရသေးတယ်။
စပ်စုချင်လိုသာခေါ်လာရတာ၊ ခပ်ကြောက်ကြောက်ရယ်။
မေမေက အိမ်ပေါက်ဝကရပ်စောင့်နေတယ်၊အဲ မိန်းမကြီးက သူ့ဗန်းကိုချလိုက်တဲ့ခါမှာတော့ သားအမိနှစ်ယောက် ပြူးပြဲနေအောင်ငုံကြည့်ကြတယ်၊၊ ။

အမလေး
အော်တတ်ပ ‌တော်..
အဲအဖွားကြီးရဲ့ ငဆပ က
မည်းမည်းတူးတူးကြီး..

ဝက်ဆီဖတ်တွေ ဖြစ်နေပါရောလား၊

၀က်ဆီဖတ်မစားကြပေမယ့်
တစ်ဆယ်သားဝယ်ထားလိုက်ကြတယ်၊ အဲမိန်းမက တော့ သူ့အော်နည်းအတိုင်း

င ဆပ လို အကျယ်ကြီးအော်ကာ ထွက်သွားလေရဲ့..

မေမေနဲ့ကျွန်မမှာတော့
င ဆပ. အဲ ဝက်ဆီဖတ်တုံးကိုကြည့်ပြီး ရယ်လိုက်ကြရတယ်ဆိုတာ။

"ကြံကြံဖန်ဖန်သမီးရယ်
ဝက်ဆီဖတ်ကို င ဆပလိုအော်ရောင်းတာ
မေမေ့တစ်သက်မှာ ဒီတစ်ခါပဲ မြင်ဖူးပါရဲ့
ထွီ...စားချင်စိတ်ပျောက်အောင်အော်တတ်တာရိုက်ချင်စရာ၊အဲ ဝက်ဆဖ ကို
ရေလာခပ်တဲ့ကောင်လေးလာရင် ပေးလိုက်"

ကျွန်မတိုအိမ်ရှေ့ မှာ အနီးအနားရေမရှိတဲ့အိမ်တွေသုံးလိုရအောင် အုတ်ရေတွင်းလေးလုပ်ပေးထားပါတယ်၊ ဂျိုးဖြူရေလာတဲ့အချိန်အုတ်ကန်မှာဖြည့်ထားရင် ညနေ ရေလာခတ်တဲ့ မိသားစုရှိတယ်လေ၊

ညနေသူတိုမိသားစု ရေလာခတ်ကြတော့

နေ့လည်က၀ယ်ထားလိုက်တဲ့ ငဆပ၊ အဲ..၀က်ဆီဖတ်ထုတ်ကို ပေးလိုက်ပါတယ်။

ကျေးဇူးတင်လို ဆုတွေလည်းပေးကြသေးတယ်၊
ရေအကျိုးကော၊ ၀က်ဆဖတ် အက်ျုးကော ကုသိုလ်ရသွားပါတော့တယ်။

ထူးဆန်းပါဘိ ဝက်ဆဖတ်သယ်ရယ်😄😄

ချစ်ရသူလေး တွေလည်း ကိုယ်ကြုံဖူးတဲ့
အထူးအဆန်း ဈေးသည်လေး တွေရဲ့ အော်သံလေးတွေ ကိုမန့်ခဲ့ကြပါလားဟင်။
ပျော်ရတာပေါ့နော်။

ချစ်တဲ့,တင်မိမိအောင်
credit

28/09/2024

အလုပ်သမားတွေရဲ့ ပြီးပြည့်စုံလွန်းတဲ့ စကေးများ
Satisfying Videos of Workers Doing Their Job Perfectly #3

27/09/2024

Satisfying Videos of Workers Doing Their Job Perfectly
အလုပ်သမားတွေရဲ့ ပြီးပြည့်စုံလွန်းတဲ့ စကေးများ

တရွာလုံး ရေမြုပ်ချိန်မှာ အသက်(၁၂)အရွယ် ကလေးလေးက ရေနစ်​ေ.သဆုံးရနိုင်တဲ့ ရွာသား၇၀% ရာခိုင်နှုန်းကျော်ကို (၂)ရက်နီးပါး နေ့/...
27/09/2024

တရွာလုံး ရေမြုပ်ချိန်မှာ အသက်(၁၂)အရွယ် ကလေးလေးက ရေနစ်​ေ.သဆုံးရနိုင်တဲ့ ရွာသား
၇၀% ရာခိုင်နှုန်းကျော်ကို (၂)ရက်နီးပါး နေ့/ည
တယောက်ထဲ ကယ်ခဲ့တယ် ...
အညတြ သူရဲကောင်းလေးကို ဝိုင်းဝန်းချီးမြှင့်ကြပါစို့❤️
c

27/09/2024

ခိုင်နှင်းဝေကိုအမီလိုက်ပြီး ကယားပြည်နယ်လွိင်ကော်မြိုလေးအထိ သွားရောက်လှူဒါန်းနေတဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်

26/09/2024

ကမ္ဘာကျော်ဂျပန်ဖိုက်တာ တာခဲရုကို အနိုင်ယူနိုင်မယ်ဆိုရင် ထိပ်တန်းလက်ဝှေ့သမားဖြစ်လာတော့မယ့် သန့်စင်

25/09/2024

ရေဘေးပြန်လည်ထူထောင်ရင် ပရဟိတခရီးစဉ်ကြီးမှာ တက်ကြွစွာလှူဒါန်းနေတယ် ပရဟိတမင်းသမီးခိုင်နင်းဝေ

23/09/2024

ရေဘေးလှူဖိုအတွက် ရေးသားထားတဲ့ သီချင်းကို သိန်းဆယ်ကျော်နဲ့လေလံရောင်းချနိုင်ခဲ့တဲ့ ခြိမ့်ကေကို 🇲🇲 #29ရွှေဆိုင်

22/09/2024

မြန်မာနိုင်ငံက ကျိ _- န် စာ သင့်နေတာဖြစ်ကြောင်း ဒဲ့ပဲပြောလာခဲ့တဲ့ ချမ်းမြေ့မောင်ချို

Address


Telephone

+959759036483

Website

Alerts

Be the first to know and let us send you an email when BUN channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BUN channel:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share