𝐌𝐠 𝐙𝐢𝐧 𝐌𝐢𝐧 𝐋𝐰𝐢𝐧

  • Home
  • 𝐌𝐠 𝐙𝐢𝐧 𝐌𝐢𝐧 𝐋𝐰𝐢𝐧

𝐌𝐠 𝐙𝐢𝐧 𝐌𝐢𝐧 𝐋𝐰𝐢𝐧 စလောင်းနည်းပညာလေ့လာသူ

11/12/2023

Appcreator24 နဲ့ရေးထားတဲ့ Apk တစ်ခုဖြစ်ပါတယ်။

Apk တစ်ခုကောင်းဖို့ဆိုတာက ရုပ်သံလိုင်းတွေကြည့်လို့ အဆင်ပြေနေယုံဖြင့် မပြီးပါဘူး။

Apk ရဲ့ Ui & Ux တွေကောင်းဖို့လိုပါသေးတယ်။
Ui ကောင်းဖို့ဆိုတာက ကြည့်လိုက်တာနဲ့ ဘာနှိပ်ရင် ဘယ်ကိုရောက်မယ်ဆိုတာမျိုးပါ။ မြင်ကွင်းထဲမှာ ရိုးရှင်းပြီး သေသပ်လှပနေရမယ်။

Ui တော့ ကောင်းပြီး Ux မကောင်းရင်လဲ အဆင်မပြေပါဘူး။

Ui ထဲက တစ်ခုခုနှိပ်ပြီးဝင်လိုက်တာနဲ့ လိုရင်းရောက်ဖို့ တစ်ခုပြီးတစ်ခု နှိပ်ခိုင်းတာမျိုးတွေက Ux ပိုင်းမကောင်းဘူးလို့ပြောလို့ရပါတယ်။

ဒီတော့ Ux ကိုလဲ Ui လိုကောင်းအောင်လုပ်ရပါမယ် ဆိုတဲ့အကြောင်းရှင်းပြခြင်းပဲဖြစ်ပါတယ်။

MU ဖန်ဖြစ်ရတာ သိပ်ဂုဏ်ယူဖို့ကောင်းတယ်။တစ်ဖတ်အသင်းကို ဘယ်တော့မှ အနိူင်မယူ ဗိုလ်မကျဘူး။😂😂😂
09/12/2023

MU ဖန်ဖြစ်ရတာ သိပ်ဂုဏ်ယူဖို့ကောင်းတယ်။

တစ်ဖတ်အသင်းကို ဘယ်တော့မှ အနိူင်မယူ ဗိုလ်မကျဘူး။😂😂😂

လီဗာပူး Vs ဖူဟမ် (Live m3u8)ဒုတိယပိုင်း အမှီလေး ကြည်တောက်ရှင်း Logo ပျောက် Free အခမဲ့ကြည့်။https://goaltv.cloudns.org/li...
03/12/2023

လီဗာပူး Vs ဖူဟမ် (Live m3u8)
ဒုတိယပိုင်း အမှီလေး ကြည်တောက်ရှင်း Logo ပျောက် Free အခမဲ့ကြည့်။
https://goaltv.cloudns.org/livestream/ch1/index.m3u8

PSI S2 AEC စက်အသုံးပြုနည်းများ။PSI S2AEC HDစက်ဂြိုလ်တုပယ်ဖျက်နည်း💗💗💗💗💗💗💗💗💗💗💗💗💗စက်ရုံထွက်၊စက်အသစ်မှာThaicom Ku(၂’စံနစ်)ဂြ...
03/12/2023

PSI S2 AEC စက်အသုံးပြုနည်းများ။

PSI S2AEC HDစက်ဂြိုလ်တုပယ်ဖျက်နည်း
💗💗💗💗💗💗💗💗💗💗💗💗💗
စက်ရုံထွက်၊စက်အသစ်မှာ
Thaicom Ku(၂’စံနစ်)ဂြိုလ်တု-(၁)လုံးနဲ့
C(၈’စံနစ်)ဂြိုလ်တု-(၄)လုံး
ပါလာတယ်။
၁။Menu,
၂။Input Password-0000,
၃။Installation,
၄။Delete (အဝါရောင်)ခလုတ်နှိပ်ပါ။
၅။ဖျက်ချင်တဲ့ဂြိုလ်တုကို ရွေးချယ်၊
Delete (အဝါရောင်)ခလုတ်
နှိပ်ပါ။
(ပယ်ဖျက်သင်္ကေတ ပေါ်လာ)
၆။Exitနှိပ်ပါ။
၇။Yesဘက်ရွှေ့၊Okနှိပ်ပါ။
၈။Exitတစ်ချက်စီနှိပ် ထွက်ပါ။

PSI S2AEC HDစက်လိုင်းစုံဖမ်းယူနည်း
💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗
စလောင်းလိုင်းနံပါတ်များ
ရိုက်ရှာစရာ မလိုပါ။
ထုတ်လွှင့်စလောင်းလိုင်းအသစ်
နံပါတ်များလည်း ထပ်ဝင်လာပါတယ်။
စလောင်းလိုင်းအစုံဖမ်းယူပေးတဲ့ နည်းစံနစ်ပါ။
၁။Menu,
၂။Input password-0000,
၃။Installation,
၄။Thaicom Kuတွင်
၅။LNBကို
Universal(9750-10600)
ရောက်အောင် ပြောင်းပါ။
(Okညာဘက်ခလုတ် တစ်ချက်စီနှိပ်ပါ)
၆။အပြာရောင်ခလုတ်နှိပ်ပါ။
၇။Scan Modeတွင်
Full Scanကို
Blind Scanရောက်အောင် ပြောင်းပါ။
(Okညာဘက်ခလုတ် တစ်ချက်စီနှိပ်)
၈။Searchတွင် Okနှိပ်ပါ။
*လိုင်းအစုံမမိရင် ဗန်းအနည်းငယ် ကစားယူပါ။

PSI S2AEC HDစက်လိုင်းသစ်ထည့်ဖမ်းနည်း
💗💗💗💗💗💗💗💗💗💗💗💗💗💗💗
၁။Menu,
၂။Input Password-0000,
၃။Installation,
၄။Thaicomဂြိုလ်တုမှာ
Satmail(စာအိတ်ပုံ)ခလုတ်
နှိပ်ပါ။
(လိုင်းနံပါတ်များပေါ်လာ)
*ဂြိုလ်တုသစ်ထည့်ချင်ရင်
Add (အနီရောင်)ခလုတ်နှိပ်၊
ဂြိုလ်တုအမည်ပေး၊
Confirm (အဝါရောင်)ခလုတ် နှိပ်ပါ။
Okညာဘက်ရိုက် LNBအမျိုးအစား ရွေးချယ်ပါ။
(Okညာဘက် တစ်ချက်စီရိုက်ပါ)
Exitနှိပ်ပါ၊
Yesဘက်ရွှေ့ Okနှိပ်ပါ။
၅။Add (အနီရောင်)ခလုတ်နှိပ်ပါ။
၆။ပေါ်လာတဲ့အကွက်မှာ
လိုင်းနံပါတ်သစ် ရိုက်ထည့်၊
Save ခလုတ်နှိပ်ပါ။
၇။လိုင်းသစ်ဖမ်းယူဖို့
(အပြာရောင်)ခလုတ်နှိပ်ပါ၊
Searchအကွက်မှာ Okနှိပ်ပါ။
၈။Search Finished!
Okအကွက်မှာ Okနှိပ်ပါ။

PSI S2AEC HDစက်လိုင်းစီနည်း
💗💗💗💗💗💗💗💗💗💗💗
၁။Menu,
၂။Input Password-0000,
၃။Edit Channel,
၄။TV Channel List,
၅။Move (အဝါရောင်)နှိပ်ပါ။
၆။စီချင်တဲ့လိုင်းကို ရွေးချယ်၊
Okနှိပ်ပါ။
(ရွှေ့ပြောင်းသင်္ကေတ ပေါ်လာ)
၇။ထားချင်တဲ့နေရာကို ရွှေ့ပါ။
(အပေါ်/အောက်)
၈။Exitနှိပ်ပါ။
၉။Exitနှိပ်ပါ။
Yesဘက်ရွှေ့၊Okနှိပ်ပါ။
၁၀။Exitတစ်ချက်စီနှိပ် ထွက်ပါ။

PSI S2AEC HDစက် လိုင်းအမည်ပြောင်းနည်း
💗💗💗💗💗💗💗💗💗💗💗💗💗💗💗
၁။Menu,
၂။Input password-0000,
၃။Edit Channel,
၄။TV Channel List,
၅။Edit(အပြာရောင်)၊
၆။Edit(အစိမ်းရောင်)၊
၇။စာရိုက်Keyboard
ပေါ်လာအောင် Okနှိပ်ဝင်ပါ။
၈။မူရင်းအမည် ဖျက်ပါ။
(အနီခလုတ် တစ်ချက်စီနှိပ်)
၉။အမည်ရေးပါ။
(Capital Letterပြောင်းလိုရင် အစိမ်းရောင်ခလုတ်ကို နှိပ်ပါ)
၁၀။အတည်ပြုပါ။
(အဝါရောင်ခလုတ်ကို-၂ ချက်
ဆင့်နှိပ်ပါ)
၁၁။Exitတစ်ချက်စီ နှိပ်ထွက်ပါ။

PSI S2AEC HDစက်လိုင်းဖျက်နည်း
💗💗💗💗💗💗💗💗💗💗💗💗💗
၁။Menu,
၂။Input Password-0000,
၃။Edit Channel,
၄။TV Channel List,
၅။Edit (အပြာရောင်)ခလုတ်
နှိပ်ပါ။
၆။Delete (အပြာရောင်)ခလုတ် နှိပ်ပါ။
၇။(ဂြိုလ်တုအလိုက်၊လိုင်းအုပ်စုအလိုက်၊တစ်လိုင်းချင်းအလိုက်)
ဖျက်လိုတာရွေးချယ်၊Okနှိပ်ပါ။
၈။တစ်လိုင်းချင်းအလိုက်ဆိုရင် ဖျက်ချင်တဲ့လိုင်းကို ရွေးချယ်၊
Okနှိပ်ပါ။
(ပယ်ဖျက်သင်္ကေတ ပေါ်လာ)
၉။Exitနှိပ်ပါ။
၁၀။Yesဘက်ရွှေ့၊Okနှိပ်ပါ။
၁၁။Exitတစ်ချက်စီနှိပ် ထွက်ပါ။

PSI S2AEC HDစက်Biss Keyရိုက်နည်း
💗💗💗💗💗💗💗💗💗💗💗💗💗💗
၁။Menu,
၂။Input Password-0000,
၃။Edit Channel,
၄။TV Channel List,
၅။ဖွင့်လိုသောလိုင်းကို ရွေးချယ်ပါ။
၆။0(Zero)ခလုတ်နှိပ်၊
၇။Biss Keyရိုက်ပါ။
နံပါတ်များ-ရီမုဒ်ရှိနံပါတ်များကို
နှိပ်ပါ၊
အက္ခရာများ-ပေါ်နေတဲ့
Keyboardရှိအက္ခရာများကို
နှိပ်ပါ။
(Okရဲ့ဘယ်/ညာခလုတ်ရွှေ့၊
Okနှိပ်ပါ)
၈။Save(အပြာရောင်)ခလုတ်နှိပ်ပါ၊
၉။Exitတစ်ချက်စီနှိပ် ထွက်ပါ။

PSI S2AEC HDစက်မြန်မာစာပြောင်းနည်း
💗💗💗💗💗💗💗💗💗💗💗💗💗💗
(၉၊၆၊၂၀၁၇)နေ့ည
သန်းခေါင်ယံအချိန်၊
OTAဆွဲပြီးတဲ့စက်မှာ
၁။Menu,
၂။Input Password-0000,
၃။System,
၄။Languageမြာ
ညာတစ်ချက်စီ ရိုက်ပါ။
၅။Myanmar မြန်မာပေါ်လာရင်
Exitတစ်ချက်စီနှိပ် ထွက်ပါ။

PSI S2AEC HDစက်စက်ရုံထွက်ပြန်ယူနည်း
💗💗💗💗💗💗💗💗💗💗
user_db.binဖိုင်
တင်ထားလို့ဖြစ်စေ၊
အခြားဂြိုလ်တုလိုင်းများ
ရှိနေလို့ဖြစ်စေ
စက်ရုံထွက်အတိုင်း
ပြန်လိုချင်သပဆိုရင်
၁။Menu,
၂။Input Password-0000,
၃။Tools,
၄။အောက်တစ်လိုင်း ဆင်းပါ၊
Factory defaultမှာ Okနှိပ်ပါ၊
Yesအကွက်ဘက်ရွှေ့ Okနှိပ်ပါ။
Restartက်သြား၊
Logoပြန်တက်လာပြီးရင်
စက်ရုံထွက်အတိုင်း ပြန်ရပါပြီ။

NTSCပြောင်းနည်း
💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗
၁။Menu,
၂။0000,
၃။(၂)ချက်ဆင်းပါ၊Okနှိပ်ပါ။
၄။(၁)ချက်ဆင်းပါ၊
ညာတစ်ချက်စီရိုက်ပါ။
၅။NTSCရောက်ရင် ငြိမ်သွား၊
Okနှိပ်ပါ။
၆။Exitတစ်ချက်စီ နှိပ်ထွက်ပါ။။

02/12/2023

ကိုယ်ပိုင် M3U Local URL ပြုလုပ်နည်း။
PSI S2 Green & Hellobox 4mb တွေ icလဲစရာမလိုပဲ M3U URL ထည့်ကြည့်လို့ရပြီး ရီမုမဟမ်းတဲ့ Bin ဖိုင်တွေပေါ်လာတော့ အဆင်ပြေပြီလေ။

ဒါကြောင့်နည်းပညာလေးတစ်ခု မျှဝေပေးလိုက်ပါတယ်။

ဘောလုံးပွဲတိုက်ရိုက်ကြည့်နိူင်တဲ့ M3U / M3U8 တွေကို ဖုန်းတစ်လုံး နဲ့ လေ့လာနိုင်မယ်ဆို မကောင်းဘူးလား😃‼️

ကျွန်တော်နဲ့အတူ ရုပ်ရှင် အားကစား စုံစုံလင်လင်ကို ကိုယ်တိုင်ဖန်တီး ကြည့်ရှု့အသုံးပြုတက်ဖို့ သင်ယူ လိုက်ပါ 🎯

📲ဖုန်း ရှိရုံနဲ့ လေ့လာသင်ကြားနိူင်ပြီး သင်ခန်းစာတိုင်းကို စနစ်တကျနဲ့ အရှင်းလင်းဆုံးဖြစ်အောင် သင်ကြားပြသပေးထားပါတယ်ခင်ဗျာ။🤗

💲သင်တန်းကြေးက ကော💲

သင်တန်းကြေးကလည်း မြန်မာငွေ ကျပ် ( ၁၅၀၀၀ ) ကျပ် တိတိပါ🤗

ဟုတ်ပါတယ်…..😃 ၁၅သိန်းလည်း မဟုတ် ၁သိန်းခွဲလည်း မဟုတ်တဲ့ သောင်းငါးထောင်ကျပ် တိတိ နဲ့ သင်ကြားနိုင်မှာပါ🤩

〽️ဘာတွေသင်ကြားပေးမှာလဲ〽️

⚽Website မှ Live Video ရဲ့ m3u8 ယူနည်း။

⚽MyCinema မှ7day 899ks ဝယ်မကြည့်ပဲ m3u8ယူနည်း။

⚽Youtube Live မှ m3u8 ယူနည်း။

⚽Live Apk မှ m3u8ယူနည်း။

⚽Football Website မှ m3u8 ယူရပြီး မပွင့်သည့်များကို ပွင့်လာအောင်ပြုလုပ်နည်း။

⚽Appcreator 24 ကိုအသုံးပြုပြီး Football Live Apk ၁ခု အလွယ်ဖန်တီးနည်း။

⚽M3U FILE တစ်ခုကိုယ်တိုင်ဖန်တီးနည်း

⚽M3U Cannel Name ထည့်မယ်

⚽M3U Channel Logo ထည့်မယ်

⚽M3U Channel Group ခွဲထားမယ်

⚽M3U Channel logo .jpg တစ်ခု ကိုယ်ပိုင် Photo ဖန်တီးနည်း။

⚽M3U ဖိုင်အတွက် Github Website အသုံးပြုပြီး M3U URL ပြုလုပ်နည်း

⚽မူရင်း M3U8 URL မှ ကိုယ်ပိုင် Host Name ဖြင့် M3U8 URL ပြောင်းလဲနည်း

⚽F.Tv Apk မှာ SkyNet Sport6 အား Screen Rec လုပ် Live Stream လွှင့်ပြီး m3u8 ထုတ်ယူနည်း။

⚽M3U မှ Xtream Code ပြောင်းလဲနည်း။

⚽github.io domain ပြောင်းလဲနည်း။

⚽Xtream Host or ip အား ကိုယ်ပိုင် Name ပြောင်းလဲနည်း။

⚽HTML CSS သုံး၍ Football Live Match ရေးသားနည်း။

⚽HTML CSS JS သုံး၍ Football Live Stream Website တစ်ခု ဖန်တီးနည်း။

⚽HTML CSS JS အသုံးပြုပြီး မိမိAPK Login Form ပြုလုပ်၍ user များအားထိန်းချုပ်နည်း။

📍သင်တန်း နေရာကကော📍

ကားလည်းမစီးရ၊ bus လည်းမစီးရတဲ့ Facebook Group ကနေ သင်ကြားပေးမှာပါ😇

ဒါတင်မကပဲ နည်းပညာနဲ့ ပတ်သတ်တဲ့ Update- to - date တွေကို လတိုင်း ပုံမှန် Update လုပ်ပေးသွားဦးမှာမို့ တစ်ခါလေး တက်ထားရုံနဲ့ အသစ်အသစ်တွေကိုလေ့လာခွင့်ရ နေဦးမှာပဲ ဖြစ်ပါတယ်……..💁🏻‍♀️

ကဲ….. အခုပဲ တိုးတက်နေတဲ့ iptv ရေစီးကြောင်း နောက်မှာ နောက်ကျမနေဘဲ အမှီလိုက်နိုင်ဖို့ စာရင်းပေးလိုက်တော့နော်💕

အသေးစိတ်သိရှိလိုပါက Page Messenger ကနေ ဆက်သွယ်နိုင်သလို

📞Ph no: 09 798585784 ကနေလည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

Crd Txt = မူရင်းပိုင်ရှင်

ဘောလုံးပွဲတိုက်ရိုက်ကြည့်နိူင်တဲ့ M3U / M3U8 တွေကို ဖုန်းတစ်လုံး နဲ့ လေ့လာနိုင်မယ်ဆို မကောင်းဘူးလား😃‼️ကျွန်တော်နဲ့အတူ ရု...
30/11/2023

ဘောလုံးပွဲတိုက်ရိုက်ကြည့်နိူင်တဲ့ M3U / M3U8 တွေကို ဖုန်းတစ်လုံး နဲ့ လေ့လာနိုင်မယ်ဆို မကောင်းဘူးလား😃‼️

ကျွန်တော်နဲ့အတူ ရုပ်ရှင် အားကစား စုံစုံလင်လင်ကို ကိုယ်တိုင်ဖန်တီး ကြည့်ရှု့အသုံးပြုတက်ဖို့ သင်ယူ လိုက်ပါ 🎯

📲ဖုန်း ရှိရုံနဲ့ လေ့လာသင်ကြားနိူင်ပြီး သင်ခန်းစာတိုင်းကို စနစ်တကျနဲ့ အရှင်းလင်းဆုံးဖြစ်အောင် သင်ကြားပြသပေးထားပါတယ်ခင်ဗျာ။🤗

💲သင်တန်းကြေးက ကော💲

သင်တန်းကြေးကလည်း မြန်မာငွေ ကျပ် ( ၁၅၀၀၀ ) ကျပ် တိတိပါ🤗

ဟုတ်ပါတယ်…..😃 ၁၅သိန်းလည်း မဟုတ် ၁သိန်းခွဲလည်း မဟုတ်တဲ့ သောင်းငါးထောင်ကျပ် တိတိ နဲ့ သင်ကြားနိုင်မှာပါ🤩

〽️ဘာတွေသင်ကြားပေးမှာလဲ〽️

⚽Website မှ Live Video ရဲ့ m3u8 ယူနည်း။

⚽MyCinema မှ7day 899ks ဝယ်မကြည့်ပဲ m3u8ယူနည်း။

⚽Youtube Live မှ m3u8 ယူနည်း။

⚽Live Apk မှ m3u8ယူနည်း။

⚽Football Website မှ m3u8 ယူရပြီး မပွင့်သည့်များကို ပွင့်လာအောင်ပြုလုပ်နည်း။

⚽Appcreator 24 ကိုအသုံးပြုပြီး Football Live Apk ၁ခု အလွယ်ဖန်တီးနည်း။

⚽M3U FILE တစ်ခုကိုယ်တိုင်ဖန်တီးနည်း

⚽M3U Cannel Name ထည့်မယ်

⚽M3U Channel Logo ထည့်မယ်

⚽M3U Channel Group ခွဲထားမယ်

⚽M3U Channel logo .jpg တစ်ခု ကိုယ်ပိုင် Photo ဖန်တီးနည်း။

⚽M3U ဖိုင်အတွက် Github Website အသုံးပြုပြီး M3U URL ပြုလုပ်နည်း

⚽မူရင်း M3U8 URL မှ ကိုယ်ပိုင် Host Name ဖြင့် M3U8 URL ပြောင်းလဲနည်း

⚽F.Tv Apk မှာ SkyNet Sport6 အား Screen Rec လုပ် Live Stream လွှင့်ပြီး m3u8 ထုတ်ယူနည်း။

⚽M3U မှ Xtream Code ပြောင်းလဲနည်း။

⚽github.io domain ပြောင်းလဲနည်း။

⚽Xtream Host or ip အား ကိုယ်ပိုင် Name ပြောင်းလဲနည်း။

⚽HTML CSS သုံး၍ Football Live Match ရေးသားနည်း။

⚽HTML CSS JS သုံး၍ Football Live Stream Website တစ်ခု ဖန်တီးနည်း။

⚽HTML CSS JS အသုံးပြုပြီး မိမိAPK Login Form ပြုလုပ်၍ user များအားထိန်းချုပ်နည်း။

📍သင်တန်း နေရာကကော📍

ကားလည်းမစီးရ၊ bus လည်းမစီးရတဲ့ Facebook Group ကနေ သင်ကြားပေးမှာပါ😇

ဒါတင်မကပဲ နည်းပညာနဲ့ ပတ်သတ်တဲ့ Update- to - date တွေကို လတိုင်း ပုံမှန် Update လုပ်ပေးသွားဦးမှာမို့ တစ်ခါလေး တက်ထားရုံနဲ့ အသစ်အသစ်တွေကိုလေ့လာခွင့်ရ နေဦးမှာပဲ ဖြစ်ပါတယ်……..💁🏻‍♀️

ကဲ….. အခုပဲ တိုးတက်နေတဲ့ iptv ရေစီးကြောင်း နောက်မှာ နောက်ကျမနေဘဲ အမှီလိုက်နိုင်ဖို့ စာရင်းပေးလိုက်တော့နော်💕

အသေးစိတ်သိရှိလိုပါက Page Messenger ကနေ ဆက်သွယ်နိုင်သလို

📞Ph no: 09 798585784 ကနေလည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

Crd Txt = မူရင်းပိုင်ရှင်

မိတ်ဆွေ စလောင်းဗမ်းတွေချိန်ဖူးပါသလား?ချိန်ဖူးသူဆိုရင် ဒါကိုစဉ်းစားဖူးပါသလား?ကျွန်တော်တို့ စလောင်းဗန်းချိန်တဲ့အခါ တောင်အရ...
25/11/2023

မိတ်ဆွေ စလောင်းဗမ်းတွေချိန်ဖူးပါသလား?

ချိန်ဖူးသူဆိုရင် ဒါကိုစဉ်းစားဖူးပါသလား?

ကျွန်တော်တို့ စလောင်းဗန်းချိန်တဲ့အခါ တောင်အရပ်ကိုလှည့်ချိန်ရတယ်ဆိုတာအားလုံးသိပါတယ် ဘယ်လို့တောင်အရပ်လှည့်ချိန်ရသလဲဆိုတာ လေ့လာကြည့်ကြရအောင်

ကျွန်တော်တို့ဖမ်းယူနေတဲ့ ဂြိုလ်တုတွေဟာ လောင်တီကျု အီကွေတာမျဉ်းအတိုင်း GEO(Geostationary Eart Orbit) ပတ်လမ်းပေါ်မှာ ကမ္ဘာနဲ့ ၃၆၀၀၀ကီလိုမီတာ အကွာအဝေးကနေ ကမ္ဘာလည်ပတ်နူန်း ၁နာရီကို ၁၆၀၀ ကီလိုမီတာ မိုင်ပေါင်း ၁၀၀၀ပတ်ဝန်ကျင် လည်ပတ်နေသလို ကမ္ဘာနဲ့အပြိုင် GEO ပတ်လမ်းပေါ်မှာရှိတဲ့ ဂြုလ်တုတွေဟာ ၁နာရီကို ၂၈၀၀၀ကီလိုမီတာ မိုင်ပေါင်း ၁၇၅၀၀ လည်ပတ်နေရပါတယ် အဲလိုလည်ပတ်နေလို့ ကမ္ဘာပေါ်ကကြည့်တဲ့အခါ ဂြိုလ်တုက တည်နေရာ ဒီဂရီတစ်ခုပေါ်မှာ တည်ရှိနေတာပါ

တောင်ဘက်ကို စလောင်းဗန်းတွေဘာလို့လှည့်ဖမ်းရသလဲဆိုတော့ အီကွေတာမျဉ်းနဲ့အပြိုင် GEO ပတ်လမ်းပေါ်မှာတည်ရှိနေတာကြောင့် ကျွန်တော်တို့မြန်မာနိူင်ငံမှာ တောင်အရပ်ကိုလှည့်ဖမ်းရတာပါ
ကျွန်တော်တို့မြန်မာနိူင်ငံဟာ အီကွေတာမျဉ်းရဲ့ မြောက်ဘက်ခြမ်းမှာရှိနေတာကြောင့် အီကွေတာမျဉ်း GEO ပတ်လမ်းပေါ်မှာရှိတဲ့ ဂြိုလ်တုတွေဟာ တောင်ဘက်ကိုရောက်သွားပါတယ် ဒါကြောင့်တောင်ဘက်ကိုလှည့်ပြီး တည်နေရာအလိုက် ငိုက်ပြီးဖမ်းရတာပါ

အီကွေတာမျဉ်းအောက်တည့်တည့်မှာရှိတဲ့ အင်ဒိုနီးရှားနိူင်ငံကဆိုရင် ခေါင်းပေါ်တည့်တည့်ထားဖမ်းရမှာပါ

ဒါဆိုရင် အီကွေတာမျဉ်းတောင်ဘက်မှာရှိတဲ့ ဩစတြေးလျတိုက်ကနိူင်ငံတွေနဲ့ အီကွေတာမျဉ်းတောင်ဘက်မှာရှိတဲ့နိူင်ငံတွေဟာ စလောင်းဗန်းတွေကိုမြောက်ဘက်လှည့်ဖမ်းကြရမှာမှာဖြစ်ပါတယ်

မူရင်းရေးသားသူ
⬇️⬇️⬇️⬇️⬇️⬇️
MgZinMinLwin (FacebookPage)

မိမိကြိုးစားရှာဖွေထားသမျှ Data တွေကိုPastebin မှာလဲမသိမ်းနဲ့Github မှာလဲမသိမ်းနဲ့replit မှာလဲမသိမ်းနဲ့ဘာကြောင့်လဲဆိုရင် ...
25/11/2023

မိမိကြိုးစားရှာဖွေထားသမျှ Data တွေကို
Pastebin မှာလဲမသိမ်းနဲ့
Github မှာလဲမသိမ်းနဲ့
replit မှာလဲမသိမ်းနဲ့

ဘာကြောင့်လဲဆိုရင် ဒါတွေက UserName သိတာနဲ့ မိမိသိမ်းထားတဲ့ Data တွေအလွယ်တကူ အခြားသူတွေရှာဖွေထုတ်ယူအသုံးပြုလို့ရပါတယ်။

Pastebin RAW လေးတစ်ခု Public မျှဝေလိုက်တာနဲ့ မိမိ Pastebin ထဲမှာအရေးကြီးသိမ်းထားတဲ့ Data တွေကို မြင်သွားနိူင်ပါတယ်။

ဉပမာ
⬇️⬇️⬇️⬇️
https://pastebin.com/raw/TsdhJ7jT

၎င်းURL အား Browser တွင် /raw လေးဖျက်ပြီး ရိုက်ရှာကြည့်လိုက်တဲ့အခါ ထိုလူရဲ့ Profile တွေ့မြင်နိူင်ပါတယ်။ Profileကိုနှိပ်တာနဲ့ ထိုလူတင်ထားသမျှ သိမ်းထားသမျှအားလုံးကိုကြည့်နိူင်ပါတယ်။

Github မှာဆိုရင်လဲ
ဉပမာ
⬇️⬇️⬇️⬇️⬇️
https://kkeyboards.github.io/live/iptv.m3u

URLကယခုလိုဆိုပါက
https:github.com/kkeyboards ဆိုပြီးရိုက်ရှာလိုက်ရင် ထိုသူတင်ထားသမျှသိမ်းထားသမျှအကုန်ကြည့်နိူင်ပါတယ်။

မူရင်း Website လိပ်စာရဲ့နောက်မှာ ၎င်းရဲ့ UserName ကိုထည့်သွင်းလိုက်တာပဲဖြစ်ပါတယ်။

Replit ဆိုရင်လဲ
ဉပမာ
⬇️⬇️⬇️⬇️
https://apk.goaltv.repl.co

URL ကယခုလိုဆိုပါက
https://replit.com/ ဆိုပြီရိုက်ရှာလိုက်တာနဲ့ ထိုသူတင်ထားသမျှ အကုန်ကြည့်နိူင်ပါတယ်။

မူရင်းWebsite လိပ်စာရဲ့နောက်မှာ/@ နှင့် ထိုသူရဲ့ UserName လေးရိုက်ထည့်လိုက်တာပဲဖြစ်ပါတယ်။

ဒီတော့ မိမိအရေးကြီးသိမ်းထားတဲ့ Data အချက်အလက်တွေပါတဲ့ သက်ဆိုရာ pastebin & github & replit တို့ရဲ့username ကိုတော့ Public မShare မိဖို့သိတိပြုကြပါ။

မိမိညံ့ဖျင်းမှုကြောင့် ကြိုးစားအားထုတ်ခဲ့သမျှတွေ အခြားသူတွေလက်ထဲ အလွယ်တကူမရောက်စေဖို့ ယခု Post ကိုရေးပြလိုက်ရခြင်းပဲဖြစ်ပါတယ်။

မူရင်းရေးသားသူ
⬇️⬇️⬇️⬇️⬇️⬇️
MgZinMinLwin

မြန်မာနိူင်ငံရှိ ရုပ်သံထုတ်လွှင့်ခြင်းစနစ်၂မျိုး။ရုပ်သံလိုင်းတွေကို DVB ( Digital Video Broadcasting ) နှစ်မျိုးဖြင့်ထုတ...
24/11/2023

မြန်မာနိူင်ငံရှိ ရုပ်သံထုတ်လွှင့်ခြင်းစနစ်၂မျိုး။

ရုပ်သံလိုင်းတွေကို DVB ( Digital Video Broadcasting ) နှစ်မျိုးဖြင့်ထုတ်လွှင့်ပါတယ်

DVB-T စနစ်နှင့် DVB-S စနစ်တို့ဖြစ်ပါတယ်

DVB-Tမှာ Tဆိုတာကတော့( TERRESSTIAL)ဖြစ်ပါတယ်

DVB-Sမှာ Sဆိုတာကတော့ ( Satellite )ဖြစ်ပါတယ်

အဲဒါတွေကို နည်းပညာနောက်တစ်ဆင့်မြင့်ပြီး
DVB – T2 နှင့် DVB – S2 ဆိုပြီး ထုတ်လွှင့်ပါတယ်

DVB – T2ဆိုတာက ကုန်းမြေပြင်တစ်လျောက် ရုပ်သံလွှင့်တဲ့ စနစ်ဖြစ်လို့ မြို့တွေနယ်တွေမှာTower Station တွေများစွာထောင် ရပါတယ် Tower Station ကနေ DVB-T (Transmitter)စနစ်နဲ့ထုတ်လွှင့်လိုက်တဲ့ ရုပ်သံဆင်ဂနယ်တွေကို DVB-T2 ရုပ်သံဖမ်းစက် တွေနဲ့ Antenna တိုင်တွေထောင်ပြီး ဖမ်းယူကြည့်ရှု့ကြရပါတယ်။ အားနည်းချက်ကတော့ တစ်နိူင်ငံလုံးနေရာအနှံအပြားဖမ်းယူလို့မရနိူင်ပါဘူးခင်ဗျာ။

DVB – T2စနစ်နဲ့ ရုပ်သံလိုင်းတွေကို Pay TVစနစ်နဲ့လွှင့်တာရှိသလို Free To Air နဲ့လဲလွှင့်ပါတယ်

ရန်ကုန် , မန္တလေး ,နေပြည်တော် လိုမြို့ကြီးတွေမှာ
Canal + ရုပ်သံလိုင်းတွေကို Pay TVအနေနဲ့လွှင့်ကြပါတယ်။ MRTV – 4,Channel-7တို့ကတော့ Free to air လိုင်းတွေပါ။

DVB-S2ဆိုတာက DTH ( Direct To Home) System ဖြင့် ဂြိုလ်တုကနေထုတ်လွှင့်ပေးတာပါ
ဒါကြောင့် DTH System ,DVB – S2နဲ့ထုတ်လွှင့်တဲ့ ရုပ်သံဆင်ဂနယ်တွေကို Satellite Dish Antenna စလောင်းဗန်းတွေနဲ့ဖမ်းလို့ရတဲ့ ဘယ်နေရာ ဘယ်ဒေသပဲဖြစ်ဖြစ် DVB -S2 Receiver တွေနဲ့ဖမ်းယူကြည့်ရှု့လို့ရတဲ့ စနစ်ဖြစ်ပါတယ်။

မူရင်းရေးသားသူ
⬇️⬇️⬇️⬇️⬇️⬇️⬇️
MgZinMinLwin

m3u user တွေအတွက် ခုနောက်ပိုင်း Player အခက်ခဲ ဖြစ်လာတယ်။ဘာကြောင့်လဲဆိုရင် Player တစ်ချို့က Referer နှင့် User Agent တွေ ...
23/11/2023

m3u user တွေအတွက် ခုနောက်ပိုင်း Player အခက်ခဲ ဖြစ်လာတယ်။

ဘာကြောင့်လဲဆိုရင် Player တစ်ချို့က Referer နှင့် User Agent တွေ မဖတ်နိူင်ဘူး

m3u8 / mp4 / mkv / ts / flv တွေရပေမဲ့ mpd ကို ဖွင့်မပေးနိူင်ပြန်ဘူး

mpd ကိုဖွင့်ပေးနိူင်သော်လဲ တစ်ချို့ Player များက DRM License တွေကိုမဖတ်နိူင်ပြန်ဘူး

လောလောဆယ် အဲဒါတွေအားလုံး အဆင်ပြေတဲ့ ကျွန်တော်သိတဲ့ Player ၂ခုရှိပါတယ်။

ပထမတစ်ခု
⬇️⬇️⬇️⬇️⬇️
Network Stream Video Player ဖြစ်ပါတယ်။

ဒုတိယတစ်ခု
⬇️⬇️⬇️⬇️⬇️
OTT Navigator Player ပဲဖြစ်ပါတယ်။
သူ့ကိုအသုံးပြုမယ်ဆိုရင် အသုံးပြုနည်းအရင်လေ့လာပါ။ UX ပိုင်းမကောင်းလို့ အသုံးပြုရတာမလွယ်ကူပါ။ Setting တွေချိန်သုံးတက်ရင်တော့ အကောင်းဆုံး Player တစ်ခုဖြစ်ပါတယ်

၂ခုလုံးက UI နှင့် UX တွေမကောင်းပေမဲ့ Video Format တိုင်းကို Support ဖြစ်တဲ့အပြင် Referer & User Agent & DRM License တွေကို ဖတ်နိူင်လို့ Online Video URL မှန်သမျှကို ပွင့်စေမှာပဲဖြစ်ပါတယ်။

Network Stream Player ဒေါင်းရန်
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://play.google.com/store/apps/details?id=com.genuine.leone

OTT Navigator ဒေါင်းရန်
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://www.apkmirror.com/apk/sia-scillarium-studio/ott-navigator-iptv/ott-navigator-iptv-1-6-6-8-release/

မူရင်းရေးသားသူ
👇👇👇👇👇👇
MgZinMinLwin (page)

22/11/2023

Android ဖုန်းဖြင့် ic ကူးနည်း။

IC ကူးရန် သို့မဟုတ်
fimwareသွင်းရန် CH341A( icprogrammer) , Combo tool apkတစ်ခုတည်း Downယူရမယ်။

မိမိသွင်းမည့် စက်အတွက်version
ကိုက်မည့်
firmwareဖိုင်ဝဲ
လိုအပ်ပါမယ်။

၁။ ဖုန်း Internal Storage ထဲက Downloadထဲဝင် New Folder တစ်ခုလုပ်ပါ။Renameကို ROMလို့ပေးပါ။ မိမိတင်မည်ဖိုင်ဝဲကို
New Folder လုပ်ထားတဲ့ ROM ထဲကိုရွှေ့ ဖိုင်ဝဲဖိုင်က

ဥပမာ
PSI341.bin ဆိုပါက
PSI341.rom လိုပြင်
ရေးပေးရပါမယ် (.rom)
လိုပြန်ပြင်ရေးပေးရပါမယ် (.bin)နေရာမှာ

၂။ Combo tool apk ကိုဒေါင်းပြီး INSTALL တင်ပါ။

၃။ ပုံမှာပြထားသည့်အတိုင် ကူးစက်ကို တပ်ဆင်ပါ

၄။ ဖုန်းမှာ ICကူးစက် OTG ကြိုးထိုးစိုက်ပါ။
ဖုန်းမှာCombo tool ဖိုင်
တက်လာမည်။
ကူးစက်မှ ပါဝါ
မီးနီလင်းလာမည်။

၅။ ICမှာ ညှပ်ကလစ်ညှပ်ပါ ( အမှတ်သား1 အတိုင်း ) စလောင်းစက်မှာ LED
မီးသီးမီးလင်းရမည်

၆။ ERASE/ DELETE နှိပ်ပြီး25###နှိပ် 25M32
အကွက်ကိုနှိပ်ခဏစောင့်Erasecomplete
စာတန်း ပေါ်လာမယ်
OK ကိုနှိပ်ပါ။

၇။ COPY နှိပ် Fileကိုထောက် Rename
ပြောင်းထားတဲ့
(.rom) ဖိုင်ကိုနှိပ် NEXT ကိုတစ်ချက်နှိပ် 25###ကိုနှိပ်25M32 နှိပ် OK ကိုနှိပ် အတော်ကြာကြာစောင့်ပါ။

၈။ VERIFY အကွက်ပေါ်ရင် နှိပ် အတော်ကြာကြာစောင့်ပါ။

၉။ VERIFY OK စာတန်းပေါ်လာရင် OK ကိုနှိပ်
IC ကူးခြင်းအောင်မြင်ပါပြီ။

Phone နဲ့သုံးမယ်ဆိုရင်တော့Ram3အောက်ဖုန်းများ၊အသုံးမပြုသင့်သလိုဖုန်းလိုင်းပိတ်၊internetပိတ်ပြီးမှကူးပါရန်။

ပညာဆိုတာငယ်ရွယ်တဲ့အရွယ်မှာရှာတာအကောင်းဆုံးပါ။သင်တန်းတက်ချင်သူများ Chatbox တွင်လာရောက်စုံးစမ်းမေးမြန်းနိူင်ပါတယ်။
21/11/2023

ပညာဆိုတာငယ်ရွယ်တဲ့အရွယ်မှာရှာတာအကောင်းဆုံးပါ။

သင်တန်းတက်ချင်သူများ Chatbox တွင်လာရောက်စုံးစမ်းမေးမြန်းနိူင်ပါတယ်။

GOAL!Tv မှာရုပ်ရှင်ကြည့်အစီစဉ်ဖြစ်ပါတယ်။Channel Myanmar တွင်တင်ထားသော ရုပ်ရှင်ဇာတ်ကားများကို လာရောက်ထည့်သွင်းခိုင်းလို့ရ...
20/11/2023

GOAL!Tv မှာရုပ်ရှင်ကြည့်အစီစဉ်ဖြစ်ပါတယ်။

Channel Myanmar တွင်တင်ထားသော ရုပ်ရှင်ဇာတ်ကားများကို လာရောက်ထည့်သွင်းခိုင်းလို့ရပါတယ်။

မိမိကြည့်မည့် ဇာတ်ကားနာမည် အပြည့်အစုံကို Chatbox မှာလာရောက်ပို့ပေးပါ။

24Hour အတွင်း GOAL!Tv Movie တွင်ထည့်သွင်းပြသပေးသွားပါမည်ခင်ဗျာ။

GOAL!Tv နှင့် Player ဒေါင်းယူရန်
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://apk.goaltv.repl.co/

Tiger Nageswara Rao (2023)GOAL!Tv မှာကြည့်နိူင်ပြီ။ဘောလီးဝုဒ်ပရိtတ်တွေ မျှော်နေကြတဲ့ ဆလူးဘိုင်ရဲ့ မြောက်ပိုင်းတိုက်ဂါးမလ...
20/11/2023

Tiger Nageswara Rao (2023)
GOAL!Tv မှာကြည့်နိူင်ပြီ။

ဘောလီးဝုဒ်ပရိtတ်တွေ မျှော်နေကြတဲ့ ဆလူးဘိုင်ရဲ့ မြောက်ပိုင်းတိုက်ဂါးမလာခင်မှာ ဒါကတော့ တောင်ပိုင်းပရိtတ်တွေအကြိုက် မင်းသားကြီး ရာဗီတီဂျာရဲ့ တောင်ပိုင်း ကျာ း ကြီး ပဲဖြစ်ပါတယ်

ရဲမှူးကြီး တိုက် ဂါး ကဘယ်လိုလူလဲ?…. သူသာ နိုင် ငံ ရေး လုပ်ရင် အ မတ် ဖြစ်နိုင်တဲ့ ဉာဏ်ရည်ရှိတယ်…..

သူသာ အားကစားသမားဆို နို င် ငံ အတွက် ရွှေတံဆိပ်တွေ ပလူပျံနေမှာ… သူသာ စစ် တပ် ထဲဝင်ရင် သူ့သတ္တိနဲ့တင် စစ် ပွဲ တွေနိုင်ကုန်မှာ….

ဒါပေမဲ့ ကံ ဆိုး ချင်တော့ သူက ရာ ဇ ဝတ် သား ဖြစ်နေတယ်…

မသိဘဲယူတာ သူ ခိုးတဲ့ လု ယူ သွားရင် ဓာ းပြ တဲ့ ဒဲ့စိန်ခေါ်ပြီး ယူသွားရင် တိုက် ဂါး ပဲ….

ဒီစာသားတွေကို ကြည့်လိုက်ရုံနဲ့ တိုက် ဂါး ဘာကောင်လဲဆိုတာ ပရိtတ်ကြီးတို့ ရိပ်စားမိလောက်ပါပြီ

Perjanjian Gaib ( 2023 )  #သရဲကားသစ်ကြီး=================================GOAL!Tv မှာကြည့်နိူင်ပြီ။IMDb-8.4/10ညဆို စောင်ခ...
20/11/2023

Perjanjian Gaib ( 2023 ) #သရဲကားသစ်ကြီး
=================================
GOAL!Tv မှာကြည့်နိူင်ပြီ။

IMDb-8.4/10

ညဆို စောင်ခေါင်းမြီးခြုံပြီး သရဲကားလေးကြည့်ရမှဇိမ်ရှိသူတွေအတွက် 2023ထွက် အင်ဒိုသရဲကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။
အင်ဒိုသရဲကားတွေ နောက်ပိုင်းမှာ အဆင့်မြင့်လာပြီး ratingကောင်းလာကြပြီဆိုတော့ ဒီကားလေးလည်း ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။

အန်ဒရီနဲ့ဝတီတို့လင်မယားဟာ စိတ်တူကိုယ်တူရှိတဲ့လင်မယားနှစ်ယောက်ပီပီ ဖြတ်လမ်းနည်းနဲ့ချမ်းသာချင်တာကအစတူညီပြီး ချမ်းသာဖို့ဆို
သင်္ချိုင်းသွားပြီး အုတ်ဂူပေါ်ဆုတောင်းဖို့ပါ ဝန်မလေးသူတွေပါ။ ခိုးဖို့လည်း လက်ယဉ်နေလေးတော့ အလောင်းဆီကပိုက်ဆံအိတ်အနှိုက်ကောင်းပြီး
အန်ဒရီတစ်ယောက် ရင်ခွဲရုံသန့်ရှင်းရေးအလုပ်ကပါ ပြုတ်သွားပါတော့တယ်။

အိမ်လခကမပေးနိုင် အလုပ်ကပြုတ်နဲ့ လမ်းဘေးရောက်တော့မယ့်လင်မယားနှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ထူးထူးဆန်းဆန်းလခအရမ်းများနေတဲ့
အဘွားအိုကိုစောင့်ရှောက်ပေးရမယ့်အလုပ်ကို မျက်စိကျပြီး အလုပ်လျှောက်ဖို့သွားရာက အိမ်ကြီးတစ်လုံး‌ဆီ ရောက်လာတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲ
စောင့်ရှောက်ပေးရမယ့်အဘွားကြီးကလည်း သူတို့စနက်မကင်းစွာနဲ့ ရုတ်တရက်ဆုံးသွားတဲ့အပြင် လက်စလက်နကလည်းရှိကြတဲ့လင်မယားနှစ်ယောက်
ဗီဇလေးတွေပေါ်လာပြီး အိမ်ကတန်ဖိုးရှိတာတွေခိုးပြီးထွက်ပြေးကြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ရအောင်ပါ။

(အညွှန်းကို Alexမှရေးသားပြီး ဘာသာပြန်ကတော့ ToMo ~ Yunni ~ Alexတို့ပဲဖြစ်ပါတယ်)

Credit Channel Myanmar

GoalTv မှာ ကြည့်။ယနေ့နည်းပညာရှာဖွေလေ့လာတာခဏနားပြီး။အိမ်က သမီးငယ် မနေတာနဲ့ ကာတွန်းပြထားချင်လို့ သားသားမီးမီးတွေအကြိုက် Ki...
20/11/2023

GoalTv မှာ ကြည့်။

ယနေ့နည်းပညာရှာဖွေလေ့လာတာခဏနားပြီး။

အိမ်က သမီးငယ် မနေတာနဲ့ ကာတွန်းပြထားချင်လို့ သားသားမီးမီးတွေအကြိုက် Kids Tv Channel ကောင်းတွေရှာထည့်ပေးလိုက်ပါတယ်။

စုစုပေါင်း Kids Tv Channel 32လိုင်းဖြစ်ပါတယ်။

GoalTv အက်ပီကေးရှင်းကို Install တင်ပြီးယခုပဲကြည့်ရှု့လိုက်ပါ။

ဗမာ စာတန်းထိုးနည်း။မိမိ Apk နှင့် မိမိ Website မှာ ဗမာစာတန်းထိုးမရသေးတဲ့ Channel Myanmar မှာမတင်သေးတဲ့ Movie အသစ်ရဲ့ m3u...
20/11/2023

ဗမာ စာတန်းထိုးနည်း။

မိမိ Apk နှင့် မိမိ Website မှာ ဗမာစာတန်းထိုးမရသေးတဲ့ Channel Myanmar မှာမတင်သေးတဲ့ Movie အသစ်ရဲ့ m3u8 ကို ဗမာစာတန်းထိုးပြသနည်း။

ယခုနည်းလမ်းအား မကြာခင် သင်တန်း Group မှာသင်ကြားပြသသွားပါမည်။

ဗမာစာတန်းထိုးများကို မိမိကိုယ်တိုင်ပြုပြင်ပြောင်းလဲရေးသားနိူင်ပါသေးတယ်။

Extraction 2 (2023)GoalTv မှာကြည့်နိူင်ပြီ။Extraction (2020) ရဲ့ အဆက် Extraction 2 လာပါပြီ။မင်းသားက Chris Hemsworth ပဲဖြ...
19/11/2023

Extraction 2 (2023)
GoalTv မှာကြည့်နိူင်ပြီ။
Extraction (2020) ရဲ့ အဆက် Extraction 2 လာပါပြီ။
မင်းသားက Chris Hemsworth ပဲဖြစ်သလို ဒါရိုက်တာကလည်း Sam Hargrave ပါပဲ။ Extraction (2020) ဟာ အတော်ကောင်းပါတယ်။ မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကို အသေခံပြီး လုပ်သွားတဲ့ ကြေးစားကြီးတစ်ယောက်အကြောင်းပေါ့။
သေနတ်ဒဏ်ရာ ဗလပွနဲ့ မြစ်ထဲကိုကျသွားတာ မသေစရာတော့မရှိပါဘူး။ ဒါပေမဲ့ မသေပါဘူး။ မသေတော့ အငြိမ်းစားယူသွားပါတယ်။ အငြိမ်းစားဆိုကတည်းက သေချာပေါက် ပြန်ချရမယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။
အခုလည်း သူ့အငြိမ်းစားဘဝကနေ မငြင်းနိုင်ဘဲ သေချာပေါက်ပြန်လုပ်ခိုင်းနိုင်တဲ့သူ ပေါ်လာပါတယ်။ သူ့မိန်းမပါ။ ဖြစ်တတ်ပါတယ်။ သူ့မိန်းမရဲ့ ညီမကို ဂျော်ဂျီယာရဲ့ အကြီးဆုံးလူဆိုးဂိုဏ်းကြီးလက်ကနေ သွားကယ်ထုတ်ရတာပါ။
ဒါပေမဲ့ လူဆိုးဂိုဏ်းက ရိုးရိုး သေနတ်နဲ့ကားအဆင့်မဟုတ်ပါဘူး။
ကျည်ကားကား၊ လက်နက်ကြီး၊ ရဟတ်ယာဉ်တွေအထိပါပြီး
မိုးအဆုံးမြေအဆုံးလိုက်သတ်တာကြောင့် ၂ နာရီစာလောက် မနားတမ်း ချရပါတော့တယ်….ထုံးစံအတိုင်း ဇာတ်လမ်းရော အက်ရှင်ရော ကြည့်လို့ကောင်းပါတယ်။ ကြည့်လိုက်ကြပါ။


GHOST _ 2023 ( သို့ )"တစ္ဆေဇာတ်ကားအသစ်စက်စက်ကြီးပါဗျို့===========================GOAL!Tv မှာကြည့်နိူင်ပြီ။IMDb 8.5 ရရှိ...
18/11/2023

GHOST _ 2023 ( သို့ )"တစ္ဆေဇာတ်ကားအသစ်စက်စက်ကြီးပါဗျို့
===========================
GOAL!Tv မှာကြည့်နိူင်ပြီ။

IMDb 8.5 ရရှိထားပြီး ရုံတင်ဝင်ငွေ ရူပီး သန်း ၃၀၀ ကျော်ရခဲ့တဲ့ ကန်နားဒါး action-thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်
ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေလည်း ရရှိထားပြီး Shiva Rajkumar, Jayaram နဲ့ Anupam Kher တို့ ပါဝင်ထားပါတယ်

ဇာတ်လမ်းအကျဥ်းကတော့ အမည်မသိ လူတစ်စုက ဗဟိုအကျဥ်းထောင်တစ်ခုမှာရှိတဲ့ အကျဥ်းသားတွေ အပါအဝင်
ဗြူရိုအရာရှိဟောင်းဖြစ်တဲ့ မစ္စတာဗာမန်ကိုပါ ပြန်ပေးဆွဲသွားပါတယ်
အဲဒီ ဓားစာခံပြဿနာကို မဟုတ်မခံ သမာသမတ်ကျတဲ့ ဒုရဲမှူး ချန်ဂါပါကို တာဝန်ပေးလာပါတယ်

အကျဥ်းထောင်ကို ဝင်စီးတုန်းက စီစီတီဗီမှတ်တမ်းတွေကိုပါ လက်စဖျောက်သွားခဲ့ပြီး ဆရာချန်ဂါပါနဲ့ အမည်မသိ ဂိုဏ်းစတားတို့ရဲ့ ကြောင်နဲ့ကြွက် ကစားပွဲ စတင်ပါတော့တယ်
အမည်မသိ ဂိုဏ်းစတားဆိုတာ တကယ်တော့ "Big Daddy" ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိုဏ်းခေါင်းဆောင် ဒါလာဗာရီဖြစ်ပါတယ်

ဒါလာဗာရီက ထောင်အတွင်းမှာ ဝှက်ထားတဲ့ ရွှေတုံးတွေကို ယူဖို့လာတာဖြစ်ပြီး ရွှေတုံးတွေကတော့ ဗြူရိုအကြီးအကဲ
ဗာမန်တို့ မစ်ရှင်တစ်ခုမှာ သိမ်းဆည်းရမိခဲ့တာပါဒါကို ဗာမန်က ထောင်အတွင်းမှာ လုံခြုံရေးပရိုဂရမ် အမည်ခံပြီး ရွှေတွေယူဖို့ လာတာဖြစ်ပါတယ်
ဒီထက် ပိုပြီးပြောရင် ဇာတ်လမ်းပေါ့သွားမှာစိုးလို့ ဒီမှာပဲ ရပ်ပါမယ်

အိန္ဒိယနိုင်ငံရဲ့ အထက်လူကြီးတွေရဲ့ အကျင့်ပျက်ခြစားမှူတွေနဲ့ ဂန်းစတားတွေရဲ့ အရှုပ်တော်ပုံကိုနှစ်နာရီ အချိန်အတွင်းမှာ
ထိုင်ရာမထ စိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီး ဇာတ်လမ်းသွားလည်း မနှေးတာမို့ မပျင်းစေရပါဘူးနော်

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်။

CreditChannelmyanmar

သင်တန်းတက်လိုပါက စုံစမ်းမေးမြန်းနိူင်ပါပြီ။Fb Group တွင် Video ဖိုင်များဖြင့်အသေးစိတ်ရှင်းပြသင်ကြားပြသနေခြင်းဖြစ်ပါတယ်။*...
17/11/2023

သင်တန်းတက်လိုပါက စုံစမ်းမေးမြန်းနိူင်ပါပြီ။

Fb Group တွင် Video ဖိုင်များဖြင့်အသေးစိတ်ရှင်းပြသင်ကြားပြသနေခြင်းဖြစ်ပါတယ်။

*Website မှ m3u8 ထုတ်ယူနည်း။
*Live Tv Apk မှ m3u8 ထုတ်ယူနည်း။
*YouTube Live မှ m3u8 ထုတ်ယူနည်း။
*m3u8 အတွက် Referer များရှာထည့်နည်း။
*m3u ဖိုင်တည်ဆောက်နည်း။
*ကိုယ်ပိုင် Host နှင့် m3u url ပြုလုပ်နည်း။
*ကိုယ်ပိုင် Host နှင့် m3u8 ထုတ်လွှင့်နည်း။
*Photo URL ပြုလုပ်နည်း။
*ကိုယ်ပိုင် Video အား .mp4 urlပြုလုပ်နည်း။

များယခုသင်ကြားပြသနေသလို နောက်ထပ် သင်ကြားပြသပေးဖို့ သင်ခန်းစာများစွာကျန်ရှိနေပါသေးတယ်ခင်ဗျာ။

သင်တန်းကြေး = ၁၅၀၀၀ ကျပ်

PSI ပုံပြောင်း နှင့် Hellobox စက်များအတွက်infosat Xtream CodeHost - http://150.95.25.221:8000User - WfjhmbilllIIIgcukQPa...
17/11/2023

PSI ပုံပြောင်း နှင့် Hellobox စက်များအတွက်
infosat Xtream Code

Host - http://150.95.25.221:8000
User - WfjhmbilllIIIgcukQ
Pass - 36EwswQhkEhugi

User မှာပါတဲ့ lllIII တွေဟာ Lအသေး၃ခု နှင့် i အကြီး၃ခု ဖြစ်ပါတယ် အသေးကြီး မှန်မှန်ကန်ကန်ရိုက်ထည့်ပါ။

GoalTv ကြည်တောက်ရှင်းမှာ Logo မပါတာလေးက တစ်မျိုးလေးကြည့်ကောင်းတာပါ။
16/11/2023

GoalTv ကြည်တောက်ရှင်းမှာ Logo မပါတာလေးက တစ်မျိုးလေးကြည့်ကောင်းတာပါ။

The Creator (2023) ==============IMDb Rating – 7.1/10GoalTv မှာကြည့်လို့ရပြီ။စက်ရုပ်မျိုးနွယ်ရဲ့ နောက်ဆုံးလက်နက်ကို ရှာပ...
16/11/2023

The Creator (2023)
==============
IMDb Rating – 7.1/10
GoalTv မှာကြည့်လို့ရပြီ။

စက်ရုပ်မျိုးနွယ်ရဲ့ နောက်ဆုံးလက်နက်ကို ရှာပြီး ဖျက်ဆီးဖို့ တာဝန်
ပေးခံရတဲ့ လူသားတပ်သားတစ်ယောက်အကြောင်းကို သိပ္ပံစွန့်စားခန်း
အက်ရှင်အဖြစ် Godzilla 2014 တို့ Rogue One တို့ရဲ့ ဒါရိုက်တာ
Gareth Edwards က ရိုက်ကူးထားတာပါ။ ခေါင်းဆောင်မင်းသားအဖြစ်
TENET ထဲက မင်းသား John David Washington (ဒန်ဇယ် ဝါရှင်တန်
ရဲ့သား) က ပါဝင်ထားပါတယ်။ IMDb 7.1 အထိ ရရှိထားပါတယ်။

ဇာတ်လမ်းအကျဉ်း –
ထုံးစံအတိုင်း စောင်ပျင်းမျိုးနွယ်ဖြစ်တဲ့လူတွေဟာ ခိုင်းစားဖို့ စက်ရုပ်တွေ
တီထွင်ပါတယ်။ ခိုင်းလို့ကောင်း‌အောင် စက်အသိဉာဏ်တွေ ဖန်တီးခဲ့ပါတယ်။
ဒါပေမဲ့ စက်တွေကနေ လူတွေကို လော့စ်အန်ဂျလိမှာ အဏုမြူဗုံးတစ်လုံး
ကျဲချလိုက်ချိန်မှာ အရာရာပြောင်းလဲသွားပါတော့တယ်။ ကမ္ဘာ့အနောက်ခြမ်း
တစ်ခုလုံးက အသိဉာဏ်ရှိစက်ရုပ်တွေကို ရှင်းပစ်ဖို့ ကြိုးစားတဲ့ တပ်ပေါင်းစု
ကြီးဖြစ်လာပြီး၊ အာရှသစ်လို့ခေါ်တဲ့ အရှေ့ပိုင်းမှာတော့ လူတွေနဲ့ စက်တွေ
ယှဉ်တွဲနေထိုင်ကြပါတယ်။ တစ်နေ့မှာတော့ လူတွေအားလုံးကို အပြီးသတ်
ရှင်းပစ်နိုင်မဲ့လက်နက်တစ်ခုကို စက်ရုပ်တွေဘက်က နမာတာဆိုတဲ့သိပ္ပံပညာ
ရှင်က တီထွင်လိုက်တဲ့ သတင်းထွက်ပေါ်လာပါတယ်။ အဲဒီစက်ကို ရှင်းပစ်ဖို့
ကြိုးစားရင်း တိုက်ပွဲတွေဖြစ်လာပုံကို ပြထားတာပါ။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Mr.Anderson ဖြစ်ပါတယ်)
Quality………… 720p
Duration………2Hr 13Min
Subtitle………..Myanmar Hardsub
Format…………MP4, MKV
Genre…………..Action, Adventure, Drama
Translator…….Mr.Anderson
Encoder……….SWM, Thit San Khant

16/11/2023

အဲUrl နဲ့ကြည့်နေတဲ့သူတွေ အားနားလို့ Post တော့ပြန်ဖျက်လိုက်ပြီ။

မဟုတ်ရင် URL ကို မြန်မာနိူင်ငံ ကြည့်မရအောင် ပိတ်လိုက်မှာဆိုးလို့

၁ရက်စောင့်ကြည့်မယ်

ယနေ့ည ဘောလုံးပွဲစဉ်များကို Sony Sport1Sony Sport2Sony Sport3Sony Sport4Sony Sport5Match Tv HDMatch Futbol1Match Futbol2M...
16/11/2023

ယနေ့ည ဘောလုံးပွဲစဉ်များကို
Sony Sport1
Sony Sport2
Sony Sport3
Sony Sport4
Sony Sport5

Match Tv HD
Match Futbol1
Match Futbol2
Match Futbol3 တို့ကနေ တိုက်ရိုက်ကြည့်ရှု့နိူင်မည်ဖြစ်ကြောင်း GoalTv VIP User များသို့ အသိပေးအပ်ပါတယ်ခင်ဗျာ။

16/11/2023

ပွဲမစခင် အချိန်သာပေါ်နေပြီး ပွဲစဉ်စတာနဲ့ Live စာတန်း Auto ပေါ်လာအောင်ပြုလုပ်နည်း။

ယခုနည်းပညာတွေက စိတ်ဝင်စားသူနည်းပါတယ်။

သို့သော်
ကျွန်တော်သင်တန်းမှာ Apk ရေးသားနည်းလဲ သင်ကြားပြသပေးမှာဖြစ်တဲ့အတွက် ယခုလိုနည်းလမ်းတွေ အသုံးပြုရေးသားသွားရမှာဖြစ်ပါတယ်။

Apkcreator24 နဲ့ရေးသားနည်းသင်ပေးမှာဖြစ်သာ်လဲ Apk တစ်ခုလုံးကို html css js တွေနဲ့ ဒီဇိုင်းရေးဆွဲ အသုံးပြုရမှာပါ။

ဒါမှလဲ အခြား Appcreator24 နဲ့ရေးတဲ့ Apk တွေထက် Ui ပိုင်းက သေသပ်လှပပြီး User တွေအတွက် အသုံးပြုလွယ်ကူစေမှာဖြစ်ပါတယ်။

Apkcreator24 နဲ့ ရေးလိုက်တဲ့ Apk တစ်ခုက Android Tv , Android Box များမှာ Mouse သုံးစရာမလိုပဲ 90% လောက် ရီမု နဲ့အလုပ်ဖြစ်စေပါတယ်ခင်ဗျာ။

m3u8 ရှာဖွေခြင်းနှင့် Apk ရေးသားနည်းသင်တန်း တက်လိုသူများ Chatbox တွင်လာရောက်စုံစမ်းနိူင်ပါသည်။

𝙅𝙖𝙥𝙖𝙣🇯🇵 Vs 🇲🇲𝙈𝙮𝙖𝙣𝙢𝙖𝙧🎫လက်မှတ်များရောင်းကုန်သွားပြီဖြစ်သလိုပွဲကြည့်စဉ်နေရာအလွတ်တောင်မရှိတော့တဲ့  🇯🇵 ဂျပန် Vs မြန်မာ 🇲🇲ကမ္ဘ...
15/11/2023

𝙅𝙖𝙥𝙖𝙣🇯🇵 Vs 🇲🇲𝙈𝙮𝙖𝙣𝙢𝙖𝙧

🎫လက်မှတ်များရောင်းကုန်သွားပြီဖြစ်သလို

ပွဲကြည့်စဉ်နေရာအလွတ်တောင်မရှိတော့တဲ့

🇯🇵 ဂျပန် Vs မြန်မာ 🇲🇲
ကမ္ဘာ့ဖလားဝင်ခွင့်ခြေစစ်ပွဲ စဉ်ကို GoalTv Apk တွင် တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

ဂျပန်ကတော့ မြန်မာနဲ့တစ်အုပ်စုတည်းကျတာဟာ ဂျပန်အတွက်တော့ မတွေးရဲစရာပါပဲ😆

မိမိကြည့်မည့်ပွဲစဉ်စပြီဆိုရင် ကြည့်နေရင်း ထစ်ခြင်းရပ်ခြင်း ဖြစ်နေသလား?ဗီယက်နမ်အသံနဲ့မို့ ကြည့်ရတာ ဖီးကျဲနေသလား?VIP အကောင...
15/11/2023

မိမိကြည့်မည့်ပွဲစဉ်စပြီဆိုရင် ကြည့်နေရင်း ထစ်ခြင်းရပ်ခြင်း ဖြစ်နေသလား?
ဗီယက်နမ်အသံနဲ့မို့ ကြည့်ရတာ ဖီးကျဲနေသလား?

VIP အကောင့်
ဘောလုံးပွဲရာသီကုန်ထိမှ ၅၀၀၀ကျပ်သာကျသင့်ပါမည်။

ထစ်ခြင်း ရပ်ခြင်းမဖြစ်တဲ့ GoalTv Apk နှင့် Network Stream Player ကို မိမိAndroid Phone, မိမိ Android Tv, မိမိAndroid Box တွေမှာ Install ထည့်သွင်းပြီး ယနေ့ညဘောလုံးပွဲစဉ်တွေကို ကြည့်လို့ရပါပြီ။

GOAL! Tv Apk
👇👇👇👇👇👇👇👇👇👇
https://aftv.news/454314

Telegram မှဒေါင်းရန်
👇👇👇👇👇👇👇👇👇👇
https://t.me/psitvlive/8018

Website မှဒေါင်းရန်
👇👇👇👇👇👇👇👇👇👇
https://apk.goaltv.repl.co

ဆက်သွယ်ဝယ်ယူရန်
Ph - 09:798 585 784

နည်းပညာစိတ်ဝင်စားသူတိုင်းတက်သင့်သည့်သင်တန်း။ဘောလုံးပွဲဝါသနာရှင် နှင့် Android Tv , BOX အသုံးပြုသူ ရောင်းဝယ်သူများလဲ တက်ထ...
15/11/2023

နည်းပညာစိတ်ဝင်စားသူတိုင်းတက်သင့်သည့်သင်တန်း။

ဘောလုံးပွဲဝါသနာရှင် နှင့် Android Tv , BOX အသုံးပြုသူ ရောင်းဝယ်သူများလဲ တက်ထားသင့်သည့်သင်တန်းဖြစ်ပါတယ်။

ကိုယ်ပိုင် Logo ,ကိုယ်ပိုင် Apk , ကိုယ်ပိုင် m3u8 တွေမို့ မိမိရောင်းလိုက်တဲ့ Android Box သို့မဟုတ် Android Tv က User တွေအတွက် Save ဖြစ်နေမှာပါ။

ဘောလုံးဝါသနာရှင်များကလဲ ကိုယ်ပိုင် Apk သို့မဟုတ် ကိုယ်ပိုင် M3U ပြုလုပ်ပြီး မိမိ Android Tv နှင့် Android Box တွေမှာ ထည့်သွင်းကြည့်ရှု့နိူင်ပါတယ်။

ပြုလုပ်အောင်မြင်သွားပါက ပညာရွှေအိုးလူမခိုးဆိုတဲ့စကားအတိုင်း မိမိဆီမှာတည်ရှိနေမှာပါ။

ကိုယ်တိုင်ရှာဖွေ
ကိုယ်တိုင်ရေး
ကိုယ်တိုင်ကြည့်

ကိုယ့်ခြေကိုယ်လက်မို့ စိတ်တိုင်ကျစေမှာအမှန်ပါ။

ယခုပဲ သင်တန်းတက်ဖို့ Page ChatBox ကိုစာပို့စုံစမ်းမေးမြန်းလိုက်ပါ။

ဟိုးအရင် Group မှာသင်ကြားဖူးသူများ Group အသစ်မှာပြန်လည်ဝင်ရောက်နိူင်ပါပြီ။သို့သော် အရင် Group သင်ကြားဖူးသူဖြစ်ကြောင်း အရ...
14/11/2023

ဟိုးအရင် Group မှာသင်ကြားဖူးသူများ Group အသစ်မှာပြန်လည်ဝင်ရောက်နိူင်ပါပြီ။

သို့သော် အရင် Group သင်ကြားဖူးသူဖြစ်ကြောင်း အရင် Group ထဲဝင်ပြီး သက်သေအဖြစ် Scree Shot ပုံရိုက်ပြနိူင်ရပါမည်။

သင်တန်းတက်ရောက်လိုပါက သင်တန်းကြေး ၁၅၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး Group အတွင်းရှိ အသေးစိတ်ရှင်းပြထားသော Video များကြည့်၍ လေ့လာသင်ယူရပါမည်။

ဘာတွေသင်ကြားမှာလဲလို့မေးလာခဲ့ရင် ကျွန်တော်သိ ကျွန်တော်တက်တာမှန်သမျှ မျှဝေသင်ကြားပေးသွားမှာပါခင်ဗျာ။

အခြားသင်တန်းတွေ သိန်းချီ ရှိနေချိန်မှာ ကျွန်တော်သင်တန်းက ၁၅၀၀၀ ကျပ်သာကျသင့်မှာပါ။

ကျွန်တော်သင်ပေးတဲ့ပညာများ တက်မြောက်စေရမည်လို့ အာမခံပါသည်။

GoalTv Apk ဖြင့်ဘောလုံးပွဲတွေ တိုက်ရိုက်ကြည့်ရှု့လိုက်ပါ။မိတ်ဆွေက ဘောလုံးဝါသနာရှင်လား?မိတ်ဆွေကြိုက်တဲ့ ပွဲစဉ်တွေ လွှဲချေ...
13/11/2023

GoalTv Apk ဖြင့်ဘောလုံးပွဲတွေ တိုက်ရိုက်ကြည့်ရှု့လိုက်ပါ။

မိတ်ဆွေက ဘောလုံးဝါသနာရှင်လား?
မိတ်ဆွေကြိုက်တဲ့ ပွဲစဉ်တွေ လွှဲချော်နေသလား?

⚽ပွဲစဉ်တိုင်းကြည့်ရှု့ပါ။
⚽ရုပ်သံ ထစ်ခြင်းရပ်ခြင်းမဖြစ်ပါ။
⚽အချိန်နှင့်တပြေးညီ Update ဖြစ်ပါတယ်။
⚽အဆင်ပြေပြီး အသုံးပြုရလွယ်ကူခြင်း။

ယနေ့ပဲ VIP အကောင့်ဝယ်ယူပြီး ဘောလုံးပွဲများကြည့်ရှု့ခံစားလိုက်ပါ။
ဘောလုံးပွဲရာသီကုန်ထိ ၅၀၀၀ ကျပ်ပဲဆိုတော့ အရမ်းတန်နေပြီနော်။

ဆက်သွယ်ဝယ်ယူဖို့ ယခုပဲ Chatbox ကိုစာပို့လိုက်ပါ။

GoalTv အကောင့်အရောင်းကိုယ်စားလည်ခေါ်ယူခြင်း။GoalTv VIP အကောင့် တစ်ဆင့်ပြန်ယူရောင်းလိုသူများအတွက်၁လစာ ၅သောင်းကျပ်မိမိကိုယ...
12/11/2023

GoalTv အကောင့်အရောင်းကိုယ်စားလည်ခေါ်ယူခြင်း။

GoalTv VIP အကောင့် တစ်ဆင့်ပြန်ယူရောင်းလိုသူများအတွက်

၁လစာ ၅သောင်းကျပ်

မိမိကိုယ်တိုင် VIP Code ထုတ်ယူရောင်းချနိူင်ခြင်း။

၁လအတွင်း လူဉီးရေ အကန့်အသက်မရှိရောင်းချနိူင်ခြင်း

၁လအတွင်း ၁၀ဉီး ရောင်းရရုံဖြင့် အရင်းကြေတာမို့ GoalTv အကောင့် တစ်ဆင့်ပြန်လည်ရောင်းချလိုသူများ Messenger Cb သို့ဆက်သွယ်နိူင်ပါတယ်ခင်ဗျာ။

မန်ယူ Vs လူတန်တောင်းSKYNET SPORT6 မှတိုက်ရိုက်ကြည့်⬇️⬇️⬇️⬇️⬇️⬇️⬇️https://apk.goaltv.repl.co/
11/11/2023

မန်ယူ Vs လူတန်တောင်း

SKYNET SPORT6 မှတိုက်ရိုက်ကြည့်
⬇️⬇️⬇️⬇️⬇️⬇️⬇️
https://apk.goaltv.repl.co/

11/11/2023

SkyNet Sport6 ဖြင့်ထုတ်လွှင့်ပြသဖို့ မီးပျက်နေပါသဖြင့် Stream လို့မရပါ။

မီးလာတာနဲ့ မြန်မာအသံနဲ့ကြည့်ချင်သူတွေအတွက်ပြသပေးသွားပါမည်။

အောက်က Video ဖိုင်ကတော့ GoalTv Apk နဲ့ ဘောလုံးပွဲတိုက်ရိုက်ကြည့်ရှု့နိူင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။

ကျွန်တော်ဆီက M3U ယူထားကြသော ညီအကိုမောင်နှမများခင်ဗျာ။ပရီးမီးယားလိဂ်လာသော Champions Tv5 နှင့် Champions Tv6 ကြည့်လိုသူမျာ...
11/11/2023

ကျွန်တော်ဆီက M3U ယူထားကြသော ညီအကိုမောင်နှမများခင်ဗျာ။

ပရီးမီးယားလိဂ်လာသော Champions Tv5 နှင့် Champions Tv6 ကြည့်လိုသူများခင်ဗျာ ကျွန်တော်ပေးထားသော M3U URL အား Network Stream Player အတွင်းရှိ Playlist သို့ဝင်ရောက်ထည့်သွင်းကြည့်ရှု့နိူင်ပါသည်။

Champions Tv5 နှင့် Champions Tv6 တို့ရဲ့အားသာချက်က 360P ,480P ,720P ,1080P ရွေးချယ်ကြည့်လို့ရသလို ရုပ်သံထစ်ခြင်းရပ်ခြင်းမဖြစ်ပါဘူးခင်ဗျာ။

ယခုm3u သည် Infosat Bin တင်ပြီးပုံပြောင်းထားသောစက်များတွင် ထည့်သွင်းကြည့်ရှု့၍မရနိူင်ပါ။

GoalTv အက်ပီကေးရှင်းတွင် ယနေ့ညကြည့်ရမည့်ပွဲစဉ်များ။အင်္ဂလန်ချန်ပီယံရှစ် ပွဲစဉ်အားလုံးလဲ ထည့်သွင်းပြသပေးသွားပါမည်။ကြည်တော...
11/11/2023

GoalTv အက်ပီကေးရှင်းတွင် ယနေ့ညကြည့်ရမည့်ပွဲစဉ်များ။

အင်္ဂလန်ချန်ပီယံရှစ် ပွဲစဉ်အားလုံးလဲ ထည့်သွင်းပြသပေးသွားပါမည်။

ကြည်တောက်ရှင်းထဲဝင်ကြည့်ပေးပါ။
Engilsh အသံဖြင့်ကြည့်မည်ဆိုပါက Server HD နှင့် SD ကိုပြောင်းကြည့်ပေးပါခင်ဗျာ။

VIP အကောင့်
ဘောလုံးပွဲရာသီကုန်ထိမှ ၅၀၀၀ကျပ်သာကျသင့်ပါမည်။

အဲလိုတွေမရှိ အဲလိုတွေမဖြစ်တဲ့ GoalTv Apk နှင့် Network Stream Player ကို မိမိAndroid Phone, မိမိ Android Tv, မိမိAndroid Box တွေမှာ Install ထည့်သွင်းပြီး ယနေ့ညဘောလုံးပွဲစဉ်တွေကို ကြည့်လို့ရပါပြီ။

GOAL! Tv Apk
👇👇👇👇👇👇👇👇👇👇
https://aftv.news/454314

Telegram မှဒေါင်းရန်
👇👇👇👇👇👇👇👇👇👇
https://t.me/psitvlive/8018

Website မှဒေါင်းရန်
👇👇👇👇👇👇👇👇👇👇
https://apk.goaltv.repl.co

ဆက်သွယ်ဝယ်ယူရန်
Ph - 09:798 585 784

ယခုနောက်ပိုင်း Livestream Website တွေက m3u8 ကို User-Agent or Referrer အစား mpd license_key Clearkey တွေကို အသုံးပြုလာတာ...
10/11/2023

ယခုနောက်ပိုင်း Livestream Website တွေက m3u8 ကို User-Agent or Referrer အစား mpd license_key Clearkey တွေကို အသုံးပြုလာတာတွေ့ရတယ်။

mpd တွေဟာ player တိုင်းမပွင့်ကြပါဘူးမပွင့်ပါဘူးဆိုမှ Key တွေပါထည့်သွင်းလာကြတယ် အဲတော့ ကျွန်တော်လိုရှာဖွေလေ့လာနေသူတွေအဖို့ ရပ်တန့်နေလို့မရပါဘူး ဆက်လက်လေ့လာကြရပါအုံးမည်။

Channel လိုင်းကောင်းကောင်းတွေ လိုင်းငြိမ်တာတွေသုံးချင်ရင်တော့ လေ့လာရမှာပါ အာကျယ်အာကျယ်အော်နေတဲ့ ဗီယက်နမ် Web တွေနဲ့တင်ကျေနပ်နေလို့မရပါဘူး။

ဒီတော့ hls နဲ့ကျေနပ်နေလို့မရဘူး dash တွေပါလေ့လာရပါတော့မယ်။

Address


Alerts

Be the first to know and let us send you an email when 𝐌𝐠 𝐙𝐢𝐧 𝐌𝐢𝐧 𝐋𝐰𝐢𝐧 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐌𝐠 𝐙𝐢𝐧 𝐌𝐢𝐧 𝐋𝐰𝐢𝐧:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share