ကလုံးထာ-သတင်း

  • Home
  • ကလုံးထာ-သတင်း

ကလုံးထာ-သတင်း စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။ ယနေ့ခေတ်ကြီးမှာကွန်ရက်ကောင်းတစ်ခုပိုင်ဆိုင်ကြပါစေ။
(2)

ကလုံးထာရွာအဝင်လမ်းရဲ့ မြစ်ချောင်းတစ်နေရာပန်းချီ .. Aungkyawmyo Dawei
08/05/2023

ကလုံးထာရွာအဝင်လမ်းရဲ့ မြစ်ချောင်းတစ်နေရာ

ပန်းချီ .. Aungkyawmyo Dawei

ကလုံးထာရွာဦး ဘုန်းကြီးကျောင်းရဲ့လက်ရှိပုံရိပ်များ #ကလုံးထာ    #ရွာဦးကျောင်း #ကလုံးထာသတင်းမူရင်းပုံပိုင်ရှင် @သောထားဝယ်
01/05/2023

ကလုံးထာရွာဦး ဘုန်းကြီးကျောင်းရဲ့
လက်ရှိပုံရိပ်များ
#ကလုံးထာ

#ရွာဦးကျောင်း
#ကလုံးထာသတင်း

မူရင်းပုံပိုင်ရှင် @သောထားဝယ်

18/04/2023

၁၃၈၅ ခုနှစ် တန်ခူးလဆုတ် ၁၃ရက်
ဧပြီလ 17ရက် ကလုံးထာရွာတွင် လူကြီးလူငယ်များမှ ရွာဦးကျော်၌ ဘုရားရေသပ္ပါယ်ပြီး ရေဆော့နေသောပုံရိပ်များ
#ကလုံးထာ

#မြန်မာနှစ်ဆန်း၁ရက်နေ့၁၃၈၅
ပုံ
video #ĐĐÔ

အခုလောက်ဆိုရင် ကလုံးထာရွာ လူထုအခြေပြုခရီးသွားလုပ်ငန်း ဟာအရှိန်အတော်ကောင်းနေလောက်ပါပြီ။အခုတော့နိုင်ငံရေးအခြေအနေမကောင်းလို...
10/01/2022

အခုလောက်ဆိုရင် ကလုံးထာရွာ လူထုအခြေပြုခရီးသွားလုပ်ငန်း ဟာအရှိန်အတော်ကောင်းနေလောက်ပါပြီ။
အခုတော့နိုင်ငံရေးအခြေအနေမကောင်းလို့ အစီအစဥ်အားလုံးရေစုန်မျောခဲ့ရပါပြီ။
https://www.mylocalpassion.com/posts/kalonehtar-community-based-tourism

Kalonehtar village is located in Ye Phyu Township, Dawei District, Taninthryi region and Southern part of Myanmar. It is also surrounded by beautiful stream, river, waterfalls and mountains. The name of Kalonehtar village which represent Kayin ethnic of U Kaw La Hto family. Because of those family i...

28/08/2021

ယ​နေ့ ကလုံးထာ ကိုဗစ်အတည်ပြုလူနာ(၁)​ဦးထပ်တိုးခဲ့သည်။
စုစု​​​ပေါင်း(၁၃)ဦးအထိရှိလာပြီဖြစ်ပါသည်။

27/08/2021

ကလုံးထာ ကိုဗစ်ပိုး​​တွေ့အတည်ပြုလူနာ(၁)ယောက်ထပ်တိုးဟုသိရပါသည်။စုစုပေါင်း(၁၂)ဦးရှိလာပြိဖြစ်ပါသည်

ယခင်ကပိုးတွေ့သူ(၁၁)ယောက်မှာ ရောဂါသက်သာ၍ဆေးရုံမှဆင်းလာသူ(၁၀)ဦးရှိပြီး (၁)ဦးမှာဆေးရုံ၌သေဆုံးခဲ့ပါသည်။

14.8.2021ဦး​အေးတို+​ဒေါ်​အေးကြူမိသားစုမှကလုံးထာရွာအတွင်းဆန်​ ဆီနှင့်​စားစရာအချို့ကိုလှူဒါန်းခဲ့​ကြောင်းသိရပါသည်​။   အ...
14/08/2021

14.8.2021
ဦး​အေးတို+​ဒေါ်​အေးကြူမိသားစုမှကလုံးထာရွာအတွင်းဆန်​ ဆီနှင့်​စားစရာအချို့ကိုလှူဒါန်းခဲ့​ကြောင်းသိရပါသည်​။
အခုလိုလှူဒါန်း​ရ​သောအကျိုးအား​ကြောင့်​​စီးပွားလာလ်​လာဘများတိုးပွား၍​ရောဂါ​ဘေးဘယမှလည်းကင်း​ဝေးပါ​စေလို့ဆု​တောင်း​မေတ္တာပို့ပါသည်​။သာဓု သာဓု သာဓုပါခင်​ဗျားးး

10.8.2021တွင်​ကျ​ရောက်​​သော မမြပုလဲ​ရွှေစင်​၏တစ်​ဦးတည်း​သော​မောင်​​လေး​မောင်​ရှိုင်း​ဝေ​ယံထွေး🎂🎂(5)နှစ်​ပြည့်​​မွေး​နေ့...
10/08/2021

10.8.2021တွင်​ကျ​ရောက်​​သော မမြပုလဲ​ရွှေစင်​၏တစ်​ဦးတည်း​သော​မောင်​​လေး​မောင်​ရှိုင်း​ဝေ​ယံထွေး🎂🎂(5)နှစ်​ပြည့်​​မွေး​နေ့🎂🎂တွင်​ ကလုံးထာ​ကျေးရွာပရဟိတလူငယ်​များအား​ငွေငါး​သောင်း(၅၀၀၀၀)ကျပ်​ကိုလှူဒါန်းခဲ့​ပါသည်​။

အခုလိုလှူဒါန်းရ​သောအကျိုးအား​ကြောင့်​မွေး​နေ့ရှင်​​လေး​မောင်​ဝေယံ​ထွေး ကိုယ်​ကျန်းမာ​ရွေ့စိတ်​ချမ်းသာပါ​စေ..
ရောဂါ​ဘေးဘယ​တွေလည်းကင်း​ဝေးပါ​စေ..
မနက်​ဖြန်​တိုင်းကိုလည်း​ပျော်​ရွှင်​ချင်း​တွေနဲ့သာဖြတ်​သန်းရပါ​စေ​နော်​..

🎂​မောင်​​ဝေယံ​ထွေးအားအထူး​ကျေးဇူးတင်​ရှိပါ​ကြောင်းကလုံးထာသတင်းမှမှတ်​တမ်းတင်​ဂုဏ်​ပြုအပ်​သည်​။

6.8.2021ကလုံးထာကျေးရွာပရဟိတလူငယ်သင်းအတွက်မွှေးနေ့ရှင်မမြပုလဲရွှေစင်မှမွေးနေ့အလှုအဖြစ်ငွေ၅၀၀၀၀(ငါးသောင်း)ကျပ်ကိုလှူဒါန်းခ...
06/08/2021

6.8.2021
ကလုံးထာကျေးရွာပရဟိတလူငယ်သင်းအတွက်မွှေးနေ့ရှင်မမြပုလဲရွှေစင်မှမွေးနေ့အလှုအဖြစ်ငွေ၅၀၀၀၀(ငါးသောင်း)ကျပ်ကိုလှူဒါန်းခဲ့ကြောင်းသိရပါသည်။
Happy Birthdwyပါသမီိးရေ

စေတနာရှင်(13)ယောက်စုပေါင်း၍ ကလုံးထာရွာအတွင်းရှိအခက်အခဲရှိသူများအား ဆန် ဆီ ကြက်သွန် အာလူး ခေါက်ဆွဲနှင့် စားစရာ အချိို့တို...
04/08/2021

စေတနာရှင်(13)ယောက်စုပေါင်း၍ ကလုံးထာရွာအတွင်းရှိအခက်အခဲရှိသူများအား ဆန် ဆီ ကြက်သွန် အာလူး ခေါက်ဆွဲနှင့် စားစရာ အချိို့တို့ကိုရွာရှိလူငယ်များနှင့်ပူးပေါင်းကာအိမ်အရောက်သွား၍လှူဒါန်းခဲ့ပါသည်။

ရေဖြူလူငယ်များအဖွဲ့မှ ကလုံးထာလူငယ်များနှင့်ပူးပေါင်းကာ ကလုံးထာရွာအတွင်းရှိ အသက်ကြီးရွယ်အို အဘိုးအဖွားများအား (ဆန်) များက...
28/07/2021

ရေဖြူလူငယ်များအဖွဲ့မှ ကလုံးထာလူငယ်များနှင့်ပူးပေါင်းကာ ကလုံးထာရွာအတွင်းရှိ အသက်ကြီးရွယ်အို အဘိုးအဖွားများအား (ဆန်) များကိုနိုင်သလောက်လှူဒါန်းခဲ့ကြသည်။
နောက်ထပ်ကျေးရွာများကိုလည်းလှူဒါန်းရန်ရှိသေးကြောင်းသိရပါသည်။

ပါဝင်လှူဒါန်းလိုသူများအတွက်👉📞09427839221သို့ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်။

Wave 👉09427839221

22/07/2021

ဒီနေ့ ကလုံးထာ မိသားစု(7)ယောက် ကိုဗစ်ပိုးတွေ့ရှိ

စုစုပေါင်း (11)အထိရှိလာပါသည်။

16/07/2021

ဒီနေ့ပိုးတွေ့သူ (၁)ယောက်ထပ်တိုး

စုစုပေါင်း(၄)ယောက်ကိုဗစ်ပိုးတွေ့နေ

ရပါပြီ

16/07/2021

ကိုဗစ်ပိုးတွေ့သူသုံးယောက်နဲ့ ကလုံးထာရေ အစစအရာရာဂရုစိုက်ပါလို့ပဲမှာချင်ပါတယ်ဗျာ။😟😟နောက်ထပ်မိသားစုတစ်စုလည်းဒီနေ့စစ်နေတယ်လို့သိရပါတယ် အကြောင်းထူးရင်ပြန်တင်ပေးပါ့မယ်ဗျာ။

🦠🦠🦠  #အရေးပေါ်အောက်ဆီဂျင်ကျရင်(၁) မိနစ် ၃၀ မှောက်လျက်နေပါ။(၂) မိနစ် ၃၀ ညာဘက်ကို စောင်းပြီး လှဲနေပါ။(၃) မိနစ် ၃၀ ထိုင်လျက...
13/07/2021

🦠🦠🦠 #အရေးပေါ်အောက်ဆီဂျင်ကျရင်

(၁) မိနစ် ၃၀ မှောက်လျက်နေပါ။

(၂) မိနစ် ၃၀ ညာဘက်ကို စောင်းပြီး လှဲနေပါ။

(၃) မိနစ် ၃၀ ထိုင်လျက်နေပါ။

(၄) မိနစ် ၃၀ ဘယ်ဘက်ကို စောင်းပြီး လှဲနေပါ။

(၅) ပြီးရင် နံပါတ် ၁ ကနေ ပြန်စလုပ်ပါ။

ဘာ​ကြောင့် အပြင်ထွက်ထွက် Mask တပ်ပါ 😷

Photo credit - On doctor

အောက်ဆီဂျင်စက်ရုံမှ ပန်ကြားချက်ပါ။တချို့အိမ်​တွေက ​အောက်ဆီဂျင်အိုး​တွေ ​ဆောင်ထားတာပါ။တချို့အိမ်​တွေက ​​ရောဂါဖြစ်လို့ ​လေ...
10/07/2021

အောက်ဆီဂျင်စက်ရုံမှ ပန်ကြားချက်ပါ။

တချို့အိမ်​တွေက ​အောက်ဆီဂျင်အိုး​တွေ ​ဆောင်ထားတာပါ။

တချို့အိမ်​တွေက ​​ရောဂါဖြစ်လို့ ​လေလာသွင်းရတာပါ။

မိမိတို့ ​လေးအိုး​တွေကို ပိုးသတ်လာပါ။
အိမ်​ပြန်​ရောက်ရင်လည်း ပိုးသတ်ပါ။

Covid ပိုးက သံထည်​တွေမှာ
(၁) လနီးပါး​နေနိုင်တယ်လို့ ​ပြောထားပါတယ်။

အားလုံးသတိရှိကြပါ။



10/07/2021

ကိုယ့်ပတ်၀န်းကျင်မှာ
အိမ်နီးနားချင်းတွေမှာ
ကိုဗစ်ဖြစ်နေသူ
ဖျားနာနေသူရှိရင်
ဒီတိုင်းကြီးမနေပါနဲ့

ငါ ဘာလေးကူညီပေးလို့ရနိုင်လဲ????
ငါ ဘာလေးထောက်ပံ့လို့ရနိုင်လဲ???...လို့ စဉ်းစားပြီး
ကိုယ်လုပ်ပေးနိုင်တာကိုလုပ်ပေးပါ...

ဥပမာ။ ။ကြက်ပေါင်းရည်လေး လုပ်ပေးပြီး
တစ်ခါသုံးဗူးနဲ့ အိမ်ရှေ့(သို့) အဆင်ပြေရာနေရာလေးမှာချပေးပြီး
ကူညီလို့ရတယ်....

ဆေးလိုလို့ ဆေး၀ယ်ချင်ရင် သွား၀ယ်ပေးတာမျိုး....

အိမ်မှာချက်ပြုတ်စားသောက်ဘို့ ဈေး၀ယ်ပေးတာမျိုး....

နှုတ်အားဖြင့် အားပေးတာမျိုး....

တစ္ခုခု ဘာကူညီပေးလို့ရမလဲဆိုတဲ့ အထက်တန်းစားစိတ်လေးနဲ့ ကူညီပေးပါ

ခုချိန်မှာ ပြည်သူကို ကူညီမွာ
ပြည်သူကိုဖေးမမှာ
"ပြည်သူ" ပဲရှိတယ်
ငါတို့မွာ ငါတို့ပဲရှိတယ်
ဆိုတာမမေ့ပါနဲ့....

သူ့အိမ်မှာဖြစ်တာ
ငါ့အိမ်မှာဖြစ်တာမဟုတ်ဘူးဆိုပြီး
နေသာသလိုမနေပါနဲ့
ကူညီပါ
ရိုင်းပင်းပါ
စည်းလုံးပါ
ဝေမျှပါ....

ကိုဗစ်ဟာ အသက်အရွယ်မရွေး
နေရာမရွေး
အချိန်မရွေးကူးစက်နိုင်တယ်ဆိုတာ
သတိပြုပါ....

ကမ္ဘာသူကမ္ဘာသားများအားလုံး ဘေးရန်အန္တရာယ် ကပ်ရောဂါအပေါင်းမှ အမြန်ဆုံးကင်းဝေးကြပါစေ🙏🙏🙏

#သဗ္ဘေသတ္တာဝေနေယျာ__ချမ်းသာကိုယ်စိတ်မြဲပါစေ
Crd # # #

သတိပြုရန်များ... COVID-19 ကြောက်စိတ်မဝင်ပါနဲ့ စိတ်အေးစွာနဲ့ ရင်ဆိုင်ပါ အဖြစ်အပျက်သဘောကို နားလည်ထားပါ။ ခေါင်းအရမ်းထိုးကို...
06/07/2021

သတိပြုရန်များ... COVID-19

ကြောက်စိတ်မဝင်ပါနဲ့ စိတ်အေးစွာနဲ့ ရင်ဆိုင်ပါ အဖြစ်အပျက်သဘောကို နားလည်ထားပါ။

ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။ အဲဒါ စ ကူးရင် ပြတတ်တဲ့ လက္ခဏာပါ။ လုံးဝအပြင်မထွက်ပါနဲ့။ အိမ်ထဲကလူတွေနဲ့ ခွဲနေပြီး mask တပ်ပါ။

ဖျားပြီး ၂ ရက်လောက် ကြာတဲ့အခါ ရုတ်တရက် အနံ့ပျောက်သွားတတ်ပါတယ်။ အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်ပါ။ သတိဝင်ပါ။ စိတ်ကို တည်ငြိမ်အောင် ထားရမယ်ဆိုတာကို။

အနံ့ပျောက်ပြီး ၃ ရက်ခန့်အကြာမှာ O2 ကျပြီး အသက်ရှုရခက်တတ်ပါတယ်။ ဆေးရုံမသွားနိုင်ခဲ့ရင် covid-19 call centre (2019) ကို ဖုန်းဆက်ပါ။ လိုအပ်တာတွေ လမ်းညွှန်ပေးပါတယ်။ (ညနေ 5 နာရီထိ)

စ ဖြစ်ပြီး ၇ ရက်မြောက်နေ့ကနေ ၁၀ ရက်မြောက်နေ့ထိ ဟာ ပြန်လည်သက်သာလာတတ်တဲ့ recovery ရက်တွေဖြစ်ပါတယ်။ အဲဒီရက်တွေမှာ အားပိုရှိအောင် လုပ်ပါ။

အနံ့ပျောက်ခြင်းဟာ ၁၀ ရက်ထက်လည်း ကျော်သွားတတ်သလို အနည်းငယ်မောတာဟာလည်း ဆက်ရှိနေတတ်ပါတယ်။ အားရှိဖို့ကို ဂရုစိုက်ပါ။

လည်ချောင်းနာတဲ့ လက္ခဏာဟာ လူတိုင်းမှာ မပြပါဘူး။ ချောင်းခြောက် နေ့တိုင်းဆိုးနိုင်ပါတယ်။ ဝမ်းအရည်သွားတတ်ပါသေးတယ်။

ကိုယ့်ကို စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် မိတ်ဆွေ ၂ ဦး၊ ၃ ဦး နဲ့ စ ဖြစ်ကတည်းက ဆက်သွယ်ပြီးခွန်အားယူပါ။ လူတွေအများကြီးနဲ့ အဆက်အသွယ်မလုပ်ပါနဲ့။ Depression ရနိုင်ပါတယ်။

တိုက်တွန်းလိုသည်များ
++++++++++++++++++++++++++++++

- ရေနွေးငွေ့ထဲ ကွမ်းရွက်ထည့်ခြေပြီး ရှူပါ။

- ထမင်းငွေ့ရှူပါ။

- အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

- Aircon, ပန်ကာ ပိတ်ထားပါ။

- ပြတင်းများ ဖွင့်ထားပါ။

- ကြက်ပေါင်းရည်/ ငှက်သိုက် သောက်ပါ။

- အသီးအနှံစားပါ။

- အစောပိုင်းဖျားတဲ့ 2 ရက်ခန့်မှာ ထမင်း မစားပါနဲ့။
ဓာတ်ဆားရည်သောက်ပါ။

- ရေဓာတ်အတတ်နိုင်ဆုံး ဖြည့်ပါ။
ရေများများသောက်ပါ။ အောက်ဆီဂျင် တက်ပါတယ်။

- Multivitamin ရေဆူဆေးပြားသောက်ပါ။

- အနံ့မရလို့ထမင်းမစားဘဲ မနေပါနဲ့။

- မနက်၊ နေ့၊ ညနေ ဝင်သလောက် စားပေးပါ။

- ကြက်ဥ တစ်နေ့လေးလုံး၊ နွားနို့ ၂ ခွက် သောက်
ပေးပါ။

- အိပ်ရေးဝအောင် အိပ်ပါ။ အိပ်မပျော် ဖြစ်တတ်ပါသည်။

- တရားနားထောင်ပါ။
ဖြစ်နိုင်လျင် တရားထိုင်ပါ။

- စိတ်ကို ငြိမ်အောင်ထားပါ။

- အသား၊ ငါး၊ ဥ၊ အသီးအရွက် ရသလောက် စားပေးပါ။

- အသင့်စားအစားအသောက်တွေ အတတ်နိုင်ဆုံး မစားပါနှင့်။

- အချိုရည်တွေ မသောက်ပါနဲ့။

- ပူပူနွေးနွေးစားပါ။

- အလုပ်တွေ တတ်နိုင်သလောက် မလုပ်ပါနဲ့။

- ဦးနှောက်သုံးစဉ်းစားရမယ့်ကိစ္စတွေလည်း ရှောင်
ပါ။ လုပ်နိုင်တယ်ဆိုပြီးလုပ်ရင် အားကုန်၊ ကိုယ်ခံ
အား ကျပါတယ်။

- အနားယူနေပါ။ စိတ်ရှုပ်မခံပါနဲ့။

- ဟိုတွေး ဒီတွေး တွေးနေတတ်ရင် ဟာသ
ဇာတ်ကားများ ကြည့်နေလိုက်ပါ။

- အရင်းနှီးဆုံး မိတ်ဆွေများနှင့် စကား မကြာခဏ
ပြောပါ။ သူတို့ဆီကလည်း အကြံကောင်းတွေ ရနိုင်ပါတယ်။

- ၇ ရက် ကျော်လာရင် ပြန်ကောင်းတော့မှာလို့ ယုံကြည်လိုက်ပါ။

- ဖျားတာ၊ အနံ့မရတာက တော်တော်များများ ဖြစ်တာဖြစ်ပြီး မောတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှုခက်တာတွေဟာ သတိထားရမယ့် လက္ခဏာပါ။ အဲဒီအခြေအနေမှာ လိုအပ်ရင် ဆေးရုံသွားဖို့ သတိထားပါ။

မေတ္တာဖြင့်

မေနှင်းဆီ

အားလုံး ရောဂါကပ်ဆိုးကြီးမှ ကင်းဝေးကြပါစေ။
Pho ~~~fbမှစုစည်းပြီး
မေနှင်းဆီနှင့်အတူ crdပါ

ငါးထောင်တန်၊ တစ်သောင်းတန်တွေ ရုပ်သိမ်းမယ်ဆိုတာ ကောလာဟလလို့ ဗဟိုဘဏ်ကြေညာ~~~~~~■ ငွေငါးထောင်တန်၊ တစ်သောင်းတန်တွေ ရုပ်သိမ်း...
03/02/2021

ငါးထောင်တန်၊ တစ်သောင်းတန်တွေ ရုပ်သိမ်းမယ်ဆိုတာ ကောလာဟလလို့ ဗဟိုဘဏ်ကြေညာ
~~~~~~
■ ငွေငါးထောင်တန်၊ တစ်သောင်းတန်တွေ ရုပ်သိမ်းမယ်ဆိုတာ ကောလာဟလဖြစ်ပြီး ငွေကြေးနဲ့ ဘဏ်လုပ်ငန်း ဆောင်ရွက်ချက်တွေအပေါ်မှာ ပြည်သူတွေ မစိုးရိမ်ကြဖို့
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကြေညာချက်ထုတ်လိုက်ပါတယ်။

ဘဏ်တွေပိတ်သိမ်းမယ်ဆိုတာလည်း သတင်းမှားဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ငွေကြေးနဲ့ ဘဏ်လုပ်ငန်းဆောင်ရွက်ချက်တွေအပေါ် စိုးရိမ်မှုမရှိဘဲ
ယုံကြည်စိတ်ချစွာ ဆက်လက်အသုံးပြုနိုင်ကြောင်း၊ ဘဏ်ဝန်ဆောင်မှုတွေကို ပုံမှန်အတိုင်းဆောင်ရွက်နိုင်အောင် ဘဏ်တွေကို ညွှန်ကြားထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်က ကြေညာလိုက်တာပါ။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကလည်း အခြေခံဥပဒေမှာ တရားဝင်ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် မလုပ်ဘူးလို့ အာမခံထားပြီးဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၃၆ (င) မှာ နိုင်ငံတော်က
တရားဝင်ငွေကြေးတွေကို တရားမဝင်ငွေကြေးအဖြစ် ဘယ်တော့မလုပ်ဘူးလို့ အာမခံထားတယ်၊ အဲဒီတော့ ဘယ်လိုမှဖြစ်စရာအကြောင်းမရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါထားပြီးသားပဲ"

တပ်မတော် အာဏာသိမ်းပြီး သုံးရက်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၃ရက် ဒီနေ့မှာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ထားတဲ့ တစ်သောင်းတန် ငွေစက္ကူတွေကို တရားမဝင်ငွေကြေးအဖြစ် သိမ်းဆည်းမယ်ဆိုတဲ့ ကောလာဟလတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာတာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတာပါ။
- Unicode
---------------

ငါးထောင်တန်၊ တစ်သောင်းတန်တွေ ရုပ်သိမ်းမယ်ဆိုတာ ကောလာဟလလို့ ဗဟိုဘဏ်ကြေညာ
~~~~~~
■ ငွေငါးထောင်တန်၊ တစ်သောင်းတန်တွေ ရုပ်သိမ်းမယ်ဆိုတာ ကောလာဟလဖြစ်ပြီး ငွေကြေးနဲ့ ဘဏ်လုပ်ငန်း ဆောင်ရွက်ချက်တွေအပေါ်မှာ ပြည်သူတွေ မစိုးရိမ်ကြဖို့
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကြေညာချက်ထုတ်လိုက်ပါတယ်။

ဘဏ်တွေပိတ်သိမ်းမယ်ဆိုတာလည်း သတင်းမှားဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ငွေကြေးနဲ့ ဘဏ်လုပ်ငန်းဆောင်ရွက်ချက်တွေအပေါ် စိုးရိမ်မှုမရှိဘဲ
ယုံကြည်စိတ်ချစွာ ဆက်လက်အသုံးပြုနိုင်ကြောင်း၊ ဘဏ်ဝန်ဆောင်မှုတွေကို ပုံမှန်အတိုင်းဆောင်ရွက်နိုင်အောင် ဘဏ်တွေကို ညွှန်ကြားထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်က ကြေညာလိုက်တာပါ။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကလည်း အခြေခံဥပဒေမှာ တရားဝင်ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် မလုပ်ဘူးလို့ အာမခံထားပြီးဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၃၆ (င) မှာ နိုင်ငံတော်က
တရားဝင်ငွေကြေးတွေကို တရားမဝင်ငွေကြေးအဖြစ် ဘယ်တော့မလုပ်ဘူးလို့ အာမခံထားတယ်၊ အဲဒီတော့ ဘယ်လိုမှဖြစ်စရာအကြောင်းမရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါထားပြီးသားပဲ"

တပ်မတော် အာဏာသိမ်းပြီး သုံးရက်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၃ရက် ဒီနေ့မှာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ထားတဲ့ တစ်သောင်းတန် ငွေစက္ကူတွေကို တရားမဝင်ငွေကြေးအဖြစ် သိမ်းဆည်းမယ်ဆိုတဲ့ ကောလာဟလတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာတာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတာပါ။
- Zawgyi
---------------

AFP Photo

ကလုံးထာရွာ အေးငြိမ်းချမ်းသာဓာတ်ပေါင်းစုစေတီတော်အား ရွှေရည်သုတ်လိမ်းရန်အတွက် ယနေ့သန့်ရှင်းရေးပြုလုပ်နေပါသည်။ဓာတ်ပုံ Yan K...
29/01/2021

ကလုံးထာရွာ အေးငြိမ်းချမ်းသာဓာ

တ်ပေါင်းစုစေတီတော်အား ရွှေရ

ည်သုတ်လိမ်းရန်အတွက် ယနေ့သန့်

ရှင်းရေးပြုလုပ်နေပါသည်။

ဓာတ်ပုံ Yan Kyaw FB

#ရွှေရည်သုတ်လိမ်းခြင်း

 #ကလုံးထာရွာသားများသို့အသိပေးခြင်းကလုံးထာရွာအဝင်လမ်းအား ပြည်ထောင်စုလမ်းမကြီးမှတစ်မိုင်တိတိ ကွန်ကရစ်လမ်းခင်းမည်ဖြစ်ရာ ထို...
28/01/2021

#ကလုံးထာရွာသားများသို့အသိပေးခြင်း

ကလုံးထာရွာအဝင်လမ်းအား ပြည်ထောင်စုလမ်းမကြီးမှတစ်မိုင်တိတိ ကွန်ကရစ်လမ်းခင်းမည်ဖြစ်ရာ ထိုလမ်းအားတစ်ဖက်ပြီးမှတစ်ဖက်ခင်းမည်မဟုတ်ပဲ ၁၂ပေအပြည့်ခင်းမည်ဟုသိရပါသည်။မနက်ဖြန်တစ်ရက်သာအချိန်ရမည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ လတ်တလောလိုအပ်သော ကိစ္စအဝဝများကိုလုပ်ဆောင်ထားကြပါရန်အသိပေးအပ်ပါသည်။ထိုကွန်ကရစ်လမ်းခင်းခြင်းအား ရက်နှစ်ဆယ်ခန့်ကြာမည်ဟုလည်းသိရပါသည်။

ကလုံးထာရွာ၌(မီးသင်္ဂြိုဟ်စက်ဆောက်လုပ်ပြီးစီး)လျက်ရှိပြီး ဆက်လက်ဆောက်လုပ်ရန်ကျန်ရှိနေသော (သရဏဂုံဇရပ်)အတွက်လိုအပ်နေသောငွေက...
19/12/2020

ကလုံးထာရွာ၌(မီးသင်္ဂြိုဟ်စက်ဆောက်လုပ်ပြီးစီး)လျက်ရှိပြီး ဆက်လက်ဆောက်လုပ်ရန်ကျန်ရှိနေသော (သရဏဂုံဇရပ်)အတွက်လိုအပ်နေသောငွေကြေးပမာဏကိုသဒ္ဓါတရားနည်းများမဟူထည့်ဝင်လှူဒါန်းနိုင်စေရန်နိဗ္ဗာန်အကျိုးမျှော်၍နှိုးဆော်အပ်ပါသည်။

ကလုံးထာရွာ မီးသင်္ဂြိုလ်စက် ဆောက်လုပ်မှု ၇၅%ပြီးစီး
08/12/2020

ကလုံးထာရွာ မီးသင်္ဂြိုလ်စက်

ဆောက်လုပ်မှု ၇၅%ပြီးစီး

ပြည်ထောင်စုလမ်းမကြီးမှကလုံးထာရွာဝင်လမ်းသို့(1)မိုင်အားကွန်ကရစ်လမ်းခင်းပါမည်။
05/12/2020

ပြည်ထောင်စုလမ်းမကြီးမှကလုံးထာရွာဝင်လမ်းသို့(1)မိုင်အားကွန်ကရစ်လမ်းခင်းပါမည်။

"ဥပဒေအသစ်ဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအထိ ပြည်သူ့ဆန္ဒမဲဖြင့်သာ ပြန်ရွေးတော့မှာဖြစ်လို့ အရေးကြီးပါတယ်"ဆယ်အိမ...
24/11/2020

"ဥပဒေအသစ်ဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအထိ ပြည်သူ့ဆန္ဒမဲဖြင့်သာ ပြန်ရွေးတော့မှာဖြစ်လို့ အရေးကြီးပါတယ်"

ဆယ်အိမ်မှုး ကို တစ်အိမ်တစ်မဲ စနစ်နဲ့ အရင်ရွေးရပါမယ်။

အဲဒီဆယ်အိမ်မှုးထဲက ရာအိမ်မှူးကို တစ်အိမ်တစ်မဲ နဲ့ ထပ်ရွေးရပါမယ်။

ရာအိမ်မှူးတစ်ဦးထက်ပိုရင် ရပ်ကွက်/ကျေးရွာအတွင်းမှာရှိတဲ့ တစ်အိမ်တစ်မဲ နဲ့ အုပ်ချုပ်ရေးမှူးရွေးကြရပါမယ်။

အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ အဓိကကျတဲ့ဒီအချက်ကို ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာပြင် ဆင်နိုင်ခဲ့ပါတယ်။

အိမ်ထောင်စုကိုယ်စားလှယ် (၁၈) နှစ်ပြည့်ပြီးသူ တစ်အိမ်ကို တစ်ယောက်က (၃) ကြိမ် မဲပေးရမှာပါ။

ယခင်ဥပဒေမှာ "ပြည်သူက ဆယ်အိမ်မှူးကိုသာ
ရွေးခွင့်ရှိတာဖြစ်ပြီး တစ်ခါတည်းပဲ မဲပေးရတာပါ"

အခုပြင်ထားတဲ့ ဥပဒေမှာ "ပြည်သူကပဲ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးထိ ရွေးခွင့်ရှိတာပါ"

ဒါကြောင့် ပြည်သူလူထုသည် သတိရှိရှိနဲ့ အုပ်ချုပ်ရေးမှူးရွေးပွဲကို သွားဖြစ်အောင် သွားရပါမယ်။
မဲပေးဖြစ်အောင် ပေးရပါမယ်။

ငါနဲ့မဆိုင်ဘူးလို့ ဘာသိဘာသာနေပြီးမှ ရှင်းကြရတဲ့နောက်ဆက်တွဲပြဿနာတွေက များလွန်းလို့
ပြည်သူအားလုံး ပါဝင်ကြစေချင်ပါတယ်။

🇲🇲✌️

ကလုံးထာ ဆန္ဒမဲစာရင်းတွေပါဓာတ် ပုံ crd
09/11/2020

ကလုံးထာ ဆန္ဒမဲစာရင်းတွေပါ

ဓာတ် ပုံ crd

ကလုံးထာရွာမှ ယနေ့ ဆီမီးပူဇော်နေမှု မြင်ကွင်းများဓာတ်ပုံ. အာလူး
30/10/2020

ကလုံးထာရွာမှ ယနေ့ ဆီမီးပူဇော်နေမှု မြင်ကွင်းများ

ဓာတ်ပုံ. အာလူး

28/10/2020

ကြိုတင်မဲ​ပေးမယ့်သူ​တွေအတွက်​ရော...
နိုဝင်ဘာလ၈ရက်နေ့မဲရုံသို့.....
သွားရောက်မည့်သူ​တွေအတွက်ပါ...
#ဆောင်ရန်ရှောင်ရန်အသိပေးခြင်း

#မဲပေးသရုပ်ပြကြည့်တဲ့အခါ အယောက်၁၀၀ကို ၃၅မိနစ်
သာကြာမြင့်တယ်လို့သိရပါတယ်။ ဝန်ထမ်းတွေမို့မြန်တာ
လည်းဖြစ်နိုင်ပါတယ်။ ပြည်သူကတော့ပိုကြာနိုင်ပါတယ်။

ဲ့faceshieldကို၃၈သန်းလုံးအတွက်အခမဲ့ပေးမှာပါ။

#လက်အိတ်တော့ဝတ်ဆင်သွားသင့်တယ် လို့အကြံပြုလို
ပါတယ်။

#အိမ်ကဘောလ်ပင်ယူသွားပါ။ အဆင်မပြေရင်မဲရုံကပိုးသတ်ထားတဲ့ဘောလ်ပင်ပေးပါလိမ့်မယ်။ လက်မှတ်ကတော့
ဘောလ်ပင်နဲ့ထိုးရမှာမို့ပါ။

#တယောက်ကို၆ပေအကွာစီရတဲ့အခါ နေရာအကျဉ်းအကျယ်ပေါ်မူတည်ပြီး နီးသွားတာရှိနိုင်ပါတယ်။

#အဓိက ကMaskကို
ဖယ်ပြီးစကားမပြောမိဖို့လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မထိနေဘူး။ လေအချင်းချင်းမကူးလူးနေရင် ၆ပေမကွာလည်းစိုးရိမ်စရာမလိုပါ။

#လက်မှတ်ကိုအတိုသာထိုးကြပါ။ ဘဏ်မဟုတ်လို့ ဆိုင်းလှလှဖြစ်နေစရာမလိုပါဘူး။ မှန်ဖို့မြန်ဖို့သာအဓိကပါ။

#တန်းစီစောင့်လျှင်နေပူနိုင်ပါတယ်။သို့ပါ၍ ဦးထုပ် ခမောက် တို့တွင်ပါတီတစ်ခုခုရဲ့အမှတ်အသားမပါတာဆောင်းဖို့ယူသွားပါ။

#ရေငတ်နိုင်ပေမယ့်ပါးစပ်ဖွင့်ရမယ့်အလုပ်မလုပ်ပါနဲ့။ မြန်မြန်ပေး မြန်မြန်အိမ်ပြန်ပါ။

#မိမိတယောက်သုံးလက်သန့်ဆေးရည်ဗူးလေးတွေယူသွား
ပါ။

#နောက်ဆုံးမှင်တို့တဲ့အခါ လက်အိတ်ချွတ်ရပါမယ်။ လက်သန်းကို ဗူးနှုတ်ခမ်းနဲ့လုံးဝမထိပါနဲ့။ အလယ်တည့်တည့်ကိုသာလက်ချောင်းနှစ်ပါ။ လက်သန့်ဆေးနဲ့ပြန်ဆေးပြီးမဲရုံကအိမ်တန်းပြန်ပါ။

#ပါတီတံဆိပ်တွေလည်းဝေဝါးဖို့မရှိပါဘူး။ ရွေးရခက်တဲ့
ဆင်တူရိုးမှားပုံတွေအစဉ်လိုက်မပါပါဘူး။ စာဖတ်တတ်သူများလို့ ပါတီအမည်ဖတ်ရုံပါပဲ။

#အများစုက တိုင်းရင်းသားကိုယ်စားလှယ်လောင်းမဲမပေးရဘူး။ တိုင်းရင်းသားဖြစ်မှသာမဲတပြားအပိုရမယ်။

#ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်
တိုင်းဒေသကြီးလွှတ်တော်နေရာ၃နေရာအတွက်သာ
မဲ၃ရွက်ရမယ်။ တစ်ရွက်ယူ မဲပုံး၁ပုံးထဲထည့်စနစ်နဲ့ ၃ခါလုပ်ရမယ်။
( #နေပြည်တော်ကတော့ ပြည်ထောင်စုနယ်မြေဖြစ်လို့ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်အတွက်သာ မဲပေးရမှာဖြစ်လို့ မဲစာရွက် ၂ရွက်သာရရှိမှာဖြစ်ပြီး မဲပုံးကလည်း ၂ခုသာရှိမှာဖြစ်ပါတယ်။တိုင်းဒေသကြီးလွှတ်တော်မရှိပါ။)

#လက်အိတ်ရဲ့သဘောက ကိုယ့်အတွက်လုံခြုံပေမယ့် တ
စ်ခြားသူကိုထိတာ တို့တာ ဝမ်းသာအားရရိုက်ပုတ်ပြော
တာတို့မလုပ်မိပါစေနဲ့။ ပိုးက လက်အိတ်မှာကပ်နေနိုင်ပါ
တယ်။ သတိထားကြပါ။

#အားလုံးဘေးကင်းကျန်းမာမဲပေးနိုင်ပါစေ..

Crd
#သူစင်ကြယ် ပြန်လည်မျှဝေသည်။
Crd
# KhinSandarHtun

11/09/2020

ပြည်သူများမှ သိရှိလိုသော
၁) အရေးပေါ် ဖုန်းနံပါတ်များ ရှာဖွေရန်၊
၂) တင်ဒါများ ရှာဖွေရန်၊
၃) အစိုးရဌာနများ၏ လိပ်စာများ ရှာဖွေရန်နှင့်
၄) အကြံပြုခြင်းကိစ္စများ လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Myanmar National Portal Facebook စာမျက်နှာ၏ Messenger တွင် Bot Feature ကို ထည့်သွင်းပေးထားပါသည်၊၊ အဆိုပါ Messenger Bot အား Messenger Chat မှတစ်ဆင့် ဝင်ရောက်အသုံးပြုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
https://m.me/myanmarnationalportal

11/09/2020

ဤသတင်းအမှန်ဟုအဆိုပြုနိုင်သဖြင့် အစစအရာရာ ဆင်ခြင်နေထိုင်ကြပါရန်နှင့် အလွန့်အလွန်လည်းစိုးရိမ်မလွန်ကြဖို့ကိုထပ်မံဆော်သြလိုက်က်ပါသည်

09/08/2020

(၂၀၂၀)ခုနှစ် ကလုံးထာရွာ၌ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူ (၁၅)ယောက် ​ဖြေဆိုခဲ့ရာ

မောင်ဝေယံအောင်
မထက်ဥမ္မာဝင်း
မနန္ဒာစိုး
မမေစံပယ်ခင်
မစိုးပြည့်ပြည့်

စုစုပေါင်း(၅)ယောက်အောင်မြင့်ခဲ့​ကြောင်း ကနဦးသတင်းရရှိထားပါသည်။
အသေးစိတ်ကိုထပ်မံတင်ပြပါမည်။

တလိုင်းယာကျေးရွာအုပ်စု  ကလုံးထာဘန်ဂလို၌ Co vid 19 ရောဂါကာလအတွင်း လူစုလူဝေးမပြုလုပ်ရန်  သံဇကာဖြင့်ပိတ်ပြီးတားမြစ်ထားသည့် ...
17/05/2020

တလိုင်းယာကျေးရွာအုပ်စု ကလုံးထာဘန်ဂလို၌ Co vid 19 ရောဂါကာလအတွင်း လူစုလူဝေးမပြုလုပ်ရန် သံဇကာဖြင့်ပိတ်ပြီးတားမြစ်ထားသည့် ကြားမှ လမ်းနံဘေးက ဖေါက်ဆင်းကာ ရေဆင်းကူးသောကြောင့် ထားဝ
်ယ်မြို့ ပေါ်မှ အသက် ၂၀လူငယ်တစ်ဦးရေနစ်သေဆုံးသွားပါသည် သို့ဖြစ်ပါ၍ အပန်းဖြေလာရောက်ကြသူများသတ်မှတ် ကာလအတွင်း မလာရောက်ကြပါရန် မေတ္တာရပ်ခံအက်ပါသည်

မူရင်း တလိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကံမြင့်Facebook

က လုံး ထာ ရွာ အ ဝင် ဆူး ချောင်း တံ တား ပြီး စီး မှု အ ခြေ အ နေ
11/05/2020

က လုံး ထာ ရွာ အ ဝင် ဆူး ချောင်း တံ တား ပြီး စီး မှု အ ခြေ အ နေ

ကလုံးထာရွာအား ကြိုတင်ကာကွယ်သောအနေဖြင့် အုပ်ချုပ်ရေးမှူးအပါအဝင် ရပ်မိရပ်ဖများနှင့်တိုင်ပင်ကာ Lockdown ချလိုက်ပါပြီ။ Lockd...
17/04/2020

ကလုံးထာရွာအား ကြိုတင်ကာကွယ်သောအနေဖြင့် အုပ်ချုပ်ရေးမှူးအပါအဝင် ရပ်မိရပ်ဖများနှင့်တိုင်ပင်ကာ Lockdown ချလိုက်ပါပြီ။ Lockdownရက်အား အတိအကျမရှိသော်လည်း ရောဂါအခြေအနေကိုစောင့်ကြည့်ကာ လုပ်ဆောင်သွားမည်ဟုသိရပါသည်။

လူစုလူဝေးမလုပ်ရန် ကလုံးထာအဝင်လမ်းရှိ ဘန်ဂလိုအား ရက်အကန့်အသတ်မရှိပိတ်ထားလိုက်ပါပြီ။
12/04/2020

လူစုလူဝေးမလုပ်ရန် ကလုံးထာအဝင်လမ်းရှိ ဘန်ဂလိုအား ရက်အကန့်အသတ်မရှိပိတ်ထားလိုက်ပါပြီ။

International Trade Center (နိုင်ငံတကာကုန်သွယ်ရေးစင်တာ)မှကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်နိုင်ရေး နိုင်ငံရပ်ခြားမှ ပြန်လ...
03/04/2020

International Trade Center (နိုင်ငံတကာကုန်သွယ်ရေးစင်တာ)မှ
ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်နိုင်ရေး
နိုင်ငံရပ်ခြားမှ ပြန်လာသူများကို ရပ်ရွာအခြေပြု ၁၄ ရက်စောင့်ကြည့်ရာတွင်အသုံးပြုန်ုင်ရန်အတွက်
Maskအခု(၅၀)နှင့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးစာရွက်တွေကို ကလုံးထာရွာသို့ လှူဒါန်ရခဲ့ပါသည်။

Address


Alerts

Be the first to know and let us send you an email when ကလုံးထာ-သတင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကလုံးထာ-သတင်း:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share