Focus Media

Focus Media Our Service will be highest Standard.

 #မိန်းခလေးမှန်ရင်သိမ်းထားပါ👩👩👩1.မိတ်ကပ်လိမ်းခြယ်မယ်ဆို အောက်ခံ အသားအရည်ကို အရင်ကောင်းအောင်လုပ်ပါ2.မိတ်ကပ်ကို အိမ်မှာနေရ...
20/06/2020

#မိန်းခလေးမှန်ရင်သိမ်းထားပါ👩👩👩

1.မိတ်ကပ်လိမ်းခြယ်မယ်ဆို အောက်ခံ အသားအရည်ကို အရင်ကောင်းအောင်လုပ်ပါ

2.မိတ်ကပ်ကို အိမ်မှာနေရင် မလိမ်းပါနဲ့

3.မိတ်ကပ်ကို အပြင်သွားပြီး ပြန်လာတာနဲ့ တစ်ခါထဲ ဖျက်ပါ

4.မိတ်ကပ်လိမ်းတဲ့နေ့တွေမှာ မျက်နှာကို သေချာသန့်စင်ပါ
မိတ်ကပ် က မျက်နှာသစ် ဆပ်ပြာ တစ်ခုသုံးယုံနဲ့ မလုံလောက်ပါဘူး

5.မိတ်ကပ်ဖျက်မယ်ဆို မိတ်ကပ် remover သုံးပြီးသန့်စင်ပြီးမှ မျက်နှာသစ်ပါ

6.မိတ်ကပ် remover ကို အလေအလွင့်နည်းအောင် ယနေ့ခေတ် အသုံးများလာကြတဲ့ ready made ဂွမ်းလေးတွေ သုံးပြီးဖျက်ပါ

7.ဘူးအသန့်တစ်လုံး သို့မဟုတ် လေလုံအိတ်တစ်လုံးထဲကို ဂွမ်း အရွက် ၂၀ခန့်ထည့်ပါ ပြီးရင် make up remover အရည် နဲနဲလောင်းထည့်ပေးပါ ဒါဆို make up
remover ကို နဲနဲပဲကုန်စေနိုင်သလို အကျိုးလဲရှိပါတယ် money saving ဖြစ်စေပါတယ်

8.တိုနာကို လဲ ထိုနည်း လည်းကောင်းလုပ်လို့ရပါတယ်

9.မျက်နှာကို မိတ်ကပ် ဖျက်ဆေးနဲ့ ဖျက်ပြီး မျက်နှာသစ်ဆေးနဲ့ သစ်ပေးပါ

10.ပြီးရင် ဂွမ်းမှာ တိုနာ စွတ်ပြီး မျက်နှာအနှံ့ ပွတ်လိမ်းပါ

11.တိုနာက ချွေးပေါက် ကျဉ်းစေတယ်လို့ ပြောကြတာထက် မျက်နှာသစ်ပြီး သုံး၇င် ကျန်ရှိနေသေးတဲ့ အညစ်အကြေးတွေ ထပ်ထုတ်ပေးပါတယ်

11.ပြီးရင် လိမ်းနေကြ တစ်ခုခုရှိရင် လိမ်းပါ

12.မျက်နှာကို တနေ့ နှစ်ခါ အနဲဆုံးသစ်ပါ

13.မနက်တစ်ကြိမ် ညတစ်ကြိမ်သစ်ပါ
မိတ်ကပ်လိမ်းတဲ့နေ့ဆို လိမ်းပြီးပြန်လာတာနဲ့ မျက်နှာသစ်ပါ

14.သွားကျန်းမာ​ရေးကိုလဲ ဂရုစိုက်ပါ

15.တနေ့နှစ်ခါ တိုက်ပါ

16.အစာစားပြီး ပလုတ်ကျင်းပါ

17.သွားတိုက်ရင် အနဲဆုံး ၂မိနစ်ခန့်တိုက်ပါ

18.မျက်နှာလေးလှနေယုံနဲ့ မပြီးပါဘူး
ပါးစပ်က အနံ့ ဆိုးတွေရှိရင် လူတစ်ယောက်ရဲ့ image က ပြောင်းသွားနိုင်ပါတယ်

19.ဆံပင်ကို တစ်ပတ်နှစ်ခါ အနဲဆုံး လျှော်ပါ

20.နဖူးမှာ ၀က်ခြံတွေ အရမ်းထွက်တတ်တာမျိုးက
ဆံပင် က မသန့်တာကြောင့်ဖြစ်တတ်ပါတယ်
ခေါင်းမလျှော်ဖြစ်ခဲ့ရင်တောင် အရှေဆံပင်လေးကို လျှော်ပေးပါ

21.၀က်ခြံထွက်ရင် လက်နဲ့ မညှစ်ပါနဲ့

22.စိတ်ကိုထိန်းပြီး ဆေးလေးပဲ လူးထားပါ

23.အရမ်းများလာ၇င် တတ်ကျွမ်းသူတွေနဲ့ ပြပါ

24.၀က်ခြံကို အသည်းယားလို့ကုတ်ဖဲ့တာမျိုးက အန္တရာယ်များပါတယ် ၀က်ခြံဖုက ထွက်လာတဲ့ သွေး သို့ ပြီ အပုတ်တွေ စီးကြပြီး ထိုနေ၇ာတွေမှာပါ ၀က်ခြံ ထွက်တတ်ပါတယ်

25 ဆင်ဝက်ခြံလို ၀က်ခြံမျိုးတွေ လက်နဲ့ အညှစ်များတဲ့ ၀က်ခြံတွေဟာ ကြာရင် ချိုင့်ခွက်တွေ ဖြစ်လာပြီး မျက်နှာကို အဖု အထစ်တွေ ဖြစ်စေနိုင်ပါတယ်

26.ဆားဝက်ခြံတွေ ကလဲ စိတ်ရူပ်ရပါတယ်

27.ဆားဝက်ခြံတွေကို ပျောက်ကင်းအောင် ထပ်မထွက်အောင် ကုသမရသေးပါ

28.ပါးသွားအောင်ပဲ လုပ်လို့ရနိုင်ပါတယ်

29.၀က်ခြံ ညစ်တဲ့ အတံလေးတွေနဲ့ အသာအယာ ညစ်ထုတ်ပေးနိုင်ပါတယ်
ဆားဝက်ခြံ ကပ်ခွာတွေလဲ ကပ်နိုင်ပါတယ်
ဘယ်လိုနည်းလမ်းနဲ့ လုပ်လုပ် လုပ်ပြီး မပြစ်ထားပါနဲ့

30.treatmentပြန်လုပ်ပေးပါ
ထပ်ခါ ထပ်ခါ လုပ်ပါများရင် ချွေးးပေါက်တွေကျယ်ပြီး အဆီအရမ်းပြန်တတ်ပါတယ်

31.အကောင်းဆုံးနည်းလမ်းကတော့
မျက်နှာကို ရေနွေးငွေ့နဲ့ ခေါင်းပေါ် ပုဝါအုပ်ပြီး
ရေနွေးငွေ့ ခံပါ
ပြီးရင် ကြက်ဥအကာကို မျက်လုံးကို ဝိုက်ပြီး မျက်နှာ တစ်ပြင်လုံးလိမ်းပါ
tissue နှစ်လွှာကို တစ်လွှာခွာပါ
မိမိကပ်မဲ့နေရာ ချိန်ပြီး အရွယ်တော် ဖြဲပါ
ပြီးရင် ကြက်ဥအကာသုတ်ထားတဲ့ အပေါ်ကို ကပ်ပါ ပြီးရင် tissue ကပ်ထားတဲ့ အ​ပေါ်ကို ကြက်ဥအကာထပ်တင်ပေးပါ
မိနစ် ၂၀ခန့်ထားပြီး ခွာချပါ
ဆားဝက်ခြံတွေပါလာပါလိမ့်မယ်
အကုန်တော့မပါလာပါဘူးနော်
သဘာဝနည်းလမ်းတွေရဲ့ အာနိသင်ဆိုတာ
ဖြေးဖြေးခြင်းထိရောက်တာပါ
နောက်ဆုံး ရေခဲရေနှင့်မျက်နှာသစ်ပါ
သို့ ရေခဲတုံးလေးနဲ့ ပွတ်ပေးပါ
ဒီအဆင့်ကို လုပ်ဖြစ်အောင်လုပ်ပါ
ချွေးပေါက်တွေဖွင့်ပြီးရင် ချွေးပေါက်ပြန်ပိတ်ရပါမယ်
ဆားဝက်ခြံများရင် တစ်ပတ် ၃ကြိမ်လုပ်ပါ
ပါးသွားရင် တစ်ပတ် ၁ကြိမ်ဆို ရပါပြီ

32.အပူက ချွေးပေါက် ကျယ်စေပါတယ်
အအေးက ချွေးပေါက် ကျဉ်းစေပါတယ်

33.ချွေးပေါက် အရမ်းကျယ်လို့ မိတ်ကပ်လိမ်းရအဆင်မပြေရင် ရေခဲတုံးနဲ့ မျက်နှာကို ပွတ်လိမ်းပေးပြီး သပတ်နဲ့ သုတ်ကာ မိတ်ကပ်လိမ်းကြည့်ပါ

34.မနက် အိပ်ရာ ထ လျှင် ထခြင်း ရေတစ်ဖန်ခွက်အပြည့်သောက်ပါ
တစ်ကျိုက်ထဲ မော့ပါ
စသောက်ခြင်း အဆင်မပြေပါဘူး
နောက်ရက်တွေ အိုခေ လာမှာပါ

35.ခန္ဓာကိုယ်က အပူအပုတ်တွေ ကင်းဖို့မျှတစွာ နေထိုင်စားသောက်ပါ အသီးအနှံ အ၇ွက် စားပါ
ဝမ်းချူပ်နေပြီခံစားရရင် ၀မ်းနုတ်ပါ

36.ဆီး ၀မ်း လေမှန်မှ နေသာထိုင်သာရှိပြီး
ကျန်းမာရေးကောင်းမှာပါ

37.ရေချိုးတဲ့ အခါ ခြေထောက် မှ ခြေသည်းလေးတွေ ကို brush နဲ့ တိုက်ချွတိဆေးကြောပါ
လူတစ်ယောက်ကို အကဲဖြတ်ရာမှာ ခြေထောက်ရယ် မျက်နာရယ် က အဓိကပါ

38.လက်သည်းနီတွေ အမြဲမဆိုးပါနဲ့
ဆိုးဖြစ်ခဲ့ရင် မဆိုးပဲနဲ့ တစ်လလောက် အနားပေးပါ လက်သည်းကျန်းမာဖို့ပါ

39.လက်သည်း ကျိုးလွယ်တယ် အရမ်းပျော့နေမယ်ဆိုရင် သံပုရာသီးလေး နဲ့ ပွတ်ပေးပါ

40.မိတ်ကပ်လိမ်းရင် Brush လေးတွေနဲ့ လိမ်းပေးပါ

41.လက်နဲ့ပဲ လိမ်းချင်တယ်ဆိုရင်လက်ကို သေချာသန့်စင်ပြီးမှ လိမ်းပေးပါ
လက်က ဘက်တီးရီးယား အများဆုံး နေရာပါ

42.make up brush တွေကို တစ်ပတ်တစ်ခါ ဆေးပါ
make up Brush အတွက် ထုတ်တဲ့ ဆပ်ပြာလေးတွေ ထွက်ပါတယ်
အဲ့လိုမှ မသုံးချင်လဲ ကလေးသုံး ဆပ်ပြာ သို့မဟုတ် ခေါင်းလျှော်ရည် နဲ့ သုံးလို့ရနိုင်ပါတယ်

43.မိတ်ကပ်ဖော့အသုံးပြုရင်လဲ အနဲဆုံး နှစ်ခု ထားပါ တစ်ခုလျှော်ရင် တခုနဲ့ သုံးလို့ရနိုင်ပါတယ်

44.နှုတ်ခမ်းနီ ကို ပါးနီ အဖြစ်လဲ အသုံးပြုနိုင်ပါတယ် နူတ်ခမ်းနီကို ပါးပေါ် နဲနဲတင်ပြီး အမြန်ပြန်ဖြန့်ပေးလို့ရပါတယ်

45.eyeliner ကုန်နေခဲ့ လို့ မဆိုးလို့က မရဘူး အလျှင်လိုနေခဲ့ရင် masacara ကို eyeliner အဖြစ် ယူသုံးနိုင်ပါတယ်

46.concelar သုံးဖို့ လိုအပ်လာရင် concelar မရှိခဲ့ရင် သုံးနေကြ မိတ်ကပ်အရည်ရဲ့ အဖုံး သို့ နူတ်ခမ်းအ၀မှာ မစိုမခြောက်ဖြစ်နေတဲ့ မိတ်ကပ်ကို concelar အစား သုံပေးနိုင်ပါတယ်

47.powder hightlight လုပ်ချင်လို့ loose powder မရှိလျှင်လဲ baby ကလေးပေါင်ဒါကို အသုံးပြုနိုင်ပါတယ်

48.မျက်တောင်ပါးရင်masacara ကော့ပြီး ပေါင်ဒါမူန့်ကို မျက်တောင်တွေ အပေါ် လိုက်တင်ပါ ပြီးရင် masacara ပြန်ကော့ပါ
သုံးခါလောက် ထိုနည်းအတိုင်းလုပ်ပါ
မျက်တောင်ထူသလို ဖြစ်သွားစေပါတယ်

49.မျက်ခုံးဆိုးရင် မျက်ခုံးရိတ်ပြီးမှ မျက်ခုံးဆိုးပါ
မျက်ခုံးကို မိမိဘာသာ မရိတ်တပ်ရင် ဆိုင်မှာ ပုံအရင်သွင်းပါ

50.ပြန်ထွက်လာတဲ့ မျက်ခုံး အတိုအထွာလေးတွေကို နုတ်တာ ရိတ်တာ အားသန်သလို လုပ်ပေးနိုင်ပါတယ်

51.မျက်ခုံးမှ မရိတ်ချင်ဘူး ဆိုလဲ concelar နဲ့ မညီညာတဲ့ မျက်ခုံးတွေကို ဖုံးကွယ်ပါ

52.မိတ်ကပ်ကြောင့်သင်ပိုလှပါစေ

53.မိတ်ကပ် က သင့်အလှကို မဖုံးကွယ်ပါစေနဲ့

54.မိတ်ကပ်လိမ်းရင် မိမိမျက်နှာက အလှဆုံး အစိတ်အပိုင်းကို ဦးစားပေးပြင်ပါ

55.နူတ်ခမ်း matte တွေ ဆိုးတာများရင် lip scrub လေး ပုံမှန်လုပ်ပေးပါ

56.သခွားသီး ကို မျက်နှာမှာ ကပ်ပေးပါက မျက်နှာအေးစေတယ် အသားအရည် ကြည်ပြီး ကောင်းစေပါတယ်

57.အာလူးကို မျက်လုံးမှာကပ်ပေးပါက မျက်ကွင်းညိုတာ သက်သာစေပါတယ်
မျက်နှာမှာ ကပ်ရင် မျက်နှာက အပူတွေ စုပ်ပေးပါတယ် ကပ်ပြီးရင် မျက်နှာတော့ သေချာပြန်သစ်ပါ

58.ငှက်ပျောသီး မှည့်ကိုလဲ ရေမချိုးခင် မျက်နှာမှာ ၁၅မိနစ်လောက်လူးထားပေးပြီး ပြီးမှ ရေချိုးလို့ရပါတယ် အသားအရည်လဲ လှစေပါတယ်

59.ကြက်ဥအကာ သံပုရာသီး ၃စက်ခန့်ရောမွှေပြီးလူးပေးပါ
၁၅မိနစ်ထားပါ
ပြီးရင် ရေဆေးချပါ
အသားအရည် တင်းရင်းစေပါတယ်

60.Vasaline ကိုသိကြမှာပေါ့နော် (မှတ်ချက် lotion မဟုတ်ပါ vasalineအဆီပါ)
vasaline ကို ရေမွှေး စွတ်မဲ့ နေ၇ာကို လိမ်းပေးပြီး ရေမွှေး စွတ်ရင် ရေမွှေးနံ့ ကြာရှည်ပိုခံတယ်

61.ဒူးမဲ တံတောင်ဆစ်မဲ ဂျိုင်းမဲ နူတ်ခမ်းမဲတာတွေ ကို vasaline လူးပေးရင် ပျောက်စေပါတယ်

62.vasaline ကို ဆံပင် နှစ်ခွ ဖြစ်နေရင် အောက်ဖျားတွေကို လိမ်ပေးလို့ရပါတယ်

63.eyeliner pencil တွေ ဆိုးရတာ အရောင်မထွက်ရင် မီးအပူ ခဏလေးပြီး ဆိုးရင်
အရောင်ပိုတောက်စေပါတယ်

64.မျက်တောင်တွေပိုကော့အောင် မျက်တောင်ကော့စက်ကို hair dryer နဲ့ အပူပေးပြီး ကော့ပေးလို့ရပါတယ်

65.နူတ်ခမ်းနီ ၀ယ်မိတာ မစိုမခြောက် ဖြစ်နေရင် နူတ်ခမ်းနီ ဆိုးပြီး setting powder သို့ loose powder ကို နူတ်ခမ်းပေါ် တင်ပေးနိုင်ပါတယ် နူတ်ခမ်းလေး matte လေး ဖြစ်သွားစေပါတယ်

66.Eyeshadow ဆိုးရင် ​အ​မှုန်တွေတခါတလေ ကျပါတယ် ကျရင် ကာကွယ်ဖို့ တိတ်လေးကို မျက်လုံးအောက်မှာကပ်ပြီး ကာကွယ်ပေးပါ

67.အလက်ပါတဲ့ eyeshadow တွေ ဆိုးလို့ မျက်အိမ်အောက် ကျတဲ့ အလက်အမူန်တွေကို တိပ်လေးနဲ့ ကပ်လိုက်ခွာလိုက် လုပ်ကာ ဖယ်ရှားပေးနိုင်ပါတယ်

68.မိတ်ကပ်လိမ်းရင် လည်ပင်းကိုပါ လိမ်းပါ
မိမိ မိတ်ကပ် က ဈေးကြီးလို့ နှမြောရင် ဈေးသင့်တာလေး မျက်နှာမိတ်ကပ်နဲ့ ​အရောင်ညီတာ လေးဝယ်ထားပါ လည်ပင်းကို ထိုမိတ်ကပ်လေး လိမ်းပါ

69.မိတ်ကပ် မလိမ်းခင် skin care တခုခု ခံလူးပါ

70.Green tea လက်ဖက်ခြောက် တစ်ခါသောက်ထုတ်လေးတွေကို စိမ်သောက်ပြီး၇င် မျက်လုံးပေါ်မှာ ကပ်ပေးနိုင်ပါတယ်

71.ခေါင်းအုံးစွတ်တွေကို တစ်ပတ်တစ်ခါ လျှော်ပါ

72.ခုလို မိုးတွင်းအချိန်ခါမျိုးမှာ နေပူတာနဲ့ အိပ်ရာခင်းတွေ ခေါင်းအုံးတွေကို နေပြပါ

73.စိုထိုင်းထိုင်း အနေအထားမျိုးမှာ ဘတ်တီးရီးယားတွေ အရမ်းပေါက်ဖွားတတ်ကြပါတယ် အသားတွေ ယားတာတွေ ဖြစ်တတ်ပါတယ်
ခေါင်းအုံး မသန့်ရင် မျက်နှာ ၀က်ခြံထွက်စေပါတယ်

74.အိပ်ရေးပျက်မခံပါနဲ့

75.ည 11 နာရီ နောက်ဆုံးထား အိပ်ပေးပါ

76.ည 12နာရီ နှင့် 1 နာရီအချိန်မှာ မျက်နှာက နုပျိုခြင်း လှပခြင်း ဆဲလ်တွေ ဖွံ့ ဖြိုးပါတယ်
ထို ဆဲလ်တွေက အိပ်မှ ထွက်တာပါ
အဲ့အချိန်မအိပ်ရင် မထွက်နိုင်ပါ
{ကြားဖူးတာ ကြာပါပြီ အချိန် အမှားအယွင်းလေးရှိနိုင်ပါတယ် ၁၁နာ၇ီနောက်ပိုင်း အိပ်ရမှာက သေချာပါတယ်)
🙂

77.အိပ်ရေးပျက်ရင်လဲ ၀က်ခြံထွက်တတ်ပါတယ်

78.အသားခြောက်သူတွေ က ရေဓာတ်ပါဝင်နဲ့ skincare တွေ လိမ်းပေးပါ

79.သခွားသီး ရှားစောင်းလတ်ပတ်တို့ဟာ
ရေဓာတ် ပြည့်ဝပါတယ် ကပ်ပေးနိုင်ပါတယ်

80.alove vera gel တွေလဲ လူးနိုင်ပါတယ် အသားခြောက်သူတွေအတွက် သာမက မည့်သည့်အသားအရည်ပိုင်ရှင်မျိုးမဆိုလဲမိတ်ကပ် လိမ်းရင် မိတ်ကပ်သားတက်အောင်လူးနိုင်ပါတယ်

81.အရမ်းအိပ်လိုက်လို့ မျက်လုံးတအား မို့အစ်နေရင် စတီးဇွန်း နှစ်ချောင်း ကို ၁၅မိနစ်ခန့် ရေခဲသေတ္တာထဲ ထည့်ပေးပြီး မျက်အိတ်အပေါ် ကို ကပ်ပေးနိုင်ပါတယ်

82.မိတ်ကပ်ဝယ်တဲ့ အခါ tester ရှိတဲ့နေရာက ၀ယ်ပါ

83.tester စမ်းတဲ့အခါ မိတ်ကပ်ကို မိမိအသားအရောင်နဲ့ ကိုက်ညီတာကို ရွေးခြယ်ပါ

84.ရွေးခြယ်သည့်အခါ လက်ဖျံရိုး
မေးရိုး တို့မှာတင်ပြီး ရွေးပါ
အရောင်တစ်ရောင်ထဲတင်ပြီး စမ်းတာမျိုးရှောင်ပါ
မိတ်ကပ် နံပါတ် ၃ခု ရှိရင် သုံးခုလုံး နေရာလေးခြားပြီး ယှည်ကြည့်ပြီး အလိုက်ဖက်ဆုံးအရောင်ကိုံရွေးခြယ်ပါ

85.သူများက သုံးလို့ ငါလဲသုံးမယ် ဆိုတာမျိုးရှောင်ပါ

86.သူများနဲ့ အဆင်ပြေပေမဲ့ ကိုယ်နဲ့ အဆင်ပြေချင်မှပြေမှာပါ

87.မိတ်ကပ်ရွေးခြယ်ဖို့ ခက်နေသည့်အခါ မိမိ အသားအရည်နဲ့ အဆင်ပြေမဲ့ ပစ္စည်းကို မရွေးခြယ်တတ်သည့်အခါ သေချာ နားလည်တဲ့ blogger သို့ မိတ်ကပ်ဆရာဆီမှာမေးပါ

88.ဝါသနာရှင်တွေကို မမေးမိပါစေနဲ့
ပညာရှင်ကိုမေးပါ
ဝါသနာရှင် က ပစ္စည်းအကုန်လုံး မသုံးနိုင်ပါဘူး
တံဆိပ်အမျိုးမျိုး မသုံးနိုင်ပါဘူး
လက်တွေ့ မသုံးဖြစ်တဲ့အတွက် ဖြေဖို့ရာ ညွှန်းဖို့ရာ အရမ်းခက်ခဲပါတယ်
တကယ် သုံးပြီး ညွှန်းတဲ့ လူဆီ ပညာရှင်ဆီမေးပါ
(sis ကိုလာမေးကြရင် အစ်မ ဘယ်မိတ်ကပ်ကောင်းလဲ တဲ့ ဘယ်လိုဖြေရမှန်းမသိဘူး ဖြေချင်ပါတယ် မသိလို့ပါ ကိုယ်သုံးတာလောက်ပဲ ပြောပြနိုင်တော့ သူနဲ့အဆင်ပြေမပြေကရှိသေးတယ်လေနော့ 😞
ဝါသနာရှင်ပါရှင် နားလည်ပေးကြပါနော်)

89.နားလည်သူ ညွှန်းတဲ့ မိတ်ကပ်ကို ကိုယ်တိုင်ကိုယ်ကျ counter မှာဝယ်ပါ
ထိုပစ္စည်းမှာ sample ဘူးသေးလေး (travel size)တွေထွက်ရင် ၀ယ်သုံးပါ
အဆင်မပြေရင် နောက်တခုပြောင်းဝယ်ဖို့ အသေးထွက်ရင် အသေးဝယ်ပါ
အဆင်ပြေမှ ဘူးကြီးဝယ်ပါ

90.ငွေကို ချွေတာလို့ရတဲ့နေရာ ချွေတာပါ
masacara လို eyelinerအရည်လို ၃လလောက်ပဲ ခံတဲ့ ပစ္စည်းတွေကို ဈေးအမြင့်ဆုံးထဲ က ၀ယ်မဲ့ အစား ဈေး အလတ်စားထဲက ၀ယ်ပါ

91.ဂျိုင်းချွေးနံ့ကို ဂရုစိုက်ပါ
Roll on သုံးပေးပါ
အနံ့ဆိုးတွေက လူတစ်ယောက်နှာခေါင်းရူတ်တာမျိုး မဖြစ်ပါစေနဲ့

92.နားတွေကို ပုံမှန်သန့်စင်ပါ
နားကပ်တွေကို ရေချိုးတိုင်းဖြုတ်ပြီး နားကိုဆေးပါ
နားရွက်က ထွက်တဲ့ ဂျီးဟာ ညှီစော်နံပါတယ်

93.တခုခုစားပြီး အသုံးပြုပြီးလက်ဆေးရင် လူတော်တော်များများ လက်ကို မသုတ်ကြပါဘူး
လက်သုတ်ပါ ပိုးမွှားတွေက လက်မှာ မပေါက်ဖွားအောင်တားဆီးပါ

94.မျက်စိယားရင် မျက်စဉ်းခပ်ပါ
ဆေးသောက်ပါ
လက်နဲ့ မပွတ်ပါနဲ့

95.ဖုန်း ပိုက်ဆံ လက် ထိုအရာတွေ ဟာ ပိုးမွှားအပေါဆုံး အရာတွေပါ
ညအိပ်ရာဝင် မျက်နှာသစ်ခြေထောက်လက်ထောက်ဆေးပြီး
လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပါ
ဖုန်းကိုလဲ စင်တခုပေါ်တင်ထားပါ

96.မျက်ကပ်မှန် ဈေးအပေါစားတွေ မတပ်ပါနဲ့
မျက်လုံးက တအားနုပါတယ်
ဂရုစိုက်ကြပါ

97.မျက်ကပ်မှန်တပ်ရင် ဆေးကို ပုံမှန်လဲပါ
အေးတဲ့နေရာမှာထားပါ
ပိုးဝင်သွားရင် အန္တရာယ်ရှိပါတယ်

98.မျက်ကပ်မှန် မတပ်ဖြစ်ခဲ့ရင်တောင် ဆေးရည်ကို ၂ပတ်တစ်ခါ ပုံမှန်လဲပေးပါ
ဒီနေ့တပ်ဖြစ်ရင် ဆေးရည် အသစ်နဲ့လဲပြီး ပြန်ထည့်ထားပါ

99.နပေူပူ မိုးရှာရှာ suncream လူးပါ
ခရမ်းလွန်ရောင်ခြည် က တိမ်တွေကိုဖောက်ထွက်ပြီး မြေကမ္ဘာပေါ်ဆင်းသက်နိုင်ပါတယ်
နေပူမှ ခရမ်းလွန်ရောင်ခြည် ကျရောက်တာမဟုတ်ပါဘူး

100.ခေါင်းဘီးတွေကို တစ်ပတ်တစ်ခါဆေးပေးပါ

Credit

05/06/2020

#ရေနွေးအဖြူထည်ကိုသောက်ခြင်းအကျိုးကျေးဇူး

ရေနွေးအဖြူ ထည်ကို သောက်သုံးပေးရင် ရရှိလာနိုင်မည့်အကျိုး ကျေးဇူးများ............

_လူတော်တော်များများဟာ ရေအေး ဒါမှမဟုတ် ရေခဲရေကိုပဲ စွဲစွဲမြဲမြဲသောက်သုံးတတ်ကြပါတယ်။ဒါပေမယ့် ရေနွေးဖြူမှာ

_ ကျန်းမာရေးဆိုင်ရာ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုတာ သိပါသလား ?

_ရေနွေးဖြူသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို
အောက်မှာဖော်ပြပေးလိုက်တယ်နော်။
အခုကစပြီး ရေနွေးများများသောက်သုံးပေးကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။

(၁) အဆီကျသွယ်လျစေတယ်

ရေနွေးဟာ အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။တကယ်လို့ သင်ဟာ ဝိတ်ကျချင်နေတဲ့သူ၊

ပိန်ချင်တဲ့သူတစ်ယောက် ဆိုရင်တော့ အစာအစားပြီးတိုင်း ရေနွေးဖြူထဲကို သံပုယို တစ်ခြမ်းလောက် ညှစ်ထည့်ပြီး

သောက်သုံးပေးခြင်းဖြင့် အမြန်ဆုံးဝိတ်ကျသွားမှာ ဖြစ်ပါတယ်။

(၂) လည်ချောင်းရှင်းစေတယ်

ရေနွေးဖြူဟာ အအေးမိခြင်း၊ ချောင်ဆိုးခြင်းနဲ့ လည်ချောင်းယားယံခြင်းတွေအတွက် အစွမ်းထက်တဲ့

ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။

(၃) နာကျင်ကိုက်ခဲတာ သက်သာစေတယ်

ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတာတွေကို ရေနွေးဖြူ သောက်သုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

(၄) အဆိပ်အတောက်တွေကို ပြေစေတယ်

ရေနွေးဖြူဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖြေပေးနိုင်တဲ့ သဘာဝဖြေဆေးတစ်မျိုးပါ။ရေနွေး

သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာ အပူချိန်တက်လာပြီး ချွေးပြန်စေ နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ထဲက

အဆိပ်တွေကို ဖြေပေးလိုက်လို့ဖြစ်ပါတယ်။

(၅) အရွယ်တင်နုပျိုစေတယ်

ရေနွေးဖြူဟာ အရေပြား ထဲက ဆဲလ်သစ်တွေ ဖြစ်ပေါ်လာဖို့ အကူအညီပေးသလို၊ အဆိပ်အတောက်တွေကို

ဖြေပေးတာကြောင့် အရေးကြောင်းတွေနဲ့ အိုမင်းရင့်ရောင်မှုကို တားဆီးကာကွယ်ပေးပါတယ်။

(၆) ဝက်ခြံမဖြစ်အောင်ကာကွယ်ပေးတယ်

ခန္ဓာကိုယ် ထဲက အညစ်အကြေးတွေ၊ အဆိပ်အတောက်တွေကို ဖြေပေးတဲ့အတွက် ဝက်ခြံမဖြစ်တော့ပါဘူး။

(၇) ဆံပင်ကိုသန်စွမ်းစေတယ်

ရေနွေးဖြူသောက်သုံးခြင်းဖြင့် ဆံပင်ကို သန်စွမ်းကျန်းမာစေပြီး နူးညံ့ပျော့ပျောင်းစေပါတယ်။ပျက်စီးခြောက်သွေ့နေတဲ့

ဆံကေသာတွေကို ကောင်းမွန်လာစေပါတယ်။ဒါ့အပြင် ဆံပင်အရှည်လည်း မြန်စေပါတယ်။

(၈) စိတ်ကြည်လင်ပြီးအာရုံကျောကို ကောင်းမွန်စေတယ်

ရေနွေးဖြူသောက်သုံးခြင်းဖြင့် သွေးလည်ပတ်မှုအားကိုကောင်းမွန်စေပြီး အာရုံကြော တွေကို

ကောင်းမွန်လာစေပါတယ်။စိတ်ကြည်လင်လန်းဆန်းပြီး မှတ်ဥာဏ်လည်းတိုးစေပါတယ်။ကဲ…ဒီလောက်ကောင်းတဲ့ ရေနွေးဖြူ

ကို ခုပဲသောက်သုံးပေးလိုက်ကြစို့နော်။

04/06/2020

အလှအပဆိုင်ရာ စိန်ခေါ်မှုတွေများလွန်းတာကိုဘယ်လိုကျော်ဖြတ်မလဲ.......👇👇

ရေဓာတ်ပြည့်အောင်နေပါ

အပူဒစ်ကို အံတုဖို့ အကောင်းဆုံးနည်းက ရေများများသောက်ဖို့ပါပဲ။ ရေသောက်များတဲ့အတွက် ချွေးထွက်လွန်းခြင်းကြောင့် ရေဓာတ်ကုန်ခမ်းခြင်းလည်းကင်းပြီး အသားအရေရဲ့ အပူချိန်ကို ထိန်းပေးရာမှာ ကူညီပေးပါလိမ့်မယ်။

Wipes Tissue သုံးပါ

ခန္ဒာကိုယ်က ချွေးတွေနဲ့ အနံ့အက်ဆိုးတွေ တခဏအတွင်း ကင်းသွားစေဖို့ အကောင်းဆုံးနည်းကတော့ wipe tissue နဲ့ သုတ်ပေးဖို့ပါပဲ။ Wipes မှာပါတဲ့ alcohol ကြောင့် အသားအရေက အပူတွေကို စုပ်ယူပြီး အေးမြသွားစေပါလိမ့်မယ်။ Sensitive Skin ပိုင်ရှင်တွေတော့ မသုံးနဲ့ပေါ့နော်။

Facial Mist သုံးပါ

မိတ်ကပ်တွေလိမ်းထားလို့ Tissue လည်း အဆင်မပြေ၊ wipes လည်းအဆင်မပြေရင်တော့ Facial Mist လေးသုံးပေးနိုင်ပါတယ်။ Facial Mist ရဲ့ သေးငယ်တဲ့ ရေမှုန်လေးတွေကြောင့် တခဏအတွင်း အေးမြတဲ့ ခံစားမှုကို ခံစားရစေမှာ အသေအချာပါ။

Facial Mask သုံးပါ

နေရောင်ခြည်နဲ့ထိတွေ့ထားပြီး အသားအရေ ပူစပ်ပူလောင်ဖြစ်နေသူတွေ အသားအရေကြမး်တမ်းနေသူတွေအနေနဲ့ Facial Mask လေးကို ရေခဲသေတ္တာထဲထည့်ပြီး သုံးပေးနိုင်ပါတယ်။ အေးမြတဲ့အထိအတွေ့နဲ့အတူ အသားအရေအားပြည့်မှုကို တပြိုင်တည်း ခံစားရမှာပါ။

Cooling Gel သုံးပါ

ဒီအချိန်ကတော့ skin care တွေကို တဆင့်ပြီးတဆင့်သုံးနေတာထက် cooling gel ကိုသုံးပေးရမယ့်အချိန်ပါ။ Popular အဖြစ်ဆုံးကတော့ aloe vera gel ပေါ့။အသားအရေကို တင်းရင်းအေးမြစေပြီး နေလောင်၊ ဒဏ်ရာ၊ ဝက်ခြံတွေကို ကုသပေးနိုင်ပါတယ်

03/06/2020

အချိန်ကုန် သက်သာစေတဲ့ အလှအပဆိုင်ရာ နည်းလမ်းများ
====================================

မိန်းကလေးတိုင်း အလှအပကို မြတ်နိုးတတ်ကြသူတွေချည်းပါ။ ဒါ​ကြောင့်လည်း အလှအပအတွက် ငွေကြေးနဲ့ အချိန်တွေကို အကုန်ခံခဲ့ တာပါ။

အချိန်ကုန်၊ငွေကြေးကုန်ကျတာ သက်သာစေတဲ့ အလှအပ ဆိုင်ရာ ဖြတ်လမ်းနည်းတွေကို ဖော်ပြပေးချင်ပါတယ်။
👇🏻👇🏻👇🏻👇🏻👇🏻

(၁) လက်သည်းတွေ ၀ါညစ်နေရင်... 💅🏻💅🏻💅🏻💅🏻💅🏻

လက်သည်းနီဆိုးပြီးတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် တခြားအကြောင်းအရင်း တွေကြောင့် လက်သည်းတွေ ၀ါညစ်ညစ်ဖြစ်နေသူတွေအတွက် အလွယ်နည်းလမ်းရှိပါတယ်။
ဂွမ်းစကို သံပရိုရည် ထဲကို နှစ်ပါ။

ပြီးရင်တော့ လက် သည်းကို အဲ့ဒီဂွမ်းစနဲ့ အုပ်ပါ။အပေါ်ကနေ ငွေရောင် ခဲဖတ် (သို့)ရွှေရောင်ခဲဖတ်နဲ့ အုပ်ပါ။

(၁၅)မိနစ်လောက်ကြာတဲ့အထိ ဒီအတိုင်းထားပါ။ ၀ါညစ်နေတာတွေပျောက်ပြီး ဖြူဖွေးတဲ့လက်သည်း​တွေကို ပိုင်ဆိုင်ရပါလိမ့်မယ်။

(၂) လက်သည်းကျိုးရင်…💅🏻💅🏻💅🏻💅🏻💅🏻💅🏻

လက်သည်းကျိုးသွားပြီဆိုရင် အရေးပေါ် ကုသဖြေရှင်းနည်းပါ။ Tea bag က ကူညီပေးနိုင််ပါတယ်။

လက်ဖက်ခြောက်အမှုန့်တွေကို ဖယ်ပြီး အိတ်အခွံကိုပဲ လက်သည်းရဲ့ အရွယ်အစားနဲ့ညှိပြီး ကတ်ကြေးနဲ့ ညှပ်ပါ။ကျိုးသွားတဲ့ လက်သည်းမှာကပ်ပေးပါ။ပြီးရင်တော့ ညှပ်ပစ်လို က်ပါ။

အပိုအလို ပိုညှပ်မိတာမျိုး၊ကျိုးနေတဲ့ လက်သည်းက ပိုကွာသွားတာမျိုး မဖြစ်အောင် ဒီနည်းက ကူညီပေးနိုင်ပါတယ်။

(၃) Mascara ခြောက်သွားရင်.. 👩🏻👩🏻👩🏻👩🏻👩🏻

မျက်တောင်ကော့ဆေး mascara ဗူးက ခြောက်သွားပြီး ဆိုးရတာ စေးကပ်ကပ်နဲ့အဆင်မပြေတော့ဘူးဆိုရင်တော့ ဒီနည်းကို သုံးပါ။ဗူး ထဲကို မျက်စင်းရည်ထည့်ပေးပါ။ပြီးရင် ဗူးဖုံးကို ပိတ်ပြီး ဗူးကို လှုပ်ပေး ပါ။

(၄) ဆံပင်ဖြောင့်စက်၊ကောက်စက်တွေ ညစ်ပတ်ရင်...👩🏻‍🦱👩🏻‍🦱👩🏻‍🦱👩🏻‍🦱👩🏻‍🦱

ဖြောင့်စက်၊ကောက်စက်တွေ ညစ်ပတ်နေရင်တော့ မုန့်ဖုတ်ဆော်ဒါ က အကောင်းဆုံး သန့်ရှင်းရေးပစ္စည်းပါ။မုန့်ဖုတ်ဆော်ဒါ ဖြန်းပါ။ပြီးရင်တော့ တစ်ရှူးနဲ့ ပြန်သုတ်လိုက်ပါ။

(၅) နှုတ်ခမ်းနီကို ခပ်မှိုင်းမှိုင်းလေး လိုချင်ရင်...👄👄👄👄👄

နှုတ်ခမ်းနီကို အရမ်းကြီးတောက်ပ နေတာ မဟုတ်ပဲ ခပ်မှိုင်းမှိုင်းလေး လိုချင်တယ်ဆိုရင်တော့ အလွယ်ဆုံးနည်းရှိပါတယ်။ပါးနီကို ပါးပါးလေး ပုတ် လိမ်းပေးပါ။
နှုတ်ခမ်းနီနဲ့ပါးနီအရောင်ကတော့ တူနေ၊နီးစပ်နေရမှ ရမှာပါ။

(၆) eyeliner Pen ခြောက်နေရင်…✍🏻✍🏻✍🏻✍🏻✍🏻

eyeliner pen ခြောက်သွားရင် လှည့်ပြီး ဖွင့်လိုက်ပါ။
​ပြီးရင်တော့ Brush ကို ပြောင်းပြန်လှန်ပါ။ခြောက် နေတဲ့ ဖက်နဲ့ မသုံးပဲ အကောင်း တစ်ဖက်နဲ့ ပြောင်းသုံးလိုက်ပါ။

(၇) eye shadow ပေါင်ဒါနဲ့ပါးနီတွေ ကြေမွတာမဖြစ်ရအောင်....🙅🏻🙅🏻🙅🏻🙅🏻🙅🏻

အိတ်ထဲထည့်ထားပြီး အိတ်ကို ဆောင့်ချမိလိုက်တာပဲ ဖြစ်ဖြစ် ခရီးသွားတဲ့ အခါမှာပဲ ဖြစ်ဖြစ်eye shadow၊ ပေါင်ဒါ၊ပါးနီ တွေ ကြေမွကုန်တာတွေ ဖြစ်တတ်ပါတယ်။

အဲ့ဒီလို မဖြစ်ရအောင် ဂွမ်းစ လေးကို အပေါ်မှာ အုပ်ထားပေးလိုက်ပါ။

(၈) ခြေထောက်လည်း နူးညံ့နေချင်ရင်...💃🏻💃🏻💃🏻💃🏻💃🏻

ခြေထောက်လေးတွေ နူးညံ့နေချင်ရင် ရေကြက်သီီးနွေး မတ်ခွက် နှစ် ခွက်၊ရှာလကာရည် တစ်ခွက်၊ခံတွင်းသန့်ဆေးရည် တစ်ခွက် တို့ကို ရောပြီး ခြေထောက်ကို စိမ်ပေးပါ။

(၉) ဖြောင့်စက်နဲ့ ဆံပင်ကောက်နည်း...🤹🏻‍♀️🤹🏻‍♀️🤹🏻‍♀️🤹🏻‍♀️🤹🏻‍♀️

သင့်ဆံပင်လေးတွေကို ရေအနညး်ငယ်စွတ်ပြီး ကျစ်ဆံမြီးကျစ်လိုက်ပါ။ ပြီးရင် အပေါ်ကနေ ဖြောင့်စက်နဲ့ ဖိချပေးလိုက်ပါ။ ဖြည်လိုက်တဲ့အခါ လှပတဲ့ကောက်သားလေးတွေကို ရရှိမှာပါ။

❤❤❤❤❤❤

03/06/2020

ရှားစောင်းလပတ် ဖျော်ရည်
=================
🌵ကျန်းမာရေးအတွက်ရော အလှအပဆိုင်ရာ လူတို့နေ့စဉ်သုံးစွဲနေကြသော ဘက်စုံသုံး ရှားစောင်းလပတ်ပင်အကြောင်း သိသလောက်ပြောပြပေးသွားမှာဖြစ်လို့ မာစတာကြီးများနှင့် အငြင်းအခုန်ဆရာသမားများ ကျော်သွားကြပါလို့ မေတ္တာရပ်ခံလိုက်ရပါသည်။

🌵ရှားစောင်းလပတ်ကို ရှေးယခင်ထဲက ယခုထိတိုင် လက်ဆင့်ကမ်း သုံးစွဲလာကြသည့်အလျောက် ယခုခေတ်တွင် အလှအပဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အမျိုးသမီးသွေးဆုံးဆေးဘက်ဆိုင်ရာတွေမှာ လက်တွေ့
တွင်ကျယ်စွာအသုံးပြုလာခဲ့ကြပါသည်။

🌵အခုပြောပြပေးသွားမှာကတော့ ရှားစောင်းလပတ်ဖျော်ရည်အကြောင်းဘဲဖြစ်ပါတယ်။
ဖျော်ရည်သောက်ပေးခြင်းအားဖြင့် သွေးတိုးတာ ဆီးချိုဆိုင်ရာ သွေးလေ ဆီးဝမ်းမမှန်ဘဲ သွေးအတွင်းတွင်တစ်ဆို့နေသော သွေးကြောထဲတွင်တစ်ဆို့နေတတ်သော အရာများကို တွန်းကန်ပြီး သွေးလမ်း လေလမ်း ဆီးလမ်း ဝမ်းလမ်းကြောင်းဆိုင်ရာ များအပေါ် အမတန်မှ အကျိုးပြု အကျိုးသက်ရောက်မှုရှိစေကာ သောက်လိုက်တာနဲ့ခနအကြာမှာ လူကိုလန်းဆန်းတက်ကြွစေပြီး ခန္ဓာကိုယ်တွင်းရှိ အဆီပိုများ မလိုလားအပ်တဲ့ သွေးမသန့်မှုများအပါအဝင် အခြားသော ကဏ္ဏအသီးသီးတို့၌ ဘက်စုံ ဆေးဘက်ဝင်သော ဆေးနည်းဖြစ်ပါသည်။
(မှတ်ချက် - ဘေးဥပါရ် မဖြစ်ပါ တန်ရုံတော့ သုံးပေါ့)

🌵ဖျော်ရည် ဖျော်စပ်နည်း
1=ရှားစောင်းလပတ် တစ်ရွက်

2=ပျားရည်အစစ် စားပွဲတင်ဇွန်း သုံးဇွန်း

3=သကြား

4=သံပုရာသီးတစ်လုံး

5=အိမ်သုံးဆား ပါပါစေအနဲငယ်

အရင်ဆုံး ရှားစောင်းလပတ်ကို ဘေးမှဆူးတက်လေးတွေကိုဖယ်ပြီး နှစ်ခြမ်းခြမ်းရေဆေးပါ
အတွင်းသားဂျယ်လီများကို ဇွန်း သို့ ခက်ရင်းနှင့် ပန်းကန်တလုံးထဲသို့ ခြစ်ယူပါ
ရရှိလာသောဂျယ်လီသားများကို ဇွန်းဖြင့်ခလောက်မွေရပါမည်
ထို့နောက် သံပုရာသီး အရည်ညစ်ထဲ့ပါ
ပျားရည်ထည့်ပါ
ဆားအနည်းငယ်ထည့်ပြီး တစ်မိနစ်လောက်ကြာအောင် မွေနောက်ပါ
ထို့နောက် မိမိသောက်နိုင်သည့် ပမာဏအလျောက် ရေအေးအေးလေးထပ်ဖြည့်ကာ သမအောင်မွေ၍ အချဉ်ကြိုက်ပါက သံပုရာသီး ထဲ့
အချိုကြိုက်ပါက သကြားထည့်ပြီး ကြိုက်သလိုသုံးဆောင်နိုင်ပါကြောင်း။

ပုံမှန်အားဖြင့် ရှားစောင်းလပတ် ဟာ အနံ့နဲနဲပြင်းပါသော်ငြားလည်း ဖျော်စပ်ပြီးတဲ့အခါ ပျားရည်ရနံ့ သံပုရာရနံ့များနှင့် မွေးကြိုင်၍ သောက်လိုက်တာနဲ့ ဂျယ်လီအဖတ်လေးများက ချိုချဉ်ချဉ်နဲ့ အရမ်းဝါးလို့ကောင်းပါသည်။

အခုဖော်ပြသော ဖျော်ရည်အားနေ့စဉ် ရက်ခြား မကြာခနသောက်ပေးခြင်းအားဖြင့် ကျန်းမာပြီး လှပပြေပျစ်သော
အသားရည်ကို ပိုင်ဆိုင်နိုင်ပြီး အဆီကျလှပနိုင်ကြပါစေ။

ဂေါ်ဖီထုပ်တောင်သူများကို KBZ Bank ဉက္ကဌ ဉီးအောင်ကိုဝင်းမှ ကူညီပံ့ပိုးခြင်း============================================ဦး...
27/05/2020

ဂေါ်ဖီထုပ်တောင်သူများကို KBZ Bank ဉက္ကဌ ဉီးအောင်ကိုဝင်းမှ ကူညီပံ့ပိုးခြင်း
============================================

ဦးအောင်ကိုဝင်းမှ ဝယ်ယူမယ့်သူမရှိလို့ ဖျက်ဆီးရတော့မယ် ဂေါ်ဖီထုပ် (၅) သိန်းကျော်ကို ဂေါ်ဖီထုပ်တောင်သူများတွေအား ကူညီဖို့အတွက် ကိုယ်တိုင်သွားရောက်ဝယ်ယူခဲ့ပြီး ကုန်တင်ကားကြီးများနဲ့ ဖြန့်ဝေလှူဒါန်းနေကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ့်၊ တောင်ရိုးနှင့် ကယန်းတိုင်းရင်းသားတွေ စိုက်ပျိုးထားတဲ့ ဂေါ်ဖီထုပ်ရေ (၅) သိန်းလောက် ရှိမယ်လို့ ခန်မှန်းတာကြောင့် ပြန်လည်ဝယ်ယူပြီး နိုင်ငံအနှံအပြားက အကျဉ်းထောင်တွေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ၊ မြင်းခြံ၊ ရမည်းသင်း၊ မော်လမြိုင်၊ အေးသာယာက မိဘမဲ့ဂေဟာများ နဲ့ အခြေခံပြည်သူတွေကို စနစ်တကျ ဖြန့်ဝေလျက်ရှိကြောင်းသိရသည်။

“တစ်ရက်တစ်ရက် စိုက်ထာခဲ့တာတွေ ဘယ်ပို့ရမှန်းမသိတော့ စိတ်မကောင်းဘူး။ ဘယ်ရောင်းရမှန်းလည်း မသိဘူး။ အခုတော့ နောက်ရာသီဆက်ပြီး ရင်းနှီးစိုက်ပျိုးဖို့ ကျွန်မ အရင်းလေး ရပါပြီ။ ” ဆိုတဲ့ တောင်ရိုးလူမျိုး တောင်သူတစ်ဦးရဲ့ ပြောစကားများကြောင့် သူတို့ရဲ့အခက်အခဲကို တတ်နိုင်သမျှ ကူညီလိုက်နိုင်လို့လည်း ပီတိဖြစ်မိကြောင်း သိရသည်။

တောင်သူတွေ လတ်တလော အဆင်ပြေစေဖို့အတွက်လည်း ဆန်( ၃)ပြည်၊ ဆီ(၁)ဗူး၊ ဆား(၁)ထုပ်၊ ကုလားပဲ (၅၀) ကျပ်သား၊ ငွေကျပ်တစ်သောင်းစီကိုလည်း ပေးဝေခဲ့ကြောင်း သိရသည်။

တောင်သူများရဲ့ အခက်အခဲကို ကိုယ်တိုင်ယာခင်ထဲဆင်းပြီး ကူညီပေးတဲ့ ဉီးအောင်ကိုဝင်း နှင့် COVID 19 စားနပ်ရိက္ခာထောက်ပံရေးကော်မတီ ( တောင်ကြီး) မှ ကုန်ကားတွေ သက်ဆိုင်ရာမြို့တွေရောက်လာချိန်မှာ လိုအပ်နေတဲ့ အခြေခံပြည်သူများ လက်ထဲအရောက် ထပ်ဆင့်ဖြန့်ချီပေးတဲ့ မိတ်ဆွေများ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။

Digital Currency လုပ်ငန်းလုပ်ကိုင်သူများ အရေးယူခံရနိုင်ကြောင်းသိရ။==============================================ဗဟိုဘဏ်မ...
27/05/2020

Digital Currency လုပ်ငန်းလုပ်ကိုင်သူများ အရေးယူခံရနိုင်ကြောင်းသိရ။
==============================================
ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ အွန်လိုင်းပေါ်တွင်လည်းကောင်း၊ Website ပေါ်တွင်လည်းကောင်း Digital Currency လုပ်ကိုင်ဆောင်ရွက်နေသူ၊ ဝန်ဆောင်မှုပေးသူများအား အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ယနေ့သတင်းများအရ Covid-19 ရောဂါပိုးလူနာမတွေ့တာ(၁၀)ရက်မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။ မနေ့ကအိန္ဒိယကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာန...
26/05/2020

ယနေ့သတင်းများအရ Covid-19 ရောဂါပိုးလူနာမတွေ့တာ(၁၀)ရက်မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။ မနေ့ကအိန္ဒိယကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံသား (၁၂၃)ယောက်ကို ပြန်လည်ခေါ်ဆောင်လာပါတယ်။ အစိုးရအစီအစဉ်နဲ့ပြန်လာတဲ့ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် မေလ(၁၉)ရက်တုန်းက လူပေါင်း(၉၅)ယောက်ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ အိန္ဒိယနဲ့ သီရိလက်ာက မြန်မာပြည်ပြန်ဖို့ အခက်ကြုံနေတဲ့သူတွေကို သီတဂူဆရာတော်ကြီးရဲ့ အစီစဉ်နဲ့ ပြန်ခေါ်ပေးမှုတွေရှိခဲ့ရာ လာမဲ့ မေလ(၂၇)ရက်နေ့မှာ တတိယအသုတ်အနေနဲ့ အိန္ဒိယမှ သံဃာတော်(၆၀)ကျော်နဲ့ လူပုဂ္ဂိုလ်တွေကို ပြန်လည်ခေါ်ဆောင်ဖို့ရှိတယ်လို့ သီတဂူဝိပသနာ အကယ်ဒမီကျောင်းတိုက်အုပ်ချုပ်ရေးမှုး ဒေါက်တာသုန္ဒရကမိန့်ကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဘရာဇီးနိုင်ငံက ကမ္ဘာပေါ်မှာ ရောဂါပိုးကူးစက်မှု ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်တယ်လို့လည်းသိရပါတယ်။

သတင်း၊အလှအပ၊ကျန်းမာရေးဆိုင်ရာများကိုထပ်မံတင်ရှိသွားပါမည်။ လူကြီးမင်းတို့လဲကျန်းမာသာယာသောနေ့လေးဖြစ်ပါစေလို့ Focus Media မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏🙏

22/05/2020

Info page နဲ့သက်ဆိုင်သောအကြောင်းအရာများ

Page infoတွင် page, activity , insights ဟူ၍ပုံတွင်ပြထားသကဲ့သို့ ကဏ္ဍ (၃)ခုရှိပါတယ်။ ယခုအပိုင်းတွင် activity နှင့် insights တွင်ပါဝင်သောအကြောင်းအရာများကိုအရင်ဆုံး ရှင်းပြပါမယ်။

(၁) Activity လှုပ်ရှားမှု

ပုံတွင်ဖော်ပြထားသော activity တွင် လူကြီးမင်း၏page နဲ့ဆက်စပ်သော လှုပ်ရှားမှုများဖြစ်သော pageသို့ဝင်လာသော message, notification များနှင့် အခြား page ပေါ်တွင်ရှိသောလှုပ်ရှားမှုများကို ဖော်ပြပေးထားပါသည်။

(၂) Insights အခြေအနေ

ပုံတွင်ဖော်ပြထားသော insights တွင် page၏လွန်ခဲ့သော၂၈ရက်အတွင်း တိုးတက်မှုကျဆင်းမှုကို ကြည့်နိုင်ပါသည်။ ဤနေရာမှ တဆင့်page၏အခြေအနကို အလွယ်တကူသိနိုင်ပြီးလိုအပ်သည်များကို ဆက်လက်ဆောင်ရွက်နိုင်ပါသည်။

19/05/2020

ဘဝ၏ အနိမ့်ဆုံးအပိုင်း၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နှိမ့်ကျမှုမှ
ကမ္ဘာကျော်ဘောလုံးသမားဖြစ်လာသူ မက်ဆီ၏ ဘဝသရုပ်ဖော်
ဗီဒီယိုအား မျှဝေလိုက်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄)လမ်းမကြီး၊ DENKO ဆီဆိုင်အနီးမှာမေလ ၁၉ ရက်နေ့ မွန်းလွဲ...
19/05/2020

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄)လမ်းမကြီး၊ DENKO ဆီဆိုင်အနီးမှာမေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တဲ့ စတင် လောင်ကျွမ်းခဲ့တဲ့ မီးကို Level 2 အဆင့် ယာဉ်အုပ်စုတွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ညနေ ၄ နာရီ ၁၄ မိနစ် မီးငြိမ်းခဲ့တယ်လို့ မီးသတ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လုပ်ငန်းရှင်တွေအတွက် Facebook သုံးရင်းသိထားသင့်တဲ့အချက်များ- လူအများစုဟာ လူမှုကွန်ယက်မှာ အချိန်အများဆံုးကုန်ဆုံးနေတတ်ကြပ...
19/05/2020

လုပ်ငန်းရှင်တွေအတွက် Facebook သုံးရင်းသိထားသင့်တဲ့အချက်များ

- လူအများစုဟာ လူမှုကွန်ယက်မှာ အချိန်အများဆံုးကုန်ဆုံးနေတတ်ကြပါတယ်။ Facebook မှ ၎င်း Users များအတွက် အမြဲကြိုးစားပြီးတီထွင်ကြံဆနေတဲ့လုပ်ရပ်ဟာ လုပ်ငန်းရှင်တိုင်းအလွန်အတုယူဖွယ်ကောင်းတဲ့လုပ်ရပ်ဖြစ်ပါတယ်။

- Facebook ရဲ့ အားသာချက်တစ်ခုကတော့ ပုံစံအမျိုးမျိုးနဲ့ ကြော်ငြာနိုင်တာပါပဲ။ ပုံတွေနဲ့ကြော်ငြာမလား၊ Vedio တွေနဲ့ကြော်ငြာမလား၊ Carousel ပုံစံနဲ့ကြော်ငြာမလား၊ Canvas ပုံစံနဲ့ကြော်ငြာမလား အစရှိသဖြင့်ပုံစံအမျိုးမျိုးရွေးချယ်နိုင်ပါတယ်။

- Facebook ရဲ့ကြော်ငြာတွေဟာ Facebook အတွင်းမှာပဲရှိနေရုံသာမက Facebook ရဲ့ အခြား Application တွေဖြစ်တဲ့ Instagram, Messenger, WhatsApp တွေစီကိုလည်းရောက်သွားနိုင်သွားနိုင်ပါတယ်။

- လုပ်ငန်းရှင်များအနေနဲ့လည်း မိမိကြော်ငြာချင်သည်များကို ဆယ်ကျော်သက်များ၊ နေရာဒေသများ၊ အသက်အရွယ်ပိုင်းများအလိုက် ရွေးချယ် Target ထားပြီးကြေငြာနိုင်ပါတယ်။

- လုပ်ငန်းရှင်များအနေနဲ့လည် Remarketing ပြုလုပ်ဖို့လိုအပ်ပါတယ်။ Remarketing ဆိုတာကတော့ ထပ်ခါတလဲလဲနားလည်အောင် ရှင်းပြသော Marketing တစ်ခုပဲဖြစ်ပါတယ်။ Facebook ကြော်ငြာကိုသုံးပြီးလည်း Remarketing ကိုလုပ်ဆောင်နိုင်ပါတယ်။

- Facebook ကြော်ငြာတွင် Organic Reach ကိုလည်း အသုံးပြုနေကြပါတယ်။ Orginic Reach ဆိုတာကတော့ ကိုယ့်ရဲ့ Post ကိုအဖိုးခပေးစရာမလိုပဲ လူအများထံရောက်အောင် လုပ်ဆောင်နိုင်မှုကိုဆိုလိုပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ Page ပေါ်မှာ တစ်ခုခုတင်လိုက်လျှင် အရင်လောက် Like,Comment တို့မရဘူးလို့ တွေးနေပြီဆိုလျှင် Facebook ကြော်ငြာကိုသုံးဖို့စဉ်းစားသင့်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ Facebook မှာကြော်ငြာဖို့အတွက် ဈေးလုံးဝမကြီးပါဘူး တစ်ရက်ကိုအနည်းဆုံး (1) ဒေါ်လာနဲ့စတင်ကြော်ငြာနိုင်ပြီး မိမိပြစ်မှတ်ထားလိုတဲ့သူကို စိတ်ကြိုက်ရွေးချယ်ပြီး ကြော်ငြာစေနိုင်တဲ့အတွက် ရောင်းအားပိုကောင်းစေနိုင်မှာဖြစ်ပါတယ်။

- page ကိုလည်း Boost လုပ်လျှင် ကြော်ငြာအား ပိုကာင်းစေနိုင်ပါတယ်။

တရုတ်၏ အမှန်တကယ်သေဆုံးသူ စာရင်းပေါက်ကြားမှုဖြစ်ပွား===================================================တရုတ်နိုင်ငံအစိုးရ...
19/05/2020

တရုတ်၏ အမှန်တကယ်သေဆုံးသူ စာရင်းပေါက်ကြားမှုဖြစ်ပွား
===================================================
တရုတ်နိုင်ငံအစိုးရမှ ထုတ်ပြန်ချက်အရ ကိုဗစ်ကြောင့် သေဆုံးသူဉီးရေ
မှာ ၈၀၀၀၀ သာ ထုတ်ပြန်ထားသော်လည်း တရုတ်နည်းပညာတက္ကသိုလ်မှ
အချက်အလက်များပေါက်ကြားကာ သေဆုံးသူ ဉီးရေမှာ ၆၄၀၀၀၀ ခန့်ရှိ
ကြောင်း သိရသည်။

15/05/2020

မီတာခများ မေလတွင် တွက်ချက်ဖြတ်တောက်မှုများပြား ......................................................................................................

817 ယူနစ် တွက်ချက်မှုအတိုင်း ကောက်ခံမှု

1 ~ 30 - 30 x 35 K = 1,050

30 ~ 50 - 20 x 50 K = 1,000

51 ~ 75 - 25 x 70 K = 1,750

76 ~ 100 - 25 x 90 K = 2,250

101 ~ 150 - 50 x 110 K = 5,500

151 ~ 200 - 50 x 120 K = 6,000

201 ~ 817 - 617 x 125 K = 77,125

Sub Total 94,675

Service + 500

Discount (150 Unit) - 11,550

TOTAL = 83,625

အားလုံး သဘောပေါက် နားလည်ထားတာ လိုချင်ကြတာက

150 ယူနစ် free ဆိုရင်

817 - 150 = 667 ယူနစ်အတွက်ပဲ ဆိုရင် ပိုမရှင်းဘူးလားပေါ့

1 ~ 30 - 30 x 35 K = 1,050

30 ~ 50 - 20 x 50 K = 1,000

51 ~ 75 - 25 x 70 K = 1,750

76 ~ 100 - 25 x 90 K = 2,250

101 ~ 150 - 50 x 110 K = 5,500

151 ~ 200 - 50 x 120 K = 6,000

201 ~ 667 - 467 x 125 K = 58,375

Sub Total 75,925

Service + 500

TOTAL = 76,425

Breaking Newsမေလ ၁၆ ရက်နေ့ ညနေပိုင်းအချိန်တွင် ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်းဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရေ...
15/05/2020

Breaking News

မေလ ၁၆ ရက်နေ့ ညနေပိုင်းအချိန်တွင် ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်းဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ကြောင်း သိရှိရ.

15/05/2020

Covid 19 ကာလမှာ ကြည့်သင့်တဲ့ ဗီဒီယို

15/05/2020

📌Breaking New📌

- ဇူလိုင်လတွင် ကျောင်းများပြန်လည်ဖွင့်ဖို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ Covid-19 ရောဂါရှိမရှိစောင့်ကြည့်ဖို့ Community Base Facility Quarantine သတ်မှတ်ထားတဲ့အစိုးရပိုင်စာသင်ကျောင်း ခြောက်ထောင်ကျော်မှာ စောင့်ကြည့်လူနာ ထပ်လက်မခံဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတ်ဆိုင်ရာနေရာဒေသတွေကို ထုတ်ပြန်လျက်ရှိပါတယ်။

- ဒီနေ့ မေလ ၁၅ရက်နေ့မှစလို့ Stay Home အဖြစ်သတ်မှတ်ထားသော မြို့နယ်(၁၁)မြို့နယ်မှ ရန်ကုန်တိုင်းဒေသတွင်တည်ရှိသော ရွှေပြည်သာ၊ လှိုင်သာယာ၊ မဂ်လာဒုံ၊ ဗိုလ်တထောင်၊ နှင့် စစ်ကိုင်းတိုင်း ကလေးမြို့တို့အား Stay Home ကာလကိုပယ်ဖျက်လိုက်ပါတယ်။ ကျန်ရှိသောမြို့နယ် အင်းစိန်၊ မရမ်းကုန်း၊ တာမွေ၊ ဗဟန်း၊ ပန်းဘဲတန်း၊ တောင်ဥက္ကလာ ၎င်း(၆) မြို့နယ်တို့အား Stay at Home အစီစဉ်ထပ်ရှိသွားမှာဖြစ်ပါတယ်။

- Covid-19 မပြန့်ပွားအောင် လူစုလူဝေးများမပြုလုပ်ခြင်း၊ စားသောက်ဆိုင်များမဖွင့်ရန်၊ လေကြောင်းခရီးစဉ်များပိတ်ထားရန် ကြေငြာချက်များအား ယနေ့ မေလ၁၅ ရက်နေ့မှ ၃၁ရက်နေ့ထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။

📌📌 မေလ ၁၄ရက်နေ့ ဓါတ်ခွဲခန်းစစ်ဆေးချက်အဖြေများအရ covid-19 ကူးစက်လူနာ ထပ်မတိုးကြောင်း သိရှိရပါတယ်။

(၇)ရက်အတွင်း အသားအရေလှလာအောင် ဘယ်လိုလုပ်မလဲမဂ်လာပါ😊 အသားအရေလှဖို့အတွက် ဘာလုပ်ရမလဲဆိုတာကို သိချင်နေသူတွေအတွက် မျှဝေပေးသွာ...
15/05/2020

(၇)ရက်အတွင်း အသားအရေလှလာအောင် ဘယ်လိုလုပ်မလဲ

မဂ်လာပါ😊 အသားအရေလှဖို့အတွက် ဘာလုပ်ရမလဲဆိုတာကို သိချင်နေသူတွေအတွက် မျှဝေပေးသွားမှာဖြစ်ပါတယ်။ အသားအရေကြည်လင်လှပနေမယ်ဆိုရင် သင့်ကိုယ်သင်ယုံကြည်မှုပိုရှိလာစေမှာဖစ်ပါတယ်။

📌 တစ်ပါတ်အတွင်း အသားအရေ ကြည်လင်လှပစေဖို့
၁။ မိတ်ကပ်သချာဖျက်ပါ
- တစ်ချို့ကမိတ်ကပ်ကို မျက်နှာသစ်ပြီးလျှင်ပျက်သွားပြီလို့ထင်ကြပါတယ်။ အဲ့ဒါကမမှန်ပါဘူး Toner နဲ့မိတ်ကပ်ကိုအရင်ဖျက်တာ(သို့) Cleaner နဲ့မိတ်ကပ်ကိုသေချာဖျက်ပြီးမှ မျက်နှာသစ်ပါ။

၂။ မျက်နှာသစ်မယ်၊ Toner လိမ်းမယ်၊ Moisturizer လိမ်းမယ်
- မျက်နှာအသား‌အရေလေးပိုပြီးကြည်လင်ချင်တဲ့သူတွေအနေနဲ့ အရင်ဆုံးမျက်နှာသစ်ပြီးလျှင် toner အရင်လိမ်းပါ။ ပြီးလျှင်နို့ရည်လိမ်းပါ။

၃။ စိတ်ဖိစီးမှုကိုလျော့ချပါ
- စိတ်ဖိစီးမှုများနေလျှင် အသားအရေကို အိုမင်းရင့်ရော်စေပါသည်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကိုလျော့ချပေးဖို့လိုပါတယ်။ အဲ့ဒီ့အတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။

၎။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာစားပါ
- အသင့်စား အစားစာတွေ၊ အမြန်စားအစားစာတွေ မစားဘဲ ကျန်းမာရေးနဲ့ညိညွတ်တဲ့အစားစာတွေကို အာဟာရဓါတ်သင့်တင့်မျှတအောင်စားသုံးပေးပါ။ သကြား၊ အချိုရည်နဲ့၊ အခြားအသင့်စားအစားစာတွေကိုရှောင်ပေးပါ။

၅။ ရေများများသောက်ပါ
- ရေသောက်ပေးတာဟာ သိပ်ကိုအရေးကြီးပါတယ်။ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ရေသောက်ပေးသင့်ပါတယ်။ တ‌စ်နေ့ကိုရေ အနည်းဆုံး(၈)ခွက်သောက်ပါ။

၆။ Suncreen သုံပါ
- နေရောင်ခြည်မှာပါဝင်တဲ့ UV ဓါတ်ထိတွေ့မှုကနေကာကွယ်ဖို့ Suncreen သုံးပေးရပါမယ်။ အသားအရေအတွင်း အမည်းစက်ဖြစ်ခြင်းကနေကာကွယ်ပေးနိုင်သလို၊ ကင်ဆာဖြစ်ပွားခြင်းကနေလဲကားကွယ်ပေးနိုင်ပါတယ်။

၇။ မျက်နှာကိုခဏခဏမထိပါနှင့်
- ဝက်ခြံပေါက်လျှင်ဖြစ်ဖြစ် မျက်နှားယားရင်ဖြစ်ဖြစ် လက်နဲ့မျက်နှာကို အလွယ်တကူထိတွေ့မိကြလေ့ရှိပါတယ်။ အဲ့ဒီလို မျက်နှာကို ခဏခဏထိတွေ့ခြင်းကနေရှောင်ကျဉ်ပေးပါ။ လက်မှာ ဘတ်တီးရီးယားတွေကပ်ညှိနေတာမို့ မျက်နှာပေါ်ကအဆီနဲ့ရောသွားပြီ ဝက်ခြံတွေဖြစ်ပါ‌တယ်။

နေ့စဉ်နဲ့အမျှ ကျန်းမာရေး၊ အလှအပ ဆိုင်ရာများကို တင်ပေးသွားမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။🙏🙏

သွားနဲ့ပတ်သက်လို့ သင်အမြဲလုပ်မိတဲ့အမှားလေးတွေ- ကျမတို့အားလုံး တစ်နေ့ကိုသွားအနည်းဆုံး၂ကြိမ်လောက်တော့တိုက်မယ်လို့ထင်ပါတယ်။...
15/05/2020

သွားနဲ့ပတ်သက်လို့ သင်အမြဲလုပ်မိတဲ့အမှားလေးတွေ

- ကျမတို့အားလုံး တစ်နေ့ကိုသွားအနည်းဆုံး၂ကြိမ်လောက်တော့တိုက်မယ်လို့ထင်ပါတယ်။ သွားကျန်းမာရေးဟာလဲ သိပ်ကိုအရေးပါတာမို့ သွားကျန်းမာရေးနဲ့ပတ်သက်လို့ သင်လုပ်မိတဲ့အမှားတစ်ချို့ကိုမျှဝေပေးချင်ပါတယ်။

- သွားတိုက်တဲ့အခါ ခပ်ကြမ်းကြမ်းတိုက်ခြင်း
သွားတိုက်တဲ့အခါ သွားပွတ်တံကိုခပ်ကြမ်းကြမ်းတိုက်ပေးရင် သွားတိုက်တံမှာရှိတဲ့အမွှေးတွေဟာ သွားကြားလေးတွေထဲထိမရောက်သလို သွားဖုံးကိုလဲထိခိုက်စေပါတယ်။

- သင်စားမဲ့အစားအစာကိုဂရုမစိုက်ခြင်း
အချိုတွေအရမ်းစားတာဟာ သင့်ရဲ့သွားကိုထိခိုက်ပျက်စီးစေပြီး သွားပိုးစားစေပါတယ်။ ဒါ့ကြောင့် သွားကျန်းမာစေချင်တယ်ဆိုရင်တော့ အချိုတွေများများစားကြိရှောင်ဖို့လိုပါတယ်။ တကယ်လို့စားပြီးရင်လဲ ပလုတ်ကျင်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

- သွားတွေကိုသန့်ရှင်းရေးလုပ်ပေးတဲ့ အခြားကိရိယာတွေကိုအသုံးမပြုခြင်း
သွားတွေကိုသန့်ရှင်းရေးလုပ်ပေးတဲ့ အခြားကိရိယာတွေကိုအသုံးပြုလွန်းတာကလဲ မကောင်းသလို လုံးဝအသုံးမပြုတာလဲမကောင်းပါဘူး။ သွားခြားလေးတွေထဲထိ သန့်ရှင်းရေးလုပ်ပေးတဲ့ကိရိယာတွေ၊ ရှာကိုသန့်ရှင်းရေးလြပ်ပေးတဲ့ကိရိယာတွေကို သုံးပေးသင့်ပါတယ်။

- သွားဖုံးကိုဂရုမစိုက်ခြင်း
သွားကျန်းမာရေးကိုသာမက သွားဖုံးကျန်းမာရေးကိုလဲ ဂရုစိုက်သင့်ပါတယ်။ သွားတိုက်တံ(သို့) လက်နဲ့ သွားဖုံးတွေကို အနည်းငယ်နှိပ်ပေးဖို့လိုအပ်ပါတယ်။ ပီကေဝါးတာမျိုး ပလုတ်ကျင်းပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။

- သွားကျိုး(ဂျိုး) တွေကိုမဖယ်ရှားခြင်း
သွားဂျိုးတွေကို ဖယ်ရှားပေးသင့်ပါတယ်။ မဟုတ်ရင် သွားဂျိုးကနေ သွားကျောက်တည်တာထိဖြစ်လာစေလို့ သွားအတွက်မကောင်းပါဘူး။

- သွားတစ်ဖက်ထဲနဲ့ဝါးခြင်း
အစာစားတဲ့အခါအမြဲတမ်း တစ်ဖက်ထဲဝါးတာ အဲ့တစ်ဖက်ထဲကို ကြွက်သားတွေဖြစ်စေပြီး သွားကိုက်တာအပါအဝင် အကြောအာရုံဆိုင်ရာပြသနာဖြစ်နိုင်ပါတယ်။

နေ့စဉ်နဲ့အမျှ ကျန်းမာရေး၊ အလှအပဆိုင်ရာများ မျှဝေပေးသွားပါမယ်။ ကျေးဇူးတင်ပါတယ်😊🙏

စီးပွားဖြစ် ညမွေးပန်းပင်များ စိုက်ပျိုးလာကြ=========================================ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ သံလွင်...
14/05/2020

စီးပွားဖြစ် ညမွေးပန်းပင်များ စိုက်ပျိုးလာကြ
=========================================
ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ သံလွင်လမ်းတွင် နေထိုင်လျှက်ရှိသော လူကုံထံများမှ အိမ်တွင်းနေရစဉ်ကာလအတွင်း ညမွှေးပန်းကိုင်းမျိုးများ များစွာမှာယူစိုက်ပျိုးလျှက်ရှိနေကြောင်းသိရသည်။

အဆိုပါ ညမွှေးပန်းပင်မျိုးများအား မှော်ဘီမြို့မှ စိုက်ပျိုးရေးအသိုင်းအဝန်းမှ မှာယူလျက်ရှိကြောင်းသိရသည်။

Address


Alerts

Be the first to know and let us send you an email when Focus Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

Focus Media

We are fun group of young people, We believe in flexibility, hard-work, on-time schedule and team work.