Rohingya Tv Channel

  • Home
  • Rohingya Tv Channel

Rohingya Tv Channel Rohingya Tv Channel

03/04/2022

Please like and share
Important

Hafizu

I sincerely congratulate Ramadan-i Serif and hope that this blessed month will lead to love, peace, health and tranquili...
02/04/2022

I sincerely congratulate Ramadan-i Serif and hope that this blessed month will lead to love, peace, health and tranquility for the Islamic world and all humanity.

ဘူးသီးတောင်မြို့၊ အတွင်းငှက်သေအုပ်စု၊ငှက်သေ ကျေးရွာအတွင်းရှိ မီးဘေးရှောင်မိသားစု(၈)စုအား သွားရောက်ထောက်ပံ့ခြင်း31–3-2022...
31/03/2022

ဘူးသီးတောင်မြို့၊ အတွင်းငှက်သေအုပ်စု၊ငှက်သေ ကျေးရွာအတွင်းရှိ မီးဘေးရှောင်မိသားစု(၈)စုအား သွားရောက်ထောက်ပံ့ခြင်း

31–3-2022 (ကြာသပတေးနေ့)

ဘူးသီးတောင်မြို့၊ အတွင်းငှက်သေအုပ်စု၊ငှက်သေ ကျေးရွာအတွင်းရှိ မီးဘေးရှောင်မိသားစု (၈)စု ကို နေ့စဉ်သုံး အသုံးအဆောင်ပစ္စည်း (၂)ထုပ် နှင့် ကျပ်ငွေ၂၀၀၀၀၀(နှစ်သိန်း)စီကို မီးဘေးရှင်မိသားစုအသီးသီးအား ရွှေဘူးသီး ပရဟိတလူမှုကူညီရေးအသင်းဥက္ကဌ ဟာဂျီဦးရောဖိတ်နှင့်အသင်းသားများမှသွားရောက်ထောက်ပံ့ခဲ့ပါသည်။

Ro Hafizu

မောင်တောနယ်စပ်ခြံစည်းရိုးမှတဆင့် မိမိတို့နေရပ်ပြန်ဝင်လာသည့် မွတ်ဆလင် ၁၁ ဦး ဖမ်းဆီးခံရ  မောင်တော၊ မတ် ၃၀/၂၀၂၂နှစ်နိုင်ငံန...
30/03/2022

မောင်တောနယ်စပ်ခြံစည်းရိုးမှတဆင့် မိမိတို့နေရပ်ပြန်ဝင်လာသည့် မွတ်ဆလင် ၁၁ ဦး ဖမ်းဆီးခံရ

မောင်တော၊ မတ် ၃၀/၂၀၂၂

နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လုံခြုံရေးအဖွဲ့ဝင်များမှ နေ့စဉ် လုံခြုံရေးဆောင်ရွက်လျက်ရှိရာ ယနေ့ ၃၀ - ၃ - ၂၀၂၂ ရက်နေ့ နံနက်ပိုင်းက ဘင်္ဂလာဒေ့ခ်ျနိုင်ရှိ ဒုက္ခသည်စခန်းများမှတဆင့် မောင်တောနယ်စပ်ရှိ နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ကာ မိမိတို့နေရပ်သို့ ပြန်ဝင်လာရန် ကြိုးပမ်းနေသော မွတ်ဆလင် ကျား ၅ ဦး၊ မ ၆ ဦး၊ စုစုပေါင်း ၁၁ ဦးအား ဖမ်းဆီးခံရခဲ့သဖြင့် ဖမ်းဆီးခံရသော မွတ်ဆလင်များအား သီးခြား Quarantine ထားရှိကာ Covid-19 ရောဂါပိုးရှိ/မရှိစစ်ဆေးသွားမည် ဖြစ်ကြောင်းနှင့် လဝကအက်ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်အစိုးက သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

28/03/2022
TRUE FRIENDSHIPTrue friendship is like a flower,That blossoms with immense love and care.As much as you give it time and...
25/03/2022

TRUE FRIENDSHIP

True friendship is like a flower,
That blossoms with immense love and care.
As much as you give it time and love,
Your friendship gets deeper everyday.

True friendship is a magical bond,
That grows with trust and togetherness.
True friendship doesn't see richness and poverty,
It sees only intense unity and companionship.

True friendship doesn't see colors and looks,
It only stays in the heart with deep love.
True friendship can't be bought or sold,
It may get increased, and may get old.

True friendship always lifts you up,
When you're feeling down.
True friendship provides strength and full support,
When you need in harder situations.

Through friendship you can learn the art of giving,
You begin to care more deeply and enjoy sharing.
When the world gives you a thousand chances to cry,
Your true friends gives you many reasons to laugh.

- Mr. Hafizu Rahman

22/03/2022
22/03/2022
21/03/2022

မြန်မာစစ်တပ်အား "ဂျီန်ိုဆိုက်" တရားခံအဖြစ် သတ်မှတ်

စစ်တွေ၊ မတ် ၂၁

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ ဟိုလောကောစ့်ပြတ်ိုက် (လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုပြတိုက်) မှာ ယနေ့၊ မတ်လ ၂၁ ရက်နေ့ ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မြန်မာစစ်တပ်သည် ရိုဟင်ဂျာတို့အား "Genocide" လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု ကျူးလွန်ခဲ့ကြောင်း သတ်မှတ် ကြေညာခဲ့သည်။

A big day for Rohingya brothers and sisters ယူအဲစ် ဟိုလောကောစ်တ့် ပြတိုက်။အမေရိကန်အစိုးရက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ...
21/03/2022

A big day for Rohingya brothers and sisters
ယူအဲစ် ဟိုလောကောစ်တ့် ပြတိုက်။
အမေရိကန်အစိုးရက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုကို လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) သတ်မှတ်တဲ့အခမ်းအနား။

Mujhse Dosti Karoge! [2002] မြန်မာစာတန်းထိုး========================“ငါနဲ့သူငယ်ချင်းလုပ်မလား”သူငယ်ချင်း၊ ရင်းနှီးမှုအချစ...
21/03/2022

Mujhse Dosti Karoge! [2002] မြန်မာစာတန်းထိုး
========================

“ငါနဲ့သူငယ်ချင်းလုပ်မလား”

သူငယ်ချင်း၊ ရင်းနှီးမှု

အချစ်ဆိုတာ ဘာပါလဲ

“အချစ်ဆိုတာ ရင်နှီးမှုပါပဲ
လူတစ်ယောက်ကို မရင်းနှီးဘဲနဲ့ ဘယ်လိုမှ မချစ်နိုင်သလို
သံယောဇဉ်လည်း မတွယ်နိုင်ပါဘူး
ကဲ့့့ ဒါကြောင့် ငါနဲ့ သူငယ်ချင်းလုပ်မလား “

ဒီဒိုင်ယာလော့လေးကတော့ နာမည်ကြီး ဂန္တဝင်အချစ်ဇာတ်ကား တစ်ကားဖြစ်တဲ့
Kuch Kuch Hota Hai (1998) ထဲကပဲဖြစ်ပါတယ်။

အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း တခမ်းတနားနဲ့
အမှန်အကန်တင်ဆက်ထားတဲ့ ဘောလီဝုဒ်ကားကောင်း တစ်ကားပါပဲ

နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Hrithik Roshan (ခ) လက်ပွားမင်းသား
Rani Mukerji နှင့် Kareena Kapoor တို့ပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး တပုဒ်လည်း ဖြစ်ပါတယ်

အခုလို မိုးရာသီဖွဲဖွဲလေးမှာ ဒီလို Romance, Dramaကား ခပ်ကောင်းကောင်းလေးကို တခါကြည့်ဖူးရုံနဲ့
ဇာတ်ဝင်တေးအားလုံးကလည်း တသက်လုံး မေ့လျော့နိုင်မှာ မဟုတ်ပါဘူး

ဒီကားကို ကြည့်ဖူးတဲ့သူတွေရှိသလို လုံးဝမကြည့်ရသေးတဲ့သူတွေလည်း ရှိပါလိမ့်မယ်
အခု CMက ပြန်လည်တင်ဆက်ပေးထားတာကတော့
ရုပ်သံအကြည်လင်းဆုံးနဲ့ သီချင်းတွေကအစ
မြန်မာမှုပြုပေးထားလို့ သိမ်းထားချင်သူတွေအတွက် နှစ်ခြိုက်စရာပါပဲ

ဇာတ်လမ်းလေးကတော့
ရာ(ဂ်ျ)၊ တီနာနဲ့ ပူဂျာတို့ဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းသုံးယောက်ပါ
ဒီထဲမှာမှ ရာ(ဂ်ျ)က တီနာပေါ်မှာ ခင်မင်မှုပိုနေသလိုပါပဲ

အကြောင်းကြောင်းကြောင့် ရာ(ဂ်ျ)တို့ မိသားစု လန်ဒန်ကိုပြောင်းသွားတဲ့အခါ
တီနာနဲ့ ပူဂျာကတော့ အိန္ဒိယမှာပဲ ကျန်ခဲ့ပါတော့တယ်

ရာ(ဂ်ျ)အနေနဲ့ မသွားခင်မှာ သူလန်ဒန်ရောက်ရင် နေ့စဉ် အီးမေးလ်ကတဆင့် စာတွေရေးမှာဖြစ်လို့
သူ့ဆီကို စာပြန်ဖို့ တီနာကို မှာကြားခဲ့ပြီး နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်

ဒါပေမဲ့ ရာ(ဂ်ျ)တယောက် စာတွေပို့တဲ့အချိန်မှာ တီနာကတော့
စိတ်မဝင်စားဘဲ အရေးတယူမလုပ်ခဲ့ဘူး
ဒီအခြေအနေမှာ သူသိပ်ချစ်တဲ့ သူငယ်ချင်းကို ပူဂျာကပဲ စာတွေပြန်ရေးခဲ့ပါတယ်
ဒါပေမဲ့ စာပြန်တဲ့အခါမှာ သူ့နာမည်မသုံးဘဲ တီနာ နာမည်ကိုသုံးလိုက်ပါတယ်

၁၅ နှစ်တာ ကလေးဘဝကတည်းက တနေ့တာဖြစ်ခဲ့သမျှကို စာတွေရေးပြီး ရင်ဖွင့်ခဲ့ကြတဲ့ သူတို့နှစ်ယောက်မှာ သူငယ်ချင်းသံယောဇဉ်ထက် ပိုတဲ့အရာ တစ်ခုဖြစ်နေပါပြီ
စာတွေရေးနေကြတဲ့ နှစ်ယောက်ဟာ တယောက်ကိုတယောက်
မမြင်မတွေ့ဘဲ ချစ်မိနေကြပါပြီ

ရာ(ဂ်ျ) ကသူ့ဆီစာတွေရေးနေတာ တီနာလို့ထင်မှတ်ပြီး တီနာကို ချစ်မိနေသလို
ကလေးဘဝကတည်းက စာတွေရေးခဲ့တဲ့ ပူဂျာကလည်း ရာဂ်ျအကြောင်း ကောင်းကောင်းကြီးသိခဲ့ပြီး ချစ်မိနေပါပြီ

ရာ(ဂ်ျ) တစ်ယောက် လန်ဒန်ကနေ အိန္ဒိယကို ပြန်လာတဲ့အခါမှာတော့ ……..

ရာ(ဂ်ျ)၊ တီနာနဲ့ ပူဂျာတို့ကြားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ …..

မိတ်ဆွေတို့ကို ပြောချင်တာလေးကတော့
ကိုယ်ချစ်ရတဲ့သူတယောက်ယောက်ကို တွေ့ခဲ့ပြီဆိုရင် ဒီမေးခွန်းလေးပဲ အရင်မေးလိုက်ပါ

“ငါနဲ့သူငယ်ချင်းလုပ်မလား”

(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Zaw Htoo ပါ။)

ဇာတ်ကားကြည့်ရန် 👇👇👇

https://www.facebook.com/groups/379563167049787/permalink/380529446953159/


16/03/2022

Assalamualikum

Fire again in the world largest refugee camp in Bangladesh Cox's Bazar.  photo
08/03/2022

Fire again in the world largest refugee camp in Bangladesh Cox's Bazar.

photo

လူကုန်ကူးခံရသူ ရိုဟင်ဂျာ(၇၅)ဦး မြဝတီမြို့တွင် ဖမ်းဆီးခံရရန်ကုန်၊ မတ် ၂ ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ ကျ...
02/03/2022

လူကုန်ကူးခံရသူ ရိုဟင်ဂျာ(၇၅)ဦး မြဝတီမြို့တွင် ဖမ်းဆီးခံရ

ရန်ကုန်၊ မတ် ၂

ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ ကျား (၂၇)ဦး၊ မ(၃၅)ဦး၊ အရွယ်မရောက်သေးသည့် ကလေးသူငယ် ကျား/မ(၁၀)ဦး စုစုပေါင်း ရိုဟင်ဂျာ (၇၂)ဦးအား လူကုန်ကူးအဖွဲ့တခုမှ မလေးရှားတွင် အလုပ်လုပ်ကိုင်ရန်အတွက် သွေးဆောင်ဖြားယောင်းပြီး အခကြေးငွေရယူကာ ရခိုင်ပြည်၊ မောင်တောမြို့မှ တဆင့် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ အဆင့်ဆင့် လူကုန်ကူး ခေါ်ဆောင်လာပြီး မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပုလဲရွှေ(၄)လမ်းရှိ နေအိမ်အဆောက်အအုံတခု၌ တည်းခိုနေစဉ် ယမန်နေ့ မတ်လ(၁)ရက်နေ့တွင် မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းဇော် ဦးဆောင်သည့်အဖွဲ့မှ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

The Arakan Express News

24/02/2022
ရခိုင်ပြနယ်နယ်က မွတ်ဆလင်အမျိုးသမီးပျိုလေးများသည် လူကုန်ကူးသူဂိုဏ်းအဖွဲ့များရဲ့ အကြိမ်ကြိမ်မုဒိမ်းကျင့်ခံခဲ့ပြီး ရောင်းစာ...
20/02/2022

ရခိုင်ပြနယ်နယ်က မွတ်ဆလင်အမျိုးသမီးပျိုလေးများသည် လူကုန်ကူးသူဂိုဏ်းအဖွဲ့များရဲ့ အကြိမ်ကြိမ်မုဒိမ်းကျင့်ခံခဲ့ပြီး ရောင်းစားခံနေရ

MDN- ဖေဖော်ဝါရီလ ၂၁/၂၀၂၂

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ၊ ညနေ ၄ နာရီခန့်က စစ်တွေမြို့နယ်၊ အောင်တိုင်ရွာအနီး မလေးရှားနိုင်ငံသို့ သွားရောက်မည့် မွတ်ဆလင်များ ရောက်ရှိနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ရာ အောင်တိုင်ရွာအနီးရှိ ဦးအောင်စိန်သာ(ဘ)ဦးကျော်စိန်မောင်၊ အသက် ၅၇ နှစ်၊ ရခိုင်/ဗုဒ္ဓ၊ ပိုင်ဆိုင်သည့် လယ်စောင့်တဲအတွင်းမှ ခွင့်ပြုချက်မဲ့ ကျား ၂၆ ဦး၊ မ ၃၉ ဦး၊ စုစုပေါင်း ၆၅ ဦးအား ဖမ်းဆီးခံရခဲ့ကြောင်း သိရှိရပါသည်။

ရခိုင်ပြည်နယ်၊ မြို့နယ်အသီးသီးက အီစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများဖြစ်ကြသော ဆယ်ကျော်သက်အရွယ် အမျိုးသမီးများ နှင့် အမျိုးသားများသည် မိမိတို့ရဲ့ ဂုဏ်သိက္ခာ၊လုံခြုံရေးနှင့် အသက်ကိုပဓာနမထားဘဲ သက်စွန့်၍ နေရပ်ကိုစွန့်ခွာကာ မလေးရှားနိုင်ငံသို့သွားရောက်ရန် ရရာနည်းလမ်းဖြင့် သွားရောက်လျက်ရှိနေသည်။ လူကုန်ကူးသူ ပွဲစားများဟာ အဆိုပါအခွင့်အရေးကိုအမြတ်ထုတ်၍အလွဲသုံးစားလုပ်လျက်ရှိနေသည်။အများအားဖြင့်အရွယ်ရောက်သော အမျိုးသမီးများဖြစ်ကာ၎င်းတို့သည် မလေးရှားသို့ အိမ်ထောင်ပြုရန်သွားရောက်ခြင်းဖြစ်ကာ ၎င်းတို့ရဲ့အနာဂတ်ဘဝသာယာဝပြောရေးကို ဦးထိပ်ထား၍ လူကုန်ကူးသူပွဲစားများကို ငွေကျပ် သိန်း ၁၅ မှ သိန်း ၂၀ အထိ ပေးဆောင်ရပြီး သက်စွန့်ကြိုးပမ်းနေခြင်းဖြစ်သည်။မွတ်ဆလင်အမျိုးသားများသည်အလုပ်အကိုင်အခွင့်အလမ်းအတွက်သွားရောက်နေကြခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မွတ်ဆလင် အမျိုးသားနှင့် အရွယ်ရောက်သော မွတ်ဆလင် အမျိုးသမီးပျိုလေးများကို မွတ်ဆလင်လူကုန်ကူးပွဲစားများ၏ဖြားယောင်
သွေးဆောင်ပြီး ငွေကျပ် သိန်း ၅၀ မှ သိန်း ၆၀အထိ ယူပြီး မောင်တောမြို့မြောက်ပိုင်းနယ်စပ်ဖက်မှ လူကုန်ကူးသူပွဲစားများက ရေတပ်နှင့်နယ်ခြားစောင့်ရဲများနှင့် ညှိးနှိုင်းပြီး တရားဝင်သဖွယ် ဆက်ကြေးပေး၍ မြန်မာပိုက်နက်အတွင်းသို့ ဝင်ရောက်ကာ ကုန်းကြောင်းရေကြောင်းအသုံးပြု၍မလေးရှားသို့သွားရောက်ရန် မောင်တောမြို့နယ်မှတစ်ဆင့် ဘူးသီးတောင်သို့ရခိုင်လူငယ်တချို့က မော်တော်ဆိုက်ကယ်ဖြင့်သော်လည်းကောင်း၊ ကားဖြင့်သော်လည်းကောင်း ပို့ဆာင်ပေးနေကြောင်း လူကုန်ကူးခံရသူတစ်ဦးထံမှ သိရပါသည်။

‌၎င်းတို့သည် ဘူးသီးတောင်မြို့နယ်၊ဖုံညှိလိပ်ကျေးရွာသို့ရောက်ပြီးဘူးသီးတောင်-ပုဏ္ဏားကျွန်းမြို့ ကားလမ်းအတိုင်း ဆက်လက်မောင်းနှင်းလာရာ ရသေ့တောင်မြို့နယ်၊ အာကာတောင်ကျေးရွာသို့ ရောက်ရှိပြီး၊ ညလူသူကင်းမဲ့အချိန်တွင် စက်လှေသို့တင်ဆောင်၍ စစ်တွေမြို့သို့ ရောက်သည်။စစ်တွေမြို့၊သဲချောင်းကျေးရွာမှတဆင့်ဧရာဝတီတိုင်းမြို့တမြို့သို့ရောက်ရှိခဲ့သည်။ အဆိုပါစက်လှေမောင်းသူများသည် ရခိုင်စကားပြောသူများ ဖြစ်သည်။ အဆိုပါစက်လှေဖြင့်သွားရောက်ရာတွင်ပင်လယ်ပြင်တလျှောက်မြန်မာရေတပ်သင်္ဘောအများအပြားရှိပြီး၎င်းတို့ကအရေးမယူခဲ့ခြင်းမှာ ၎င်းတို့ပါဝင်ပတ်သက်နေခြင်းပင် ဖြစ်သည်။ ထိုမှတဆင့် ၎င်းတို့ကိုဆယ့်ယောက်၊ တစ်ဆယ့်ငါးယောက်ဖြင့် အဖွဲ့ခွဲကာအဖွဲ့တစ်ဖွဲ့လျှင်လူကုန်ကူးသူဂိုဏ်းမှငါးဦးစီကြီးကြပ်ကာခြေလျင်ဖြင့်တောတွင်းလမ်းလျောက်ကာငါးရက်၊ခြောက်ရက်ကြာမှ ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဂိုဏ်းသားများသည် ဗမာစကားပြောသူဖြစ်ကြောင်းသိရသည်။တောတောင်များတွင်လည်းညအိပ်ရသလို၊သန္ဓေးတားဆေး ထိုးခံခဲ့ရကာအဆိုပါလူကုန်ကူးဂုဏ်းသားများ၏မဒိမ်းကျင့်ခြင်းခံခဲ့ရကြောင်းလူကုန်ကူးမှုးမှလွှတ်မြှောက်လာသူများက MDN ကို ပြောဆိုခဲ့ကြသည်။

ရန်ကုန်ရောက်မှ ငွေကြေးမပေးနိုင်သော မွတ်ဆလင် အမျိုးသမီးများကို လူကုန်သူပွဲစားများက အကြိမ်ကြိမ်မုဒိမ်းကျင့်ပြီး အခြားလူကုန်သူပွဲစားများကို ရောင်းစားနေသည်ဟု လူကုန်ကူးခံရပြီး လွတ်မြောက်လာသူများထံမှ သိရသည်။ တစ်ဖန် ၄င်းပွဲစားများက မွတ်ဆလင်အမျိုးသမီးများကို သူဌေးများဖြစ်ကြသော ထိုင်းနိုင်ငံသား ၊ တရုတ်နိုင်ငံသား၊ ဗီယက်နမ်နိုင်ငံသားများဆီသို့ ပြန်ရောင်းစားနေသည်ဟု အနီးကပ်လေ့လာစောင့်ကြည့်သူများထံမှ သိရှိရပါသည်။


‌လူကုန်ကူးသူဂိုဏ်းသားများမှာ- မောင်တောမြိုနယ်တွင် -အောက်တိုဘာလ(၁၄ရက်)တွင်ဖမ်းမိသူ(၁၄ဦး)ကိုဖြားယောင်းခေါ်ဆောင်ခဲ့သူမှာမောင်တောမြောက်ပိုင်းမဂ်လာကြီးကျေးရွာ၊အဘူးဂျားဖာရာနေဦးအာမာန်အူလ္လာ(ဘ)အာဒူ(၂၇နှစ်)၊အာယူဖ်(ဘ)ဆော်လာမောက်သ်အူလ္လာ(၃၈နှစ်)နှင့်ဇာဖော်ရ်(၃၃နှစ်)တို့ဖြစ်သည်။
-အောက်တိုဘာလ(၁၉ရက်)တွင်အမျိုးသမီး(၆ဦး) ဖမ်းမိခဲ့သူများကိုဖြားယောင်ခေါ်ဆောင်ခဲ့သူများမှာမောင်တော-မြောက်ပိုင်းဒါးကြီးဇားကျေးရွာနေအီဒီရီစ်(ဘ)ဟာလာယာ(၃၀နှစ်)၊သရက်အိုးကျေးရွာနေဟူးဘိုင်ဖ်(ဘ)နော်ဇိရ်ဟူဆောင်း(၂၀နှစ်)တို့ဖြစ်ပြီး၊ဦးရှဉ့်ဂျားကျေးရွာနေ

1.ဖော်ရိတ်အာလောမ်(ဘ) အေရှာတ်ဟူဆောင်
2.အီဆုပ်( ဘ) ဆာဘဲရ်အာမတ်
3.ဖာရုခ် (ဘ) ရှောမ်ရှူ
4.နုရ်ဟာရှိမ် (ဘ) ကာလာများ
5.အဘုလ်ဟိုက်ရ်(ဘ) ရှောမူလုခ်
6.ဆော်ကိရ်အာမတ်(ဘ)ဆော်ယောတ်ကောရိမ်
7.မာမတ်ဆော်လိမ်(ဘ) အမတ်ဟူဆောင်
8.ရော်ဖိက် (ဘ)ဇာဟိတ်ဟူဆောင်းနှင့်

မြောတောင်ကျေးရွာနေရှားကဲရ် (ဘ) ဟာရှိမ်း (၂၂နှစ်)ကူးတိုးသမားတို့သည်လူကုန်ကူးပွဲစားများဖြစ်ကြသည်။မောင်တောမြို့ထဲ့တွင်ငွေလက်ခံသူမှာ-မြို့မတောင်ရပ်ကွက်၊အာလီရွာနေမော်လဝီရော်ဟိမုလ္လာ(မြောတောင်ဇာတိ)ဖြစ်သည်။
-ဘူးသီးတောင်မြို့နယ်တွင်ငွေလက်ခံသူမှာ–အာလီချောင်းကျေးရွာအုပ်စု၊ ခဲဇားဖြူရွာနေဆန်စက်ပိုင်ရှင် ဇာဖော်ရ်(၄၂နှစ်)သည် အဓိကဖြစ်ပြီး၊ ဂူတာပြင်ကျေးရွာနေ မာမတ်တာဟဲရ်(ဘ)နူရ်မာမတ်(၂၈နှစ်)၊ ဖုံညှိလိပ်ကျေးရွာနေ ကာမာလ်ဟူဆောင်း (ဘ) မာတာဆောင်းန်(၅၀နှစ်)တို့သည် ၎င်း၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။

-ရသေ့တောင်မြို့နယ်တွင် လူစုဆောင်ထားရှိသူနှင့် စက်လှေပေါ်တင်ပေးသူမှာ-အာကာ‌တောင်ကျေးရွာနေ နော်ဇီရ်အာမတ်(ဘ)ဖဲရာန်(၆၅နှစ်)၊ အဒူဇော်လိလ် (ဘ)အဒူရော်ဟိမ်း(၄၅နှစ်)၊ ဂျော်မိလ်(ဘ)အာလီဟူဆောင်း(၃၅နှစ်)၊ ဒီလူ(၄၂ နှစ်)တို့ဖြစ်သည်။

#ရန်ကုန်တိုင်း၊ သင်္ဃာကျွန်း ဇာဝေရမှာ နေထိုင်သူ (မဟာ လူကုန်ကူးပွဲစားကြီး) ဇော်နိုင်(ခ) အုစ်မာန် (ဘ) မောင်လှရွှေ (ခ) ဦး ရှူက္ကူရ်

မနေ့က ၁၈.၀၂.၂၀၂၂ ခုနှစ် ၊  သောကြာနေ့တွင် ကျွန်ုပ်တို့ ရိုဟင်ဂျာလူငယ်များအား ကမ္ဘာ့အကြီးဆုံးရိုဟင်ဂျာဒုက္ခသည်စခန်း ၊ဘာလို...
19/02/2022

မနေ့က ၁၈.၀၂.၂၀၂၂ ခုနှစ် ၊ သောကြာနေ့တွင် ကျွန်ုပ်တို့ ရိုဟင်ဂျာလူငယ်များအား ကမ္ဘာ့အကြီးဆုံးရိုဟင်ဂျာဒုက္ခသည်စခန်း ၊ဘာလိုခါလီ-၁(စခန်း-၈) ၏ အရှေ့ဘက် အကွက် (ဘီ-၂၆ ၊ ၂၇ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ နှင့် ၃၂ ) တို့တွင်ရှိ သော အခြေခံပညာအလယ်တန်းကျောင်း၌ စာမေးပွဲဖြေဆိုပြီးနောက် အတန်းအလိုက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျွန်တော်တို့အား ကျင်းပပြုလုပ်ခဲ့ပါသည်။

စာမေးပွဲတွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့သော ထူးချွန်ကျောင်းသား/သူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ပထမ ၊ ဒုတိယ နှင့် တတိယအဖြစ် အတန်းသူငယ်တန်းမှ သတ္တမတန်းအထိ ကျောင်းသား ၂၂ ဦးကို အောင်မြင်သောဆုဖြင့် ချီးမြှင့်ခဲ့ပါသည်။

စစ်တွေမြို့တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည့် မွတ်ဆလင် ၆၅ ဦး ဖမ်းဆီးခံရ ဖေဖော်ဝါရီလ ၁၈/၂၀၂၂ပြီးခဲ့သည့် ၁၇ - ၂ - ၂၀၂၂...
18/02/2022

စစ်တွေမြို့တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည့် မွတ်ဆလင် ၆၅ ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီလ ၁၈/၂၀၂၂
ပြီးခဲ့သည့် ၁၇ - ၂ - ၂၀၂၂ ရက်နေ့ ညနေ ၄ နာရီခန့်က စစ်တွေမြို့နယ်၊ အောင်တိုင်ရွာအနီး မလေးရှားနိုင်ငံသို့ သွားရောက်မည့် မွတ်ဆလင်များ ရောက်ရှိနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ရာ အောင်တိုင်ရွာအနီးရှိ ဦးအောင်စိန်သာ(ဘ)ဦးကျော်စိန်မောင်၊ အသက် ၅၇ နှစ်၊ ရခိုင်/ဗုဒ္ဓ၊ ပိုင်ဆိုင်သည့် လယ်စောင့်တဲအတွင်းမှ ခွင့်ပြုချက်မဲ့ ကျား ၂၆ ဦး၊ မ ၃၉ ဦး၊ စုစုပေါင်း ၆၅ ဦးအား ဖမ်းဆီးခံရခဲ့ကြောင်း သိရှိရပါသည်။

ဖမ်းဆီးခံရသော မွတ်ဆလင်များ၏ ပြောဆိုချက်အရ ပွဲစားဖြစ်သူမှ ဦးအောင်စိန်သာ၏ တဲမှတစ်ဆင့် စက်လှေဖြင့် မလေးရှား နိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပို့ဆောင်ခအဖြစ် ၁ ဦးလျှင် ၁၅ သိန်းကျပ်စီ ပေးရမည်ဟု ညှိနှိုင်းသဘောတူထားကြကြောင်း သိရှိရသဖြင့် ၎င်းမွတ်ဆလင်များအား မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု သွေးဆောင်ဖျားယောင်း၍ ငွေကြေးရယူရန်ကြိုးစားခဲ့သည့် ပွဲစားသုံးဦးအား ဥပဒေအရ အရေးယူနိုင်ရန်အတွက် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့်ဖမ်းဆီးခံရသော မွတ်ဆလင် ၆၅ ဦးအား လဝကအက်ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

13/01/2022
08/01/2022
Congratulations Miss Wai Wai Nu ဝေဝေနု  DVF Awards ရိုဟင်ဂျာလူမျိုးကိုယ်စား ဂုဏ်ယူပါတယ် ။
14/11/2021

Congratulations Miss Wai Wai Nu ဝေဝေနု

DVF Awards

ရိုဟင်ဂျာလူမျိုးကိုယ်စား ဂုဏ်ယူပါတယ် ။

ဘူးသီးတောင်မြို့နယ်၊မီးကျောင်းဈေးကျေးရွာနေအတက်တန်းအာရီဘီကျောင်း ၄ နာရီမှာမီလောင်းနေပုံ
13/11/2021

ဘူးသီးတောင်မြို့နယ်၊မီးကျောင်းဈေးကျေးရွာနေအတက်တန်းအာရီဘီကျောင်း ၄ နာရီမှာမီလောင်းနေပုံ

ကျောက်တန်းမှာ အဖမ်းခံရတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာများကို စစ်ကောင်စီက ထောင်ဒဏ်နှစ်နှစ်စီချမှတ်လိုက်တယ်လို့ဒေသခံအရင်းအမြစ...
11/11/2021

ကျောက်တန်းမှာ အဖမ်းခံရတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာများကို စစ်ကောင်စီက ထောင်ဒဏ်နှစ်နှစ်စီချမှတ်လိုက်တယ်လို့ဒေသခံအရင်းအမြစ်များကတဆင့်သိရ။

The Junta sentenced 2 years of jail to Rohingya from Rakhikne State recently got arrested in Kyauk Tan according to local sources.

10/11/2021

Welcome to Rohingya's Future Light.An artist is a person engaged in an activity related to creating art, practicing the arts, or demonstrating an art. One of...

မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထွက်ခွါခဲ့သော ရိုဟင်ဂျာများထပ်မံ ဖမ်းဆီးခံရ၊(၅)ဦးပျောက်ဆုံးနေArakanGo နိုဝင်ဘာလ ၇ရန်ကု...
07/11/2021

မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထွက်ခွါခဲ့သော ရိုဟင်ဂျာများထပ်မံ ဖမ်းဆီးခံရ၊(၅)ဦးပျောက်ဆုံးနေ

ArakanGo နိုဝင်ဘာလ ၇

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်ကျောက်တန်းမြို့နယ်၊ မီးပြကျေးရွာအုပ်စု၊ အရှေ့ကွင်း(ကမာပသီ)၊ မီးပြကမ်းဘေး ဇွဲဘာချောင်းထိပ် လမုတောတွင်မသင်္ကာဖွယ် ဒုံးလှေပေါက်(၁)စီး ဆိုက်ကပ်ထားကြောင်း သတင်းအရ မီးပြကျေးရွာ ကမ်းခြေလုံခြုံရေး နှင့် ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးရာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ကျေးရွာနေ
ရိုဟင်ဂျာ အမျိုးသမီး(၄၄)ဦး၊ အမျိုးသား(၄)ဦး၊ ကလေးငယ် ကျား(၅)ဦး၊ မ(၂)ဦး၊ စုစုပေါင်း(၅၅)ဦး၊ရခိုင်လူမျိုးလှေထိုးသား
(၂)ဦး စုစုပေါင်း(၅၇)ဦးအား အလျား(၆၀)ပေ၊ အနံ(၂၀)ပေခန့်ရှိ ဒုံးလှေပေါက်(၁)စီးနှင့်အတူ တွေ့ရှိပြီး ၎င်းတို့အား စစ်ဆေးမေးမြန်းရာ ၎င်းတို့သည် ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ အလယ်သံကျော်ကျေးရွာမှ လာရောက်ခြင်းဖြစ်ကြောင်း ရိုဟင်ဂျာ(၆၀)ဦး၊ ရခိုင်လူမျိုး လှေထိုးသား(၄)ဦး စုစုပေါင်း(၆၄)ဦး လိုက်ပါလာကြောင်းသိရှိပြီး ပျောက်ဆုံးနေသည့် (၇)ဦး အား ဆက်လက်ရှာဖွေလျှက်ရှိပြီး လက်တလောတွေ့ရှိမှုအား ဆက်လက်စစ်ဆေးဆောင်ရွက်
လျှက်ရှိကြောင်း သိရသည်။

Breaking Newsယနေ့ (၂၆.၁၀.၂၀၂၁)နေ့၊ ARSA လူသတ်သမားအဖွဲ့ရဲ့ တတိယခေါင်းဆောင် အာဆာဒ် (ခ) ဟာရှိမ်သည် အမျိုးသမီးဝတ် ဘုရ်ခါဝတ်ပ...
26/10/2021

Breaking News
ယနေ့ (၂၆.၁၀.၂၀၂၁)နေ့၊ ARSA လူသတ်သမားအဖွဲ့ရဲ့ တတိယခေါင်းဆောင် အာဆာဒ် (ခ) ဟာရှိမ်သည် အမျိုးသမီးဝတ် ဘုရ်ခါဝတ်ပြီး ရှောင်ပြေးနေစဉ် ဒုက္ခသည်များက သတင်းပေးချက်အရ ဘင်္ဂလားဒေ့ရ်ှလုံခြုံရေးအဖွဲ့က ဖမ်းဆီးလိုက်ပြီး no mans land ကိုလည်း ရှင်းလင်းနေကြောင်း သတင်းကောင်းရရှိပါတယ်။

23/10/2021
ချစ်သူ့စာခွေA Love Epistleချစ်သူကို မျှော်တွေးလို့ ရေးလိုက်တဲ့ ကဗျာတွေမြင့်မိုနှယ်လေ။ စာတခွေ ညာမေက တွေ့ဘဲ။ချစ်ဦး ဆွေသဟာရ...
19/10/2021

ချစ်သူ့စာခွေ
A Love Epistle

ချစ်သူကို မျှော်တွေးလို့
ရေးလိုက်တဲ့ ကဗျာတွေ
မြင့်မိုနှယ်လေ။

စာတခွေ
ညာမေက တွေ့ဘဲ။
ချစ်ဦး ဆွေသဟာရဲ့
လှစ်ကျူး ပေကဗျာနဲ့
သေအချာ စီကာကုံးသော်လဲ
ပြုံးဖို့ခက်ခဲ။

18/10/2021

Welcome to Rohingya's Future Light.Don't understate you yourself, this is the biggest fool in this world. You know that every successful person has a painful...

"Success dors not consist innever making mistakes but innever making the same one asecond time."-Hafizu Rahaman
18/10/2021

"Success dors not consist in
never making mistakes but in
never making the same one a
second time."

-Hafizu Rahaman

Good-For-Nothing-Bhone Min ( ရိုဟင်းတာရာ)Expectations without actions,Words without actions,Powers without guns,Support ...
17/10/2021

Good-For-Nothing

-Bhone Min ( ရိုဟင်းတာရာ)

Expectations without actions,
Words without actions,
Powers without guns,
Support without effort,
Equality without reality,
Leadership without generosity,
Are all good-for-nothing
To bring capacity and
To make a classic community.

Note: The poem is written to express the heartbreaking feelings for our recently dead great leader, Mr.Mohibullah (Peace Father) because nobody has not raised the strong voices up for this great loss among our community.

Editorial Team
17-10-21

17/10/2021

Assalamualikum
Rohingya brothers and sisters
Coming soon my videos and story

Congratulations! Rohingya students in Refugee Camp ExaminationI'm so proud of my rohingya refugee studentsMake your futu...
05/09/2021

Congratulations! Rohingya students in Refugee Camp Examination
I'm so proud of my rohingya refugee students
Make your future good,Don't lost your future goal.

I think about Arakan's Rohingya students
Arakhan 's rohingya students lost future life now
Now,Arakan's educator is not valuable,
Money is very valuable. This is think Arakan's people.

The world is valuable for educators, money is valuable for the world .
✔ Hafizu Rahman

Address


Alerts

Be the first to know and let us send you an email when Rohingya Tv Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rohingya Tv Channel:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share