ထူးအိမ်သင် သီချင်းများ ကာရာအိုကေ သီးသန့်

  • Home
  • ထူးအိမ်သင် သီချင်းများ ကာရာအိုကေ သီးသန့်

ထူးအိမ်သင် သီချင်းများ ကာရာအိုကေ သီးသန့် movie and soung

27/03/2024

ကာရာအိုကေ လေး ဆိုချင်သူများအတွက်..
ဆရာငှက် သီချင်းလေး

08/03/2024

ကိုယ်ပိုင် ပျက်လုံးက နားထောင်တဲ့ သူအကြောင်းကို ပြောနေတယ်လို့ ထင်ရအောင် ဆိုထားတာလေး ဗျာ

08/03/2024

ဒီသီချင်းလေးက လက်ထပ်မဲ့ စုံတွံလေး အကြောင်းပါတဲ့ စသိတုန်းက လူ့ဘဝ အကြောင်း နေဝင်ချိန် ကို ရေးထားတယ်လို့ ထင်တာ ..နားထောင်ကြည့်ပါ ..

အားပေးကြပါဦးလို့...အနာဂတ်ရဲ့လူငယ်လေးများ.. တတ်ထားသင့်သည့်  အတတ်ပညာဟာ ကွန်ပျူတာ အတတ်ပညာဆိုတာ လူကြီးမင်းတို့လဲ သိရှိနားလည...
08/03/2023

အားပေးကြပါဦးလို့...
အနာဂတ်ရဲ့လူငယ်လေးများ.. တတ်ထားသင့်သည့် အတတ်ပညာဟာ ကွန်ပျူတာ အတတ်ပညာဆိုတာ လူကြီးမင်းတို့လဲ သိရှိနားလည်ပီးသာ ဖြစ်ပါ့မယ် ..
ဒါကြောင့် .. မိမိ သားသမီးရင်သွေးလေးများအား ခေတ်နောက်မကျစေဖို့ အစီစဥ်အသစ်နဲ့ စကြမယ်.. ကွန်ပျူတာ တလုံး ဝယ်ယူလျှင်.. ကွန်ပျူတာ အသုံးပြုနည်း အခြေခံ သင်တန်း အဖြစ်( ၁ ) လ FREE သင်ကြားပေးမည်ဖြစ်သောကြောင့် အောက်တွင် ဖော်ပြထားသော ကွန်ပျူတာများ ဝယ်ယူ အားပေးနိူင်ပါသည်.. လူကြီးမင်းများ ခင်ဗျား
အခြေခံသင်တန်းတွေအပြင် .. Advence level ထိ အသုံးပြုခြင်း နှင့်
Zoom class
Coding class
Photo shop class
Coreldraw class
Video edited version အသင့်အတင့်
AutoCAD version အသင့်အတင့် တို့ကို ကောင်းစွာအသုံးပြုနိုင်ပါတယ် ဈေးနှုန်းကလည်း အသင့်တင့် ဆိုတော့ မဖြစ်မနေသုံးရမယ့်ကာလအတွက် budget save ပြီးဖြစ်မှာပါ specification လေးကတော့... ပုံလေးတွေမှာ စျေးနှုံးလေးနဲ့ တွဲလျှက် ဝင်ရောက်လေ့လာကြည့်ပါ

မေတ္တာလက်ဆောင် (၇)မျိုးလဲ စီစဥ်ပေးထားပါတယ် ..
သြော်.. ထပ်ဆောင်း မေတ္တာလက်ဆောင်
သင်တန်းက​ အိမ်တိုင်ရာရောက် သင်ကြားပေးမှာနော်.. တစ်ဦးချင်း အနီးကပ် သင်ကြားပေးမည် ဖြစ်သောကြောင့် မတတ်မှာ မစိုးရိမ်ပါနှင့်..
ဆက်သွယ်ရန်လေးကတော့.... မင်းဘူးမြို့..
တန့်ယန်းမြို့..09420699815-09686263576 ..
အနီးဆိုလျှင် အိမ်တိုင်ရာရောက်..
Online Learning ဖြင့်လဲ သင်ကြားပေးပါမည်
မက်ဆင်ဂျာမှ လဲ မေးမြန်းနိုင်ပါတယ် ခင်ဗျာ
နယ်ဝေး Customer များအတွက်.. ကားဂိတ်အရောက်ပို့ပေးပါမည် ခင်ဗျာ.... အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ...

05/03/2023

ပညာဆိုတာ ကိုသိထားယုံနဲ့ မလုံလောက်ဖူး... တခြားတယောက်ကို ပြန်ရှယ်ပီး အသိပညာတိုးပွားစေတာကလဲ လူပီသတဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်လေးတခုပါ.. ဒါကြောင့် ကျွန်တော့် သူငယ်ချင်းများထဲက ကွန်ပျူတာ နဲ့ ပတ်သတ်တဲ့ ပညာရပ်လေးတွေ မျှဝေရင်းနဲ့ Laptop လေးတွေ ချပြချင်ပါတယ်.. ကျွန်တော်က ဆိုင်ဖွင့်ထားတာတော့မဟုတ်သေးပါဖူး. ဖွင့်နိုင်ရမယ်ဆိုတဲ့ အတွေးနဲ့ သွားမှာမို့ အားပေးကြပါဦးလို့ ပြောချင်ပါတယ်ဗျာ..

04/03/2023

ကျွန်တော့် Page ထဲမှာ ရှိသော သူငယ်ချင်း များသို့..
ဟုတ်ကဲ့..သူငယ်ချင်းများကို တခုလောက်တောင်းဆိုပါရစေ.. ကိုငှက်ကြီး. ( ခေါ် )ကိုထူးအိမ်သင် သီချင်းများ အား အလွမ်းပြေတင်ပေးတာက ကျွန်တော်ရဲ့ ဝါသနာပေါ့.. ဒါပေမဲ့ အခုခေတ်က
Online Markting လေးတွေစလုပ်နေကြတော့ ကျွန်တော် Page တခု ဖွင့်ပီး Online ကနေ ပညာလဲသင်ပေးရင်း ပစ္စည်းလေးလဲ ရောင်းနေပါတယ် .. အဲဒီ့ စီးပွားရေးဘက်လေး လှည့်နေတော့ ဒီ page မှာ သိပ်ပီး သီချင်းတွေ မတင်ဖြစ်ခဲ့တာ တောင်းပန်ပါတယ်ဗျ... ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်တယ်ဆိုရင် သီချင်းလဲတင်မယ်.. ပစ္စည်း လဲ ရောင်းမယ် ပညာလေးတွေလဲ ဝေမျှပေးဖို့ အစီစဥ်ရှိပါတယ်..Page ၂ ခု ခွဲ အလုပ်လုပ်နေရသလို ဖြစ်နေလို့ပါ.. သူငယ်ချင်း တို့ လက်ခံမယ်ဆိုရင်.. ပစ္စည်း တွေ ချပြပါ့မယ်.. ဗျ.. အဲဒါ ကြိုပြီး တောင်းဆိူတာပါ.. လက်မခံရင် လဲ ကျွန်တော် သပ်သပ် လုပ်ပါ့မယ် ခင်ဗျာ...

22/01/2023

ကာရာအိုကေလေးပါ သီချင်းဆိုချင်သူများအတွက်
ကျွန်တော်ကတော့ ဒီသီချင်းနဲ့လွှတ်ပေါက်ကွဲတယ်
အိမ်နဲ့အဝေးရောက်ချိန်တွေပေါ့...

27/05/2022

ငယ်ငယ်က.. speaker သေးသေးလေးနဲ့ Dvd တွဲပီး.. အားရပါးရ ဆိုခဲ့မိသော သီချင်းလေး...လေ
အမှတ်ရစရာတွေ.. အများကြီးလေ

23/05/2022

💢💢 ထူးအိမ်သင် စကားဝှက် 💢💢

မှော်ဆရာအိပ်မက်ခွေမထွက်ခင် ဂီတပဒေသာမဂ္ဂဇင်းတွင်ပါခဲ့သော အင်တာဗျူး

❓❓ ထူးအိမ်သင်ဆိုတာ သာမန်စကားသုံးလုံး အနေနဲ့ပဲ ရပ်တည်နေသလား။ ထူးအိမ်သင်ဆိုတဲ့ စကားဝှက်ကို သိချင်တယ်။
🔲 🔲 ထူးအိမ်သင်ဆိုတာ ထူးအိမ်သင်ပါပဲ။ တစ်စုံတစ်ရာ ထူးခြားမှုများ ရှိနေလို့လား။ ကျွန်တော်တော့ မထင်မိဘူး။

❓❓ ဂန္ဓမာ ကနေ ပန်းနုလဝန်းကို ရောက်ခြင်းဟာ စီးပွားရေးဇယားကွက်ထဲက ငွေကြေးမျဉ်းတစ်ခု အပြောင်းအလဲဖြစ်ခြင်းလို့ ပြောတယ်။ ကိုယ်တို့လဲ ယုံကြည်နေတယ်။ အဲဒီအတွက် ဖြေရှင်းချက် တစ်စုံတစ်ရာ ပေးဖို့ရှိလား။
🔲 🔲 ယုံကြည့်စိတ်ရှိရင် ယုံကြည်နိုင်ပါတယ်။ ဖြေရှင်းစရာ မရှိပါဘူး။ သို့သော် ... ဂန္ဓမာကနေ ပန်းနုလဝန်းကိုရောက်ခြင်း ဆိုတာမှာ ဘာဖြစ်လို့ ဂန္ဓမာကနေ လို့ ပြောတာလဲ ကျွန်တော်နားမလည်ပါ။ "နာရီပေါ်မှ မျက်ရည်စက်များ" အတွက် ကျွန်တော်နဲ့ ဂန္ဓမာနဲ့ ဘယ်လိုဆက်သွယ်မှုမှ မရှိခဲ့ပါဘူး။ ကျွန်တော်နဲ့တိုက်ရိုက်အလုပ်လုပ်ခဲ့တာ မော်မောင်ကျော်ဆိုတဲ့ မိတ်ဆွေတစ်ဦးပါ။ ကျွန်တော် ဂန္ဓမာကို မရောက်ခဲ့ပါဘူး။ မောင်မောင်ကျော် ရောက်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဂန္ဓမာနဲ့ ကျွန်တော်နဲ့ကြားမှာ နှုတ်ကတိဖြစ်စေ၊ စာရွက်ကတိဖြစ်စေ တစ်စုံတစ်ရာ မရှိခဲ့ပါ။

❓❓ နောက်ထပ်ဆယ်နှစ် အတိုင်းအတာတစ်ခုမှ ထူးအိမ်သင်ဟာ တေးဆိုသူ အနေနဲ့၊ ဒါမှမဟုတ် တေးရေးသူအနေနဲ့ ဘယ်လိုပုံသဏ္ဍာန်နဲ့ ရပ်တည်နေမလဲ။
🔲 🔲 ကျရာပုံသဏ္ဍာန်မှာ ရပ်တည်နေလိမ့်မယ် ထင်ပါတယ်။

❓❓ မော်လမြိုင်ကလား၊ ပုသိမ်ကလား၊ ဝိဝါဒဖြစ်နေတဲ့ စကားကိုရှင်းပါဦး။
🔲 🔲 ပုသိမ်မှာမွေး၊ ပုသိမ်မှာကြီးခဲ့တဲ့ ပုသိမ်သားအစစ်ပါ။ မော်လမြိုင်ကို မိဘအလုပ်အကိုင်နဲ့ ပြောင်းရွေ့သွားတော့မှ ရောက်ခဲ့တာ။ ပုသိမ်သား ဖြစ်သည်ဖြစ်စေ၊ မော်လမြိုင်သား ဖြစ်သည်ဖြစ်စေ၊ ကျွန်တော့်အတွက် ဘာမှထူးခြားတဲ့ အကျိုးသက်ရောက်မှုမရှိပါဘူး။

❓❓ နာရီပေါ်က မျက်ရည်စက် မတိုင်ခင်ကတည်ရှိနေခဲ့ဖူးတဲ့ ထူးအိမ်သင်တစ်ယောက်အကြောင်းကို ထူးအိမ်သင် ပြောပြနိုင်မလား။
🔲 🔲 အဲဒီအချိန်က ထူးအိမ်သင် မရှိခဲ့ပါ။ မှတ်ပုံတင်အမည် ကျော်မြင့်လွင်၊ မိတ်ဆွေများက သျှပ်လို့ခေါ်တဲ့ ခပ်ပေပေအကောင်တစ်ကောင်ပါ။ သူ့မှာ စိတ်ကျရောဂါစွဲနေတယ်လို့ သံသယဖြစ်စရာအချက်တွေလည်း တော်တော်များများရှိခဲ့တယ်။ အနေအထိုင် တော်တော်ညစ်ပတ်တဲ့ လေလွင့်လူငယ်တစ်ယောက်လို့လည်း ဆွေမျိုးတွေ၊ ဆရာသမားတွေ၊ သူငယ်ချင်းမိဘတွေက ပြောကြပါတယ်။ သူ့မှာအရိပ်မရှိဘူး။ အလင်းရောင်မရှိဘူး။ အဓိပ္ပါယ်မရှိဘူး။ ဒီလောက်ပါပဲ။ သိပ်ချစ်တဲ့ သူငယ်ချင်းတစ်ချို့ကလွဲရင် ကြည်ဖြူသူလည်း မရှိသလောက် ရှားခဲ့ပါရဲ့ ။

❓❓ ဂီတလောကထဲကို ဖောက်ဝင်ဖို့အတွက် ဘယ်လိုလုံ့လပြုခဲ့ရလဲ။ ဥပမာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ဖူးတဲ့ အခြေအနေတစ်ခု။
🔲 🔲 အဲဒီအကြောင်းပြောရရင် ရှည်လျားသွားလိမ့်မယ်။ ရှစ်နှစ်တာကာလလောက်ကို ပြောရမှာမို့လို့ မပြောတော့ပါဘူး။ ပြီးတော့ မေးခွန်းရဲ့ ဆိုလိုချက်ကို သိပ်မသိဘူး။ ခက်ခက်ခဲခဲ အခြေအနေတွေတော့ အများကြီးကြုံဖူးတယ်။ ဥပမာ - အခွေမထွက်ခင် (သွင်းပြီး) ကြားကာလမှာ မျက်စိသူငယ်နဲ့ ဘားလမ်းထဲလျောက်ရင်း ထမင်းငတ်ခဲ့တာ သုံးလုံးတစ်ကျပ်တန်ငှက်ပျောသီးကို မနက်စာ၊ ညစာလုပ်ခဲ့ရတာ။ တစ်ခါတစ်ရံ ၂-ရက်လောက် ရေသောက်နေရတာ၊ အဲဒါမျိုးတွေပေါ့။

❓❓ ဘယ်သူ့ရဲ့ လက်မောင်းတွေကို မှီတွယ်ခဲ့သလဲ။ အောင်မြင်မှုအတွက် ယူခဲ့ဖူးတဲ့အကူအညီတွေပေါ့။
🔲 🔲 “ အတ္တာဟိ အတ္တနော နာထော ” လို့ ဗုဒ္ဓပြောခဲ့ဖူးပါတယ်။ အဲဒီအတိုင်းပဲ။

❓❓ အဆိုနဲ့အရေး ဘယ်အရာကို အလေးပေးသလဲ။ နှစ်ကိုယ်ခွဲနိုင်ရဲ့လား။ ဓားတစ်ဘက်၊ လှံတစ်ဘက် ကိုင်ထားမိသလိုများ ဖြစ်နေမလား။
🔲 🔲 ရိုးရိုးသားသားပြောရရင် သီချင်းရေးရတာ ပျော်တယ်။

❓❓ လိုချင်သလို ဖြစ်သလား။ စိတ်ကူးထဲက သီချင်းရုပ်ပုံတွေကိုယ်မြင်ထားသလို အရောင်အသွေးတွေနဲ့ မြင်ရသလား။
🔲 🔲 သီချင်းက ကျွန်တော့်အိပ်မက်ပါ။ အိပ်မက်ဆိုတာမျိုးက သူများကိုပြန်ပြောပြတဲ့အခါမျိုးမှာ အရောင်အသွေးတွေ ပါးလျားသွားတတ်ပါတယ်။ အိပ်မက်နဲ့လက်တွေ့ကွာဟမှုက ခွင့်ပြုသလောက် အတိုင်းအတာထဲမှာပေါ့။

❓❓ နောက်ထပ် ဆိုင်ဘယ်နှစ်ခု ပြောင်းဦးမလဲ။ တစ်ခွေတစ်ဆိုင်နှုန်းလား။
🔲 🔲 ဆိုင်ဘယ်နှစ်ခု ပြောင်းရမလဲ မသိသေးပါဘူး။ ကျွန်တော့်စိတ်ဝိဉာဉ် လွတ်လပ်ပေါ့ပါးဖို့အတွက်ဆိုရင် တစ်ခွေတစ်ဆိုင်နှုန်း ပြောင်းဖို့လည်း ဝန်မလေးပါ။ ဘယ်သူသွေးသွေး ဓားထက်ဖို့သာ အဓိကပါပဲ။

❓❓ တစ်ခွေနဲ့ အောင်မြင်တယ်ဆိုပြီး အောင်မြင်မှုကို အထင်သေးသလား။ "နာရီပေါ်က မျက်ရည်စက်" ဆိုတဲ့ ချပ်ဝတ်တန်ဆာဟာ လုံခြုံနေပြီလား။ "မှော်ဆရာက" ဘာတွေ ဖန်ဆင်းနိုင်မလဲ။
🔲 🔲 ခင်ဗျားကိုလည်း အဲဒီမေးခွန်းပဲ ပြန်မေးချင်ပါတယ်။ (မေးခွင့်ရှိမယ် ဆိုရင်ပေါ့)။ ခင်ဗျားရော အထင်သေးသလား။ အောင်မြင်မှုဖြစ်ဖြစ်၊ ဆုံးရှုံးမှုဖြစ်ဖြစ် အရင်းအနှီးရှိတယ်။ အစားပြန် မရှိနိုင်တဲ့ ဘဝကို တစ်ဖဲ့စီ တစ်ဖဲ့စီဖဲ့ပြီး ရင်းနှီးခဲ့ရတာ။ ကျွန်တော့်ဘယမှာ လုံခြုံမှုဆိုတာ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ နာရီပေါ်က မျက်ရည်စက်များဟာလည်း မလုံခြုံနိုင်ပါဘူး။ မှော်ဆရာ ဘာတွေဖန်ဆင်းနိုင်မလဲဆိုတာ ကျွန်တော်မတွေးတတ်ဘူး။

❓❓ ကိုယ့်ကိုယ်ကို ခွဲခြမ်းစိတ်ဖြာဖူးသလား။ ဥပမာ - ရေးတာကောင်းတယ်။ ဆိုတာညံ့တယ်။ ဆိုတာကောင်းတယ်၊ ရေးတာညံ့တယ်။ ဆိုတာမျိုးပေါ့။
🔲 🔲 ခွဲစိတ်ဖူးပါတယ်။ မညာတမ်းပြောရရင် ကျွန်တော်မကောင်းဘူး။ ညံ့တယ်။

❓❓ ဘယ်သူ့သီချင်းတွေကို အများဆုံးနားထောင်ပြီး ကြိုက်ခဲ့သလဲ။ ဘာကြောင့်ကြိုက်တာလဲ။ အရေးလား။ အဆိုလား။
🔲 🔲 စိုင်းထီးဆိုင် ကြိုက်တယ်။ မြို့မငြိမ်းကြိုက်တယ်။ ရေဒီယိုကြိုက်တယ်။ မာမာအေးကြိုက်တယ်။ တွံတေးသိန်းတန်ကြိုက်တယ်။ ခိုင်ထူးကြိုက်တယ်။ ဘာကြောင့် ဘာကိုကြိုက်မှန်းမသိအောင်ကို ကြိုက်ပါတယ်။

❓❓ ပရိသတ်ကို ဘာပြောချင်လဲ။ အရေးကြိုက်တဲ့ ပရိသတ်ကိုကော အဆိုကြိုက်တဲ့ ပရိသတ်ကိုကော။ နှစ်ခုလုံးကြိုက်တဲ့ ပရိသတ်ကိုကောပေါ့။
🔲 🔲 ပြောပြီးတဲ့ အတိုင်းပါပဲ။ ကျွန်တော်က ညံ့တယ်။ အဲဒီတော့ ပိုကြိုးစားပါ့မယ်။ ခင်ဗျားတို့အတွက်ရော၊ ကျွန်တော့်ဝိဉာည်အတွက်ရောပေါ့။ အားလုံးကို ကျေးဇူးလည်းတင်တယ်။ ကျွန်တော့်ကို တစ်ခုခုပြောချင်ရင် ပန်းနုလဝန်းတေးသံသွင်း၊ ၃၅၀ - ဘားလမ်း။ ရန်ကုန်လိပ်စာနဲ့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ copy ယူလာပါသည် ခင်ဗျာ.. ကျွန်တော့် မိတ်ဆွေများ ဖတ်ရန်

==========
မင်းဟန်
စက်တင်ဘာ၊ ၁၉၈၇
ဂီတပဒေသာမဂ္ဂဇင်း
==========
▂▃▄▅▆▇█▓▒░Rock နှင့် ပတ်ဝန်းကျင်░▒▓█▇▆▅▄▃▂
Gita Yoteshin Page မှတင်ထားသော မဂ္ဂဇင်းဓါတ်ပုံအား Page Admin အားခွင့်တောင်းပြီး စာစီ၍ပြန်တင်ပေးပါသည်။
Gita Yoteshin Page Links 👇👇👇
https://www.facebook.com/Gita-Yoteshin-108085085159504/

10/04/2022

ငါ့တရား စီရင်တော်မူခန်း
သိပ်ကြိုက်တဲ့သီချင်း
ဘယ်သူမှတော့ cover
ပြန်ဆိုတာ မတွေ့သေးဘူး
ကျွန်တော် ကြိုက်လွန်းလို့
ပြန်ဆိုပြမယ်
ကဲ ..ဘယ်လိုလဲ.
တင်ပေးမယ်ဗျာ.
အားပေးမယ်မဟုတ်လား

05/03/2022

ရှားရှားပါးပါး ဇာတ်ပေါင်းခန်း သီချင်းလေး က ဂစ်တာတီးတိုင်း အသဲတယားယားနဲ့ ဆိုဖြစ်တယ်
ထာဂစဉ် လေးစားလျှက်ပါ ဆရာငှက်...

28/02/2022

ကျွန်တော် ဒီ page လေး ပြုလုပ်ခြင်းသည်
ဆရာငှက် အား ဂါရဝ
ပြုနေခြင်းဖြစ်ပီး
ဆရာ့ သီချင်းများလဲ ဂစ်တာတီး သီဆိုနေသူဖြစ်လို အမြဲ အမှတ်ရနေအောင်လို့ပါခင်ဗျာ..
သီချင်းများ လဲ တောင်းလို့ရပါတယ်..အလျင်းသင့်သလိုလဲ တင်ပေးပါ့မယ် ခင်ဗျာ

24/02/2022

နေဝင်တာ နောက်ကြုံဦးမယ်.. အချိန်တန်လာရင် နုတ်ဆက်ရမယ် ဒီအတိုင်းပဲ...
#ငှက်ရှိရင်ကောင်းမယ်

ကောင်းကင်ထဲကမြစ်
မြေပြင်မှာသံစဉ်တွေပျံ့လွင့်
ကိုငှက်မှကိုငှက်သို့
ထာဝရရှင်သန်ခြင်း
သမုဒယမြစ်တစ်စင်း

ဖြည့်စွက်ဂုဏ်ပြုခြင်း...
ZTMM

Crd

#အောင်သစ်

အသံတိုင်း
ဂီတဖြစ်မလာနိုင်ပေမယ့်
ခင်ဗျား ရင်ခွင်ထဲက
ဂျပ်စင်ထိပ်မှာ
လရိပ်ပြာကတော့
ဂီတဖြစ်နေတုန်းပဲ
ဧရာဝတီနဲ့ ငြိစွန်းခဲ့ဖူးတဲ့ ခင်ဗျား
လမ်းဘေးကဖေးကနေ ငေးခဲ့တဲ့ခင်ဗျား
ချစ်တိုင်းလဲ မညားတဲ့ခင်ဗျား
ဒီမှာ
စာသင်ခုံတွေနဲ့ မိတ်ဆက်ပေးချင်တဲ့ ဆရာ
ဧရာဝတီကို ပစ်မပြေးချင်တဲ့ တံငါ
ခင်ဗျား အိမ်ထဲက
ငှက်ဟာ အိ​နြေ္ဒရရ

လာစမ်းပါ
ကြယ်တွေစုံတဲ့ညမှာ
ကျုပ်ခင်ဗျားနဲ့အတူ တစ်ခွက်လောက်တော့ချမယ်
လူသံတွေ ငြိမ်သက်သွားတဲ့ လမ်းကြားမှာ
မျောပါနေတဲ့ ဝိညာဉ်နဲ့လမ်းအတူလျှောက်မယ်
အမေ့အိမ်ထဲကနေ
ခဏလောက်ထွက်ခဲ့စမ်းပါ
အိမ်အပြင်ကမ္ဘာကိုငေးကြည့်မနေနဲ့တော့
တွေးလက်စတွေ ထားခဲ့
ဆွေးလက်စတွေထားခဲ့
သွားကြမယ်
လမ်းဘေးကဖေးတိုင်းဟာ
ခင်ဗျားရဲ့သြဇာနဲ့မကင်းဘူး။

မေးလို့မရတော့ဘူး
ကန်တော့ပလ္လင်ဘုရားပေါ်ကနေ
ခင်ဗျား ဧရာဝတီ ကိုဘယ်လိုမွေးဖွားခဲ့သလဲ
ဆိုတာကို
ငါးနှစ်သမီးမိကွန်ကို သိုင်းသင်ပေးချင်တဲ့သူ
ဈာပနကိုလိုက်မပို့ရပေမယ့်
ခင်ဗျားအတွက် ရည်စူးပြီးရွယ်
ဆုတောင်းပေးလိုက်တယ်
ရောက်ရာအရပ်မှာ သီချင်းတွေ ဖန်တီးနိုင်ပါစေ။

၃၃ လမ်း ထိပ်ကိုသွားမယ်
ငါနဲ့ငါကြားဗျာများနေတဲ့သူတွေ
ကျုပ်တို့ထိုင်ကြည့်နေကြရအောင်
' ပြန်မလာတော့ဘူးကွယ် '
ခင်ဗျားတစ်ကယ်ထွက်သွားခဲ့တာပဲ
'' နာရီရဲ့သီချင်း
ညီလေးရေ
အသည်းကွဲခဲ့တဲ့ကမ္ဘာ ''
တွေးစရာတွေ အများကြီးပေးခဲ့တယ်
ဂျပ်ဆင်ထိပ်ကနေ
ခင်ဗျား ကျောင်းထဲကိုကြည့်တဲ့အကြည့်မျိုး
အနှိုင်းမဲ့မေတ္တာထဲကနေ
မိကွန်ထောကိုကြည့်တဲ့အကြည့်မျိုး
အကျီဖြူဖြူတွေတွေ့ရင်ခင်ဗျားကိုသတိရတယ်။

ခင်ဗျားဟာ အရူး
အရူးမှသီချင်းရူး
သီချင်းတွေ နောက်ကိုသာ
သဲသဲမဲမဲ လိုက်နေတတ်တဲ့
ငှက်
ကျုပ်တို့ရင်ထဲက ကိစ္စတွေကို
ဘာသာပြန်သူ
ခင်ဗျားလောကကို ဘယ်လိုမြင်လဲ
ပန်းဆိုးတန်းကို ခင်ဗျား ဘယ်လိုခင်သလဲ
ခင်ဗျား မျက်မှန်ထူထူကို ခဏငှားပါလား။

ခင်ဗျားကိုဖတ်ချင်ရင်
စင်သီယာကိုကြည့်
ဧရာဝတီကိုကြည့်
ပုသိမ်ကိုကြည့်
နောက် လမ်းဘေးကဖေးတွေကိုကြည့်
သွားတော့သွားပေါ့ဗျာ
မတားပါဘူး
ဒါပေမယ့် ခင်ဗျားသွားတဲ့နေ့က
နေဝင်တာ နဲနဲစောသွားတယ်။ ။

21/02/2022

ဂစ်တာတီးတိုင်း မပါမဖြစ် သီချင်းပါ ဆရာငှက်ရေ

ဆရာငှက် အလွမ်းပြေ ခံစားမိ
05/02/2022

ဆရာငှက် အလွမ်းပြေ ခံစားမိ

22/01/2022

ဆရာငှက်ရဲ့ စကားလုံးမရှိတဲ့ကောင်းကင်၂ သီချင်းလေး စမ်းဆိုကြည့်တာ အမှတ်ရလွန်းလို့ သည်းခံနားဆင်ပေးပါဗျာ

05/01/2022

ဒီ..သီချင်းလေးကလဲ အကောင်းဗျာ

30/12/2021

နုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း ပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ အချိန်နာရီတွေပေါ်ကိုကျော်လွန် ရေလိုဖြတ်ပီး စီးဆင်းနေဆဲ... အဲစာသားတွေ လိုက်ဆိုရတာကိုက.. ရင်ခုန်နေဆဲ.. ဆရာ ငှက်ရေ

30/12/2021

ခေါင်းစဉ် တခုအောက်မှ
ကျဆုံးလိုက်ဖို့
ကျွန်တော် အဲ့လောက်
မမိုက်မဲဖူး
ထူးအိမ်သင်

ယနေ့မှစ၍ ကိုငှက်ရဲ့ သီချင်းထဲကမှနားဆင်ချင်သော သီချင်းများ စတင်၍ တောင်းဆိုလို့ ရပါပီ ခင်ဗျာ သီချင်းခေါင်းစဉ် လေး ပြောပါ ခ...
29/12/2021

ယနေ့မှစ၍ ကိုငှက်ရဲ့ သီချင်းထဲကမှ
နားဆင်ချင်သော သီချင်းများ စတင်၍ တောင်းဆိုလို့ ရပါပီ ခင်ဗျာ
သီချင်းခေါင်းစဉ် လေး
ပြောပါ ခင်ဗျာ

29/12/2021

ကျွန်တော် အကြိုက်ဆုံး ထဲက စိမ်းရက်လေအား.. အခုတလော ဂစ်တာနဲ့တီး ပီးဆိုကြည့်တာ ကြောထဲတောင် စိမ့်တယ်.. ဦးငှက် သီးချင်းတွေက
နတ်ကြီးတယ်ဗျာ

ငါ့ကို ရပ်တန့်အောင်မလုပ်ကြနဲ့.. မှားချင်လဲမှားမယ်မှန်ချင်လဲ မှန်မယ်ကျုပ်ငြိမ်ငြိမ်လေးနေဖို့မတတ်နိုင်ဖူး..ဘောင်ဘီးဝတ်ထားတ...
22/12/2021

ငါ့ကို ရပ်တန့်အောင်
မလုပ်ကြနဲ့.. မှားချင်လဲ
မှားမယ်
မှန်ချင်လဲ မှန်မယ်
ကျုပ်ငြိမ်ငြိမ်လေးနေဖို့
မတတ်နိုင်ဖူး..
ဘောင်ဘီးဝတ်ထားတဲ့
မိုးတိမ်
ကိုသျှပ် ကို ညွှန်းသည်

💢ထူးအိမ်သင် (သို့မဟုတ်) ကောင်းကင်အမိုးကို ဖောက်ခွဲ တစ်ယောက်တည်းထိုင်နေတာ အိပ်မက်မက်ခဲ့သူ 💢ကျွန်တော်သည် လွန်ခဲ့သောအနှစ်နှ...
17/12/2021

💢ထူးအိမ်သင် (သို့မဟုတ်) ကောင်းကင်အမိုးကို ဖောက်ခွဲ တစ်ယောက်တည်းထိုင်နေတာ အိပ်မက်မက်ခဲ့သူ 💢

ကျွန်တော်သည် လွန်ခဲ့သောအနှစ်နှစ်ဆယ်ပတ်ဝန်းကျင်မှ ရန်ကုန်မြို့လယ်တစ်နေရာတွင် ဟောလီဝုဒ်မှ ကွယ်လွန်သူ ကမ္ဘာကျော်ရုပ်ရှင်မင်းသား ဂျိမ်းစဒင်းအမှတ်တရ tribute to a rebel ဟုအမည်ရသော အယ်လ်ဘမ်တစ်ချပ်ကို ဝယ်ယူရရှိခဲ့ပါသည်။ ထိုမင်းသားမှာ ၁၉၅၀ ပြည့်လွန်တစ်ဝိုက်တွင် ကွယ်လွန်ခဲ့သူဖြစ်၍ သူ့အမှတ်တရထုတ်ဝေခြင်း ဖြစ်ပါသည်။ ထိုအယ်လ်ဘမ်ထဲတွင် Rock တာဟူသော သီချင်းတစ်ပုဒ်ကို မြန်မာပြည်ခေတ်ပေါ်ဂီတလောက၏ခေါင်းဆောင်တစ်ဦးဖြစ်သော ကွယ်လူသူအဆိုတော် မင်းမင်းလတ်သည် ကော်ပီသီချင်းအဖြစ်ပြောင်းလဲသီဆိုကာ စာသားကိုတေးရေးသုခမိန်လှိုင်က ထိုစဉ်က ရေးဖွဲ့ပေးခဲ့ပါသည်။ သီချင်း၏အကြောင်းအရာကို လျို့ဝှက်အသိရခက်သောပုံစံမျိုးဖြင့် ရေးဖွဲ့ထားကာ မူရင်းသီချင်းထဲမှ ပါကတ်ရှင်းတီးဟန်များဖြင့် ထိုခေတ်အခြေအနေက ကြိုးစား၍တီးခတ်ထားသည်ကို တွေ့ရပါသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ သီဆိုသူအဆိုကျော်မင်းမင်းလတ်သည် ကမ္ဘာကျော်ထိပ်တန်းသီချင်းများကို လက်ဦးမှုရယူကာသီဆိုနိုင်ခြင်းနှင့် နောက်ခံစာသားဖန်တီးမှုများကလည်း လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် အတွေးအခေါ်တို့ကို ကွာဟမှုမဖြစ်ပေါ်စေဘဲ စာသားများပြောင်းလဲ ရေးဖွဲ့ပေးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာပြည်ခေတ်ပေါ်ဂီတလောကသည် အဟောင်းနှင့်အသစ်တို့၏ ပေါင်းစပ်မှုဖြင့်ဖူးပွင့်လာသော အလှတရားတစ်ခုဖြစ်သည်။ များသောအားဖြင့် ကော်ပီသီချင်းများကို စာသားပြောင်းလဲရေးဖွဲ့ပေးကြသော တေးရေးဆရာများသည် မြန်မာ့အသံ ခေတ်ပေါ်ဂီတလောကမှ အထင်ကရဆရာများ ဖြစ်ကြသည်။ ဥပမာ - ကိုသက်မှူး၊ ဦးကျော့မှူး၊ ကိုလေးလွင်၊ ပုသိမ်မောင်စိမ်းသူ၊ မောင်ဆွေနွယ် တို့ဖြစ်ကြသည်။ ထိုအထဲတွင် ဆရာသုခမိန်လှိုင်သည် ၁၉၆၀ ပတ်ဝန်းကျင်တစ်ဝိုက် အမေရိကန်ကျူးကျော်စစ်ကို ဆန့်ကျင်သော ဗီယက်နမ်စစ်ပွဲနောက်ခံမှ မွေးဖွားလာသော မြန်မာကဗျာဆရာတစ်ဦးဖြစ်သည်ဟု ယူဆမိပါသည်။ ကျွန်တော်တို့ငယ်စဉ်က လျှို့ဝှက်သဲဖိုမဂ္ဂဇင်းနှင့် ရှုမဝမဂ္ဂဇင်း၏အတွင်းကဗျာများတွင် သူ၏အနုပညာကို စတင်သတိထားမိပါသည်။ ထိုစဉ်က သူသည် သူ၏မူရင်းကလောင်အမည်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ အထက်ပါ မြန်မာ့အသံလောကမှ တေးရေးဆရာများသည် The Elf တီးဝိုင်းတွင် ကိုသက်မှူး၏ လက်ရာများကိုတွေ့သည်။ အီလက်ထရောနစ်မစ်ရှင်းဝိုင်းတွင် ဦးကျော့မှူးနှင့် မောင်ဆွေနွယ်တို့၏ လက်ရာများကိုတွေ့ရှိရပါသည်။ ကိုလေးလွင်မှာမူ ပလေးဘွိုင်း၏ ပင်တိုင်တေးရေးဆရာဖြစ်သည်။ ပုသိမ်မောင်စိမ်းသူက The King မှ မင်းမင်းလတ်အတွက် ပင်တိုင်တေးရေးဆရာဖြစ်သည်။ ထိုတေးရေးဆရာများသည် မိမိတို့ မူလဝိုင်းခွဲနေသည့် ပုံစံများနှင့်မဟုတ်ဘဲ ခေတ်ကာလတစ်ခု၏ အစမ်းအသပ်ကို ခံနိုင်အောင် အားထုတ်ရေးဖွဲ့ခဲ့ကြခြင်းဖြစ်သည်။ သုံးသပ်၍ပြောရလျှင် ကမ္ဘာကျော် ထိပ်တန်းသီချင်းသံစဉ်များနှင့် မြန်မာကျော် သီချင်းရေးဆရာများ၏ တွေ့ဆုံမှုမှသည် မြန်မာခေတ်ပေါ်ဂီတလောကအား လှပစွာဖူးပွင့်စေခြင်းတစ်ရပ်လည်း ဖြစ်ပါသည်။ ၁၉၇၀ နှင့် ၈၀ ပတ်ဝန်းကျင်တစ်ဝိုက်တွင် ပြည်တွင်း ဒိုမက်စတစ်ဟန်များဖြင့် တီးခတ်သော The Wild Ones တေးဂီတသည် မြန်မာပြည်တွင် အထူးအောင်မြင်ကျော်ကြားလာသည်ကို တွေ့ရသည်။ သီချင်းများအားလုံး၏ သံစဉ်နှင့်စာသားများကို ဒေါက်တာစိုင်းခမ်းလိတ်က ဦးဆောင်ရေးဖွဲ့သည်ကို တွေ့ရှိရသည်။ The Wild Ones ၏ဟန်မှာ နိုင်ငံတကာဂီတပုံစံကို ကြိုးစား၍ထားသော်လည်း ပြည်တွင်းဒိုမက်စတစ်ဟန်များကသာ လွှမ်းမိုးနေသည်ကိုတွေ့ရသည်။ နောက်ထပ်ကျော်ကြားလာသည့်ဝိုင်းမှာ မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ဖြစ်သည်။ သူတို့၏ ကိုယ်ပိုင်ဟန်ဂီတတွင် ဂီတ Form မျိုးစုံကို နည်းစနစ်ပိုင်းများနှင့်အတူ အသုံးပြုလာသည်ကိုတွေ့ရသည်။ ခေတ်ပေါ်ဂန္တဝင်ဟန်များမှသည် Metal Form များအထိ အသုံးပြုလာကြသည်။ သို့သော် သီချင်းပုံစံအတော်များများသည် ပြည်တွင်း Local Blues ဟန်များဖြင့်သာ ထုံမွမ်းနေသည်ကိုတွေ့ရသည်။ တကယ်တော့ ကိုယ်ပိုင်သံစဉ်ဂီတသမားများသည် တောထဲတွင် လွတ်လပ်စွာကျက်စားနေသည့် မြင်းရိုင်းတစ်ကောင်ကို ဖမ်း၍စီးနှင်ရသည်နှင့်တူသည်။ မြင်းရိုင်းကိုဖမ်းဆီးသူသည် ရဲရင့်မှုနှင့်အတူ ကျွမ်းကျင်လိမ္မာပါးနပ်မှုမရှိလျှင် အတော်မလွယ်ကူသောကိစ္စဖြစ်သည်။ ကုန်းနှီးမဲ့၍ ဇက်ကြိုးတပ်ဆင်မထားသော မြင်းရိုင်းတစ်ကောင်ကို စီးနှင်းရသကဲ့သို့ ကိုယ်ပိုင်သံစဉ် ဂီတဖန်ဆင်းသည့်အဆင့်ကိုမျှ ရနိုင်မည်မဟုတ်ပါ။

ဤသို့သော အခြေအနေတွင် ၁၉၈၀ ပတ်ဝန်းကျင်တစ်ဝိုက်တွင် လူငယ်တေးရေးအဆိုတော် ထူးအိမ်သင်၏ "နာရီပေါ်မှ မျက်ရည်စက်များ" အယ်လ်ဘမ်ထွက်ရှိလာသည်။ တစ်ခွေလုံးသံစဉ်နှင့်စာသားကို ထူးအိမ်သင်ရေးဖွဲ့ထားခြင်းဖြစ်သည်။ သူ့ဂီတဟန်မှာ လက်ရှိအနေအထားများကို သူတတ်စွမ်းသရွေ့သော လေ့လာမှုများဖြင့် ယုံကြည်စွာလျောက်လှမ်းလိုက်ခြင်းဖြစ်သည်။ ဆိုရလျှင် ကော်ပီသီချင်းများနှင့် ဒိုမက်စတစ်ဟန်များကို ရှောင်လွှဲလိုက်ခြင်းဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ သူ့သီချင်းများကို နောက်ခံတီးေးသော သမ္ဘာရင့်သမဏိရှည် "တွေးပန်းချီ" (The Aces) ဝိုင်းဖြစ်သည်။ ဝိုင်း၏ခေါင်းဆောင်မှာ ဂီတမှူး ဦးသန်းရွှေဖြစ်သည်။ ၁၉၆၀ နှင့် ၇၀ ပတ်ဝန်းကျင်တဝိုက်မှစတင်၍ ရုပ်ရှင်နောက်ခံများကို တီးခတ်ပေးခဲ့သောထိုဝိုင်းသည် စာရေးသူတို့ငယ်စဉ်မှ ကြည့်ခဲ့ရသော ဆိုးသွမ်းလူငယ်တို့၏စရိုက်ကိုရိုက်ပြသော "သမန်းကျား" ဇာတ်ကားစိုးရွှေ၏ တနေဝင်သော်ဇာတ်ကားတွင် Cowboy Joney Yuma ဇာတ်ကားမှတီးလုံးများ The good the bed and the ugly ဇာတ်ကားမှ တီးလုံးများကို တီးခတ်ကြသည်ကို အမှတ်ရမိပါသည်။ သို့သော်ဝိုင်း၏ စန်းထချိန်မှာ ၁၉၈၀ ပတ်ဝန်းကျင်တစ်ဝိုက်မှ စတင်ခဲ့ပါသည်။ ဝိုင်း၏အတွေ့အကြုံနှင့် သမ္ဘာအရ ထူးအိမ်သင်၏ နာရီပေါ်မှ မျက်ရည်စက်များ အယ်လ်ဘမ်တွင် ကိုယ်ပိုင်သံစဉ်သီချင်းများကို ပုံဖော်လိုက်ရာတွင် ကော်ပီဟန်သက်သက် လွှမ်းမိုးမနေသလို ပြည်တွင်းဟန်များကိုလည်း ကျော်လွန်သွားပါသည်။ ထိုအခါ အာရုံခံစားမှုအသစ်ကို ရရှိလိုက်သလို ဝိုင်း၏နောက်ခံဂိတပံ့ပိုးမှုကြောင့်လည်း တစ်နိုင်ငံလုံးရှိဂီတချစ်သူ ပရိသတ်များမှာလည်း စွဲမက်သွားကြပါသည်။ ထိုအထဲတွင်ပို၍ ပိုင်အိုးနီးယားဖြစ်သူက ထူးအိမ်သင်ဖြစ်ပါသည်။ သူသည် သူရေးဖွဲ့သော သီချင်းသံစဉ်များက အားကောင်းသလို သူ၏စာသားများကလည်း ကျစ်လစ်၍လှပပါသည်။ ထိုပထမအယ်လ်ဘမ်ထဲတွင် "နာရီရဲ့သီချင်း" ဟူသောသီချင်းသည် စာရေးသူအတော်နှစ်ခြိုက်ခဲ့ပါသည်။

သီချင်းအကြောင်းအရာမှာ မြစ်တစ်ခုလိုစီးဆင်းနေသော အချိန်အောက်တွင် လူ့ဘဝကိုရရှိခဲ့သော လူသားများသည် လောဘ၊ ဒေါသ၊ မောဟများဖြင့် ပြွန်းတီးမနေဘဲ ဘဝကို သန့်သန့်စင်စင်နှင့်နေထိုင်ရန် မိမိအသက်ဆက်ဖို့အတွက် တခြားသူများ၏ဘဝကို မစတေးမိစေရန် နှလုံးသားကို အမြဲတမ်းသတိပေးနေရမည်ဖြစ်ကြောင်း တကယ့်လူသားဝါဒ အကျိုးပြုသီချင်းကောင်းတစ်ပုဒ် ဖြစ်ပါသည်။ သူသည် စည်းရုံးရေးသက်သက် အသွင်မျိုးမဟုတ်ဘဲ သူ၏အကျိုးပြုသီချင်းများမှာလည်း အနုပညာပါ၍ ဆွဲဆောင်မှုအားကောင်းလှသည်ကို တွေ့ရပါသည်။ ဥပမာ - "ကွက်လပ်ဖြည့်လိုက်ပါ" ကဲ့သို့သီချင်းမျိုးနှင့် "ညီလေးရေ" သီချင်းမျိုးတို့ဖြစ်သည်။ သူ၏ ကမ္ဘာကျော်အထင်ရှားဆုံး ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးဝါဒဖြင့် ရေးသားခဲ့သော သီချင်းမှာ "ငြိမ်းချမ်းပါစေ" ဖြစ်သည်။ ထိုသီချင်းမှာ "သက်ငြိမ်" စီးရီးမှဖြစ်သည်။

သက်ငြိမ်သီချင်းတွင် "ပုဂ္ဂလိကဘဝကျဆုံးကာ လူ၏ထွက်ပြေးသော အခန်းလွတ်တစ်ခုထဲတွင် စားပွဲတစ်လုံးပေါ်က စက္ကအပိုင်းအစများ ... ဆေးလိပ်တိုများ... ကံ့ကော်ပန်းခြောက်တစ်ပွင့်နှင့်အတူ ဖျားနာသေဆုံးနေသည့် နာရီလေးတစ်လုံးကို ခင်းကျင်းပြရင်း မိမိကိုယ်ကိုယ် ကောင်းကင်အမိုးကို ပေါက်ခွဲ၍ တစ်ယောက်ထဲ ထိုင်နေသည်ကို အိပ်မက်မက်ခဲ့သူ ယုံကြည်ချက်လမ်းမပေါ်တွင် မူးလဲနေသောလူတစ်ယောက်၏ မပီမသဆဲရေးသံ၊ အသံသေနေသော ဂီတတစ်လက် စသည်တို့ဖြင့် လျှို့ဝှက်အသိရခက်သည့် ပုံစံမျိုးဖြင့် ရေးဖွဲ့ထားခြင်းမျိုးဖြစ်သည်။ "

သူ၏သီချင်းများကို ထိုစဉ်ကမဂ္ဂဇင်းစာမျက်နှာများတွင် နိုင်ငံခြားသံစဉ်များမှ ဖြတ်ညှပ်ကပ်ထားသောသီချင်းများဟု ဆောင်းပါးရိပ်ခြေပြောသံကို တစွန်းတစကြားမိခဲ့ပါသည်။ ဤနေရာတွင် စာရေးသူအတွေ့အကြုံအရပြောရလျှင် စာရေးသူသည် မြန်မာခေတ်ပေါ်ဂီတ၏အစ လူငယ်ဘဝမှာ ယခုအသက်ငါးဆယ်ပတ်ဝန်းကျင်အထိ ခေတ်ပေါ်နိုင်ငံခြားတေးဂီတများကို နေ့စဉ်နားထောင်သော ဝါသနာအထုံကြီးခဲ့ပါသည်။ ကမ္ဘာအသံလွှင့်ဌာနအသီးသီးမှ ထုတ်လွှင့်သောသီချင်းများကို ဖမ်းယူနားထောင်ရင်း ကျောင်းပြီးသွားသောနှစ်တွင်လည်း ရန်ကုန်မြို့လည် ဘားလမ်းအတွင်းရှိ အင်္ဂလိပ်သီချင်းဓာတ်ပြားများကို သီးသန့်ရောင်းချသော ဓါတ်ပြားတိုက်တွင် အလုပ်လုပ်ခဲ့ပါသည်။ ထိုစဉ်က ယခုလက်ရှိ ဂီတဆိုင်ရာဆောင်းပါးများကို သွေးကြွအောင် ရေးသားနိုင်သော ဆရာစိုးသိန်းမှာ တိုက်သို့အဝင်အထွက် ရှိသူဖြစ်၍ ညွှန်ပြသော ကမ္ဘာအကျော်အမော်တို့၏ တေးဂီတအခွေတို့ကိုလည်း မလွတ်တန်းလေ့လာခွင့်ရခဲ့ပါသည်။ ယနေ့ထက်တိုင်လည်း ထိုအထုံဝါသနာမှာ ပျောက်ကွယ်မသွားသေးပါ။ ခြုံ၍ပြောရလျှင် ဘဝတသက်တာတလျှောက်တွင် စာရေးသူနားထောင်ခဲ့သော အင်္ဂလိပ်သီချင်းရာပေါင်းများစွာတို့တွင် ထူးအိမ်သင်မှ ဖြတ်ညှပ်ကပ်ထားသော (သို့မဟုတ်) ခိုးယူသုံးစွဲထားသော သီချင်းတစ်ပုဒ်မှ မကြားဖူးပါ။ မိမိကဲ့သို့ပင် အင်္ဂလိပ်သီချင်းများကို ဝါသနာပါသော မိတ်ဆွေတစ်ယောက်နှင့် စကားစပ်မိရာတွင်လည်း သူက ထူးအိမ်သင်၏ ကိုယ်ပိုင်ဖန်တီးမှုအနုပညာဘက်မှရပ်တည်၍ ပြောပါသည်။

၁၉၉၀ ပတ်ဝန်းကျင်တွင် ထူးအိမ်သင်နှင့် ရုရှားမှ ဂီတ Dip ယူလာသော ကိုစောနုနှင့် အပြန်အလှန်ဖြစ်ကြသည်။ တဖက်မှအတတ်ပညာကို လိုအပ်သည်ထက်ရှေ့တန်းတင်၍ ပြောလာသည့်အခါ သူ့တွင် အရွှဲ့တိုက်ချင်စိတ်က လွှမ်းမိုးလာဟန်ရှိသည်။ တကယ်တော့ သူသည် အပြောကျယ်လှသော ဂီတမိုးကောင်းကင်တွင် အမြင့်ကိုပျံသန်းနိုင်ရန်အတွက် အတတ်ပညာ၏အရေးပါမှုကို ကောင်းစွာသိနားလည်သူတစ်ဦးဟု ကျွန်တော်ယုံကြည်ပါသည်။ လွန်ခဲ့သော (၇) နှစ်ခန့်တွင် သူ့အား ကျွန်တော်သည် မဂ္ဂဇင်းတစ်စောင်တွင် နိုင်ငံတကာဂီတပညာရှင်များနှင့်ပင် နှိုင်းယှဉ်ကာရေးသားမိလိုက်သည်။ တကယ်တော့ သူ့ကိုယုံကြည်မှုလွန်ကဲ၍ ကလောင်ချော်ရေးသားလိုက်မိခြင်းဖြစ်သည်။ ထိုဆောင်းပါးကို ဖတ်ရှုမိသော မိတ်ဆွေတစ်ယောက်က "အလိုလေး ... ခင်ဗျားသူ့ကို Sir Paul Mactney တို့ Led Zepplin တို့နှင့် တတန်းထဲထား ရေးလိုက်ပါရော့လား ခင်ဗျားသူ့ဆီက ဘာရထားသလဲ'' ဟု အလန့်တကြားမေးလာပါသည်။

သူနှင့်ပတ်သတ်၍ ပုဂ္ဂိုလ်ရေးနှီးနွယ်မှု တစ်စုံတစ်ရာမျှမရှိပါ။ လက်ရှိအမေရိကားမှ တေးရေးတေးဆို ကမ္ဘာကျော် Police မှ String တို့နှင့် သူ့ဘဝကို မြင်ယောင်နေမိ၍ဖြစ်ပါသည်။ ၁၉၉၇ ပတ်ဝန်းကျင်တွင် အမေရိကဝါရှင်တန်တက္ကသိုလ်မှ ဂီတဖြင့်အတွေးအခေါ်ဘာသာရပ်ဆိုင်ရာ ဒေါက်တာဘွဲ့ယူထားသည့် နိုင်ငံခြားမိတ်ဆွေတစ်ဦးနှင့် ခင်မင်သိကျွမ်းခဲ့ပါသည်။ သူက အနောက်တိုင်း ဂန္တဝင်ဂီတနှင့် အရှေ့တိုင်းမှမြန်မာ့စောင်းကို ပေါင်းစပ်ရန်ကြိုးစားနေသူ ဖြစ်သည်။ တနေ့တွင် ကျွန်တော်ကသူ့ကို ထူးအိမ်သင်၏ တေးစီးရီးများအပါအဝင် တခြားမြန်မာပြည်မှ ဒိုမက်စတစ်ဂီတသမားတို့၏ သီချင်းများကိုဖွင့်ပြရင်း "မြန်မာ့ကိုယ်ပိုင်သံစဉ်သီချင်းများ" ဟုပြောဆို၍ သူ့ထံမှတုံ့ပြန်မှုကို နားစွင့်၍နေမိပါသည်။ ကျွန်တော်၏စကားကို သူသဘောပေါက်ပုံမပေါ်ပါ။ လူမျိုးတမျိုး၏ ကိုယ်ပိုင်သံစဉ်ဂီတကို အနက်အဓိပ္ပါယ်ဖွင့်ရာတွင် ကမ္ဘာ့ဂီတဆိုင်ရာ စံချိန်စံညွှန်းများဖြင့် မည်ကဲ့သို့တိုင်းတာကြသည်ကိုလည်း ကျွန်တော် တက်လှမ်းမမီနိုင်အောင်ဖြစ်ခဲ့ပါသည်။

ဤနေရာတွင် ထိုနိုင်ငံခြားဂီတသမားမိတ်ဆွေက တိုက်ရိုက်ပွင့်လင်းစွာ မပြောသော်လည်း ကျွန်တော်တို့မြန်မာခေတ်ပေါ်ဂီတလောကမှာ သူတို့ဆီမှ လက်ဝေခံအဆင့်လောက်သာ သဘောထားဟန်ရှိလည်း ရော့(ခ်)အဆိုတော် ဇော်ဝင်းထဋ်၏အင်တာဗျူးတစ်ခုတွင် မြန်မာ့ခေတ်ပေါ်ကိုယ်ပိုင်သံစဉ်ဆိုကာ ဆိုင်းဝိုင်းကြီးရှေ့ပြီး ဆိုပြရမလိုဖြစ်နေပြီဟု ပြောသံကြားဖူးခဲ့ပါသည်။ ဤနေရာတွင် ကိုယ်ပိုင်ဖန်တီးမှုအနုပညာများ ကမ္ဘာတွင် ဝိုက်ခတ်ခဲ့သည်ကို သတိရမိပါသည်။ အမေရိကန်တွင် ပထမအကြိမ်ကျင်းပသော ၁၉၇၀ ပတ်ဝန်းကျင် Woodstocks ဂီတပွဲတော်တွင် လက်တင်အမေရိက ဂီတသမား ကားလိုံ့စ်ဆန်တားနား၏ ပါကတ်ရှင်းတီးဟန်များဖြင့် ဆန်းသစ်သောတင်ဆက်မှုများ စပိတ်ရိုးရာဂီတပညာရှင်များနှင့် ခေတ်သစ်ဟန်တို့ပူးပေါင်းဖော်ထုတ်လာသော ဂျစ်ပဆီကင်း(န်)ကဲ့သို့ဝိုင်းများ၊ ဂျမေကာကျွန်းသား ရက်ဂေးပညာရှင် Bob Marley ၏ နိုင်ငံတကာဂီတကို ထိုးဖောက်လာသောဟန်များ Rock & Roll can never die ဟူသော ဆိုးရိုးစကားအတိုင်း Rock ဂီတ၏ အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ရှင်သန်နေသောပုံစံများ စသည်တို့ဖြစ်ပါသည်။

ပင်မရေစီး၏ အရှိန်အဟုတ်ပြင်းစွာစီးဆင်းနေချိန်တွင် မိမိတို့ခံယူအားထုတ်နိုင်သလောက်ဖြင့် ကမ္ဘာ့ဂီတထိပ်တန်းသင်တန်းကျောင်းဆင်း လက်ချိုးရေလို့ပင်မရနိုင်သော မြန်မာနိုင်ငံတွင် ယခုလက်ရှိအဆင့်သည် များစွာအားရစရာကောင်းလှပါသည်။ သို့သော်ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံများမှ ကမ္ဘာ့ဂီတလောကအပေါ်တွင် ထိုးဖောက်နိုင်စွမ်းရှိသော သူများလည်း ထွက်ပေါ်နေပါသည်။ ဥပမာ - ဖိလစ်ပိုင်မှ အပီဂျီအိုပညာရှင် ဖရက်ဒီအီကွဲလာ၏ မူရင်းအတိုင်းပြန်လည်တီးခတ်မှုများ Carpenters ဝိုင်းမှသီချင်းများကို အင်္ဂလိပ်သံဝဲဝဲဖြင့် ပိုင်နိုင်စွာသီဆိုနိုင်သော ထရေစီဟောင်း(န်)ကဲ့သို့ အမျိုးသမီးအဆိုတော်များ ဟောင်ကောင်းမှ မူရင်းကန်းထရီးသီချင်းများကို Band အလိုက်အောင်မြင်စွာ သီဆိုနိုင်သော Wyners အဖွဲ့သားများ၊ ကမ္ဘာ့ထိပ်တန်းသီချင်းများတွင် နေရာဝင်ယူနေသော ဂျပန်သီချင်းများ ၁၉၈၀ ပတ်ဝန်းကျင်တွင် Made in Thailand သီချင်း၏အောင်မြင်မှု စသည်တို့မှာ အတုယူဂုဏ်ယူစရာဖြစ်ပါသည်။ မြန်မာပြည်မှ Local talent တစ်ခေတ်ကို လွမ်းဆွတ်မိပါသည်။ အားထားလောက်သော ဂျွိုက်(စ်)ဝင်းခေါ် အင်္ဂလိပ်စာဌာနမှ (ဒေါ်)နွဲ့ယဉ်ဝင်း၏ ဂျပန်သီချင်း အင်္ဂလိပ်သီချင်းများကို ဖွင့်၍ဆိုဟန်များကို လွမ်းဆွတ်မိပါသည်။ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်တွင် အမျိုးသမီးအဆိုရှင် She ၏ မူရင်းအင်္ဂလိပ်သီချင်းများကို ပြန်လည်သီဆိုသော "ဘဝ" ဟူသော အခွေကို နားထောင်မိသည်။ ကြိုဆိုပါသည်။ အချို့သီချင်းတွင် မူရင်းအဆိုတော်၏ Mood ကို အမိအရဖမ်းကာ သီဆိုထားသည်ကို လေးစားမိပါသည်။ အချိန်တစ်ခု အနေနှင့်ပေး၍ကြိုးစားလျှင် ကမ္ဘာ့ဂီတလောကတွင် ထိုက်တန်သော တစ်နေရာ ရရှိနိုင်ပါလိမ့်မည်ဟု ယုံကြည်ပါသည်။ ဆောင်းပါး၏ နိဂုံးအနေနဲ့ပြောရလျှင် မြန်မာ့ခေတ်ပေါ်ဂီတလောကကို အစောပိုင်းလူများက ဘဝနှင့်ရင်း၍ ကြမ်းတမ်းစွာဖောက်လုပ်ခဲ့ကြရသည်။ ထူးအိမ်သင်ကဲ့သို့ ပုဂ္ဂိုလ်များက လမ်းကိုပိုမိုချောမွေ့သွားအောင် တာဝန်ကျေစွာဖြင့် ဆက်၍ဖောက်လုပ်ခဲ့ကြသည်။ ကျန်သောသူများက နောက်ထပ်ထိုးဖောက်နိုင်မည့် အားမာန်တစ်ရပ်နှင့်အတူ ကမ္ဘာ့ဂီတလောက၏ တံခါးများကို ဖွင့်လှစ်၍ ဝင်ရောက်နိုင်ကြပါစေဟု ဆန္ဒပြုရင်း ဤဆောင်းပါးကို အဆုံးသတ်လိုက်ပါသည်။

ဇွန်မျိုးဦး
21 , August , 2004
ဤဆောင်းပါးကို ကွယ်လွန်သူထူးအိမ်သင် အမှတ်တရ ဂုဏ်ပြုရေးဖွဲ့ပါသည်။
▂▃▄▅▆▇█▓▒░Rock နှင့် ပတ်ဝန်းကျင်░▒▓█▇▆▅▄▃▂
Bro Mg Mg Tin တင်ထားသော မဂ္ဂဇင်းဓါတ်ပုံအား ဖတ်၍အဆင်ပြေအောင် စာစီ၍တင်ပေးပါသည်။

12/12/2021

10 Like ပြည့်တာနဲ့
သီချင်များ စတင်ပါမည်

Address


Telephone

+959686263576

Website

Alerts

Be the first to know and let us send you an email when ထူးအိမ်သင် သီချင်းများ ကာရာအိုကေ သီးသန့် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ထူးအိမ်သင် သီချင်းများ ကာရာအိုကေ သီးသန့်:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share