Foreign Affairs.Myanmar

  • Home
  • Foreign Affairs.Myanmar

Foreign Affairs.Myanmar - To know about international affairs
- နိုင်ငံတကာရေးရာများကို သိရှိနိုင်စေရန်

Israel-Hamas war updates:Oct 11 လက်ဘနွန်နယ်စပ်မှာရှိတဲ့ ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ဟာ လက်ဘနွန်နယ်စပ်ကနေ အစ္စရေးကို ဒုံးကျည...
11/10/2023

Israel-Hamas war updates:
Oct 11
လက်ဘနွန်နယ်စပ်မှာရှိတဲ့ ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ဟာ လက်ဘနွန်နယ်စပ်ကနေ အစ္စရေးကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားပြီးနောက် အစ္စရေးဘက်က လက်တုန့်ပြန်တဲ့အနေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၃ ဦးကို အစ္စရေးတွေ သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုးစစ်ဆင်ရခြင်းဖြစ်တယ်လို့ ဟစ်ဇ်ဘိုလာနဲ့ နီးစပ်နဲ့ အယ်လ်မာနာမီဒီယာက ဖော်ပြခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နယ်စပ်မှာရှိတဲ့ Al-Aramshe နဲ့ ကပ်နေတဲ့ စစ်စခန်းကို တင့်ကားဖျက်ဒုံးကျည်ပစ်လွှတ်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပါလက်စတိုင်း စစ်သွေးကြွဟားမတ်စ်အဖွဲ့နဲ့ တိုက်ခိုက်မှုနေတွေရှိနေသလို တစ်ဖက်မှာလည်း လက်ဘနွန်နဲ့ အစ္စရေးတို့အကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်နေတယ်လို့ ဆိုပါတယ်။

Israel-Hamas war updates:Oct 11- ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်ရဲ့ အစ္စရေးနိုင်ငံအပေါ် စနေနေ့က အကြမ်းဖက် တိုက်ခိုက...
11/10/2023

Israel-Hamas war updates:
Oct 11
- ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်ရဲ့ အစ္စရေးနိုင်ငံအပေါ် စနေနေ့က အကြမ်းဖက် တိုက်ခိုက်မှုအပြီးကလေးငယ်တွေအပါအဝင် ဗြိတိန်နိုင်ငံသား ၁၇ သေဆုံးခြင်း ဒါမှမဟုတ် ပျောက်ဆုံးနေမှာကို စိုးရိမ်နေကြတယ်လို့ BBC သတင်းဌါနက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။
CNBC အနေနဲ့ BBC ရဲ့ သတင်းဖော်ပြချက်ကို သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။ ဂါဇာကမ်းမြှောင်နဲ့ အနောက်ဘက်ကမ်းမှာ အနည်းဆုံး ၉၇၃ ဦး သေဆုံးခဲ့ပြီး ပဋိပက္ခစတင်ချိန်ကနေ လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံသား ၁၂၀၀ ခန့် သေဆုံးပြီးဖြစ်တယ်လို့ ဆိုပါတယ်။
— Ruxandra Iordache

Israel-Hamas war updates:Oct 11- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ကြာသပတေးနေ့မှာ အစ္စရေးကို ရောက်ရှိမှာဖြ...
11/10/2023

Israel-Hamas war updates:
Oct 11
- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ကြာသပတေးနေ့မှာ အစ္စရေးကို ရောက်ရှိမှာဖြစ်ပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တစ်ခုကို အီဂျစ်နိုင်ငံနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ ဟားမတ်စစ်အဖွဲ့ဟာ ဂီတပွဲတော်ကို အကြမ်းဖက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဘဏ္ဍာရေးနယ်ပယ်ထိခိုက်လာမယ်ဆိုရင် အစ္စရေးအကြပ်အတည်းဟာ ရေနံဈေးကွက်ကိုက ရိုက်ခတ်လာနိုင်တယ်လို့ ရုရှားထိပ်တန်းအရာရှိတစ်ဦးက သတိပေးပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ရေနံထုတ်လုပ်မှုဟာ အရှေ့အလယ်ပိုင်းကို အခြေခံထားတာဖြစ်ပြီး ရေနံစိမ်းဈေးနှုန်းတွေဟာလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေအပေါ်မှာ အကဲဆတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

Israel-Hamas war updates:Oct 11 အစ္စရေးနဲ့ ဂါဇာကမ်းမြှောင်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ပြီး ၅ ရက်မြောက်မှာတော့ သေဆုံးသူအရေအတ...
11/10/2023

Israel-Hamas war updates:
Oct 11
အစ္စရေးနဲ့ ဂါဇာကမ်းမြှောင်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ပြီး ၅ ရက်မြောက်မှာတော့ သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ ဟားမတ်စ်တွေအနေနဲ့ သေဆုံးသူ ၁၀၀၀ ကျော်သွားပြီလို့ အစ္စရေးစစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြှောင်မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ ကလေး ၂၆၀ ဦး၊ အမျိုးသမီး ၂၃၀ ဦးနဲ့ လူပေါင်း ၄၆၀၀ ဒဏ်ရာရရှိပြီး သေဆုံးသူ ၉၀၀ ထက်မနည်းရှိနေပြီဖြစ်တယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်အကုန်က ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ဟားမတ်စစ်ဟာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ရေးအတွက် ဂါဇာကမ်းမြှောင်အနီးမှာ တပ်ဖွဲ့ဝင်တွေကို စုဆောင်းနေတယ်လို့ အစ္စရေးစစ်တပ်က ပြောကြားလိုက်ပါတယ်။
အစ္စရေးအနေနဲ့ ဂါဇာကမ်းမြှောင်ကို အလုံးစုံ ဝိုင်းရံထားနိုင်ရေးအတွက် အဆိုပါဒေသမှာရှိတဲ့ လူ ၂ သန်းကျော်အတွက် ရေ၊ လောင်စာ၊ လျှပ်စစ်နဲ့ အစားအစားထောက်ပံ့နေမှုတွေကို ဖြတ်တောက်လိုက်ဖို့ အမိန့်ပေးလိုက်ပြီဖြစ်ပါတယ်။

Israel-Hamas war: Latest newsOct 10ဂါဇာရဲ့ ပါလီမန်နဲ့ အရပ်ဘက်ဝန်ကြီးဌါနတွေဟာ တရားဝင်ပစ်မှတ်တွေလို့ အစ္စရေးပြော----------...
11/10/2023

Israel-Hamas war: Latest news
Oct 10
ဂါဇာရဲ့ ပါလီမန်နဲ့ အရပ်ဘက်ဝန်ကြီးဌါနတွေဟာ တရားဝင်ပစ်မှတ်တွေလို့ အစ္စရေးပြော
---------------------------
ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂါဇာရဲ့ ပါလီမန်နဲ့ အရပ်ဘက်ဝန်ကြီးဌါနတွေဟာ ထိုးစစ်ဆင်ရာမှာ တရားဝင်ပစ်မှတ်တွေဖြစ်တယ်လို့ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။
အစ္စရေးလေတပ်အနေနဲ့ မတိုက်ခိုက်မီ သတိပေးပစ်မှတ်တွေကို တူညီတဲ့ တိကျမှုအဆင့်ရှိမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ပါလီမန်နဲ့ အရပ်ဘက်ဝန်ကြီးဌါနတွေဆိုတာ ဟားမတ်စ်ရဲ့ အရပ်ဘက်အစိုးရဆိုတာကို အစ္စရေးက ထည့်သွင်း စဉ်းစားခြင်း ရှိ မရှိ ကို AP သတင်းဌါနက မေးမြန်းမှုအပေါ် ပြောရေးဆိုခွင့်ရှိသူ Richard Hecht က “အဲဒီကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်ရင် အဲဒါ စစ်ဖက်ဆိုင်ရာ ပစ်မှတ်အဖြစ် ပြောင်းလဲသွားတယ်” လို့ တုန့်ပြန်ခဲ့ပါတယ်။

Israel-Hamas war: Latest newsOct 10 (Reuters)  ဟားမတ်စ်တွေရဲ့ ပြင်းထန်းတဲ့ တိုက်ခိုက်မှုကို တုန့်ပြန်ဖို့အတွက် မြေပြင်ချ...
11/10/2023

Israel-Hamas war: Latest news
Oct 10 (Reuters)
ဟားမတ်စ်တွေရဲ့ ပြင်းထန်းတဲ့ တိုက်ခိုက်မှုကို တုန့်ပြန်ဖို့အတွက် မြေပြင်ချေမှုန်းရေးအစီအစဉ်တွေကို အစ္စရေးဖက်က စီစဉ်နေပြီး အစ္စရေးစစ်တပ်အနေနဲ့လည်း အရန်တပ်သား ၃၀၀,၀၀၀ ကို ဆင့်ခေါ်ပြီး ဂါဇာကမ်းမြှောင်ကို ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။
ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေ ၉၀၀ အထိ တိုးလာပြီလို့ အစ္စရေးရုပ်သုံလိုင်းတွေက ကြေညာလိုက်ပါတယ်။
စနေနေ့က ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၆၈၇ ဦးသေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာါနက ပြောကြားခဲ့ပါတယ်။

နျူရေငုပ်သင်္ဘောများ တည်ဆောက်ရန် ဗြိတိန်က ဒေါ်လာ ၄ ဘီလျံ ကန်ထရိုက်ပေး-------------------------လန်ဒန်၊ အောက်တိုဘာ ၃ဗြိတိန...
03/10/2023

နျူရေငုပ်သင်္ဘောများ တည်ဆောက်ရန် ဗြိတိန်က ဒေါ်လာ ၄ ဘီလျံ ကန်ထရိုက်ပေး
-------------------------
လန်ဒန်၊ အောက်တိုဘာ ၃
ဗြိတိန်သည် သြစတြေးလျ၊ အမေရိကန်တို့နှင့် ပူးပေါင်းထားသည့် AUKUS အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အနေ ဖြင့် နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော တစ်စင်းကို ဒီဇိုင်းဆွဲရန်နှင့် ထုတ်လုပ်ရန် ဒေါ်လာ ၄ ဒသမ ၉ ဘီလျံတန်ဖိုးရှိ ကန်ထရိုက်တစ်ခုအား ဗြိတိန်ကုမ္ပဏီ သုံးခုကို ပေးအပ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ကန်ထရိုက်ပေးခဲ့သည့် ကုမ္ပဏီများမှာ BAE Systems၊ Rolls-Royce နှင့် Babcock ကုမ္ပဏီတို့ဖြစ်ပြီး ဗြိတိန်နှင့် AUKUS သုံးပွင့်ဆိုင် အစီအစဉ် တစ်ခုလုံးအတွက် ကြီးမားသော သမိုင်းမှတ်တိုင် တစ်ခုဖြစ်သည်ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
SSN-AUKUS ဟု လူသိများသည့် ရေငုပ်သင်္ဘော အသစ်များသည် ဗြိတိန်တော်ဝင်ရေတပ်၏ အကြီးမားဆုံး၊ ခေတ် အမီဆုံးနှင့် တိုက်ခိုက်နိုင်စွမ်း အများဆုံး ရေငုပ်သင်္ဘောများ ဖြစ်လာမည်ဖြစ်ပြီး ကမ္ဘာ့ထိပ်သီး အာရုံခံကိရိယာ များ၊ ဒီဇိုင်းနှင့် လက်နက်စနစ်တို့ ပူးပေါင်း တည်ဆောက်သွားမည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
AUKUS ရေငုပ်သင်္ဘောများထဲမှ ပထမဆုံး တစ်စင်းသည် ၂၀၃၀ ပြည့်နှစ်တွင် ဗြိတိန်တော်ဝင်ရေတပ်၌ တပ်တော် ဝင် တာဝန်ထမ်းဆောင် သွားမည်ဖြစ်ပြီး သြစတြေးလျအတွက် ပထမဆုံး တစ်စင်းသည် ၂၀၄၀ ပြည့်နှစ် အစော ပိုင်းမှာ တပ်တော်ဝင်သွားမည်ဟု သိရသည်။
SSN-AUKUS ရေငုပ်သင်္ဘောများ ထုတ်လုပ်ရေး အစီအစဉ်များကို သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန် ခေါင်းဆောင်များက မတ်လတွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ထိုသုံးနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသ၌ တရုတ်၏ အင်အားကြီးမားလာမှုကို တန်ပြန်ရန် ပူးပေါင်း လုပ်ဆောင် မှုများအား အရှိန်မြှင့် လုပ်ဆောင်နေသည်။
နျူကလီးယား စွမ်းအင် အသုံးပြုထားသည့် သင်္ဘောများနှင့် ရေငုပ်သင်္ဘောများသည် အာရုံခံထောက်လှမ်းမှုများ ကို ရှောင်လွှဲနိုင်ပြီး ခရီးအကွာအဝေး ပိုမိုမောင်းနှင်နိုင်သည်။
ထို့ပြင် အမေရိကန်သည် ယခင်က နျူကလီးယား ရေငုပ်သင်္ဘော နည်းပညာကို ဗြိတိန်နှင့်သာ မျှဝေ အသုံးပြု ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် နောက်ထပ် တစ်နိုင်ငံနှင့် မျှဝေ အသုံးပြုခြင်း ဖြစ် သည်။
ထို့ပြင် SSN-AUKUS ရေငုပ်သင်္ဘောများသည် သြစတြေးလျ ရေတပ်၏ လက်ရှိအသုံးပြုနေသည့် ဒီဇယ်စွမ်းအင် သုံး ရေငုပ်သင်္ဘောအုပ်စု၏ အင်အားကို သိသိသာသာ မြင့်တက်လာစေမည် ဖြစ်သည်။
သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချက် မာလက်စ် (Richard Marles) က AUKUS သဘောတူညီချက်သည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း မိမိတို့စစ်တပ်၏ စွမ်းဆောင်ရည်ကို အကြီးမားဆုံး မြှင့်တင်သည့် လုပ်ဆောင်ချက် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
AUKUS သဘောတူညီချက်အရ အမေရိကန်သည် ၎င်း၏ Virginia အမျိုးအစား နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော (Virginia-class nuclear-powered submarines) များထဲမှ ၅ စင်းကို ၂၀၃၀ ပြည့်နှစ် အစောပိုင်း တွင် သြစတြေးလျကို ရောင်းချသွားမည် ဖြစ်သည်။
Source: အယ်လ်ဂျာဇီးယား
Credit; CNI International News

ပယ်လစီ ထိုင်ဝမ်ကိုသွားရင် အမေရိကန်-တရုတ် ဆက်ဆံရေးပျက်ပြားလိမ့်မယ်လို့ တရုတ်ပြော ====================သြဂုတ် ၂ ထိုင်ဝမ်ကျွ...
02/08/2022

ပယ်လစီ ထိုင်ဝမ်ကိုသွားရင် အမေရိကန်-တရုတ် ဆက်ဆံရေးပျက်ပြားလိမ့်မယ်လို့ တရုတ်ပြော
====================
သြဂုတ် ၂
ထိုင်ဝမ်ကျွန်းနိုင်ငံကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လစီသွားရောက်မယ်ဆိုရင် တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ဆက်ဆံရေးကိုပျက်ပြားစေမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာတရုတ်သံအမတ်ကြီး ကျောင်းရွှင်းက သြဂုတ်လ ၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ပယ်လစီက ထိုင်ဝမ်ကိုသွားရောက်ခဲ့ရင် တရုတ်နိုင်ငံက ဒီအတိုင်းထိုင်ကြည့်နေမှာ မဟုတ်ဘူးဆိုတဲ့ တရုတ် အစိုးရရဲ့ သတိပေးစကားတွေဟာ အမေရိကန်ပြည်ထောင်စုအတွက် ခြိမ်းခြောက်မှုတွေဖြစ်လာမှာမဟုတ်ဘူး လို့ အမေရိကန်က ပြောဆိုခဲ့သလို ပယ်လစီက သြဂုတ်လ ၂ ရက် (အင်္ဂါနေ့) မှာ ထိုင်ဝမ်နိုင်ငံကိုသွားရောက်ဖို့ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။
“ဒီခရီးစဉ်မျိုးဟာ အရမ်းအန္တရာယ်ကြီးပါတယ်။ တကယ့်ကို ရန်စတဲ့အပြုအမူလည်းဖြစ်ပါတယ်။ တကယ်လို့ ဒီ ခရီးစဉ်သွားဖြစ်ခဲ့ရင် တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကြားမှာ ဆက်ဆံရေးတွေ ပျက်ပြားသွားပါလိမ့် မယ်။” လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံက ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ထမ်းဆောင်မယ့်အခမ်း အနားနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ကျောင်းရွှင်းက ပြောဆိုခဲ့ပါတယ်။
အခု ပယ်လီစသွားမယ်ဆိုပြီး လျာထားတဲ့ခရီးစဉ်ကို ၁၉၉၇ ခုနှစ်တုန်းက အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌအလည်လာရောက်ခဲ့တဲ့ နောက်ဆုံးအကြိမ်ခရီးစဉ်နဲ့ မနှိုင်းယှဉ်သင့်ကြောင်းကိုလည်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ကျောင်းရွှင်းက ပြောပါတယ်။
“အစောပိုင်းကာလက ကျူးလွန်ခဲ့တဲ့အမှားဟာ နောက်ထပ်အမှားကျူးလွန်ဖို့ တရားဝင်ခွင့်ပြုပေးလိုက်တာ မဟုတ်ပါဘူး။ ဒီ့ထက်ပိုပြီးပြောရရင် ထိုင်ဝမ်ကျွန်းက အခြေအနေတွေဟာ ပြင်ပအဖွဲ့အစည်းတွေရဲ့ထောက်ပံ့မှု နဲ့အတူ ပြောင်းလဲနေပါပြီ။” လို့ ကျောင်းရွှင်ကပြောပါတယ်။
“လွတ်လပ်ရေးကြေညာဖို့ ထိုင်ဝမ်ကျွန်းရဲ့တိမ်းညွတ်မှုက နောက်ထပ်ပိုပြီးတော့ ကြီးမားလာနေပါတယ်။ ဒါကို ရပ်တန့်ဖို့ ကျွန်တော်တို့ သင့်တော်သလို အရေးယူဆောင်ရွက်တာမျိုး၊ အင်အားသုံးတားမြစ်တာမျိုးမလုပ်ခဲ့ဘူး ဆိုရင် အခြေအနေက ထိန်းချုပ်လို့ရမှာ မဟုတ်တော့ပါဘူး။” လို့ ကျောင်းက နယူးယောက်မြို့မှာ သတင်း ထောက်တွေကို ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီကျင့်ဖိန်တို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တယ်လီုဖန်းနဲ့ စကား ပြောဆိုတုန်းက ပြောခဲ့သလို တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လေးစားဖို့ အမေရိကန်အစိုးရကို ကျောင်းက တိုက်တွန်းလိုက်ပါတယ်။
Ref: UPDATE 1-China says Pelosi Taiwan visit would undermine U.S.-China ties

ဖိလစ်ပိုင်တွင် အစွန်းရောက် အကြမ်းဖက်များ ကိုနှိမ်နင်းရာ မလေး၊ အင်ဒိုနှင့် အာရပ် လူမျိုးများ အသေရ------------------------...
22/12/2021

ဖိလစ်ပိုင်တွင် အစွန်းရောက် အကြမ်းဖက်များ ကိုနှိမ်နင်းရာ မလေး၊ အင်ဒိုနှင့် အာရပ် လူမျိုးများ အသေရ
------------------------------------------
ဖိလစ်ပိုင်နိုင်ငံ မာရဝီမြို့ရှိ ဘာသာရေး အစွန်းရောက် အကြမ်းဖက် များကို နှိမ်နင်းရာ တွင် နိုင်ငံခြားသား များကို အသေရမိကြောင်း ဖိလစ်ပိုင် တပ်ချုပ် ကပြောသည်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မာရဝီမြို့ကို သိမ်းပိုက် မီးလောင်တိုက်သွင်းရန် ကြံစည်လျှက်ရှိသည့် လက်နက်ကိုင် အကြမ်းဖက်များကို ဖိလစ်ပိုင် တပ်ဖွဲ့များက ခြေမှုန်းနှိမ်နင်းရာတွင် မလေးရှား လူမျိုး ၃ဦး၊ အင်ဒိုနီးရှားလူမျိုး တစ်ဦးနှင့် အာရပ် လူမျိုးဖြစ်နိုင်သူများကို အသေ ရမိခြင်းကြောင့် ဖိလစ်ပိုင်တပ်ချုပ်က ယခုကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။

မာရဝီမြို့ရှိ လက်နက်ကိုင် အကြမ်းဖက်များနှင့် ရက်သတ္တ တစ်ပတ်ကြာသည်အထိ တိုက်ပွဲ များဖြစ်ပွားခဲ့ရာတွင် ရရှိသည့် ခိုင်လုံသည့် အထောက်အထား များအရ ထိုသို့ပြောကြားခြင်း ဖြစ်ပြီး၊ ထိပ်တန်း ဖိလစ်ပိုင် အကြမ်းဖက် များကိုလည်း အသေရ မိခဲ့ကာ၊ ယင်းတို့ ၏ ခေါင်းဆောင်မှာမူ ဒဏ်ရာ ရရှိသွားသည်ဟု ယုံကြည်ရကြောင်းကိုလည်း သူကပြောပါသေးသည်။

အကြမ်းဖက် များသည် မာရဝီမြို့ကို စီးနင်း သိမ်းပိုက်ပြီးနောက် ခရစ်ယာန် များအား သတ်ဖြတ်ရန် အစီအစဉ် ဆွဲထားကြောင်း ဗိုလ်ချုပ် ကြီး အက်ဒူရာဒို အာနိုကပြောပါသည်။

”သူတို့အားနည်းနေပါပြီ။ ဒါကြောင့် ပုန်းနေကြတဲ့ အကြမ်းဖက်တွေကို ကျုပ်တို့ လိုက်နှိမ်နင်းနေကြပါပြီ”ဟုလည်း သူကပြော ပါသေးသည်။

အင်္ဂါနေ့ နံနက်မှစ၍ မာရဝီမြို့တွင် တစ်အိမ်ချင်းလိုက်လံရှင်းလင်းနေရာ ယခုဆိုလျှင် ၇၀ ရာခိုင်နှုန်းမျှရှင်းလင်းပြီးဖြစ်ကြောင်းသိရသည်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မင်ဒါနာအိုကျွန်းရှိ မာရဝီမြို့တွင် မေလ ၂၄ ရက် နံနက် လင်းအားကြီး ၂ နာရီခန့်က၊ အစ္စလာမ် မစ်နိုင်ငံတော် အကြမ်းဖက် အဖွဲ့နှင့်အချိတ် အဆက်ရှိသည့် အဘူဆေယက်ဖ် ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့က စီးနင်း တိုက်ခိုက်မှု များပြုလုပ်ခဲ့သဖြင့် ဖိလစ်ပိုင် တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ အကြမ်းဖက်တို့သည် မာရဝီမြို့တော် ခန်းမ ကို သေနပ်သမားအမြောက်အများနှင့်သိမ်းပိုက်ခဲ့ပြီး ဆေးရုံ၊ အကျဉ်းထောင်နှင့် ကစ်သလစ်ဘုရားကျောင်းများကိုလည်း မီးရှို့ ဖျက်ဆီး ခဲ့သည်။ ထို့ကြောင့် သမ္မတ ဒူတာတေသည် ရုရှားနိုင်ငံမော်စကိုမြို့သို့ရောက်ရှိနေရာမှ ချက်ခြင်းပြန်လာခဲ့ပြီး မာရဝီမြို့နှင့်အနီးတဝိုက်ဒေသများကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ၂လတိတိသတ်မှတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
Ref: Foreign fighters killed in battle for Philippine city
Credit; popularnewsmyanmar

အနောက်နိုင်ငံများ၏ ရန်လိုသော မူဝါဒအား တုံ့ပြန်သွားရန် ရုရှားသမ္မတပူတင် ကတိပြု-------------------------------------ရုရှား...
22/12/2021

အနောက်နိုင်ငံများ၏ ရန်လိုသော မူဝါဒအား တုံ့ပြန်သွားရန် ရုရှားသမ္မတပူတင် ကတိပြု
-------------------------------------
ရုရှားနိုင်ငံသမ္မတ ဗီလာဒီမာပူတင်က အနောက်နိုင်ငံများက “ရန်လိုသော” မူဝါဒအား ဆက်လက်လုပ်ဆောင်ပါ က ရုရှားနိုင်ငံအနေဖြင့် တန်ပြန်တုံ့ပြန်ရေးအစီအမံများအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း ညှိနှိုင်းမှုများအတွက် အဆင်သင့်ရှိနေဆဲဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
“တကယ်လို့ ကျွန်တော်တို့ရဲ့ အနောက်နိုင်ငံလုပ်ဖော်ကိုင်ဖက်တွေဟာ သူတို့ရဲ့ သိသာထင်ရှားတဲ့ရန်လိုတဲ့ လမ်းကို ဆက်သွားမည်ဆိုရင် အဲဒီရန်လိုတဲ့လုပ်ဆောင်ချက်တွေကို ပြတ်ပြတ်သားသားတုံ့ပြန်ဖို့ ပြည့်စုံလုံ လောက်တဲ့ လက်တုံ့ပြန်ရေး စစ်ဘက်ဆိုင်ရာ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာပါ” ဟု ပူတင်က ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ အစည်းအဝေး၌ ပြောကြားခဲ့သည်။
“ရုရှားနိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို သေချာစေဖို့ ရည်ရွယ်တဲ့ ဆောင်ရွက်ချက်တွေကို လုပ် ဆောင်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိပါတယ်” ဟု ပူတင်က ပြောကြားခဲ့ပြီး ရိုမေးနီးယားနှင့် ပိုလန်နိုင်ငံတို့၌ အပါအဝင် ရုရှားနိုင်ငံနယ်စပ်များအနီး အမေရိကန်နိုင်ငံ၏ ဒုံးကျည်ကာကွယ်ရေးစနစ်များ တပ်ဖြန့်ချထားမှု အပေါ် စိုးရိမ်မှုများအား ဖော်ပြခဲ့ကြောင်း သိရသည်။
အကယ်၍ ယူကရိန်းနိုင်ငံ၌ အမေရိကန်နိုင်ငံနှင့် မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်(NATO) အဖွဲ့က ဒုံး ကျည်များအား တပ်ဖြန့်ထားပါက ရုရှားနိုင်ငံသို့ ၇ မိနစ်မှ ၁၀ မိနစ်အတွင်း ရောက်ရှိနိုင်ကြောင်းနှင့် အသံ ထက်မြန်သည့်လက်နက်များဖြစ်ပါက ၅ မိနစ်အတွင်း ရောက်နိုင်ကြောင်း ပူတင်က သတိပေးခဲ့သည်။
“ကျွန်တော်တို့ ဆုတ်ခွာဖို့ ဘယ်နေရာမှာမှ မရှိဘူးဆိုတာ သူတို့ နားလည်ရမယ်” ဟု ပူတင်က ပြောကြား ခဲ့သည်။
ရုရှားနိုင်ငံသည် ဥရောပရှိ လုံခြုံရေးအာမခံချက်များအပေါ် အနောက်နိုင်ငံများ ထည့်သွင်းစဉ်းစားနိုင်ရန် မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်(NATO) အဖွဲ့သို့ သဘောတူညီချက်မူကြမ်းတစ်ခုနှင့် အမေရိကန်နိုင်ငံသို့ သဘောတူစာချုပ်မူကြမ်းတစ်ခုအား မကြာသေးမီက ပေးပို့ခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခနှင့် သွေးထွက်သံယိုမှုတို့ကို ဆန့်ကျင်ကြောင်းနှင့် သံခင်းတမန်ခင်းမှ တစ်ဆင့် အကြောင်းကိစ္စများအား ဖြေရှင်းလိုကြောင်း၊ သို့သော် ယင်းတို့သည် ဥပဒေနှင့်ညီညွတ်သော အာမခံ ချက်များ ရှင်းရှင်းလင်းလင်းဖြစ်ရမည်ဟု ပူတင်က ထပ်လောင်းပြောဆိုခဲ့သည်။
(Xinhua)
Credit; PeopleMedia

တရုတ်နိုင်ငံထုတ် FD-2000B မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် ပထမအသုတ် မော်ရိုကို လက်ခံရရှိ---------------------------------...
22/12/2021

တရုတ်နိုင်ငံထုတ် FD-2000B မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် ပထမအသုတ် မော်ရိုကို လက်ခံရရှိ
--------------------------------------------
မော်ရိုကိုနိုင်ငံသည် တရုတ်နိုင်ငံထုတ် FD-2000B မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် ပထမအသုတ်ကို လက်ခံ ရရှိပြီဖြစ်ပြီး မော်ရိုကိုနိုင်ငံ ဆီဒီယာဟျားအယ်လ်ဂါ့ဘ်မြို့အနီးရှိ အခြေစိုက်တပ်စခန်းတွင် နေရာချထားကြောင်း ဘလာဒီနက်ဝက်ဆိုက်တွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ကဖော်ပြထားသည်။

မော်ရိုကိုနိုင်ငံတွင် စစ်လက်နက်ပစ္စည်းများဝယ်ယူနိုင်ရန် ၂၀၂၁ ခုနှစ် ကာကွယ်ရေးဘတ်ဂျက်ကို ၄% တိုးပေး ထားခဲ့သည်။ မော်ရိုကိုတပ်မတော်ခေတ်မီအောင်အဆင့်မြှင့်တင်ရေးစီမံချက်ကို ၂၀၁၇ ခုနှစ်မှစတင်ရေး ဆွဲခဲ့ ကာ ၂၀၂၀ ပြည့်နှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်အထိ ဆောင်ရွက်သွားရန် ရည်မှန်းထားခဲ့သည်။

စီမံချက်အရ မော်ရိုကို ကြည်း၊ ရေ၊ လေ တပ်မတော်အတွက် စစ်လက်နက်ပစ္စည်းများကို အဆင့်မြှင့်တင် သွားရန် အမေရိကန်ပြည်ထောင်စု၊ နေတိုးအဖွဲ့တို့နှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

မော်ရိုကိုတပ်မတော်သည် အင်အားကြီးမားပြီး ခေတ်မီတပ်မတော်တစ်ရပ်အဖြစ်တည်ဆောက်သွားရန် သံန္နိဋ္ဌာန် ချမှတ်ထားသည်။ မော်ရိုကိုတပ်မတော်တွင် အင်အား ၂၃၅,၀၀၀ ရှိပြီး အရန်အင်အားမှာ ၂၅၀,၀၀၀ ရှိကာ ကြည်းတပ်အင်အားမှာ တပ်မတော်တစ်ရပ်လုံး၏ ၈၈% ရှိကြောင်းသိရသည်။

လက်ရှိအချိန်တွင် မော်ရိုကိုတပ်မတော်တွင် VT-1A ပင်မတိုက်ပွဲဝင်တင့်ကားများ၊ Type 56 7.62mm မောင်း ပြန်ရိုင်ဖယ်များ၊ HJ-8L တင့်ဖျက်ဒုံးကျည်များ၊ PHL-03 နှင့် WS-2D MLRS အတွဲလိုက်ဒုံးပစ်လောင်ချာများ၊ Sky Dragon 50 တာလတ်ပစ် မြေပြင်-ဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များနှင့် Type 90 35mm လေယာဉ်ပစ်စက်သေနတ်တို့အပါအဝင် တရုတ်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများကိုအသုံးပြုလျက်ရှိသည်။

FD-2000 သည် တရုတ်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော China Precision Machinery Import & Export Corporation (CPMIEC) က ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည့် HQ-9 ခေတ်မီတာဝေးပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ကို အဆင့်မြှင့်တင်ထားသည့် ပြည်ပပို့ကုန်ပုံစံလက်နက်စနစ်ဖြစ် သည်။

FD-2000B သည် FD-2000 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ကို အဆင့်မြှင့်တင်ထားသည့် ပုံစံသစ်လက်နက်အမျိုးအစားဖြစ်ပြီး အမြင့်ပေအမျိုးမျိုးမှ ပျံသန်းလာသော သမရိုးကျတိုက်လေယာဉ်များ၊ ကိုယ် ပျောက်တိုက်လေယာဉ်များ၊ ရဟတ် ယာဉ်များ၊ ခရုစ်ဒုံးကျည်များနှင့် ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ်ပစ်ချတိုက် ခိုက်နိုင်သည့် စွမ်းရည်ရှိသော ဒုံးကျည်စနစ်ဖြစ်သည်။

၎င်းအပြင် အဆိုပါဒုံးကျည်စနစ်သည် တာတိုမှ တာဝေးအထိ ပစ်မှတ်မျိုးစုံကို တန်ပြန်ပစ်ခတ်နိုင်စွမ်းရှိသည့် အ ပြင် အခြားလေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်များနှင့်လည်း ချိတ်ဆက်ထားနိုင်သည့် လက်နက်စနစ် ဖြစ်သည်။

တရုတ်လက်နက်ကိုင်တပ်ဖွဲ့များတွင် HQ-9 (FD-2000) လက်နက်စနစ်တွင် အမိန့်ပေးယာဉ် ၁ စီး၊ ထိန်းချုပ်ရေး ယာဉ် ၆ စီး၊ ပစ်မှတ်သတ်မှတ်ရေးရေဒါယာဉ် ၆ စီး၊ ရေဒါရှာဖွေရေးယာဉ် ၆ စီး၊ ဒုံးကျည်ပစ်စင်ပါယာဉ် ၄၈ စီးနှင့် ဒုံးကျည်အစင်းရေ ၁၉၂ စင်းအပြင် နေရာသတ်မှတ်ရေးယာဉ် ၁ စီး၊ ဆက်သွယ်ရေးယာဉ် ၁ စီး၊ အားဖြည့်ယာဉ် ၁ စီးနှင့် ထောက်ပံ့ရေးယာဉ် ၁ စီး တို့ပါဝင်ဖွဲ့စည်းထားသည်။ တပ်ရင်းတစ်ရင်းတွင် ဒုံးကျည်စနစ်ယာဉ် ၈ စီး ရှိ ကြောင်းသိရသည်။

FD-2000B လောင်ချာတင်ယာဉ်တွင် ဒုံးကျည်ပစ်စင်လေးခုပါရှိသည်။ FD-2000B မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် တွင် ၁၈၀ ကီလိုဂရမ်ရှိ ထိပ်ဖူးများတပ်ဆင်ထားပြီး ၄.၂ မက် အရှိန်ဖြင့် ပျံသန်းနိုင်သည်။ အမြင့်ဆုံး ကီလိုမီတာ ၃၀၀ အကွာအဝေးအထိပစ်ခတ်နိုင်ပြီး အမြင့် ၃၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်သည်။

Ref: Morocco takes delivery of Chinese FD-2000B surface-to-air defense missile systems
Credit; PeopleMedia

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက “တစ်နိုင်ငံ စနစ်နှစ်မျိုး” ဖြင့် ဟောင်ကောင်၏ ဒီမိုကရေစီ ဖွံ့ဖ...
22/12/2021

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက “တစ်နိုင်ငံ စနစ်နှစ်မျိုး” ဖြင့် ဟောင်ကောင်၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး စက္ကူဖြူစာတမ်း ထုတ်ပြန်
---------------------------------
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက 《”တစ်နိုင်ငံ စနစ်နှစ်မျိုး” ဖြင့် ဟောင်ကောင်၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး》 စက္ကူဖြူစာတမ်းကို ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဟောင်ကောင်အထူးဒေသ ဒီမိုကရေစီ၏ ဖြစ်ပေါ်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်များကို ဘက်စုံ သုံးသပ်မှု ပြုလုပ်၍ ဗဟိုအစိုးရက ဟောင်ကောင်အထူးဒေသ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး၏ ရပ်တည်ချက်အခြေခံမူကို ထပ်ဆင့် ရှင်းလင်းဖော်ပြခဲ့သည်။
စက္ကူဖြူစာတမ်းတွင် ဟောင်ကောင်သည် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင် ယုံကြည်ဖွယ်ရာ ဒီမိုကရေစီမရှိခဲ့ကြောင်း ထောက်ပြရေးသားထားသည်။ တရုတ်နိုင်ငံ အစိုးရက ဟောင်ကောင်၏ အချုပ်အခြာအာဏာအား ပြန်လည်ကျင့်သုံး၍ “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူအား အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဟောင်ကောင်အထူးဒေသ၏ ဒီမိုကရေစီစနစ်ကို တည်ဆောက်ခဲ့သလို လက်တွေ့ အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားပေးထောက်ခံမှုများ ပြုခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံအစိုးရက ဟောင်ကောင်ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်သည့် သန္နိဋ္ဌာန်၊ စိတ်ရင်းစေတနာအမှန်နှင့်ကြီးမားသည့် ကြိုးပမ်းမှုများက ပြောင်းလဲမှုမရှိတည်တံ့နေသည်ကို လက်တွေ့တွင် သိသာထင်ရှားစွာတွေ့မြင်နိုင်ကြောင်း ဖော်ပြထားသည်။
ယခုနှစ်ပိုင်းများတွင် တရုတ်နိုင်ငံဆန့်ကျင်ရေး၊ ဟောင်ကောင် ရှုပ်ထွေးရေး ဆောင်ရွက်နေသည့် အင်အားစုများက “ဆေးရောင်ဆိုး တော်လှန်ရေး(Colour revolution)” လုပ်ဆောင်ရန် ရည်ရွယ်ဆောင်ရွက်မှုများရှိခဲ့ရာ “တစ်နိုင်ငံ စနစ်နှစ်မျိုး” နောက်ဆုံးစည်းမျဉ်းကို စိန်ခေါ်ခြင်း၊ အထူးဒေသ၏ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို တိုက်ခိုက်ခြင်း၊ ဟောင်ကောင်၏တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးခြင်းများ ပြုလုပ်ပြီး၊ အမျိုးသားလုံခြုံရေးကို ထိခိုက်စေခြင်း၊ ဟောင်ကောင်ဒေသ စည်ပင်သာယာဝပျောရေးနှင့်တည်ငြိမ်ရေးကို ဖျက်ဆီးသည့် လှုပ်ရှားမှုအမျိုးမျိုးလုပ်ဆောင်ခဲ့ကြောင်း စက္ကူဖြူစာတမ်းတွင် ရေးသားထားသည်။ လက်တွေ့တွင် တရုတ်နိုင်ငံဆန့်ကျင်ရေး၊ ဟောင်ကောင်ရှုပ်ထွေးရေးဆောင်ရွက်နေသည့် အင်အားစုနှင့် ၎င်းနောက်ကွယ်က ပြည်ပ ရန်လိုအင်အားစုများသည် ဟောင်ကောင်အထူးဒေသ ဒီမိုကရေစီ ရှေ့ဆောင် ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားသည့် လက်သည်သာဖြစ်သည်ကို သက်သေအထပ်ထပ်ပြုပြီး ဖြစ်ကြောင်း ဆိုသည်။
တရုတ်ကွန်မြူနစ်ပါတီနှင့်ဗဟိုအစိုးရက အခြေအနေနှင့်အချိန်အခါကို လေ့လာသုံးသပ်မှုပြုပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြေခံဥပဒေအရ ကောင်းမွန် ပြည့်စုံသည့် ဟောင်ကောင်အထူးဒေသ ဘက်စုံစီမံအုပ်ချုပ်ခွင့် ကျင့်သုံးခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြေခံဥပဒေနှင့်အတူ သက်ဆိုင်ရာစနစ် ယန္တရားများ၏ အရေးကြီးဆုံးဖြတ်ချက်များကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ဟောင်ကောင်အထူးဒေသ အမျိုးသားလုံခြုံရေးအား ထိန်းသိမ်းကာကွယ်သည့် ဥပဒေနှင့်အကောင်အထည်မှုစနစ်များ ပြည့်စုံစွာ တည်ဆောက်ခြင်း၊ ဟောင်ကောင်အထူးဒေသ ရွေးကောက်ပွဲစနစ်အား ပြီးပြည်စုံအောင် တွန်းအားပေး ဆောင်ရွက်ခြင်းဖြင့် “နိုင်ငံအား ချစ်မြတ်နိုးသူ ဟောင်ကောင်ဒေသအား စီမံအုပ်ချုပ်ခြင်း”မူကို ခိုင်မာစွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။
ဟောင်ကောင်အထူးဒေသ၏ ဒီမိုကရေစီ ကောင်းမွန်ပြည်စုံစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ရာတွင် ဟောင်ကောင်ဒေသနေပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးအာမခံမှုရှိစေရေး၊ ကောင်းမွန်သည့်စီမံအုပ်ချုပ်မှုများ ဖော်ဆောင်ရေး၊ ဟောင်ကောင်ဒေသ ရေရှည် စည်ပင်သာယာဝပျော်ရေးနှင့်တည်ငြိမ်ရေး၊ ရေရှည်တည့်တံ့သည့် ငြိမ်းချမ်းမှုရှိစေရေးအတွက် လေးနက်သည့်အဓိပ္ပါယ်ရှိကြောင်း စက္ကူဖြူစာတမ်းတွင် ရေးသားထားသည်။ “တစ်နိုင်ငံ စနစ်နှစ်မျိုး”သည် ဟောင်ကောင်အထူးဒေသ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းခံသည့် အာမခံချက်ဖြစ်ကြောင်း၊ “တစ်နိုင်ငံ စနစ်နှစ်မျိုး” ရေရှည်တည်ငြိမ်စွာ အကောင်အထည်ဖော်ကျင့်သုံးရန်၊ ဟောင်ကောင်ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်တွန်းအားပေးဆောင်ရွက်ရန် အာမခံမှုတွင် “နိုင်ငံအား ချစ်မြတ်နိုးသူ ဟောင်ကောင်ဒေသအား စီမံအုပ်ချုပ်ခြင်း”မူကို ခိုင်မာစွာ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ “တစ်နိုင်ငံ စနစ်နှစ်မျိုး”မူနှင့် အခြေခံဥပဒေအရ ဟောင်ကောင်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သမိုင်းစသည်တို့နှင့်ကိုက်ညီသည့် ဟောင်ကောင်ဒေသ ဝိသေသလက္ခဏာရှိသော ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ရှာဖွေရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
တရုတ်ကွန်မြူနစ်ပါတီနှင့်တရုတ်နိုင်ငံအစိုးရ၏ ကြီးမြတ်သည့်ရှေ့ဆောင်မှုဖြစ်သည့် “တစ်နိုင်ငံ စနစ်နှစ်မျိုး”မူကို ဟောင်ကောင်တွင် အကောင်အထည်ဖော်ဆောင်ရာ၌ အောင်မြင်မှုကြီးများ ရရှိခဲ့ပြီဖြစ်ရာ အားကောင်းသည့်ရှင်သန်စွမ်းအားနှင့်စနစ်၏ခံနိုင်ရည်စွမ်းအားကို ပေါ်လွင်စေခဲ့ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။
တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံအစိုးရတွင် ဆိုရှယ်လစ်စနစ်ကျင့်သုံးသည့် ပြည်မကြီးကို ကောင်းမွန်စွာ စီမံခန့်ခွဲ တည်ဆောက်နိုင်သလို အရင်းရှင်စနစ်ကျင့်သုံးသည့် ဟောင်ကောင်ဒေသကိုလည်း ကောင်းမွန်စွာ စီမံခန့်ခွဲတည်ဆောက်နိုင်သည့်အပြင် ဟောင်ကောင်အထူးဒေသအား လက်တွေ့အခြေအနေနှင့်လျော်ညီသည့် ဒီမိုကရေစီကို ကောင်းမွန်စွာတည်ဆောက်နိုင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သည့် ယုံကြည်ချက်၊ဉာဏ်ပညာနှင့်စွမ်းရည် ရှိကြောင်း ရေးသားထားသည်။
စက္ကူဖြူစာတမ်းတွင် ဟောင်ကောင်အထူးဒေသသည် ရှုပ်ထွေးမှုများအား တွန်းလှန်၍ မှန်ကန်သည့်လမ်းကြောင်းကိုပြန်လည်ရောက်ရှိခြင်း၊ စီမံအုပ်ချုပ်မှုမှ ဖွံ့ဖြိုးတိုးတက်ခြင်း ကဏ္ဍသစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံရေး ဒီမိုကရေစီရှိခြင်း၊ တရားဥပဒေစိုးမိုးမှုပြည့်စုံခြင်း၊ လွတ်လပ်စွာ တံခါးဖွင့်လှစ်မှုရှိခြင်း၊ အားလုံပါဝင်သော သဟဇာတဖြစ်မှုရှိခြင်း၊ စည်ပင်သာယာဝပျောခြင်းနှင့်တည်ငြိမ်မှုရှိခြင်း၊ အမိနိုင်ငံအား ရင်ဝယ်ပိုက် နှလုံးသွင်းထားရှိခြင်း၊ ကမ္ဘာ့ကိုမျက်နှာမူခြင်းရှိသည့် ဟောင်ကောင်၏ ပိုမိုကောင်းမွန်သည့် အခြေအနေကို ကမ္ဘာမျက်နှာစာတွင် တွေ့မြင်ရမည်ဖြစ်ပြီး “တစ်နိုင်ငံ စနစ်နှစ်မျိုး” ဟောင်ကောင်ဒေသ၌ ဖော်ဆောင်မှုသည် ပိုမိုကြီးမားသည့် အောင်မြင်မှုကို ရရှိမည် ဖြစ်ကြောင်း ရေးသားထားသည်။

Ref – (ဆင်ဟွာ)

အမေရိကန် မီရှီဂန်မြို့ကလေးဟာ မွတ်စလင်များချည့်သာ အုပ်ချုပ်သည့် ပထမဆုံးသော အမေရိကန်မြို့ဖြစ်လာ---------------------------...
22/12/2021

အမေရိကန် မီရှီဂန်မြို့ကလေးဟာ မွတ်စလင်များချည့်သာ အုပ်ချုပ်သည့် ပထမဆုံးသော အမေရိကန်မြို့ဖြစ်လာ
---------------------------------------------------
အမေရိကန်နိုင်ငံ မီရှီဂန်ပြည်နယ်ရှိ ဟမ်ထရမ်မတ်မြို့ကလေးသည် ဒက်ထရွိက်မြို့လယ်မှ ခပ်လှမ်းလှမ်းတွင် နှစ်စတုရန်းမိုင်မျှအတွင်း သပ်ယပ်သော နေအိမ်များနှင့် စက်ရုံများအစီအရီတည်ရှိသည့် “ ဝါဆောမြို့အငယ်စားလေး “ အဖြစ် ဆယ်စုနှစ်များစွာ လူသိများခဲ့သည်။

နောင်အခါ ပုပ်ရဟန်းမင်းကြီးဖြစ်လာမည့် ပိုလန်ကာဒီနယ် ကာရိုးလ်ဝီဂျိုလာကိုယ်တိုင် ၁၉၆၉ ခုနှစ်တွင် လာရောက်လည်ပတ်ခဲ့ဖူးသည်။ လက်များကို ဆန့်တန်းထားသည့် ဂျိုဝီလာ၏ ရုပ်တုတည်ရာပန်းခြံကို “ ပုပ် ပန်းခြံ ” ဟု ယနေ့တိုင် ခေါ်ဝေါ်နေဆဲဖြစ်ခြင်းမှာ အရိပ် အယောင်ပြသနေဆဲဖြစ်သည်။ တစ်မြို့လုံးနီးပါးကို လွှမ်းခြုံထားသည့် ပိုလန်ရိုးရာ အကသမားများနှင့် ကြီးမားသော ပန်းချီကားတစ်ချပ်ပမာ ရှိခဲ့ဖူးသည်။ ဟမ်ထရမ်မတ်မြို့ကို စတင်တည်ထောင်စဉ်မှစတင်၍ မြို့တော်ဝန်တိုင်းမှာ ပိုလန်နွယ်ဖွား အမေရိကန်နိုင်ငံသားများ ချည့်ဖြစ်ခဲ့သည်။ သို့သော် ၉၉ နှစ်အကြာတွင် ထိုအစဉ်အလာမှာ အဆုံးသတ်ခဲ့ရပြီး လာမည့် ဇန်နဝါရီ ၂ ရက်နေ့ တွင် မြို့အုပ်ချုပ်ရေးကောင်စီတစ်ဖွဲ့လုံး မွတ်စလင်ဘာသာဝင်တို့နှင့်အတူ အမ်မာခါလစ်က မြို့တော်ဝန်အဖြစ် ကျမ်းသစ္စာကျိန်ဆိုကြမည်ဖြစ်သည်။ ဟမ်ထရမ်မတ်သည် မွတ်စလင်ဘာသာဝင်တို့ချည့် အပြည့်အဝဖွဲ့စည်းထားသော ကောင်စီဖြင့်အုပ်ချုပ်သည့် အမေရိကန်တွင် ပထမဆုံးမြို့ဖြစ်လာဖွယ်ရှိပြီး ယင်းကဲ့သို့ စီမံအုပ်ချုပ်မှု မှတ်တမ်းမျိုး မရှိခဲ့ဖူးကြောင်း မွတ်စလင်ပြည်သူ့ရေးရာ ကောင်စီထံမှ သိရှိရသည်။ ရွေးချယ်ခံရသော မြို့တော်ဝန် ခါလစ်သည် ယီမင်နိုင်ငံတွင် မွေးဖွားခဲ့ပြီး အင်္ဂလိပ်စကားအကျိုးအပဲ့ ပြောဆိုတတ်သည့် စမတ်ကျသော လူငယ်လေးအဖြစ် အမေရိကန်သို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့သည်။ ယခုအခါ အသက် ၄၂ နှစ်ရှိပြီဖြစ်ဖြစ်သော ခါလစ်သည် ဆေးလောကတွင် အလုပ်လုပ်ကာ ဆရာဝန်ဖြစ်ရန် ပညာသင်ယူလျက်ရှိသည်။

ဟမ်ထရစ်မတ်၏ ကောင်းစားသည့် ကာလတို့မှာ ကုန်လွန်သွားခဲ့ပုံရသည်။ မြို့မှာလည်း ဆုတ်ယုတ်သွားသည်။ စက်ရုံအတော်များများမှာ ပိတ်သိမ်းသွားကြသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ဒုတိယနှင့် တတိယမျိုးဆက် ပိုလန်နွယ်ဖွား အမေရိကန်နိုင်ငံသား အများအပြားတို့သည် ဒက်ထရွိုက်မြို့ဆင်ခြေဖုံးများဆီသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ၎င်းတို့၏ နေရာသို့ ယီမင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရွှေ့ပြောင်းအခြေချသူတို့က ရောက်ရှိလာကြခြင်းဖြင့် ယခုအခါ ဟမ်ထရစ်မတ်တွင် မွတ်ဆလင်အများစုဖြစ်သွားရသည်ဟု ဒေသခံများက ပြောဆိုသည်။ ယခင်ရှိပြီးသားတွင် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းအလွှာတို့၏ ပုံရိပ်များနေရာတွင် ရွှေ့ပြောင်းအခြေချသူအသစ်တို့ဖြင့် ပြင်ဆင်ရေးထိုးလိုက်ပြီဖြစ်သည်။ နံနက်စာအဖြစ် မဆလာနံ့ပြင်းသည့် ယီမင်စတိုင် ပဲစွပ်ပြုတ်နှင့် ပေါင်မုန့်ပြားများကို စားသုံးနိုင်ပြီး နေ့လယ်စာအတွက် ကီဘာဆာ အသားချောင်း သို့မဟုတ် ပရိုဂီအသားသွပ်မုန့်ကို ရရှိနိုင်သည်။ ယခုအချိန်တွင် ဟမ်ထရစ်မက်သည် မီရှီဂန်ပြည်နယ်တွင် အလျင်မြန်ဆုံး ကြီးထွားလာသော မြို့များအနက် တစ်မြို့ဖြစ်ကြောင်း သန်းခေါင်စာရင်းပါ ကိန်းဂဏန်းများက ဖော်ပြနေသည်။ ရွှေ့ပြောင်း အခြေချသူအသစ်များသည် ပျက်စီးယိုယွင်းနေသော အိမ်များကို ပြုပြင်ခြင်း၊ စတိုးဆိုင်များနှင့် စားသောက်ဆိုင်များကို ဖွင့်လှစ်ကာ မြို့ပြ၏ ယခင်အရင်းအမြစ်များကို ဖြုတ်ချလျှက်ရှိကြသည်။ ထိုအချိန်တွင် အမေရိကန်တို့မှာ ပြည်တွင်းနိုင်ငံရေး၌ နစ်မြုပ်နေခြင်းမှလွဲ၍ အခြားမရှိနိုင်ချေ။ " ဒီညမှာတော့ အမေရိကန်ရဲ့ အိပ်မက်တွေဟာ အခွင့်အလမ်းကောင်းတွေနဲ့ ရှင်သန်နေကြောင်း တကယ့် ဥပမာတစ်ခုပါပဲ " ဟု ခါလစ်က နိုဝင်ဘာလစောစောပိုင်း ရွေးကောက်ပွဲ၌ ၎င်း၏ အပြတ်အသတ်အောင်ပွဲ ရရှိခြင်းကို ဂုဏ်ပြုရန် စိတ်လှုပ်ရှားစွာ စုရုံးရောက်ရှိလာသည့် လူအုပ်ကြီးအား ပြောဆိုခဲ့သည်။ သူသည် ရာထူးတွင် ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် လက်ရှိ မြို့တော်ဝန် ကာရင် မက်ဂျူးစကီးကို အနိုင်ယူခဲ့သည်။

မြို့တော်အုပ်ချုပ်ရေးကောင်စီအသစ်တွင် အမေရိကန်မြေ၌ မွေးဖွားသည့် အဖွဲ့ဝင်တစ်ဦးသာ ပါရှိသည်။ အာမန်ဒါ ဂျက်စကိုစကီးအမည်ရှိ အမျိုးသမီးသည် မစ်ရှီဂန်တွင် မွေးဖွား ကြီးပြင်းခဲ့သူဖြစ်သည်။ ပိုလန်နွယ်ဖွား ၎င်း၏ အမေရိကန်မိသားစုသည် မနီးမဝေးရှိ ကက်သလစ်ဘုရားကျောင်းတော်တွင် မျိုးဆက် ၅ ဆက်တိုင်အောင် ဝတ်ပြုဆုတောင်း ခဲ့သူများဖြစ်သည်။ သို့သော်လည်း ၂၀၁၂ ခုနှစ်တွင် အာမန်ဒါသည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့သည်။
Credit; NP News

ရုရှားနဲ့ တင်းမာမှုတွေကနေ အမေရိကန် ဘယ်လိုပြန်ရုပ်သိမ်းသင့်လဲဆိုတာ စီအိုင်အေ အရာရှိဟောင်း သုံးသပ်ထောက်ပြ-----------------...
22/12/2021

ရုရှားနဲ့ တင်းမာမှုတွေကနေ အမေရိကန် ဘယ်လိုပြန်ရုပ်သိမ်းသင့်လဲဆိုတာ စီအိုင်အေ အရာရှိဟောင်း သုံးသပ်ထောက်ပြ
------------------------------------
ဒီဇင်ဘာ ၂၁
ရုရှားနဲ့ အနောက်နိုင်ငံများကြား စစ်အေးခေတ်လွန်ကာလအတွင်း ယူကရိန်းနိုင်ငံအရေးမှာ တင်းမာမှုတွေမြင့်တက်ခဲ့ပြီးနောက် ရုရှားဟာ အိမ်နီးနားယူကရိန်းကို ကျူးကျော်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန်နဲ့ EU တို့က အခိုင်အမာ ဆိုထားပါတယ်။

ရုရှားဘက်ကတော့ အဆိုပါ စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး ကျူးကျော်မှုဆိုသော အဆိုများဟာ ယူကရိန်း အရှေ့ပိုင်းမှာ အေးခဲနေတဲ့ ပြည်တွင်းစစ်ကို အင်အားသုံးဖြေရှင်းရန် ယူကရိန်းရဲ့ ရည်မှန်းချက်တွေသာ ဖြစ်လာမှာကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ရုရှားနဲ့ အမေရိကန်ကြား လက်ရှိတင်းမာမှုများဟာ စစ်အေးခေတ်ကာလ မော်စကိုနဲ့ ဝါရှင်တန်ကြား ရန်လိုမုန်းတီးမှု လက္ခဏာများစွာနဲ့အတူ ပဋိပက္ခအယူဝါဒနဲ့ စီးပွားရေးဆိုင်ရာ အစိတ်အပိုင်းများ အားလုံးနီးပါး အပေါ် ဝါရှင်တန်ဘက်က ၎င်းရဲ့ကိုယ်ပိုင်အတွေးအနေနဲ့ ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ CIA အရာရှိဟောင်း Joe Weisberg ကတော့ ပဋိပက္ခကို အရှိန်ပြန်ထိန်းရန်အကြံပြုခဲ့ပြီး ဖြေရှင်းချက် တစ်စိတ်တစ်ပိုင်း အနေနဲ့ ရုရှားအပေါ်မှာ "တစ်ဖက်မြင်" ရှုထောင့်ကနေတွေးခြင်းကို ဖယ်ထုတ်မှသာ ဖြေရှင်းနိုင်လိမ့်မယ်လို့ ၎င်းက ဆိုပါတယ်။ “စစ်အေးကာလတုန်းကလိုပဲ။ ပြဿနာရဲ့တစ်စိတ်တစ်ပိုင်းကတော့ မကောင်းတဲ့ဘက်ကရန်သူကို တိုက်ခိုက်ဖို့ စွမ်းအားတစ်ခုလို့ အမေရိကန်ဘက်ကမြင်နေပုံရပါတယ်” လို့ Weisberg က ဆိုပါတယ်။

“ မကောင်းမှု အင်ပါယာအပေါ် ကျွန်တော့်ရဲ့အမြင်တွေ ဘယ်လောက်ရိုးရှင်းသလဲဆိုတာကို နောက်ဆုံးမှာ တွက်ချက်ယူလာနိုင်ခဲ့တယ်။ ကျွန်တော် အသက် ၂၀ နှစ်က CIA မှာ နှစ်အနည်းငယ်ကြာခဲ့ပြီး ကျွန်တော် အသက် ၃၀ နှစ်များမှာတော့ တင်းကျပ်ပြီး တစ်ဖက်သက်ဆန်တဲ့တွေးခေါ်မှုရဲ့ ချုပ်ကိုင်မှုကို ဖြေလျော့လာခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ပညာရပ် ဆိုင်ရာတွေမှာ ဆိုဗီယက်သမိုင်းနဲ့ နိုင်ငံရေးအပေါ် ပိုမိုရှုပ်ထွေးပြီး သိမ်မွေ့တဲ့အမြင်များ ပိုမိုထွန်းကားလာခဲ့တယ်။ ဆိုဗီယက်ခေတ်လွန် ရုရှားမှာ ထွက်ပေါ်လာတဲ့ အတွေးအမြင်သစ်များနဲ့ အမြင်များလွှမ်းမိုးမှုဟာ စတာလင်ဝါဒက ကိစ္စရပ်များနဲ့ ပတ်သက်တဲ့ တိကျသေချာမှုဟောင်းများကို ဆိုဗီယက်ခေတ်အခန်းကဏ္ဍအထိ နက်နက်ရှိုင်းရှိုင်း စိန်ခေါ်တွေးဆနိုင်စေခဲ့တယ်” လို့ ၎င်းက ပြန်ပြောပြခဲ့ပါတယ်။

“တင်းမာတဲ့ အေးစက်တဲ့ စစ်သည်တော်တစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဆယ်စုနှစ် နှစ်ခုကို ပြန်လည် အကဲဖြတ်လိုက်တဲ့အခါ Kremlin မှာရှိတဲ့ ပူတင်နဲ့ သူ့သူငယ်ချင်းတွေဟာ ကျွန်တော်တို့ရဲ့ တည်ငြိမ်လျောက်ပတ်ပြီး လူသားဆန်တဲ့ ဒီမိုကရေစီကို ဆိုးဆိုးရွားရွားဖြစ်စေတဲ့ အမေရိကန်အာဏာရှင်ဆန့်ကျင်သူတွေလို့ မထင်ပါဘူး။ အဲဒီအစား ပူတင်လက်ထက်ဟာ အမေရိကန်-ရုရှားဆက်ဆံရေးကို ရန်သူတွေဖြစ်အောင် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကျွန်တော်မြင်ပါတယ်” လို့ Weisberg က ပြောကြားပါတယ်။

“သို့သော်လည်း နှစ်အနည်းငယ်အတွင်း အမေရိကန်ဟာ ယခင်က ဆိုဗီယက်သမ္မတ နိုင်ငံအချို့ကို အနောက်နိုင်ငံများသို့ အပြည့်အဝ ပေါင်းစပ်ရန် ကြိုးပမ်းခဲ့ပြီး လတ်ဗီးယား၊ လစ်သူယေးနီးယားနဲ့ အက်စ်တိုးနီးယားတို့ကို မော်စကိုကို တိုက်ဖျက်ရန် အထူးရည်ရွယ်တဲ့ နေတိုးအဖွဲ့အစည်းအဖြစ် ဖော်ဆောင်ခဲ့တယ်။ ကျွန်တော်တို့ဟာ ဥရောပကိုကာကွယ်ရန် အတွက် ဒုံးကျည်ကာကွယ်ရေးဒိုင်းကို စတင်တည်ဆောက်ခဲ့ရတယ်” လို့ Weisberg က မှတ်ချက်ပြုပါတယ်။ Weisberg က ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းရန် သို့မဟုတ် အမေရိကန်ရဲ့စွက်ဖက်မှု မပါဘဲ မော်စကိုအား ၎င်းရဲ့ ပြည်တွင်းရေးပြဿနာများကို ဖြေရှင်းခွင့်ပေးခြင်းကဲ့သို့သော တစ်ဖက်သတ် လုပ်ဆောင်မှုများမှတစ်ဆင့် ရုရှားနဲ့ လက်ရှိအန္တရာယ်ရှိတဲ့ အစီအမံများကို တွန်းလှန်ရန် အမေရိကန်ဘက်က စတင်ကြိုးစားဖို့ အကြံပြုထားပါတယ်။ US က USSR နဲ့ Russia ကို သူလျှိုလုပ်လို့ ထောင်ကျနေတဲ့ US CIA နဲ့ FBI အေးဂျင့်နှစ်ယောက်ဖြစ်တဲ့ Aldrich Ames နဲ့ Robert Hanssen ကို Washington ကတောင် လွှတ်ပေးနိုင်တယ်လို့ သူက စောဒကတက်ခဲ့ပါတယ်။

“အနည်းဆုံးတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ နှစ်နိုင်ငံကြား ရန်လိုမုန်းတီးမှုတွေကို လှုံ့ဆော်ပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ အဆုံးစွန်အားဖြင့် ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ ရုရှားက မည်သို့လုပ်ဆောင်သည်ကို ကျွန်ုပ်တို့ မထိန်းချုပ်နိုင်ပါ။ ဒါပေမယ့် အနည်းဆုံးတော့ ငါတို့က တိုက်ပွဲကနေ ပြန်ဆုတ်ဖို့ ကြိုးစားနိုင်တယ်” လို့ Weisberg က နိဂုံးချုပ်ခဲ့ပါတယ်။

Credit; NP News

ရုရှားသမ္မတပူတင်က စစ်ရေးချဲ့ထွင်တာမျိုးမလုပ်ဖို့ အမေရိကန်နဲ့နေတိုးအဖွဲ့ကိုထပ်မံတောင်းဆို--------------------------------...
22/12/2021

ရုရှားသမ္မတပူတင်က စစ်ရေးချဲ့ထွင်တာမျိုးမလုပ်ဖို့ အမေရိကန်နဲ့နေတိုးအဖွဲ့ကိုထပ်မံတောင်းဆို
----------------------------------------
ဒီဇင်ဘာ ၂၂
နေတိုးမဟာမိတ်အဖွဲ့တွေအနေနဲ့ ဥရောပအရှေ့ဘက်ပိုင်းမှာစစ်ရေးချဲ့ ထွင်နေတာမျိုးတွေကိုခွင့်မပြုဖို့ အမေရိကန်နဲ့၎င်းရဲ့မဟာမိတ်နိုင်ငံတွေကို ရုရှားသမ္မတပူတင်ကထပ်မံတောင်းဆိုလိုက်တယ်လို့သိရပါတယ်။ ဥရောပအရှေ့ပိုင်းမှာစစ်ရေးချဲ့ထွင်တာမျိုးတွေလုပ်ဆောင်ကာ တင်းမာမှုတွေဖြစ်အောင်ဖန်တီးနေတဲ့အတွက် အနောက်အုပ်စုနိုင်ငံတွေကို ရုရှား သမ္မတပူတင်က ပြစ်တင်ပြောဆိုလိုက်တယ်လို့သိရပါတယ်။

မော်စကိုဟာ ယူကရိန်းနဲ့အခြားဆိုဗီယက်အဖွဲ့ဝင်နိုင်ငံအချို့ကို နေတိုးမဟာမိတ်အဖွဲ့ဝင်အဖြစ်ခွင့်မပြုဖို့အချက်အပါအဝင်လုံခြုံရေးမူကြမ်းကိုနေတိုးအဖွဲ့ထံပေးအပ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာကျင်းပတဲ့ရုရှား ထိပ်တန်းစစ်ဘက်အရာရှိကြီးများအစည်းအဝေးမှာပူတင်က အခုလိုမျိုးပြောခဲ့တာပါ။ ရုရှားနိုင်ငံဟာ နေတိုးအဖွဲ့က ဥရောပအရှေ့ဘက်ပိုင်းနဲ့အ လယ်ပိုင်းဒေသတို့မှာ စစ်ဘက်ပစ္စည်းတွေဖြန့်ကျက်ချထားခြင်းကိုပြန်ရုပ်သိမ်းစေလိုတယ်လို့သိရပါတယ်။

ရုရှားဟာ ယူကရိန်းနယ်စပ်အနီးကိုတပ်ဖွဲ့ဝင်သိန်းချီစေလွှတ်ခဲ့ပြီးနောက် ကျူးကျော်တိုက်ခိုက်မှုဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ စိုးရိမ်မှုမြင့်တက်နေချိန်မှာတင်းမာမှုတွေဖြေလျော့နိုင်ဖို့ ရုရှားနဲ့အမေရိကန်၊ ရုရှားနဲ့နေတိုးအဖွဲ့တို့ချုပ်ဆိုဖို့စီစဉ်မယ့် လုံခြုံရေးစာချုပ်ထဲမှာထည့်သွင်းစေလိုတဲ့အချက်တွေကို ရုရှားနိုင်ငံဟာပြီးခဲ့တဲ့ရက်ပိုင်းမှာပေးပို့ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ ရုရှားက ၎င်းတို့အနေနဲ့အိမ်နီးချင်းယူကရိန်းကို တိုက် ခိုက်ဖို့အစီအစဉ်မရှိသေးဘူးလို့ငြင်းဆိုထားပေမယ့် ဥရောပအရှေ့ပိုင်းဒေ သတွေမှာ နေတိုးအဖွဲ့ဖြန့်ကျက်ချထားတဲ့ စစ်ဘက်ပစ္စည်းတွေပြန်ရုပ် သိမ်းဖို့ နဲ့ ဆိုဗီယက်အဖွဲ့ဝင်ဟောင်းနိုင်ငံအချို့ကို နေတိုးအဖွဲ့ဝင်အဖြစ်ခွင့်မပြုအောင်တရားဝင်ဖိအားပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ နေတိုးနဲ့ အမေရိကန်တို့ဟာ ယူကရိန်းနိုင်ငံမှာဒုံးကျည်စနစ်တွေချထားမယ်ဆိုရင် အဲဒီဒုံးကျည်တွေဟာ ရုရှားအဆောက်အဦးတွေကို မိနစ်ပိုင်းအ တွင်းပစ်လွှတ်နိုင်ဖွယ်ရှိတယ်လို့ ရုရှားသမ္မတကဆိုပါတယ်။

ပူတင်က "ကျွန်တော်တို့နိုင်ငံရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေဖြစ်နေတယ်။ အနောက်အုပ်စုနဲ့အမေရိကန်တို့အနေနဲ့ဥရောပအရှေ့ပိုင်းနဲ့ အလယ်ပိုင်းမှာ စစ်ဘက်ပစ္စည်းတွေပြန်ရုပ်သိမ်းစေလိုတယ်။ ရုရှား နိုင်ငံဘက်က ယုံကြည်မှုမရှိနိုင်တဲ့ နှုတ်နဲ့ကတိပေးတာမျိုးတွေ၊ မလုပ် ဆောင်သင့်ဘူး"လို့ပြောပါတယ်။ နေတိုးအဖွဲ့ဟာ ၁၉၉ဝ ခုနှစ်နောက် ပိုင်းကတည်းက ဥရောပအရှေ့ဘက်ပိုင်းကို စစ်ရေးချဲထွင့်တာမျိုးတွေလုပ်ဆောင်နေတယ်လို့ပူတင်ကပြောပါတယ်။ ရုရှားနိုင်ငံအနေနဲ့ နေတိုးနဲ့ အမေရိကန်တို့ရဲ့လုပ်ရပ်အဆင့်တိုင်းကိုတုံ့ပြန်ဖို့လုပ်ဆောင်မှာဖြစ်ပြီးအခြေနေတွေဟာဆိုးသထက်ဆိုးလာနိုင်ဖွယ်ရှိပြီး အတားဆီးတွေများလာနိုင်တယ်လို့ ပူတင်ကပြောပါတယ်။
Credit; NP News

Address


Alerts

Be the first to know and let us send you an email when Foreign Affairs.Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share