𝕁𝕒𝕜𝕖

  • Home
  • 𝕁𝕒𝕜𝕖

𝕁𝕒𝕜𝕖 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝕁𝕒𝕜𝕖, Digital creator, .

24/04/2024

အသက်ကိုပဲ ဉာဏ်စောင့်တာမဟုတ်ပါဘူး

ချစ်ခြင်းမေတ္တာကိုလဲ ဉာဏ်စောင့်စေချင်ပါတယ်

မဟုတ်ရင် ဒီတစ်သက် အသည်းကွဲလို့ ပြီးမှာမဟုတ်တော့ဘူး 💔

24/04/2024

အချစ်ကိုစိတ်ထဲမှာမှတ်

လက်နှစ်ချောင်းထောင် ✌️

ရည်မှန်းချက် + ကြိုးစားအားထုတ်မှု = အောင်မြင်မှု

Clover leaf ☘️ 🍀အရွက်လေးရွက်ပါတဲ့ Cloverရဲ အဓိပ္ပါယ်က Hope ... မျှော်လင့်ချက် ! Faith ... သစ္စာတရား ! Love ... အချစ် ! L...
19/04/2024

Clover leaf ☘️ 🍀
အရွက်လေးရွက်ပါတဲ့ Cloverရဲ အဓိပ္ပါယ်က
Hope ... မျှော်လင့်ချက် !
Faith ... သစ္စာတရား !
Love ... အချစ် !
Luck ... ကံကောင်းခြင်း !

Clover ဟာ
ဆုတောင်းပြည့်တယ်
ပျော်ရွှင်စေတယ်
ချစ်ခြင်းမေတ္တာနဲ့
ကျန်းမာရေးကို ကိုယ့်စားပြုတယ်တဲ့ !

Clover leaf ကို
US မှာ lucky plant လို့ ခေါ်ကြပီး
ဂျပန်မှာတော့ Clover ကို
ကွယ်ဝှက်ထားသော ချစ်ခြင်းတရားပေါ့ကွယ် !

( မေမြို့အိမ်မှာ မိုးတွင်းဆိုအများကြီးထွက်လာကြတယ် ! မိုးကြိုပန်းလေးတွေရောပေါ့ )

သူမချစ်တော့ရင်______________အခုရက်ပိုင်း သူမချစ်တော့လို့ ! သူအရင်လို မဟုတ်တော့လို့ ! ဘာဆက်လုပ်ရမလဲ မသိတာတွေ ရှိနေကြတာမလိ...
09/04/2024

သူမချစ်တော့ရင်
______________

အခုရက်ပိုင်း သူမချစ်တော့လို့ ! သူအရင်လို မဟုတ်တော့လို့ ! ဘာဆက်လုပ်ရမလဲ မသိတာတွေ ရှိနေကြတာမလို့ ဒီစာလေးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

မချစ်တော့တာသေချာရင် ဘာဆက်လုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်နော်။

1. မကပ်တွယ်ပါနဲ့။
_______________

မချစ်တော့တာ သေချာသွားတဲ့လူတစ်ယောက်အနားမှာ ကပ်တွယ်နေတာတွေ ရပ်လိုက်ပါတော့။

ကိုယ်လည်း ဘာမှပြန်မရတော့သလို သူ့အတွက်လဲ စိတ်ညစ်စရာတွေ ပိုဖြစ်စေနိုင်ပါတယ်။

2. မရွဲ့နဲ့။
________

ရွဲ့ပြီးဆိုးပြတာတွေ ၊ မကြိုက်တာရွေးလုပ်နေတာတွေ ၊ လျှောက်တွဲပြနေတာတွေ မလုပ်ပါနဲ့နော်။

ကိုယ့်အတွက်လဲ မကောင်းသလို ရွဲ့နေလို့လဲ သူ့ဘက်ကပြန်လာမှာ မဟုတ်တော့လို့ပါ။

3. မျှော်လင့်ချက်မထားနဲ့။
_____________________

ပြန်လာဦးမလားဆိုပြီး မမျှော်လင့်ပါနဲ့။ချစ်တဲ့စိတ်က ခက်သလို ၊ မချစ်တဲ့စိတ်ကနေလဲ ပြန်မချစ်တတ်ပါဘူး။

ခဏ စိတ်ဆိုးစိတ်ကောက်တာ မဟုတ်လို့ ကိုယ်လုပ်စရာရှိတာပဲ ဆက်လုပ်ပါ။

4. ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့။
__________________________

ဘာဖြစ်လို့ ငါ့ကို ဆိုတဲ့ အတွေးတွေ မတွေးပါနဲ့။

ကိုယ်အပြစ်လုပ်မိတာ မရှိလဲ မချစ်တော့ရင် တစ်ဖက်လူက ထွက်သွားမှာမို့လို့ ကိုယ့်ဘာသာ ဘာလုပ်မိလို့များလဲ ဆိုပြီး မတွေးပါနဲ့။

5. မေးခွန်းတွေ မမေးနဲ့။
____________________

ဘာလို့ မချစ်တော့တာလဲ ဆိုတဲ့ မေးခွန်းကို သူ့ကို ဆက်မမေးပါနဲ့တော့။အဖြေက လုံးဝ မရှိပါဘူး။

သူလျှောက်ပြောတဲ့စကားတွေက ကိုယ့်ကို ပိုပြီးစိတ်ထိခိုက်စေမှာမလို့ အဖြေမရှိတာတွေကို ထပ်မမေးပါနဲ့။

6. မပြောင်းလဲပါနဲ့။
________________

သူထပ်ချစ်လာအောင် ပြန်ချစ်လာအောင် သူကြိုက်တဲ့ပုံစံတွေ လိုက်မပြောင်းပါနဲ့။

ကိုယ့်ကိုမှ မချစ်တော့တာ။ ကိုယ်ဘာပဲလုပ်လုပ် သူက အကောင်းမမြင်တော့ပါဘူး။

7. နာကျင်အောင်မလုပ်နဲ့။
____________________

ကိုယ့်ကိုယ်ကိုရော ကိုယ့်စိတ်ကိုရော နာကျင်အောင် လုံးဝမလုပ်ပါနဲ့။

အချိန်တစ်ခုထိ ခံစားပြီးရင် လက်လွှတ်လိုက်ပါ။ဒါကြီးကို တစ်ချိန်လုံးစိတ်ထဲ မထည့်ပါနဲ့နော်။

8.မကြောက်ပါနဲ့။
______________

ထပ်ချစ်ဖို့ ထပ်အချစ်ခံရဖို့ မကြောက်ပါနဲ့။
ဒါကအမှန်တရားပြောတာပါ။အခုလူနဲ့ မထိုက်လို့ပါ။

ကိုယ့်စိတ်ထဲက ကြောက်စိတ်ကိုသာ ထုတ်လိုက်ပါ။နောက်အချစ်တွေ ထပ်လာပါလိမ့်မယ်။

9.လိုက်မကြည့်နဲ့။
______________

သူဘာတွေလုပ်နေလဲ?ဘယ်သူနဲ့တွဲနေလဲ?
ဆိုတာတွေကို လိုက်မကြည့်ပါနဲ့။

ထပ်တွဲတဲ့သူက ကိုယ့်ထပ်သာသည်ဖြစ်စေ လျော့သည်ဖြစ်စေ သူထပ်ချစ်တဲ့သူမို့ ကိုယ်လိုက်ကြည့်နေရင် ကိုယ်ပဲနေရခက်ပါလိမ့်မယ်။

10.ဟန်မဆောင်နဲ့။
_______________

အရမ်းကြီးသန်မာနေသလို ဟန်မဆောင်နဲ့။ငိုချင်ရင် ငိုလိုက်ပါ။သူငယ်ချင်းတွေကို စကားပြောပါ။မိသားစုကို ရင်ဖွင့်ပါ။

အမြဲတမ်း စိတ်ဓာတ်မာနေစရာ မလိုတာမို့
အချိန်တစ်ခုအတွင်းမှာ ဝမ်းနည်းလိုက်ပါ။လူတစ်ယောက်ချစ်လာအောင် လုပ်ယူလို့်မရသလို ချစ်တဲ့သူကိုလဲ မချစ်အောင် ဖန်တီးလို့မရပါဘူး။ကိုယ့်အနားမှာရှိနေရင် တန်ဖိုးထားပါ။

သူမချစ်တော့ရင်တောင် ကိုယ့်ကိုယ်ကို ဆက်ချစ်ပါ။

ပိတောက် 💛နွေရဲ့အလှကိုဖော်ပြသလို မြန်မာတွေရဲ့ National Flower လည်း ဖြစ်ပါတယ် ပိတောက်ပန်းရဲ့ အဓိပ္ပါယ်က "မင်းက ကိုယ့်အတွက်...
08/04/2024

ပိတောက် 💛

နွေရဲ့အလှကိုဖော်ပြသလို မြန်မာတွေရဲ့ National Flower လည်း ဖြစ်ပါတယ်

ပိတောက်ပန်းရဲ့ အဓိပ္ပါယ်က "မင်းက ကိုယ့်အတွက် ရှားပါးတဲ့ ဆုလာဘ်ပါ" တဲ့ 💛

VK STUDIO



🌼

ဂျပန်နိုင်ငံမှာ 🌷ကျူးလစ်ပန်း(Tulips, チューリップ)ကြည့်ဖို့ အကောင်းဆုံးနေရာ ၁၀ ခုဂျပန်နိုင်ငံ၏ နွေဦးရာသီမှာ ဆာကူရာပန်းတွေဖူးပွ...
06/04/2024

ဂျပန်နိုင်ငံမှာ 🌷ကျူးလစ်ပန်း(Tulips, チューリップ)ကြည့်ဖို့ အကောင်းဆုံးနေရာ ၁၀ ခု

ဂျပန်နိုင်ငံ၏ နွေဦးရာသီမှာ ဆာကူရာပန်းတွေဖူးပွင့်ကြသလို ဆာကူရာပန်းတွေလိုအရမ်းလှတဲ့ ကျူးလစ်ပန်း(tulips) တွေလဲ ဖူးပွင့်ကြပါတယ်||

ကျူးလစ်ပန်းရဲ့ ရုက္ခအမည်ကတော့ ( Tulipa ) ဖြစ်ပြီး ၊ အင်္ဂလိပ်အမည် ( Tulip Flower ) လို့ ဖြစ်ပါတယ်| မျိုးရင်းက ( Liliaceae ) နှင်းပန်းမျိုးရင်း ထဲကဖြစ်ပါတယ်||

ကျူးလစ်ပန်းတွေကို အချစ်ပန်းလို့တင်စားခေါ်ဝေါ်ကြပါတယ်|| ကျူးလစ်ပန်းတွေဟာ အရောင်အမျိုးမျိုးရှိပါတယ်||

ကျူးလစ်ပန်းတွေဟာ အရောင်တွေအလိုက်အဓိပ္ပါယ်တွေလဲကွဲပြားပါသေးတယ်||
ဥပမာ-
❤️အနီရောင်ဆိုရင် ပြီးပြည့်စုံတဲ့အချစ်လို့ အဓိပ္ပါယ်ရပါတယ်||

🩷ပန်းရောင်ဆိုရင်ပရိယာယ်ကင်းသော ရိုးသားသော အချစ်လို့အဓိပ္ပါယ်ရပါတယ်||

💜 မရမ်းရောင်ဆိုရင် တန်ဖိုးထားပြီး ချစ်တဲ့ အချစ်လို့ အဓိပ္ပာယ်ရပါတယ်||

🤍 အဖြူရောင်ဆိုရင် တောင်းပန်ပါတယ်/ အသဲကွဲတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်||

💛 အရောင်ကတော့ တဖက်သက်/မျှော်လင့်ချက်မဲ့ အချစ် စသည်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်||

ဂျပန်နိုင်ငံမှာ ကျူးလစ်ပန်း(Tulips, チューリップ) ကြည့်ဖို့အကောင်းဆုံးတွေထဲက နေရာ ၁၀ ခုကို မိတ်ဆက်ပေးချင်ပါတယ်||

ပုံတွေရဲ့အောက်မှာ လိပ်စာ|ခန့်မှန်းပွင့်ချိန်လေးတွေပါတယ်နော်

👇👇👇👇👇👇👇👇👇👇👇👇👇

#日本 #東京 #花

すすめスポット トップ 10)

ပိတောက်ပန်းရဲ့ အဓိပ္ပါယ်က "မင်းက ကိုယ့်အတွက် ရှားပါးတဲ့ ဆုလာဘ်ပါ" တဲ့ 💛 #ပိတောက်
06/04/2024

ပိတောက်ပန်းရဲ့ အဓိပ္ပါယ်က "မင်းက ကိုယ့်အတွက် ရှားပါးတဲ့ ဆုလာဘ်ပါ" တဲ့ 💛

#ပိတောက်

03/04/2024

မဂ်လာ ဝတ်စုံလေးနဲ့ မင်းဟာ တကယ်ကို လှပလွန်းတယ်

မင်းလက်ထပ်မဲ့ သူဟာ ကိုယ် မဖြစ်ခဲ့ပေမဲ့ ကိုယ်ချစ်တဲ့သူက ပိုတောက်ပပြီး လှပနေရတဲ့အတွက် ကိုယ်ဝမ်းသာ ဂုဏ်ယူမိပါတယ်

" ကောင်လေးက အရမ်းချစ်ရှာမှာပဲနော် " ‼️

ဒါပေမဲ့ ကိုယ်ကြိုးစားနေရတာတွေက မင်းနဲ့ နီးချင်ခဲ့တာ…..

ကံကိုလဲ မပုံချချင်တော့သလို ကိုယ့်ကိုယ်ကိုလဲ ဘာမှမဖြစ်ဘူးဆိုပြီး ဟန်ဆောင်ရတာလဲ တကယ်ပင်ပန်းနေပြီမလို့ ကိုယ်ကတော့ အရှိကိုအရှိတိုင်းလေးပဲနေဖြစ်တော့မယ်ထင်တယ်

" လူတိုင်းမှာ ကိုယ့်ဘဝပိုတောက်ပဖို့အတွက် ရွေးချယ်ခွင့်အပြည့်ရှိတယ် ဘယ်သူ့ကိုမှ ထာဝရ ပိုင်ဆိုင်မနေဘူး "ဆိုတဲ့ အဖြစ်အပျက်တွေကိုလဲ မှတ်မှတ်ရရ ဖြစ်နေဦးမှာပါ

ကိုယ်ကတော့ " ကိုယ်ချစ်ပါတယ် ကိုယ်လိုချင်ပါတယ် ကိုယ်နှစ်သက်ပါတယ် " ဆိုတဲ့အရာတွေက ဘဝမှာ လွယ်လွယ်နဲ့ အမြဲမရခဲ့ဖူးတော့ ကိုယ်မပိုင်ဆိုင်လိုက်ရတဲ့ ခံစားချက်တွေဟာ အမြဲတမ်းကြုံခဲ့ဖူးသူမလို့ နေသားကျနေခဲ့ပါပြီ

လွတ်လွတ်လပ်လပ်သာ ပျံပါ ငှက်ကလေးရေ…..🕊️🕊️


#မူရင်း

သေဆုံးခြင်း မှ ရှင်သန်ခြင်း______________________လူတစ်ယောက် အပေါ်မှာ အရမ်း inspire ဖြစ်တဲ့အခါ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ...
02/04/2024

သေဆုံးခြင်း မှ ရှင်သန်ခြင်း
______________________

လူတစ်ယောက် အပေါ်မှာ အရမ်း inspire ဖြစ်တဲ့အခါ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ပျောက်ဆုံးတတ်တယ်။

အချစ်ဆိုတာ ဘာမှန်းမသိတော့လောက်အောင်ကို ဖြစ်သွားတတ်ကြတဲ့ လူတွေဆိုတာကလဲ သူတို့ရဲ့ Past life မှာ ဘယ်လောက်တောင် နာကျင်ခဲ့ရလဲဆိုတာ ကိုဖြစ်ဖူးတဲ့သူတွေတိုင်း ကိုယ်ချင်းစာတယ်။

စာတစ်ခုဖတ်လိုက်မိတာလေးရှိတယ်။
" မိန်းကလေးတွေက Relationship တစ်ခုမှာ CutOut လုပ်ခံလိုက်ရပြီဆိုရင် အချိန်တိုအတွင်းမှာပဲ သူတို့ပိုလှအောင် နေထိုင်တတ်ကြပြီးတော့ ယောကျာ်းလေးတွေကတော့ ဒီလိုအခြေအနေတွေဖြစ်လာရင် ကိုယ့်ကိုယ်ကို ဖျက်စီးပစ်တတ်ကြတယ် " လို့ဆိုထားတာလေးတွေ့မိတယ်။

ကျွန်တော်လဲ ကြုံဖူးပါတယ် " သူသာရှိရင် လုံလောက်တယ် တစ်ခြားသူမရှိလဲ ကိစ္စမရှိဘူး "ဆိုတဲ့အခြေအနေအထိဖြစ်ခဲ့ဖူးတယ်။
" သူငယ်ချင်းတွေလဲ အများကြီးရှိစရာမလိုဘူး ဘယ်
မိန်းကလေးကိုမှလဲ attention ထားနေစရာမလိုဘူး ဆိုတဲ့ " အထိ community ညံ့ဖျင်းခဲ့တယ်။
ဒါကလဲ သူ့အပေါ်မှာ ကိုယ်နဲ့ပက်သက်ရင် ကိုယ်တတ်နိုင်သမျှ ကိုယ့်အပေါ်ကို စိတ်လုံခြုံစေချင်တဲ့အတွက် ဖြစ်ခဲ့တာမျိုးပေါ့…..

ပြောချင်တာက That is possible…..ဘာကြောင့်လဲဆိုရင် သူတို့တကယ်တန်ဖိုးထားခဲ့တာတွေ သူတို့ပေးဆပ်ခဲ့တာတွေကို တော်တော်များများ မမြင်နိုင်ပေးခဲ့ကြဘူး ( အသိအမှတ်ပြုခံရတာမျိုးလဲ မရှိခဲ့ကြဘူး )…..ကိုယ့်Partner က ကိုယ့်ကိုယ် ငြီးငွေ့တဲ့အခါမျိုးတွေမှာဆိုရင်လဲ နင်က ငါ့ကိုဘာတွေများ ပေးဆပ်ခဲ့တာတွေရှိလဲဆိုတာမျိုးတွေ ၊ နင်က ဘာအဖြစ်ရှိခဲ့လို့လဲ ဆိုတာမျိုးတွေက မသိစိတ်ထဲကနေ Truma တွေအစုအစုနဲ့ ကြီးထွားတတ်သွားကြတယ်။ဒီလိုအဖြစ်အပျက်တွေမှာ သူတို့ကိုယ်တိုင်က ပေးဆပ်ပြီးချစ်နေကြတာဖြစ်တဲ့အတွက် ကိုယ်ဖြစ်နေတဲ့ ခံစားချက်ကို သိပ်ထုတ်မပြတတ်လေ့မရှိကြတာမျိုး ဒါမှမဟုတ် ကိုယ်ဖြစ်တဲ့အရာအပေါ်မှာ ပြောပြတတ်တဲ့ စကားပြောစွမ်းရည် ပြည့်ဝမနေတာမျိုးတွေကြောင့် ဖြစ်ကြတာများမယ်လို့ ထင်မိပါတယ်။အားလုံးခြုံပြောရရင်တော့ Lack of maturity ( ရင့်ကျက်မှုမရှိခြင်း ) ပေါ့။

ဆိုတော့ ဘာလို့ ကိုယ့်ကိုယ်ကို ဖျက်စီးသွားခဲ့ကြတာလဲ ဆိုတာကတော့ ရှင်းပါတယ် ၊ ဒီလောက်ကြီး attention တွေ အချိန်အများကြီးပေးဆပ်ပြီး ချစ်ခဲ့ပြီးမှ relationship အဖြစ်ကနေ ရုတ်တရက် CutOut လုပ်ခံလိုက်ရတဲ့အခါ ကိုယ့်ဘဝဟာ အဓိပ္ပာယ်မရှိတော့သလိုခံစားရတဲ့ အနေအထားမျိုးတွေအထိ ဖြစ်လာတယ်၊ဘာကြောင့်လဲဆိုတော့ တွဲခဲ့တဲ့တစ်လျှောက်လုံးမှာ အဲ့ဒီ့လူဟာ community အတွက် ရင်းနှီးတဲ့ ဆက်ဆံရေးတွေလဲ သိပ်များများစားစားမရှိခဲ့တာကြောင့် ဘယ်သူ့ကိုမှ ရင်ဖွင့်မရလို့တဲ့အခြေအနေတွေမျိုးမှာ ဗမာ လူမျိုးတွေရဲ့ ရိုးရာတစ်ခုလိုဖြစ်နေတဲ့ အသည်းကွဲရင် " အရက်များများ သောက်ရတယ် " ဆိုတဲ့ အတွေးတွေကြားထဲကနေ ဘုံဆိုင်မှာ ပျက်စီးသွားကြတာများတယ်……ဒါကလဲ လူအများစကားနဲ့ဆိုရင် " ပျော့ညံ့လွန်းတယ် "ပေါ့

အဲ့ဒီ့လို ပျက်စီးသွားတဲ့ယောကျာ်းလေးတွေထဲမှာမှ အချိန်အတိုအတွင်းမှာ နလံပြန်ထူပြီး ကိုယ့်ရဲ့ life ကို ပြန်ပြီးတိုးတက်အောင် ကိုယ့်ရဲ့ community ဆက်ဆံရေးတွေမှာ လူချစ်လူခင် ပြန်ပြီး ပေါများလာအောင် ၊ ကိုယ်လစ်ဟာသွားခဲ့တာကို ပြန်သတိပြုပြီး အကောင်းဆုံးဖန်တီးနေထိုင်တတ်သွားတဲ့လူတွေကိုတော့ ကိုယ်မြင်သလောက် ခေါင်းစဉ်တပ်ပေးနိုင်ပါတယ်…..


#မူရင်း

Lavender ( လာဗန်ဒါ ) ပန်းမှာ အဓိပ္ပာယ် တစ်ခုရှိတယ်" မင်းကို စောင့်နေပါတယ် "တဲ့….. #အချစ်ဦး
01/04/2024

Lavender ( လာဗန်ဒါ ) ပန်းမှာ အဓိပ္ပာယ် တစ်ခုရှိတယ်

" မင်းကို စောင့်နေပါတယ် "တဲ့…..

#အချစ်ဦး

29/03/2024

အချစ်ဦးရေ 💔

မင်းပြောခဲ့ဖူးပါတယ်…..ကိုယ်နဲ့ဇာတ်လမ်းပြီးသွားရင် နောက်တစ်ယောက်မထားတော့ဘူးတဲ့မင်းလဲပြန်မေးတယ် ငါမရှိတော့ရင်ရော ကောင်မလေး...
28/03/2024

မင်းပြောခဲ့ဖူးပါတယ်…..

ကိုယ်နဲ့ဇာတ်လမ်းပြီးသွားရင် နောက်တစ်ယောက်မထားတော့ဘူးတဲ့

မင်းလဲပြန်မေးတယ် ငါမရှိတော့ရင်ရော ကောင်မလေးတွေထပ်ထားမှာမလားတဲ့

ကိုယ်ကတော့ " ဟင့်အင်း " ဆိုပြီး ပြုံးနေခဲ့တဲ့ အချိန်လေးပေါ့

ညဘက်တွေဆိုရင် မင်းပြောတဲ့ ကောင်းကင်ကြီးကိုကြည့်ပြီး လတ်ဆတ်တဲ့ လေတိုက်တာလေးကို စောင့်ပြီး ကျေးဇူးတင်မယ် ၊ သစ်ရွက်သစ်ပင်လေးတွေကို ချစ်စကားဆိုမယ် ၊ ခွေးလေးတွေကို ချစ်မယ် ၊ ကော်ဖီလေးသောက်ပြီး style ကျကျ စာအုပ်ဖတ်မယ်…..

မနက်ဆို မုန့်စားဖို့ ထွက်လာတဲ့အခါ နှစ်ယောက်သား
ဘာစားရမလဲမသိနဲ့ စိတ်တွေကောက် ၊ ညနေ ရုံးကပြန်လာရင် အပြေးလေး လိုက်ကြို ၊ ဆိုင််ကယ်စီးရင် လိုက်စပြီး " ခွေးနွားလေး ငြိမ်ငြိမ်နေ " ဆိုတဲ့ စကားသံလေးတွေ ၊ ကိုယ့်ထက်သာကြီးတာ ကိုယ်ဆိုင်စောင့်တဲ့အချိန်မှာ နောက်ကနေ ကလေးတစ်ယောက်လို အရွက်လေးတွေ ကောက် " အကိုရေ ယူဦးမလား ဒါလေးကတော့ ကျွန်မကိုယ်တိုင် ချက်ထားတဲ့ ဟင်းလေး "
ဆိုပြီး ခိုးရယ်လိုက်ရတဲ့ အခိုက်အတန့်လေးတွေ

အားလုံးက ဘာနဲ့မှလဲလို့မရတဲ့ ပျော်ရွှင်မှုအစစ်တွေပါ…..

တကယ်တော့ ကျွန်တော်တို့နှစ်ယောက်လမ်းခွဲကြတာဟာ တစ်ယောက်ကို တစ်ယောက် မချစ်တော့လို့လဲ မဟုတ်သလို မုန်းသွားခဲ့ကြတာလဲ မဟုတ်ခဲ့ပါဘူး ၊ ဒီတိုင်းလေး
ချစ်သေးတယ်လဲ မဟုတ်သလို အရမ်းမုန်းတယ်ဆိုတာလဲ မသိလိုက်ပဲနဲ့ နားလည်လိုက်ပြီးတော့နောက်ဆုတ်ပေးလိုက်ကြတာပါ🌻

26/03/2024

၁နှစ်ပြည့်ဖို့ ၁ ရက်သာလိုတော့သည်…..

ဟုတ်တယ် ဒီလိုအချိန်တွေဆို သူအရမ်းအလုပ်ရှုပ်နေမှာ…..

ဘာလို့လဲဆိုတော့ မနက်ဖြန် Over Sea ထွက်ရတော့မယ်လေ။

မိဘတွေက မှာစရာရှိတာတွေမှာ ကျွန်တော်ကလဲ သူ့ကို သွားလဲသွားစေချင်တယ် ဝေးရမှာလဲကြောက်နေတဲ့အချိန်လေးတွေပေါ့…..

" ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်ရမှာဆိုတော့ မောင်နဲ့ အချိန်တိုင်းဆက်သွယ်ဖြစ်မှာမဟုတ်ဘူးဆိုတာ မောင်သိတယ် အိမ်မှုကိစ္စတွေနဲ့ အချက်အပြုတ်ကလဲ ရှိသေးတယ်မဟုတ်လား ကိုယ့်ဘာသာအဆင်ပြေအောင်နေနော်" တဲ့။

အမှန်တော့ ရင်ထဲ အရမ်းလေးခဲ့ပြီး စိတ်မသက်မသာဖြစ်နေတဲ့အချိန်မှာတောင် ကျွန်တော့်ခံစားချက်ကို သူ့ကို သိပ်ထုတ်မပြချင်ခဲ့ဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်က အရမ်းကလေးဆန်ခဲ့တယ်လေ🥀

အခုအချိန်မျိုးမှာသာ ပြန်တွေ့မိတဲ့အခါမျိုးဆိုရင် ကိုယ်တို့နှစ်ယောက် တစ်ခါထိုင်ဖူးတဲ့ ညနေပိုင်းတယောထိုးပေးတဲ့ Coffee ဆိုင်လေးတစ်ခုမှာထိုင်ပြီး စကားတွေအများကြီးဖြစ်ဖို့ထက် မင်းကို ထိုင်ကြည့်ပြီးပြုံးနေဖို့ပိုများမိတယ် အချစ်ရယ်…..

ကိုယ်မင်းကိုဘယ်လောက်ချစ်ကြောင်းကို မင်းသိတဲ့အတိုင်းပြောပြတာကို ပြုံးပြီး ထိုင်နားထောင်ဖြစ်မယ်ထင်တယ်ကွယ်🌻

26/03/2024

ကိုယ်မပြောနဲ့ အိမ်က အမေတောင်

သူကလွဲပြီး တခြားချွေးမ အိမ်ကိုခေါ်လာမိရင်
ချစ်လို့ရတော့မှာ မဟုတ်တော့ဘူးတဲ့ 🥀

တစ်ချို့ပုံပြင်တွေထဲကလို အမှန်တိုင်းပြောရရင် မျှော်လင့်ကြည့်ချင်တယ်ဥပမာ - နောက်ဆုံးဇာတ်သိမ်းကျမှ ညားသွားပြီး ပျော်ရွှင်န...
25/03/2024

တစ်ချို့ပုံပြင်တွေထဲကလို အမှန်တိုင်းပြောရရင် မျှော်လင့်ကြည့်ချင်တယ်

ဥပမာ - နောက်ဆုံးဇာတ်သိမ်းကျမှ ညားသွားပြီး ပျော်ရွှင်နေတဲ့အခိုက်အတန့်ပုံစံမျိုးပေါ့ 🌻

သစ္စာမပျက်သေးပါ🩶
25/03/2024

သစ္စာမပျက်သေးပါ🩶

22/03/2024

ပေးဆပ်ခြင်းတဲ့ နာကျင်စရာကောင်းမလိုလိုတော့ရှိသား

လူတွေနဲ့ အများကြီးသိလာလေလေ ပေးဆပ်ခြင်းဆိုတဲ့ အရသာက ကိုယ့်အတွက် ဒါမှမဟုတ် ပေးဆပ်တဲ့သူတွေအတွက်တော့ အရမ်းကောင်းလွန်းတဲ့ ကော်ဖီခါးခါးတစ်ခွက်ပဲ

ပေးဆပ်ခြင်းတွေမှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်လာတယ်

ပေးဆပ်ခြင်းတွေမှာ ငိုနေမဲ့အစား အချိန်တိုင်း ပြုံးတတ်လာတယ်

ပေးဆပ်ခြင်းတွေမှာ သူ့သိက္ခာ ကိုယ့်သိက္ခာအတွက် ကြည့်တတ်တဲ့ လူတော်တစ်ယောက်ဖြစ်လာတယ်

ပေးဆပ်ခြင်းက တကယ်တော့ ကော်ဖီခါးခါးတစ်ခွက်ပါ
အားလုံးတော့ ကြိုက်ချင်မှ ကြိုက်လိမ့်မယ် ဒါပေမဲ့ ပေးဆပ်ကြတတ်တဲ့လူတွေ အတွက်ကတော့ အရမ်းကောင်းပြီးပြည့်စုံလွန်းတဲ့ ပညာရပ်တစ်ခုပဲ☕️

ဒီနောက်ပိုင်း လူတွေကိုယ့်အနားက ထွက်ခွါသွားတိုင်း ဝမ်းမနည်းတတ်တော့ဘူး။ဘဝမှာ ထာဝရလို့ တွေးထားပြီးမှ အမြဲတမ်းထားခဲ့ခံရတဲ့အခ...
22/03/2024

ဒီနောက်ပိုင်း လူတွေကိုယ့်အနားက ထွက်ခွါသွားတိုင်း ဝမ်းမနည်းတတ်တော့ဘူး။

ဘဝမှာ ထာဝရလို့ တွေးထားပြီးမှ အမြဲတမ်းထားခဲ့ခံရတဲ့အခါ လူတိုင်းဟာ ကိုယ့်အတွက်ဆိုပြီး ကိုယ့်အနားမှာနေဖို့ သက်သက်မဟုတ်ပဲ သူတို့အတွက် သူတို့စိတ်ပျော်ဖို့ ခဏတာလဲ ဝင်လာတတ်ကြတာပဲလေ။

တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ကိုယ့်ကိုယ်ထားသွားခဲ့နိုင်တယ်ဆိုတဲ့ အတွေးတွေနဲ့ ရင့်ကျက်လာခဲ့ပြီ။

ကိုယ်မြတ်နိုးတဲ့အရာတစ်ခုကို စွန့်လွှတ်ရတာဟာ သိပ်ကို ခက်ခဲတဲ့ အလုပ်တစ်ခုပဲ။ကိုယ့်အတွက် နာကျင်ရတယ်ဆိုပေမဲ့ သူတို့မှာလဲ ကိုယ့်ဆီကထွက်သွားချင်လာတဲ့အခါ ထွက်သွားနိုင်တဲ့အခွင့်အရေးလေး ရှိနေတယ်ဆိုတာကို လက်ခံနိုင်ရမယ်လေနော်။

ကိုယ့်ဆီက ထွက်ခွါသွားတဲ့လူတိုင်းဟာ ကိုယ့်ကိုယ် လူကောင်းတစ်ယောက်အဖြစ် သတ်မှတ်သွားပြီးသာနှုတ်ဆက်သွားကြပါစေ။ဒါဟာ သိပ်ကိုအရေးကြီးတဲ့ ကိုယ့်အတွက် ဂုဏ်သိက္ခာတရားပဲ။သူတို့ဘဝမှာ ဘယ်တော့မှ မေ့လို့မရတဲ့ အမှတ်တရတွေနဲ့ လူတစ်ယောက်အဖြစ် ရှိနေမဲ့ ဂုဏ်သိက္ခာတစ်ခုပေါ့…..

21/03/2024

ဒီကောင့်အရမ်းချစ်ရတဲ့သူက ဘယ်သူလဲလို့ မေးစရာမလိုပဲ သိနေလောက်တဲ့အထိ ချစ်ပါတယ်……

That is my story🥀

21/03/2024

တစ်ခါတစ်လေမှာ ကိုယ်သိပ်ချစ်ဖူးတဲ့လူ ဒါမှမဟုတ် ကိုယ့်ကိုယ် တကယ်ချစ်ခဲ့တာကို ထင်ခဲ့တဲ့

လူတွေကို အဝေးကနေ ကြည့်ပြီး ဘယ်တော့ ပြန်လာမလဲ စောင့်နေရတဲ့ feeling က တော်ရုံလူဆိုရင် သတ်သေသွားလောက်တယ်

မုန်းချင်ပါတယ် သို့သော် မေ့မရပါ💔🥀

21/03/2024

အချစ်အစစ်ကိုပဲ ပေးခဲ့တဲ့ လူတစ်ယောက် ဖြစ်ခဲ့လို့လားမသိဘူး

ကိုယ့်ကိုယ်လာချစ်ကြိုက်နေတဲ့ လူတွေရဲ့ အချစ်ခံရတဲ့အရသာဟာ တကယ် ကောင်းမွန်လွန်းတယ်

ဖြစ်နိုင်ချေနည်းသွားတာကတော့ “ ငါ သူကလွဲပြီး ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့ဘူး “ တဲ့ 😌

Save date 23.7.2018

12/02/2024

ဒီရက်ပိုင်းတွေမှာ စိတ်ရော လူပါပင်ပန်းမှုတွေ ကြားထဲမှာ မနည်းရုန်းထွက်နိုင်အောင် ကြိုးစားနေရတယ်

ဘာက်ိုမှလဲ မမျှော်လင့်ချင်တော့ပါဘူး။
တစ်ချိန်မှာ သူနဲ့ဘယ်လိုနေမလဲ ဘာတွေလုပ်ကြမယ်ဆိုတဲ့ Plan အသေးလေးတွေက တကယ်ဖြစ်မလာတော့တဲ့အခါကျရင် အရမ်းပင်ပန်းရတယ်။

စကားတွေအများကြီးပြောကြတယ်၊
ရုပ်ရှင်တွေအတူကြည့်ကြကြတယ်၊
မုန့်တွေအတူစားကြတယ်၊
စတဲ့ ကိစ္စရပ်လေးတွေကလဲ သူနဲ့ ဇာတ်လမ်းပြီးသွားတဲ့အခါဆိုရင် ဆိုးရွားတဲ့ Memories အဖြစ် ကျန်နေခဲ့တာကလဲ အဆိပ်တစ်မျိုးပါပဲ။

လူတွေကလေ အစကတည်းက ချစ်တယ်မချစ်ဘူးဆိုတာကို ဘာလို့ လေးလေးနက်နက်မစဉ်းစားပဲ နေကြလဲမသိဘူးဗျ။

တကယ်လေးနက်ပြီး ချစ်ရတဲ့ သူတွေမှာတော့
တကယ့်အပြင်းစား အက်ဆစ်နဲ့ လောင်းထည့်လိုက်သလိုပဲ၊

ဒီကမ္ဘာမှာ လူတိုင်းသာ ကိုယ်ချင်းစာစိတ် ၊ စာနာစိတ်လေးရှိရင် ကျွန်တော်တို့လူသားတွေ အသဲကွဲမှာမဟုတ်လောက်ဘူး……

Address


YANGON/NORTHDAGON

Telephone

+959458557090

Website

Alerts

Be the first to know and let us send you an email when 𝕁𝕒𝕜𝕖 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝕁𝕒𝕜𝕖:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share