Thaw Ta Pann

Thaw Ta Pann ငါသည်မုချသေရမည် အချိန်ပိုင်းသာလိုတော့သည် အသေမဦးခင် အသိဦးအောင် ကြိုးစားရအုံးမည်

18/04/2023

ညနေတရားပွဲအတွက် ကြိုတင်ပြင်နေမှုများဖြစ်ပါတယ်ခင်ဗျာ
တရားတော်အလှူခံ ကြွရောက်တော်မူကြပါဗျို့📢📢📢

မဂ်လာပါ ဓမ္မချစ်ခင် သူတော်စင်အပေါင်းတို့🙏 #သောတာပန် ပရဟိတလူငယ်လေးများအသင်း(တောင်ဒဂုံ)နှင့်အတူ ခုနှစ်ရက်သားသမီးများရဲ့ ထူ...
03/04/2023

မဂ်လာပါ ဓမ္မချစ်ခင် သူတော်စင်အပေါင်းတို့🙏

#သောတာပန် ပရဟိတလူငယ်လေးများအသင်း(တောင်ဒဂုံ)နှင့်အတူ ခုနှစ်ရက်သားသမီးများရဲ့ ထူးကဲလှစွာသော နှစ်ဦးအထူးတရားပွဲ အလှူတော်မဂ်လာ ဖိတ်ကြားလွှာဖြစ်ပါတယ်

၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း (၂)ရက်နေ့ (18-4-2023) အဂ်ါနေ့ ညနေ (၆) နာရီတွင် ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြို့နယ် (တောင်ပိုင်း) ဘုန်းကြီးကျောင်းကွေ့အနီး ရွှေကျင်ကျောင်းတိုက်တွင် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ စန္ဒာသိရီ (ဒဂုံမြို့သစ်တောင်ပိုင်း ရွှေကျင်ဂိုဏ်း အတွင်းရေးမှူး)မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို နှစ်ဦးဆည်းဆာ မဂ်လာအဖြစ် ချီးမြှင့်ဟောကြားတော်မူမှာ ဖြစ်ပါတယ်

သို့ပါသောကြောင့် ရပ်နီး ရပ်ဝေးမှ တရားချစ်ခင် သူတော်စင်အပေါင်းတို့နှင့်အတူ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို အတူတကွ နာယူလိုပါသဖြင့် တရားတော်နာ ကြွရောက်ပေးပါရန် နိဗ္ဗာန်အကျိုးမျှော်၍ လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ

#သဗ္ဗဒါနံ_ဓမ္မဒါနံ_ဇိနာတိ အလုံးစုံသော အလှူတို့တွင် တရားအလှူသည် အမွန်မြတ်ဆုံးဖြစ်ပေသည်ဟု သုံးလောကထွဋ်ထား မြတ်ဘုရားက ​ေဟာကြားတော်မူပါပေ၏

#ငါသည်မုချသေရမည်_အချိန်ပိုင်းသာလိုတော့သည်

အသေမဦးခင် အသိဦးအောင် ကြိုးစားရအုံးမည်
သာဓု သာဓု သာဓု

မှတ်ချက် ။ ။ တရားပွဲအတွက် မိမိတို့၏ချွေးနဲစာ
များပါဝင်လှူဒါန်းလိုပါက အသင်း
၏ ဘဏ္ဍာရေးမှူး ကိုမောင်ဦးထံ
(ph:09987414352)တွင် ဆက်သွယ်
၍ လှူဒါန်းနိုင်ပါသည်
Ye Lwin

ကျွန်တော်တို့ "သောတာပန်"ပရဟိတ အဖွဲ့နှင့် ခုနှစ်ရက်သားသမီးများ၏ကောင်းမှုတော်အလှူဖြစ်ပါတယ်ခင်ဗျာလိုအပ်ချက် များစွာ ကျန်ရှိ...
16/01/2023

ကျွန်တော်တို့ "သောတာပန်"ပရဟိတ အဖွဲ့နှင့် ခုနှစ်ရက်သားသမီးများ၏ကောင်းမှုတော်အလှူဖြစ်ပါတယ်ခင်ဗျာ
လိုအပ်ချက် များစွာ ကျန်ရှိနေသေးတဲ့အတွက် စေတနာရှင် သဒ္ဒါရှင် ကုသိုလ်ရှင်များကိုလည်း #ရီမာပရဟိတကျောင်း ကိုယ်စား ဖိတ်မာန်တကပြုအပ်ပါတယ် 🙏

15/01/2023

မဂ်လာညချမ်းပါ အမျိုးတို့🙏
မနက်ဖြန် 16-1-2023 မှာ သွားရောက်လှူဒါန်းမည့် "ရီမာ မိဘမဲ့ ဂေဟာ"ဖြစ်ပါတယ်
https://www.facebook.com/%E1%80%9B%E1%80%AE%E1%80%99%E1%80%AC%E1%80%95%E1%80%9B%E1%80%9F%E1%80%AD%E1%80%90%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8-1945620292362015/?mibextid=ZbWKwL

ကျွန်တော်တို့ "သောတာပန်"အသင်းရဲ့(သက်ကြီးဘိုးဘွားနှင့် မိဘမဲ့ကလေး ကူညီစောင့်ရှောက်ရေးအသင်းရဲ့) တတိယမြောက်ခြေလှမ်း၊တတိယမြောက် မှတ်တိုင်ဖြစ်ပါတယ်
ယခုလို ခက်ခဲ​ြကပ်တည်းတဲ့ကာလမှာ အလှူတခုဖြစ်ဖို့ဆိုတာ သိပ်တော့မလွယ်လှပါဘူး
သို့သော်ငြားလည်း ပင်ကိုယ်စိတ်ရင်းအခံလေးတွေရှိနေကြတော့ မဖြစ်ဖြစ်အောင် ကြိုးစားခဲ့ကြပါတယ်
အလှူငွေအားဖြင့် မပြောပလောက်ပေမယ့်လည်း ထက်သန်လှတဲ့ သဒ္ဒါတရားများကြောင့် အလှူခံပုဂ္ဂိုလ်များအနေနဲ့ ကြည်နူးဝမ်းသာဖြစ်မှာ သေချာပါတယ်
လိုအပ်ချက် များစွာရှိနေသေးတဲ့ "ရီမာ မိဘမဲ့ဂေဟာ"ကို မိမိတို့တတ်အားသရွေ့ ပါဝင်အားဖြည့်ပေးကြဖို့ကိုလည်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါတယ်ခင်ဗျ 🙏
#ကိုယ်ပြုသောကံ_ပဲ့တင်သံ_ကိုယ်ထံပြန်လာမည်

Public figure

အခုချိန်ဆို ဘိုးဘွားတွေ အေးချမ်းစွာ နေနိုင်ဖို့အတွက် အဆောင်ဆောက်ပြီးလောက်ပြီထင်ပါတယ်ဗျ...🙏🙏🙏🙏🙏🙏🙏
25/12/2022

အခုချိန်ဆို ဘိုးဘွားတွေ
အေးချမ်းစွာ နေနိုင်ဖို့အတွက်
အဆောင်ဆောက်ပြီးလောက်ပြီထင်ပါတယ်ဗျ...

🙏🙏🙏🙏🙏🙏🙏

သက်ကြီးရွယ်အိုများနှင့် မိဘမဲ့ကလေးသူငယ်များ ကူညီစောင့်ရှောက်ရေးအသင်းဖြစ်သော သောတာပန် ပရဟိတအသင်း၏စတင်တည်ထောင်ဖွဲ့စည်းခြင်...
19/07/2022

သက်ကြီးရွယ်အိုများနှင့် မိဘမဲ့ကလေးသူငယ်များ
ကူညီစောင့်ရှောက်ရေးအသင်းဖြစ်သော
သောတာပန် ပရဟိတအသင်း၏
စတင်တည်ထောင်ဖွဲ့စည်းခြင်း (၂)နှစ်ပြည့်အဖြစ်
ဒုတိယအကြိမ်မြောက် အလှူပွဲလေး
အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပါတယ်ခင်ဗျ 🙏

ယခုလို လှူဒါန်းရာမှာ ဒါနအမျိုးမျိုး ပါရမီဖြည့်ကာ
လှူဒါန်းပေးကြပါသော စေတနာရှင်များ အားလုံး
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း များနှင့်
ပြည့်စုံကာ ကျန်ရှိနေသေးသော ဘဝတလျောက်လုံး
ရွှင်လန်းချမ်းမြေ့ကာ ပြုံးပျော်ရွှင်ကြပါစေဗျာ 🙏

လှူဒါန်းမှု့အစုစုတို့အား သာဓု သာဓု သာဓု 🙏🙏🙏

မိဘပြည်သူ ညီအစ်ကို မောင်နှမများ အားလုံးပဲ မဂ်လာပါဗျ 🙏ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၏ မြို့နယ်ကျက...
12/07/2022

မိဘပြည်သူ ညီအစ်ကို မောင်နှမများ
အားလုံးပဲ မဂ်လာပါဗျ 🙏

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)
မြို့နယ်၏ မြို့နယ်ကျက်သရေဆောင်
အောင်ဗောဓိစေတီတော်မြတ်ကြီး၏
ဘုရားဝေယျဝစ္စအသင်းဖြစ်သော
သောတာပန်ပရဟိတအသင်း၏
အသင်းခွဲအဖြစ် သက်ကြီးရွယ်အိုများနှင့်
မိဘမဲ့ကလေးသူငယ်များကူညီစောင့်ရှောက်ရေး
အသင်းအား ၁၉.၇.၂၀၂၀ (အာဇာနည်နေ့) မှာ
ထပ်မံဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။

အသင်း၏ ပထမဦးဆုံး လှူဒါန်းမှု့အတွက်
၂၅.၁၂.၂၀၂၀ (ခရစ္စမတ်နေ့) မှာ
( Y.G.W ထာဝရဘိုးဘွားရိပ်သာ.ရန်ကုန် ) ၌
ဘိုးဘွားများနေထိုင်ရန် အဆောင်
ဆောက်လုပ်လျက်ရှိရာ အခန်းတခန်းစာ
အလှူငွေ ကျပ်(ဆယ်သိန်း) နှင့်အတူ တခြားသော
လှူဒါန်းဖွယ်ရာများ. လုပ်အားဒါနများ.
လှူဒါန်းခဲ့ပါတယ်.....။

ယခုလာမယ့် ၁၉.၇.၂၀၂၂ (အာဇာနည်နေ့) ဟာ
အသင်းရဲ့ စတင်တည်ထောင်ဖွဲ့စည်းခဲ့တဲ့
(၂)နှစ်ပြည်ံ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်...။

(၂)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အသင်း၏
ဒုတိယအကြိမ် သွားရောက်လှူဒါန်းနိုင်ဖို့အတွက်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၈၆)ရပ်ကွက်ရှိ
(မှန်ကင်းပရဟိတကျောင်း အမှတ်.၂) ကို
သွားရောက်စုံစမ်းမေးမြန်းထားပါတယ်...။

ကျောင်းမှာ ကလေးဦးရေ(၉၆)ယောက် နှင့်
ဦးဇင်း ကိုရင် ဝန်ထမ်း အားလုံး စုစုပေါင်း
လူဦးရေ (၁၅၀) ဝန်းကျင်ခန့် ရှိပါတယ်...။

အာဟာရဒါနအဖြစ် လှူဒါန်းမယ်ဆိုရင်
နံနက်စာ........၁၅၀၀၀၀
နေ့လည်စာ....၂၅၀၀၀၀
ညနေစာ........၁၅၀၀၀၀ ခန့် ကုန်ကျပါမယ်...။

လက်ရှိကျောင်းမှာလည်း အဆောင်အသစ်
ဆောက်လုပ်လျက်ရှိတာ တွေ့ခဲ့ရပါတယ်...
အဆောင်သစ်မှာ လှူဒါန်းမယ်ဆိုရင်
အခန်းတခန်းစာ ကျပ်(ဆယ်သိန်း)
သတ်မှတ်ထားပါတယ်...။

အသင်းဝင်များ ဆွေးနွေးတိုင်ပင်မှု့အရ
သွားရောက်မေးမြန်းစုံစမ်းထားတဲ့
(မှန်ကင်းပရဟိတကျောင်း အမှတ်.၂) မှာ
လိုအပ်နေသော "ဆန် နှင့် ဆီ" အား
အဓိက ထားကာ လှူဒါန်းသွားမှာဖြစ်ပါတယ်။

တခြား လိုအပ်လျက်ရှိသော အရာများကိုလည်း
လှူဒါန်းသွားနိုင်ဖို့ ကြိုးစားလျက်ပါခင်ဗျ...

(၂)နှစ်ပြည့် အလှူပွဲ ကျင်းပဖို့ တပတ်သာ
လိုပါတော့တယ်ခင်ဗျ...

လှူဒါန်းဖွယ်ရာများအား (၁၇)ရက်နေ့တွင်
ဝယ်ယူရမည်ဖြစ်ပါသဖြင့် (၁၆)ရက်နေ့
နောက်ဆုံးထား၍ သဒ္ဒါတရားနည်းများမဆို
ကုသိုလ်ပါဝင်လှူဒါန်းနိုင်ကြပြီး

ငွေသားအလှူငွေမဟုတ်ဘဲ မိမိတို့
အစီအစဥ်ဖြင့် တခြားလှူဖွယ်ရာပစ္စည်းများအား
ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါတယ်ခင်ဗျ...

နီးစပ်ရာ အသင်းဝင်များထံသို့လည်း
ဆက်သွယ်ပါဝင်လှူဒါန်းနိုင်ပါတယ်ခင်ဗျ...

လှူဒါန်းမှု့အစုစုအား သာဓု သာဓု သာဓု...🙏

ဖုန်းဖြင့်ဆက်သွယ်ပါဝင်လှူဒါန်းလိုပါက...

မှန်ကင်း.အမှတ်(၂)ကျောင်း
ဆရာတော်...☎...09422544122

သောတာပန်ပရဟိတအသင်း...☎...09790891430

Address


Alerts

Be the first to know and let us send you an email when Thaw Ta Pann posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share