17/09/2020
COVID ဘေးမှ ကိုယ့်ကို ကိုယ် ကာကွယ်နိုင်ကြပါစေနော်
https://m.facebook.com/story.php?story_fbid=3679031655442485&id=1696999820312355
ကိုဗစ် ၁၉ ပေါ့စတစ် ဖြစ်လျင်
ဖြစ်တဲ့သူတွေလဲ အတော်များလာပြီ၊ ကိုယ်နဲ့ အနီးကပ် ထိတွေ့သူတွေတောင် ပါလာပြီ၊ ကိုယ်ကတော့ D3 တွေ၊ ဖြည့်စွက်စာတွေ သောက်ထားလို့ထင်တယ် ဘာမှ မဖြစ်သေးဘူး၊
ဖြစ်လာခဲ့လျင်
ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်း က
ဒါတွေ သောက်ဖို့ အကြံပြုပါတယ်
1. Vitamin D3
2. Vitamin C
3. Super K
4. Zinc 50mg
5. Probiotics
6. R Lipoid acid
7. COQ10
8. NAC
9. Unique E (Mixed tocopherols and tocotrienols )
10. Magnesium Jigsaw
11. Vitamin A
12. Melatonin
(အကုန်လုံး မတတ်နိုင်ဖူးဆိုရင် Vitamin D and C ကိုတော့ သောက်စေချင်ပါတယ်)
DR. THAINGAR AUNG (I.M 1)
ခရိုင်ဆေးရုံအုပ် (ငြိမ်း) က ဒါတွေ လုပ်ဖို့ အကြံပြုပါတယ်
မိမိနေထိုင်ရာ အခန်းတွင် စိတ်တည်ငြိမ်စွာ နေပါ၊ မိမိ ကိုးကွယ်ရာ ဘာသာ အလိုက် ဆုတောင်းပါ၊ ပရိတ်၊ ပဌန်းများ ဖတ်ပါက စိတ်တည်ငြိမ်စေနိုင်ပါတယ်၊
၁။ အရွက်ရည်များ သောက်ပါ၊
၂။ သံပုရာ၊ သံပုယို ရည်ကို ဆားအနည်းငယ်ထည့်ပြီး သောက်ပါ
၃။ ANTI VIRAL အနေဖြင့် အောက်ပါတို့ကို စားသုံးပေးပါက COVID ပိုးများမရှိနိုင်ပါ၊
(အုန်းဆီ၊ ဆနွင်း၊ သစ်ကြပိုး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ အုန်းရေ၊ အိမ်လုပ် ဒိန်ချည်၊ အရွက်ရည်များ)
၎င်းပိုးများကို ရှင်းလင်းနေချိန်တွင် အပြင်စာများ စားသုံးခြင်း မပြုရပါ၊ CHEMICAL များပါဝင်နေပါက ကိုယ်ခံအား စစ်သားများကို အနှောက်အယှက် ပေးပါ၍ ဖြစ်ပါတယ်၊ ထမင်းစားခြင်းဟာ ANTIGEN_ANTIBODY REACTION ကိုနှေးသွားစေနိုင်လို့ ထမင်းစားခြင်းကို ရှောင်ရပါမည်၊
ကျဆုံးသွားတဲ့ ကိုယ်ခံအား ပြန်လည် ကောင်းမွန်လာစေရန် အောက်ပါတို့ကိုသာ စားသောက်ပေးပါက ပြန်လည် ကျန်းမာ လာပါမည်၊
၁။ အရိုးပြုတ်ရည်များ
၂။ ရာသီပေါ် အသီးများ
၃။ ကြက်ဥများ
၄။ အသားပြုတ်ရည်များ တို့ဖြစ်ပါတယ်
မိမိကိုယ်တိုင် ရောဂါဖြစ်နေပါက နေ့စဉ် နေရောင်ခြည်ကို ၃၀ မိနှစ်ခန့် ရေကူးဝတ်စုံဖြင့် ခံပေးပါက ပို၍ အမြန်သက်သာ ပါတယ်၊ နေရောင်ခြည်ကို နံနက် ၈နာရီမှ နေ့လည် ၁၂ နာရီ အတွင်း ခံယူပါ၊
ရက် အနည်းငယ်အတွင်း သက်သာပျောက်ကင်းသွားပါမည်၊ နာတာရှည်လည်း မခံစားရပါ၊
ဒေါက်တာကျော်ကျော်စိုင်း (M.B.,B.S. IM1) က အခုလို အကြံပြုပါတယ်
1. နေ့စဥ် စီဗစ် 500mg (MPF BPI ဆိုလျှင် ၅ လုံး) အထိ သောက်နိုင်ပါသည်။
2. အားဆေးများအား ကြောက်လန့်တကြား အလွန်အကျွံမသောက်ပါနှင့်။ အရမ်းသောက်ချင်လျှင် ကြိုက်ရာတစ်မျိုးကိုသာ တစ်နေ့တစ်လုံးသာ သောက်ပါ။ အမျိုးစုံ ၄-၅ မျိုးကို တစ်လုံးစီ မသောက်ပါနဲ့၊ တစ်မျိုးတည်းကိုလဲ တစ်နေ့ ၂ လုံး ၃ လုံး မသောက်ပါနဲ့။ အားဆေးသောက်ခြင်းကို အားမပေးပါ။
3. ပါရာစီတမော ဖြစ်နိုင်လျှင် မသောက်ဖို့ တိုက်တွန်းပါသည်။
အဖျားရှိလျှင်တောင် အဖျားမကြီးလျှင် မသောက်ပါနှင့်။ ပါရာစီတမောဝင်လျှင် အသည်းက ပိုအလုပ်လုပ်ရပါသည်၊ အစာအိမ်ထိပါသည်။ ကိုဗစ်ကြောင့် ခန္ဓာကိုယ် ဗျာများနေချိန်တွင် အခြားအလုပ်များ ဖြစ်နိုင်သလောက် မပေးပါနှင့်။ ပါရာစီတမောသည် ကိုယ်ပူ ခေတ္တ ကျစေတာဖြစ်ပြီး ကိုဗစ်ကို မပျောက်စေ မသက်သာစေနိုင်ပါ။
4. အခြားဘာဆေးလိုလဲဆို ဘာဆေးမှ မလိုပါ။ ၇၀ ရာခိုင်နှုန်းကျော်မှာ လုံးဝမဖျားဘဲ လူကောင်းအတိုင်းသာ ကိုဗစ် ပျောက်သွားသောကြောင့် ဖြစ်သည်။
5. အားရှိစေရန်အတွက် ကြက်ဥ၊ အသားငါး၊ ဟင်းသီးဟင်းရွက် မျှတစွာစားသုံးပါ။ ကိုယ်အလေးချိန်တက်လောက်အောင် မစားပါနှင့်။ အသီးအရွက် များများစားပါ၊ ကိုယ်ခံအား တက်စေမည့် ဗီတာမင်နှင့် အခြားဓါတ်များသည် အသီးအရွက်များတွင် အဓိက ပါသည် အားဆေးမလိုပါ။
6. ရေများများ သောက်ပါ
7. နေ့စဥ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ။ ၂ နာရီခန့်ကြာအောင် နားလိုက် လုပ်လိုက်ဖြင့် ချွေးပြိုက်ပြိုက်ထွက်သည်အထိ လုပ်ပါ။ လေ့ကျင့်ခန်းသည် ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်သော ကိုယ်ခံအား ပိုကောင်းလာစေသည်။
8. အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ အဆုံးအထိ ရှူသွင်းပြီး ဖြေးညှင်းစွာ ရှူထုတ်သည်ကို ၁၅ မိနစ် နာရီဝက်ခန့် နေ့စဥ်လုပ်ပေးပါ။
9. ဆေးလိပ် အရက် သောက်သူများ ဖြတ်ထားပါ။
10. နွေးနွေးထွေးထွေးနေပါ။ အအေးမခံပါနှင့်၊ အဲကွန်းရှေ့ ပန်ကာရှေ့ တိုက်ရိုက် လေထိသည့် နေရာ မနေပါနှင့်၊ မအိပ်ပါနှင့်၊ အေးစက်ခြင်းသည် ကိုယ်ခံအားကို ကျစေသည်။ ရေချိုးလျှင် ရေနွေးဖြင့် ချိုးလျှင် ပိုကောင်းသည်။ ညအိပ်လျှင် ရင်ဘတ်ကို စောင်တင်ပြီး အိပ်လျှင် နွေးနွေးထွေးထွေး ထားလျှင် ပိုကောင်းသည်။
11. အသက်ရှူကြပ်လျှင် ဆေးရုံကားမလာခင် ဘာမှ လျှောက်မလုပ်ပါနှင့် မှောက်ရက် နေပါ။ မှောက်နေလျှင် သက်သာပါသည် တကမ္ဘာလုံး ထိုနည်းသာသုံးပါသည်။