𝗥𝗵𝘆𝗺𝗲

  • Home
  • 𝗥𝗵𝘆𝗺𝗲

𝗥𝗵𝘆𝗺𝗲 content creator

နှစ်သစ်မှာ စောင့်ကြိုနေမယ့်အရာတွေ.....🎉
31/12/2023

နှစ်သစ်မှာ စောင့်ကြိုနေမယ့်အရာတွေ.....🎉

𝚖𝚘𝚛𝚗𝚒𝚗𝚐  ✨
29/12/2023

𝚖𝚘𝚛𝚗𝚒𝚗𝚐 ✨

မင်းနှုတ်ခမ်းနဲ့ပန်းနဲ့ငြိဖို့ဒီတစ်ဆောင်းဟာ လုံလောက်ခဲ့တယ်တချို့မနက်ခင်းတွကဘာရယ်မဟုတ် ခိုးငေးဖို့အတွက်                  ...
28/12/2023

မင်းနှုတ်ခမ်းနဲ့ပန်းနဲ့ငြိဖို့
ဒီတစ်ဆောင်းဟာ လုံလောက်ခဲ့တယ်
တချို့မနက်ခင်းတွက
ဘာရယ်မဟုတ် ခိုးငေးဖို့အတွက်
Rhyme

𝚖𝚘𝚛𝚗𝚒𝚗𝚐 ✨

အလွမ်း၊ အချစ်အခန်းအသစ်ရေးမကုန်ဇာတ်အစုံဘယ်ကဗျာမှာ နားမလဲညီမ...                   Rhyme𝚖𝚘𝚛𝚗𝚒𝚗𝚐  ✨
27/12/2023

အလွမ်း၊ အချစ်
အခန်းအသစ်
ရေးမကုန်ဇာတ်အစုံ
ဘယ်ကဗျာမှာ နားမလဲညီမ...
Rhyme

𝚖𝚘𝚛𝚗𝚒𝚗𝚐 ✨

မင်း ကျန်းမာရင်ငါ ပျော်မွေ့လို့မင်း စိတ်ရွှင်ရင်ငါ လန်းဆန်းလို့ပုံမှန် မနက်ခင်းလေးတစ်ခုပါပဲ...                   Rhyme𝚖𝚘...
26/12/2023

မင်း ကျန်းမာရင်
ငါ ပျော်မွေ့လို့
မင်း စိတ်ရွှင်ရင်
ငါ လန်းဆန်းလို့
ပုံမှန် မနက်ခင်းလေးတစ်ခုပါပဲ...
Rhyme

𝚖𝚘𝚛𝚗𝚒𝚗𝚐 ✨

စိတ်ကူးထဲမှာအကြိမ်ကြိမ် စာလွှာပို့တိုင်းကောင်းသောနံနက်ခင်းကိုပိုင်ဆိုင်ပါစေပေါ့                Rhyme𝚖𝚘𝚛𝚗𝚒𝚗𝚐  ✨
25/12/2023

စိတ်ကူးထဲမှာ
အကြိမ်ကြိမ် စာလွှာပို့တိုင်း
ကောင်းသောနံနက်ခင်းကို
ပိုင်ဆိုင်ပါစေပေါ့
Rhyme

𝚖𝚘𝚛𝚗𝚒𝚗𝚐 ✨

လမ်းကို တစ်ငေးတည်း ငေးကိုယ့်ကိုယ်ကိုယ် တစ်ချက် ပြန်ငေးမနက်ခင်းလည်း ဆွေးနေတုန်းပဲ                            စိုင်းဝင်းမြ...
24/12/2023

လမ်းကို တစ်ငေးတည်း ငေး
ကိုယ့်ကိုယ်ကိုယ် တစ်ချက် ပြန်ငေး
မနက်ခင်းလည်း ဆွေးနေတုန်းပဲ
စိုင်းဝင်းမြင့်
𝚖𝚘𝚛𝚗𝚒𝚗𝚐 ✨

ဥတ္တရယဉ်စွန်းတန်းဆီကမျက်စောင်းထိုးသံလေးကိုလေတိုက်တိုင်းကြားနေရတယ်ချွေးစက်လေးတွေကြားက သနပ်ခါးပွင့်လေးဟာထနောင်းရိပ်ပျောက်န...
23/12/2023

ဥတ္တရယဉ်စွန်းတန်းဆီက
မျက်စောင်းထိုးသံလေးကို
လေတိုက်တိုင်းကြားနေရတယ်
ချွေးစက်လေးတွေကြားက သနပ်ခါးပွင့်လေးဟာထနောင်းရိပ်ပျောက်နေသူပါ
Rhyme
𝚖𝚘𝚛𝚗𝚒𝚗𝚐 ✨

ရိုးသားနိုင်သလောက်အမြင့်ဆုံးတောင်ကုန်းမှာကျွန်တော်နေရာယူထားဆဲပါ ခင်ဖုန်းသက်ဝေ...                       သန်းတင့်𝚖𝚘𝚛𝚗𝚒𝚗𝚐  ...
22/12/2023

ရိုးသားနိုင်သလောက်
အမြင့်ဆုံးတောင်ကုန်းမှာ
ကျွန်တော်နေရာယူထားဆဲပါ ခင်ဖုန်းသက်ဝေ...
သန်းတင့်

𝚖𝚘𝚛𝚗𝚒𝚗𝚐 ✨

နှင်းမခတဲ့မနက်ဟာဆောင်းရင့်ရင့်အလွမ်းရင့်ရင့်𝚖𝚘𝚛𝚗𝚒𝚗𝚐  ✨
18/12/2023

နှင်းမခတဲ့မနက်ဟာ
ဆောင်းရင့်ရင့်
အလွမ်းရင့်ရင့်

𝚖𝚘𝚛𝚗𝚒𝚗𝚐 ✨

မနေ့ကမပျော်ရွှင်မှုတွေကို ထားခဲ့ပါမနက်ဖြန်ရဲ့ မသေချာမှုကို ကြိုမတွေးဘဲအပြုံးလေးတစ်ခုနဲ့သာနေ့သစ်ကို စတင်ပါ    𝚖𝚘𝚛𝚗𝚒𝚗𝚐  ✨
17/12/2023

မနေ့ကမပျော်ရွှင်မှုတွေကို ထားခဲ့ပါ
မနက်ဖြန်ရဲ့ မသေချာမှုကို ကြိုမတွေးဘဲ
အပြုံးလေးတစ်ခုနဲ့သာနေ့သစ်ကို စတင်ပါ

𝚖𝚘𝚛𝚗𝚒𝚗𝚐 ✨

မြန်မာစကားပုံ       _________________            *** ခ ***၁. “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”၂. “ခွေးလေးရော၀င် ပါးလျက်န...
16/12/2023

မြန်မာစကားပုံ
_________________
*** ခ ***

၁. “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”
၂. “ခွေးလေးရော၀င် ပါးလျက်နားလျက်”
၃. “ခေါင်းတစ်လုံးနဲ့..အိုးနှစ်လုံးမရွက်နိုင်”
၄. “ချွေးထွက်များမှ...သွေးထွက်နည်းမည်”
၅. “ခလုတ်ထိမှ...အမိတ”
၆. “ခုစာကလေးကြော်...ခုဆီထမင်း”
၇. “ခွေးမြီးကောက်....ကျည်တောက်စွပ်”
၈. “ချစ်ခြင်းအစ...မျက်စိက”
၉. “ချက်ဆို...နားခွက်က...မီးတောက်”
၁၀. “ခဲလေသမျှ......သဲရေကျ”
၁၁. “ခရုခါးတောင်းကျိုက်ဖမ်း”
၁၂. “ခါချဉ်ကောင်မာန်ကြီးလို့..တောင်ကြီးဖြိုမယ်ကြံ...ခါးကမသန်
၁၃. “ချောင်းကိုပစ်၍...မြစ်ကိုရှာ”
၁၄. “ခိုးစားတော့ခွေးဟောင်...လယ်လုပ်တော့မိုးခေါင်”
၁၅. “ခဲတစ်လုံးနဲ့...ငှက်နှစ်ကောင်ပစ်”
၁၆. “ချစ်စကိုရှည်စေ..မုန်းစကိုတိုစေ”
၁၇. “ချစ်တိုင်းလည်းမညား...ညားတိုင်းလည်းမချစ်”
၁၈. “ချဉ်ချဉ်တူးတူး...မူးပြီးရော”
၁၉. “ခြေမ.မကောင်း.ခြေမ...လက်မ.မကောင်း..လက်မ
၂၀. “ခရမ်းသီးပိန်...ဓားတုံး”
၂၁. “ခြောက်ပစ်ကင်း...သဲလဲစင်”
၂၂. “ခွေးဟောင်တိုင်း..ထကြည့်လျှင်..အိပ်ရေးပျက်”
၂၃. “ခွေးရူးဖက်ကိုက်...ခွေးကောင်းနားရွက်ပျက်”
၂၄. “ချောင်းကြီးတော့....မြစ်ဖြစ်”
၂၅. “ချည်ပုဆိုးက..ပိုးပေါင်းချင်”
၂၆. “ချော့တစ်ခါ..ခြောက်တစ်လှည့်”
၂၇. “ခြောက်ပြော..မြှောက်ပြော”
၂၈. “ချီးမွမ်းခုနစ်ရက်..ကဲ့ရဲ့ခုနစ်ရက်”
၂၉. “ချော်လဲ..ရောထိုင်”
၃၀. “-ျီး..ပါခါနီးမှ....-ျီးခံတွင်းပေါက်ရှာ”
၃၁. “ခွေးဟောင်၍ တောင်ပို့မပြေး”
၃၂. “ခွေးဟောင်လို့...တောင်မရွေ့”
၃၃. “ခိုးစားမှ..လူမိ”
၃၄. “ခွေးရူးကောင်းစား...တစ်မွန်းတည့်”
၃၅. “ခုတ်ရာတစ်ခြား..ရှရာတစ်လွဲ”
၃၆. “ခြေမွှေးမီးမလောင်...လက်မွှေးမီးမလောင်”
၃၇. “ခေါင်ကမိုးမလုံလျှင်...တံစက်မြိတ်လည်း...မလုံနိုင်

ဘာစကားပုံလဲ ?
16/12/2023

ဘာစကားပုံလဲ ?

ကျွန်တော်တို့သည် ညနှင့်မဆန့်အောင် အိပ်မက်တွေ မက်ကြဖို့ လိုသည်။အိပ်မက်တွေ လှပဖို့၊ သန့်စင်ဖို့အတွက်ကိုတော့ ဂရုတစိုက်ပျိုး...
15/12/2023

ကျွန်တော်တို့သည် ညနှင့်မဆန့်အောင် အိပ်မက်တွေ မက်ကြဖို့ လိုသည်။

အိပ်မက်တွေ လှပဖို့၊ သန့်စင်ဖို့အတွက်ကိုတော့ ဂရုတစိုက်ပျိုးထောင်ရန် လိုသည်။

ထိုအတွက် ပတ်ဝန်းကျင်သည် အိပ်မက်မက်ချင်စဖွယ် အခင်းအကျင်း ဖြစ်နေဖို့သင့်ပေသည်။
Rhyme
𝙶𝚘𝚘𝚍 𝙽𝚒𝚐𝚑𝚝! ✨

15/12/2023

Individual
အင်ဒီဗစ်ဂျူရယ်လစ်ဇင်ဆိုတာ "ငါ့လှေ
ငါထိုး ပဲခူးရောက်ရောက်"တို့ "ငါ့မြင်းငါစိုင်း
စစ်ကိုင်းရောက်ရောက်" အဲဒီလိုတွေ ဆိုလိုတာမျိုး မဟုတ်ဘူးလို့ ဆောင်းပါးတစ်ပုဒ်ထဲ
ဖတ်ဖူးတယ်။ ထုံးစံအတိုင်း ဘယ်သူရေးတာလဲ ဘာလဲ သေချာ မသိတော့ဘူး။
လူတော်တော်များများက အဲဒီလိုထင်နေကြတာကိုး။ကိုယ့်အသက် ၁၈ နှစ်လောက်က
ခု KFC ကြိုက်တတ်နေတဲ့ ကွန်ပူနစ် ရဲဘော်တစ်ယောက်က ပြောဖူးတယ်။ အင်ဒီဗစ်ဂျူရယ်လစ်ဇင်ဟာ လူ့ဘောင်လောကအတွက်
အလုပ်မဖြစ်ဘူးကွ ဆိုလား။
ထားလိုက်ပါတော့။
Individualism ကို ဗမာလို ဘာသာမပြန်တတ်တော့ အင်ဒီဗစ်ဂျူရယ်လစ်ဇင်လို့ပဲ ဒီအတိုင်း ဆက်သုံးမယ်။ အရိုးရှင်းဆုံး
ပြောရရင် ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်အယူအဆနဲ့ ရှင်သန်ပြီး အဲဒီဟာတွေအတွက် တာဝန်ယူမှု အပြည့်ရှိတယ်။ အုပ်စုတစ်စုက ထင်မြင်ယူဆချက် တွေးခေါ်ချက်တွေ အစရှိတာတွေကို ဂရုမစိုက်ဘူး။ အခြေခံအားဖြင့်
အဲဒါ အင်ဒီဗစ်ဂျူရယ်လစ်ဇင်ပဲ။
အဲဒါနဲ့ ပြောင်းပြန်က
ကော်လက်တစ်ဗ်ဇင် Collectivism လို့
ခေါ်တယ်။ အစုအဖွဲ့က ချမှတ်ထားတဲ့ဟာတွေနဲ့ ရှင်သန်တာမျိုး။ ဥပမာ ဘာသာရေးတွေ
လူမှုရေး ထုံးတမ်းစဉ်လာတွေ။ဒါတွေကို အတိအကျ လျှောက်မပြောတော့ဘူး။ သိပြီးသားတွေချည်းပဲ။ အဓိက လိုရင်း သွားတော့မယ်။
ယနေ့ ကမ္ဘာကို ကြည့်လိုက်ရင်
အနောက်ဟာ အင်ဒီဗစ်ဂျူရယ်လစ်ဇင်
လွှမ်းမိုးပြီး အရှေ့မှာ ကော်လက်တစ်ဗ်ဇင် အားကြီးတယ်။ ဒါဟာ ယေဘုယျအားဖြင့်
ပြောတာ။ အဲဒီ နှစ်ခုဟာ အပြန်အလှန်
အမှီပြုနေတာကို မေ့ထားလို့ မရပြန်ဘူး။
ကော်လက်တစ်ဗ်ဇင်(ဘာသာရေးတွေဆိုပါ
တော့) က ပြောတယ်။ အရက်ဟာ
မကောင်းမှုအပေါင်းရဲ့ ဇစ်မြစ်ဖြစ်တယ်။
အရက်သောက်ရင် ကံငါးပါးပေါက်လိမ့်မယ်။
မှန်သလိုလိုဖြစ်နေတယ်။ဟုတ်ပြီ။ ဥရောပ
တိုက်က စကင်န်ဒင်ဆနးဗီးယားတိုင်းပြည်
တွေ(နော်ဝေ, ဒိန်းမတ်, ဆွီဒင်)လူတွေဟာ ၁၀၀% အရက်သောက်တယ်။ ခိုးမှု မရှိ|
လူသတ်မှုနည်းတယ်။ ဒီတော့ ၄င်းအဆိုဟာ မမှန်ဘူး။ ဘာလို့လဲ။ အရက်ကို လူတိုင်း
သောက်တယ်။ ကိုယ့်ရွေးချယ်မှုနဲ့
ကိုယ်သောက်တယ်။ ကုယ့်ကိုယ်ကိုယ် တာဝန်ယူမှုရှိတယ်။ အင်ဒီဗစ်ဂျူရယ်လစ်ဇင်
အားကောင်းတာကိုး။ ဒါပဲ။
အမေရိကန်သမ္မတ ဘီလ်ကလင်တန်
မော်နီကာနဲ့ ဖောက်ပြန်တယ်။ အမေရိကန်
တွေ ဘယ်လို တုံ့ပြန်ခဲ့လဲ။ သူ့ပုဂ္ဂလိက ကိစ္စ သူ့ဘာသူရှင်း။ ငါတို့ သမ္မတတစ်ယောက်
အဆုံးမခံနိုင်ဘူး။
ပန်းသီး စီအီးအိုက သူဟာ ဂျီပုန်း
ဖြစ်ကြောင်း ကြေညာလိုက်တယ်။
ပန်းသီးပစ္စည်းတွေ ရောင်းအားကျသွားသလား။ နိုး...ဒါ အင်ဒီဗစ်ဂျူရယ်လစ်ဇင်ပဲ။
ယုတ်စွအဆုံး အိုင်းစတိုင်း၊ ကားလ်မတ် ဒီလိုလူတွေ ပေါ်ထွန်းလာတာဟာ အင်ဒီဗစ်ဂျူရယ်လစ်ဇင်ကြောင့်။
ခုအပေါ်က ပြောခဲ့သမျှတွေက ဖတ်ဖူးတဲ့ဟာတွေကို တောင်စဉ်ရေမရ လျှောက်ပြောထားတာ။ အနှစ်ချုပ်ရရင်
ကော်လက်တစ်ဗ်ဇင်(Collectivism)
အားကောင်းတဲ့ ဗမာပြည်အကြောင်း
ပြောမလို့။
ဒရိုင်ဘာ ဖြစ်တယ်…
ခရစ်ယာန် ဖြစ်တယ်…
ကုလားဖြူကောင်ကို လက်ထပ်ခဲ့လို့
ဘာလုပ်ခွင့် မရှိဘူး…
အဲဒီခေါင်းစဉ်တွေ တပ်ပြီး လှောင်ပြောင်တဲ့ လူတွေ၊ စွပ်စွဲတဲ့ လူတွေ၊ ခုခံတဲ့ လူတွေ အစရှိသဖြင့်ပေါ့လေ။ လူတစ်ဦးတစ်ယောက်
ချင်းရဲ့ အင်ဒီဗစ်ဂျူရယ်လိုက်ဖ်(Individual life) ကို အုပ်စုဖွဲ့ပြီး တရားစီရင်ဖို့ ကြိုးစားနေတာ။ ဗမာပြည်မယ် ခွေးအဝါဒ အင်မတန် အားကောင်းနေတယ်။
#ပါပီယွန်

နပိုလီယွန်ကြိုက်တဲ့ကော်ဖီနဲ့အတူမနက်ခင်းတွေဟာစိန့်ဟယ်လီနာနဲ့တူကြောင်း.....                          Rhyme
13/12/2023

နပိုလီယွန်ကြိုက်တဲ့ကော်ဖီနဲ့အတူ
မနက်ခင်းတွေဟာ
စိန့်ဟယ်လီနာနဲ့တူကြောင်း.....
Rhyme

နွေးထွေးခြင်းကြင်နာခြင်းဖေးမခြင်းလုံခြုံခြင်းအပြည့်အဝရလို့လောကကြီးအတွက် ပန်းတွေပြန်ပွင့်ပေးနိုင်ပါစေ...                 ...
10/12/2023

နွေးထွေးခြင်း
ကြင်နာခြင်း
ဖေးမခြင်း
လုံခြုံခြင်း
အပြည့်အဝရလို့
လောကကြီးအတွက် ပန်းတွေပြန်ပွင့်ပေးနိုင်ပါစေ...
Rhyme

မြန်မာစကားပုံ     _________________           *** က ***၁. “ကြက်ကန်း ဆန်အိုးတိုး”၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”၃. “...
05/12/2023

မြန်မာစကားပုံ
_________________
*** က ***

၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၄. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”
၁၀. “ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲ”
၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”
၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”
၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”
၁၄. “ကျီစားသန်က..ရန်များ၏”
၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”
၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်ဆိုး
၁၇. “ကံကိုယုံတော့..စုံလုံးကန်း”
၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား
၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”
၂၀. “ကျားရှေ့...မှောက်ရက်လဲ”
၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ”
၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်”
၂၃. “ကျားကြီး..ခြေရာကြီး”
၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ”
၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်”
၂၆. “ကြောင်သူတော်..ကြွက်သူခိုး”
၂၇. “ကျောသားကလည်းသား...ရင်သားကလည်းသား
၂၈. “ကြွက်သေတစ်ခု....အရင်းပြု”
၂၉. “ကုသိုလ်တစ်ပဲ...ငရဲတစ်ပိဿာ”
၃၀. “ကုလားမနိုင်....ရခိုင်မေး”
၃၁. “ကြောက်ရင်လာဘ်လွဲ...ရဲလျှင်မင်းဖြစ်”
၃၂. “ကွန်တစ်ချက်....ဟင်းတစ်ခွက်”
၃၃. “ကြောင်အိုတော့...ကြွက်မလေး”
၃၄. “ကြိုက်မရှက်...ငိုက်မရှက်”
၃၅. “ကျင်ကြီးစွန့်ရာ...ကျင်ငယ်ပါ”
၃၆. “ကြောင်ကဲ့သို့.ကျင့်လေ..ညောင်ကဲ့သို့..ကျင့်လေ”
၃၇. “ကောက်သော်..စားမလောက်...ဖြောင့်သော်..စားမနိုင်
၃၈. “ကိုယ်ကောင်းရင်..ခေါင်းမရွေ့”
၃၉. “ကချင်ရက်...လက်ကျိုး”
၄၀. “ကံသာလျှင်အမိ..ကံသာလျှင်အဖ”
၄၁. “ကျည်ပွေ့ကောင်းလို့..ဆန်ဖြူ”
၄၂. “ကင်းခြေများ.ခြေတစ်ချောင်းကျိုး၍..အသွားမပျက်”
၄၃. “ကျားရဲလည်းသေ...တောလည်းကျေ”
၄၄. “ကြက်မ.တွန်လို့..မိုးမလင်း”
၄၅. “ကိုယ့်ဂုဏ်ကိုယ်ဖော်..မသူတော်ခုနစ်ပါး”
၄၆. “ကွမ်းသီးကြိုက်...တောင်ငူပို့”
၄၇. “ကိုယ့်ဒူး..ကိုယ်ချွန်”
၄၈. “ကြီးလျှင်မှီ..ငယ်လျှင်ချီ”
၄၉. “ကဆုန်.နယုန်..စွေ့စွေ့ခုန်”
၅၀. “ကျေးဇူးမတင်...-င်လှန်ပြ”
၅၁. “ကြပ်ပူထိုးလေ ရောင်လေ”
၅၂. “ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်
၅၃. “ကိုယ်ဖြစ်.ကိုယ်ခံ”
၅၄. “ကုလားသိုက်...ကျား၀င်ကိုက်”
၅၅. “ကျီးကြည့်...ကြောင်ကြည့်”
၅၆. “ကြက်ကြော်မကြိုက်တဲ့....လူမိုက်”
၅၇. “ကြောင်မရှိ....ကြွက်ထ”
၅၈. “ကလေးကျမှ.လှေခါးထောင်....ရန်သူပြန်မှ..ဒူးလေးပြင်
၅၉. “ကြိုက်မရှက်....ငိုက်မရှက်...ငတ်မရှက်”
၆၀. “ကြိုးကြာဆို....ဘာငှက်လဲမေး”
၆၁. “ကံကောင်းရင် တစ်ချက်....ကံမကောင်းရင် တစ်သက်
၆၂. “ကံသည် အလုပ်....အလုပ်သည် ကံ”
၆၃. “ကုန်းပေါ်ရောက်မှ....ရေမမွန်းစေနှင့်”
၆၄. “ကိစ္စများမြောင်....လူတို့ဘောင်”
၆၅. "ကချင်လျက် လက်တို့"
၆၆. "ကိုယ့်မြင်းကိုဆိုင်းစစ်ကိုင်းရောက်ရောက် ကိုယ့်လှေကိုထိုးပဲခူးရောက်ရောက်"

#မြန်မာစကားပုံ

စိတ်မှတ်မဲ့စွာပြုံးလိုက်တိုင်းမျက်တောင်လေးညောင်းမှာကို စိုးပူတယ်သူမကို ဂရုစိုက်ခြင်းဟာကိုယ့်ကိုယ်ကို ကယ်တင်ရာ မြောက်တယ်....
05/12/2023

စိတ်မှတ်မဲ့စွာပြုံးလိုက်တိုင်း
မျက်တောင်လေးညောင်းမှာကို စိုးပူတယ်
သူမကို ဂရုစိုက်ခြင်းဟာ
ကိုယ့်ကိုယ်ကို ကယ်တင်ရာ မြောက်တယ်.....
𝚁𝚑𝚢𝚖𝚎
𝚖𝚘𝚛𝚗𝚒𝚗𝚐 ✨

မြို့လေးရေ..မင်ဘယ်မှာလဲ.....တောင်ကုန်းလေးဘက်က စီးလာတဲ့စက်ဘီးလေးကော မင်း တွေ့မိသေးလား။ရယ်မောဆူညံနေတဲ့ စျေးတန်းလေးကောကျန်း...
03/12/2023

မြို့လေးရေ..
မင်ဘယ်မှာလဲ.....
တောင်ကုန်းလေးဘက်က စီးလာတဲ့စက်ဘီးလေးကော
မင်း တွေ့မိသေးလား။

ရယ်မောဆူညံနေတဲ့ စျေးတန်းလေးကော
ကျန်းမာပါရဲ့လား။

ချိုစိမ့်၊ ပေါ့ကျ၊ ပုံမှန် ဘာမှာမှာ
တစ်မျိုးတည်းထွက်တဲ့ လက်ဖက်ရည်ဆိုင်လေးမှာကော
ကောင်လေးတစ်ယောက် ထိုင်နေသေးလား။
Rhyme

"မြန်မာတွေ အသံလှယ်မွေးစားထားပြီး မြန်မာစကားဖြစ်နေတဲ့ (အစားအသောက်) စာရင်း"… …. … … …. … … …. … … …. … … …. … … …. … (ဆရာစ...
02/12/2023

"မြန်မာတွေ အသံလှယ်မွေးစားထားပြီး မြန်မာစကားဖြစ်နေတဲ့ (အစားအသောက်) စာရင်း"
… …. … … …. … … …. … … …. … … …. … … …. …
(ဆရာစိန်အုပ် ပြုစုပေးသည်)

၁။ နံပြား (Naan) from Persia
၂။ ပလာတာ (Paratha) from Hindi
၃။ စမူဆာ (Samosa) from Persia
၄။ ဒန်ပေါက် (Dum pukht) from Persia
၅။ ပေါက်စီ (Baozi) from Cantonese
၆။ အီကြာကွေး (iû-chiā-kóe) from Southern Fujian
၇။ မြီးရှည် (Mǐ xiàn) from Pinyin
၈။ ကော်ဖီ (Coffee)
၉။ အရက် (Araq) from Arabic
၁၀။ တိုရှည် (Dosa) from Tamil
၁၁။ ချာပါတီ (Chapati)from Hindi
၁၂။ ပူရီ(Puri)from Hindi
၁၃။ ခေါက်ဆွဲ (Khao Soy) from Tai
၁၄။ မာလာရှန်းကော (Mala xiang guo) from Sichuan
၁၅။ ဖာလူဒါ (Faloodeh) from Persia
၁၆။ ဟာလဝါ (Halva) from Middle East
၁၇။ သာကူ (Sago) from Penang
၁၈။ မုန့်ကုလားမဲ (Caramel) from Portuguese
၁၉။ ဒိန်ချဉ် (Dahi) from Indian Continent
၂၀။ ခါးပတ် (Kebab) from Middle East
၂၁။ စွပ်ပြုတ် (Soup)
၂၂။ ကီးမား (Kemma) from Indian Continent
၂၃။ စပျစ် (Zabib) from Arabic
၂၃။ ဘာလချောင် (Belacan) from Penang
၂၄။ ဘိလပ်ရည် (Vilayat) from Urdu
၂၅။ တို့ဟူး (Dòufu)from Pinyin
၂၆။ ဘီးစတိတ် (Beef steak)
၂၇။ ကုန်းဘောင်ကြီးကျော် (Gong Bao) from Sichuan
၂၈။ မဆလာ (Masala) from Hindi
၂၉ ။ ဂေါ်ဖီထုပ် (Gobhee) from Hindi
၃၀။ ဆာတေး (Satay) from Penang
၃၁။ လေချူသီး (lìzhī) from Guangdong
၃၂။ စတော်ဘယ်ရီ (Strawberry)
၃၃။ အာပုံ (Appam) from Northern India
၃၄။ ဘယာကြော် (Vada) from Hindi
၃၅။ ကိတ်မုံ့ (Cake)
၃၆။ ဘီစကစ် (Biscuit)
၃၇။ စီးကရက် (Cigarette)
၃၉ ။ ခါဂျက်ဥ (Gaajar) From Hindi
၄၀။ မင်းဂွတ်သီး (Manggis) from Malay
၄၁။ နာနတ်သီး (Nanas) from Malay
၄၂။ ဒူးရင်းသီး (Duren) from Javanese
၄၃။ ခနုံထုပ် (Khanom) from Thai
၄၄။ ကူလ်ဖီး (Kulfi) from Tamil
၄၅။ အာလူး (Aloo) from Hindi
၄၆။ နံကထိုင် (Nankatai) from Urdu
၄၇။ ဂျလေဘီ (Jalebi) from Hindi
၄၈။ စတူး (Stew)
၄၉ ။ ကတ်တလိပ်(Cutlet) from Hindi
၅၀။ ပါ့ဖ် (Puff)
၅၁။ မြူစွမ် (Misua) from Fujian
၅၂။ မလိုင် (Malai) from Bengali
၅၃။ ကြာညို့ (Jiang you) from Cantonese
၅၄။ ဆနွင်းမကင်း (Khanom mo kaeng) from Thai
၅၅။ ပူတင်း (Pudding)
၅၆။ စွန်ပလွန်သီး (Zaghloul) from Arabic
၅၇။ ငံပြာရည် (N̂ảplā) from Thai
၅၈။ ဂျယ်လီ (Jelly)
၅၉။ မုန့်လက်ဆောင်း (Lot Chong)from Thai
၆၀။ သကြား (Sugar)
၆၁။ ပေါင်မုံံ့ (Bun)
၆၂။ ဆိုဒါ (Soda)
၆၃။ ကော်ပြန့် (Popiah) from Fujian
၆၄။ ကြည်တင် (Ji ding) from Sichuan

- ဆရာစိန်အုပ်

❄️☃️❄️
01/12/2023

❄️☃️❄️

Address


Telephone

+959974225229

Website

Alerts

Be the first to know and let us send you an email when 𝗥𝗵𝘆𝗺𝗲 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝗥𝗵𝘆𝗺𝗲:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share