Always Learn

Always Learn Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Always Learn, Video Creator, .

23/11/2023

ဒီသီချင်းလေးကို ငယ်ငယ်ကနားထောင်ဖူးတဲ့သူဆိုရင်
အခုချိန် အသက် 40 ကျော်ပါပြီ🤪

အကောင်းဆုံး ရတ်ပ်ပါအတော်ဆုံးသရုပ်ဆောင်အထူးချွန်ဆုံး ဒါရိုက်တာဒါပေမဲ့ ကောင်မလေးကိုတော့ မရခဲ့ဘူး။
22/11/2023

အကောင်းဆုံး ရတ်ပ်ပါ
အတော်ဆုံးသရုပ်ဆောင်
အထူးချွန်ဆုံး ဒါရိုက်တာ
ဒါပေမဲ့ ကောင်မလေးကိုတော့ မရခဲ့ဘူး။

Natural and simple is perfect
02/12/2022

Natural and simple is perfect

right💪
09/07/2022

right💪

16/02/2022
💗
16/02/2022

💗

❣️
06/02/2022

❣️

ကြမ်းတမ်းသောနေ့ရက်များ  လောကကြီးဆိုတာ မိခင်တစ်ယောက်လိုမဟုတ်ပါဘူး။အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့။ အရှုံးကို မလိုချ...
17/09/2021

ကြမ်းတမ်းသောနေ့ရက်များ

လောကကြီးဆိုတာ
မိခင်တစ်ယောက်လိုမဟုတ်ပါဘူး။
အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့။
အရှုံးကို မလိုချင်ရင် မခံချင်စိတ်နဲ့ ကြိုးစားပါ။

ကိုယ့်ကို အလဲထိုးတဲ့လူတွေကသာ
ကိုယ့်ကို ပိုတော်ဖို့အတွက် လှုံဆော်မူ့
အကောင်းဆုံးပေးနိုင်တာပါ။

သင် နာကျင်ရတဲ့အခါ လက်ခံလိုက်ပါ။
ဘဝက သင့်ကို တစ်ခုခု သင်ပေးဖို့
ကြိုးစားနေတာပါ။

ဆုံးရှုံးမူ့တိုင်းမှာ ရလဒ်ဆိုတာရှိပါတယ်။
အနည်းဆုံးတော့ သင်ခန်းစာပေါ့။
ရည်မှန်းချက် ရှိဖို့လိုပါတယ်။
ဒါပေမယ့် မျှော်လင့်နေရုံနဲ့တော့
ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
အလုပ်နဲ့ အကောင်ထည်ဖော်ဖို့လိုပါတယ်။

စာအုပ်စာပေတွေ ဖတ်ပြီး
အသိဉာဏ်တွေ တိုးလာပေမယ့် လက်တွေ့
အသုံးမချရင်တော့ သင်ဟာ စိတ်ကူးယှဉ်သမား
တစ်ယောက်ပါပဲ။ ငါးကြီးကြီးလိုချင်ရင်
ပင်လယ်ထဲသွားပါ။ အဲ့ဒီမှာ မုန်းတိုင်းတော့ ရှိမယ်။

ဘဝကို ကြက်တူရွေးလို မဖြစ်စေနဲ့။
သိန်းငှက်လိုနေထိုင်ပါ။ ကြက်တူရွေးက
စကားသာများတာ မြင့်မြင့်မပျံနိုင်ဘူး။
သိန်းငှက်ကတော့ နှုတ်ဆိတ်ပေမယ့်
မိုးထိတက်နိုင်တဲ့ စွမ်းအားရှိတယ်။

လူ့သက်တမ်းကပဲ အကန့်အသတ်ရှိတာပါ။
သင့် ကြိုးစားနိုင်မူ့စွမ်းရည်ဆိုတာ
အကန့်အသတ်မရှိပါဘူး။

ကြိုးစားတဲ့သူတိုင်း မအောင်မြင်ကြပါဘူး။
ဒါပေမယ့် အားမလျော့လိုက်ပါနဲ့။
အောင်မြင်သူတိုင်း ကြိုးစားခဲ့ကြပါတယ်။
လမ်းမရှိဘူးလို့ ညည်းမနေပါနဲ့။
ကိုယ်လျှောက်မယ့်လမ်းကို ကိုယ်တိုင်ပဲ
ဖောက်ကြရမှာပါ။

်းပညာ

ဘဝပျောက်သော လူငယ်များ။ဖြစ်ချင်မှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို တစ်ဖက်စီ ထမ်းသယ်ထားရင်း လမ်းပျောက်နေကြတဲ့ လူငယ်တွေ အများက...
09/09/2021

ဘဝပျောက်သော လူငယ်များ။

ဖြစ်ချင်မှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို တစ်ဖက်စီ ထမ်းသယ်ထားရင်း လမ်းပျောက်နေကြတဲ့ လူငယ်တွေ အများကြီးရှိတယ်။

လိုရာ ခရီးပေါက်ဖို့ ကားတစ်စီးလောက် ပိုင်ချင်ကြမယ်။
ပုံဖော်ထားတဲ့ ကိုယ်ပိုင်အိမ်လေးတစ်အိမ်နဲ့ ဆိုင်ချင်ကြမယ်။
နောက်ဆုံးပေါ် ပန်းသီးတံဆိပ်လေး ကိုင်ချင်ကြမယ်။

ပုဂံလည်း သွားချင်ကြသလို
ဘားအံလည်း သွားချင်ကြမယ်။
ပင်လယ်နီးနား မြန်မာ့ ခြေဖျားကိုလည်း ခြေဆန့်ချင်ကြသလို
တစ်သက်လုံး မမြင်ဖူးခဲ့တဲ့ နှင်းတွေကိုလည်းကချင်ပြည်နယ်ထိ သွားကြည့်ချင်ကြမယ်။
ဒီထက် ပိုတတ်နိုင်ခဲ့ရင် ပါရီမြို့ပေါ်လည်း လျှောက်ချင်မယ်။
ဆွစ်ဇာလန်ကိုလည်း ရောက်ချင်မယ်။

'One Day' တွေ များစွာကို ထပ်ခါထပ်ခါ ဖြည့်ထားရင်း
စိတ်ကူးအဖြစ်နဲ့သာ ဆွေးမြည့်နေသေးတဲ့ အရွယ်တွေပေါ့။

တက္ကသိုလ်ဆိုတဲ့ လွတ်လပ်မှုတို့ အလွှမ်းမိုးခံနေရမယ့် ဆယ်ကျော်သက်တွေ။
ဘွဲ့ကြိုနေကြရမယ့် နှစ်ဆယ်ကျော် အစွန်းထွက်လေးတွေ။
ထမင်းစားလက်မှတ်လေး ရလို့ ဝါသနာဆိုတဲ့ လမ်းလေးပေါ် တက်လှမ်းကြမယ့် နှစ်ဆယ်အလယ်တွေ။
လေထဲမှာ ယာယီဆောက်လုပ်ထားတဲ့ အရာလေးတွေ ပုံပေါ်စပြုလာတော့မယ့် သုံးဆယ်နားတွေ။

ဘဝတက္ကသိုလ်မှာ လောကဓံ ဘာသာရပ်ကို သင်ယူရင်း လောကအကြောင်း တစ်စွန်းတစ်စ သိလာကြတဲ့ လူငယ်တွေ။

လောကကြီးရဲ့ မျက်နှာသာပေးခြင်း ခံရရင် လမ်းဟာ ဖြောင့်လို့ဖြူးလို့။
ဆွဲချခံလိုက်ရရင်တော့ ကမ်းလည်းမမြင် လမ်းလည်းမမြင် ဘဝပင်လယ်ပြင်မှာ ဦးတည်ရာမဲ့လျှက်သား။

တစ်ချို့ဆို နိုင်ငံနဲ့ ချီပြီး ရိုက်ချခံရတာမျိုး။
လူတစ်စုရဲ့ အတ္တတစ်ချို့ကြောင့်ပေါ့။

ငယ်ရွယ်မှုတွေ ဖျက်ဆီးခံလိုက်ရတဲ့ အနေအထားတွေကို ဘဝတူ ငယ်သူအချင်းချင်းကပဲ နားလည်ပေးနိုင်ကြလိမ့်မယ်။

လူငယ်ဘဝဟာ မတန်လိုက်တာလို့ အော်ဟစ်နေကြတဲ့ လူငယ်တွေ လက်ညှိုးထိုး မလွဲလောက်ဘူး။

ဖြစ်ချင်ရာတွေ ဖြစ်လိုက်ဖို့ စွန့်လွှတ်လိုက်တဲ့ လူငယ်တွေရှိသလို
မဖြစ်ချင်တာတွေ မဖြစ်လာဖို့ စွန့်စားလိုက်တဲ့ လူငယ်တွေလည်းရှိတယ်။

လမ်းကြောင်းတွေ အသီးအသီးပြောင်းသွားကြပြီပဲလေ။

ဖြစ်ချင်ရာ ဖြစ်မလာရင်တောင် မဖြစ်ချင်တာတွေ ဖြစ်ခွင့်မပေးဖို့တော့ အရင်ဆုံး စလုပ်ရမှာပေါ့။

~ ボニエル ~
[ 𝑜𝒽 𝓂𝓎 𝒶𝑒𝓈𝓉𝒽𝑒𝓉𝒾𝒸 ]
background picture from ig
Credit

04/09/2021

မျပည့္တဲ့အိုး
~~~~~~~

လောကမှာ မပြည့်တဲ့အိုးတွေက
ဘောင်ဘင်ခတ် တတ်ပါတယ်...

လူတချို့က
ကိုယ့်ကိုယ်ကို အတော်ဆုံးပါလို့ ထင်မြင်ပြီး
တစ်ဖက်သားကို အထင်သေးတတ်ကြတယ်...

ကိုယ့်ထက် မိုးပျံအောင် တော်တတ်နေသူတွေ
တစ်ပုံကြီးရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်....

လူတချို့က
ကိုယ့်ကိုယ်ကို အချမ်းသာဆုံးပါလို့ မှတ်ထင်ပြီး
တစ်ဖက်သားကို ချိုးနှိမ်တတ်ကြတယ်....

ကိုယ့်ထက် ကျိကျိတက် ချမ်းသာသူတွေ
ဒုနဲ့ဒေး ရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်....

လူတချို့က
ကိုယ့်ကိုယ်ကို ပြည့်စုံလွန်းသူလို့ သတ်မှတ်ပြီး
တစ်ဖက်သားကို နှာခေါင်းရှုံ့တတ်ကြတယ်...

ကိုယ့်ထက်ပေါများ ပြည့်လျှံသူတွေ
အမြောက်အများ ရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်....

ဘဝမှာလူတိုင်းကတော့
သူ့အရည်အချင်းနဲ့သူ ရှိကြပါတယ်...

ကိုယ့်မှာ မရှိတဲ့ အရည်အချင်းတွေ
သူ့ဆီမှာ ရှိနိုင်သလို
သူ့မှာ မရှိတဲ့ အရည်အချင်းတွေလည်း
ကိုယ့်ဆီမှာ ရှိနေနိုင်ပါတယ်.....

ဘာမှမမြဲတဲ့ လောကမှာ ဘဝကို
ပုံသေတွတ်မထားပါနဲ့
အောင်မြင်ခြင်းနဲ့ ရူံးနိမ့်ခြင်းဆိုတာ
ခေါင်းနဲ့ပန်းလိုပဲအနီးဆုံးရှိနေတာမို့
ဘယ်သူ့ကိုမှ အနိမ့်နဲ့အမြင့်
မခွဲခြားသင့်တာ ကောင်းပါတယ်....

လောကမှာ မပြည့်တဲ့ အိုးတွေက
ဘောင်ဘင်ခတ် တတ်ပါတယ်...

to the original creater of photo...

ရှင်သန်နိုင်ရမယ်=== === === ===ဘဝက ပင်လယ်ဆိုရင်ကိုယ်က လှေငယ်တစ်စင်းဘဲလေ။တက်ကျိုးရင် လက်နဲ့လှော်ရမယ်ပေါ့။လောကဓံ မှုန်တိုင...
25/08/2021

ရှင်သန်နိုင်ရမယ်
=== === === ===

ဘဝက ပင်လယ်ဆိုရင်
ကိုယ်က လှေငယ်တစ်စင်းဘဲလေ။
တက်ကျိုးရင် လက်နဲ့လှော်ရမယ်ပေါ့။
လောကဓံ မှုန်တိုင်းဆိုတာမျိုးက
ကိုယ် တစ် ယောက် ထဲ စီ ကို
ကွက်ပြီးရွာနေတဲ့ မိုး,မဟုတ်ဘူး။

ပင်လယ်ကျယ်တာကြည့်ပြီး
စိတ် ဓာတ် ကျ နေ ရင် တော့
ဘယ်တော့မှ ကမ်းရောက်မှာမဟုတ်ဘူး။

အဆင်မပြေမူ့တွေလဲ ရှိမယ်
ခါးသီးမူ့တွေနဲ့လဲ ကြုံရမယ်
ဒါကိုဘဲ ဘဝလို့ခေါ်ရင်း
ဒုက္ခတွေကို ဆေးဖက်ဝင်အောင်
သောက်သုံးတတ်ရမယ်။

တစ်ခါမက ပြိုလဲခြင်းတွေကဘဲ
ကိုယ့်ကို နောက်တစ်ခါ သန်မာစေတယ်။

အ ရွုံး ဆို တာ ဘ ဝ ရဲ့
အ ဆုံး သတ် မ ဟုတ် ဘူး လေ။
အောင်မြင်မူ့အတွက် ရှင်သန်ရာ
တွန်းအားတစ်ခုဘဲ မဟုတ်ပါလား။

စဉ်ဆက်မပြတ် ကြိုးစားနေရမယ်။
အိမ်မတ်တွေက စျေးကြီးတယ်
ဆုတောင်းနေရုံနဲ့တော့
ဘာ မှ ဖြစ် လာ မှာ မ ဟုတ် ဘူး။

ကျရှုံးမူ့ဆိုတာ
လူတိုင်းမလိုချင်တဲ့ ဒုက္ခတစ်မျိုး
ဒါပေမယ့် လူတိုင်းကျရှုံးဖူးတယ်
လဲကျရင် ပြန်ထနိင်ရမယ်
ဒါကိုဘဲ ဘဝလို့အမည်ပေးမယ်။

လောကဓံ မြစ်ရေစီးမှာ
ပြုသမျှ စုန် ဆန် စီးပေးနေရအောင်
ကိုယ်က ဗေဒါမှမဟုတ်တာ။

ဆယ် ခါ လဲ ရင်
ဆယ့် တစ် ခါ ပြန် ထ မယ်
ခါး သီး မှု တွေ က နေ ဘဲ
ချို မြိန် ခြင်း ကို ရှာ ဖွေ ကြ မယ်။

ဘာဖြစ်ဖြစ် စိတ်ဓာတ်မကျနဲ့
ဘဝက တစ်ယောက်ချင်းစီတိုင်းကို
မတူညီတဲ့ ပန်းတိုင်တစ်ခု
ပုစ္ဆာတစ်ခုစီပေးထားတယ်
ကိုယ့်ရဲ့ လုပ်ဆောင်ချက်က
ကိုယ့်ဘဝအဆုံးဖြတ်ဘဲ။

ခက်ခဲတဲ့ ဒုက္ခ ဧရိယာဆိုတာ
ကိုယ်တစ်ယောက်မှ အပ
အပြင်လူမဝင်ရ,ဆိုပြီး
ဆိုင်းပုဒ်တတ်ထားတာလဲ မဟုတ်ပါဘူး။

အားလုံးကျင်လည်နေရတဲ့
လောကဓံ တရားတွေပါ
ရုန်းထွက်နိုင်မှသာ
အောင်မြင်မှုကို ရရှိနိုင်လိမ့်မယ်။

အ ခက် အ ခဲ တွေ လဲ ရှိ မယ်
ပြ ဿ နာ တွေ လဲ ရှိ မယ်
အ ဆင် မ ပြေ မှု တွေ လဲ ရှိ မယ်
ဒုက္ခ တွေ လဲ ရှိ မယ်။

ပျော် ရွင် ခြင်း , ဝမ်း နည်း ခြင်း
ဒါတွေကို အချိုးအစားလိုက်
ပေါင်းစပ် ဖွဲ့စည်းထားခြင်းကိုဘဲ
ဘ ဝ လို့ ခေါ် တယ်။

ကိုယ်မလိုချင်တဲ့ လောကဓံနဲ့ကြုံတဲ့အခါလဲ
အကောင်ဆုံး ရဲရင့်စွာ ရှင်သန်တတ်ရမယ်။

ကိုယ်လိုချင်တဲ့ လောကဓံနဲ့ကြုံတဲ့အခါလဲ
တည် တည် ငြိမ် ငြိမ် နဲ့ အေးချမ်းတတ်ရမယ်။

ဘာအတွက်နဲ့မှ ဘဝကိုအရှုံးမပေးပါနဲ့။

ချိုမြိန်ခြင်းကို လို့ချင်တဲ့အခါ
ခါးသီးခြင်းတွေကို ကျော်ဖြတ်နိုင်ရမယ်။

အောင်မြင်မှုကို လိုချင်တဲ့အခါ
ကျရှုံးမှုတွေကို ကျော်ဖြတ်နိုင်ရမယ်။

လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့
မလိုချင်တဲ့ ခရီးကြမ်းတွေကို
နင်းလျှောက်ရင်း အိမ်မက်တွေကို
အကောင်ထည်ဖော်ဖို့ ဘဝကို
ရဲရင့်စွာ ရှင်သန်သွားကြမယ်။

ရဲ ရင့် ပါ
~~~~~~~
လူတချို့နဲ့ ကျန်တဲ့အကြောင်းအမျိုးအမျိုးက
မင်းကိုတိုက်ခိုက်နေပြီးလား

ဒီအတွက်နဲ့ စိတ်ဓာတ်ကျနေရမဲ့
အတွေးတွေကို့ အခုပဲ မောင်းထုတ်ပြစ်လိုက်ပါ။

မင်းရှေ့ဆက်လျှောက်ပါ မင်းလုပ်နိုင်ပါတယ်
မင်းဟာ သန်မာတဲ့သူတစ်ယောက်ပါ။

မင်းလိုဘဲ လူတိုင်းမှာ အတိုက်အခိုက်တွေနဲ့ပါ
ဒါပေမဲ့ လက်ခံပုံခြင်းတော့ကွာတာပေါ့။

ရေခွက်ထဲကို ထည့်တဲ့ ဆားတစ်ဆုပ်နဲ့
ရေကန်ထဲကို ထည့်တဲ့ ဆားတစ်ဆုပ်
ဆားတစ်ဆုပ် ခြင်းတော့ တူပေမယ့်
လက်ခံတဲ့ ရေ ရဲ့ကြယ်ပြန့်မူ့ကြောင့်
ရလဒ်ကတော့ ကွားသွားတယ်

မင်းဟာ ရင့်ကျက်သူတစ်ယောက်အနေနဲ့ အကောင်းဘက်ကတွေးရင် မင်းအတွက် အသုံးချစရာတစ်ခုအဖြစ် ခွန်အားရမှာပါ။

မင်းဟာ ရင့်ကျက်မှု မရှိတဲ့ စိတ်နဲ့
လိုက်ခံစားနေရင် ပူလောင်မယ် ဒါပါပဲ။

တချို့အောင်မြင်မှုတွေက
ကိုယ့်ရဲ့ စိတ်ရှည် သည်းခံမှု ခံနိုင်ရည်အပေါ်
စမ်းသပ် ပြီးမှရောက်ရှိလာတာမျိုးပါ။

ကျန်းမာရေးကို ဂရုစိုက်ပါ။
အချိန်မှန်အိပ်ပါ။
အချိန်မှန်စားပါ။
ဒီနေ့ ကို ပျော်ရွှင် စွာ ဖြတ်သန်းပါ။
မနက်ဖြန်အတွက် ရဲရင့်ပါ။

Credit.

ဆရာမ ဂျူး ပြောတာ - အရမ်းမှန်တယ် ။❤️   သူတောင်းစားနဲ့ ညားညားရှင်ဘုရင်နဲ့ ညားညားပျော်တဲ့ မိန်းမက ပျော်တာပဲ ...။❤️   ဆိုက်က...
11/08/2021

ဆရာမ ဂျူး ပြောတာ - အရမ်းမှန်တယ် ။

❤️ သူတောင်းစားနဲ့ ညားညား

ရှင်ဘုရင်နဲ့ ညားညား

ပျော်တဲ့ မိန်းမက ပျော်တာပဲ ...။

❤️ ဆိုက်ကားပဲ နင်းနင်း

သမ္မတပဲ လုပ်လုပ်

စိတ်ကောင်းရှိတဲ့သူကို လူတွေချစ်တာပဲ ...။

❤️ အမေရိကားမှာပဲ မွေးမွေး

တောမှာပဲ မွေးမွေး

ကြိုးစားတဲ့သူက ထူးချွန်မှာပဲ ...။

❤️ ဘုရားနားမှာ နေနေ

သင်္ချိုင်းနားမှာ နေနေ

သေချင်တဲ့လူက အရင်သေမှာပဲ ... ။

ဘ၀မှာ ...

ပျော်ရွှင်မှုတွေဟာ

အကြောင်းပြချက်မလိုဘူး ...။

စိတ်ကောင်းနှလုံးကောင်းဟာ

အလုပ်အကိုင်နဲ့ မဆိုင်ဘူး ...။

အောင်မြင်ထူးချွန်မှုဟာ

နေရာဒေသနဲ့ မဆိုင်ဘူး ...။

သေခြင်းတရားဟာလည်း

ဘယ်သူ့ကိုမှ ခွဲခြားပြီး

နံပါတ်စဉ်တပ်မထားဘူး ...။

ထို့ကြောင့်

#ပျော်ရွှင်အောင်နေပါ။

#စိတ်ထားကောင်းကောင်းထားပါ။

#ကျန်းမာရေးဂရုစိုက်ပါ ။

#𝓙𝓾𝓾-ဂျူး-❤️❤️💕

"ဘဝဆိုတာဒုက္ခတွေကြားထဲမှာပျော်အောင်နေခြင်းပါပဲ"🌅🌅🌅🌅🌅🌅🌅🌅🌅🌅🌅 🌈မမြဲတဲ့လက်တွေကိုမျှော်လင့်နေမယ့်အစားတွဲထားတဲ့လက်ကိုဘဲ မြဲမြဲ...
10/08/2021

"ဘဝဆိုတာ
ဒုက္ခတွေကြားထဲမှာ
ပျော်အောင်နေခြင်းပါပဲ"
🌅🌅🌅🌅🌅🌅🌅🌅🌅🌅🌅

🌈မမြဲတဲ့လက်တွေကို
မျှော်လင့်နေမယ့်အစား
တွဲထားတဲ့လက်ကိုဘဲ မြဲမြဲကိုင်ထားပါ။

🌈တွန်းချတဲ့ လက်တွေကို
မေ့ပစ်လိုက်ပြီး
ဆွဲတင်ခဲ့တဲ့ လက်တွေကိုသာ အမှတ်ရနေပါ။

🌈အတိတ်ဆိုးတွေနဲ့
အနာဂတ်အိမ်တွေဆီ
အလည်မသွားဘဲ
ပစ္စုပ္ပန်အိမ်မှာပဲ နေပါ။

🌈ကြင်နာမှု့မှ မရှိတဲ့သူကို
သေအောင် ဖက်တွယ်ထားလည်း
နာကျင်မှုနဲ့သာ အဆုံးသတ်ရမှာ
မဟုတ်လား..........?။

🌈မရောင်တဲ့အရာကို ဆီမလူးဘဲ
ဒဏ်ရာ ဒဏ်ချက်တွေကိုပဲ
ဦးစားပေး ဆေးထည့်ပါ။

🌈ဘဝဆိုတာ
အားလုံး ထင်ထားတာထက်
ပိုပြီး တိုတောင်းတယ်။

🌈တိုတောင်းလှတဲ့ ဘဝလေးမှာ
ကိုယ့်ကိုယ်ကိုယ်
ရွှင်လန်းအောင်သာနေပါတော့။

🌈ဘဝဆိုတာ
ဒုက္ခတွေကြားမှာ
ပျော်အောင်နေခြင်းပဲ မဟုတ်လား•••••။

💫💫💫💫💫💫💫💫💫💫💫💫

အရှင်လက္ခဏ(အင်းပါ)
Crd.

📖စာဖတ်ပါ📖📖 ငယ်ရွယ်တဲ့အချိန်...မိဘတွေ ထမင်းကြွေးနေတဲ့ အချိန်မှာပျော်ရွှင်မှု့နောက်ကို မလိုက်ပါနဲ့။📖 တစ်ကယ်တော့အလုပ်မရှိတာ...
08/08/2021

📖စာဖတ်ပါ📖

📖 ငယ်ရွယ်တဲ့အချိန်...
မိဘတွေ ထမင်းကြွေးနေတဲ့ အချိန်မှာ
ပျော်ရွှင်မှု့နောက်ကို မလိုက်ပါနဲ့။

📖 တစ်ကယ်တော့
အလုပ်မရှိတာ မဟုတ်ပါဘူး...
ရှိတဲ့ အလုပ်ကို မလုပ်ကြတာပါ။

📖 ဝင်ငွေရတဲ့ အလုပ်ရှိသလို
ဝင်ငွေရဖို့ နည်းလမ်းရှာတဲ့ အလုပ်လည်းရှိတယ်
(ပညာသင်တာ ၊ ဗဟုသုတရှာတာ ၊ စာဖတ်တာ)

📖 ယခုဝင်ငွေရဖို့ ဝန်ထမ်းလုပ်ဖို့လိုသလို
ရေရှည်မှာ ဝင်ငွေရှာနိင်ဖို့ စာဖတ်ဖို့လိုပါတယ်...
ဗဟုသုတတွေ ရှာဖို့ လိုပါတယ်...
အတွေ့အကြုံတွေယူဖို့ လိုပါတယ်။

📖 "စာဖတ်သော လူမျိုးသည် တိုးတက်၍
တိုးတက်သောလူမျိုးတို့သည် စာဖတ်ကြသည်။

📖 တိုးတက်ချင်ရင် စာဖတ်ပါ...
စာဖတ်ရင် ဘာရမလဲမမေးပါနဲ့
ဘာရမလဲသိချင်ရင် စာအရင်ဖတ်ပါ။

📖 ဝင်ငွေများများရချင်ရင် စာဖတ်ပါ...
စာဖတ်ရင် ဝင်ငွေဘယ်လောက်ရမလဲ မမေးပါနဲ့
ဝင်ငွေဘယ်လောက်ရမလဲသိချင်ရင် စာအရင်ဖတ်ပါ။

📖 သူတို့တွေ ဘာလို့အောင်မြင်ချင်လည်း သိချင်ရင်စာဖတ်ပါ...
စာဖတ်ရင် သူတို့လိုအောင်မြင်မလားလို့ မမေးပါနဲ့
သူတို့လို အောင်မြင်ချင်ရင် စာအရင်ဖတ်ပါ။

📖 စိတ်ဓာတ်ကျရင် စာဖတ်ပါ...
စာဖတ်ရင် စိတ်ဓာတ်ကျတာပျောက်မလား မမေးပါနဲ့
စိတ်ဓာတ် တက်ကြွချင်ရင် စာဖတ်ပါ။

📖 လူငယ်တွေ အတွေးအခေါ်ကြီးချင်ရင် စာဖတ်ပါ...
စာဖတ်ရင် အတွေးအခေါ်ကြီးလားလို့ မမေးပါနဲ့
အတွေးအခေါ်ကြီးချင်ရင် စာဖတ်ပါ။

📖 တိုးတက်ချင်ရင် စာဖတ်ပါ...
ပိုက်ဆံဆိုတာ ရှာပြီးရင် ကုန်ချင်ကုန်လိမ့်မယ်
စာဖတ်ပြီးအတွေးအခေါ်ရှာတာဟာ တစ်သက်လုံး
မကုန္တဲ့ အရာပါ။

📖 ပညာ ရွှေအိုး ၊ လူမခိုး တဲ့...
သင်ထားတဲ့ ပညာတွေ
ရှာထားတဲ့ ပညာတွေကိုဘယ်သူမှ ခိုးလို့မရပါဘူး။

📖 ငယ်ရွယ်တဲ့အချိန်...
မိဘတွေ ထမင်းကြွေးထားတဲ့ အချိန်မှာ
ပညာရှာပါ ၊ စာဖတ်ပါ...
အပျော်နောက်ကို မလိုက်ပါနဲ့။

📖 မမြင်ရတဲ့ အနာဂတ်ကိုရင်ဆိုင်ဖို့
ပညာတွေ၊ ဗဟုသုတတွေ၊ အတွေ့အကြုံတွေနဲ့
အလှဆင်ထားပါ။

📚အလုပ်မရှိရင် စာဖတ်ပါ📚

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

Credit📚📚📚

Address


Telephone

+959891944438

Website

Alerts

Be the first to know and let us send you an email when Always Learn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share