Football Highlights

  • Home
  • Football Highlights

Football Highlights Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Football Highlights, Media/News Company, .
(2)

29/03/2024

မြန်မာနိုင်ငံရဲ့ ငွေထုတ်အမှန်ကန်ဆုံးနဲ့ ယုံကြည်စိတ်ချရဆုံး
M9 ရှမ်းကိုးမီးMyanmar မှကြိုဆိုပါတယ်ရှင့်။ 🙏
ရှမ်းကိုးမိး၊ဘူကြီး၊ငါးပစ်နှင့်အသေးစားဂိမ်းတို့အပြင်
စလော့၊ကျားနဂါး၊ခြောက်ကောင်ဂျင် အန်စာတုံးဂိမ်းတို့ကို
တစ်နေရာထဲမှာဆော့ကစားနိုင်ပါပီနော်၊၊
✅မန်ဘာသစ် 100%
✅နေ့စဉ်ဘောနပ် 10%
✅သူငယ်ချင်းမိတ်ဆက်ဘောနပ် ယူနစ်2000ပေးနေပါပီရှင့်😱
စိတ်ဝင်စားလို့ဆော့ကစားချင်ပါက☎️
Viber & Telegram- 09 793 305 009 ကိုဆက်သွယ်နိုင်ပါတယ်ရှင့်၊၊

30/11/2023

ရှမ်းကိုးမီးအေးဂျင့်တေအားလုံးထဲမှာ အယုံကြည်ရဆုံး အေဂျင့်ဖြစ်တဲ့
M9Myanmarဂိမ်းအေဂျင့်ကြိးနဲ ဆော့ကြည့်ဖူးလား?
ဒါဆိုရင်တော့ ညီမတို့အေးဂျင့်ကိုသာဆက်သွယ်လိုက်တော့နော်
အရော်အစားမှန်ရုံးတင်မကဘဲ ငွေထုတ်လည်းကြမ်းတဲ့
ညိမတို့ရှမ်းကိုးမိးဂိမ်းမှာဆိုရင်တော့.....
မန်ဘာသစ် 100%😱
နေ့စဉ်ဘောနပ် 20%🥰
ရှံးကြေးဘောနပ် 10% တို့ကိုရယူလိုက်ပါနော်..😎
စိတ်ဝင်စားလို့ဆော့ကစားချင်ပါက❤️
Viber&Telegram-09793305009 ကိုဆက်သွယ်နိုင်ပါတယ်ရှင့်☎️

"သူတို့က ကမ္ဘာ့ဖလားရသွားခဲ့တာလား"?အီတလီကိုအနိုင်ရပြီး Finalissimaဖလားမှာဗိုလ်စွဲပြီးနောက် အလွန်အကျူးအောင်ပွဲခံခဲ့ကြတဲ့ အ...
03/06/2022

"သူတို့က ကမ္ဘာ့ဖလားရသွားခဲ့တာလား"?

အီတလီကိုအနိုင်ရပြီး Finalissimaဖလားမှာဗိုလ်စွဲပြီးနောက် အလွန်အကျူးအောင်ပွဲခံခဲ့ကြတဲ့ အာဂျင်တီးနားကစားသမားတွေအပေါ် နေမာရဲ့ပြောဆိုချက်

မန်ယူအသင်းရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုတော့ ဂိုးသမား ဒီဂီယာက ရရှိသွားခဲ့ပါတယ်။ ဒီဂီယာဟာ ဒီဆုအတွက် အသင်းဖော် ရော်...
03/06/2022

မန်ယူအသင်းရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုတော့ ဂိုးသမား ဒီဂီယာက ရရှိသွားခဲ့ပါတယ်။ ဒီဂီယာဟာ ဒီဆုအတွက် အသင်းဖော် ရော်နယ်ဒိုနဲ့ ဖရက်ဒ်တို့ကို ကျော်လွန်ပြီး ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီဆုကိုတော့ အသင်းဖော်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီဂီယာအတွက်တော့ ဒီဆုကို လေးကြိမ်မြောက် ရရှိခဲ့တာလည်းဖြစ်ပါတယ်။

နှစ်အလိုက် ဆုရရှိခဲ့ကြသူများ

2005/06: Ryan Giggs
2006/07: Cristiano Ronaldo
2007/08: Cristiano Ronaldo
2008/09: Nemanja Vidic
2009/10: Wayne Rooney
2010/11: Nani
2011/12: Antonio Valencia
2012/13: Michael Carrick
2013/14: David De Gea
2014/15: David De Gea
2015/16: Chris Smalling
2016/17: Antonio Valencia
2017/18: David De Gea
2018/19: Luke Shaw
2019/20: Anthony Martial
2020/21: Luke Shaw
2021/22: David De Gea

photo credit

နေမာ အပါဝင် ကစားသမား (၁၄)ဦးလောက် အထိကို ရောင်းပြီး အသင်းကို အသစ် ပြန်တည်ဆောက်ဖို့ ဆန္ဒရှိနေတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ...
03/06/2022

နေမာ အပါဝင် ကစားသမား (၁၄)ဦးလောက် အထိကို ရောင်းပြီး အသင်းကို အသစ် ပြန်တည်ဆောက်ဖို့ ဆန္ဒရှိနေတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေ

အသင်းဖော်ရဲ့မိခင်နဲ့ဖောက်ပြန်တယ်လို့သတင်းတွေထွက်လာတာကြောင့် ရှာကီရာနဲ့ကွဲရတော့မယ့် ပီကေး================================...
03/06/2022

အသင်းဖော်ရဲ့မိခင်နဲ့ဖောက်ပြန်တယ်လို့သတင်းတွေထွက်လာတာကြောင့် ရှာကီရာနဲ့ကွဲရတော့မယ့် ပီကေး
===============================================
ဘာစီလိုနာအသင်းရဲ့ ဝါရင့်နောက်ခံလူ ပီကေးဟာ ဇနီးဖြစ်သူ ရှာကီရာမသိအောင် တခြားအမျိုးသမီးတစ်ဦးနဲ့ တွဲခုတ်နေခဲ့တဲ့သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါကြောင့် ရှာကီရာကတာ့ မကြာခင်မှာပဲ တရားဝင် ကွာရှင်းဖို့ ပြုလုပ်သွားတော့မယ်လို့ ဆိုပါတယ်။ ပီကေးဟာ အသင်းဖော် ရီကီပွချ်နဲ့အတူ ညပိုင်းမှာ ကလပ်သွားတာတွေ မကြာခဏရှိခဲ့တယ်လို့ သိရပါတယ်။ အချို့သတင်းတွေမှာတော့ ပီကေးဖောက်ပြန်နေတဲ့ အမျိုးသမီးဟာ ဘာစီလိုနာလူငယ်ကြယ်ပွင့် ဂါဘီရဲ့ မိခင်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ အမျိုးသမီးက ဘယ်သူဆိုတာသာ အတိအကျမသိရသေးပေမယ့် လူမှုရေးဖောက်ပြန်မှုကတော့ သေချာနေတာဖြစ်လို့ သားသမီး ၂ ယောက်ရှိတဲ့ ၁၂ နှစ်ကြာ အိမ်ထောင်ရေးကိုတော့ ပြိုပျက်သွားဖွယ်ရှိနေပါတယ်။ ပီကေးနဲ့ ရှာကီရာဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဆုံတွေ့ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး ရှာကီရာက ပီကေးထက် အသက် ၁၀ နှစ်ကြီးတာဖြစ်ပါတယ်။

photo credit

PLAYER NEWS : ယူကရိန်းအား ၃-၁ ဖြင့်အရေးနိမ့်ကာ ကမ္ဘာ့ဖလားဝင်ခွင့်နှင့်လွဲချော်ခဲ့သည့် စကော့တလန်အသင်းတွင် မက်တော်မီနေးသည်...
02/06/2022

PLAYER NEWS : ယူကရိန်းအား ၃-၁ ဖြင့်အရေးနိမ့်ကာ ကမ္ဘာ့ဖလားဝင်ခွင့်နှင့်လွဲချော်ခဲ့သည့် စကော့တလန်အသင်းတွင် မက်တော်မီနေးသည် ခံစစ်တန်း ၃ ဦးနေရာမှဝင်ရောက်ကစားခဲ့ပြီး အံမဝင်ခဲ့ဘဲ မြေပြင်တွင်ယှဉ်လုမှု ၁၃ ကြိမ်တွင် ၇ ကြိမ်သာအနိုင်ရကာ လိမ်ခေါက်ကျော်ဖြတ်ခံရမှု ၃ ကြိမ် ၊ ဘောလုံးဆုံးရှုံးမှု ၁၆ ကြိမ်ရှိခဲ့သည်။ ဖျက်ထုတ်မှု ၄ ကြိမ်တွင် ၁ ကြိမ်သာအောင်မြင်ခဲ့သည်။

ဘာစီလိုနာ တို့ရဲ့ ဂန္တဝင်ကြီး အင်နီယေစတာ ကစားနေတဲ့ ဂျပန်လိဂ်ရဲ့ Vissel Kobe အသင်းဟာတော့ လက်ရှိမှာ လိဂ်ရဲ့ ဇယားအောက်ဆုံးက...
01/06/2022

ဘာစီလိုနာ တို့ရဲ့ ဂန္တဝင်ကြီး အင်နီယေစတာ ကစားနေတဲ့ ဂျပန်လိဂ်ရဲ့ Vissel Kobe အသင်းဟာတော့ လက်ရှိမှာ လိဂ်ရဲ့ ဇယားအောက်ဆုံးကို ရောက်ရှိနေခဲ့ပါတယ်။

အင်နီယေစတာရဲ့အသင်းဟာ လက်ရှိရာသီမှာ အခြေအနေဆိုးဝါးနေပြီး ရမှတ် ၁၁ ပဲ ရသေးသလို နိုင်ပွဲကလည်း ၂ပွဲသာ ရှိထားတဲ့အသင်း ဖြစ်ပါတယ်။

#𝗦𝗼𝗰𝗰𝗲𝗿𝗛𝗶𝘀𝘁𝗼𝗿𝘆

နေအိမ်မှာ ဗုံးထောင်ခံရပြီးနောက် နိုင်ငံခြားကို ပြောင်းချင်တယ်လို့ ပြောခဲ့တဲ့ မက်ဂွိုင်းယား ========================ပြီးခ...
01/06/2022

နေအိမ်မှာ ဗုံးထောင်ခံရပြီးနောက် နိုင်ငံခြားကို ပြောင်းချင်တယ်လို့ ပြောခဲ့တဲ့ မက်ဂွိုင်းယား
========================
ပြီးခဲ့တဲ့ ဧပြီလတုန်းက နေအိမ်မှာ ဗုံးထောင်ထားခဲ့တယ်လို့ သတိပေးခြင်းခံခဲ့ရပြီးနောက်မှာ အသင်းကနေထွက်ပြီး နိုင်ငံခြားကို ပြောင်းရွှေ့ချင်ခဲ့တယ်လို့ မန်ယူအသင်းခေါင်းဆောင်ဖြစ်တဲ့ မက်ဂွိုင်းယားက ပြောဆိုခဲ့ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူအဖြစ် စံချိန်တင်ထားတဲ့ မက်ဂွိုင်းယားဟာ ခြေစွမ်းပိုင်းကျဆင်းမှုကြောင့် အတော်လေးဝေဖန်ခံနေရတာဖြစ်ပြီး အသင်းပရိသတ်တွေကပါ မက်ဂွိုင်းယားကို လှောင်ပြောင်မှု ပြုလုပ်ခဲ့ကြပါတယ်။ ဒီရာသီ မန်ယူအသင်းသားတွေရဲ့ စွမ်းဆောင်ရည်ဟာ ဝေဖန်မှုတွေခံခဲ့ရပေမယ့် မက်ဂွိုင်းယားဟာ လက်ရှိအချိန်မှာတော့ နေးရှင်းလိဂ်ကစားမယ့် အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ပါဝင်တဲ့ တစ်ဦးတည်းသော မန်ယူကစားသမား ဖြစ်ခဲ့ပါတယ်။

အင်္ဂလန်အသင်းနဲ့အတူ ရှိနေတဲ့ မက်ဂွိုင်းယားက " မန်ယူအသင်းအနေနဲ့ ခံစစ်ပိုင်းအမှားတွေကြောင့် ဂိုးတွေပေးခဲ့ရပါတယ်။ လူသားတွေဖြစ်တာကြောင့် အမှားမကင်းဘူးလို့ ပြောရမှာပါ။ ကျွန်တော်ကို အများကြီးဝေဖန်တိုက်ခိုက်တာတွေကို လက်ခံနိုင်ပေမယ့် မိသားစုကို ထိခိုက်နိုင်တာမျိုးတော့ လက်မခံနိုင်ပါဘူး။ နေအိမ်မှာ ဗုံးထောင်ခံရတယ်လို့ သိရပြီးနောက်မှာ နိုင်ငံခြားအထိ ပြောင်းရွှေ့ချင်ခဲ့ပါတယ်။ မန်ယူဟာ ကျွန်တော်အတွက် ငွေအများကြီးသုံးခဲ့ရတာကြောင့် အချစ်ဆုံးတစ်ခုဆိုရင်တောင် အမုန်းဆုံးတစ်ခုအဖြစ်လည်း သတ်မှတ်ရမလိုဖြစ်နေပါပြီ" လို့ ပြောဆိုခဲ့ပါတယ်။

"ရီးရဲလ်မက်ဒရစ်နဲ့ပွဲက ကျနော်တို့ကို အသေသတ်ပစ်ခဲ့တာပဲ၊ အကောင်းဆုံးအသင်းက အမြဲတမ်းအနိုင်မရဘူးလေ၊ သူတို့က ချန်ပီယံလိဂ်မှာဆ...
31/05/2022

"ရီးရဲလ်မက်ဒရစ်နဲ့ပွဲက ကျနော်တို့ကို အသေသတ်ပစ်ခဲ့တာပဲ၊ အကောင်းဆုံးအသင်းက အမြဲတမ်းအနိုင်မရဘူးလေ၊ သူတို့က ချန်ပီယံလိဂ်မှာဆိုရင် အမြဲတမ်း ဒီလိုနေရာ ဒါမှမဟုတ် အဲဒီနေရာနဲ့ အနီးဆုံးမှာရှိနေတဲ့အသင်းပါ၊ ဒါပေမယ့် ဒီရာသီချန်ပီယံလိဂ်မှာတော့ သူတို့က အကောင်းဆုံးအသင်းမဟုတ်ပါဘူး"

"ချန်ပီယံလိဂ်ဆိုတာက အခြေအနေတွေ၊ အရေးပါတဲ့အခိုက်အတန့်တွေ၊ စိတ်ပိုင်းဆိုင်ရာအခိုက်အတန့်တွေရှိပါတယ်၊ အဲဒီဟာတွေမှာ အမှားလုပ်မိတယ်ဆိုတာနဲ့ ပြုတ်တာပါပဲ၊ အဲဒီအခြေအနေတွေအတွက် အကောင်းဆုံးပြင်ဆင်ထားတဲ့ အသင်းတွေပဲ ဖလားရတာ ဒါမှမဟုတ်
ဗိုလ်လုပွဲကို တက်ရောက်နိုင်တာပါ"

- မက်ဆီ

31/05/2022

မှတ်မိကြသေးလား❓အရန်ဂိုးသမားကုဇတ်ပါ အနီကဒ်ထိသွားလို့
ဖာဒီနန်ဂိုးဝင်ဖမ်းရတဲ့အရမ်းကောင်းတဲ့ပွဲ...

"ဗိုလ်လုပွဲတပွဲမတိုင်ခင်မှာ စကားတွေအများကြီးမပြောဖို့အတွက် ကျနော်ပြောဖူးပါတယ်၊ ရီးရဲလ်မက်ဒရစ်ကို အနိုင်ကန်၊ ပြီးတော့မှ လ...
30/05/2022

"ဗိုလ်လုပွဲတပွဲမတိုင်ခင်မှာ စကားတွေအများကြီးမပြောဖို့အတွက် ကျနော်ပြောဖူးပါတယ်၊ ရီးရဲလ်မက်ဒရစ်ကို အနိုင်ကန်၊ ပြီးတော့မှ လက်စားချေမယ့်ကိစ္စကို ပြောပေါ့၊ အခုက မကန်ခင်ကတည်းက စကားတွေတအားပြောထားတော့ အဲဒီပွဲကို မနိုင်နိုင်အောင် ကန်ရမယ့် တာဝန်က ရှိသွားပြီမဟုတ်လား"

- အွန်နရီ

30/05/2022

အခြေအနေကိုတစ်ချက်ရှိုးလိုက်ဦး ငါ့ကောင်တို့😂

2016 ခုနှစ်ကိုပါအမေရိကပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့အာဂျင်တီးနားလက်ရွေးစင်အသင်းသားအားလုံးနဲ့ နည်းပြအဖွဲ့ဝင်တွေအားလုံ...
29/05/2022

2016 ခုနှစ်ကိုပါအမေရိကပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့
အာဂျင်တီးနားလက်ရွေးစင်အသင်းသားအားလုံးနဲ့ နည်းပြအဖွဲ့ဝင်တွေအားလုံးရဲ့ကုန်ကြစရိတ်တွေကို လီယိုမက်ဆီကတစ်ယောက်ထဲအိပ်စိုက်ရှင်းပေးခဲ့ပါတယ်
ဒီသတင်းကို ESPNမှာလုပ်ကိုင်နေတဲ့ အကြီးတန်းသတင်းထောက် ဟွမ်ပါဘလိုဗက်စ်စကီစ် ကဖွင့်ဟပြောဆိုလိုက်တာပါ အာဂျင်တီးနားအစိုးရဟာ
အာဂျင်တီးနားလက်ရွေးစင်ဘောလုံးအသင်းကိုခရီးသွားစရိတ်နဲ့အထွေထွေစရိတ်တွေကိုထောက်ပံ့ပေးခဲ့ခြင်းမရှိဘဲ ထိုအချိန်ကအာဂျင်တီးနားနည်းပြဖြစ်သူ မာတီနိုတောင်လစာ 6 လတိတိမရဘဲနည်းပြအလုပ်ကိုဆောင်ရွက်ပေးခဲ့ရတာပါ လက်ရွေးစင်အသင်းမှာအားလုံးဟာကိုယ်စီတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးငွေစိုက်ထုပ်ဖို့အားလုံးကအင်တင်တင်ဖြစ်နေခဲ့ကြတယ်လို့လည်းအဆိုပါသတင်းထောက်ကပြောကြားခဲ့ပြီးနောက်ဆုံးမက်ဆီက ခရီးစရိတ်နဲ့အထွေထွေစရိတ် ဟော်တယ်စရိတ်အားလုံးကိုသူတစ်ယောက်ထဲကပဲတာဝန်ယူဖြေရှင်းပေးခဲ့ရတာပါ

ဖြစ်စဥ်ရဲ့အကျဥ်းချုပ်ပုံစံက ( ဘရာဇီလ်းနဲ့ကန်မဲ့ပွဲမှာ
လီယိုမက်ဆီအပါအဝင်အသင်းသားလုံးဟာ အဝတ်လဲခန်းမှာရှိနေပါတယ် ထိုအချိန်လူတစ်စုဝင်လာပြီး
အခက်အခဲတွေအားလုံးကိုတင်ပြလိုက်တော့ လီယိုမက်ဆီကသူ့ရဲ့အဖေကိုဖုန်းဆက်ပြီး ငွေကြေးပြသာနာအားလုံးကိုဖြေရှင်းပေးခိုင်းခဲ့ပါတယ် )

အမှန်ဆိုရင်ဒီငွေပမာဏဆိုတာဘာလွန်ဒေါအကြိမ်ကြိမ်
ရယူထားတဲ့သူအတွက် အသေးအမွှားခရီးသွားစရိတ်လောက်သာရှိပါတယ် ဒါပေမဲ့ဒီစကားကိုကြားပြီးချက်ချင်းဆိုသလိုတစ်ချက်ကလေးတောင်တွေဝေမနေပဲ
ခေါင်းညိပ်ခဲ့တဲ့လီယိုမက်ဆီရဲ့စိတ်ဓာတ်ပိုင်းကိုအသိအမှတ်ပြုရမှာပါ ဒီလိုစိတ်သဘောထားပြည့်ဝတဲ့
အတွက်ကြောင့်ပဲ ၎င်းလိုချင်တဲ့နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ကိုပါအမေရိကဆုဖလားကြီးကိုဆွတ်ခူးရရှိသွားခဲ့တာပေါ့ဗျာ

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် တော်ဝင်မရိန်းတပ်သားတွေရဲ့ အကူအညီယူဦးမယ့် အင်္ဂလန်အသင်း ===================...
29/05/2022

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် တော်ဝင်မရိန်းတပ်သားတွေရဲ့ အကူအညီယူဦးမယ့် အင်္ဂလန်အသင်း
=====================
အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်တဲ့ ဟယ်ရီကိန်းက လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအနေနဲ့ အောင်မြင်မှုတွေရရှိဖို့အတွက် တော်ဝင်မရိန်းတပ်သားတွေရဲ့ အကူအညီကို ရယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း မရိန်းတပ်သားတွေနဲ့အတူ ပူးတွဲလေ့ကျင့်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်ဟာ ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်အဆင့် ၊ ၂၀၂၀ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်တွေကို တက်ရောက်နိုင်ခဲ့တာဟာ တော်ဝင်မရိန်းတပ်သားတွေရဲ့ လေ့ကျင့်ပေးမှုကြောင့်လို့ သိရပြီး လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာလည်း မရိန်းတပ်သားတွေနဲ့အတူ ပူးတွဲပြီး လေ့ကျင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုနှစ်မှာ ဗိုလ်စွဲခဲ့ကြတဲ့ အေစီမီလန်၊ ရီးရဲမက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ဟာ ရာသီကုန်ချိန်မှာ ရမှတ်တူခဲ့ကြသလို နိုင်ပွဲ၊ သရေပ...
27/05/2022

ယခုနှစ်မှာ ဗိုလ်စွဲခဲ့ကြတဲ့ အေစီမီလန်၊ ရီးရဲမက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ဟာ ရာသီကုန်ချိန်မှာ ရမှတ်တူခဲ့ကြသလို နိုင်ပွဲ၊ သရေပွဲနဲ့ ရှုံးပွဲလည်း တူညီနေခဲ့ပါတယ်။ ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုလို့ ဆိုရမှာပါပဲ။

နာမည်ကျော် ဘောလုံးခန့်မှန်းသူ မိုက်ကယ်အိုဝင်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို သုံးဂိုးပြတ်ဖြင့် အန...
27/05/2022

နာမည်ကျော် ဘောလုံးခန့်မှန်းသူ မိုက်ကယ်အိုဝင်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို သုံးဂိုးပြတ်ဖြင့် အနိုင်ရမယ်လို့ ခန်မှန်းလိုက်ပါတယ်။

27/05/2022

မယုနည်းပြအဲရစ်တန်ဟက်ရဲ့စကေး😬

လာမယ့်ဘောလုံးရာသီအတွက် စူပါကွန်ပြူတာရဲ့ခန့်မှန်းမှုထွက်ပေါ်လာခဲ့ပြီး မန်ယူနဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ထပ်မံ...
25/05/2022

လာမယ့်ဘောလုံးရာသီအတွက် စူပါကွန်ပြူတာရဲ့ခန့်မှန်းမှုထွက်ပေါ်လာခဲ့ပြီး မန်ယူနဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ထပ်မံလွဲချော်
========================================
လာမယ့်ဘောလုံးရာသီအတွက် စူပါကွန်ပြူတာရဲ့တွက်ချက်မှုတွေထွက်ပေါ်လာခဲ့ရာမှာတော့ မန်ယူနဲ့ အာဆင်နယ်တို့က ချန်ပီယံလိဂ်ဝင်ခွင့် ထပ်မံလွဲချော်သွားခဲ့ပါတယ်။ ချန်ပီယံဖြစ်မယ့်အသင်းကတော့ ဒီနှစ်မှာ ဗိုလ်စွဲခဲ့တဲ့ မန်စီးတီးဖြစ်ပြီး သူ့နောက်မှာတော့ လီဗာပူးလ်၊ ချဲလ်ဆီးနဲ့ စပါးတို့က ရပ်တည်ခဲ့ကြပါတယ်။ အဲရစ်တန်ဟက်ရဲ့ မန်ယူကတော့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး နယူးကာဆယ်က အဆင့် ၆ နဲ့ အာဆင်နယ်က အဆင့် ၇ အထိ ရောက်သွားခဲ့ပါတယ်။ တန်းဆင်းရမယ့်အသင်းတွေအဖြစ် ဖူလ်ဟမ်၊ ဘုန်းမောက် နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ကို ရွေးချယ်သွားခဲ့ပါတယ်။ စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်သာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ မန်စီးတီးဟာ နောက်ဆုံး ၆ ရာသီအတွင်းမှာ ချန်ပီယံဆုကို ၅ ကြိမ်မြောက် ရရှိမှာဖြစ်ပြီး နယူးကာဆယ်အတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုတွေဆီ ပြန်လည်တက်လှမ်းလာနိုင်တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ယာဂမ်ကလော့ပ်ဟာ တစ်နှစ်တာအတွက် ရွေးချယ်တဲ့ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ပါတယ်။ မဟာပြိုင်ဖက် ဂွါဒီယိုလာက...
25/05/2022

လီဗာပူးလ်နည်းပြ ယာဂမ်ကလော့ပ်ဟာ တစ်နှစ်တာအတွက် ရွေးချယ်တဲ့ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ပါတယ်။ မဟာပြိုင်ဖက် ဂွါဒီယိုလာကိုကျော်ပြီး LMA Manager of the Year နဲ့ Premier League Manager of the Year ဆုတွေကို ရခဲ့တာ ဖြစ်ပါတယ်။

Credit - Photo

ပေါတောရက်စ်သည် လာမည့်ရာသီတွင် ယူနိုက်တက်သို့ ပြောင်းရွေ့ကစားဖွယ်ရှိသည်။ တော့တင်ဟမ်နှင့် ယူနိုက်တက်တို့သည် ယူရိုသန်း ၅၀ ဖ...
25/05/2022

ပေါတောရက်စ်သည် လာမည့်ရာသီတွင် ယူနိုက်တက်သို့ ပြောင်းရွေ့ကစားဖွယ်ရှိသည်။ တော့တင်ဟမ်နှင့် ယူနိုက်တက်တို့သည် ယူရိုသန်း ၅၀ ဖြင့် ကမ်းလှမ်းမှုပြုလုပ်ထားကြသည်။ သို့ပေမယ့် သူသည် ယူနိုက်တက်ကို ရွေးချယ်နိုင်သည်။ သူ၏အေးဂျင့်သည် လာမည့်အပတ်အတွင်း အင်္ဂလန်သို့ ရောက်ရှိလာမည်ဖြစ်ပြီး အပြောင်းအရွေ့အတွက် ဆွေးနွေးမည်ဖြစ်သည်။ လက်ရှိတွင် မည်သည့်အသင်းနှင့်မျှ သဘောတူညီမှု မရရှိသေးပေ။ []

လီဗာပူး ပရီးမီးယားလိဂ်ဖလားမရလို့ ခရစ္စတယ်ပဲလေ့စ်ကွင်းအတွင်းမှာ အောင်ပွဲခံနေကြတဲ့ ယူနိုက်တက်ပရိသတ်တွေပဲဖြစ်ပါတယ်။ ယူနိုက်...
22/05/2022

လီဗာပူး ပရီးမီးယားလိဂ်ဖလားမရလို့ ခရစ္စတယ်ပဲလေ့စ်ကွင်းအတွင်းမှာ အောင်ပွဲခံနေကြတဲ့ ယူနိုက်တက်ပရိသတ်တွေပဲဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

[Talk]ဒီနေ့အတွက် အကောင်းဆုံးအရာကဘာလဲဆိုရင် ရာသီပြီးဆုံးသွားတာပါပဲ၊မန်နေဂျာအသစ်နဲ့ ၀န်ထမ်းတွေက ကစားသမားအသစ်တွေ ခေါ်ဖို့စီ...
22/05/2022

[Talk]

ဒီနေ့အတွက် အကောင်းဆုံးအရာကဘာလဲဆိုရင် ရာသီပြီးဆုံးသွားတာပါပဲ၊

မန်နေဂျာအသစ်နဲ့ ၀န်ထမ်းတွေက ကစားသမားအသစ်တွေ ခေါ်ဖို့စီစဥ်နေပြီ ကြားပါတယ်၊
စိတ်ဓါတ်ကောင်းတဲ့ ကစားသမားတွေ ခေါ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်၊

အသင်းမှာနေချင်တဲ့သူပဲ ဆက်နေပါ၊
မနေချင်တဲ့သူတွေ ထွက်သွားကြပါလို့ပဲ ပြောချင်ပါတယ်၊

ဒီရာသီကို လုံး၀ကို မေ့လိုက်ပြီး နောက်ရာသီအတွက် ၁၀၀% အသင့်ဖြစ်ချင်ပါပြီ၊
ဘယ်ဖက်ကကြည့်ကြည့် တော်တော်ကိုဆိုး၀ါးခဲ့တဲ့ ရာသီတစ်ခုပါ၊

မန်နေဂျာသစ်လက်အောက်မှာ ကစားခွင့်ရဖို့နဲ့ ရာသီသစ်အတွက်တော့ စိတ်လှုပ်ရှားနေပါပြီ၊ ပိုကောင်းတဲ့ရလဒ်တွေယူဆောင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်..

~David de Gea

[BBC]

ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ မှာ ဂိုးမသွင်းနိုင်တဲ့ အသင်း ၂ သင်းသာရှိခဲ့ပါတယ်။ တသင်းက တန်းဆင်းသွားတဲ့ နော်ဝှစ်ချ်ဖြစ်ပြီး နော...
22/05/2022

ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ မှာ ဂိုးမသွင်းနိုင်တဲ့ အသင်း ၂ သင်းသာရှိခဲ့ပါတယ်။ တသင်းက တန်းဆင်းသွားတဲ့ နော်ဝှစ်ချ်ဖြစ်ပြီး နောက်တသင်းက မန်ချက်စတာယူနိုက်တက်ဖြစ်ပါတယ်။

😁😁😁😁

ငယ်ငယ်တည်းကတဇောင်းနော်ဆစ်က🙄
14/05/2022

ငယ်ငယ်တည်းကတဇောင်းနော်ဆစ်က🙄

"ရော်နယ်ဒင်ဟိုကို ခေါ်ယူနိုင်တော့မှာဖြစ်ပြီး တွဲကစားရတော့မှာဆိုပြီး ကျနော်တို့ စိတ်လှုပ်ရှားနေခဲ့ကြတာ၊ သူက ကန်တိုနာလိုမျ...
30/04/2022

"ရော်နယ်ဒင်ဟိုကို ခေါ်ယူနိုင်တော့မှာဖြစ်ပြီး တွဲကစားရတော့မှာဆိုပြီး ကျနော်တို့ စိတ်လှုပ်ရှားနေခဲ့ကြတာ၊ သူက ကန်တိုနာလိုမျိုး အသင်းကို အကျိုးပြုမယ့်သူလေ၊ ၃ ရက်လောက်ကြာတော့ ရာသီကြိုခြေစမ်းပွဲမှာ ဘာကာနဲ့ ကျနော်တို့ ကစားရတော့ သူ့ကို လူဝိုင်းချကြတော့တာပဲ၊ ဘာလို့လဲဆိုရင် ကျနော်တို့အသင်းကို သူမှမပြောင်းလာတာ"

- ပေါလ်စခိုး

25/04/2022

အိမ်း

ရန်းနစ်သည် ယူနိုက်တက်အဝတ်လဲခန်းအား မလိုအပ်ဘဲဖောင်းပွလွန်းသော ၊ တစ်ကိုယ်ကောင်းဆန်သော ၊ အရည်အသွေးမရှိသော ၊ လိုအပ်သည်ထက် ကစ...
24/04/2022

ရန်းနစ်သည် ယူနိုက်တက်အဝတ်လဲခန်းအား မလိုအပ်ဘဲဖောင်းပွလွန်းသော ၊ တစ်ကိုယ်ကောင်းဆန်သော ၊ အရည်အသွေးမရှိသော ၊ လိုအပ်သည်ထက် ကစားသမားပါဝါများလွန်းသော နေရာအဖြစ် ကွယ်ရာတွင်သမုတ်ထားသည်။ အသင်းရှိအကြီးပိုင်းတာဝန်ခံအချို့၏အဆိုအရ ရန်းနစ်သည် ပထမအသင်းသားများ၏ ပရော်ဖက်ရှင်နယ်မပီသမှုအပေါ် အလွန်အံ့အားသင့်လျက်ရှိနေကြောင်းသိရသည်။

အချို့ပွဲစဉ်များတွင် ကစားသမားအချို့သည် ကစားပုံတည်ဆောက်ရန် ၄င်း၏ညွှန်ကြားချက်များအပေါ် သိသိသာသာမျက်ကွယ်ပြု လိုက်နာခြင်းမရှိခဲ့ကြကြောင်းရန်းနစ်က အခိုင်အမာယုံကြည်သည်။

ရန်းနစ်သည် ဂျွန်မာတာ့ဖ်နှင့် ရစ်ချတ်အာနိုးလ်တို့အား ကစားသမားအချို့သည် အသင်း၏ရည်ရွယ်ချက်နှင့်လုံးဝကိုက်ညီမှုမရှိဘဲ ပို၍ပြေးသော ၊ ပိုမြန်သော ၊ အလုပ်ပိုကြိုးစားသောပြိုင်ဘက်များနှင့် ရုပ်ပိုင်းဆိုင်ရာယှဉ်ပြိုင်ရန် အဆင့်မမီကြောင်းပြောကြားထားသည်။

ခံစစ်ပိုင်းတွင်လည်း အာရွန်ဝမ်ဘစ်ဆာကာ ၊ အဲရစ်ဘိုင်ယီ ၊ ဖီးလ်ဂျုံးစ်တို့ကို အဆင့်မမီဟုသတ်မှတ်ပြီး လင်ဒလော့ဖ်၏ နေရာယူပုံနှင့် ဆုံးဖြတ်ချက်ချမှုတို့အပေါ်တွင်လည်းသံသယရှိသည် ။ ဟယ်ရီမက်ဂွိုင်းယားသည် ယူနိုက်တက်ခံစစ်ကြောင်း၏အဆင့်မမီမှုအပေါ် အများဆုံးတာဝန်ခံနေရသော်လည်း သန်း ၈၀ တန်ဝယ်ယူမှုဖြစ်ခဲ့ခြင်းက ၎င်းအားအသင်း၏အရေးပါသောကစားသမားဖြစ်လာစေပြီး ရှင်းထုတ်ရန်မလွယ်ကူသောအခြေအနေဖြစ်ပေါ်လာစေသည်ဟု ရန်းနစ်ကယူဆသည်။

ယူနိုက်တက်ကွင်းလယ်၏ ရုပ်ပိုင်းဆိုင်ရာအားနည်းပြီး စွမ်းအင်နိမ့်ပါးမှုအပေါ်လည်းရန်းနစ်က အကြီးအကျယ်အံ့အားသင့်နေပြီး လုပ်အားနှုန်းကောင်းမွန်သော ဖြည့်တင်းမှု ၂ ခုအပြင် play maker တစ်ဦးအရေးပေါ်လိုအပ်ကြောင်း ရန်းနစ်ကယုံကြည်သည် ။

အက်ဒင်ဆင် ကာဗာနီအားခေါ်ယူခဲ့မှုကဲ့သို့သော နာမည်ကြီးသမားများအား ၎င်းတို့နေဝင်ချိန်တွင်ရေတိုအသုံးပြုရန်ခေါ်ယူခဲ့သည့် အသင်း၏အပြောင်းအရွှေ့မူဝါဒကို လုံးဝစွန့်လွှတ်ရန်လည်း ရန်းနစ်က အာနိုးလ်အားအကြံပြုထားသည် ။

-Sunday People

ကြိုးကြာတွေကိုတောင်ပံချိုးဖို့သရဲနီတပ်မတော်ကြီးချီတက်လာပုံ
19/04/2022

ကြိုးကြာတွေကိုတောင်ပံချိုးဖို့သရဲနီတပ်မတော်ကြီးချီတက်လာပုံ

လီဗာပူးပရိသတ်တွေဟာ ဒီကနေ့ညမှာ ကစားမယ့် ယူနိုက်တက်နဲ့ပွဲရဲ့ ပွဲကစားချိန် (၇) မိနစ်မှာ ရော်နယ်ဒိုအတွက် တမိနစ်ကြာ လက်ခုပ်တီ...
19/04/2022

လီဗာပူးပရိသတ်တွေဟာ ဒီကနေ့ညမှာ ကစားမယ့် ယူနိုက်တက်နဲ့ပွဲရဲ့ ပွဲကစားချိန် (၇) မိနစ်မှာ ရော်နယ်ဒိုအတွက် တမိနစ်ကြာ လက်ခုပ်တီးဂုဏ်ပြုပေးသွားမယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ အမြွှာရင်သွေးလေးထဲက သားယောက်ျားလေးကို ပူပူနွေးနွေး ဆုံးရှုံးထားရတာကြောင့် ရော်နယ်ဒိုကိုအားပေးဖို့အတွက် လီဗာပူးပရိသတ်တွေက ပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။

ခါးသီးပြိုင်ဘက်အသင်းတသင်းဖြစ်ပေမယ့်လည်း လီဗာပူးပရိသတ်တွေရဲ့ ဒီလုပ်ရပ်ကတော့ တကယ့်ကို လေးစားစရာလုပ်ရပ်တခုပဲဖြစ်ပါတယ်။

Address


Telephone

+959895668525

Website

Alerts

Be the first to know and let us send you an email when Football Highlights posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share