RemZy

RemZy hi casting and entertainment

31/12/2022

Happy New Yearပါနှစ်သစ်မှာပျော်ရွှင်ပါစေအလုပ်လေးတွေသင်တန်းတွေနဲ့မို့Pageကိုအရမ်းမကြည့်ဖြစ်ဘူးနောက်နှစ်မှာcontent အသစ်တွေနဲ့လာပါဦးမယ်ဗျ💖💖💖💖

ရမ်ဇီးလိုချင်နေပါပြီ🥺🥺
17/12/2022

ရမ်ဇီးလိုချင်နေပါပြီ🥺🥺

ကဲ......ဒီနေ့တော့ဘာမှမဟုတ်ပါဘူးအပျော်လေးတစ်ခုလုပ်တာရယ်စပ်စုချင်တာရယ်ပါအခုBroတို့မှာSkinတွေရှိတယ်မလားအာ့ထဲကအမှတ်တရတွေဖြစ်...
13/12/2022

ကဲ......ဒီနေ့တော့ဘာမှမဟုတ်ပါဘူးအပျော်လေးတစ်ခုလုပ်တာရယ်စပ်စုချင်တာရယ်ပါအခုBroတို့မှာSkinတွေရှိတယ်မလားအာ့ထဲကအမှတ်တရတွေဖြစ်ပြီး၀ယ်ထားတဲ့Skinလေးတွေရှိရင်ပြောပြကြပါလားFor Example ပေါ့ကျွန်တော်အောက်မှာပုံတွေနဲ့ပြောပြထားပါတယ်
ပုံမှာစာတွေပါပါတယ်

Relics Shield နဲ့Spectral Stickleအကြားကွာခြားမှု_____________________________________________များ____Hello Guys 👋👋 RemZy...
08/12/2022

Relics Shield နဲ့Spectral Stickleအကြားကွာခြားမှု
_____________________________________________
များ
____

Hello Guys 👋👋 RemZy Pageကနေကြိုဆိုလိုက်ပါတယ် Part3အတွက်ဘာရေးရမယ်မှန်းမသိသေးတော့အရင်တုန်းက‌‌ နေအခုအထိမှား‌နေကြတဲ့Support တွေသုံးတဲ့ Relic Shield နဲ့ Spectral Stickleကြားကကွာခြားနေတဲ့အရာတွေကိုပြောပြမှာပဲဖြစ်ပါတယ်
အရင်ဆုံး Item တွေရဲ့တူညီတဲ့‌အချက် တွေကRelic Shield effect နဲ့ Spectral effectကိုအသုံးပြုပြီးGold 500စီရမှနောက်တစ်ဆင့်ကိုကူးမှာပဲဖြစ်ပါတယ် ပြီးတော့အနီးမှာကိုယ့်ဘက်က ChampionရှိနေမှPassiveပွင့်ပြီးသက်ရောက်မှုရှိမှာပါဖြစ်ပါတယ်Passiveကမပွင့်ပဲMinionတွေMonsterတွေစားရင်Gold50%လျော့ပြီးရမယ်အနီးမှာရှိတဲ့ကိုယ့်teammateကminionတွေကိုမသတ်ဘဲထားထားမယ်ဆိုရင်3 seconds တိုင်းမှာ1 GoldရရှိနေမှာပါCharge 3ခုရှိမယ်ဒါကတော့တူညီနေတဲ့ဟာလေးတွေပါ

မတူတာကတော့Relic Shield ကeffect ရှိနေတဲ့အချိန်Creepကိုစားရင်minionက‌‌ နေကိုယ်က120%Goldရတယ်ကိုယ့်ဘေးမှာရှိ‌တဲ့ADCဒါမှမဟုတ်teammateက100%goldရရှိတယ်သွေးအနည်းအငယ်ပြန်တက်တယ်20secondsတိုင်းeffectကရနေမယ်Itemက အမြင့်ဆုံးကို evolved ဖြစ်သွားတဲ့အချိန်ရတဲ့ kill တွေ Assist တွေက Enchantment itemတွေကို40% Cooldownလျော့ပေးတယ်

Spectral Stickleကတောeffectရှိနေတဲ့အချိန်Enemy Champion ဒါမဟုတ် Turrent ကို Attackလုပ်ရင် 25Goldရရှိနေမှာပဲဖြစ်ပါတယ်Spectral Stickleကကိုင်တဲ့Championပေါ်မူတည်ပြီး 6AD ဒါမဟုတ် 12APပေးပါတယ်10secondsတိုင်းeffectကရနေမယ်Itemက အမြင့်ဆုံးကို evolved ဖြစ်သွားတဲ့အချိန်ရတဲ့ kill တွေ Assist တွေက Enchantment itemတွေကို40% Cooldownလျော့ပေးတယ်


December 8ကျရင်Chroma Crash Skinများထွက်ရှိလာပါပြီ Skinတွေကလှပေမယ်ငေး‌ကြည့်နေရတဲ့အဖွဲ့ကပါဗျို့😂😂
04/12/2022

December 8ကျရင်Chroma Crash Skinများထွက်ရှိလာပါပြီ Skinတွေကလှပေမယ်ငေး‌ကြည့်နေရတဲ့အဖွဲ့ကပါဗျို့😂😂

01/12/2022
How to Play Wild Rift for Beginners (Part 2)__________________________________________Hello Guys👋👋RemZy Pageကနေပြန်လည်ကြ...
27/11/2022

How to Play Wild Rift for Beginners (Part 2)
__________________________________________
Hello Guys👋👋RemZy Pageကနေပြန်လည်ကြိုဆိုလိုက်ပါတယ်
Part 1တုန်းကLast Hitအကြောင်းကိုသိသင့်သလောက်ပြောပြထားပါတယ်Part 2မှာကတော့Role Selection အကြောင်းကိုပြောပြပါမယ်ကိုယ်ကဘယ်လိုဆော့တတ်တယ်ဘယ်Roleနဲ့အဆင်ပြေမလဲဆုံးဖြတ်တာကတော့လေ့လာတဲ့လူအပိုင်းပါ

Mid Laner
=========
Mid Laneကတော့ Ability တွေနေDamageအများကြီးပေးနိုင်တဲ့Championတွေသွားတဲ့Laneဖြစ်ပါတယ်Mid LaneကSafeအဖြစ်ဆုံးLaneလို့ပြောလို့ရတယ် Championကလည်းတစ်ယောက်တည်းအမြဲလိုလိုနေရမယ် Levelအမြန်တင်ရမယ် team fight Battleတွေမှာ Damageအများကြီးထုတ်ပေးနိုင်ရပါမယ်

ဘယ်လိုplayerတွေဆော့သင့်လဲ❓❓
ကိုယ်က Skillတွေပြပြီးနိုင်ချင်တဲ့PlayerတွေEnemyအသင်းကိုအနိုင်ကျင့်ချင်တဲ့Player‌ တွေဆော့သင့်ပါတယ် အစပိုင်းမှာတစ်ခြားLaneကTeammateတွေကိုလည်းကူညီဖို့သင့်ပါတယ် mid lane champion တွေက Damage outputများတဲ့အတွက် Team fight battleတွေ Objective Battleတွေမှာပါ၀င်သင့်ပါတယ်

Top Laner/ Baron Laner/ Offlaner
============================
Baron Lanerတွေက Mid Lanerတွေနဲ့ခပ်ဆင်ဆင်ပါပဲဒါပေမယ့်Safeသိပ်မဖြစ်ပါဘူး Baron Lane Champion အများစုက မာပြီးတော့Damageအတော်အသင့်ထွက်တဲ့Championတွေသွားတာများပါတယ်အများစုလို့ပြောရတာကလည်းတစ်ချို့Baron PlayerတွေကZedတို့Akaliတို့လိုDamage outputများတဲ့Championတွေလည်းသွားကြတာမျိုးလည်းရှိပါတယ်Baron Laneက gankခံရတာအများဆုံးLaneတစ်ခုလည်းဖြစ်ပါတယ် Solo Lane pushနိုင်တဲ့ Lanerတွေလည်းဖြစ်ပါတယ်

ဘယ်လိုplayerတွေဆော့သင့်လဲ❓❓

Damage ဆိုတာကိုသိပ်ပြီးဂရုမစိုက်ပဲTanky လည်းဖြစ် Damage လည်းထွက်တဲ့Championတွေကိုသဘောကျတဲ့Playerတွေကစားသင့်ပါတယ်စတင်ဆော့ကစားမယ့်Playerတွေအတွက်အရမ်းကြီးလည်းမလွယ်သလိုအရမ်းလည်းမခက်တဲ့Laneတစ်ခုဖြစ်ပါတယ်

Carry / ADC / Ranged DPS
======================

Dragon laneသွားကြတဲ့ Champion နှစ်ယောက်ထဲကတစ်ယောက်ကို ADC လို့လည်းခေါ်ကြသလို Carry လို့လည်းခေါ်ကြတယ် Ranged DPSလို့ခေါ်တာကတော့ရှားမယ်ထင်တယ် ဒီ roleကတော့Basic AttackကနေDamageများများထွက်တဲ့Championတွေကိုဆော့ကြတယ်သူတို့ကDamageထွက်နိုင်ဖို့Itemကိုလည်းFarmနိုင်ဖို့လိုပါတယ်သူတို့တွေကအစပိုင်းမှာအရမ်းပျော့ပြီးSupportရဲ့ အကူအညီကိုအရမ်းလိုပါတယ် Late Gameရောက်သွားပြီး Item ထွက်သင့်သလောက်ထွက်သွားရင်Damage အရမ်းထွက်ပြီးTeamအတွက်လိုအပ်တဲ့Damageတွေထုတ်ပေးနိုင်ပါတယ်

ဘယ်လိုplayerတွေဆော့သင့်လဲ❓❓

စိတ်ရှည်ပြီးတစ်ဖက်ကလာ Gankမှာကိုကြိုပြီးတွက်ဆတတ်တဲ့လူတွေဆော့သင့်ပါတယ်ဒီroleကအလွယ်တကူဖြည့်ပြီးဆော့လို့ရတဲ့Roleမဟုတ်ပါဘူး

Support
========
Dragon Laneကိုသွားတဲ့နှစ်‌ယောက်ထဲကကျန်တဲ့တစ်ယောက်ပဲဖြစ်ပါတယ်သူကတော့ADCကိုearlyပိုင်းမှာItemကိုအေးအေးဆေးဆေးFarmနိုင်အောင်Map Visionပြပေးတာတွေသွေးဖြည့်ပေးတာတွေ Enemy Last Hit မရနိုင်အောင် Crowd Control တွေနှောင့်ယှက်ပေးရတာပဲဖြစ်ပါတယ်

ဘယ်လိုplayerတွေဆော့သင့်လဲ❓❓

ကိုယ်ကဘာမှမလုပ်ပေးနိုင်ဘူးလို့မတွေးပဲနဲ့ADCကိုအေး‌ဆေးFarmနိုင်အောင်အပေါ်ကပြောထား‌တဲ့အချက်တွေနဲ့တွေးပြီးတော့တာဆော့သင့်ပါတယ်
ပြီးတော့Last Hit တွေObjectiveမရတာတွေအတွက်စိတ်ပူစရာမလိုပါဘူးဒါပေမယ့်Jungle Objective စပြီးယူနေပြီဆိုရင်တော့Jungle Smiteပေါက်ရလွယ်ကူအောင်သွားပြီးကူပေးသင့်ပါတယ်

Jungle
======
Jungleကတော့Laneတွေကြားထဲမှာရှိတဲ့တောထဲမှာနေပြီးFarmနေရပါတယ်Jungleကအဓိကတာ၀န်ယူရတာနှစ်ချက်ရှိပါတယ် Lane‌ တွေကိုသေချာလိုက်GankပေးပြီးMapပေါ်မှာတတ်နိုင်သလောက်မပေါ်အောင်နေရပါတယ် နောက်အရေးကြီးတဲ့အချက်ကတော့ Dragonတွေ Rift HeraldတွေBaronသေချာယူပေးနိုင်ရပါမယ်

ဘယ်လိုplayerတွေဆော့သင့်လဲ❓❓

Lane CreepမလိုဘဲFarmပြီးStrong ချင်တဲ့လူတွေဆော့သင်ပါတယ် Failနေတဲ့Laneတွေကိုလည်းသွားပြီးကူသင့်ပါတယ်Jungleကိုစပြီးဆော့မယ့်Playerတွေအနေနဲ့Jungle monster တွေကိုဘယ်လိုFarmရမလဲLaneတွေကိုဘယ်လိုမျိုးGankရမလဲဆိုတာတွေကိုသေချာလေ့လာပြီးဆော့သင့်ပါတယ်

ကိုယ်နဲ့ကိုက်ညီတဲ့Roleကိုရွေးပြီးပြီဆိုရင် Part 1မှာပြောခဲ့တဲ့Championတွေ Runesတွေ Itemတွေအကြောင်းစပြီးလေ့လာနိုင်ပါပြီ
Part 2ကိုဒီမှာတင်ပဲရပ်ထားချင်ပါတယ်



How To Play Wild Rift?( For Beginners)( Part 1)_______________________________________Hello Guys 👋👋RemZy Pageကနေကြိုဆိုလ...
24/11/2022

How To Play Wild Rift?( For Beginners)( Part 1)
_______________________________________
Hello Guys 👋👋RemZy Pageကနေကြိုဆိုလိုက်ပါတယ် အခုတလော Wild Rift ကိုစတင်ကစားလာကြတဲ့Postအနည်းအကျဉ်းကိုကျွတော်တွေ့မိတယ်ဒါကြောင့်ဒီcontent series လေးကိုစတင်ပြီးရေးဖြစ်ပါတယ် တစ်ခြားMOBA game‌ေတွမှာလည်း ဒီနည်း‌ တွေအသုံးပြုနိုင်ပါတယ် ကြိုတင်ပြီးပြောချင်တာကကျွန်တော်က Professional Player တစ်ယောက်မဟုတ်ပါဘူးကိုယ်သိထားတဲ့knowledgeလေးကို‌ ပြောပြပေးခြင်းပဲဖြစ်ပါတယ်
တစ်ယောက်နဲ့တစ်ယောက်အမြင်တွေမတူကြပါဘူး သဘောထားလွတ်လပ်စွာကွဲလွဲနိုင်ပါတယ်

Wild Riftကိုဘယ်လိုဆော့ရမလဲ❓❓
Wild Riftဆော့ဖို့ဘာတွေသိထားသင့်လဲ❓❓

အကြံပေး‌တဲ့Playerအများစုကတော့ Champion အကြောင်း Itemအကြောင်းတွေလေ့လာရမယ်ကိုယ်ဆော့ကစားမယ့်Roleတွေရဲ့ လုပ်ဆောင်ချက်တွေလုပ်ဆောင်ရမယ့်အရာတွေလေ့လာရမယ်ဆိုပြီးပြောကြပါလိမ့်မယ်
အပေါ်ကအရာတွေကလည်းအရေးကြီးတယ်ဆိုတာမှန်ပေမယ့်ကျွန်တော့်အနေနဲ့ကတော့ ပထမဆုံးCreep/Minion Last Hit စားတတ်အောင်လုပ်ပါလို့ပဲပြောချင်ပါတယ်
ဒီအချက်ကိုတစ်ချို့တွေကလည်းလက်ခံပါလိမ့်မယ်တစ်ချို့တွေကလည်းလက်ခံမှာမဟုတ်ပါဘူး

Creep/Minionကို Last Hitနဲ့စားတတ်အောင်လုပ်ပါ
______________________________________________
Wild Rift ဒါမှမဟုတ်ဘယ်MOBA GameမဆိုLane 3ခုရယ်Jungle ရယ်ဆိုပြီးပါပါတယ်အာ့3 Laneအပေါ်မှာနေတဲ့Championတွေက EXPရှာဖို့Farmဖို့ဆိုရင်Lane Creep/Minionတွေကိုစားရပါတယ်အာ့လိုမျိုးစားတဲ့အခါမှာကိုယ့်Enemyအသင်းRoleတူတဲ့လူတွေကလည်းကိုယ်နဲ့အပြိုင်Creep/Minion တွေကိုစားရပါတယ်
အဲ့ဒီအခါLast Hitကရတဲ့Goldက Attack ရုံသာAttackပြီး ရတဲ့Goldထက်အများကြီးသာနေတာကိုတွေ့ရပါမယ်အဲ့တာကြောင့်ဘယ်လိုအခြေအနေမျိုးမဆိုLast Hitကိုစားတတ်ဖို့လေ့ကျင့်ရပါမယ်

LANEပေါ်ကChampionတွေဆိုရင်စပြီးမေးကြပါလိမ့်မယ်

Support တွေကောLast Hitအချိန်တိုင်းစားနေဖို့လို့လား❓❓

အဖြေကတော့Noပါ Hard Support တော်တော်များများက Relic Shieldဆိုတဲ့Support Itemလေးကို၀ယ်ရပါတယ် Relic shield ရဲ့ effect ရှိနေရင်တော့စားပေးရပါတယ်

Last Hit ပဲစားရင်းCreep bait ကာကိုယ့် JunglerလာGankတဲ့အခါလွယ်ကူမယ် Enemy Jungle လာgankတဲ့အခါ TurrentsထဲမှာSafe Playရင်းEnemy Junglerကိုအချိန်ဆွဲလို့ရမယ်ကိုယ့်Teammate လာကူတာစောင့်လို့ရမယ်လာကူတဲ့အခါပြန်ချလို့ရပြီး Turrent Damageပါ ပေးလို့ရပါတယ်

Part 1ကိုဒီမှာတင်ပဲရပ်ထားချင်ပါတယ်


ဒီနေ့စိတ်မကောင်းစရာတွေပါလားမြန်မာမှာပဲနေနေရတော့သာမာန်ပါပဲမိုင်ဖရန့်
19/11/2022

ဒီနေ့စိတ်မကောင်းစရာတွေပါလားမြန်မာမှာပဲနေနေရတော့သာမာန်ပါပဲမိုင်ဖရန့်

Wild Coreဈေးတွေကတက်သွားတာနည်းနည်းနောနောလား
19/11/2022

Wild Coreဈေးတွေကတက်သွားတာနည်းနည်းနောနောလား

Patch3.5လေးပါ❤️❤️❤️
17/11/2022

Patch3.5လေးပါ❤️❤️❤️

Upcoming Champion date❤️❤️❤️
13/11/2022

Upcoming Champion date❤️❤️❤️

13/11/2022

Wild Rift က လက်ရှိမှာ Player Base အခိုင်အမာရှိနေပြီဖြစ်ပေမယ့် Game ရဲ့အနေထားနဲ့ ယှဉ်ရင်ရှိသင့်သလောက် မရှိသေးတာ ကိုတော့ လက်ခံမယ်ထင်ပါတယ် ။
တော်တော်များများထင်သလို WR ကို ဒီကလူတွေကလုံးဝစိတ်မဝင်စားတာမျိုး​မဟုတ်ဘူး Riot ရဲ့ Cinematic တွေ အံ့ဩစရာSkin တွေ , ဖတ်မဝတဲ့ Lore တွေကြောင့် Wild Rift ကို တနေ့ထက်တနေ့ စိတ်ဝင်စားတဲ့လူက တိုးတိုးလာပါတယ်

Tournament မရှိလို့ , Game က နားလည်ရခက်လို့ ဆိုတာတွေကို နောက်ထား New Player တွေ အတွက်ပထမဆုံးရင်ဆိုင်ရတဲ့ပြဿနာက Google Playstore မရှိခြင်းပြဿနာပါပဲ

တနေ့တနေ့ကို "Wild Rift အရမ်းဆော့ချင်တာ Google playstore လဲမရှိလို့ ဘယ်က downရမလဲ" ဆိုပြီးလာ မေးတာ လူဦးရေကမနည်းပါဘူး
တချို့ဆို တတ်နိုင်သလောက်ကြိုးစားပြီး Down မရတဲ့အဆုံးမှ လက်လျှော့သွားတဲ့သူတွေမှအများကြီးပဲ

ခက်တာက Riot အနေနဲ့ Wild Rift ကို Iosရဲ့ app store နဲ့ Google play storeကလွဲရင် Third party apps တွေအပေါ်မှာ အရင်လိုလွယ်လွယ်ကူကူပေးမ Run တော့ပါဘူး။

Mobile Moba Gameတွေရဲ့ Market တစ်ခုဖြစ်တဲ့ SEAကလူအများစုက CN Rom phတွေကိုအများဆုံးကိုင်ကြတာပါ
Spec ခြင်းတူနေပြီး CN Rom နဲ့ Global Rom ယှဉ်လာရင် ငါးသောင်း,တစ်သိန်းပိုသက်သာတဲ့ CN Rom ကိုရွှေးကြတာလဲ မဆန်းတော့ပါဘူး

အဲ့တော့ Google Playstore မရှိတဲ့သူတွေအနေနဲ့ ဆော့ချင်ရင် လုပ်စရာနည်းက နီးစပ်ရာ phဆိုင်မှာ Global Rom change လိုက်ပါ
ဈေးကတော့ 10000,15000ထက်ပိုမပေးရပါဘူး

နောက်ထပ် Run လို့ရတဲ့ Third party appတွေရှိပေမယ့်လဲ App နဲ့ ဘာမှမဆိုင်တဲ့ Permission တွေကိုတောင်းတဲ့ Third party appတွေကို ကိုယ်တိုင်လဲ အယုံကြည်မရှိတာကြောင့် သူများကိုလဲမညွန်းပေးချင်ဘူး
တကယ်လို့ ကိုယ်က ကလိချင်တယ်ဆိုရင်တော့ Appတချို့ရှိပါတယ်

Playstore မရှိပဲ လက်ရှိမှာ Wild Rift ဆော့နေကြတဲ့သူတွေရှိရင်လဲ ကိုယ်ဆော့နေတဲ့နည်းလမ်းတွေကို Commentမှာမျှဝေခဲ့ပါအုန်း။

Solo playerများပြင်ဆင်ထားကြပါတော့ဆုကြေးအနေနဲ့ကျွန်တော်လည်းအများကြီးမတတ်နိုင်ပေမယ့်Legendary skinတစ်ခုကိုWinnerကိုပေးမှာပ...
12/11/2022

Solo playerများပြင်ဆင်ထားကြပါတော့ဆုကြေးအနေနဲ့ကျွန်တော်လည်းအများကြီးမတတ်နိုင်ပေမယ့်Legendary skinတစ်ခုကိုWinnerကိုပေးမှာပဲဖြစ်ပါတယ်ကြိုတင်ပြီးအသိပေးထားတာပါပြင်ထားလို့ရအောင်ပါRankကိုကUnlimitလုပ်ထားမှာပါ

❗❗Solo player များအနေနဲ့ Champion အနည်းဆုံး4ကောင်လောက်စတင်ပြီးပြင်ဆင်ထားသင့်ပါပြီ❗❗


10/11/2022

2019ကနေ 2019 သို့တိုးတက်သွားတဲ့ Esports

စောက်ကျိုးနဲ ဝေဖန်နေတယ် ထင်လျှင်တော့ မိတ်ဆွေဆက်မဖတ်ပါနဲ့တော့…..

Esports လောကလို့ပြောရင် Game တစ်ခုတည်းကပဲ Esportsလို့ထင်နေတဲ့ လူတွေကိုတော့ ကျွန်တော်အနေနဲ့ Game အကုန်လုံးကို ခြုံပြီး Esports ဆိုတာကိုပြောသွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ 2019 ဆိုတဲ့ အချိန်အခါက ပွဲတွေဆိုလျှင် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အကုန်လုံးတစ်ပြိုင်ထဲ ကြိုးစားခဲ့ကြတာ တော့ Esports ကိုစိတ်ဝင်းစာတဲ့ သူတွေ အနေနဲ့ သိပြီးသားဖြစ်ပါလိမ့်မယ်…..

ဒီလို အခြေအနေကနေ အကုန်လုံးအဆင်မပြေဖြစ်လာတဲ့ အချိန်ကို ရောက်လာတဲ့အခါမှာတော့ ဂုတ်သွေးစုပ်လိုက် ဘောမလိုက်ဖြစ်နေတဲ့ Esports လောက ဟာ ရပ်တန့်သွားခဲ့ပါတယ်။

အခုချိန်ဟာ ပြန်လည် အားယူနေကြတာကို နားလည်းပေမယ့် တစ်ချိန်က လုပ်ခဲ့ပြီးတာတွေ ချပြခဲ့ပြီးတာတွေ ကိုတောင် မှီအောင်လုပ်နိုင်စွမ်းမရှိတာထက် ခိုကပ်လိုက်တာတွေ က တော်တော်ကို ရုပ်ဆိုး စေတာတော့အမှန်ပဲဖြစ်ပါတယ်။ ပွဲဖြစ်ပြီးရော ဆိုတာမျိုးတွေ အသစ်တွေကို ညပ်ချတာမျိုးတွေ pro မဆန်တာတွေကတော့ အများဆုံးဖြစ်လာပါတယ်။

Playerတွေကတော့ သူတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသဖို့သာ တာဝန်ရှိတာမှန်ပေမယ့် တကယ် Pro ဆန်ဖို့လိုနေတာတွေရှိနေတာကတော့ အထူးအဆန်းမဟုတ်ပါဘူး။ထူးထူးဆန်းဆန်း playerတွေဘက်ကို ကြည့်တဲ့ Esports အသင်းတွေပေါ်လာသလို ဂုတ်သွေးစုပ်နေတဲ့ ကောင်လေးများကလည်း ထပ်မံ စုပ်နေတုံးပဲဖြစ်ပါတယ်။တိုးတက်လာတာဆိုလို့ playerတွေကိုကြည့်ပြီး Team ကို အကောင်းဆုံးဖြစ်အောင်လုပ်နေတဲ့အသင်းတွေပဲဖြစ်ပါတယ်။

နောက်တစ်ခုကတော့ playerတွေ ကို မေးခွန်းထုတ်ရမှာက မြန်မာနိုင်ငံက အဆင့်နဲ့ပဲ သာယာ တော့မှာလားဆိုတာပါ။အရင်ကတော့ supporting ဘာညာ ဆင်ခြေပေးလို့ရပေမယ့် အခုအခါမှာတော့ scrimမဆော့ပဲ လူမှုရေးကိစ္စတွေများနေတာတို့ Social media ပေါ်မှာ အချိန်ဖြုန်းတာတို့က ဘာမှတောင် မဟုတ်သေးတဲ့ supporting တွေမှာ သာယာနေကြတာ ကိုတွေ့ရပါတယ်။ ကြိုးစားပါ ငါတို့ကို အမြဲအားပေးပါတယ်လို့တော့မတွေးပါနဲ့ ခင်ဗျားတို့ ကျုပ်တို့ နေတဲ့ နိုင်ငံက လူတွေက မေ့လွယ်ပါတယ်။ဒီမှာ လူရုပ်ထွက်ပေမယ့် တခြားနိုင်ငံက အသင်းတွေနဲ့ ယှဉ်ရင် နောက်ကျကျန်ခဲ့တာ supporting တစ်ခုထဲကြောင့် မဟုတ်ဘူးဆိုတာတော့အသေချာပဲဖြစ်ပါတယ်။

Orgတွေ ပွဲကျင်းပ တဲ့သူတွေအနေနဲ့ လည်း Talents တွေကို Fees ပေးဖို့ ဝန်လေး ကြတာကိုတော့ မေးခွန်းထုတ်ချင်ပါတယ်။ကိုယ့်ရဲ့ project အောင်မြင်ဖို့ ဒီလူတွေက သူတို့မှာ ရှိတဲ့ Fan base တွေက ခင်ဗျာတို့အတွက် အရေးကြီးတယ်ဆိုရင် ထိုက်တန်တဲ့ ကြေးတော့ပေးရမှာပဲဖြစ်ပါတယ်။ Interview တစ်ခုလုပ်လျှင်တောင် Talents fees ဆိုတာမျိုး က image နဲ့ လုပ်စားနေတဲ့ Talentတွေအတွက် ဒါကလေးစားမှုပြရာကြသလို သူတို့အတွက်လည်း ပိုကောင်းတဲ့ performance တွေကိုချပြဖို့ ခွန်အားဖြစ်ပါတယ်။ဘယ်နဲ့ ဗျာ ဘယ်သူလာလာ ဒီမေးခွန်း talents fees လည်း Free ဆိုရင်တော့ ခင်ဗျားတို့အတွက် Free နဲ့ ရတဲ့ Content Quality တစ်ခုရပါလိမ့်မယ်။ Talent တွေအနေနဲ့လည်း လေးစားမှုရှိဖို့လိုပါလိမ့်မယ် ဒီလောက်ကတော့ အတုံးပဲ တန်းလိုက်တော့မှာပေါ့ ဆိုပြီး မျှတမှုမရှိတဲ့အခြေအနေမျိုးတွေကတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။

လုပ်ရပ်တွေနဲ့ Quality တွေဟာ 2019 ကနေတက်မလာပေမယ့် လေလုံးတွေနဲ့ ကုန်စျေးနှုန်းတွေကတော့ တက်ပါတယ်။Esports ထဲမှာ ငါတို့သာ ဆရာကြီး တခြားဂိမ်းတွေ ဘောင်မဝင်ဆိုတာမျိုးမရှိပါဘူး။ဒါကတော့ စေတနာ စကားပါ….

စာရှည်လာတော့ ဖတ်ရတဲ့ သူတွေကိုလည်း အားနာတာမို့ ဒီမှာပဲရပ်လိုက်ပါမယ်……

ညီကိုတို့ ကို ချစ်ပါတယ်….Esports ကြီးလည်း အောင်မြင်သင့်တဲ့အချိန်မှာ ဒီထက်ပို ကြီးထွားပြီးအောင်မြင်ပါစေ….

#နငယ်

09/11/2022
Hello Guys👋👋👋 RemZy Pageကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့Guideဘာညာဆိုတာထက်အခုလာနေတဲ့Eventလေးဖြစ်တဲ့ Supreme Ce...
06/11/2022

Hello Guys👋👋👋 RemZy Pageကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့Guideဘာညာဆိုတာထက်အခုလာနေတဲ့Eventလေးဖြစ်တဲ့ Supreme Cells Eventလေးအကြောင်းပါ

ဘယ်သူတွေဖောက်သင့်လဲဘယ်သူတွေကမဖောက်သင့်ဘူးလဲ❓❓❓❓❓

Supreme Cells Zed or Sett skinကိုတစ်ခုခုကိုအရမ်းလိုချင်ပြီးလက်ထဲပိုက်ဆံ40000လောက်ရှိနေရင်ဆွဲသင့်ပါတယ်ပိုက်ဆံ40000လောက်မရှိဘဲနည်းနည်းပဲရှိနေရင်အသဲကွဲသွားမှာဆိုးလို့မ‌ ဖောက်ပါနဲ့ကံဆိုးပြီးဘာမှမပေါက်မှာစိုးလို့ပါ

ရိုးရိုးLegendaryတစ်ကောင်လောက်ပဲလိုချင်တဲ့လူတွေကတော့မဖောက်သင့်ပါဘူးကိုယ်လိုချင်တဲ့ Skinကို၀ယ်မှတစ်သောင်းခွဲပဲရှိပါတယ်ကိုယ်ဖောက်လိုက်လို့ပေါက်လာရင်တောင်မှကိုယ်မကိုင်တတ်တဲ့ကောင် ကိုယ်မဆော့ တဲ့roleထွက်လာရင်တောင်နှမြောစရာကြီးပါ


❗❗10ခါပဲဖောက်ပါ❗❗

ဟုတ်ပါတယ်10ခါပဲဖောက်သင့်ပါတယ် ကိုယ်ကနှစ်ခုစလုံးကြိုက်တယ်လိုချင်တယ်ဆိုရင်တောင်မှ10ခါပဲဖောက်သင့်ပါတယ်နှစ်ကောင်စလုံးရဖို့ကံ‌မ ကောင်းရင်အပြည့်သုံးရမယ့်ပမာဏက120000ပါအခုအချိန်မှာတော့လိုချင်လို့သုံးလိုက်တယ်ဆိုပေမယ့်နောင်တစ်ချိန်ကျရင်တစ်ကောင်ပဲဖောက်လိုက်မိရင်ကောင်းသားဆိုပြီးသားဆိုပြီးတော့ပါနောင်တရလာမှာပါအာ့တာကြောင့်ကိုယ်အကြိုက်ဆုံးskin တစ်ခုအတွက်သာ10ခါပဲဖောက်သင့်ပါတယ်

ကျွန်တော့်ရဲ့ပထမ10ကြိမ်မှာရခဲ့တဲ့ဟာတွေကိုဈေးတွက်လေးတွက်ပြပါမယ်Normalကို5000ကျပ်/Epicကို10000ကျပ်/Legendaryကို14000ကျပ်ဆိုပြီးတွက်ပြပါမယ်

ကျွန်တော်သုံးခဲ့တာ35000ဆိုပေမယ်gameထဲကျန်တာနဲ့ဆို40000ပါ

River Spirit Nami 5000
Cottontail Teemo 5000
Arcade Riven 10000
Project Vayne 14000
Total 34000ပါ
Settအတွက်ကျွန်တော်6000ပဲသုံးလိုက်ရပါတယ်


05/11/2022

Wild Circuit မပြသေးတာအိမ်ကအမေနေမကောင်းလို့ပါနောက်အပတ်တွေကစပြီးပြပါမယ်

Hello Guys👋👋 RemZy Pageကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့  အရမ်းကြမ်းနေတဲ့ Gwen ကိုGuideလေးရယ် Item buildလေး‌  တွေရယ် ဘယ်C...
29/10/2022

Hello Guys👋👋 RemZy Pageကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ အရမ်းကြမ်းနေတဲ့ Gwen ကိုGuideလေးရယ် Item buildလေး‌ တွေရယ် ဘယ်Championနဲ့ယှဉ်ထိန်းရရင်သူ့ကိုအားသာစေတယ် ဘယ်Champion နဲ့ယှဉ်ထိန်းရရင်သူ့ကိုအားနည်းစေတာ‌ တွေတင်ပြပေးသွားပါမယ်GwenကိုRiotက Adjust လိုက်တယ်ဆိုပေမယ့်Jungle‌အရမ်းOpလို့‌ေကြာင့်သာဖြစ်ပြီးBaronကိုတော့ဆော့လို့ကောင်းနေဦးမှာပါ

Sad🥲🥲🥲
29/10/2022

Sad🥲🥲🥲

🚨 BREAKING NEWS : November 17 ရက် 10:00 MMT ကျရင် Wild Core ဈေးများတက်ဖို့ရှိ

Nov 17 ကျရင် Wild Rift ထဲက Wild Core ဈေးတွေက ငွေကြေးဖောင်းပွမှု၊ ငွေကြေးအတက်အကျနဲ့ Platform Adjustment တွေအတွက် ထိုးတက်တော့မှာပါ။

ဒါပေမယ့် ဈေးမတက်ခင် November 1 ရက်နေ့ကစပြီး Wild Core ဝယ်ယူရင် Double Bonus ရမယ်လို့ပြောထားပါတယ်။

ဈေးနှုန်းအပြောင်းအလဲကိုတော့ အောက်က Link ထဲမှာ အသေးစိတ်ကြည့်နိုင်ပါတယ်။

https://wildrift.leagueoflegends.com/en-us/news/announcements/wild-core-price-changes/

Discord : https://discord.gg/JG8UGeKrxr

YasuoကUltiမပိုင်းရလို့ Fannyကြိုးဆွဲကျင့်နေတာလား🤔🤔🤔🤔
28/10/2022

YasuoကUltiမပိုင်းရလို့ Fannyကြိုးဆွဲကျင့်နေတာလား🤔🤔🤔🤔

အသစ်ထွက်လာတဲ့ Vexရဲ့ Short Review ________________________________________အကြမ်းဖျင်းဖတ်ပြီးရေးထားတဲ့အတွက်အမှားများပါရှိ...
27/10/2022

အသစ်ထွက်လာတဲ့ Vexရဲ့ Short Review
________________________________________
အကြမ်းဖျင်းဖတ်ပြီးရေးထားတဲ့အတွက်အမှားများပါရှိနိုင်ပါသောကြောင့်သည်းခံပေးကြပါဦး
Vexကိုပထမဆုံးကိုင်ပြီးတဲ့အခြေအနေကတော်တော်လေးသဘောကျမိတယ် ကျွန်တော်ကိုယ်တိုင်ကိုကtanky champion တွေ Support Champion တွေဆော့နေကြမလို့Knock Back slow effect တွေတော်တော်များများပါတာကိုတော့သဘောကျတယ်
Spellအကုန်လုံးကိုအကျဉ်းချုပ်ပြောပြပါမယ်
ပထမဦးဆုံး Passiveကနေစပြောရမယ်ဆိုရင်22 seconds တိုင်းမှာAbilityသုံးရင် Enemy ရဲ့ Blink or Dash Spellတွေနှောင့်ယှက်မယ် သုံးလိုက်တဲ့AbilityကFear effectတစ်နည်းပြောရမယ်ဆိုKnock Back effectပါမယ်25%cooldownလျော့ပေးတယ် Champion မဟုတ်တဲ့ကောင်တွေဆိုရင် 40% damageနဲ့10% Cooldown ပဲလျော့ပေးပါတယ်
Ability 1ကWaveတစ်ခုပစ်လိုက်တယ်Magic Damage ထိစေတယ်Passiveပွင့်ပြီး Fear effect ပေးကာenemyတွေနောက်ပြန်တွန်းထုတ်မယ်waveကသေးသွားရင်မြန်သွားမယ်
Ability 2ကShield တစ်ခုပေါ်လာမယ်အာ့Shield က2.5 seconds ကြာရင် Shockwave အဖြစ်ပေါက်ကွဲပြီးMagic Damage ထိမယ်passiveရှိရင်Passiveပွင့်ပြီးနောက်ပြန်တွန်းထုတ်မယ်
Ability 3ကသူ့အနောက်မှာရှိနေတဲ့Shadowကနေပြီးသတ်မှတ်ထားတဲ့နေရာမှာ Shadow Circle အဖြစ်နဲ့ enemy တွေကိုslow effect ပေးမယ်Passiveရှိနေရင်‌Knock Back effect ပါထပ်၀င်မယ်
Ultimate ကတော့သူနောက်မှာရှိတဲ့Shadowကနေပြီးတော့လှမ်းဖမ်းမယ်ထပ်သုံးရင် dashပြီးMagic Damage ပေးမယ်ဖမ်းထားရက်နဲ့enemy champion ကသေသွားရင်6 seconds အတွင်းနောက်တစ်ကြိမ်ထပ်သုံးလို့ရမယ်

Leonaလေးက Tank မလို့သဘောကျပါတယ်FizzကဘာသဘောလဲငါလူးRiot Wifi billမဆောင်ရသေးပါဘူးဆိုနေမှRiotကပါFizzလာပေး🥹
18/10/2022

Leonaလေးက Tank မလို့သဘောကျပါတယ်FizzကဘာသဘောလဲငါလူးRiot Wifi billမဆောင်ရသေးပါဘူးဆိုနေမှRiotကပါFizzလာပေး🥹

Address


Telephone

+959755080004

Website

Alerts

Be the first to know and let us send you an email when RemZy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RemZy:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share