Thingaha Sports

  • Home
  • Thingaha Sports

Thingaha Sports နောက်ဆုံးရ သတင်းမျိုးစုံ။

“ကျွန်တော့်ရဲ့ကာလရှည်ရည်မှန်းချက်ကတော့ အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်နိုင်ဖို့ပါပဲ၊အဲ...
05/11/2022

“ကျွန်တော့်ရဲ့ကာလရှည်ရည်မှန်းချက်ကတော့ အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်နိုင်ဖို့ပါပဲ၊အဲ့ဒီရာထူးကိုလဲ ကစားသမားအနည်းငယ်ကသာ ခံစားခွင့်ရခဲ့တာပါ”👏❤️

-ဗဲလ်ဗာဒီ 🗣️

ဇူးရစ်နဲ့ယှဥ်ပြိုင်ဖို့ ထရိန်နင်👊
03/11/2022

ဇူးရစ်နဲ့ယှဥ်ပြိုင်ဖို့ ထရိန်နင်👊

အရေပြားကင်ဆာရောဂါကြောင့် မျက်နှာမှာခွဲစိတ်ကုသမှုသုံးကြိမ်အထိခံယူခဲ့ရတယ်လို့ ဘိုင်ယန်မြူးနစ်အသင်းဂိုးသမားနူအာက ထုတ်ဖော်ပြ...
02/11/2022

အရေပြားကင်ဆာရောဂါကြောင့် မျက်နှာမှာခွဲစိတ်ကုသမှုသုံးကြိမ်အထိခံယူခဲ့ရတယ်လို့ ဘိုင်ယန်မြူးနစ်အသင်းဂိုးသမားနူအာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပေါ့ဘာ ၊ ကန်တီ တို့နေရာကို ကာမာဗင်ဂါ နဲ့ တီချူအာမန်နီ တို့ အစားဝင်နိုင်မှာလား =========================၂၀၁၈ ခုနှစ်ကမ္ဘာ့...
02/11/2022

ပေါ့ဘာ ၊ ကန်တီ တို့နေရာကို ကာမာဗင်ဂါ နဲ့ တီချူအာမန်နီ တို့ အစားဝင်နိုင်မှာလား
=========================
၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့ ကွင်းလယ်မှာ ပေါ့ဘာ နဲ့ ကန်တီ တို့ဟာ အရေးပါတဲ့ ကစားသမားတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ နီးလာချိန်မှာ ချန်ပီယံဆုကို ကာကွယ်ရမယ့် ပြင်သစ်အသင်းအနေနဲ့ အဓိကကွင်းလယ်လူတွေဖြစ်တဲ့ ပေါ့ဘာ နဲ့ ကန်တီ တို့ကို ဒဏ်ရာပြဿနာတွေကြောင့် လက်လွှတ်ရဖို့ ရှိနေပါတယ်။ ပေါ့ဘာ နဲ့ ကန်တီ တို့ရဲ့နေရာကို အစားထိုးဝင်ရောက်ကစားဖို့ ရှိနေတဲ့သူတွေကတော့ ရီးရဲလ်ကွင်းလယ်အတွဲဖြစ်တဲ့ ကာမာဗင်ဂါ နဲ့ တီချူအာမန်နီ တို့ပဲ ဖြစ်ပါတယ်။ လူငယ်ကစားသမားတွေဖြစ်ပေမယ့် သူတို့ရဲ့ ထိပ်တန်းခြေစွမ်းတွေကြောင့်ရီးရဲလ်အသင်းရဲ့ ခေါ်ယူခြင်းခံထားရသူတွေအနေနဲ့ လာမယ့်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စီနီယာတွေရဲ့ နေရာကို အစားဝင်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

photo credit

“ကျွန်တော် ဘယ်အသင်းကိုမှပြောင်းရွှေ့သွားမှာမဟုတ်ပါဘူး၊ကျွန်တော်ရီးရဲလ်မက်ဒရစ်မှာပဲ အမြဲနေပီး ရီးရဲလ်မက်ဒရစ်မှာပဲ ကျွန်တေ...
02/11/2022

“ကျွန်တော် ဘယ်အသင်းကိုမှပြောင်းရွှေ့သွားမှာမဟုတ်ပါဘူး၊ကျွန်တော်ရီးရဲလ်မက်ဒရစ်မှာပဲ အမြဲနေပီး ရီးရဲလ်မက်ဒရစ်မှာပဲ ကျွန်တော့်ရဲ့ကစားသမားဘဝနေဝင်ချိန်ကို ဖြတ်သန်းမှာဖြစ်ပါတယ်၊ဘယ်အချိန်အနားယူရမလဲဆိုတာကိုတော့ ကျွန်တော်မသိသေးပါဘူး”👏❤️

-တိုနီခရူးစ် 🗣️

ဒါ၀င်နူးနက်စ်ဟာ  ဒီရာသီရဲ့ ကျရှုံးတဲ့ခေါ်ယူမှုအဖြစ် သမုတ်ခံနေရသူဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ သူဟာ ၇၄၃ မိနစ်မှာ ၇ ဂိုး သ...
02/11/2022

ဒါ၀င်နူးနက်စ်ဟာ ဒီရာသီရဲ့ ကျရှုံးတဲ့ခေါ်ယူမှုအဖြစ် သမုတ်ခံနေရသူဖြစ်ပါတယ်။

ဒါပေမယ့် ဒီရာသီမှာ သူဟာ ၇၄၃ မိနစ်မှာ ၇ ဂိုး သွင်းထားနိုင်ခဲ့ပြီး
ရော်နယ်ဒိုက ၈၇၁ မိနစ်မှာ ၃ ဂိုး
ဘန်ဇီမာက ၉၂၈ မိနစ်မှာ ၆ ဂိုး
စတာလင်က ၁၂၄၉ မိနစ်မှာ ၄ ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။

photo credit

" အာဆင်နယ်အသင်းကြီးအတွက် တနေ့မှာ ကစားခွင့်ရမယ်ဆိုပြီး ကျနော် ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်မှု ရှိခဲ့ပါတယ်။ ဒီအသင်းကို ကျန...
02/11/2022

" အာဆင်နယ်အသင်းကြီးအတွက် တနေ့မှာ ကစားခွင့်ရမယ်ဆိုပြီး ကျနော် ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်မှု ရှိခဲ့ပါတယ်။ ဒီအသင်းကို ကျနော် ကလေးဘဝတည်းက ရောက်ခဲ့တာဖြစ်သလို ဒီအသင်းနဲ့ ပတ်သက်သူအားလုံးနဲ့လည်း သံယောဇဥ်ရှိပါတယ်။ ဘယ်ကစားသမားမဆို ခက်ခဲခဲ့တဲ့ အချိန်တွေဆိုတာကတော့ ရှိတာပါပဲ၊ ကျနော် ကစားခွင့်မရတဲ့ အချိန်တွေ၊ အရန်ခုံမှာပဲ ထိုင်နေရတဲ့အချိန်တွေက မချင့်မရဲ ဖြစ်စေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အာဆင်နယ်က ထွက်ခွာသွားဖို့ ဘယ်တုန်းကမှ မတွေးထားသလို အသင်းရဲ့ အနာဂတ်အစီအစဥ်တွေမှာ ကျနော့်ကို စဥ်းစားထည့်သွင်းပေးလို့ရတဲ့ သူတစ်ယောက်ဖြစ်လာအောင်လည်း ကျနော့ဖက်က အစွမ်းကုန်ကြိုးစားသွားပါမယ်။ အခုဆို အာဆင်နယ်မှာ ကျနော့်စာချုပ်သက်တမ်းက လအနည်းပဲ ကျန်တော့တာကြောင့် စာချုပ်သစ်ချုပ်ဆိုခွင့်သာ ရမယ်ဆိုရင် ကျနော် အရမ်းဝမ်းသာမိမှာပါပဲ။ အခွင့်အရေး တကြိမ်ရရင် ရသလို ကျနော် အသုံးချပြီး အသင်းကို ကူညီပေးသွားဖို့နဲ့ အာဆင်နယ်အတွက်ပဲ စိတ်နှစ်ပြီးကစားသွားပေးဖို့ ဆန္ဒရှိပါတယ်"

🗣 ရိစ်နယ်ဆင်

နေမာဟာ အရင်သမ္မတနဲ့ ဆက်ဆံရေးကောင်းရှိခဲ့ပြီး အခု ရွေးကောက်ပွဲနိုင်ထားတဲ့ သမ္မတကတော့ နေမာကို အမြင်မကြည်ပါဘူး။
01/11/2022

နေမာဟာ အရင်သမ္မတနဲ့ ဆက်ဆံရေးကောင်းရှိခဲ့ပြီး အခု ရွေးကောက်ပွဲနိုင်ထားတဲ့ သမ္မတကတော့ နေမာကို အမြင်မကြည်ပါဘူး။

Man United သည် Leverkusen အသင်း၏ ညာနောက်ခံလူဖြစ်သော Jeremie Frimpong အား ဇန်နဝါရီအပြောင်းအရွှေ့၌ အလားအလာရှိတဲ့ခေါ်ယူမှုအ...
01/11/2022

Man United သည် Leverkusen အသင်း၏ ညာနောက်ခံလူဖြစ်သော Jeremie Frimpong အား ဇန်နဝါရီအပြောင်းအရွှေ့၌ အလားအလာရှိတဲ့ခေါ်ယူမှုအဖြစ် သတ်မှတ်ထားပြီး ပရီးမီးယားလိဂ်ပြိုင်ဘက် Chelsea အသင်းနှင့် အပြိုင်ခေါ်ရနိုင်ချေလည်းရှိသည်။
အခြားပစ်မှတ်အဖြစ် သတ်မှတ်ထားသူမှာ ပေါင် ၁၀ သန်းတန် Norwich အသင်း၏ကစားသမား Max Aarons ဖြစ်ကြောင်း သိရသည်။

🗣️ အဲရစ်တန်ဟတ်ကျွန်တော်ကတော့ ကာစမီရိုနဲ့ပတ်သတ်ပြီးအရမ်းကိုတုန်လှုပ်ပြီး အံ့အားသင့်ခဲ့ပါတယ်သူ့ကိုလူတွေက ဘရာဇီလ်း Hulkလို့...
01/11/2022

🗣️ အဲရစ်တန်ဟတ်

ကျွန်တော်ကတော့ ကာစမီရိုနဲ့ပတ်သတ်ပြီး
အရမ်းကိုတုန်လှုပ်ပြီး အံ့အားသင့်ခဲ့ပါတယ်
သူ့ကိုလူတွေက ဘရာဇီလ်း Hulkလို့ခေါ်ဆိုလို့ရပါပြီ
သူကသန်မာတယ် ရဲရင့်တယ်
အသင်းကိုဦးဆောင်နိုင်တယ်ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်ဆိုတာအကြိမ်ကြိမ်သက်သေပြခဲ့ပြီးပါပြီ

 #ကလော့ပ်ကိုလန့်နိုးစေခဲ့တဲ့အ‌ကြောင်းအရာဂျာနယ်လစ် - လိဒ္စ်အသင်းသွင်းယူသွားတ့ဲအနိုင်ဂိုး‌ေကြာင့် ခင်ဗျား ညအခါမှာ လန့်နိုး...
01/11/2022

#ကလော့ပ်ကိုလန့်နိုးစေခဲ့တဲ့အ‌ကြောင်းအရာ

ဂျာနယ်လစ် - လိဒ္စ်အသင်းသွင်းယူသွားတ့ဲအနိုင်ဂိုး‌ေကြာင့် ခင်ဗျား ညအခါမှာ လန့်နိုးခဲ့ရတယ်လို့ ခင်ဗျား ခုနကပြောခဲ့တယ်‌ေနာ်။ အဲ့ဒါက ခင်ဗျားဖြစ်နေကျလား၊ ပြီးခဲ့တဲ့ရာသီတွေမှာလည်း အသင်းရဲ့စွမ်းဆောင်ရည်‌ေတွ ကြောင့် နိုးလာခဲ့ရတာမျိုးရှိခဲ့ဖူးလား။

ကလော့ပ် - နိုး၊နိုး။ ကျွန်တော့်အသက်က အခု (၅၅)နှစ်ရှိပါပြီ။ ဒါကြောင့် ညဘက်တွေမှာ ပုံမှန်နှစ်ခါလောက်ကတော့ ထပြီး အိမ်သာသွားလေ့ရှိပါတယ်။ အဲ့လိုထတာက ပုံမှန်ဖြစ်ပေမဲ့
ဒီတခါတော့ အဲ့ဂိုးကြောင့်မလို့ နိုးခဲ့တာပါ။

ကမ္ဘာ့ဖလားအတွက် ကွင်းတွေဆောက်ပေးခဲ့တဲ့ လုပ်သားတွေကို အဆောင်တွေက နှင်ထုတ်ခဲ့တဲ့ ကာတာ
01/11/2022

ကမ္ဘာ့ဖလားအတွက် ကွင်းတွေဆောက်ပေးခဲ့တဲ့ လုပ်သားတွေကို အဆောင်တွေက နှင်ထုတ်ခဲ့တဲ့ ကာတာ

ဘာစီလိုနာ၏ အဓိကပြဿနာရင်းမြစ်မှာ ကစားသမားများမဟုတ်ပဲ နည်းပြအဖွဲ့ဝင်များဖြစ်ကြောင်း ထောက်ပြလိုက်တဲ့ SPORT
01/11/2022

ဘာစီလိုနာ၏ အဓိကပြဿနာရင်းမြစ်မှာ ကစားသမားများမဟုတ်ပဲ နည်းပြအဖွဲ့ဝင်များဖြစ်ကြောင်း ထောက်ပြလိုက်တဲ့ SPORT

  : ဆလီဘာ ကို စာချုပ်သစ် တရားဝင် ကမ်းလှမ်းလိုက်တဲ့ အာဆင်နယ်********************အာဆင်နယ် တာဝန်ရှိသူတွေကတော့ ဝီလီယမ်ဆလီဘာ ...
31/10/2022

: ဆလီဘာ ကို စာချုပ်သစ် တရားဝင် ကမ်းလှမ်းလိုက်တဲ့ အာဆင်နယ်
********************

အာဆင်နယ် တာဝန်ရှိသူတွေကတော့ ဝီလီယမ်ဆလီဘာ အတွက် စာချုပ်သစ် ကမ်းလှမ်းမှုကို တရားဝင် ပြုလုပ်လိုက်ပြီပဲ ဖြစ်ပါတယ်

လက်တလောမှာ ဘာသဘောတူညီချက်မှ မရထားသေးပေမယ့် အခြေအနေကောင်းမယ်လို့ မျှော်လင့်ရပါတယ်

Source - David Ornstein

ကျနော် အခုချိန်မှာ အရမ်းကို စိတ်ဓာတ်တက်ကြွနေပါတယ်။ ရုန်းကန်ခဲ့ရတဲ့အချိန်တွေရှိခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရက ပိုများတာပေ...
31/10/2022

ကျနော် အခုချိန်မှာ အရမ်းကို စိတ်ဓာတ်တက်ကြွနေပါတယ်။ ရုန်းကန်ခဲ့ရတဲ့အချိန်တွေရှိခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရက ပိုများတာပေါ့။ ဒါတွေက ကျနော့်ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည် အစစ်အမှန်မဟုတ်ခဲ့ပါဘူး။ ဒီအရာတွေက ကွင်းပြင်ပက အခြားသောအရာတွေပါ။ ပြီးခဲ့တဲ့ရာသီနဲ့ အခုရာသီရဲ့ အကြီးမားဆုံး ကွာခြားချက်တွေက ဒါတွေပါပဲ။

-ရပ်ရှ်ဖို့ဒ်

Source: ESPN UK

🗣️ Erik ten Hag on Harry Maguire"သူက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဖြစ်ပြီးတော့ တကယ်ကိုကောင်းတဲ့ နောက်ခံလူတစ်ယောက်ပါ။ သူက အ...
31/10/2022

🗣️ Erik ten Hag on Harry Maguire

"သူက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဖြစ်ပြီးတော့ တကယ်ကိုကောင်းတဲ့ နောက်ခံလူတစ်ယောက်ပါ။ သူက အသင်းအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်"

"Degea? ကျွန်တော့်အတွက် ဂိုးသမားတစ်ယောက်ရဲ့ ပထမဆုံးတာဝန်က ဂိုးပေါက်ကာကွယ်မှုပါပဲ။ တကယ်တော့ သူက ခမ်းနားပါတယ်" လို့ BBCMODT ကို ပြောကြားခဲ့ပါတယ်။

Fabrizio Romano

ဖောရက်စ်နဲ့ပွဲမှာ ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးကာ ခြေစွမ်းပြခဲ့တဲ့ နယ်လ်ဆင်ရဲ့ ၈ မိနစ်အတွင်း သွင်းဂိုးပါဝင်ပတ်သက်မှု စွမ်းဆေ...
31/10/2022

ဖောရက်စ်နဲ့ပွဲမှာ ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးကာ ခြေစွမ်းပြခဲ့တဲ့ နယ်လ်ဆင်ရဲ့ ၈ မိနစ်အတွင်း သွင်းဂိုးပါဝင်ပတ်သက်မှု စွမ်းဆောင်ရည်ဟာ ယူနိုက်တက်တောင်ပံကစားသမား ဆန်ချိုရဲ့ ဒီရာသီ လိဂ်ပွဲ ၁၀ မှာ စွမ်းဆောင်ထားမှုနဲ့ အတူတူပါပဲ။

Crd

🗣️ Erik ten Hag"ကျွန်တော်တို့မှာ လာမယ့်ပွဲစဉ်တွေအများကြီးရှိတာမို့လို့ အရည်အသွေးရှိတဲ့ ဘယ်ညာနောက်ခံအစွန်လူ ၂ ယောက်စီ လို...
31/10/2022

🗣️ Erik ten Hag

"ကျွန်တော်တို့မှာ လာမယ့်ပွဲစဉ်တွေအများကြီးရှိတာမို့လို့ အရည်အသွေးရှိတဲ့ ဘယ်ညာနောက်ခံအစွန်လူ ၂ ယောက်စီ လိုအပ်ပါတယ်" လို့ Sky ကို ပြောကြားခဲ့ပါတယ်။

Man United အသင်းဟာ Wan-Bissaka ထွက်ခွာမှုအပေါ် မူတည်ပြီး ညာနောက်ခံလူသစ်အတွက် စျေးကွက်ရှာဖွေမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အဆိုပါနေရာအတွက် ‌Jeremie Frimpong ရေပန်းစားနေသော်လည်း အဆိုပါကစားသမားတစ်ဦးတော့ မဟုတ်ပါဘူး။

Fabrizio Romano

ခက်ခဲတဲ့ ပွဲကျပ်ကာလမှာ ဒဏ်ရာပြသာနာတွေ လူအင်အားလုံလောက်မှုမရှိခြင်း Rotation system ကောင်းကောင်းမလုပ်နိုင်ခြင်းတွေ အဆင်မပ...
31/10/2022

ခက်ခဲတဲ့ ပွဲကျပ်ကာလမှာ ဒဏ်ရာပြသာနာတွေ လူအင်အားလုံလောက်မှုမရှိခြင်း Rotation system ကောင်းကောင်းမလုပ်နိုင်ခြင်းတွေ အဆင်မပြေမှုပေါင်းများစွာကို ရယ်၀ယ်ပိုက်ပြီး Challenge လုပ်နေတဲ့ Erik ဦးဆောင်တဲ့ United အသင်းကတော့ အဆိုးဆုံးမဟုတ်တောင် ထိုက်တန်တဲ့ ရလဒ်တစ်ခုနဲ့October ပွဲကျပ်ကာလကို ဖြတ်သန်းနိုင်ခဲ့ပြီလို့ဆိုရမှာပါ။ဒီနေ့ Westham နဲ့ပွဲစဉ်မှာလဲ First Line up မှာ ပွဲတိုင်းကစားနေရတဲ့ကစားသမားတွေအနေနဲ့ ပွဲပန်းမှုဒဏ်ကို အတော်ခံစားနေရတာဟာ အသိအသာပါပဲ။တစ်ချို့ moment တွေ built-up ကစားချင်ပေမယ့် ဘယ်လိုမှ team play ကိုလိုက်မကစားနိုင်တော့တဲ့အခြေအနေတွေတွေ့လာရတာတော့ကစားသမားတွေအပေါ် blame ဖို့ထပ် ဒီ situation ‌အပေါ် စိတ်မသက်သာရာရမိတာတော့အမှန်ပါပဲ။ဒါပေမယ့်ပြောင်းလဲသွားတာတော့ ကစားသမားတွေရဲ့ mentality ပါပဲ။ဒီနေ့မိနစ် ၇၀ကျော်ပြီး မိနစ်အတော်များများဟာ United အနေနဲ့ လုံး၀ form out သွားခဲ့ပြီး low block ပါပြောင်းကစားရတဲ့ အနေအထားကိုရောက်သွားခဲ့ပါတယ် မနှစ်ကဒီလိုအနေအထားဆို ဂိုးပေးရင်ပေးရမပေးရင်အရှံးပါပဲ ဒါပေမယ့်ကစားသမားတိုင်း Low block တာ၀န်ယူပြီး responsibility အပြည့်နဲ့ကစားခဲ့တာ ဟာ အချိန်အတော်ကြာပျောက်ဆုံးနေတဲ့ team spirit တစ်ခုကို မြင်တွေ့ခဲ့ရတာ အတော်ကိုအားရစေတာအမှန်ပါပဲ။Antony မပါ၀င်ခဲ့တဲ့အပေါ်မှာ RW တစ်ခုလုံးဟာ အသက်မဲ့ခဲ့ပြီး Dalot တစ်ယောက်ကပဲ Right wing တစ်ခုလုံးကို တာ၀န်ယူခဲ့တဲ့အတွက် တိုက်စစ်ပိုင်း built up pressing တွေအားလုံး ဒီပွဲမှာunderdog ဖြစ်ခဲ့သလို Elanga ရဲ့ form ဟာစုတ်ပြတ်နေပြီးသူလွတ်နေတဲ့ space တော်တော်များများကိုပါ Bruno နဲ့ Dalot ကဖြည့်ပြီးကစားခဲ့တာတွေ့ရပါတယ်။ဒါအပြင် အစောပိုင်းsweeper မဟုတ်လို့ အမှားတွေများခဲ့လို့ media ကော ပရိတ်သတ်တွေပါထိုးနှက်ချက်များစွာရခဲ့ပြီး ကစားသမားတိုင်းရဲ့ အိမ်မက်ဖြစ်ခဲ့တဲ့ ကမ္ဘာဖလားရဲ့လူစားရင်းမှာပါ မပါခဲ့ရတဲ့ David ရဲ့ဒီနေ့ပွဲပေါက်ကွဲမှုဟာ လုံး၀ Dramatic ဖြစ်စေခဲ့ပြီး Enrique အတွက်ပါအိမ်မက်ဆိုးတွေဖြစ်စေခဲ့ပါပြီ။အပိုင်ကန်သွင်းချက် ၄ကြိမ်စလုံးကို အကောင်းဆုံး Form နဲ့ ကာကွယ်ပေးခဲ့ပြီးဒီနေ့ပွဲရဲ့အနိုင်သုံးမှတ်ကို David လက်တစ်စုံနဲ့ရယူပေးခဲ့တယ်လို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ကိုယ်တွေလို ဆုံးရှံးမှုတွေများနေတဲ့ United ပရိတ်သတ်တိုင်းအတွက် မျှော်လင့်ချက်တစ်ခု ပျော်ရွှင်မှုတစ်ခု ရှင်သန်မှုတစ်ခုအဖြစ်နဲ့ အခုချိန်ထိ ရှိနေပေးနေတဲ့ Erik နဲ့ United ကစားသမားအားလုံးကို လည်းဒီpost နဲ့ အပြည့်အ၀ appreciate လုပ်လိုက်ပါတယ်။

PSV ကြယ်ပွင့်ကစားသမား ကို ပြောင်းရွေ့ကြေး သန်း 30 နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်တဲ့ ယူနိုက်တက် အသင်းဂတ်ပိုကတော့ လ...
30/10/2022

PSV ကြယ်ပွင့်ကစားသမား ကို ပြောင်းရွေ့ကြေး သန်း 30 နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်တဲ့ ယူနိုက်တက် အသင်း

ဂတ်ပိုကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွေ့ စျေးကွက်မှာ ယူနိုက်တက်အသင်းရဲ့ တရားဝင် ကစားသမားသစ်အဖြစ် မြင်တွေ့ရဘို့. နီးစပ်နေတာ တွေ့ရဘာတယ် ။ ယူနိုက်တက်အသင်းကတော့ လက်ရှိ ဘောလုံးရာသီမှာ နည်းပြသစ်လက်ထက်မှာပုံစံကောင်း 1 ခုကို ပြသလျက် ရှိနေပါတယ်။

နည်းပြ အဲရစ်တန်ဟတ် အနေနဲ့ အသင်းကို စတင်ကိုင်တွယ်ချိန်ကတည်းက မှန်ကန်တဲ့ကစားသမားတွေနဲ့အတူ အကောင်းဆုံးတည်ဆောက်နေတာပါ။ အထူးသဖြင့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေ အားလုံး သည် တကယ့်ကို အကျိုးပြုလျက် ရှိနေတာကိုမြင်တွေ့ရပါတယ်။

အန်တိုနီ၊ အဲရစ်ဆင်၊ မာတီနက်၊ ကက်စမဲရိုး မာလာစီယာ တို့ကို ခေါ်ယူခဲ့ပြီး မူလခန့်မှန်းထားတာထက် ငွေပိုသုံးခဲ့ရပါသေးတယ်။ လက်ရှိ အနေအထားတွေအရတော့လုံးလည်ပတ်ချာရိုက်နေတဲ့ မာရှယ်တို့ရဲ့ နေရာက အခက်အခဲ ဖြစ်နေတာပါ။

ထိုအခက်အခဲတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဘို့.အတွက် နည်းပြ အဲရစ်တန်ဟတ် ကိုယ်တိုင် လာမယ့်ဇန်နဝါရီ အပြောင်းအရွေ့ စျေးကွက်မှာ
အကောင်အထည်ဖော်ဖို့ စီစဉ်ထားပါတယ်။ ဖာဘရီဇီယို ရိုမာရို ကိုယ်တိုင် အတည်ပြုထားတာကတော့ ယူနိုက်တက်အသင်းအနေနဲ့ ဂတ်ပိုကို ခေါ်ယူဘို့. ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တိုက်စစ် ကစားသမား ဂတ်ပိုတို့ သည် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာကတည်းက ပြောင်းအရွေ့ သဘောတူညီပြီးမှာပီအက်စ်ဗွီအသင်းဘက်က ငွေကြေးဆိုင်ရာ အခက်အခဲ 1 ခုကို ဂတ်ပိုကို ရောင်းချခြင်းဖြင့် အမြန်ဆုံး ဖြေရှင်းဘို့. လိုနေတယ်လို့ ဆိုထားပါတယ်။

လက်ရှိ အနေအထာတွေမှာတော့ ယူနိုက်တက်အသင်းဘက်က ဂတ်ပိုကို ခေါ်ယူဘို့. ဆုံးဖြတ်ခဲ့သလို၊ ပီအက်စ်ဗီအသင်းဘက်ကလည်း ကမ်းလှမ်းမှုကို လက်ခံသွားမယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းက ကစားသမားတစ်ယောက်ရဲ့လူငယ်ကစားသမားဘဝပုံရိပ်ပါ ၊ ဘယ်သူဖြစ်မလဲ
30/10/2022

ယူနိုက်တက်အသင်းက ကစားသမားတစ်ယောက်ရဲ့လူငယ်ကစားသမားဘဝပုံရိပ်ပါ ၊ ဘယ်သူဖြစ်မလဲ

နယူးကာဆယ် ကြယ်ပွင့် အယ်လ်မီရွန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၇) ဂိုးရရှိထားပြီး ဒီသွင်းဂိုးအရေအတွက်ဟာ ဂရီလစ်ရှ်...
30/10/2022

နယူးကာဆယ် ကြယ်ပွင့် အယ်လ်မီရွန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၇) ဂိုးရရှိထားပြီး ဒီသွင်းဂိုးအရေအတွက်ဟာ ဂရီလစ်ရှ် မန်စီးတီးကိုရောက်လာပြီးနောက်ပိုင်း သွင်းယူထားတဲ့ ပြိုင်ပွဲစုံ သွင်းဂိုးအရေအတွက်နဲ့ တူညီနေပါတယ်။

Source: ESPN UK

🗣️ Antony's Agent"ဘောလုံးက အလွန်အဆင့်မြင့်တဲ့ ပြိုင်ပွဲတစ်ခုပါ။ အထူးသဖြင့် ပရီးမီးယားလိဂ်ပေါ့။ Dribbling က ပွဲတစ်ပွဲရဲ့ ...
30/10/2022

🗣️ Antony's Agent

"ဘောလုံးက အလွန်အဆင့်မြင့်တဲ့ ပြိုင်ပွဲတစ်ခုပါ။ အထူးသဖြင့် ပရီးမီးယားလိဂ်ပေါ့။ Dribbling က ပွဲတစ်ပွဲရဲ့ အရေးပါမှုဖြစ်တဲ့အပြင် စိတ်လှုပ်ရှားစရာကောင်းပြီးတော့ လှပတဲ့ ဖျော်ဖြေမှုတစ်ခုကို ဖြစ်စေပါတယ်။
Antony က အဲ့အရာတွေကို ဖန်တီးပေးတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပေါ့။ အနုပညာသမားတိုင်းကို လူတိုင်းက အရူးလို့ခေါ်ကြတယ်။ အဲ့အနုပညာတွေက အဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်တဲ့အချိန်ထိပေါ့။ ဝေဖန်သူတိုင်းကတော့ တီထွင်ဖန်တီးလိုတဲ့စိတ်နဲ့ ဆင့်ကဲဖြစ်စဉ်တွေအပေါ် ကန့်သတ်လိုကြတဲ့သူတွေပါ"

TODAY MATCH!ယူနိုက်တက် - ဝက်ဟမ်း (ပရီးမီးယားလိဂ်ပွဲစဥ်-14)ပွဲချိန် ယနေ့ည-(10)နာရီ (45)မိနစ်လွဲချော်မည့်ကစားသမား - မာစီယဲ...
30/10/2022

TODAY MATCH!

ယူနိုက်တက် - ဝက်ဟမ်း (ပရီးမီးယားလိဂ်ပွဲစဥ်-14)

ပွဲချိန် ယနေ့ည-(10)နာရီ (45)မိနစ်

လွဲချော်မည့်ကစားသမား - မာစီယဲလ်၊ ဗာရန်။

Man United သည် အိုးထရက်ဖို့ဒ်တွင် ပွဲမကစားမီ အသင်းကစားသမားများ သီးသန့်နေထိုင်နိုင်ရန်အတွက် Carrington တွင် ဇိမ်ခံတည်းခို...
29/10/2022

Man United သည် အိုးထရက်ဖို့ဒ်တွင် ပွဲမကစားမီ အသင်းကစားသမားများ သီးသန့်နေထိုင်နိုင်ရန်အတွက် Carrington တွင် ဇိမ်ခံတည်းခိုခန်းတစ်ခု တည်ဆောက်ရန် ဆွေးနွေးနေကြကြောင်း သိရသည်။

လာမည့် Westham နဲ့ပွဲမှာ အင်္ဂလန်ကစားသမားတယောက် ပွဲထွက်ကစားခဲ့ရင် ယူနိုက်တက်ဟာ နှစ်ပေါင်း ၈၅ နှစ်ဆက်တိုက် ပွဲစဥ်တိုင်းမှ...
29/10/2022

လာမည့် Westham နဲ့ပွဲမှာ အင်္ဂလန်ကစားသမားတယောက် ပွဲထွက်ကစားခဲ့ရင် ယူနိုက်တက်ဟာ နှစ်ပေါင်း ၈၅ နှစ်ဆက်တိုက် ပွဲစဥ်တိုင်းမှာ ပြည်တွင်းကစားသမားများကို အသုံးပြုသည့်အသင်းအဖြစ် မှတ်တမ်းဝင်သွားမည်ဖြစ်သည်။

ဇွန်လတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် Diogo Dalot က"အခုချိန်က ကျွန်တော့်ရဲ့စာချုပ်အခြေအနေနဲ့ပတ်သက်ပြီး စဉ်းစားရမယ့်အချိန်...
29/10/2022

ဇွန်လတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် Diogo Dalot က

"အခုချိန်က ကျွန်တော့်ရဲ့စာချုပ်အခြေအနေနဲ့ပတ်သက်ပြီး စဉ်းစားရမယ့်အချိန်မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့တွေ ပွဲစဉ်တွေမှာ အသင်းရဲ့အခြေအနေကို တိုးတက်အောင်ပဲ လုပ်ဆောင်နေပါတယ်။
ကျွန်တော် Man United မှာကစားပြီး အမြဲကြိုးစားပြနေရတာကို နှစ်သက်ပါတယ်။ ပျော်လဲပျော်ပါတယ်။ ဒါကလဲ အရေးကြီးဆုံးအချက်ပါပဲ"

Fabrizio Romano

ယနေ့ဟာ ကျွန်တော်တို့အချစ်တော် ဂိုးသမားဟောင်းကြီး Edwin Van der Sar ရဲ့ ၅၂ နှစ်ပြည့် မွေးနေ့ပဲဖြစ်ပါတယ်။
29/10/2022

ယနေ့ဟာ ကျွန်တော်တို့အချစ်တော် ဂိုးသမားဟောင်းကြီး Edwin Van der Sar ရဲ့ ၅၂ နှစ်ပြည့် မွေးနေ့ပဲဖြစ်ပါတယ်။

"အန်တိုနီရေ၊ ဒီပုံစံအတိုင်းသာ ဆက်ကစား၊ ဘာကိုမှ မပြောင်းလဲပစ်နဲ့၊ ပျော်ပျော်ရွှင်ရွှင်ကစားပြီး အကွက်ဆန်းတွေ ပြနေကွာ"- နေမ...
29/10/2022

"အန်တိုနီရေ၊ ဒီပုံစံအတိုင်းသာ ဆက်ကစား၊ ဘာကိုမှ မပြောင်းလဲပစ်နဲ့၊ ပျော်ပျော်ရွှင်ရွှင်ကစားပြီး အကွက်ဆန်းတွေ ပြနေကွာ"

- နေမာရဲ့ အင်စတာဂရမ် Story

Red players
29/10/2022

Red players

Address


Telephone

+959783396163

Website

Alerts

Be the first to know and let us send you an email when Thingaha Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share