Growth Space

Growth Space To bring the best value service they've ever had to our clients and make them experience an inspire. Google Map : https://g.page/GrowthSpace?gm
(8)

Growth Space Teamက သူများတွေ ယူတဲ့ ဝန်ဆောင်ခထက် ၂ ဆ ပိုယူတယ်၊ သူများတွေ သွားတဲ့ Sale Strategies တွေနဲ့ ဆန့်ကျင်ဘက်ကိုသွာ...
18/07/2023

Growth Space Teamက သူများတွေ ယူတဲ့ ဝန်ဆောင်ခထက် ၂ ဆ ပိုယူတယ်၊ သူများတွေ သွားတဲ့ Sale Strategies တွေနဲ့ ဆန့်ကျင်ဘက်ကိုသွားတယ်… သူများတွေလို့ ပြောတဲ့ထဲမှာ Agency အားလုံးကို မဆိုလိုပါ...

ဥပမာ Marketing Budget လျော့ချင်ရင် ကျွန်တော်တို့နဲ့ ဆက်သွယ်လိုက်ပါလို့ ဘာညာထက် Marketing Budget ကို နှစ်ဆတင်ပြီး Sale ကို X ဆ တက်အောင် အတူတူအားထုတ်ကြရအောင်လို့ပဲ upselling လုပ်ပြီး Result oriented နဲ့ပဲ Consulting ပေးပါတယ်… ဒါကအလွယ်ဆုံး Strategy တစ်ခုကိုပဲ ပြောပြတာပါ...

ဒီလို လုပ်နိုင်ဖို့ Client ရဲ့ current business ကို Analysis မလုပ်ဘဲ မျက်စိမှိတ် Upselling လုပ်လို့ မရပါဘူး… လျှောက်ပြောလို့မရဘူးလေ Client ကိုယ်တိုင်က Number တွေမမြင်၊ ယုံကြည်မှုမရှိဘဲ Budget တိုးနိုင်မှာမဟုတ်ဘူး...

ဒါဆိုမင်းတို့က upselling ပဲသွားနေတာလားလို့ မေးရင် မဟုတ်ဘူးရှင့် downsizing လည်း လုပ်ပါတယ်၊ Mkt Budget downsized လုပ်လို့ ကိုယ့်ရဲ့ ဝန်ဆောင်ခ နည်းသွားနိုင်တာမှန်ပေမဲ့ Business က လက်ရှိ သူသုံးသင့်ထက် Mkt Budget ထက်ပိုသုံးနေရင် သုံးသင့်တဲ့ ပမာဏကို လျှော့ဖို့ အကြံပေးမှာ ဖြစ်သလို ဘာကြောင့် လျှော့သင့်ရတာလည်း ဆိုတာကိုလည်း လုပ်ငန်းရှင်ကိုယ်တိုင် နားလည်ဖို့လိုပါတယ်…

အချိန်တစ်ခုရောက်လာတော့မှ Mkt Budget ကို သူသုံးချင်တဲ့/သုံးနိုင်တဲ့ level တစ်ခုကို ပြန်တင်ပေးပါတယ်… ဒါမှ လုပ်ငန်းရှင်ကိုယ်တိုင်က Marketing Budget Allocation တွေ၊ Effencies တွေ၊ Synergy တွေကို သိရှိပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာပဲ ဖြစ်ပါတယ်...

အနှစ်ချုပ်ပြောရရင် ကိုယ်ပေးနေတဲ့ Service ရဲ့ unique selling point ကို မသိမချင်း တခြားသူတွေလို ရောရောနှောနှော ဖြစ်နေမှာပါပဲ…

ပုံကတော့ ပူပူနွေးနွေး SS တစ်ခုပါပဲ....

ပျော်ရွှင်မှုကို ချနင်းပြီး အောင်မြင်မှုအတွက် ရုန်းကန်နေဖို့မလိုပါဘူး... သင်အောင်မြင်ပြီလို့ ထင်တဲ့တစ်နေ့ တကယ်ရော ပျော်ရ...
29/06/2023

ပျော်ရွှင်မှုကို ချနင်းပြီး အောင်မြင်မှုအတွက် ရုန်းကန်နေဖို့မလိုပါဘူး... သင်အောင်မြင်ပြီလို့ ထင်တဲ့တစ်နေ့ တကယ်ရော ပျော်ရွှင်ရပါ့မလား... သင်ချစ်ရတဲ့သူတွေ၊ သင့်မိသားစုဝင်တွေ၊ သင့်ကို အမြဲဂရုစိုက်ပေးနေတဲ့သူတွေက အဲဒီအချိန်ထိ ရှိနေပါဦးမလား၊ လက်ရှိ အချိန်ကို ပျော်ပျော်ကြီး အချိန်တွေ ဖြုန်းပစ်ဖို့ မဆိုလိုပါဘူး၊ ဒါပေမဲ့ ပျော်ရွှင်မှုတွေ မရှိတဲ့ ဘဝကြီးက အသက်ရှင်ရတာ အဓိပ္ပါယ်ရော ရှိပါတော့မလား...၊
ပေးဆပ်တယ်ဆိုတာ အကန့်အသတ်ရှိပါတယ်၊ လူအများအတွက်ပေးဆပ်တယ်ဆိုတာ အဓိပ္ပါယ်ရှိတဲ့ ဘဝကို ပိုင်ဆိုင်မှုလို့ မြင်တဲ့သူတွေတောင်မှာ ဒီလိုပေးဆပ်ခြင်းက ကြီးမားတဲ့ ပျော်ရွှင်မှုတစ်ခုဖြစ်တယ်ဆို မမြင်ဘဲ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ပေးဆပ်ရလောက်တဲ့အထိ အများအတွက်လုပ်ပေးနေခြင်းက အဓိပ္ပါယ်မဲ့ လုပ်ဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်...။

လက်ရှိညီမက SME(အေသးစားလုပ်ငန်း) ေတွကို Business Coaching ေတွ အခမဲ့လုပ်ေပးေနသူတစ်ဦးဖြစ်ပါတယ်၊ ဒီလို အခမဲ့လုပ်တာ ကိုယ့်အချိန်ေတွ၊ အင်အားေတွ၊ ေငွေကြးေတွကို စွန့်လွှတ်ထားရတာပါပဲ၊ ဒါေပမဲ့ ညီမေပျာ်တယ် ဘာလို့လဲဆိုေတာ့ ကိုယ့်ေကြာင့် သူတို့ေတွ စီးပွားေရး လမ်းေကြာင်းမှန်ေပါ်ေရာက်သွားမယ်၊ လုပ်ငန်းလည်ပတ်ပံုေတွ စနစ်ကျသွားမယ်၊ ေရှ့ဆက်သွားရမယ့် ခရီးအတွက် ကိုယ်လုပ်ေဆာင်သင့်တာေတွ မြင်သွားမယ်၊ အားလံုးခြုံေပြာရရင် သူတို့လုပ်ငန်း အဆင်ေပြေအာင်မြင်သွားမယ်ဆိုရင် ဒါ ညီမရရှိတဲ့ ေအာင်မြင်မှုပဲ မဟုတ်ပါလား၊ ကိုယ်တုိင်လုပ်ေနရင်းကေန ေပျာ်ရွှင်မှုရေနသလို၊ ကိစ္စပြီးေမြာက်သွားတဲ့အခါ ေအာင်မြင်မှုပါရေတာ့ ဒီေလာက် အဓီပ္ပါယ်ရှိတဲ့ ဘဝမျိုး ညီမေတာ့ မမြင်မိပါဘူး...။

ဒါေပမဲ့ ညီမလည်း ကိုယ့်ေရးကိုယ်တာကိစ္စေတွ၊ အလုပ်ကိစ္စေလးေတွ ရှိေနတဲ့အတွက် ညီမေပးဆပ်နုိင်တဲ့ အတုိင်းအတာကလည်း အကန့်အသက်ရှိေနပါတယ်၊ ဒါ့ေကြာင့်မို့ေအာက်အချက်ေတွနဲ့ ညီတ့ အေသးစားစီးပွားေရးလုပ်ငန်းရှင်တိုင်း ညီမကို ဆက်သွယ်နိုင်ပါတယ်ရှင့်...။ တစ်ခုထပ်ေပြာရရင် ညီမက လုပ်ငန်းကိုစနစ်ကျေအာင်လုပ်ေပးတဲ့သူဖြစ်တဲ့အတွက် သီအိုရီေတွေပြာပြပြီး Support ေပးမှာမဟုတ်ပါဘူး၊ လုပ်ငန်းနဲ့ပတ်သက်တဲ့ လက်ေတွ့လုပ်ေဆာင်ရမယ့် ကိစ္စရပ်ေတွကို လုပ်ခိုင်းမှာဖြစ်တဲ့အတွက် ညီမနဲ့ ေပြာဆိုေဆွးေနွးချိန်၊ လက်ေတွ့လုပ်ေဆာင်တဲ့ အချိန်ေတွေတာ့ သီးသန့်ဖယ်ထားေပးဖို့ အထူးလိုအပ်ပါတယ်ရှင့်...။

လိုအပ်တဲ့အချက်ေတွက
၁) ကိုယ်ပိုင်လုပ်ငန်းလုပ်နေကြောင်း သက်သေပြနိုင်ရပါမယ်၊
(၂) လုပ်ငန်းလည်ပတ်နေတာ အနည်းဆံုး ၁နှစ် ရှိရပါမယ်
(၃) Sale & Marketing နဲ့ ပတ်သက်ပြီး အခြေခံ သိရှိထားရပါမယ်၊
(၄) တစ်ပွဲထိုး လုပ်ငန်းတွေ မဟုတ်ဘဲ ရေရှည်ရည်ရွယ်ထားတဲ့ လုပ်ငန်းဖြစ်ရပါမယ်၊
(၅) အနည်းဆံုး အမြဲတမ်း ဝန်ထမ်း ၃ ဦးနဲ့အထက်ကို စီမံခန့်ခွဲနေသူဖြစ်ရပါမယ်။
❇️ MLM, Gambling, alcohol လုပ်ငန်းများ လံုးဝ မလာပါနဲ့ရှင့်။

ဆက်လုပ်ဖို့ လုပ်ငန်းရှင်တွေလိုတာက
(၁) Cb ကို လာခဲ့ပါ ⏰
(၂) Business Plan ဆွဲလို့ကောင်းမယ့် စာအုပ် လှလှ ကောင်းကောင်းလေးနဲ့ ဘောပင် ဆောင်ထားပါ။📝
(၃) ညီမနဲ့ အမေးအဖြေတွေလုပ်ရင်း Business Plan တစ်ခုကို ရသွားဖို့ရအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ပဲ လိုပါတယ်။

ေလးစားစွာဖြင့်
Growth Space Team

လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော Social Media Advertising နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုများကို ...
26/05/2023

လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော Social Media Advertising နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုများကို ပြန်လည်ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ…
ချစ်ခင်လေးစားစွာဖြင့်
Team Growth Space

Happy New Year 2022 🎉🎉❤️နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ချစ်ရတဲ့သူ ခင်ရတဲ့သူတွေနဲ့ တန...
01/01/2022

Happy New Year 2022 🎉🎉❤️

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ချစ်ရတဲ့သူ ခင်ရတဲ့သူတွေနဲ့ တန်ဖိုးရှိတဲ့ အချိန်‌တွေကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေကြောင်း Growth Space မိသားစုဝင်များက ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ကိုယ့်ရဲ့ Business တစ်ခုကို online ပေါ်မှာ growth ဖြစ်လာအောင်ဘယ်တွေတဆင့်ချင်းပြင်ဆင်ရမလည်း🤔🤔ဒါတွေကိုသိချင်ရင်တော့အောက်က ...
23/11/2021

ကိုယ့်ရဲ့ Business တစ်ခုကို online ပေါ်မှာ growth ဖြစ်လာအောင်ဘယ်တွေတဆင့်ချင်းပြင်ဆင်ရမလည်း🤔🤔

ဒါတွေကိုသိချင်ရင်တော့အောက်က video လေးထဲမှာ အဖြေတွေအပြည့်အစုံရှိနေပါတယ်နော် 💁🏻‍♂

🖊 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐩𝐚𝐜𝐞

Message us : m.me/growthspacemyanmar





https://youtu.be/bixR-KIJKYM

🔥Free Digital Marketing course: https://www.simplilearn.com/learn-digital-marketing-fundamentals-basics-skillup?utm_campaign=Skillup-DigitalMarketingScribe&...

သီတင်းကျွတ်လပြည့်နေ့အခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း Growth Space မိသားစုဝင်များ...
20/10/2021

သီတင်းကျွတ်လပြည့်နေ့အခါသမယမှာ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်
ပြည့်စုံကြပါစေကြောင်း Growth Space မိသားစုဝင်များမှ
ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ် 🙏

ဒေါ်လာ 50 တန် Digital Certificate အတန်းတွေကို Future Learn မှာ free တက်လို့ရနေပါပြီနော်ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်တွေဖြစ်က...
16/10/2021

ဒေါ်လာ 50 တန် Digital Certificate အတန်းတွေကို Future Learn မှာ free တက်လို့ရနေပါပြီနော်

ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်တွေဖြစ်ကြတဲ့ King's College London, University of Leedအစရှိတဲ့ High Rank Universityတွေများစွာမှcourseပေါင်းများစွာကိုOfferလုပ်ထားတဲ့ UK အ‌‌ခြေစိုက် online Learning Platform တစ်ခုဖြစ်တဲ့ Future Learn မှာအခုပဲ free class လေးတွေတက်လိုက်ကြရအောင်ဗျ။Course လေးတွေပြီးဆုံးအောင်တက်ပြီးရင်လည်း Certificate ကို free ရအုံးမှာနော်.....။

💁 Business & Management
💁Creative Arts & Media
💁 Nature & Environment
💁Politics & Society
💁 Healthcare & Medicine
💁IT & Computer Science
💁 Language
စတဲ့ subject တွေကိုလေ့လာလို့ရမှာဖြစ်ပါတယ်။
Website link💁
https://www.futurelearn.com/study-uk

page ကို like လုပ်ထားပေးတဲ့ မင်မင့်ရဲ့ကာကာလေးတွေသိရအောင် Sharing လေးလုပ်ပေးလိုက်ပါတယ်နော်💕💕

ရုရှားဘီလျံနာလည်း ဖြစ်သလို Telegram တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်တဲ့ ပါဗယ်ဒူးရော့ဗ်ဟာ သူ့ရဲ့ ၃၇ နှစ်ပြည့်မ...
15/10/2021

ရုရှားဘီလျံနာလည်း ဖြစ်သလို Telegram တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်တဲ့ ပါဗယ်ဒူးရော့ဗ်ဟာ သူ့ရဲ့ ၃၇ နှစ်ပြည့်မွေးနေ့မှာ မှတ်သားစရာအကြံဉာဏ်တချို့ မျှဝေခဲ့ပါတယ်။

၁၉၈၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ဖွား ပါဗယ်ဒူးရော့ဗ်ဟာ နာမည်ကျော် လူမှုကွန်ရက်ဆိုဒ်တစ်ခုဖြစ်တဲ့ VK နဲ့ Telegram Messenger တို့ကို တည်ထောင်ခဲ့တဲ့ လူချွန်တစ်ဦးလည်း ဖြစ်ပါတယ်။ VK ကို သူ့အသက် ၂၂ နှစ်အရွယ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး Telegram ကိုတော့ သူ့အသက် ၂၉ နှစ်အရွယ် ၂၀၁၃ ခုနှစ်မှာ သင်္ချာပညာရှင်နဲ့ ပရိုဂရမ်မာဖြစ်တဲ့ သူ့အကို နီကိုလိုင် ဒူးရော့ဗ်နဲ့အတူ တည်ထောင်ခဲ့တာပါ။

အခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ အသက် ၃၇ နှစ် ပြည့်သွားပြီဖြစ်တဲ့ ပါဗယ်ဟာ သူ့ရဲ့ Telegram Channel ကနေ သူဖြတ်သန်းခဲ့တဲ့ ၃၇ နှစ် ဘဝအတွေ့အကြုံကနေ ရတဲ့ သင်ခန်းစာတချို့ကို မျှဝေခဲ့ပါတယ်။ ၃၇ ပြည့်မွေးနေ့အတွက် သူ့ရဲ့ အကြံပေးချက်ကို 3+7 အကြံပေးချက်လို့ ဆိုနိုင်ပါတယ်။

“”ကျွန်တော် အသက် ၃၇ နှစ် ရှိပြီဆိုတော့ ဘဝမှာ အရေးပါသလောက် တန်ဖိုးထားမခံရတဲ့ Undervalued ဖြစ်နေတဲ့အရာ ၃ ခုနဲ့ လိုတာထက်ပို တန်ဖိုးထား (Overvalued ) လုပ်နေကြတဲ့ အရာ ၇ ခုအကြောင်း စာရင်းလေး လုပ်ထာပါတယ်။” လို့ ပါဗယ်ဒူးရော့ဗ်က သူ့ချန်နယ်မှာ ရေးထားပါတယ်။

သူရဲ့ တန်ဖိုးထားမှု လျော့နေကြတဲ့ Undervalued စာရင်းမှာ ပါတဲ့ ပထမဆုံးအကြံပေးချက်က "အိပ်စက်မှု"ပါတဲ့။ ဒူးရော့ဗ်ရဲ့ အဆိုအရ Sleep ဟာ ကျွန်တော်တို့ဘဝမှာ အရေးပါပြီး တန်ဖိုးထားမခံရဆုံးအရာတွေထဲမှာ ထိပ်ဆုံးက ပါနေတယ်လို့ ဆိုပါတယ်။ “”အိပ်စက်မှုက လူရဲ့ကိုယ်ခံအား ၊ ဖန်တီးနိုင်စွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှုကို မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်” လို့ သူက ရေးပါတယ်။

ဒုတိယအချက်က “သဘာဝ” ဖြစ်ပါတယ်။ “သဘာဝဆိုတာ ကျွန်တော်တို့တွေ ဇီဝဗေဒသဘောအရ ချမ်းမြေ့ပျော်ရွှင်စွာ နေနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ ပတ်ဝန်းကျင်တစ်ခုပါ။”လို့ ဒူးရော့ဗ်က ဆိုပါတယ်။ Undervalued ကဏ္ဍမှာ တတိယနဲ့ နောက်ဆုံးအချက်က ”တစ်ကိုယ်တော် ဧကစာနေခြင်း”လို့ သူက ပြောပါတယ်။ ဧကစာနေခြင်းဆိုတာ သူ့အလိုအရတော့ “ စိတ်ဝိညာဉ်နဲ့ ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ ပွင့်လန်းမှုဖြစ်လာဖို့ လွတ်လပ်မှုတွေ ပေးတဲ့အရာ” လို့ ဆိုပါတယ်။

ဒူးရော့ဗ်အမြင်အရ လူတွေရဲ့ဘဝမှာ လိုတာထက် ပိုတန်ဖိုးထားနေကြတဲ့ Overvalued ကဏ္ဍမှာ နံပါတ်တစ်က “မြို့ကြီးတွေ”အဖြစ် ဖော်ပြထားပါတယ်။ “မြို့ကြီးပြကြီးတွေက ညစ်ညမ်းမှုတွေ ၊ ရာဇဝတ်နဲ့ ဆူညံသူတွေရဲ့ အရင်းအမြစ်တွေပါ။ မြို့ပြရဲ့ အရင်းအမြစ်တွေ ရယူတာ ကောင်းပါတယ်။ ဒါပေမယ့် မြို့ပြနယ်နိမိတ်နဲ့အပြင်ဘက်မှာ နေထိုင်ဖို့ အကြံပေးချင်ပါတယ်။ ”။ ဒုတိယ Overvalued တစ်ခုက “စားသောက်ဆိုင်တွေ”ဖြစ်ပါတယ်။ “စားသောက်ဆိုင်တွေက စားသောက်ဖို့အတွက် အနှေးဆုံးနဲ့ ထိရောက်မှုအနည်းဆုံးနည်းနဲ့ ဝန်ဆောင်မှုပေးနေကြပါတယ်။ အိမ်မှာ ချက်ပြုတ်စားသောက်ခြင်းက ကျန်းမာရေးနဲ့ပို ညီညွတ်တဲ့ အာဟာရဓါတ်တွေ ရပြီး ပါဝင်ပစ္စည်းပေါ်မှာလည်း ကိုယ့်ဘာသာ ပိုပြီးထိန်းချုပ်မှုရစေနိုင်ပါတယ်။” ။

တတိယအချက်က “ပူပြင်းတဲ့ ရာသီဥတု”ဖြစ်ပါတယ်။ “ပူပြင်းပြီး နေသာတဲ့ ရာသီဥတုက သတိလက်လွတ်နေထိုင်မှုကို ဖြစ်စေရုံတင်မဟုတ်ဘဲ ကင်ဆာနဲ့ အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်ပါတယ်။ အေးမြတဲ့ရာသီဥတုက စိတ်နဲ့ကိုယ်ကို ကြည်လင်စေပါတယ်။”။ စတုတ္ထအချက်က “ဖက်ရှင်”ပါ။ “အမြဲပြောင်းလဲနေတဲ့ ခေတ်ရေစီးနဲ့ လိုက်ဖက်ဖို့ဆိုတဲ့ အဆုံးမရှိတဲ့ ခေတ်ရေစီးနောက်လိုက်ခြင်းတွေက ဈေးကြီးသလို လိုလည်း မလိုအပ်ပါဘူး။ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေပေါ် အာရုံစိုက်တာက အရေးပါတဲ့အရာတွေအတွက် ပိုနေရာပေးဖြစ်သလို ဘဝကိုလည်း ပိုရိုးရှင်းစေပါတယ်။”

ပဉ္စမအချက်က “အိမ်ခြံမြေ”ဖြစ်ပါတယ်။ “အိမ်ဝယ်တယ် ခြံဝယ်တယ်ဆိုတာ လူတစ်ယောက်ချင်းစီရဲ့ ရွေးချယ်မှုတွေကို ကန့်သတ်လေ့ရှိပါတယ်။ မေးခွန်းထုတ်စရာကောင်းတဲ့ ရင်းနှီးမြှပ်နှံမှုတစ်ခုလည်း ဖြစ်ပါတယ်။ ငှားရမ်းခြင်းက မတူတဲ့နေရာတွေကို သွားပြီး ဖော်ထုတ်ဖို့အတွက် ပိုပြီး လွတ်လပ်မှု ပေးပါတယ်။”။ ဆဌမအချက်က “Social Media” ဖြစ်ပါတယ်။ “လူမှုကွန်ရက်ပေါ်ကနေ ကျွန်တော်တို့ စိတ်တွေထဲ ဒလဟော ဝင်လာတဲ့ အမှိုက်ထုတ်တွေက ပျော်ရွှင်မှုနဲ့ ဖန်တီးမှုကို လျော့ကျစေပါတယ်။ အင်တာနက်ဝန်ဆောင်မှုတွေကနေ အဆက်ဖြတ်ခြင်းက ကျွန်တော်တို့လုပ်နိုင်တဲ့ အကောင်းဆုံးအရာပါပဲ”

နောက်ဆုံးအချက် Overvalued ဖြစ်နေတဲ့ အချက်အဖြစ် ဒူးရော့ဗ်ညွှန်းထားတဲ့ အချက်က “ဆယ်လီတွေရဲ့ အကြံဉာဏ်တွေ”ပါတဲ့။ “ကျော်ကြားတဲ့လူတွေက မကြာခဏဆိုသလို သူတို့ကျွမ်းကျင်တဲ့နယ်ပယ်ကို ဘောင်ကျော်ပြီး တလွဲအကြံတွေ ပေးလေ့ရှိပါတယ်။ ဘဝမှာ အရေးပါတဲ့ အရာအားလုံးအတွက် တကယ်လက်တွေ့ကျပြီး ကျွမ်းကျင်သူရဲ့ အမြင်ပဲ အားကိုးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ”

" ရွှေနှင့် ဒေါ်လာစျေးများ ဆက်တိုက်ကျဆင်းလာ "ပြီးခဲ့သည့် စက်တင်ဘာနောက်ဆုံးပတ်က အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ၂၃၀၀၀၀၀ ကျပ်၀န...
06/10/2021

" ရွှေနှင့် ဒေါ်လာစျေးများ ဆက်တိုက်ကျဆင်းလာ "
ပြီးခဲ့သည့် စက်တင်ဘာနောက်ဆုံးပတ်က အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ၂၃၀၀၀၀၀ ကျပ်၀န်းကျင်နှင့် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၂၇၀၀ ကျပ်၀န်းကျင်အထိ စျေးနှုန်းမြင့်တက်ခဲ့ပြီးနောက် ယခုလဆန်းမှစတင်ကာ ဆက်တိုက် ကျဆင်းလာခဲ့သည်။
မြန်မာ့ရွှေစျေးနှုန်းသည် စက်တင်ဘာ ၂၈ ရက်က ပြင်ပစျေးကွက်တွင် အမြင့်ဆုံးစျေး ၂၃၀၀၀၀၀ သိန်းကျပ်၀န်းကျင်အထိ အမြင့်ဆုံးစျေးဖြင့် ရောင်းချခဲ့ကြပြီးနောက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေစျေးနှုန်း တည်ငြိမ်ကျဆင်းနိုင်ရန် တစ်ရက်လျှင် ရွှေပိဿာချိန် ၂၀ အထိ စျေးကွက်အတွင်းရှိ ဆိုင်များသို့ ရွှေဆိုင်ကြီးများနှင့် ရွှေကုန်သည်များမှ ရောင်းချပေးခဲ့သည်။
စက်တင်ဘာ ၂၉ ရက်မှစတင်ပြီး နေ့စဉ် စျေးနှုန်းပုံမှန်ကျဆင်းလာရာ ယမန်နေ့ (အောက်တိုဘာ ၄ ရက်) ညနေပိုင်း ရွှေအပိတ်စျေးနှုန်းမှာ ၁၉၃၀၀၀၀ ကျပ် စျေးပိတ်ခဲ့ရာမှ ယနေ့ (အောက်တိုဘာ ၅ ရက်) နံနက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ အဖွင့်စျေးနှုန်းသည် တစ်ကျပ်သားလျှင် ၁၈၅၀၀၀၀ ကျပ်စျေးအထိ ငွေ ၇၀၀၀၀ ကျပ်အထိ စျေးကွာခြား ကျဆင်းသွားပြီဖြစ်သည်။
နိုင်ငံခြားငွေလဲစျေးနှုန်းသည် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၂၇၀၀ ကျပ်မှ ၃၀၀၀ ကျပ်၀န်းကျင်အထိ စျေးကွက်အတွင်း ကြိုက်ရောင်းကြိုက်၀ယ်စျေးများအထိ မြင့်တက်ခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာ ၅ ရက်)တွင် တစ်ဒေါ်လာလျှင် ၂၂၀၀ ကျပ်ရောင်းစျေးအထိ ကျဆင်းသွားခဲ့ကြောင်း စျေးကွက်အတွင်းမှ သိရသည်။
နေ့စဉ် စျေးနှုန်းကွာဟနှုန်းသည် အမေရိကန်တစ်ဒေါ်လာလျှင် ၁၀၀ ကျပ်အထိ စျေးကျနေခြင်းကြောင့် ပြန်လည်၀ယ်ယူစျေးများမှာ ကျပ် ၁၅၀ အထိ စျေးခွာပြီး ၀ယ်ယူကြကြောင်း သိရသည်။
ထို့အတူ ရွှေစျေးနှုန်းသည်လည်း ရွှေဆိုင်များမှ ပြန်လည်၀ယ်ယူရာတွင် ရောင်းစျေးထက် ၂၀၀၀၀ ကျပ် စျေးခွာကာ ၀ယ်ယူကြကြောင်း စျေးကွက်အတွင်းမှ သိရသည်။
The Standard Time Daily

05/10/2021

ညက Facebook ပျက်သွားတဲ့အချိန် သင့်ကို ပထမဦးဆုံး ဆက်သွယ်လာတာဘယ်သူလဲ??? Mentioned ခေါ်လို့ရရင်ခေါ်ခဲ့လိုက်လေ...😊
(ဥပမာ Ph Call, SMS, Viber, Telegram စသဖြင့်ပေါ့...)

05/10/2021

ဖွဘုတ်ရဲ့ အတွင်းဇတ်လမ်း
ကနေ့မှာ ဖဘက အင်တာနက်ပေါ်ကနေ ၅နာရီကျော်ကြာ ပျောက်နေခဲ့ပါတယ်။ ဖြစ်ရတဲ့ အကြောင်းကတော့ ဖဘဝန်ထမ်းတွေထဲကတယောက်က Border Gateway Protocol records တွေကို update လုပ်ရင်းနဲ့ ကွန်ပြူတာတွေအချင်းချင်း online property ဘယ်လိုရှာရမယ်ဆိုတာကို ပြောထားတဲ့ မြေပုံပျောက်သွားလို့ ဘာကိုမှ လုပ်မရဖြစ်နေတာ ဝန်ထမ်းတွေရဲ့ ကဒ်တွေဖတ်တဲ့ စနစ်တွေပါ အလုပ်မလုပ်ဖြစ်သွားပါတယ်။ အဲဒီ ၅နာရီအတွင်းမှာ ဖဘရဲ့ ဝင်ငွေဆုံးရှုံးမှုက USD ၆၆သန်း ရှိခဲ့တယ်လို့ ဆိုကြပါတယ်။
ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတာက ဖဘမှာ ဒေတာပညာရှင် အဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ ဖရန်စစ်ဟော်ဂန်ဆိုသူ အမျိုးသမီးက ဖဘရဲ့ သုတေသနတွေ့ရှိချက် စာမျက်နှာပေါင်း သောင်းဂဏန်းကို ကူးယူပြီး အက်ဖ်စီစီ ကို သတင်းပို့ခဲ့ပါတယ်။
သူမအဆိုအရ ဖဘက သုံးစွဲသူတွေ သူ့အက်ပ်ပေါ်မှာ ကြာကြာနေအောင် လူတွေကို အစွန်းရောက်သထက် ရောက်လာအောင် သူတို့အကြိုက်တွေ ရှာဖွေတာတွေ react တွေကနေ ဇောင်းပေးနေကြောင်း၊ အစွန်းရောက်လေ၊ တဖက်ရဲ့အမြင်တွေကို ဒေါပွလေဖြစ်ပြီး အဲဒီလို ဒေါပွနေမှ သူ့အက်ပ်ပေါ်မှာ ကြာကြာနေမှာဖြစ်ကြောင်း၊ ကြာကြာနေမှ ဖဘက ဝင်ငွေကောင်းသထက်ကောင်းမှာ ဖြစ်ကြောင်း၊ အဲဒီလိုလုပ်ခြင်းအားဖြင့် လူ့အဖွဲ့အစည်းက အစွန်းနှစ်ဖက်ကို ရောက်ကုန်ကြပြီး စိတ်အေးချမ်းမှု ညီညွတ်မှုတွေ ပျက်ပြားကုန်ကြောင်း။ ဒီနှစ်ဒေတာကိုပဲ ပြောမယ်ဆိုရင် ဖဘက အမုန်းစကားတွေပို့စ်တွေရဲ့ ၃-၅%၊ အကြမ်းဖက်တာနဲ့ ရန်စတာတွေရဲ့ ၀.၆%လောက်ကိုပဲ အရေးယူခဲ့ကြောင်း၊ တကယ်တန်းမှာ သူတို့လုပ်ချင်တယ်ဆိုရင် ကမ္ဘာမှာ ဖဘလောက် အရေးယူနိုင် တားဆီးနိုင်တာ မရှိတဲ့အကြောင်း၊ အခုလို အမုန်းစကားတွေ၊ ပြည်သူကို သွေးကွဲစေတဲ့ အစွန်းရောက်တင်ပြမှုတွေ၊ မမှန်ကန်တဲ့ သတင်းတွေကို လွှတ်ထားခြင်းအားဖြင့် တကမ္ဘာလုံးက သုံးစွဲသူတွေဟာ ဖဘနဲ့ ဆက်စပ်အက်ပ်တွေကြောင့် လူတွေဟာ ဒေါသတွေ မကျေနပ်မှုတွေကြားမှာ နစ်မြုပ်နေရကြောင်း၊ အဲဒီတော့ လူ့ဘောင်ရဲ့ အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်တဲ့ တဦးနဲ့တဦး ယုံကြည်မှု လေးစားမှု၊ အပြန်အလှန် ကူညီလိုမှုတွေ ပျက်သုဥ်းကုန်ကြောင်း၊ ပြောကြားသွားပါတယ်။
သူမကို အင်တာဗျူးတဲ့သူကလည်း ဖဘက အကြမ်းဖက်တာတွေကို လွှတ်ထားတယ်ဆိုတဲ့ ဥပမာကို မြန်မာပြည်အနောက်ဖက်ကမ်းက ပြဿနာကို မအလတို့က ဖဘသုံးပြီး ပိုဆိုးအောင် လုပ်သွားတာကို ထည့်ပြောသွားပါတယ်။ အဆိုးဆုံးက ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲအပြီးမှာ ဖဘက ဆူပူမှုတွေ မဖြစ်လာတာ ကောင်းတယ်၊ ရှေ့ဆက်ပြီး ငါတို့က စီးဗစ် အင်တီဂရတီ (လူ့ဘောင်ရဲ့ ကော်လိုဖြစ်တဲ့ စည်းလုံးညီညွတ်မှု၊ ကိုယ်ကျင့်တရား စသည်) ကို ဖျက်ဆီးရလိမ့်မယ်ဆိုတဲ့ ညွှန်ကြားချက် ထွက်လာတယ်လို့ ဆိုပါတယ်။ ဖဘက အဲဒီလမ်းကို စသွားတာ ၂၀၁၈က အယ်လ်ဂိုရစ်သမ်တွေ ပြောင်းပြီး နယူးစ်ဖိဒ်မှာ ဘာတွေပေါ်မယ်ဆိုတာ ပြောင်းလိုက်တုန်းက ဖြစ်တယ်လို့ ဆိုပါတယ်။ သင့်ဖုံးမှာ ဖဘအက်ပ်ကို ပွတ်လိုက်ရင် နယူးစ်ဖိဒ် ၁၀၀လောက်တွေ့တယ်ဆိုပါတော့၊ တကယ်က ဖဘမှာ အဲဒီလို ပြချင်တာ ရွေးပြလို့ရတဲ့ နည်းပေါင်း ၁၀၀၀ လောက်ရှိတယ်၊ အဲဒီဟာတွေကနေ လူတွေရဲ့ အမြင်တွေ အတွေးတွေကို ပုံသွင်းနေတာဖြစ်ပါတယ်။ သူတို့က အဲဒီရွေးစရာတွေ အများကြီးထဲကမှ မှန်/မမှန်တာထက် လူတွေစိတ်ဝင်စားမယ့် ကြာကြာပွတ်နေစေမယ့် အမုန်းတရားတွေ ကြမ်းတမ်းသတင်းတွေကို ပိုပြကြတာဖြစ်ပါတယ်။ မနှစ်က ရွေးကောက်ပွဲလဲပြီးရော သူတို့က တရားမျှတမှု ရှိသယောင်နဲ့ နယူးစ်ဖိဒ်တင်တဲ့ အယ်လ်ဂိုရစ်သမ်ကို နဂိုပုံစံ ခဏပြန်ပြင်ပြီး ဖိုးသခွားလေးလုပ်ပြတာဟာလည်း ဒီမိုကရေစီကို စော်ကားတယ်လို့ မြင်ကြောင်း သူမအမြင်ကို ပြောပြသွားပါတယ်။
သူမက ဖဘရဲ့ ငွေရှာတဲ့မော်ဒယ်ကို မကြိုက်တာအပြင် ပြည်သူအများအတွက်လည်းမကောင်း တိုင်းပြည်အတွက်လည်း မကောင်းတာကြောင့် သူ့လုံခြုံရေးနဲ့ နောင်ရေးကို ထိခိုက်နိုင်တာ သိလျက်နဲ့ ဖော်ထုတ်ခဲ့တာဖြစ်ကြောင်း၊ သူမပြောရင်လဲ တခြားပြောမယ့်သူမမြင်တာကြောင့် ပြည်သူတွေ သိသင့်တာကို သိရအောင် အခုလို ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း၊ သူ့အရင်ကလူတွေက အတွင်းမှာ ပြောင်းဖို့ ကြိုးစားကြတိုင်း ရှုံးနိမ့်ခဲ့ကြကြောင်း၊ ဖဘအပြင် ဖဘပိုင်တဲ့ အင်စတာဂရမ်ကလည်း ဆယ်ကျော်သက်ကလေးမလေးတွေကြား သတ်သေဖို့ စိတ်ကူးတွေ၊ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်မုန်းပြီး အစားအသောက်မူမမှန်တာတွေ ဖြစ်ကြတာကို သိနေပေမယ့် အဲဒီလိုတွေဖြစ်နေမှ သူတို့လေးတွေ အက်ပ်မှာ ကြာကြာနေကြတာမို့ အဲဒီငွေတွင်းကိုငဲ့ပြီး လွှတ်ထားကြကြောင်း၊ သူမအနေနဲ့ ဇကာဘတ်က လွှတ်တော်ကို သွားလိမ်တယ်လို့တော့ မပြောလိုပေမယ့် သူတို့ရွေးချယ်ခဲ့တဲ့ ရွေးချယ်မှုတွေရဲ့ အကျိုးဆက်တွေက ဇကာဘတ်ပြောတာရဲ့ ဆန့်ကျင်ဖက်တွေ ဖြစ်လာနေကြောင်း၊ သူမအနေနဲ့က ဖဘကို ဒီထက်ပိုဆိုးမလာခင် အစိုးရက ထိန်းချုပ်ဖို့ လိုအပ်နေပြီလို့ ပြောချင်ကြောင်း စသဖြင့် ပြောကြားသွားပါတယ်။
credit
Tin Omma Myo
post မှ ကူးယူ ပါသည်။

https://www.breitbart.com/tech/2021/10/04/cybersecurity-expert-brian-krebs-explains-what-is-known-about-catastrophic-facebook-outage/?fbclid=IwAR2unpkf37CwAGhAr7mbg4H_BYMW57tm9AlUgIYJTiMPiezUx_QMgN4Zy3k

Facebook 6 နာရီကြာ ပျက်သွားလို့Mark Zuckerberg (ခ) မိဇူ/ တရုတ်မလင်ဟာUS Dollar 7 Billion(ဘီလီယံ) ဆုံးရှူံးသွားရပါတယ်။တစ်မ...
05/10/2021

Facebook 6 နာရီကြာ ပျက်သွားလို့
Mark Zuckerberg (ခ) မိဇူ/ တရုတ်မလင်ဟာ
US Dollar 7 Billion(ဘီလီယံ) ဆုံးရှူံးသွားရပါတယ်။
တစ်မိနစ်ကို ပျမ်းမျှ သန်း ၂၀လောက် ဆုံးရှုံးတာဖြစ်ပါတယ်။
7 Billion ဆိုတာ သန်း ၇၀၀၀ ဖြစ်ပါတယ်။
Facebook Instagram WhatsApp သုံးခုလုံး နာရီအတော်ကြာသုံးမရ ဖြစ်သွားတာမို့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာလည်း နံပါတ် (၅) နေရာကိုကျသွားပါတယ်။
ဇူဇူလိုဖြစ်တာ တို့‌ကြော်ငြာတွေကို reject ချလို့ဆိုတာသိရင်ကောင်းမယ်

10 Ways To Grow Your Business With Facebook1. Start the conversationWhat’s important to your customers? What engages the...
01/10/2021

10 Ways To Grow Your Business With Facebook

1. Start the conversation

What’s important to your customers? What engages them? Start the conversation and find out. Not only is engagement proven to make customers more likely to buy, it also helps brands build up a loyal community, keeping you in touch with what people think, want and buy. Fashion retailer iKRUSH keeps the conversation flowing on its popular page, where it shares daily fashion tips, news and humour with a loyal fanbase.

2. Motivate people

Want people to follow your Page or buy your product? Give them a good reason to take action. Competitions and offers can help businesses reach wider audiences and gain new customers—often within a short period of time. Personalised gift site Merci Maman Boutique found that it could gain shares and new fans, then convert them to customers through Page posts featuring discount codes.

3. Make your customers part of your story

Happy customers are your ultimate business asset. By encouraging customers to share their feedback on your products and services, not only do you deepen engagement and build trust, you’ll also have the opportunity to reach wider audiences. Swedish fashion brand RockDenim.com found that adding the Reviews function to its Page had a knock-on effect on sales, with positive reviews encouraging web traffic and conversions.

4. Be a go-to place for great content

From restaurants to real estate, hobbies to holidays, every business has a wealth of information and inspiration to share. Sisters Anna and Clara, founders of homeware brand Søstrene Grene , share videos packed with crafting tips and ideas that keep audiences coming back for more. Great, informative content is a powerful way to connect.

5. Make customer service your thing

Great service sets businesses apart from the crowd and keeps customers loyal. Pages messaging is a quick and easy way to answer queries and stay in touch with customers. Visit your Page admin to set your query response time, which lets Page visitors know how quickly you typically answer queries.

6. Give video a try

With around 8 billion video views on Facebook daily, it’s clear that video is winning in the engagement stakes. Don’t be put off by big brands’ high budget productions, though; homegrown video can work just as well. A spur-of-the-moment iPhone video resulted in a huge sales spike when accessories retailer Krystellie filmed and posted a short how-to video on its hair extension products.

7. Use Insights to understand what works

Available to every Page is a whole treasure trove of valuable information, in the form of Insights. Here you can find out who’s looking at your Page, when and how. You can also see which types of content they engage with most, so that you can figure out what’s working best. Insights are also handy when you’re using Facebook Ads, because they can help you decide on relevant target audiences and match up Ad copy and creative according to what interests those audiences most.

8. Promote relevant content with target audiences

Mature skin cosmetics brand Look Fabulous Forever engaged its over-55 audience very successfully through its targeted Page posts and Ads.

“There’s a massive demographic of older women on social media who are hungry for relevant, authentic content. We’ve found that if you can give them that content, you’ll be rewarded with engagement and eventually, their custom and loyalty.”

- Anna Cusden, Communications Director, Look Fabulous Forever

9. Find new audiences

A loyal following is a great starting point for growth. You can find and reach new audiences who are exactly like the kinds of people who are already your customers. Custom and Lookalike audiences can be created from your existing customer data, meaning that you can reach people with an interest in your product or service easily. This makes advertising on Facebook less of a guessing game—and way more cost effective than traditional channels.

10. Turn fans into customers

Thanks to new Ad options and formats, it’s now even easier than ever to turn Page fans and website visitors into customers. Many small businesses have found success with Carousel Ads that allow a selection of products to be shown at once. Holiday rentals firm Fincallorca achieves high numbers of conversions at low cost by retargeting website visitors with Facebook Ads featuring the properties they’ve browsed previously.

 #သင်ဘယ်သူဆိုတာ_ကော်ဖီခွက်က_ဆုံးဖြတ်တယ် #တစ်ခါတုန်းက အမေရိကန်နိင်ငံရဲ့ စီးပွားရေးဝန်ကြီးဟောင်းတစ်ယောက်ဟာ ပရိသတ်ထောင်ချီတ...
18/09/2021

#သင်ဘယ်သူဆိုတာ_ကော်ဖီခွက်က_ဆုံးဖြတ်တယ် #
တစ်ခါတုန်းက အမေရိကန်နိင်ငံရဲ့ စီးပွားရေးဝန်ကြီးဟောင်းတစ်ယောက်ဟာ ပရိသတ်ထောင်ချီတက်ရောက်ကြတဲ့ ညီလာခံကြီးတစ်ခုမှာ စကားပြောဖို့ ရောက်လာပါတယ်။
သူဟာ လက်မှာ ကော်ဖီထည့်ထားတဲ့ ပလတ်စတစ်ခွက်လေးတစ်ခွက်ကိုင်ပြီး စကားပြောဖို့ စင်မြင့်ပေါ် တက်လာတယ်။ အပေါ်ရောက်တော့ ကော်ဖီခွက်ကို တစ်ငုံမော့လိုက်တယ်။ ပြီးမှ ပြုံးရင်း ခုလို စကားစပြောပါတယ်။
"မနှစ်က ခုလိုညီလာခံမှာ စကားပြောခဲ့ဖူးပါတယ်။ ဒီခန်းမကြီးထဲမှာပါပဲ။ အဲဒီအချိန်က ကျွန်တော် စီးပွားရေးဝန်ကြီးကနေ အနားမယူသေးပါဘူး။ ဒီမြို့ကို အထူးလေယာဉ်နဲ့ လာခဲ့ရတယ်။ လေဆိပ်ရောက်တော့ တစ်ယောက်က လာကြိုပြီး ဟိုတယ်ကို ကားကောင်းကောင်းနဲ့ လိုက်ပို့ပေးခဲ့တယ်။ ဟိုတယ်အခန်းထဲအထိ ပစ္စည်းတွေ သယ်ပို့ပေးတယ်။ မနက်မှာ ဟိုတယ်ကနေ အောက်ထပ်ကို ဆင်းလာတော့လည်း လူတစ်ယောက်က ဒီခန်းမကို ကားနဲ့ လိုက်ပို့ပေးခဲ့ပြန်တယ်။ ခန်းမထဲရောက်တော့ လူတစ်စုက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ လှပတဲ့ ကြွေပန်းကန်လုံးနဲ့ ကော်ဖီတစ်ခွက် လာပေးခဲ့တာကိုလည်း ကောင်းကောင်းမှတ်မိနေပါတယ်"
သူက ခဏနားလိုက်ပြီး ခုလိုဆက်ပြောပြန်တယ်။
"အခုတော့ ကွှန်တော်ဟာ ဝန်ကြီးမဟုတ်တော့ပါဘူး။ အနားယူလိုက်ပါပြီ။ ဒါကြောင့် ဒီမြို့ကို ရထားစီးလာခဲ့တယ်။ တည်းမယ့် ဟိုတယ်ကို တက္ကစီးငှားစီးခဲ့တယ်။ ဒီမနက် ဟိုတယ်ကနေ ဒီကို လာဖို့လည်း တက္ကစီငှားစီးခဲ့တယ်။ ခန်းမထဲရောက်လို့ ကော်ဖီသောက်ချင်တာနဲ့ တစ်ယောက်ကို 'ကော်ဖီရနိုင်မလား' လို့ မေးလိုက်တယ်။ သူက ခပ်လှမ်းလှမ်းက ကော်ဖီစက်ကို လက်ညိုးထိုးပြပါတယ်။ ကျွန်တော်ကိုယ်တိုင်ပဲ စက်ကကော်ဖီကို ဒီပလတ်စတစ်ခွက်နဲ့ ထည့်ယူခဲ့ပါတယ်"
သူက ပြုံးပြီး ဆက်ပြောပြန်တယ်။
"ဒီနေ့ ကျွန်တော် သင်ခန်းစာတစ်ခုရလိုက်ပါတယ်။ အဲဒါက တကယ်တမ်းမှာ ကြွေပန်းကန်လုံးဟာ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ကျွန်တော့်ရာထူးအတွက်ပါ။ တကယ်တမ်း ကျွန်တော်နဲ့ ထိုက်တန်တာက ပလတ်စတစ်ခွက်ပါ" တဲ့။
ဒီအဖြစ်အပျက်ကနေ ကျွန်တော်တို့ ဘာသင်ခန်းစာရနိုင်ပါသလဲ။
သင်ဟာ ရာထူးကြီးကြီးပိုင်ဆိုင်ထားရင် လူတွေဟာ သင့်ကို လေးလေးစားစား ဆက်ဆံကြမယ်။ လက်ကမ်းကြိုဆိုကြမယ်။ သင် မတောင်းဘဲ ကော်ဖီ၊ လက်ဖက်ရည်လာချပေးမယ်။ သင်သိထားဖို့က သူတို့လုပ်တာတွေဟာ သင့်အတွက် မဟုတ်ဘူး။ သင့်ရာထူးအတွက်ဆိုတာပါ။ သင်နဲ့ ထိုက်တန်တာက ပလတ်စတစ်ခွက်ပဲဆိုတာကို အမြဲသတိရနေပြီး နိမ့်နိမ့်ချချ နေတတ်ဖို့ပါ။
ဗန်းမော်သိန်းဖေ
၁၈-၀၉-၂၀၂၁

15/09/2021

#ဒေါ်လာဈေးအတက်နှင့် "ဆ" ၃ လုံး...
ဒေါ်လာဈေးအတက်ကလည်းနေ့စဥ်လူနေမှု့ဘဝကိုရိုက်ခတ်ပါတယ်...
၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းမှာ ၁၃၅၀ ဝန်းကျင်ရှိရာကနေ ယခု ၂၀၀၀ ကျော်ဖြစ်လာတော့ဝင်ငွေမတိုးဘဲ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်က ဆင်းရဲတွင်းထဲ ဆင်းနေတာ မရပ်ဖြစ်နေပါတယ်။
၇ လကျော်အတွင်းငွေကြေးဖောင်းပွမှု့က ၄၀% ကျော်ကိုရောက်လာပါပြီ။ ယခုဆိုရင် ၅၀% ကျော်ဖို့ဟန်ရေးတပြပြပေါ့….
ရှိထားတဲ့ငွေ ၅၀% အငွေ့ပျံသလိုပျောက်သွားတာက စိတ်ပျက်စရာကောင်းလှပါတယ်။
အချို့ကဒေါ်လာဈေးတက်တော့နိုင်ငံခြားကထုတ်ကုန်တွေဝယ်တာလျှော့ချ ၊ မလိုတာမဝယ်ကြနဲ့ ၊ ဇိမ်ခံပစ္စည်းတွေအဝယ်ရပ်ဖို့ပြောကြပါတယ်။
ဒေါ်လာဈေးအတက် နှင့် “ဆ” (၃) လုံး…
(ဆီ) စက်သုံး
မြန်မာပြည်မှာဓါတ်ဆီ ၊ ဒီဇယ်ဆီကို ပြည်တွင်းထုတ်လုပ်မှု့မလုံလောက်လို့ဝယ်ရတာနိုင်ငံခြားငွေအမြောက်အများသုံးရပါတယ်။ စက်သုံးဆီတွေဈေးတက်တော့ သယ်ယူပို့ဆောင်စရိတ်တွေ တက်လာပါတယ်။ ရှမ်းပြည်နယ်က အားလူး အရင်က သယ်ယူပို့ဆောင်ခ နဲ့ အခု သယ်ယူပို့ဆောင်ခမတူတော့ပါဘူး။ သယ်ယူပို့ဆောင်စရိတ်တက်လာနဲ့အမျှကုန်ဈေးနှုန်းကကျွဲကူးရေပါတက်လာတော့ပါတယ်။ ရိုးရှင်းပါတယ်။
(ဆီ) စားသုံး
နေကြာဆီ ၊ စားသုံးဆီ အပါအဝင် နေစဉ်မီးဖိုချောင်သုံး ဆီအမျိုးမျိုး နဲ့ လုပ်ငန်းသုံးဆီ တွေက ပြည်တွင်းထုတ်တာနဲ့မလုံလောက်ပါဘူး။ တန်ပေါင်းများစွာပြည်ပကတင်သွင်းရပါတယ်။ ဆီ ကြိုက်တဲ့မြန်မာတွေအတွက် နေ့စဉ်သုံး စားသုံးဆီတွေ ဒေါ်လာဈေးအတက်နဲ့အတူ လိုက်တက်နေပါတယ်။ မီးဖိုချောင်စရိတ်တွေတက်လာပါတယ်။
ဆေးဝါး
မဖြစ်မနေဝယ်ယူနေရတဲ့ ဆေးဝါးတွေအများစုက နိုင်ငံခြားကတင်သွင်းလာရတာပါ။ ဆေးတွေသုံးဆွဲနေရသူတွေအနေနဲ့ထွက်ငွေပိုများလာပါတယ်။ မိတ်ဆွေဆေးဆိုင်တစ်ဆိုင်က ဆေးဈေးနှုန်းတွေ ဈေးနှုန်းတက်တာနေ့စဉ်နဲ့အမျှပါတဲ့။ အချို့ဆေးတွေ ၂၀% တက် ၊ ၃၀% တယ်ဆိုပါတယ်။ မဖြစ်မနေဝယ်သောက်ရတဲ့မိသားစုတွေဒုက္ခကမသေးပါဘူး…
အထက်ဖော်ပြပါ အမယ် (၃) မျိုးက မြန်မာပြည်အတွက် ဒေါ်လာတွေအများကြီးထွက်နေတာဖြစ်ပါတယ်။
မဖြစ်မနေသုံးစွဲနေရတာဖြစ်နေလည်းပါပါတယ်။
ဒေါ်လာဈေးအတက်မှာ ပြည်တွင်းထုတ်ကုန်ကောင်းကောင်းရှိရင်တော့ အကျိုးအမြတ်တွေရှိနိုင်ပါတယ်။ ဒီနေရာမှာဒေါ်လာဈေးတက်လို့ ဓါတ်မြေဩဇာစျေးတက်တယ်။ သီးနှံဈေးက ဒေါ်လာဈေးတက်သလောက်ရာခိုင်နှုန်းအတိုင်းလိုက်မတက်နိုင်ရင်ပိုပြီးဒုက္ခရောက်နိုင်ပါတယ်။
တရုတ်နယ်စပ်ပိတ်ထားတာ ၊ ကြီးကြီးမားမားပြင်ပရင်းနှီးမြုတ်နှံမှု့တွေမဝင်တာ ၊ ပြင်ပချေးငွေမရတာတွေကတော့ အခက်တွေ့စရာပါ…
ဒေါ်လာဈေးတက်တာဘာမှမဖြစ်ပါဘူးဆိုသူတွေအနေနဲ့ အထက်ဖော်ပြပါ “ဆ” ၃လုံးဈေးတက်တာနဲ့အတူအခြား ကုန်ဈေးနှုန်းကြီးမြင့်တာ ၊ ကုန်ကျစရိတ်ပိုများတာတွေကြောင့်ဆင်းရဲတွင်းကနစ်သထက်နစ်နေကြမှာပါဘဲ…
ဆိုးတာကဝင်ငွေတွေလျှော့ကြလာတာ ၊ ဝယ်လိုအားတွေကျဆင်းတာကလည်းပိုပြီးအခက်တွေ့စေပါတယ်။
မြန်မာပြည်သူပြည်သားများကံကောင်းကြပါစေ…..
ကိုအောင်စည်လင်း
၁၄.၀၉.၂၀၂၁
Credit- Aung Si Lin

Growth Space Team ကို ဘာလို့ ယုံကြည်စွာလက်တွဲကြတာလဲရဲ့ အဖြေ...Review ရေးထားတာတွေက မယုံရဘူးတို့... ကိုယ့်ဝန်ထမ်း/ဆွေမျိုး...
17/06/2021

Growth Space Team ကို ဘာလို့ ယုံကြည်စွာလက်တွဲကြတာလဲရဲ့ အဖြေ...

Review ရေးထားတာတွေက မယုံရဘူးတို့... ကိုယ့်ဝန်ထမ်း/ဆွေမျိုးကပဲ Page ကို Recommendation ပေးထားကြတာလို့ ထင်တဲ့သူတွေ အများကြီးရှိမှာပါ...

Boost Result တွေပြပြီ ဘယ်လောက်တောင် ကြော်ငြာခသက်သာနေပါပြီ... ဘယ်လောက်တောင် ရောင်းရနေပါပြီတွေနဲ့ Client တွေကို ဆွဲ​ဆောင်တဲ့နည်းတွေလည်းတွေ့နေရတော့ ယုံတဲ့သူကယုံ၊ မယုံတဲ့သူက မယုံပေါ့ဗျာ...

ဒီပို့စ်ကတော့ အပေါ်က နှစ်ခုလုံးကို အတိအကျတာဝန်ယူပေးနိုင်တဲ့ သက်သေဖြစ်တဲ့အပြင်....

ကျွန်တော်တို့ Growth Space Team ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ စေတနာတွေကို ဇွန် ၆ ရက်နေ့ကစလို့ ၁၆ ရက်နေ့အထိ ၁၀ ရက်အတွင်း ပြောခဲ့တဲ့ ဒီ Conversation ပုံလေးတွေက ကွက်ကွက်ကွင်းကွင်း ပြောပြနိုင်တာမို့ အခုလိုပို့စ်တင်လိုက်ရခြင်းဖြစ်ပါတယ်...။

မိတ်ဟောင်းတွေရော၊ မိတ်သစ်တွေပါ.... ကျွန်တော်တို့ Growth Space Team ကို ယုံယုံကြည်ကြည်နဲ့ ကိုယ့် Business Partner တစ်ယောက်လို လက်တွဲပေးတဲ့အတွက် တစ်ဉီးတစ်ယောက်ချင်းစီကို ကျေးဇူးတင်စကား လေးလေးစားစား ပြောကြားလိုပါတယ်နော်...။

အားလုံးမင်္ဂလာရှိသော နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေ...
ဝယ်သူတိုး ရောင်းအားတွေ အများကြီးတက်ပါစေဗျ...။

ချစ်ခင်လေးစားစွာဖြင့်
Growth Space Team

လုပ်ငန်းကြီးတွေကိုင်ထားတဲ့ Agency ဆီက ‌ကြော်ငြာအပ်ပြီး ပုံစံမျိုးစုံမေး၊ ပညာကုန်စမ်း၊ နည်းမျိုးစုံရစ် ပြီးနောက် Construc...
09/06/2021

လုပ်ငန်းကြီးတွေကိုင်ထားတဲ့ Agency ဆီက ‌ကြော်ငြာအပ်ပြီး ပုံစံမျိုးစုံမေး၊ ပညာကုန်စမ်း၊ နည်းမျိုးစုံရစ် ပြီးနောက် Constructive Feedback လေးတွေ ရနေပြီဆိုတော့ ကိုယ့်လုပ်ငန်းလေး အခြေအနေတိုးတက်လာပြီလို့ ဝမ်းသာဂုဏ်ယူမိ...

ကျွန်တော်တို့ လုပ်ငန်းစကတည်းက ယုံကြည်စိတ်ချစွာ အလုပ်အပ်ကြတဲ့ မိတ်ဟောင်းများနဲ့ Recommendation တွေကြောင့် ‌အလုပ်အပ်ကြတဲ့ မိတ်သစ် တစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါကြောင်းနဲ့ ယခုထက် ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေ၊ ရလဒ်တွေကို ပေးစွမ်း‌နိုင်အောင် အစွမ်းကုန်ကြိုးစားသွားပါမယ်ဆိုတဲ့အကြောင်းလေးကို လေးစားစွာ ပြောကြားလိုပါတယ်ခင်ဗျ...။

လေးစားချစ်ခင်စွာဖြင့်
Growth Space Team

Cus တစ်ယောက်လာပြတာ...ညွှန်းပေးတဲ့ မိတ်ဟောင်းတွေရော.. လာရောက်စုံစမ်းတဲ့ မိတ်သစ်တွေကို အားလုံးကို ကျေးဇူးပါလို့စ်...
05/06/2021

Cus တစ်ယောက်လာပြတာ...
ညွှန်းပေးတဲ့ မိတ်ဟောင်းတွေရော.. လာရောက်စုံစမ်းတဲ့ မိတ်သစ်တွေကို အားလုံးကို ကျေးဇူးပါလို့စ်...

🚨"Page Owner များ သတိပြုရန်"🚨ပုံမှာ ပြထားတဲ့ Page ကနေ ကိုယ့် Page ကို ပေါ်လစီတစ်ခုခု ဖောက်ဖျက်ပါတယ်ဆိုတဲ့ အသိပေးအကြောင်း...
23/05/2021

🚨"Page Owner များ သတိပြုရန်"🚨

ပုံမှာ ပြထားတဲ့ Page ကနေ ကိုယ့် Page ကို ပေါ်လစီတစ်ခုခု ဖောက်ဖျက်ပါတယ်ဆိုတဲ့ အသိပေးအကြောင်းကြားစာ Noti ဝင်လာပါက စိုးရိမ်မှု လုံးဝ မရှိပါနဲ့.❗️

🚫 သူပေးထားတဲ့ လင့်ကို လုံးဝမနှိပ်ပါနဲ့၊
❌ နှိပ်မိသွားခဲ့ရင်တောင် ဖေ့စ် ဘုဓ် Login လုံးဝ(လုံးဝ) မဝင်မိပါစေနဲ့ခင်ဗျ...။

ကိုယ့်ရဲ့ ဖေ့စ် ဘုဓ် အကောင့်များ Hack ခံရနိုင်မှာမို့ပါ...။ 😱

⚠️ဖေ့စ် ဘုဓ် ကနေ တရားဝင်ခန့်အပ်ထားတဲ့ Official Page လုံးဝမဟုတ်ပါဘူးခင်ဗျ... ⚠️

အများသိအောင် ရှဲး ပေးကြပါခင်ဗျ...။ 🙏🙏
သတိထားနိုင်ကြဖို့...

လေးစားစွာဖြင့်
Growth Space Team

31/01/2021

Pathos, Ethos နဲ့ Logos တို့ကို
စီးပွားရေးကြော်ငြာမှာ ဘယ်လိုအသုံးချလို့ရလဲ ?
Video လေးမှာ နမူနာကြည့်လိုက်ရအောင် ...

𝐏𝐚𝐭𝐡𝐨𝐬 [ 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐬 / 𝐕𝐚𝐥𝐮𝐞 ]
The emotional appeal; means to persuade an audience
by appealing to their emotions.

𝐄𝐭𝐡𝐨𝐬 [ 𝐂𝐫𝐞𝐝𝐢𝐛𝐢𝐥𝐢𝐭𝐲 / 𝐓𝐫𝐮𝐬𝐭 ]
The persuasive technique that appeals to an audience
by highlighting credibility.

𝐋𝐨𝐠𝐨𝐬 [ 𝐋𝐨𝐠𝐢𝐜 / 𝐑𝐞𝐚𝐬𝐨𝐧 / 𝐏𝐫𝐨𝐨𝐟 ]
A mark, brand mark, trademark, wordmark, logotype,
symbol, or brand icon, that is a graphic and/or
typographic mark that visually identifies your company.

Video from StudioBinder You Tube Channel.

✅ Business & Marketing နဲ့ ပတ်သက်ပြီး
မျှဝေသွားမှာမှန်သမျှ လွတ်မသွားရအောင်
Page ကို Follow လုပ်ထားပေးနိုင်ပါတယ်။

Message us : m.me/growthspacemyanmar



See Less

ဝယ်သူအကြိုက်လုပ်တာ ကောင်းပါတယ်ဝယ်သူမကြိုက်တာကို မလုပ်တာကပိုကောင်းပါတယ် 🖊 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐩𝐚𝐜𝐞Message us : m.me/growthspacemyanma...
30/01/2021

ဝယ်သူအကြိုက်လုပ်တာ ကောင်းပါတယ်
ဝယ်သူမကြိုက်တာကို မလုပ်တာက
ပိုကောင်းပါတယ်

🖊 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐩𝐚𝐜𝐞

Message us : m.me/growthspacemyanmar



𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐢𝐬 𝐫𝐞𝐚𝐥𝐥𝐲 𝐣𝐮𝐬𝐭 𝐚𝐛𝐨𝐮𝐭𝐬𝐡𝐚𝐫𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐩𝐚𝐬𝐬𝐢𝐨𝐧. - 𝐌𝐢𝐜𝐡𝐚𝐞𝐥 𝐇𝐲𝐚𝐭𝐭Message us : m.me/growthspacemyanmar
25/01/2021

𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐢𝐬 𝐫𝐞𝐚𝐥𝐥𝐲 𝐣𝐮𝐬𝐭 𝐚𝐛𝐨𝐮𝐭
𝐬𝐡𝐚𝐫𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐩𝐚𝐬𝐬𝐢𝐨𝐧.

- 𝐌𝐢𝐜𝐡𝐚𝐞𝐥 𝐇𝐲𝐚𝐭𝐭

Message us : m.me/growthspacemyanmar



စီးပွါးရေးကို ငွေရဖို့တစ်ခုတည်းအတွက်လုပ်မယ်ဆိုရင် ရေရှည်တည်မြဲဖို့မသေချာပါဘူး . . . 🖊 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐩𝐚𝐜𝐞Message us : m.me/grow...
24/01/2021

စီးပွါးရေးကို ငွေရဖို့တစ်ခုတည်းအတွက်
လုပ်မယ်ဆိုရင် ရေရှည်တည်မြဲဖို့
မသေချာပါဘူး . . .

🖊 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐩𝐚𝐜𝐞

Message us : m.me/growthspacemyanmar



📌 𝟖 𝐌𝐢𝐬𝐭𝐚𝐤𝐞𝐬 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐡𝐨𝐩 𝐎𝐰𝐧𝐞𝐫𝐬 𝐌𝐚𝐤𝐞 📌1 | Not using the right theme2 | Not having a strategic marketing plan3 | Not opti...
19/01/2021

📌 𝟖 𝐌𝐢𝐬𝐭𝐚𝐤𝐞𝐬 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐡𝐨𝐩 𝐎𝐰𝐧𝐞𝐫𝐬 𝐌𝐚𝐤𝐞 📌

1 | Not using the right theme
2 | Not having a strategic marketing plan
3 | Not optimizing for search engines
4 | Not optimizing your email list
5 | Not selling yourself/your products enough
6 | Not following up with past customers
7 | Not constantly tweaking/trying new things
8 | Not realizing that we all make mistakes

Ref; bluchic.com

Message us : m.me/growthspacemyanmar



𝐃𝐨𝐧'𝐭 𝐛𝐞 𝐚𝐟𝐫𝐚𝐢𝐝 𝐭𝐨 𝐠𝐞𝐭 𝐜𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐚𝐧𝐝 𝐞𝐱𝐩𝐞𝐫𝐢𝐦𝐞𝐧𝐭 𝐰𝐢𝐭𝐡 𝐲𝐨𝐮𝐫 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠. - 𝐌𝐢𝐤𝐞 𝐕𝐨𝐥𝐩𝐞 Message us : m.me/growthspacemyanmar   ...
18/01/2021

𝐃𝐨𝐧'𝐭 𝐛𝐞 𝐚𝐟𝐫𝐚𝐢𝐝 𝐭𝐨 𝐠𝐞𝐭 𝐜𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐚𝐧𝐝 𝐞𝐱𝐩𝐞𝐫𝐢𝐦𝐞𝐧𝐭 𝐰𝐢𝐭𝐡 𝐲𝐨𝐮𝐫 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠.

- 𝐌𝐢𝐤𝐞 𝐕𝐨𝐥𝐩𝐞

Message us : m.me/growthspacemyanmar



ရောင်းသူဝယ်သူ တွေ့တဲ့နေရာကစျေးကွက်ဆိုရင် . . .  ကိုယ်က စျေးကွက်ထဲကလူလား ?စျေးကွက်ကို ဖန်တီးသူလား ?🖊 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐩𝐚𝐜𝐞Message ...
16/01/2021

ရောင်းသူဝယ်သူ တွေ့တဲ့နေရာက
စျေးကွက်ဆိုရင် . . .
ကိုယ်က စျေးကွက်ထဲကလူလား ?
စျေးကွက်ကို ဖန်တီးသူလား ?

🖊 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐩𝐚𝐜𝐞

Message us : m.me/growthspacemyanmar



(၂ဝ၂၁) ခုနှစ်၊ ဇန်နဝါရီ (၁၃) ရက်နေ့တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့အားဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုပါသည်။
13/01/2021

(၂ဝ၂၁) ခုနှစ်၊ ဇန်နဝါရီ (၁၃) ရက်နေ့တွင်
ကျရောက်သော ကရင်နှစ်သစ်ကူးနေ့အား
ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုပါသည်။



𝐓𝐡𝐞 𝐜𝐨𝐬𝐭 𝐨𝐟 𝐛𝐞𝐢𝐧𝐠 𝐰𝐫𝐨𝐧𝐠 𝐢𝐬 𝐥𝐞𝐬𝐬 𝐭𝐡𝐚𝐧 𝐭𝐡𝐞 𝐜𝐨𝐬𝐭 𝐨𝐟 𝐝𝐨𝐢𝐧𝐠 𝐧𝐨𝐭𝐡𝐢𝐧𝐠. - 𝐒𝐞𝐭𝐡 𝐆𝐨𝐝𝐢𝐧  Message us : m.me/growthspacemyanmar      ...
11/01/2021

𝐓𝐡𝐞 𝐜𝐨𝐬𝐭 𝐨𝐟 𝐛𝐞𝐢𝐧𝐠 𝐰𝐫𝐨𝐧𝐠 𝐢𝐬 𝐥𝐞𝐬𝐬 𝐭𝐡𝐚𝐧
𝐭𝐡𝐞 𝐜𝐨𝐬𝐭 𝐨𝐟 𝐝𝐨𝐢𝐧𝐠 𝐧𝐨𝐭𝐡𝐢𝐧𝐠.

- 𝐒𝐞𝐭𝐡 𝐆𝐨𝐝𝐢𝐧

Message us : m.me/growthspacemyanmar



Address


Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+9595071801

Alerts

Be the first to know and let us send you an email when Growth Space posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Growth Space:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share