Supporting For PDF

  • Home
  • Supporting For PDF

Supporting For PDF Donate for pdf

ကျွန်တော့်အသိ တစ်ယောက်ပါဗျာ ဆေးဖိုးမရနိုင်တာလည်းသိပါတ် ဒီခေတ်မာလူတိုင်းအခက်အခဲတွေရှိနေတော့ တတ်နိုင်တဲ့လူ နည်းနည်းလောက်လှ...
15/01/2022

ကျွန်တော့်အသိ တစ်ယောက်ပါဗျာ ဆေးဖိုးမရနိုင်တာလည်းသိပါတ် ဒီခေတ်မာလူတိုင်းအခက်အခဲတွေရှိနေတော့ တတ်နိုင်တဲ့လူ နည်းနည်းလောက်လှူကြပါဗျာ. .

10/01/2022

- မတူပီတဝိုက်က ရွာတွေကသူတွေကို စစ်ကောင်စီတပ်တွေဟာ သူတို့စစ်ကြောင်းတွေရဲ့ ရှေ့ကနေ ခေါ်သွားပြီးတဲ့နောက် သတ်ဖြတ်ပြီး ထားရစ်ခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့ကပြော
- စစ်ကောင်စီရဲ့ အဲဒီလို သတ်ဖြတ်တာ ခံထားရတဲ့ အလောင်း ၁၀ လောင်း ပြန်တွေ့ထားပြီး ၁၃ နှစ် အထိ ငယ်ရွယ်သူ ပါဝင်တယ်လို့ဆို
- ကလေးမြို့ တောင်ပိုင်းက ရွာတွေလည်း လေကြောင်းတိုက်ခိုက်တဲ့ရန်၊ ရွာတွေကို ဝင်ပြီး မီးရှို့တဲ့ဒဏ်တွေကြောင့် ရွာလုံးကျွတ်တွေ ထွက်ပြေး နေကြရ
- အဲဒီစစ်ရှောင်တွေ အတွက် အစာရေစာ အခက်အခဲ ရှိနေပြီး၊ ကိုယ်ဝန်ဆောင် မိခင်တွေ မီးဖွားတဲ့အခါ ကလေးသေဆုံးတာများတယ်လို့ ပရဟိတသမားတွေက ပြော
- ကယားမှာလည်း ဆက်လက် တိုက်ပွဲပြင်းထန်နေပြီး လွိုင်ကော်ကနေ ထွက်ပြေးကြရတဲ့ ယာဥ်တန်းရှည်ကြီးတွေကို ပေါ်ပေါက်ခဲ့
- နယူးယောက် လူနေ အထပ်မြင့် အဆောက်အဦး မီးလောင်လို့ ကလေးတွေ အပါအဝင် လူတွေ အစုလိုက်အပြုံလိုက် သေဆုံး
- တရုတ်မြို့ကြီး တီအန်ကျင်းမှာ လူ ၁၄ သန်းကျော်ကို ၂ ရက် အတွင်း ကိုဗစ် ရှိမရှိ အပြီးစစ်မယ်
- ကာဇက်စတန် ဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့သူတွေ ၁၆၀ ကျော် ရှိခဲ့နိုင်ကြောင်း စစ်တမ်းတွေ ထွက်ပေါ်၊ အရင် သိထားရတာထက် ၄ ဆ နီးပါးများနေ .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ #ဘီဘီစီမြန်မာပိုင်း

မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862
ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858
ယူကျု - http://youtube.com/thebbcburmese
အင်စတာဂရမ် - https://www.instagram.com/bbcburmese/
ဝက်ဘ်ဆိုက် - https://www.bbcburmese.com

- KNDF / B-03 - မိုးဗြဲအခြေစိုက် တပ်ခွဲ-၂ နဲ့ KNDF/B-11 တို့ ကနေ ဇန်နဝါရီ ၃ရက်က မိုးဗြဲမြို့အထွက် ဟိုက်ကွီကျေးရွာဘေးရှိ ...
10/01/2022

- KNDF / B-03 - မိုးဗြဲအခြေစိုက် တပ်ခွဲ-၂ နဲ့ KNDF/B-11 တို့ ကနေ ဇန်နဝါရီ ၃ရက်က မိုးဗြဲမြို့အထွက် ဟိုက်ကွီကျေးရွာဘေးရှိ နေပြည်တော်ကိုသွယ်တန်းတဲ့လျှပ်စစ်ဓာတ်အားလိုင်းတိုင် နှစ်တိုင်ကို ဖြိုပစ်ခဲ့တယ်လို့ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ဖယ်ခုံက ဒီကနေ့ ဇန်နဝါရီ ၉ရက်မှာ ထုတ်ပြန်လာပါတယ်။
- ဒီးမော့ဆိုမြို့နယ်၊(၅) မိုင်၊(၆) မိုင်၊ ဒေါပိုးစီ ကနေ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးနဲ့ ပန်ကန်းရပ်ကွက်အထိ၊ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် အနည်းဆုံး (၃၀) ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က မနေ့ဇန်နဝါရီ ၈ရက် ကသတင်းထုတ်ပြန်ပါတယ်။အဲဒီတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ တင့်ကားတစ်စီး မီးလောင်ပျက်စီးခဲ့သလို ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရလို့ လွိုင်ကော်မြို့၊ဒေါမူကလား ကျေးရွာအနီးမှာ မီးလောင်ပျက်ကျခဲ့တယ်လို့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။
ဒီသတင်းတွေနဲ့အတူ နောက်ဆုံးရသတင်းများ တင်ဆက်မှု
https://www.bbc.com/burmese/live/burma-59819021

24/12/2021

သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့်ကျန်ကောင်းသင့်၏။
🔴စစ်နည်းဗျူဟာ မည်သို့သာလည်း . .
ပြည်သူနှလုံးမသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား မကိုးစားလျှင်
ဓားသွားလည်းကြွေ
လှံလည်းခွေအံ့ . . 🔴

ဘေးကင်းလုံခြုံကြပါစေ လေးကေ့ကော် 🙏🏻💪💪

Junta raids Magwe villageDecember 24, 2021Around 150 junta troops raided San Myo Village in Magwe Region’s Gangaw Townsh...
24/12/2021

Junta raids Magwe village

December 24, 2021

Around 150 junta troops raided San Myo Village in Magwe Region’s Gangaw Township on Tuesday morning, killing a villager and torching houses. According to local resistance group the Yaw Defense Force, 23 houses were damaged in the fire, and junta soldiers looted houses and killed domestic animals for meat in the village, which has a population of around 1,500 people. The regime has imposed an internet blackout in Gangaw since late September. (Photo: YDF)

မကွေးကျေးရွာကို စစ်အစိုးရက စီးနင်းတိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာ ၂၄၊ ၂၀၂၁

မကွေးတိုင်း ဂန့်ဂေါမြို့နယ် စံမျိုးကျေးရွာကို အင်္ဂါနေ့ မနက်ပိုင်းက အစိုးရစစ်တပ်က အင်အား ၁၅၀ လောက်က ဝင်ရောက်စီးနင်းခဲ့ရာ ရွာသားတစ်ဦး သေဆုံးပြီး နေအိမ်တွေကို မီးရှို့ခဲ့ပါတယ်။ မီးလောင်မှုကြောင့် နေအိမ် ၂၃ လုံး ပျက်စီးခဲ့ပြီး လူဦးရေ ၁၅၀၀ ဝန်းကျင် နေထိုင်သည့် ရွာတွင် အိမ်မွေးတိရစ္ဆာန်များကို လုယက်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ တော်လှန်ရေးတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။ စက်တင်ဘာလနှောင်းပိုင်းကတည်းက စစ်အစိုးရက Gangaw တွင် အင်တာနက် ဖြတ်တောက်ခဲ့သည်။ (Photo: YDF)

ရွှေဘိုတွင်နိုင်ငံရေး Post တင်လို့ ဖမ်းခံရတာတဲ့့. .
13/12/2021

ရွှေဘိုတွင်နိုင်ငံရေး Post တင်လို့ ဖမ်းခံရတာတဲ့့. .

ဒီပဲယင်း ဘုတ်ရွာနှင့် ဆပ်ပြာကျင်းရွာကို စစ်တပ်က ဝင်စီးပြီး သက်ကြီးရွယ်အို ဦးကျော်သိန်းဝင်းကို အကြောင်းမဲ့ ရိုက်နှက်၊  နေ...
13/12/2021

ဒီပဲယင်း ဘုတ်ရွာနှင့် ဆပ်ပြာကျင်းရွာကို စစ်တပ်က ဝင်စီးပြီး သက်ကြီးရွယ်အို ဦးကျော်သိန်းဝင်းကို အကြောင်းမဲ့ ရိုက်နှက်၊ နေအိမ်နှင့်စျေးဆိုင်များမှ ပစ္စည်းများကို စစ်တပ်က ဖျက်ဆီး လုယက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဘုတ်ရွာကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ၂ ရက်တာ ဝင်ရောက်စီးနင်းခဲ့ပြီး သက်ကြီးရွယ်အိုတစ်ဦးဖြစ်သော ဦးကျော်သိန်းဝင်းကို စစ်တပ်က အကြောင်းမဲ့ ရိုက်နှက်ကာ ရွာအတွင်းရှိ ပြည်သူပိုင် ဆိုင်များနှင့် နေအိမ်များမှ ပစ္စည်းများကို ဖျက်ဆီးခြင်းနှင့် လုယက် ယူဆောင်သွားကြောင်း Zero Fighters Squad တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဒီပဲယင်းအနောက်ပိုင်းရှိ ဘုတ်ရွာကျေးရွာ ဘုန်းကြီးကျောင်းတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက စတင်ကာ ဝင်ရောက်တပ်စွဲခဲ့ပြီး ဘုတ်ရွာကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာ တို့ကို ဝင်ရောက် လုယက်ကာ ဘုတ်ရွာကျေးရွာသား သက်ကြီးရွယ်အို ဦးကျော်သိန်းဝင်းကို အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း သိရသည်။

" ဘုတ်ရွာကျေးရွာက ဦးကျော်သိန်းဝင်းကို စစ်ခွေးတွေက လူမဆန်အောင် ယုတ်မာ ရိုက်နှက်ခဲ့တယ်။ သူကသာမန်ပြည်သူပါ။ အကြောင်းမဲ့ကို ရိုက်တဲ့ ပုံစံမျိုး။ နောက်ပြီးတော့ ကျေးရွာထဲက ဒေါ်မြလွင်လည်း လက်မောင်းကို ကျည်ဆံရှပ်ထိဒဏ်ရာ ရရှိခဲ့တယ်။ ရွာထဲက ဦးညွှန့်လှိုင်ဆိုတဲ့ သူလည်း ပျောက်ဆုံးနေတယ်" ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် အဆိုပါ ကျေးရွာများအတွင်းရှိ နေ အိမ်များက ပြည်သူပိုင် ပစ္စည်းများ ငွေကြေးများ လက်ဝတ်ရတနာများ၊ အစား အသောက်များနှင့် ဖုန်းဆိုင်များ အတွင်းရှိ ဟန်းဖုန်းအသစ်များကို ဖောက်ထွင်း လုယက် ယူဆောင်သွားကြောင်း ဒေသခံများကပြောဆိုသည်။

" ဘုတ်ရွာကျေးရွာထဲက နေအိမ်အများအပြားနဲ့ တပ်စွဲရာ ဘုတ်ရွာဘုန်းကြီး ကျောင်းအနား ကွက်သစ်ရပ် ဘုတ်ရွာကျေးရွာက နေအိမ်တွေနဲ့ ဆပ်ပြာကျင်း ကျေးရွာက နေအိမ်တွေကို စခတွေက ဖောက်ထွင်းလုယက်ဖျက်ဆီးတယ်။ ပြည်သူတွေရဲ့ ပိုက်ဆံတွေ လက်ဝတ်ရတနာတွေ မြေပဲဆီပုံးတွေကိုလည်း သွန်ပစ် ထားခဲ့တယ်။ တခြား အသုံးအဆောင် ပစ္စည်းတွေကို ယူသွားတယ်။ အိမ်မွေး တိရစ္ဆာန်တွေကိုလည်း သတ်သွားတယ်။ ဘုတ်ရွာကျေးရွာက မိုဘိုင်းအလင်းရောင် ဖုန်းအပိုပစ္စည်းနဲ့ ဖုန်းပြင်ဆိုင်ခန်းက ဖုန်းအသစ်တွေ Power Bank တွေ ဖုန်းမှန်ကပ်တာတွေ အားသွင်းကြိုးတွေလည်း အကုန်လုံး ယူသွားတယ်။ အဲဒီဆိုင်က ခန့်မှန်းခြေ တန်းဖိုးငွေ ၁ဝ သိန်းကျော်လောက် ဆုံးရှုံးတယ်လို့ သိရတယ်" ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် လက်ရှိချိန်တွင် ဘုတ်ရွာကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာက ပြန်လည်ထွက်ခွာသွားချိန်၌ ဒေသခံပြည်သူများ ကျေးရွာများ အတွင်းသို့ ပြန်လည်ရောက်ရှိလာပြီး စစ်ကောင်စီ တပ်ဖွဲ့များ ထပ်မံရောက်ရှိလာမည်ကို စိုးရိမ်နေကြောင်း သိရသည်။

Photo- Zero Fighters Squad

မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်းရဲ့မိဘနေအိမ်နဲ့ဆိုင်ကို စစ်ကောင်စီက ချိပ်ပိတ်မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ဆင်...
12/12/2021

မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်းရဲ့မိဘနေအိမ်နဲ့ဆိုင်ကို စစ်ကောင်စီက ချိပ်ပိတ်

မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ဆင်ဖြူကျွန်းမြို့မှာ မကွေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်းရဲ့မိဘနေအိမ်နဲ့ဆိုင်ကို စစ်ကောင်စီက မနေ့ ဒီဇင်ဘာလ ၁၁ ရက် မနက်ပိုင်းမှာလာရောက် ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က အင်အား ၃၀ ကျော်နဲ့ ကျောင်းသားသမဂ္ဂဟောင်း ကိုချမ်းမြေ့ကိုကို ကို လာရောက်ရှာဖွေချိန် မတွေ့တာကြောင့် သူ့မိဘတွေရဲ့ နေအိမ်နဲ့ဆိုင်ကို ချိပ်ပိတ်သွားတာလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

Former chairman of Magway university Students' " Union's parents” house and shop were closed by military Council

Former chairman of magway university Students' "Union's parents” house and shop were closed by military council in Magway township on the morning of December 11.

A source close to the family said ,More than 30 members of the military council had closed the house and shop of his parents when they couldn't find Chan Myae Ko Ko,a former president of the students' Union.

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတနှင့်ဇနီးတို့ အိမ်ထောင်သက် နှစ် ၄၀ ပြည့် မင်္ဂလာအထိမ်းအမှတ် AA က မင်္ဂလာဆုတောင်းသဝ...
12/12/2021

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတနှင့်ဇနီးတို့ အိမ်ထောင်သက် နှစ် ၄၀ ပြည့် မင်္ဂလာအထိမ်းအမှတ် AA က မင်္ဂလာဆုတောင်းသဝဏ်လွှာပို့

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလနှင့် ယာယီသမ္မတကြီးကတော် လထော်နန်တောင်တို့၏ (၁၂-၁၂-၂၀၂၁) ရက်နေ့တွင် ကျရောက် သည့် အိမ်ထောင်သက် နှစ် (၄၀) ပြည့်မြောက်သည့် ပတ္တမြားရတု မင်္ဂလာအထိမ်းအမှတ် နေ့တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ဗဟိုကော်မတီ ပေးပို့လာသည့် မင်္ဂလာဆုမွန် သဝဏ်လွှာအား ဝမ်းမြောက်စွာ လက်ခံရရှိကြောင်းယာယီသမ္မတက သဝဏ်လွှာ ပြန်လည်ပေးပို့သည်။

မင်္ဂလာဆုမွန်သဝဏ်လွှာတွင် ဆုတောင်းထားသကဲ့သို့ ပြည်‌ထောင်စုမြန်မာတစ်နိုင်ငံလုံး၏ အမျိုးသားလွတ်မြောက်ရေး အောင်ပွဲရယူသွားနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားမဟာမိတ် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ သက်ရှည်ကျန်းမာစွာဖြင့် ဆက်လက်တာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ယာယီသမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် အမျိုးသားတန်းတူညီမျှ‌ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိရေးနှင့် လွတ်လပ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာရေးအတွက် အာဏာရှင်စနစ် ပြုတ်ကျရေးတော်လှန်ရေးခရီးတွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့်ပါ အတူလက်တွဲ ကြိုးပမ်း ဆောင်ရွက်သွားလိုကြောင်း အလေးအနက် ကတိပြုရင်း မင်္ဂလာဆုမွန်သဝဏ်လွှာကို ပေးပို့လာသည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဝမ်းမြောက်စွာဖြင့် ပြန်ကြားအပ်ကြောင်း ယာယီသမ္မတ၏ သဝဏ်လွှာတွင် ပြန်ကြားထားသည်။

12/12/2021

မုံရွာမှာ ပြောက်ကျားအဖွဲ့တွေက စည်ပင်ဘဲတွေကို နာနတ်သီးကျွေးမယ် ကြေညာလိုက်တာ ဆိုင်ပြန်ဖွင့်ပါ ဖြစ်သွားသတဲ့။

ဒင်းတို့က လူလို ပြောလို့မရဘူး။
နာနတ်သီးနဲ့ ပြောမှရတာ။

အကြောက်တရားကို ငါတို့ဘက်ကလည်း ထည့်ပေးမှ ဖြစ်တော့မယ်လို့ သူတို့ကိုယ်တိုင်က သင်ပေးနေတာ။
Crd

12/12/2021

စစ်တပ်က ပစ်သတ်လိုက်တယ်။ ဆိုင်ကယ်ရပ်မပေးလို့တဲ့။ ဒီသတင်းတွေချည်း ဒီလပိုင်းတွေမှာ အားလုံး ကြားနေကြရတယ်မလား။

လူသတ်ရင်တောင် အခြေအနေတစ်ခုမတိုင်ခင်ထိ သေဒဏ်ပေးခွင့်မရှိဘူး။ ရည်ရွယ်ချက်မပါ၊ ဒေါသအလျောက်ဆိုတဲ့ ချွင်းချက်မျိုး နိုင်ငံတိုင်းက ဥပဒေမှာ ရှိတယ်။

ဆိုင်ကယ်လေး မရပ်မိတာ၊ ရပ်ဖို့ နောက်ကျတာနဲ့ သေနတ်နဲ့ ပစ်သတ်တယ်ဆိုတာ စစ်အာဏာရှင် စနစ်ဆိုးပဲ။

လူသတ်လိုင်စင်ရထားတဲ့ ကိုယ်မေကိုယ်Loe စစ်စစ်တွေ။

Crd ပန်ဆယ်လို

အာဆီယံဥက္ကဋ္ဌ၏လုပ်ပိုင်ခွင့် အတွင်းမှ မြန်မာကိစ္စလုပ်နိုင်သမျှအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မည်တစ်ချိန်က စစ်ဘေးဒဏ်သင့်ခဲ့သ...
12/12/2021

အာဆီယံဥက္ကဋ္ဌ၏လုပ်ပိုင်ခွင့် အတွင်းမှ မြန်မာကိစ္စလုပ်နိုင်သမျှအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မည်

တစ်ချိန်က စစ်ဘေးဒဏ်သင့်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အကြမ်းဖက် မှုများ ရပ်တန့်ရန် နှင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ သက်ဆိုင်သူများအကြား ဆွေးနွေးညှိနှိုင်းမှုများနှင့် ရင်ကြားစေ့ရေးမှ တစ်ဆင့်သာ ဖြစ်သည်ဟု ယုံကြည်ကြောင်းနှင့် အဆိုပါ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်ကို တစ်နည်းနည်းနှင့် စတင်ဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးက ထုတ်ပြန် ပြောဆိုသည်။

Soure from the popular.

Cambodia will do their best for Myanmar wiithin the authorithy of the ASEAN Chairmanship

Cambodia Embassy in Myanmar said, Once a war ton country ,believes that the only way to end the violence and return to its original state in burma is through dialogue and reconciliation between stakeholders and that process must begin in some way.

လှိုင်သာယာမြို့နယ်က ဗျူဟာမှူးတပ်စွဲထားသောနေရာနှင့် ရဲတပ်ရင်း(၉)စခန်းအနီးအား ဗုံးပစ်လောင်ချာ ပစ်ခတ်ခံရ-------------------...
11/12/2021

လှိုင်သာယာမြို့နယ်က ဗျူဟာမှူးတပ်စွဲထားသောနေရာနှင့် ရဲတပ်ရင်း(၉)စခန်းအနီးအား ဗုံးပစ်လောင်ချာ ပစ်ခတ်ခံရ
-------------------------------
ဒီဇင်ဘာ ၁၁/၂၀၂၁။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင်း ဗျူဟာမှူးတပ်စွဲထားသော အနော်ရထားဝန်းနှင့် ရဲတပ်ရင်း(၉)စခန်းအနီးအား ဒီကနေ့ည (၇:၀၀)ဝန်းကျင်ခန့်က ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်ခံရပြီး စစ်ကောင်စီယာဉ်တန်းကိုလည်း ဗုံးခွဲတိုက်ခိုက်ခံရကြောင်းသိရသည်။

ဒါပြင် အဆိုပါပစ်ခတ်ခံရသည်အတွက် စခန်းတွင်းမှထွက်ခွာလာသော စစ်ကောင်စီ ယာဉ်တန်း (၅)စီးအား သမကုန်းမှတ်တိုင်အနီးတွင် ထပ်မံဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်ကား (၂)စီး ထိမှန်သွားခဲ့ကာ ဆက်တိုက်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့လာပြီး ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ အနီးနားရောက်ရှိနေသူတစ်ဦးကဆိုပါသည်။

ဗျူဟာမှူး တပ်စွဲထားသော အနော်ရထာဝန်းအတွင်းကို ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက် ည (၇:၀၀)ဝန်းကျင်ခန့်က အဝေးထိန်း ဗုံးပစ်လောင်ချာဖြင့် (၆)ကြိမ်ပစ်ခတ်ခံရပြီး သေဆုံးထိခိုက်မှုများနိုင်သည့်အပြင် ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်က ရဲတပ်ရင်း(၉) စခန်းအနီးကိုလည်း (၂)ကြိမ် ပစ်ခတ်ခံရကြောင်းသိရသည်။

"စစ်ကားတွေ အတန်းလိုက်ထွက်လာတာ သမကုန်းနားရောက်တော့ ဗုံးတွေဆင့်ပေါက်တာ ပထမဆုံး တစ်စီးကတော့ အတော်လေးထိသွားတယ် အဲ့ထဲက ဆက်တိုက်ကိုပစ်တော့တာ ဘယ်သူတွေထိကြလည်းတော့မသိဖူး ဗုံးကရှေ့ဆုံးကားထိသွားတော့ ကားတွေကရပ်ပြီး အဲ့ကနေပစ်တော့တာပဲ ကိုယ်လည်းအသက်လုပြေးလာရတယ်" ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးမှဆိုပါသည်။

၎င်းပစ်ခတ်မှုနဲ့ပတ်သက်၍ လက်ရှိချိန်ထိတော့ မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုရှိကြောင်းကိုတော့ အတွင်းသတင်းအချို့အရ အတည်ပြုနိုင်ခဲ့ပြီး အရေအတွက်ကိုတော့ ဆက်လက်ကြိုးစားစုံစမ်းလျှက်ရှိပါသည်။

@ Source (MP-CDM
Myanmar POlice CDM Channel
Crd

မနေ့က မန္တလေး စစ်ကား၂စီးkissingဆွဲမှု့မှာ ပြုတ်ကျသွားတဲ့ ၂ကောင် ဦးနောက်သွေးခဲသွားတာကြောင့် ဂန့်သွားပြီလို့ကြားရပါတယ်။
11/12/2021

မနေ့က မန္တလေး စစ်ကား၂စီးkissingဆွဲမှု့မှာ

ပြုတ်ကျသွားတဲ့ ၂ကောင် ဦးနောက်သွေးခဲသွားတာကြောင့် ဂန့်သွားပြီလို့ကြားရပါတယ်။

ရေစကြို ဆင်ခြေရာရွာအနီး ပစ်ခတ်မှုတွေဖြစ်အနည်းဆုံး ၃ ဦးသေဆုံးတယ်လို့ဒေသခံတွေပြောဆင်ခြေရွာအနီးရွှေလှံရွာထဲက နေအိမ် ၁၀ လုံး...
11/12/2021

ရေစကြို ဆင်ခြေရာရွာအနီး ပစ်ခတ်မှုတွေဖြစ်အနည်းဆုံး ၃ ဦးသေဆုံးတယ်လို့ဒေသခံတွေပြော
ဆင်ခြေရွာအနီးရွှေလှံရွာထဲက နေအိမ် ၁၀ လုံးလည်း မီးရှို့ခံရ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ဆင်ခြေရာရွာအနီးမှာ ဒီကနေ့ဒီဇင်ဘာ ၁၁ရက်မနက်ပိုင်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေး တပ်တွေကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဘက်က ပြောကြားပါတယ်။

ဆင်ခြေရာကျေးရွာမှာ မနေ့ညပိုင်းကစလို့ စစ်ကောင်စီတပ်တွေ တပ်စွဲတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ ရွာအနီးတိုက်ပွဲတွေစဖြစ်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။

ဒီတိုက်ပွဲအပြီးမှာ ဆင်ခြေရာရွာအနီးက ရွှေလှံရွာအတွင်းက နေအိမ် ၁၀ လုံးထက်မနည်းမီးရှို့ခံရပြီး ရွာနီးစပ်ချုပ်က ကျေးရွာပေါင်း ၁၀ ရွာဝန်းကျင်လောက်က ဒေသခံ ၅၀၀၀ လောက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

Junta troops kill Sagaing villagersDecember 11, 2021Junta soldiers have killed six villagers in Naga Twin Village in Sag...
11/12/2021

Junta troops kill Sagaing villagers

December 11, 2021

Junta soldiers have killed six villagers in Naga Twin Village in Sagaing’s Tabayin Township. Residents fled when junta soldiers raided their village on Wednesday, and the victims were killed as they returned to feed their cattle. They were found dead with their hands tied after junta troops left the village on Friday. Almost all the houses in the village were ransacked and some were torched, villagers said.

10/12/2021

မနက်ဖြန် စျေးထွက်တဲ့အခါ အသီးအရွက် အသားငါးတွေကိုစျေးမဆစ်ဘဲ ဝယ်ပေးကြပါနော်။ ဆိုင်ခုံဖျက်ဆီးခံရ၊ ခိုးခံရတဲ့ စျေးသည်တွေ တွေ့ရင်လည်း တတ်နိုင်ရင် ပိုပေးခဲ့၊ ဖေးမခဲ့ကြပါ။

နက်ဖြန် စျေးမလာဘူးနော်၊ ပိုဝယ်ထားကြ၊ Silent Strike ရှိတယ်ဆိုတဲ့ သူတို့ရဲ့ အသံတွေကြောင့်လည်း ဒီနေ့ Strike ဟာ ပိုလူသိများအောင်မြင်ခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သူတို့ဟာ Wi-Fi ရှိချင်မှ ရှိမယ်။ ဒါပေမယ့် အားလုံးဟာ ရင်ဘတ်ချင်း Signal မိနေကြသူတွေ။

ပြည်သူအတွက် ပြည်သူတွေ ရှိတယ်။ ဖေးမကြမယ်၊ လက်ချင်းတွဲထားကြမယ်။

ရှေးကထက် ပိုချစ်ကြမယ်။
❤️
Crd

Eight townships were further abolished from stay  at home ,Leaving three townshipsNasaka's helath and organization  was ...
10/12/2021

Eight townships were further abolished from stay at home ,Leaving three townships

Nasaka's helath and organization was abolished eight townships in five states and regions from the stay at home program from 4Am on December 11.

Bhamo and Monyin townships,Kachin state; Falam and Thantalang townships; Chin state ; Gangaw and Myaning townships in Magway division,Bilin township in Mon state and Tachileik township in Shan state were abolished.

မြို့နယ်ရှစ်ခုကို Stay at Home ကနေထပ်မံပယ်ဖျက် မြို့နယ် သုံးခုသာပယ်ဖျက်ရန်ကျန်

နစက ရဲ့ကျန်းမာရေးဝန်ကြီးဌာနက တိုင်းဒေသကြီးနဲ့ပြည်နယ် ငါးခုမှာရှိတဲ့ မြို့နယ်ရှစ်ခုကို Stay at Home အစီအစဥ်ကနေ ဒီဇင်ဘာ ၁၁ ရက်မနက် ၄ နာရီကစပြီး ထပ်မံပယ်ဖျက်ပေးလိုက်ပါတယ်။

ကချင်ပြည်နယ်က ဗန်းမော်နဲ့မိုးညှင်းမြို့နယ်၊ ချင်းပြည်နယ်က ဖလမ်းနဲ့ထန်တလန်မြို့နယ်၊ မကွေးတိုင်းက ဂန့်ဂေါနဲ့မြိုင်မြို့နယ်၊ မွန်ပြည်နယ်က ဘီးလင်းမြို့နယ်နဲ့ ရှမ်းပြည်နယ်က တာချီလိတ်မြို့နယ်တို့ကို ပယ်ဖျက်ပေးခဲ့တာဖြစ်ပါတယ်။

တိတ်ဆိတ်ငြိမ်သက်ခြင်း“Slient Strike”ကို မြို့နယ်များတွင်ပြုလုပ်ယနေ့ ဒီဇင်ဘာ၁၀ရက် မနက်၁၀နာရီမှ ညနေ ၄နာရီ အချိန်အထိ ရန်ကုန...
10/12/2021

တိတ်ဆိတ်ငြိမ်သက်ခြင်း“Slient Strike”ကို မြို့နယ်များတွင်ပြုလုပ်

ယနေ့ ဒီဇင်ဘာ၁၀ရက် မနက်၁၀နာရီမှ ညနေ ၄နာရီ အချိန်အထိ ရန်ကုန်၊မန္တလေး၊နေပြည်တော်အပါအဝင်မြို့ကြီးများနှင့် နယ်မြို့တို့တွင်တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်“Slient Strike”ကို ပြုလုပ်လျှက်ရှိနေကြသည်.

Hold a " Silent strike" in townships

Today ,December 10 ,From 10Am to 4Pm there will be a silent strike in yangon,Mandalay,NaypyitaAw and other cities and other towns. .

လူ့အခွင့်အရေးနေ့ငြိမ်သက်ခြင်းသပိတ်မှာပါဝင်မယ့် ပြည်သူတချို့ဖိအားပေးခံနေရဖိအားပေးမှုတွေရှိပေမယ့် နိုင်ငံတဝန်းလူထုငြိမ်သက်...
10/12/2021

လူ့အခွင့်အရေးနေ့ငြိမ်သက်ခြင်းသပိတ်မှာပါဝင်မယ့်
ပြည်သူတချို့ဖိအားပေးခံနေရ

ဖိအားပေးမှုတွေရှိပေမယ့် နိုင်ငံတဝန်းလူထုငြိမ်သက်ခြင်းသပိတ်စတင်

အာဏာသိမ်းဖြစ်စဉ် ၁၀ လတာကာလမှာ နိုင်ငံတဝန်းလူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖမ်းဆီးခံရသူတွေနဲ့ပစ်ခတ်မှုတွေကြောင့် သေဆုံးရတာတွေအတွက်၊ ဆုံးရှုံးသွားတဲ့ လူ့အခွင့်အရေးတွေအတွက် ငြိမ်သက်ကြဆိုတဲ့ ငြိမ်သက်ခြင်းသပိတ်ကို နိုင်ငံတဝန်းမှာ ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင်လုပ်ဆောင်နေကြပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ဒီကနေ့ဒီဇင်ဘာ ၁၀ ရက်လူ့အခွင့်အရေးနေ့မှာ
ငြိမ်သက်ခြင်းသပိတ်နဲ့ Black Campaign မှာ ပါဝင်ဖို့နှိုးဆော်ထားသလိုလူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ဒီလှုပ်ရှားမှုကိုထောက်ခံအားပေးသူတွေများပြားနေပါတယ်။

ဒါပေမဲ့ ဒီသပိတ်မတိုင်ခင် ဒီဇင်ဘာ ၉ ရက်နေ့ကတည်းက အသံတိတ်သပိတ်မှာ မပါဝင်ဖို့စစ်ကောင်စီဘက်ကက ရန်ကုန်မြို့တွင်းရပ်ကွက်တချို့မှာ လိုက်လံနှိုးဆော်နေပြီး
နယ်မြို့တချို့မှာတော့ ဈေးဆိုင်တချို့ကို မဖြစ်မနေဖွင့်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကဖိအားပေးနေတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။

ဒီကနေ့ဒီဇင်ဘာ ၁၀ရက်နေ့မှာ မနက် ၁၀နာရီကနေ ညနေ ၄နာရီအထိ ကိုယ့်အိမ်ထဲမှာကိုယ်နေပြီးကားမရှိ၊ ဈေးမဖွင့် ၊ လူမရှိ၊ ဆိုင်မဖွင့်ဆိုတဲ့ ငြိမ်သက်တဲ့နည်းနဲ့ ဆန္ဒထုတ်ဖော်ဖို့တော်လှန်ရေးအင်အားစုတွေကနှိုးဆော်ထားပါတယ်။

အဲဒီအချိန်မှာပဲ ဒီနေ့ကျရောက်တဲ့လူ့အခွင့်အရေးအနေ့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး လူ့အခွင့်အရေးနဲ့မညီမျှမှုတွေလျော့ကျစေရေးအတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုပြန်ပါတယ်။

ပြည်တွင်းမှာတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ပြစ်တင်ဝေဖန်ထားပါတယ်။

#ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ-Kamayut Information
ပုံစာ- ရန်ကုန်မြို့၊ လှည်းတန်းလမ်းမအနီး ပိတ်ထားတဲ့ဆိုင်တွေအနားမှာတွေ့ရတဲ့စစ်ကောင်စီတပ်များ

Silent Strike in Myanmar on December 10,2021.Streets,Roads,Markets and high traffic areas are empty in Myanmar beacuse o...
10/12/2021

Silent Strike in Myanmar on December 10,2021.

Streets,Roads,Markets and high traffic areas are empty in Myanmar beacuse of silent strike. THE residents of Myanmar take part in a silent strike as against the Regime military.

ဒီဇင်ဘာ ၁ဝ,၂၀၂၁ခုနှစ် မြန်မာနိုင်ငံမှ အသံတိတ်သပိတ်

မြန်မာနိုင်ငံတွင် အသံတိတ်သပိတ်ပြုလုပ်နေခြင်းကြောင့်လူသွားလူလာများသောနေရာများ ဈေးများ နှင့်လမ်းကြိုလမ်းများတွင်ပါ လူများ ကင်းစင်နေသည်။ စစ်အစိုးရကိုမြန်မာ ပြည်သူများကဘအသံတိတ်သပိတ် ဖြင့် ဆန့်ကျင်ခဲ့ကြသည်။

09/12/2021

၁ဝ ရက်နေ့ တို့ပြည်သူတွေ Silet strike သပိတ်
မှောက်ကြမယ်။

ညီစေနော်။

08/12/2021
ဘုရားလည်းမကယ်ဘူး နတ်လည်းမကယ်ဘူးPDFက ကယ်မှာဒီမှာ တိုက်ရိုက်လှူပေးပါ။PDF တွေဆီကို တိုက်ရိုက်ရောက်မှာပါ။မှတ်ချက်။   pageကနေ...
08/12/2021

ဘုရားလည်းမကယ်ဘူး
နတ်လည်းမကယ်ဘူး
PDFက ကယ်မှာ
ဒီမှာ တိုက်ရိုက်လှူပေးပါ။
PDF တွေဆီကို တိုက်ရိုက်ရောက်မှာပါ။

မှတ်ချက်။ pageကနေအလှူခံခြင်းမဟုတ်ပါ။

KNU နှင့်အတူ PDF များ စတင်ပူးပေါင်း၍ စစ်တပ်ကို တိုက်ပွဲဝင်နေပြီဟု  တရား ဝင် သတင်းထုတ်ပြန်၊ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးရန်ကုန်...
08/12/2021

KNU နှင့်အတူ PDF များ စတင်ပူးပေါင်း၍ စစ်တပ်ကို တိုက်ပွဲဝင်နေပြီဟု တရား ဝင် သတင်းထုတ်ပြန်၊ စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၈

ကရင်ပြည်နယ်တွင် KNU ကရင်အမျိုးသားအစည်းအရုံးနှင့်အတူ PDF များ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း KNU ဗဟိုက တရားဝင် ယနေ့ သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖြစ်သည့် ခမရ - ၄၀၇ ၏ စစ်ကြောင်းတစ်ကြောင်းသည် မထောကျေးရွာသို့ စတင်ထွက်ခွာလာရာ မြေနီကုန်းနှင့်ထီးဂေလိုကြားအရောက်တွင် KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် (၅) တပ်မဟာ လက်အောက်ရှိတပ်သားများမှ ဆွဲမိုင်းဖြင့်ကြားဖြတ်တိုက်ခိုက်ရာ အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဘက်မှ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း၊ ထိုနေ့တစ်ရက်တည်းမှာပင် KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် PDF များပူးပေါင်းကာ ညနေ ၂ နာရီ ၃၀ မိနစ်အချိန်ခန့် အဆိုပါ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကြောင်းကိုပင် ပြောက်ကျားနည်းဖြင့် ဝင်ရောက်ပစ်ခတ်ရာ အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ ၄ ဦးသေဆုံး၍ ၆ ဦးဒဏ်ရာရရှိသွားကြောင်းနှင့် KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း KNU ဗဟိုဘက်က ထုတ်ပြန်ထားသော သတင်းအရ သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဖလပ်ခိုဒေသအတွင်း နယ်မြေလုံခြုံရေးယူနေသည့် KNLA ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်သည် အာဏာသိမ်းစစ်ကောင်စီတပ်၏ အတည်မပြုနိုင်သည့် တပ်ရင်းနှင့် ဖလပ်ခို-ကူဒေးဒေသတွင်တစ်ကြိမ်၊ ဝါကလေတူဒေသတွင်တစ်ကြိမ် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီ၏တပ်ဘက်မှ ထိခိုက်သေဆုံးမှုကိုအတိအကျမသိရှိရသော်ငြားလည်း တိုက်ပွဲအပြီး နယ်မြေရှင်းလင်းစဥ် အာဏာသိမ်းစစ်ကောင်စီတပ်၏ အလောင်းတစ်လောင်း ကျန်ရှိသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် စစ်ရေးပြ အခမ်းအနားမှ KNU တပ်ဖွဲ့ဝင်များ။
Photo - AFP/Karen National Union

ချောင်းဦးတွင် "ဆောင်းဥတုကြောင့် အေးသွားမယ့်ထဲမှာ ပြည်သူတွေရဲ့ တော်လှန်ရေးသွေး မပါခဲ့ဘူး" စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တ...
08/12/2021

ချောင်းဦးတွင် "ဆောင်းဥတုကြောင့် အေးသွားမယ့်ထဲမှာ ပြည်သူတွေရဲ့ တော်လှန်ရေးသွေး မပါခဲ့ဘူး" စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၈

ချောင်းဦးမြို့နယ် အမြင့် တိုက်နယ် သပိတ်စစ်ကြောင်းနှင့် အမြင့်တိုက်နယ် အတွင်းရှိ ကျေးရွာ တစ်ရွာတို့ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် "ဆောင်းဥတုကြောင့် အေးသွားမယ့်ထဲမှာ ပြည်သူတွေရဲ့ တော်လှန်ရေးသွေး မပါခဲ့ဘူး" စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Ten people were burned to death in sagaing. Withnesses said, Soilders set fire to ten people. သက်သေများအရ စစ်ကိုင်းတိုင်...
08/12/2021

Ten people were burned to death in sagaing. Withnesses said, Soilders set fire to ten people.

သက်သေများအရ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များက ပြည်သူဆယ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်။

Breaking: Myanmar ousted democracy leader Daw Aung San Su Kyi and the president of myanmar U Win Myint were sentenced by...
06/12/2021

Breaking: Myanmar ousted democracy leader Daw Aung San Su Kyi and the president of myanmar U Win Myint were sentenced by a junta court on December 6,2021 ,to four years in prison for violating the COVID 19 restrictions and incitement.

မြန်မာ့ဒီမိုကရေစီမိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်ကို ဖက်ဆစ်တရားရုံးက ဒီဇင်ဘာ 6 ရက် ၂ဝ၂၁ မှာ က်ုဗစ်(19) ကန့်သန့်ချက် ဖောက်ဖျက် လှုံဆော်မှုဖြင့် ထောင်ဒဏ် လေးနှစ် ကို ချမှတ်ခဲ့သည်။

ကြည့်မြင်တိုင်မှာစစ်ခွေးတွေတိုက်သွားတာနာကြည်းနေသလား နာကြည်းလိုက် ထိုVideoကိုအခါ တစ်ရာကိုယ့်ပါးကိုရိုက်ပီးကြည့် ငါတို့အလှ...
05/12/2021

ကြည့်မြင်တိုင်မှာစစ်ခွေးတွေတိုက်သွားတာနာကြည်းနေသလား နာကြည်းလိုက် ထိုVideoကိုအခါ တစ်ရာကိုယ့်ပါးကိုရိုက်ပီးကြည့် ငါတို့အလှည့်ကြရင် L*Eတောင်သနားစရာအလိုဘူး Mal min aung hlaing mal စစ်တပ်ဘများများလှူ များများ Click မင်းတို့ငါတို့ပိုလှူလေပို နိုင်လေဘဲ
ငါတို့တွေနိုင်ကိုနိုင်ရမည်.

လှူမည့်သူများလာရောက်တက်သွယ်ပေးပါ သက်နြဲ့တကွ ရှင်းလင်းပေးပါမယ် L*Eတောင်သွေးမအေးဘူးကွ
ဖက်စစ်တရားရုံး၊စစ်စည်ပင်၊စစ်ခွေး၊ရဲခွေး၊ဆရာ ဆရာမ အတုတေကိုရှင်းလင်းကြမည်။

ညီစေနော်။


Don't be discouraged . We can donate. We can click. We can fight together. .ကျွန်တော်တို့Pageကိုလာရောက်လှူဒန်းနိုင်ပါတယ်...
05/12/2021

Don't be discouraged .
We can donate.
We can click.
We can fight together. .

ကျွန်တော်တို့Pageကိုလာရောက်လှူဒန်းနိုင်ပါတယ်
လှူပြီရင်သက်သေတွေနဲ့တကွပြပါမယ်နောက်ပီးရင်မှတ်ပုံတင်ပါ လာလှူသူတေကိုပြပါမယ်. .

ငါတို့တွေနိုင်ကိုနိုင်ရမည်. .


အစကတော့ ဒီ Page ကို S*X Pageအနေနဲ့ဖွင့်တာပေါ့ ဒါပေမဲ့ဒီနေ့ကစပီး နိုင်ငံအကျိုးကို သယ်ပိုးနေတဲ့ကလေးတေအတွက်တစ်ထောင့်တစ်နေရာ...
05/12/2021

အစကတော့ ဒီ Page ကို S*X Pageအနေနဲ့ဖွင့်တာပေါ့ ဒါပေမဲ့ဒီနေ့ကစပီး နိုင်ငံအကျိုးကို သယ်ပိုးနေတဲ့ကလေးတေအတွက်တစ်ထောင့်တစ်နေရာကပါဝင်ကူညီတော့မယ်။

Intially,this page was intended to be used for s*x page. Now,We decided to do good things. We wanna responsible for the country. . .


Address


Telephone

+959444004800

Website

Alerts

Be the first to know and let us send you an email when Supporting For PDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Supporting For PDF:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share