မုဒြာလေးနဲ့အတူတူ မန္တလေးစျေးချိုတစ်ဝိုက် လျှောက်လည်ကြရအောင်ရှင်
မုဒြာလေးနဲ့အတူတူ မန္တလေးစျေးချိုတစ်ဝိုက် လျှောက်လည်ကြရအောင်ရှင် 😉❤️
မန္တလေးနဲ့ စျေးချိုဆိုတာ ခွဲထားလို့ကိုမရတဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး စျေးချိုမရောက်ခင်ပထမဆုံးမြင်ရမှာကတော့ နာရီစင်ကြီးပါ 😍
နာရီစင်ကြီးအကြောင်းလည်း အသေးစိတ်ပြောပြထားတဲ့အပြင် စျေးချိုတစ်ဝိုက်လည်း လိုက်ပြပေးထားတာမို့ အဆုံးထိလိုက်ကြည့်ကြနော်
အရသာရှိတဲ့ မြန်မာအစားအစာလေးတွေ၊ မြင်လိုက်တာနဲ့ စားချင်စဖွယ်ဖြစ်နေတဲ့ Street Food လေးတွေစားပြထားတာဆိုတော့ ဗီဒီယိုကြည့်ရင်း ဗိုက်ဆာလာမှာတော့ အသေအချာပါပဲ 🤭
နောက်အပတ်တွေမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေ၊ ဗဟုသုတရစရာ ဗီဒီယိုလေးတွေနဲ့ ပြန်လာဦးမှာမို့ ဆက်ဆက်စောင့်ကြည့်ပေးကြဖို့ ပြောချင်ပါတယ်ရှင့်
#ZayCho
#Mandalay
#KnowledgeSharing
#ByMudra
စာအုပ်အကြီးကြီးလို့ပြောရင် အဘိဓာန်စာအုပ်အရွယ်အစားလောက်ပဲ မျက်လုံးထဲ ပေါ်ကြတယ်မလား
စာအုပ်အကြီးကြီးလို့ပြောရင် အဘိဓာန်စာအုပ်အရွယ်အစားလောက်ပဲ မျက်လုံးထဲ ပေါ်ကြတယ်မလား ❓
ဒီနေ့မှာတော့ မုဒြာက ကမ္ဘာ့စာအုပ်အကြီးကြီးကို လိုက်ပြပေးမယ်ရှင် 🥳
ဒီစာအုပ်ကြီးကတော့ မင်းတုန်းမင်းတရားကြီးကိုယ်တိုင်စီမံကိန်းချဆောင်ရွက်ခဲ့တဲ့ စာအုပ်ကြီးပါ
စာအုပ်ကြီးရဲ့ စာရွက်တိုင်းက စက္ကူမဟုတ်ဘဲ ကျောက်သားတွေပါရှင့် 💜
ကျောက်ချပ်ပေါင်း ၇၂၉ ချပ်နဲ့ စာမျက်နှာပေါင်း ၁၄၅၈ မျက်နှာရှိတဲ့ ဒီစာအုပ်အထူကြီးကို ထိန်းသိမ်းထားရာ နေရာကတော့ မန္တလေးမြို့ ကုသိုလ်တော်ဘုရားကြီးမှာပါ 🙏🏻
🔹 ကျောက်စာပေါ်မှာ ဘာတွေရေးသားထားလဲ
🔹 သင်္ဂါယနာ ၆ ကြိမ်ကို ဘယ်လိုကျင်းပခဲ့သလဲ
🔹 ကမ္ဘာ့ယူနက်စကိုအဖွဲ့ဝင်ဖြစ်အောင်ထိ ဘယ်လိုတောင်ခမ်းနားလိုက်သလဲ ဆိုတာတွေကိုသိချင်ရင်တော့ ဗီဒီယိုလေးကို အဆုံးထိကြည့်ပေးပါနော် 😍
နောက်အပတ်တွေမှာလည်း ဗဟုသုတ ရစရာတွေ ထပ
Hello…. ပုဂံမြေကို လွမ်းနေကြတဲ့ Mudra ရဲ့ Followers တွေအတွက် သတင်းကောင်း နှစ်ခုရှိပါတယ်ရှင့်
ပုဂံမြေဆိုတာ Mudraတို့မြန်မာလူမျိုးတိုင်းရဲ့ အသွားချင်ဆုံးနဲ့ ဘယ်နှခေါက်သွားသွား မငြီးငွေ့တဲ့မြေပါပဲ 💛
ဘုရားကျောင်းကန်၊ စေတီပုထိုး၊ မြင်းလှည်းသံလေးတွေ၊ အညာမြေရနံ့လေးအပြင် ရိုးရာအမွေအနှစ်ယွန်းထည်ပစ္စည်းလေးတွေအထိ မြတ်နိုးစရာတွေပဲ ပြည့်နေတာဆိုတော့ တကယ့်ကို သွားချင်စရာလေးပေါ့ရှင်။
မုဒြာလေး ဒီတစ်ခေါက်ပုဂံသွားရင်း Ballon လည်းစီးခဲ့တယ် ~ Ballon ပေါ်ကနေ ပုဂံတစ်မြို့လုံးကိုမြင်ရတာလေ ရှုခင်းလေးက သိပ်ကိုလှတာပဲ ❤️
ဒါ့ကြောင့် မုဒြာလေးရဲ့ followers တွေကို ကိုယ်တိုင်မြင်စေချင်တဲ့ စိတ်ကူးလေးရလာလို့ 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 လေးလည်း စီစဉ်ထားပေးပါတယ်ရှင့်
ပုဂံမြေကို လွမ်းနေကြတဲ့ Mudra ရဲ့ Followers တွေအတွက် သတင်းကောင်း နှစ်ခုရှိပါတယ်ရှင့် ✨
🤎 ပထမတစ်ခုကတော့ ပုဂံမြို့ရဲ့ အလှတရားကို အပြည့်အဝရှုစားလို့ရမယ့် မီးပုံးပျံလက်မှတ်တွေ Mudra တို့ Page မှာ ဝယ်လို့ရပြီ
ဦးပိန်တံတား (တောင်သမန်တံတား) အကြောင်းကို မုဒြာလေးပြောပြပေးပါ့မယ်ရှင်။
ဒီရက်ပိုင်းမှာ ရှေးဟောင်းယဉ်ကျေးမှုနေရာတစ်ခုဖြစ်တဲ့ ဦးပိန်တံတား ကျိုးပဲ့ပျက်စီးသွားတဲ့အကြောင်း အားလုံးကြားမိကြမှာပါ… 😢
စိတ်မကောင်းစရာအဖြစ်နဲ့ ကြုံလိုက်ရတဲ့ ဦးပိန်တံတား (တောင်သမန်တံတား) အကြောင်းကို မုဒြာလေးပြောပြပေးပါ့မယ်ရှင်။
ဦးပိန်တံတားကို ၁၈၄၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၈၅၁ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တာမို့ နှစ်ပေါင်း (၁၇၂) နှစ်ရှိပါပြီ။
ဦးပိန်တံတားဟာ မန္တလေးမြို့ရဲ့ပြယုဂ်တစ်ခုဆိုလည်းဟုတ်သလို မန္တလေးရောက်ပြီဆိုတာနဲ့ လူတိုင်းသွားကြရတဲ့နေရာလေးဆိုလည်း မမှားပါဘူး။
ပါးစပ်ရာဇဝင်ပေါင်းများစွာနဲ့ ချစ်စရာကောင်းတဲ့ အမှတ်တရတွေပြည့်နှက်နေတဲ့နေရာလေးမို့ ကျိုးပဲ့ပျက်စီးသွားတယ်ကြားရတာ တကယ်ကို နှမြောတသဖြစ်မိပါတယ်။
ကမ္ဘာ့အရှည်လျားဆုံး ကျွန်းသစ်တံတားလို့ ခေါ်တွင်လောက်အောင်ထိ ဦးပိန်တံတားက ဘယ်လ
သီတင်းကျွတ်ပွဲတော် အကြောင်း
သီတင်းကျွတ်ရောက်ပြီဆိုတော့ ဒီအပတ်မှာ မုဒြာလေးက ဗုဒ္ဓဘာသာဝင်တိုင်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြတဲ့ "သီတင်းကျွတ်ပွဲတော်" အကြောင်း ပြောပြပေးမယ်ရှင့်။
သီတင်းကျွတ်ပွဲတော်ဆိုတာ မြန်မာပြည်မှာ သင်္ကြန်ပြီးရင် ဒုတိယနာမည်အကြီးဆုံးပွဲတော်ဖြစ်ပါတယ်။
မြတ်စွာဘုရားက ဝါတွင်းသုံးလလုံး တာဝတိံသာမှာ တရားထူးတရားမြတ်ဟောပြီး လူ့ပြည်ပြန်ဆင်းလာတာကို ကြိုဆိုတဲ့အနေနဲ့ အိမ်၊ ကျောင်း၊ ဘုရားစေတီတို့မှာ ဆီမီးတွေပူဇော်ကြပြီး ဆင်နွှဲကြလို့
မြန်မာ့မီးထွန်းပွဲတော်လို့လည်း လူသိများပါတယ်။
ဝါတွင်း (၃) လပြီးဆုံးတဲ့အချိန်မို့ ဝါကျွတ်လို့လည်းခေါ်ကြပြီး ခရစ်နှစ်ပြက္ခဒိန်အရဆို အောက်တိုဘာလမှာ ကျရောက်လေ့ရှိပါတယ်။
ဒီအချိန်ဟာ မိုးအကုန်ဆောင်းအကူးအချိန်ဖြစ်ပြီး ရာသီဥတုအလွန်သာယာတာကြောင့် ဇာတ်ပွဲတွေ၊ ဘုရားပွဲတွေနဲ့ အခြားပျော်ပွဲရွှင်
နေ့စဉ်မပြတ် ဆောင်ရွက်ကြတဲ့ လေးစားကြည်ညိုဖွယ်ရာ ညရုံသင်္ကန်းကပ်လှူခြင်းမင်္ဂလာ 🙏
နေ့စဉ်မပြတ် ဆောင်ရွက်ကြတဲ့ လေးစားကြည်ညိုဖွယ်ရာ ညရုံသင်္ကန်းကပ်လှူခြင်းမင်္ဂလာ 🙏
မင်္ဂလာပါရှင့်.... မုဒြာလေး ပြန်လာပါပြီ။
မဟာမြတ်မုနိဘုရားကြီးရဲ့ နေ့စဉ်ဝေယျာဝစ္စကုသိုလ်တွေထဲကတစ်ခုဖြစ်တဲ့ မျက်နှာသစ်ခြင်းအခမ်းအနားအကြောင်းကိုတော့ ရှေ့ဗီဒီယိုတစ်ခုမှာ ပြောပြပေးခဲ့ပြီးပါပြီ။
ဒီနေ့မှာတော့ ညရုံသင်္ကန်းကပ်လှူခြင်းအကြောင်း ဆက်လက်ပြောပြပေးပါမယ်ရှင်။
⚜️ ညရုံသင်္ကန်းကပ်လှူခြင်းဆိုတာ ဆင်းတုတော်ကြီးရဲ့ ကိုယ်လုံးတော်ကို နောက်နေ့နံနက်မျက်နှာသစ်တော်အခမ်းအနားကျင်းပသည့်အချိန်အထိ တစ်ညတာ ခြုံလွှမ်းရန်အတွက် သင်္ကန်းကြီး ကပ်လှူခြင်း ဖြစ်ပါတယ်။
⚜️ ညနေခင်း ၃:၀၀ မှ ၄:၀၀ အထိ ကျင်းပလေ့ရှိပြီး ရှေးကတည်းက ရှိခဲ့တဲ့ ရိုးရာပါ။
⚜️ ဝိုင်းဝန်းလှူဒါန်းသူများပြားလွန်းတဲ့အတွက် ညစဉ်လဲလှယ်အသုံးပြုရန် သင်္ကန်းအသစ်များစွာရှိပါတယ
မဟာမြတ်မုနိဘုရားကြီးရဲ့ နေ့စဉ် မျက်နှာသစ်အခမ်းအနားအကြောင်း သိကောင်းစရာ
⚜️ မဟာမြတ်မုနိဘုရားကြီးရဲ့ နေ့စဉ် မျက်နှာသစ်အခမ်းအနားအကြောင်း သိကောင်းစရာ ⚜️
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ ရွှေမန္တလေးမြို့ရဲ့ မဟာမြတ်မုနိဘုရားကြီးကို နေ့စဉ်နဲ့အမျှ လာရောက်ဖူးမြော်သူတွေများပြားလှသလို ဝေယျာဝစ္စပိုင်းမှာလည်း အသေးစိတ်ဆောင်ရွက်ရပါတယ်။
ဘုရားကြီးရဲ့ မျက်နှာသစ်တော်အခမ်းအနားကို မနက် ၄ နာရီကတည်းက စတင်ကျင်းပပြီး ထေကြီးဝါကြီးရဟန်းတော်တစ်ပါးရဲ့ ဦးစီးဆောင်ရွက်မှုနဲ့ လူပုဂ္ဂိုလ်များက ကူညီရပါတယ်။
မျက်နှာသစ်တော်အခမ်းအနားကျင်းပစဉ်မှာ ကြည်နူးသာယာတဲ့ မြန်မာဂီတသံကို နားသောတဆင်ကြရပါတယ်။
ခုလိုတခမ်းတနား ဆောင်ရွက်ကျင်းပကြတဲ့ မျက်နှာသစ်တော်အခမ်းအနားအကြောင်း မုဒြာလေးက အသေးစိတ်ပြောပြထားတာမို့ ဗီဒီယိုလေးကို အဆုံးထိကြည့်ပေးကြပါဦးနော်။
နောက်အပတ်တွေမှာရော ဘယ်လိုဗဟုသုတရစရာတွေ တင်ပေးသွားဦ
⚜️ ရွှေမန္တလေးမြို့ရဲ့ ဂုဏ်ယူကြည်ညိုစရာ မဟာမြတ်မုနိဘုရားကြီး သမိုင်းကြောင်း ⚜️
မဟာမြတ်မုနိဘုရားဆိုတာ မြန်မာလူမျိုးမှန်ရင် မသိသူမရှိလောက်အောင် နာမည်ကျော်ကြားပြီး တစ်နိုင်ငံလုံးက လူတွေ သောင်းသောင်းဖြဖြ လာရောက်ဖူးမြော်ကြတဲ့ ဘုရားကြီးဆိုလည်း ဟုတ်ပါတယ်။
မန္တလေးမြို့ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ မဟာမြတ်မုနိဘုရားကြီးနဲ့ ပတ်သက်လို့ အရပ်စကားအမျိုးမျိုးကြားဖူးကြပေမဲ့ တကယ့်သမိုင်းကြောင်းအမှန်ကိုတော့ သိသူနည်းပါးလှပါတယ်။
ဒါ့ကြောင့် မုဒြာလေးက ဘုရားကြီးစတင်တည်ထားခဲ့တဲ့ ဘုရားရှင်လက်ထက်ကတည်းကနေ ယနေ့ မန္တလေးမြို့ရောက်သည်အထိ သမိုင်းကြောင်းအဆက်ဆက်ကို သေချာရှင်းပြပေးထားပါတယ်ရှင့်။
မြန်မာမှာ တစ်ဆူတည်းရှိတဲ့ မြတ်စွာဘုရားနဲ့ တထေရာတည်းတူတဲ့ ဘုရားကြီးဖြစ်ပြီး ဘုရားရှင်လက်ထက်ကတည်းက တည်ထားကိုးကွယ်ခဲ့တာဖြစ်ပါတယ်။
ဘ
မဟာမြတ်မုနိဘုရားထဲက ခမာရုပ်ထုကြီး ၆ခုရဲ့ သမိုင်းကြောင်း
⚜️ မဟာမြတ်မုနိဘုရားထဲက ခမာရုပ်ထုကြီး ၆ခုရဲ့ သမိုင်းကြောင်း ⚜️
ခမာရုပ်ထုဆိုတာကိုကြားဖူးကြပါသလား ❓❔
ကြေးရုပ်ထုတွေကိုမှ ဘာသာရေးဆိုင်ရာလိုလို အထိမ်းအမှတ်လိုလို သေချာဝေခွဲပြီး မသိသူတွေအတွက် သမီးလေးမုဒြာမှ ဒီ ဗီဒီယိုကနေတစ်ဆင့်အသေးစိတ်ပြောပြပေးထားပါတယ်ရှင့်။
တကယ်တမ်းက ကမ္ဘောဒီးယား အန်ကောဝပ်ကျောင်းတော်မှာ မူလတည်ရှိခဲ့တာပါ၊ ကမ္ဘောဒီးယားကို အယုဒ္ဓယက သိမ်းပိုက်ခဲ့တဲ့နေရာမှာ အရုပ်တွေကိုပါ ယူဆောင်လာခဲ့ပါတယ်။
မြန်မာဘုရင် ဘုရင့်နောင်လက်ထက်ကျ အယုဒ္ဓယပြည်ကို အနိုင်ရပြီး မြန်မာဘုရင်အဆက်ဆက်လက်ဆင့်ကမ်းသယ်ဆောင်လာရာကနေ မန္တလေးမြို့ကို ရောက်ရှိလာခဲ့တာပါ။
ခမာရုပ်ထုကြီးတွေကို အနီးကပ်မြင်ချင်ရင်တော့ မဟာမြတ်မုနိဘုရားမှာ (၆) ခု တိတိရှိပါတယ်ရှင့်၊ ကိုယ်တိုင်သွားရောက်လေ့လာနိုင်ပါတယ်။
ကိုယ်တိုင်မသွားနိုင်ရင်လည်း ပ
⚜️ မတောင်းဘဲပြည့်တဲ့ဆု သို့မဟုတ် ရေလှူရခြင်းအကျိုးတရား (၁၀) ပါး ⚜️
မင်္ဂလာပါရှင်..
မြန်မာ့ရိုးရာ၊ ဗုဒ္ဓသာသနာတို့နှင့်ဆိုင်သော ဗဟုသုတရဖွယ်ရာများကို အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗦𝗵𝗮𝗿𝗶𝗻𝗴 𝗯𝘆 𝗠𝘂𝗱𝗿𝗮 မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီနေ့မှာတော့ သမီးမုဒြာက ရေလှူရခြင်းအကျိုးတရား (၁၀) ပါးအကြောင်း အသေးစိတ်ရှင်းပြမှာပါရှင့်...။
မြန်မာနိုင်ငံရဲ့ချစ်စရာဓလေ့ထဲမှာ ရေအလှူက ထိပ်ဆုံးကနေပါပါတယ်။
ခရီးသွားတဲ့လမ်းတစ်လျှောက်မှာ ရေချမ်းစင်လေးတွေ တန်းစီနေတာကို မြင်ရသလို ဘယ်သူ့ကိုမဆို ရေကြည်ရေအေးတစ်ခွက်တောင်းသောက်ဖို့ မခက်ခဲတဲ့ နိုင်ငံပါ။ ။
ဒီလိုချစ်စရာကောင်းတဲ့ ဓလေ့လေးတွေကို ဆက်လက်ထိန်းသိမ်းကြဖို့ ရည်သန်ပြီး ဒီ Video လေးတင်ပေးလိုက်ပါတယ်ရှင်။
နောက်အပတ်တွေမှာလည်း ဘယ်လိုဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ဦးမလဲဆိုတာ ဆ
သမီးလေးမုဒြာပြောပြမယ့် ❝ ဆွမ်းလှူရခြင်းအကျိုးငါးပါး ❞ အကြောင်း 🙏
"ဆွမ်း" ဆိုတာ သံဃာတော်တွေရဲ့ စားသောက်ဖွယ်ရာဖြစ်ပြီး ပုံမှန်အားဖြင့် ထမင်းနဲ့ဟင်းပါဝင်ပါတယ်။
သံဃာတော်များဟာ မနက် ၅နာရီမှာ အာရုဏ်ဆွမ်းတစ်ကြိမ်၊ နေ့လည် ၁၁နာရီခန့်မှာ နေ့ဆွမ်းတစ်ကြိမ် ဘုဉ်းပေးလေ့ရှိကြပါတယ်။
သံဃာတော်ဆိုတာ ဘုရားသားတော်တွေဖြစ်တာနဲ့အညီ အလုံးစုံစွန့်လွှတ်ခြင်းကိုကျင့်သုံးလက်ခံပြီး နေထိုင်ကြသူများဖြစ်တဲ့အတွက် သာသနာရေးမှာပိုပြီးအာရုံစိုက်နိုင်စေဖို့ ဒကာ၊ ဒကာမတွေက ဆွမ်း၊ခဲဖွယ်၊ ဘောဇဉ်၊ ချိုချဉ်၊ အရသာများကပ်လှူကြခြင်းဖြစ်ပါတယ်။
သံဃာတော်များအတွက် ဆွမ်းကပ်လှူခြင်းအားဖြင့် ❝ အသက်ရှည်ခြင်း၊အနာမဲ့ခြင်း၊ အဆင်းလှခြင်းဉာဏ်ပညာကြီးခြင်းနဲ့ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း❞ ကဲ့သို့သော အကျိုး (၅) ပါးကို ရရှိနိုင်ပါတယ်။
ဗုဒ္ဓဘာသာဝင်
Knowledge Sharing By Mudra Page မှ
Mudra လေးက အားလုံးကို ကြိုဆိုလိုက်ပါတယ်ရှင့်👧🏻
💦 သင်္ကြန်ပွဲတော်ဖြစ်ပေါ်လာပုံ
💦 င်္သကြန်ပွဲတော်နွှဲပျော်ကြပုံ
💦 င်္သကြန်ပွဲတော်ရဲ့သွင်ပြင်လက္ခဏာတွေနဲ့
💦 မြန်မာ့သင်္ကြန်ဖြစ်ပေါ်လာပုံအကြောင်းစုံကို
Mudra လေးက ဗဟုသုတရဖွယ်
ဘယ်လိုတွေ ပြောပြတင်ဆက်ထားလဲဆိုတာကို
ဒီ video လေးမှာ အတူတူကြည့်လိုက်ကြရအောင်လား ✨
နောက်များမှာလည်း အခုလို စိတ်ဝင်စားစရာ
ဗဟုသုတရဖွယ်အကြောင်းအရာမျိုးစုံကို
အမြဲတင်ဆက်သွားပေးမှာမို့ Page ကို like & follow လုပ်သွားဖို့လည်း ဖိတ်ခေါ်ပါတယ်နော်
ပျော်ရွှင်ဖွယ်သင်္ကြန်အားလပ်ရက်လေးများ
ပိုင်ဆိုင်ကြပါစေလို့ Mudra လေးက
ဆုမွန်းကောင်းတောင်းပေးအပ်ပါတယ်ရှင့်. . . 🙏🏼
YouTube Channel Link -
https://www.youtube.com/channel/UCGQruZISOP9UWKpFpnzON-A
#thingyanfestival
#knowledgesharingbymudra