Video Editing & Photo Retouch By Grace

  • Home
  • Video Editing & Photo Retouch By Grace

Video Editing & Photo Retouch By Grace Phone နဲ့ပဲဖြစ်ဖြစ် / Laptop နဲ့ပဲ ဖြစ်ဖြစ် phot

😍Hello အားလုံးပဲ မင်္ဂလာပါ။မတွေ့ရတာ တော်တော်ကြာပြီနော်။ဒီနေ့မှာတော့ ပြင်ဖြစ်တဲ့ ပုံလေးအကြောင်းကို ပြောပြချင်လို့ပါရှင့်။...
04/04/2022

😍Hello အားလုံးပဲ မင်္ဂလာပါ။မတွေ့ရတာ တော်တော်ကြာပြီနော်။ဒီနေ့မှာတော့ ပြင်ဖြစ်တဲ့ ပုံလေးအကြောင်းကို ပြောပြချင်လို့ပါရှင့်။

😍Body မိုက်မိုက်လေးလဲ ဖြစ်၊makeup ကရော မှိုင်းမှိုင်းလေးနဲ့ ပါးပါးလေး၊အဝတ်အစားရော အမဲလေး၊location ကအစ အမှိုင်းလေးမို့ color ကို အရမ်းမတောက်ပဲ အမှိုင်းလေးနဲ့ စိမ်းဖန့်ဖန့်လေး ပြင်ထားပါတယ်။

😍ဒီတိုင်း ရိုးရိုးနဲ့ ပေါ့ပေါ့ပါးပါးလေး ပြင်လိုက်တာမို့ ဘာမှ ထွေထွေထူးထူး ရှိမယ်မထင်ပါဘူး။page လေးကိုလဲ like & folllow လေး လုပ်ပေးသွားလို့ ရပါတယ်ရှင့်😍😍။

😍အားလုံးပဲ ကောင်းသောညလေးပါ🥰🥰

ပုံလေးတွေ မတင်တာ ကြာပြီ၊ဒီနေ့ မွေးနေ့မို့ တင်လိုက်ပါတယ်❤️❤️
04/01/2022

ပုံလေးတွေ မတင်တာ ကြာပြီ၊ဒီနေ့ မွေးနေ့မို့ တင်လိုက်ပါတယ်❤️❤️

အားလုံးပဲ နေကောင်းကြရဲ့လား။ဒီနေ့လေးမှာတော့ မိုးရာသီ Theme color လေး ပြင်ဖြစ်ခဲ့ပုံကို ပြောပြပေးချင်ပါတယ်။အမှိုင်းဘက်လေးက...
29/08/2021

အားလုံးပဲ နေကောင်းကြရဲ့လား။ဒီနေ့လေးမှာတော့ မိုးရာသီ Theme color လေး ပြင်ဖြစ်ခဲ့ပုံကို ပြောပြပေးချင်ပါတယ်။

အမှိုင်းဘက်လေးကို စရိုက်ထဲက သွားဖို့ စိတ်ကူးရှိပါတယ်။ဝတ်လာတဲ့ အရောင်မှာ အပြာရောင်လေး ပါတာကို main ထားပြီး ပြင်ဖြစ်ခဲ့တယ်။

လူကို အသားမပေးပဲ အမှိုင်းဘက်ပြင်ထားတာမို့ လူပါ မှိုင်းနေတဲ့ပုံစံလေးပါ။အပြာရောင် ဘေးကပ်ရပ် Aqua,Blue တွေကို ယူသုံးပြင်ထားပါတယ်၊Analogous Color လေး ပြင်ထားပါတယ်။Highlight မှာ အစိမ်းမှိုင်းနဲ့ Shadow မှာ Aqua,Blue လေးတွေ ရောယှက်ပြီး ပြင်ထားပါတယ်။အားလုံး သဘောကျမယ်လို့ ထင်ပါတယ်။

ဒီလိုပုံလေးတွေ ပြင်တတ်ချင်လို့ Grace ဆီမှာသင်တန်း တက်လို့ ရပါတယ်။Portrait Retouch Class လေးတွေ ရှိပါတယ်၊စိတ်ဝင်စားရင် Cb ကနေ မေးနိုင်ပါတယ်။
📸Sitt Thway Naung
Retouch Grace

Portrait Photo Retouch Online class - 20% discount (30000 ကျပ်)====================================ဒီချိန် သင်တန်း post ...
18/07/2021

Portrait Photo Retouch Online class - 20% discount (30000 ကျပ်)
====================================
ဒီချိန် သင်တန်း post တင်ရတာလဲ အားနာပါတယ်။အလုပ်လုပ်ရအုန်းမှာမို့ နားလည်ပေးပါ။ဒီချိန် အပုင်မထွက်ဖြစ်လို့ အိမ်ကနေပဲ ကိုယ်တတ်ချင်တာလေး တက်ချင်တယ်ဆိုတဲ့ သူတွေအတွက်ပါ။

Grace ရဲ့ ဒီ class လေးမှာ
-Camera Raw detail
-Cropping
-Clean ( နည်းလမ်း ၃ မျိုး)
-Skin brighting (နည်းလမ်း ၃ မျိုး)
-Normal Skin Retoch
-High End Skin retouch (နည်းလမ်း ၂ မျိုး)
-color Theory
-color Grading
-Adjustment layer & layer mask
-Transform
-Highpass တွေ ပါဝင်မှာပါ။

ပုံတစ်ပုံ ပြင်ရင် Basic သိရမယ့် အချက်တွေ အကုန် ပါမှာပါ။အဲ့တာအပြင် Theory တွေပါ သေချာ သင်ပေးမှာမို့ တက်ပြီးတာနဲ့ ပုံတစ်ပုံကို ဘယ်လိုပြင်ရမယ်၊ဘယ်လို ဆယ်လို့ရမလဲဆိုတာ တတ်ဖို့ အာမခံပါတယ်နော်။

ပြင်ထားဖူးတဲ့ လက်ရာလေးတွေကို အောက်မှာ ပြထားပေးပါတယ်။ပုံမှန်ဆို 50000 သင်တာကနေ ဒီကာလ အကုန်ခက်ခဲနေတာမို့ 30000 ထားပေးတာပါ။

သင်မယ့်ပုံစံက Group ဖွဲ့ပြီး Video တွေ တင်ပေးမှာပါ။လိုက်လုပ်ခိုင်းပါမယ်။Group က ရှိနေမှာမို့ မရတာရှိ အချိန်မရွေး ပြန်မေးလို့ ရပါတယ်။စာသင်တဲ့ထဲမှာ မပါတဲ့ အပြင် ဗဟုသုတတွေလဲ ပြောပြပေးသွားမှာပါ။

သင်တန်းကြေး 30000 ထဲပါ။စိတ်ဝင်စားရင် cb ကနေ ဆက်သွယ်ပေးပါနော်။လကုန်စသင်မှာဖြစ်ပြီး တစ်ပတ် video ၂ ပုဒ်နဲ့ စုစုပေါင်း video 7 ပုဒ်ပါဝင်မှာပါ။

Mobile Video editing onilne class===========================Grace ရဲ့ Mobile video editing online class လေးပါ၊သင်တန်းကြေ...
10/07/2021

Mobile Video editing onilne class
===========================
Grace ရဲ့ Mobile video editing online class လေးပါ၊သင်တန်းကြေး 5000 ထဲပါ၊ဒီကာလ အိမ်ထဲမှာနေရင်း video လေး လုပ်ဖို့ စိတ်ဝင်စားသူတွေ တက်ရင်း လုပ်တတ်သွားအောင်ပါ။

ဘယ်လို လူမျိုးတွေ တက်သင့်လဲဆိုတော့
-Vlog လုပ်ချင်တဲ့ ညီမလေးတွေ
-video ပိုင်းကို စိတ်ဝင်စားပြီး အသေးလေးက စလုပ်ချင်တဲ့သူတွေ
-Product or online shop လုပ်တဲ့သူတွေ video လေး ဖန်တီးချင်တဲ့သူတွေ
-ကိုယ်ပိုင်သီချင်းလေးတွေ ရေးပြီး ကိုယ်ပိုင် video လေးတွေ ဖန်တီးချင်သူတွေ တက်သင့်ပါတယ်။

Power Direct ဆိုတဲ့ application လေး သုံးပြီး သင်ပေးမှာပါ။ဒါလေးကို တတ်ကျွမ်းသွားရင် အခြေခံ သဘောတရားလေးတွေ နားလည်သွားမှာမို့ တစ်ခြားသော video editing software လေးတွေလဲ သုံးတတ်သွားမှာပါ။

Adobe Video Editing လို အကြီးပိုင်းတွေကို သုံးပြီး video edit ဖြတ်ဖို့လဲ မကြောက်လန့်တော့ပါဘူး။အဲ့တာကြောင့် Grace ဆီမှာ အခြေခံ ဖြစ်တဲ့ mobile video editing class လေး တက်ကြပါလို့။

စိတ်ဝင်စားလို့ တက်ချင်တယ်ဆို Cb ကနေ ဆပ်သွယ်နိုင်ပါတယ်။အားလုံးကို ကျေးဇူးပါ။ဒီကာလ သင်တန်း post တင်ရတာလဲ တကယ်အားနာပါတယ်🙏🙏။နားလည်ပေးကြပါ။

The Girl In The Flames 🔥🔥🔥ကဲ ဒီနေ့တော့ Grace က ခပ်ကြမ်းကြမ်းပြင်ထားတဲ့ ပုံလေးအကြောင်း ပြောပြချင်ပါတယ်။အဖြူတစ်ခြမ်းအမဲတစ်...
03/07/2021

The Girl In The Flames 🔥🔥🔥

ကဲ ဒီနေ့တော့ Grace က ခပ်ကြမ်းကြမ်းပြင်ထားတဲ့ ပုံလေးအကြောင်း ပြောပြချင်ပါတယ်။အဖြူတစ်ခြမ်းအမဲတစ်ခြမ်းက Cruella ကို inspire ယူထားတာပါ၊ပထမဆုံးပုံက မီးတောက်နဲ့ပုံက Cruella ရဲ့ ဝတ်စုံမီးလောင်ပြီး outfit ပြောင်းသွားတာတဲ့ သဘောကို ယူထားတာပါ။

ဆံပင်နဲ့ Background ကို zip z အဖြူတစ်ခြမ်း အမဲတစ်ခြမ်း လုပ်ထားပါတယ်။Fire ပါတဲ့အတွက် skin နဲ့ theme color ကို အဝါနဲ့ အနီဖောက်ထားပါတယ်။

Shadow တွေကို မဖော်ထားပဲ ကျစ်ကျစ်လေး ပြင်ထားတာပါ။ဒါ့အပြင် doge & burn ကိုလဲ နည်းနည်းလေး ပြင်းပြင်း လုပ်ထားပါတယ်။Grace ရဲ့ စိတ်ကူးနဲ့ ကြိုက်လို့ပါ။

ဒါမျိုးလေးတွေ ပြင်တတ်ချင်တယ်ဆို Grace ရဲ့ Portrait retouch class လေး ရှိပါတယ်။စိတ်ဝင်စားရင် Cb ကနေ မေးနိုင်ပါတယ်။အားလုံးကို ကျေးဇူးပါ။

📸Sitt Thway Naung
Retouch - Grace


Happy Birthday ပါမေမေ။မေမေ ကျန်းမာပါစေ။အရင်လို စကားပြောတာလေးတွေ ပြုံးတာလေးတွေ အမြန်ဆုံး ပြန်တွေ့ချင်ပါတယ်😘😘
19/06/2021

Happy Birthday ပါမေမေ။မေမေ ကျန်းမာပါစေ။အရင်လို စကားပြောတာလေးတွေ ပြုံးတာလေးတွေ အမြန်ဆုံး ပြန်တွေ့ချင်ပါတယ်😘😘

Sweet But PsychoHello ဒီနေ့တော့ Grace က စိတ်ထဲ depression ဝင်နေလို့ ပုံဖော်ဖြစ်တာလေးကို ပြောပြချင်ပါတယ်။Grace ဒီရက်ပိုင်...
17/06/2021

Sweet But Psycho

Hello ဒီနေ့တော့ Grace က စိတ်ထဲ depression ဝင်နေလို့ ပုံဖော်ဖြစ်တာလေးကို ပြောပြချင်ပါတယ်။Grace ဒီရက်ပိုင်း သတင်းတွေကြောင့်ရော တစ်ခြားသော အကြောင်းအရာတွေကြောင့်ပါ စိတ်ကလုံးဝ down နေပြီး dark side ဘက်ကို ရောက်နေတာပါ။အဲ့တာကြောင့် စိတ်ထွက်ပေါက်အနေနဲ့ ခုပုံလေးကို ဖန်တီးဖြစ်တာပါ။ပြုံးနေပေမယ့် စိတ်ထဲ ရူးမတတ်ဖြစ်နေတယ်ဆိုတာ ပြချင်တာပါ။ဒါကြောင့် Name ကို Sweet but Psycho ပေးထားတာပါ။

ဒီပုံလေးတွေမှာ ကြည့်တဲ့သူကို အရမ်းကြီး မွန်းကြပ်မှုမျိုး မဖြစ်စေချင်တာရော ကိုယ့်ရဲ့ စိတ်အခြေအနေမှာပဲ အဆင်မပြေတာတွေ ရှိပြီး dark side ရောက်နေတယ်၊အပြင်လူကိုလဲ ပြလို့ မရ ၊ပြသနာရှာလို့လဲ မရတဲ့ မွန်းကြပ်မှုမျိုးပါ။Color ကို မွန်းကြပ်တာရော သူများအမြင် အဆင်ပြေပါလားဆိုတဲ့ အေးချမ်းမှုရော ရစေချင်တဲ့အတွက် warm color ထဲက အနီကို ပန်းဘက် နည်းနည်းဖောက်ပြီး saturation ချပြီး shadow မှာ ထည့်ထားပါတယ်။Highlight/midtone မှာတော့ cool color အပြာလေး ပါးပါးလေး ထည့်ထားပါတယ်။

ဒါမျိုးလေးတွေ စိတ်ဝင်စားလို့ ပြင်ချင်တယ်ဆို Grace ရဲ့ photo retouch basic class လေး ရှိပါတယ်နော်။အသေးစိတ် သိချင် cb ကနေ မေးပေးပါနော်။အားလုံးကို ကျေးဇူးတင်ပါတယ်။
📸Sitt Thway Naung
Retouch By Grace

ကြည့်တာနဲ့ သိသာတယ် စေတနာတွေက
11/06/2021

ကြည့်တာနဲ့ သိသာတယ် စေတနာတွေက

ဒီနေ့တော့ Grace ဒီရက်ပိုင်း ပြင်ဖြစ်တဲ့ ပုံလေးတွေ အကြောင်း ပြောချင်ပါတယ်။ဒီကြားထဲ စိတ်တွေ ညစ်နေတာနဲ့ ပုံတွေ မပြင်ဖြစ်တာ ...
29/05/2021

ဒီနေ့တော့ Grace ဒီရက်ပိုင်း ပြင်ဖြစ်တဲ့ ပုံလေးတွေ အကြောင်း ပြောချင်ပါတယ်။ဒီကြားထဲ စိတ်တွေ ညစ်နေတာနဲ့ ပုံတွေ မပြင်ဖြစ်တာ တော်တော်ကြာခဲ့ပြီမလား။

ဒီနေ့ ပုံလေးတွေကတော့ အေးချမ်းတဲ့ နေရာလေးတစ်ခုမှာ ကောင်မလေးတစ်ယောက် အပန်းဖြေ relax လုပ်နေတဲ့ ပုံစံမျိုးလေး ဖန်တီးထားတာပါ။အရောင်လေးတွေကိုတော့ ငြိမ်မယ့် အရောင်လေးတွေပဲ ရွေးပြီး ပြင်ထားပါတယ်။

အစိမ်းရောင် စစ်စစ်ကို မကြိုက်တာရော theme နဲ့ရော မလိုက်တာကြောင့် နို့စိမ်းအရောင်လေးဘက် ပြောင်းထားပါတယ်။လူထက် ပါတဲ့ space ရော အရောင်ရော ပြင်းနေတာကြောင့်ရော အရောင်ပြောင်းပြီး လျော့ခြင်းဖြစ်ပါတယ်။
Cool color ဘက် ပြင်ထားတာမို့ အစိမ်းနဲ့ လိုက်တဲ့ ပန်းစီရောင်မကျ ခရမ်းမကျလေးနဲ့ ထပ်ဖြည့်ထားပါတယ်။နေအလင်းလေးလဲ မပျောက်သွားအောင် လိမ္မော်ဖောက်လေး ထည့်ထားတယ်။ပြင်ထားတာလေးကတော့ ရိုးရိုးလေးပါပဲ။ပုံလေးတွေ သဘောကျရင် ❤️ ပေးလို့ ရပါတယ်။

Grace ဆီမှာ Photo retouch class လေးတွေ ပုန်ဖွင့်နေပြီမို့ တက်ချင်ရင် တက်လို့ ရပါတယ်။cb ကနေ အသေးစိတ် မေးပေးပါနော်။
📸 Sitt Thway Naung
Retouch By Grace

Grace အလှူလေးတွေတွက် ဒါလေးတွေ လုပ်မို့ ပါဝင်ပေးကြပါအုန်း။ Grace မှာ သူများလို landscape ပုံတော့ မရှိဘူး😁😁။Grace ပုံလေးတွ...
07/04/2021

Grace အလှူလေးတွေတွက် ဒါလေးတွေ လုပ်မို့ ပါဝင်ပေးကြပါအုန်း။

Grace မှာ သူများလို landscape ပုံတော့ မရှိဘူး😁😁။Grace ပုံလေးတွေ ရှိတယ်၊ဆန္ဒပြတဲ့ ပုံတွေ ရှိပါမယ်။စိတ်ဝင်စားရင် cb မှာ မေးပေးနော်။

နောက်တစ်ခုက Grace အင်္ကျီဆိုင်တွေပဲဖြစ်ဖြစ် Grace model ထိုင်ပေးလို့ အဆင်ပြေမယ့်ဟာဆို ထိုင်ပေးချင်ပါတယ်။Grace sexy နဲ့ n**e တော့ မထိုင်ပေးပါဘူးနော်။

Grace ကို ပုံတွေ ရိုက်ထားလို့ retouch အပ်ချင်တယ်ဆိုလဲ ရပါတယ်။wedding လဲ ပြင်ပေးပါတယ်နော်။

အခု လုပ်လို့ ရတဲ့ဟာမှန်သမျှ အလှူငွေအဖြစ် လှူမှာပါ။နောက်လဲလုပ်လို့ရတာမှန်သမျှ လုပ်ပြီး ဆက်လှူမယ် စိတ်ကူးထားပါတယ်။post လေးကို ဝိုင်း share ပေးလို့ ရပါတယ်။ကျေးဇူးတင်ပါတယ်။အရေးတော်ပုံ အောင်ရမယ်💪💪


#အရေးတော်ပုံအောင်ရမည်

မနေ့က တောင်ဒဂုံအလှူလေးတောင်ဒဂုံက ရှေ့တန်းက Defence လုပ်တဲ့ ကလေးတွေရဲ့ မိသားစု ၄၀ နဲ့ 55 ရပ်ကွက် ခက်ခဲနေတဲ့ မိသားစု ၆၀ ကိ...
04/04/2021

မနေ့က တောင်ဒဂုံအလှူလေး

တောင်ဒဂုံက ရှေ့တန်းက Defence လုပ်တဲ့ ကလေးတွေရဲ့ မိသားစု ၄၀ နဲ့ 55 ရပ်ကွက် ခက်ခဲနေတဲ့ မိသားစု ၆၀ ကို ဆန်၊ဆီ၊ငါးခြောက်၊ကုလားပဲ၊ငါးသေတ္တာဘူးတွေ လှူခဲ့ပါတယ်။ဆန်၊ဆီ လှူပေးတဲ့ အမ Su Let Mon ကိုလဲ ကျေးဇူးတင်ပါတယ်။

နောက် သားသမီးတွေက ပစ်သွားလို့ ပတ်ဝန်းကျင်က ကြည့်ထားရတဲ့ အသက် ၈၉ အဘွားကို စားဖို့နဲ့ ဆေးဖိုး ၁ သိန်းလှူခဲ့ပါတယ်။နောက်စားဖို့ အခက်အခဲ ဖြစ်နေတဲ့ ညီမလေးတစ်ယောက် မိသားစုကို ဆန်၊ဆီနဲ့ ပိုက်ဆံ ၅ သောင်း လှူခဲ့ပါတယ်။

တောင်ဒဂုံ ၈၈ ရပ်ကွက်က ယောကျ်ားက သေပြီး မိန်းမကလဲ နေလား ညလား မသိ ကလေး ၃ ယောက်နဲ့ အခက်အခဲ ဖြစ်နေလို့ ဆန်၊ဆီနဲ့ ပိုက်ဆံ လှူခဲ့ပါတယ်။

အလှူရှင်တွေ နာမည်တွေကို အခြေအနေအရ မရေးတော့ဘူးနော်။သိချင် Cb လာမေးလို့ ရပါတယ်။

Grace ဆီ အလှူငွေတွေ ထည့်ဝင်လို့ ရပါတယ်။ရသမျှ အလှူငွေတွေကို လိုအပ်တဲ့နေရာတွေ အကုန် လှူပေးနေပါတယ်။အရေးတော်ပုံ အောင်ရမယ်။ပြည်သူတွေ အားတင်းထားပါ💪💪




ဒီနေ့အလှူလေး(2.4.2021)ဒီနေ့ကို မှော်ဘီ သစ်တောက မြို့နဲ့ ဝေးနေလို့ အခက်အခဲ ဖြစ်နေတဲ့ CDM သမားတွေကို သွားလှူခဲ့ပါတယ်။ဝန်းထ...
02/04/2021

ဒီနေ့အလှူလေး(2.4.2021)
ဒီနေ့ကို မှော်ဘီ သစ်တောက မြို့နဲ့ ဝေးနေလို့ အခက်အခဲ ဖြစ်နေတဲ့ CDM သမားတွေကို သွားလှူခဲ့ပါတယ်။ဝန်းထမ်း အရာရှိတွေအပြင် လက်နှိပ်စက်စာရေး၊အကူ၊နေ့စား၊သန့်ရှင်းရေး မိသားစုဝင်တွေကို လှူခဲ့ပါတယ်။စုစုပေါင်း မိသားစု 56 စုစာ လှူခဲ့ပါတယ်။မှော်ဘီထိ သွားပေးခဲ့ရတဲ့ အလှူလေး အဆင်ပြေတယ်ဆိုလိူ့ ပီတိဖြစ်ပါတယ်။

ကြည့်မြင်တိုင် Defence တွက် လိုအပ်တာတွေ ဝယ်ဖို့ 5000 ထပ်လှုခဲ့ပါတယ်၊ကိုယ့်သူငယ်ချင်းက CRPH လှူတဲ့သူတွေကို အရုပ်ထိုးဖို့ Milk cotton 10 လုံး လှူခဲ့ပါတယ်။

Grace ဆီမှာ အလှူငွေ နည်းနည်းများများ ထည့်လို့ရပါတယ်။အလှူငွေတွေ ရသလောက် လိုအပ်တဲ့ နေရာတွေ လိုက်လှူပေးနေပါတယ်။အလှူငွေ ထည့်ပေးကြတဲ့ တစ်ယောက်ချင်းစီအကုန်လုံးကို ကျေးဇူးတင်ပါတယ်။အရေးတော်ပုံ အောင်ရမယ်။Fighting💪💪🙏🙏

အလှူရှင်များ
ကိုရီးယားရောက် မြန်မာများ - 2800000
UK ရောက်မြန်မာ - 50000


30/03/2021

CRPH ကို တစ်ထောင်ပဲ လှူလှူ၊500 ပဲလှူလှူ၊ လှူတဲ့သူတွေ ဘယ်သူမဆို Grace သင်တဲ့ သင်တန်းတွေ ဖြစ်တဲ့
Photoshop basic
Personal Grooming
Makeup basic
Pose ပေးနည်းသင်တန်းတွေကို 50% off နဲ့ တက်လို့ ရပါတယ်။ရင်ဘတ်ချင်းနီးတဲ့သုတွေကို အကုန် welcome ပါနော်💪💪❤️❤️

ဒီနေ့အလှူလေး(အလှူငွေ ကောက်ပါတယ်၊ပုံတွေ ယူမသုံးရ)သစ်ဆိပ်မှာ ဦးခေါင်းပွင့်ပြီး သေဆုံးသွားသူကို ငွေသား သွားလှူခဲ့ပါတယ်။ပြီ...
23/03/2021

ဒီနေ့အလှူလေး(အလှူငွေ ကောက်ပါတယ်၊ပုံတွေ ယူမသုံးရ)

သစ်ဆိပ်မှာ ဦးခေါင်းပွင့်ပြီး သေဆုံးသွားသူကို ငွေသား သွားလှူခဲ့ပါတယ်။ပြီးတော့ တောင်ဒဂုံနဲ့ သစ်ဆိပ်ဘက် ကျူးကျော်တဲဘက်နေတဲ့ ဆင်းရဲပြီး အဆင်မပြေတဲ့ မိသားစုတွေ၊တစ်ချို့ စားစရာ မရှိတဲ့ နေစရာ မရှိတဲ့ သက်ကြီးရွယ်အိုတွေကို လက်ထဲ အလှူငွေ ကျန်သလောက် အိမ်ထောင်စု အကုန် လှူခဲ့ပါတယ်။

နောက် အိမ်လခ အခက်အခဲ ဖြစ်နေတယ်လို့ ပြောတဲ့ ညီမလေးကို ငွေနှစ်သောင်း လှူခဲ့ပါတယ်။

ကိုယ်လှူတော့ ငိုကျတဲ့သူတွေ တွေ့တာ တကယ်ရင်ထဲ မကောင်းဘူး၊ကိုယ်ပါ လိုက်ငိုချင်တယ်😭😭။ထမင်းမစားရတာ ကြာနေတဲ့သူတွေ၊လမ်းထဲ အသုဘရှိလို့ အလှူငွေ ထည့်ချင်လို့ အလုပ်ပြေးရှာတဲ့သူတွေ၊ကလေးတွေ ထမင်းမစားရသေးလို့ အလှူငွေ လာထည့်တော့ ကလေးတွေက ထိုင်ကန်တော့ဖို့ပြင် ကိုယ်က ငိုချင်နေပြီ😭😭။

Grace အလှူငွေ အမြဲတမ်းကောက်နေမှာပါနော်။Grace လက်ထဲ အလှူငွေ ရှိနေသမျှ လိုအပ်တဲ့နေရာတွေမှာ အကုန်ကုန် လှူသွားမှာပါ။အလှူငွေတွေလဲ ဝိုင်းကောက်ပေးလို့ ရသလို၊ထည့်ချင်တဲ့သူတွေ ရှိရင်လဲ Share ပေးလို့ ရပါတယ်၊ပြီးတော့ ဆန်၊ဆီ၊စားစရာတွေ လှုချင်တယ်ဆိုလဲ ရပါတယ်။အားလုံးဘေးကင်းကြပါစေ။အရေးတော်ပုံ အောင်ရမယ်။သစ်ဆိပ်မှာ ဒလံ အရမ်းပေါလို့ လုံခြုံရေးအရ ဓာတ်ပုံတွေ မရိုက်ခဲ့ပါဘူး။ရိုက်လို့ ရသလောက်ပဲ ရိုက်ခဲ့ပါတယ်။အလှုထည့်ဝင်ပေးတဲ့ အလှူရှင်တွေကို တကယ်ကျေးဇူးတင်ပါတယ်🙏🙏

အလှူရှင်များ
Si Thu-20000
Daw Khaing Khin Oo-5000
Sandar Oo fri-50000
Tricia - 20000
Linn Linn -5000
Khin Aye Lwin -50000
A Naw -15000
Saw Mtd-60000
ပြေဦး-15000
Naing Min-50000
ဝတ်ရည်လှိုင်-30000
Khant Khant Su Su -10000
Daw Khin Thidar Thin -50000
Thwe Thwe Oo-100000
ကိုရီးယားအကောင့် - 100000
Kaung Htet -20000
Ma Thinzar -10000
Ma Shwe Sin Koko-5000

#အရေးတော်ပုံအောင်ရမည်


ဒီနေ့ Grace တို့ အဖွဲ့လေး။ပန်းပဲတန်းမှာ အခြေအနေ မကောင်းတာနဲ့ မြေနီကုန်း ပဒုမ္မာလမ်းမှာ အင်အား ဖြည့်ခဲ့ပါတယ်။ပြေးရလွှားရပ...
02/03/2021

ဒီနေ့ Grace တို့ အဖွဲ့လေး။
ပန်းပဲတန်းမှာ အခြေအနေ မကောင်းတာနဲ့ မြေနီကုန်း ပဒုမ္မာလမ်းမှာ အင်အား ဖြည့်ခဲ့ပါတယ်။ပြေးရလွှားရပေမယ့် ကျေနပ်တယ်။ရှေ့တန်းက ရဲဘော်တွေကိုလဲ တကယ်ကို လေးစားပါတယ်။Respect ပါ Bro တို့။
အရေးတော်ပုံ အောင်ရမယ်


Grace တို့ ဒီနေ့ အနော်ရထာလမ်းထောင့်နဲ့ ပန်းဆိုးတန်းလမ်းထောင့်မှာ မအလပုံတွေ ကပ်နိုင်ခဲ့ပါတယ်။အရေးတော်ပုံ အောင်ရမယ်။
01/03/2021

Grace တို့ ဒီနေ့ အနော်ရထာလမ်းထောင့်နဲ့ ပန်းဆိုးတန်းလမ်းထောင့်မှာ မအလပုံတွေ ကပ်နိုင်ခဲ့ပါတယ်။
အရေးတော်ပုံ အောင်ရမယ်။

မတရားမှုကို အဆုံးသတ်မပစ်ပဲ အလိုက်သင့်နေထိုင်ရင်းနဲ့ ပါးစပ်ကနေ ပြောနေယုံဆိုရင် ကိုယ်တိုင် မတရားမှုမှာ ပါဝင်နေတဲ့ သဘောပဲ။သ...
28/02/2021

မတရားမှုကို အဆုံးသတ်မပစ်ပဲ အလိုက်သင့်နေထိုင်ရင်းနဲ့ ပါးစပ်ကနေ ပြောနေယုံဆိုရင် ကိုယ်တိုင် မတရားမှုမှာ ပါဝင်နေတဲ့ သဘောပဲ။သူတို့ကို ဆန့်ကျင်တဲ့သူမှသာ သမိုင်းဖြစ်လာတာပဲ။Grace တော့ သမိုင်းတစ်ခုမှာ ပါဝင်ခွင့် ရလို့ အရမ်းဂုဏ်ယူကျေနပ်ပါတယ်။

အိမ်မှာနေပြီး အကြောင်းကြောင်းကြောင့် မထွက်နိုင်ပဲ keyboard fighter လုပ်နေတဲ့သူများကို ပြောခြင်းမဟုတ်ပါ။ကြားနေလိုလို၊ ဘာလိုလို၊သာကူး နေတဲ့သူတွေကိုသာ ပြောခြင်းဖြစ်ပါတယ်။

အရေးတော်ပုံ အောင်ရမယ်

#အရေးတော်ပုံအောင်ရမည်

#ပြည်သူ့ကျိန်စာတွေအမြန်ဆုံးသင့်ပါစေ

27.2.202128 ရက်နေ့တွက် ကြိုတင်ပြင်ဆင်မှုလေး။ဒီ Idea လေးကို Sitt Thway Naung ပေးတာနဲ့ Grace အကောင်အထည်ဖော်ဖြစ်တာလေး။မနေ့က...
27/02/2021

27.2.2021

28 ရက်နေ့တွက် ကြိုတင်ပြင်ဆင်မှုလေး။ဒီ Idea လေးကို Sitt Thway Naung ပေးတာနဲ့ Grace အကောင်အထည်ဖော်ဖြစ်တာလေး။မနေ့က သိမ်ကြီးစျေးမှာ ဖဲကြိုးတွေသွားဝယ်။အရောင်ကအနီမရတာနဲ့ အဝေးကြီးကကြည့်ရင် ထင်းမယ့်အရောင်တွေ ရွေးဝယ်ပြီး အိမ်ကလူတွေရော၊ဘေးအိမ်ကလူတွေပါ ကူရတဲ့အထိ ထိုင်ညှပ်စီခဲ့ရတယ်။လုပ်မယ့်နေရာ မြေနီကုန်းလို့ စဥ်းစားထားခဲ့ပေမယ့် ဟိုအကောင်တွေ ဖျက်လို့ ဆူးလေရောက်လာခဲ့တယ်။

ဆူးလေမှာ ကိုယ်တွေအဖွဲ့ လူနည်းနည်းနဲ့ ချည်နေတုန်း လမ်းသွားလမ်းလာတွေ ဝင်ကူလုပ်ပေးကြတာ ဖဲကြိုး 1000 လောက်က ခဏလေး ချည်လို့ ပြီးသွားတယ်။တို့ပြည်သူတွေ စည်းလုံးချက်ကတော့အားတက်စရာ။နောက် သံရုံးမှာ လုပ်မရတဲ့အမတွေ ကိုယ်တွေချည်တဲ့နေရာ သူတို့လဲ လာပြီး ပန်းစည်းတွေ ချည်ကြတော့ ပိုလှသွားတယ်။

အကုန်လုံးလဲပြီး ပုံရိုက်မယ်ဆိုတော့ သူတောင်းစားတွေ မွှေပါလေရော။သူတို့လုပ်တာနဲ့ လူက ပုံလဲ မရိုက်လိုက်ရ။ထမင်းဘူးတွေယူပြီး လိုက်လှူ ဟိုပြေးဒီပြေးနဲ့ ဒီနေ့ပြီးသွားတယ်။

ဒီနေ့ ပါဝင်ပြီး ချည်ပေးတဲ့သူတွေရော၊အလှူရှင်တွေရော ကျေးဇူးပါရှင့်။
-Lynn Khaing - 50000
-Asahi Km-20000
-Su Wai Phyo-15000
-Nang Mawe -10000
-Wai Mhwe Eaint -5000
-Ye Paing -5000

မနက်ဖြန် ပိုတဲ့အလှူငွေနဲ့ လက်ပတ်ဖဲကြိုးတွေ ထပ်ဝေပါမယ်။တစ်ချို့ပုံလေးတွေ သတင်း medai က ယူပါတယ်နော်။မရိုက်လိုက်ရလို့။အားလုံးကို ကျေးဇူးပါ၊နက်ဖြန်တွက် Fighting💪💪
ကိုယ့်ပုံတော့ မပါလိုက်ဘူး၊ဟိုပြေးဒီပြေးနဲ့မို့😁😁



#ဖဲကြိုးmission

ဒီနေ့ သနပ်ခါး ပွဲတော် ဆင်နွှဲခဲ့ပါတယ်။မြေနီကုန်း၊မြန်မာပလာဇာလူတွေ များကြီးပဲ။အပြင်ထွက်တာလဲ ဂရုစိုက်ကြပါနော်။သူတောင်းစားတ...
25/02/2021

ဒီနေ့ သနပ်ခါး ပွဲတော် ဆင်နွှဲခဲ့ပါတယ်။မြေနီကုန်း၊မြန်မာပလာဇာလူတွေ များကြီးပဲ။အပြင်ထွက်တာလဲ ဂရုစိုက်ကြပါနော်။သူတောင်းစားတွေက ယုတ်မာတာ ကမ်းကုန်နေပြီ😡😡
#သနပ်ခါးပွဲတော်



19.2.2021Grace တို့အဖွဲ့ ပြင်သစ်၊ထိုင်း၊အင်ဒိုနီးရှား၊ရုရှား၊တရုတ်သံရုံး လမ်းလျှောက်တန္ဒပြဖြစ်တာလေးပါ
19/02/2021

19.2.2021
Grace တို့အဖွဲ့ ပြင်သစ်၊ထိုင်း၊အင်ဒိုနီးရှား၊ရုရှား၊တရုတ်သံရုံး လမ်းလျှောက်တန္ဒပြဖြစ်တာလေးပါ



မြန်မာ့မီးရထားဝန်ထမ်းများအားလုံးကိုပြည်သူများမှဂုဏ်ပြုပါသည်။
18/02/2021

မြန်မာ့မီးရထားဝန်ထမ်းများအားလုံးကို
ပြည်သူများမှဂုဏ်ပြုပါသည်။







CDM သမားတွေအတွက် ဆက်သွယ်ရမယ့် အဖွဲ့အစည်းတွေနဲ့ ဖုန်းနံပါတ်တွေလဲ ပါပါတယ်။CDM နဲ့ပတ်သတ်တာတွေ Sharing လုပ်ပေးထားတဲ့စာရွက်လေ...
17/02/2021

CDM သမားတွေအတွက် ဆက်သွယ်ရမယ့် အဖွဲ့အစည်းတွေနဲ့ ဖုန်းနံပါတ်တွေလဲ ပါပါတယ်။CDM နဲ့ပတ်သတ်တာတွေ Sharing လုပ်ပေးထားတဲ့စာရွက်လေးတွေပါ။Grace လဲ အပြင်မှာ လိုက်ဝေပေးနေပါတယ်။Grace နဲ့အတူတူ လိုက်ဝေပြီး ကူညီမယ့်သူများ ရှိရင်လဲ ဆက်သွယ်ပေးကြပါ။ပြီးတော့ အစိုးရဝန်ထမ်းမှ မဟုတ်ပါဘူး။စစ်အစိုးရ ရပ်တန့်ဖို့ CDM လုပ်ဖို့လိုတဲ့သူ အားလုံးကို support ပေးတာပါနော်။Post လေးကို ပြန်ကူးတင်လို့ ရသလို share ပေးလို့လဲ ရပါတယ်။စစ်အာဏာရှင်စနစ် ကျရှုံးဖို့ CDM ကို လုပ်ကြလုပ်ကြ💪💪



ကဲ ဒီနေ့ညမှာ Grace က ရိုးရိုးရှင်းရှင်းနဲ့ Vintage ဆန်ဆန်လေး ရိုက်ဖြစ်တာလေးကို ပြောပြပေးချင်ပါတယ်။ဒီပုံလေးတွေကို မရိုက်ခ...
26/01/2021

ကဲ ဒီနေ့ညမှာ Grace က ရိုးရိုးရှင်းရှင်းနဲ့ Vintage ဆန်ဆန်လေး ရိုက်ဖြစ်တာလေးကို ပြောပြပေးချင်ပါတယ်။

ဒီပုံလေးတွေကို မရိုက်ခင် စီစဥ်ထဲက ရိုးရိုးလေးနဲ့ ကျော့ရှင်းတာလေး လိုချင်လို့ outfit နဲ့ မိတ်ကပ်ကအစ ရိုးရိုးလေးပဲပြင်ထားပါတယ်။Outfit ကိုလဲ အနီဘက် ပြင်ချင်တာကြောင့် သူနဲ့ လိုက်အောင် အဝါအပွင့်ကြီးတွေ ရွေးထားပါတယ်။ဆွဲဆောင်မှု ရှိတဲ့ အမျိုးသမီး ပုံစံပေါက်အောင် ဆံထုံးကအစ သေချာလေး စီစဥ်ထားပါတယ်။

ကာလာကိုလဲ အစောထဲက အနီဘက် ပြင်ဖို့ စိတ်ကူးထားတာမို့ ပြင်တဲ့ချိန်မှာ အရမ်းကြီး မစဥ်းစားလိုက်ရပါဘူး။Skin Tone တွေမှာ အနီသန်းသန်းလေး ဝင်အောင် လုပ်ထားပါတယ်။ကြည့်လိုက်ရင် ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ Lady ပုံစံလေးပေါ့။

Pose ကအစ မရီမပြုံးနဲ့ ရင့်ကျက်တဲ့ ပုံစံမျိုး ပေးထားပါတယ်။ဒီပုံလေးတွေကို သဘောကျရင် like & share ပေးလို့ ရပါတယ်၊

ဒီလို ပြင်တတ်ချင်ရင် Grace ရဲ့ Portrait Retouch Class လေး ရှိပါတယ်။စိတ်ဝငိစားရင် cb ကနေ မေးမြန်းနိုင်ပါတယ်။အားလုံးပဲ ကောင်းသော ညလေးပါရှင့်😍😍။

Model - Chit Su Min Swe
📸 Ye Min Ko
Retouch By Grace

ဂျစ်ကန်ကန်နဲ့ လုပ်ချင်ရာ လုပ်တဲ့ ကောင်မလေးတစ်ယောက်😍ကဲ ဒီပုံလေးတွေကို ရိုက်ဖြစ်တဲ့ idea လေးက ကိုယ်လုပ်ချင်ရာလုပ်တဲ့ ကောင်...
23/01/2021

ဂျစ်ကန်ကန်နဲ့ လုပ်ချင်ရာ လုပ်တဲ့ ကောင်မလေးတစ်ယောက်😍

ကဲ ဒီပုံလေးတွေကို ရိုက်ဖြစ်တဲ့ idea လေးက ကိုယ်လုပ်ချင်ရာလုပ်တဲ့ ကောင်မလေးတစ်ယောက် ခြံဝန်းထဲမှာ ညနေစောင်းလေညင်းထွက်ရှူပြီး အပန်းဖြေတဲ့ ပုံစံလေးပါ။

ကာလာလေးကိုတော့ နေကို အနောက်မှာ ထားပြီး ရိုက်ထားတာကြောင့်ရော Model ရဲ့ pose က အရမ်းဆွဲဆောင်မှု ရှိနေတာကြောင့်ရော ကာလာကို warm tone ဘက် ပြင်ထားပါတယ်။ပြင်းပြင်းရှရှ ပုံစံလေးပေါက်အောင်။Warm color ကိုမှ ဒီနှစ်ခေတ်စားတဲ့ အရောင်ဖြစ်တဲ့ crystal အရောင်လေး ချိုချဥ်အရောင်လေး ပြင်ထားတာပါ။Skin ကိုတော့ ပါးပါးလေးပဲ ကိုင်ပေးထားပါတယ်။သဘာဝကျကျလေး။

ဒီလိုလေးတွေ ပြင်တတ်ချင်ရင် Grace ရဲ့ Portrait Retouch Class လေး ရှိပါတယ်။စိတ်ဝင်စားရင် cb ကနေ မေးမြန်းနိုင်ပါတယ်။

ပုံလေးတွေ သဘောကျရင် like & share ပေးလို့ ရပါတယ်။အဆုံးထိ ဖတ်ပေးတာ ကျေးဇူးပါ။
Model - Chit Su Min Swe
📸 Ye Min Ko
Retouch By Grace

Hot Ladyဒီနေ့မှာ Grace က client တစ်ယောက်ရဲ့ ပုံလေးတွေ ပြင်ဖြစ်တာလေး ပြောပြချင်ပါတယ်။ဒီပုံလေးတွေကို စရိုက်ထဲက မွန်ရိုးတို...
22/01/2021

Hot Lady

ဒီနေ့မှာ Grace က client တစ်ယောက်ရဲ့ ပုံလေးတွေ ပြင်ဖြစ်တာလေး ပြောပြချင်ပါတယ်။

ဒီပုံလေးတွေကို စရိုက်ထဲက မွန်ရိုးတို့ခေတ်ကို inspire ယူပြီး ရိုက်ထားတာပါ။Black & white ပြင်ဖို့ စဥ်းစားထားခဲ့ပေမယ့် သူ့ရဲ့ lipstick အရောင်ကြောင့် Sexy ဘက်သွားပြီး ကြည့်လိုက်တာနဲ့ အေးမြပူလောင်မှုကို ခံစားစေချင်လို့ warm color အနီနဲ့ cool color ပန်းဆီကို ပြင်ဖြစ်သွားတယ်။

ဒီပုံလေးတွေကို ကြိုက်မယ်လို့ ထင်ပါတယ်။သဘောကျရင် like & share ပေးပါအုန်းနော်။

ဒါမျိုးလေး ပြင်တတ်ချင်တယ်ဆို Grace ရဲ့ retouch portrait class လေး ရှိပါတယ်။စိတ်ဝင်စားရင် cb ကနေ မေးမြန်းနိုင်ပါတယ်။အားလုံးကို ကျေးဇူးပါ။
Model - Gi Gi
📷 Ye Min Ko
Retouch By Grace


Hello အားလုံးပဲ မင်္ဂလာပါရှင့်။Page လေးကနေ ပြန်လည် ကြိုဆိုပါတယ်နော်😍။Grace က ဒီနေ့လေးမှာတော့ Street Style ရိုက်ဖြစ်တဲ့ ပ...
19/01/2021

Hello အားလုံးပဲ မင်္ဂလာပါရှင့်။Page လေးကနေ ပြန်လည် ကြိုဆိုပါတယ်နော်😍။

Grace က ဒီနေ့လေးမှာတော့ Street Style ရိုက်ဖြစ်တဲ့ ပုံလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။မ Sophia က Street Style ပုံလေးမျိုး ရိုက်ချင်တယ်။Natural Light နဲ့ပဲ ရိုက်ချင်တယ်ဆိုလို့ ပေါ့ပေါ့ပါးပါးလေးပဲ ရိုက်ဖြစ်ခဲ့ပါတယ်။

ဝတ်လာတဲ့ Fashion ကလဲ မိုက်တယ်၊ဓာတ်ဆရာရဲ့ ရိုက်ချက်တွေကလဲ မိုက်တော့ ပြင်ရတာ အရမ်းစိတ်ချမ်းသာပါတယ်။ဒါ့အပြင် pose တွေကလဲ အလန်း😉😉။

ပြင်တဲ့ကာလာလေး ပြောရမယ်ဆို အနီလေး ဝတ်ထားတာကြောင့် သူနဲ့ ဆန့်ကျင်ဘက် အစိမ်းလေးပြင်ထာပါတယ်။ဒါပေမယ့် အစိမ်းစစ်စစ်တော့ မဟုတ်ပါဘူး။စိမ်းပြာနုလေးပါ။အဲ့တာအပြင် ပုံက အမိုက်စားမို့ Contract ကို ပြင်းပြင်းလေး လုပ်ထားပါတယ်။

အင်္ကျီ အဖြူမှာ အရောင်တွေ နည်းနည်း ဝင်သွားပေမယ့် Fashion Mood မို့ အဆင်ပြေပါတယ်။ခြေထောက်အောင်ပိုင်းလေးတွေ နည်းနည်း ရှည်အောင်တော့ ဆွဲဆန့်ထားပါတယ်။ကြည့်ရတာ ပိုမိုက်အောင်ပါ။

ပေါ့ပေါ့ပါးပါးလေးပဲ ပြင်ထားတာပါ။ဒါပေမယ့် မျက်နှာလေး လင်းအောင် Doge & burn တော့ သေချာ လုပ်ထားပါတယ်။

ဒါမျိုးလေး ပြင်တတ်ချင်တယ်ဆို Grace ရဲ့ Portrait Retouch Class လေးရှိလို့ cb ကနေ မေးမြန်းနိုင်ပါတယ်။

ပုံလေးတွေ သဘောကျရင် like & share ပေးလို့ ရပါတယ်။အားလုံးကိုကျေးဇူးပါ😘😘

📸Ye Min Ko
Retouch By Grace

ကဲ ဒီနေ့ကတော့ Fashion Mood လေးပါ။ဒီနေ့ ပုံလေးတွေကတော့ အမဲနဲ့ ‌ရွှေရောင်ကို အဓိကထားတဲ့ ပုံစံလေးပါ။Hot တဲ့ Fashion မျိုးပေ...
29/12/2020

ကဲ ဒီနေ့ကတော့ Fashion Mood လေးပါ။

ဒီနေ့ ပုံလေးတွေကတော့ အမဲနဲ့ ‌ရွှေရောင်ကို အဓိကထားတဲ့ ပုံစံလေးပါ။Hot တဲ့ Fashion မျိုးပေါ့။

ပုံလေးတွေကို ဆိပ်ကမ်းသာလမ်းမှာ ရိုက်ထားတာပါ။မီးပါတဲ့ပုံ အရောင်တွေကိုတော့ ရွှေနဲ့အမဲက ကတ္တီပါဖြစ်တာကြောင့် အဝါနဲ့ပြောင်းပြန် အပြာသန်းသန်းလေး ပြင်ထားတာပါ။Highlight မှာ အဝါနဲ့ Shadow မှာ အပြာထည့်ထားတဲ့ Color လေး ပြင်ထားပါတယ်။ဓာတ်ဆရာက light & shade ရိုက်ထားတာကြောင့် ပိုပေါ်အောင် Doga & Burn ကို ခါတိုင်းထက် ပြင်းပြင်းလေး ပြင်ထားပါတယ်။

မီးမပါတဲ့ပုံတွေကိုတော့ ဖွေးဖွေးလေးနဲ့ မမှောင်သွားအောင် ပြင်ထားပါတယ်၊သူ့ကိုတော့ အဝါရောင်တစ်ခုကိုပဲ Main ထားပြီး ပြင်ထားပါတယ်။အမဲဝတ်ထားတာကြောင့် ဖွေးဖွေးလင်းလင်း ပြင်ထားတာပါ။လူပေါ်အောင်၊အဲ့တာအပြင် ဘေူဘက်လေးကို နည်းနည်းလေး မှောင်ပြီး လူကို Focus ဖြစ်အောင် လုပ်ထားပါတယ်။

Model ရဲ့ pose နဲ့ ဓာတ်ဆရာရဲ့ ရိုက်ချက်က ပြောစရာကို မလိုတော့ဘူးထင်ပါတယ်😜😜။

ဒီလိုမျိုးလေးတွေ ပြင်တတ်ချင်တယ်ဆို Grace ရဲ့ portrait Retouch Class လေးရှိပါတယ်။

ဒီပုံလေးတွေကို သဘောကျရင် like & share ပေးလို့ ရပါတယ်။အားလုံးကို ကျေးဇူးပါ😍😍

📷Ye Min Ko
Retouch By Grace

ကဲ ဒီတစ်ခါတော့ အရောင်အသစ်အဆန်းလေးတွေ ပြင်ကြမယ်။ဒီပုံလေးတွေကို Customer တောင်းဆိုချက်အရ Fashion Mood ပုံစံ ရိုက်ဖြစ် ပြင်...
28/12/2020

ကဲ ဒီတစ်ခါတော့ အရောင်အသစ်အဆန်းလေးတွေ ပြင်ကြမယ်။

ဒီပုံလေးတွေကို Customer တောင်းဆိုချက်အရ Fashion Mood ပုံစံ ရိုက်ဖြစ် ပြင်ဖြစ်ပါတယ်။မဖြိုးကို ဆိပ်ကမ်းသာလမ်းမှာ ရိုက်ပေးထားတာပါ။

မဖြိုး ဝတ်ထားတဲ့ အင်္ကျီက အရောင်က အဝါနဲ့အစိမ်းနဲ့ပေါင်းထားတဲ့ ဖက်ဖူးစိမ်း/မော်ဒယ်စိမ်းလို့ ပြောလို့ရတဲ့အရောင်မျိုး။အဲ့တာကိုမှ သူနဲ့ ဆန်ကျင်ဖက် ပန်းဆီအရောင်တွေပါတဲ့ Accessories တွေနဲ့ တွဲဖက်ဝတ်ဆင်ထားတာမို့ လုံးဝ Complementary ပါ။

အဲ့တာအပြင် သူ့ရဲ့ အင်္ကျီပုံစံက ကားကားနဲ့ လေထဲမှာ လွင့်နေတဲ့ ပုံစံမျိုးမို့ လုံးဝ အလွှင့်Fashion ပေါ့😁😁။

မဖြိုး Pose/ဓာတ်ဆရာက ရိုက်ချက်တွေက Composition မှန်အောင် ရိုက်ပေးထားတာမို့ ပုံတွေက Fashion mood ပေါက်ပြီးသား။

ကဲ ကာလာပြင်တဲ့အပိုင်းတွေ စပြောမယ်နော်။သူရဲ့ အင်္ကျီကာလာကို Main ယူပြီး မဖြိုးဝတ်ထားသလို Complementary ပဲ ပြင်ထားတာပါ။အစိမ်းတွေကို အကုန်လုံး/အုတ်နံရံတွေ အဝါဘက်သန်းတဲ့အရောင်တွေ အကုန်လုံးကို ဖက်ဖူးစိမ်းနဲ့ ပန်းဆီဘက်ကို ပြောင်းပါတယ်။Highlight မှာ ဖက်ဖူးစိမ်းနဲ့မကျ အဝါမကျ Color လေးထားပြီး Shadow မှာ ပန်းဆီလေး ထားပြင်ထားပါတယ်။

နောက်တစ်ခုက သူ့ရဲ့ အင်္ကျီအလွင့်ပါ။စိတ်ရှည်စွာနဲ့ သေချာလေး ဂါဝန်အစလေးတွေကို လွင့်ပေးထားတာမို့ ပုံက ကြည့်ရတာ ပိုအသက်ဝင်ပါတယ်။အဲ့တာအပြင် Doge & burn ကိုလဲ မျက်နှာတွေအပြင် အင်္ကျီအလွင့်လေးတွေကအစ ထည့်ထားပါတယ်။ပိုကြွအောင်ပါ။

နောက်ပြီး ပုံထဲမှာ ပါနေတဲ့ လူပုံတွေ အကုန်ဖြတ်ထားပါတယ်၊ပံုကို အနှောင့်အယှက်ဖြစ်စေလို့ပါ၊နည်းနည်းတော့ လက်ဝင်ပါတယ်၊

ဒီလိုမျိုးလေး ပြင်ရတာ ကြိုက်တယ်၊ပြင်တတ်ချင်တယ်ဆို Grace ရဲ့ portrait retouch class လေး ရှိပါတယ်။

ပုံလေးတွေကို သဘောကျရင် like & Share ပေးလို့ ရပါတယ်။အားလုံးပဲ တာတာ့❤️❤️။

📸Ye Min Ko
Retouch By Grace

ကဲ ဒီတစ်ခါ ဆွေးလဲဆွေး/Hot လဲ Hot ကြမယ်😉😉💗ဒီပုံလေးတွေကို Grace က ညနေစောင်းအချိန်ရိုက်ချင်တာရော လိမ္မော်ရောင်ပဲ ပြင်ချင်တာ...
26/12/2020

ကဲ ဒီတစ်ခါ ဆွေးလဲဆွေး/Hot လဲ Hot ကြမယ်😉😉

💗ဒီပုံလေးတွေကို Grace က ညနေစောင်းအချိန်ရိုက်ချင်တာရော လိမ္မော်ရောင်ပဲ ပြင်ချင်တာကြောင့်‌‌‌ေရာ accessories တွေ/ပန်း/ Model အဝတ်အစားကအစ လိမ္မော်နဲ့ အနီရောထားတဲ့ အရောင်လေးတွေပဲ စီစဥ်ခဲ့ပါတယ်

💗Theme ကိုက ကောင်မလေးတစ်ယောက် ငေးဆွေးနေတဲ့ ပုံစံလေးမို့ Model pose / mood ကအစ အဲ့ပုံစံလေး ဖန်တီးထားပါတယ်။Photographer ကလဲ ပုံလေးတွေကို အကောင်းဆုံးဖန်တီးပေးတဲ့အတွက် ကျေးဇူးပါ

💗ငေးဆွေးပြီး Hot တဲ့ပုံစံ ပူလောင်တဲ့ ပုံစံကို ပြချင်တာမို့ warm color ဘက်ကို ပြင်ထားပါတယ်။အဲ့တာကိုမှ ညနေစောင်းဖြစ်တာမို့ လိမ္မော်နဲ့ အနီဘက်ကိုပဲဦးစားပေးပြီး ပြင်ထားပါတယ်။ပုံထဲမှာ ပါနေတဲ့ အစိမ်းရောင်တွေကိုလဲ လိမ္မော်သန်းသန်းလေး ဖြစ်အောင် ပြင်ထားပါတယ်။

💗Skin tone ကိုတော့ ပါးပါးလေးပဲ Smooth ထားပြီး အရောင်ကို နေထိနေတဲ့ လိမ္မော်နဲ့ အနီစပ်တဲ့ အရောင်ဘက် ပြင်ထားပေးပါတယ်။

💗ဒါမျိုးလေးတွေ ပြင်တတ်ချင်ရင် Grace ရဲ့ Portrait Retouch Class မှာ တက်လို့ ရနေပါပြီနော်။

💗ဒီပုံလေးတွေကို သဘောကျမယ်လို့ ထင်ပါတယ်။သဘောကျရင် like & share ပေးလို့ ရပါတယ်။အားလုံးကို ကျေးဇူးပါ😍😍

Model - Chit Su Min Swe
📸Ye Min Ko
Retouch By Grace

18/12/2020

ဒီ Video လေးကတော့ Fashion ပုံစံမျိုးလေး Edit ဖြတ်ပေးထားတာပါ။
🎥Wai Phyo Ydma
Editor - Grace

Fashion🧥🧥ကဲ ဒီနေ့ပုံလေးကတော့ Grace မနေ့က ရိုက်တဲ့ ပုံနဲ့ location တူတူပါပဲ။🧥သူ့ရဲ့ Accessories က ငွေရောင်ဖြစ်တာကြောင့်ရေ...
14/12/2020

Fashion🧥

🧥ကဲ ဒီနေ့ပုံလေးကတော့ Grace မနေ့က ရိုက်တဲ့ ပုံနဲ့ location တူတူပါပဲ။

🧥သူ့ရဲ့ Accessories က ငွေရောင်ဖြစ်တာကြောင့်ရော Grace ရဲ့ ပုံနဲ့လဲ အရောင်မတူချင်တာကြောင့် cool tone ပြင်ထားပါတယ်။

🧥အရောင်ကတော့ ရိုးရိုးလေးပါပဲ။Hue အနေနဲ့ အစိမ်း/အပြာ/ခရမ်းတွေကို saturation အငြိမ်ရောင်တွေ သုံးထားပါတယ်။ကျန်တဲ့အရောင်တွေ အားလုံးကို ဖျောက်ထားပြီး အမဲကို ထင်းထားပါတယ်။ကောင်းကင်က နေအလင်းကိုတော့ ပေါ်အောင်ထားထားပါတယ်။

🧥နောက်ဆုံးမှာတော့ ပုံတွေများတာရော စိတ်ဝင်စားဖို့ ကောင်းအောင်ပါ Fashion Mood Board လေးပါ လုပ်ထားပါတယ်။

🧥ဒါမျိုးလေးတွေ ပြင်ချင်လို့ စိတ်ဝင်စားရင် Grace ရဲ့ portrait retouch class ရှိလို့ join လို့ ရပါတယ်နော်။

🧥ဒီ post လေးကို သဘောကျရင် like & share ပေးလို့ ရပါတယ်။အားလုံးပဲ ကောင်းသောညလေးပါရှင့်😍😍။

Queen👑ကဲ ပုံလေးတွေ ထပ်တင်မယ်နော်😁😁။ဒီရက်ပိုင်း ပုံတွေပဲ လုပ်ဖြစ်နေလို့ပါ😢။👑 ဒီပုံလေးက Fashion mood လဲဖြစ် model pose ကလဲ...
13/12/2020

Queen👑

ကဲ ပုံလေးတွေ ထပ်တင်မယ်နော်😁😁။ဒီရက်ပိုင်း ပုံတွေပဲ လုပ်ဖြစ်နေလို့ပါ😢။

👑 ဒီပုံလေးက Fashion mood လဲဖြစ် model pose ကလဲ မိုက်နေတော့ အယ့်လယ်😜 ညနေစောင်း ရိုက်ထားတာကြောင့်ရော Grace အရမ်းကြိုက်တဲ့ အီဂျစ်က ညနေစောင်း ကာလာလေးကို inspire ယူပြီး ပြင်ထားတာ။

👑 Warm color ဘက်ကို သွားထားပြီး အဓိကက အနေနဲ့ လိမ္မော်တဲ့ အနီ အရောင်တွေကို အများဆုံး သုံးထားပါတယ်။

👑 Skin color ကိုတော့ color နဲ့လိုက်အောင် လိမ္မော်ရောင်ဘက် ဖောက်ထားပါတယ်။composition ကတော့ ဓာတ်ဆရာတော်လို့ပါ😁။

👑 ဒီမှာတော့ ထူးထူးခြားခြား water mark လေးကို fashion mood လေး ရအောင် ထိုးပေးထားပါတယ်။

👑 ဒီပုံလေးတွေကို သဘောကျမယ်လို့ ထင်ပါတယ်။အားလုံးကို ကျေးဇူးပါရှင့်။post ကို like & share ပေးရင်လဲ စိတ်မဆိုးဘူးနော်😜😜😘😘။

📸 Ye Min Ko
Retouch By Grace


"A Beautiful Witch "ဒီနေ့မှာတော့ Grace က အရမ်းပြင်ချင်နေတဲ့ Witch ပုံစံမျိုး ပြင်ခွင့်ရတာလေးကို ပြောပြပေးချင်ပါတယ်။😈 ပထမ...
12/12/2020

"A Beautiful Witch "

ဒီနေ့မှာတော့ Grace က အရမ်းပြင်ချင်နေတဲ့ Witch ပုံစံမျိုး ပြင်ခွင့်ရတာလေးကို ပြောပြပေးချင်ပါတယ်။

😈 ပထမဆုံး Witch ဆိုတဲ့ နေရာမှာ ဘယ်လို witch မျိုးလဲပေါ့ စစဥ်းစားပါတယ်။ရုပ်ဆိုးတာမျိုးလဲ မလုပ်ချင်ဘူးဆိုတော့ Beautiful witch ပုံစံလုပ်ဖို့ စိတ်ကူးလိုက်ပါတယ်။အဲ့တာကိုမှ theme ကို စဥ်းစားတော့ တခုခုကြောင့် အားနည်းနေလို့ ဆာလောင်နေတဲ့ လှပတဲ့ Witch ပုံစံလေး ဖန်တီးထားတာ ဖြစ်ပါတယ်။

😈 အရင်ဆုံး ပုံမှာ ပါသမျှ ရှိသမျှ အရောင်တွေကို အနီဘက်ပြောင်းပါတယ်၊ပြီးမှ Saturation ငြိမ်အောင် ထားပါတယ်။အဲ့တာပြီးတာနဲ့ အားနည်းနေတဲ့ Witch ပုံစံပေါက်အောင် skin ကို အဖြူ စွတ်စွတ် လုပ်ပါတယ်။အဲ့တာအပြင် ဆံပင်ကအစ အားနည်းနေတာပေါ်အောင် ဟိုနားဒီနားနည်းနည်း ဖြူနေတဲ့ ပုံစံပေါက်အောင် လုပ်ပါတယ်။အားလျော့နေတယ်ပေါ့😁😁။

😈 နောက် မျက်လုံး အရောင်တွေပြောင်းပါတယ်။Doge & burn တွေ ထည့်ပါတယ်။နောက်ဆုံးမှာတော့ ပုံလေး ပိုကြွအောင် Gradient tool သုံးပြီး မျက်လုံးနဲ့ accessories တွေကို မီးထိနေတဲ့ ပုံစံလေး လိုက်ထည့်ထားပါတယ်။

😈 Before & After ပုံလေးတွေလဲ ပါလို့ အဆုံးထိ ကြည့်ကြည့်ကြပါလို့။သဘောကျရင် like & share ပေးလို့ ရပါတယ်။အဆုံးထိ ဖတ်ပေးတာ ကျေးဇူးပါ။

😈 ဒါမျိုးလေးတွေ ပြင်တတ်ချင်တယ်ဆို Grace ဆီမှာ Portrait Retouch class လေး ရှိတာမို့ စိတ်ဝင်စားရင် cb ကနေ မေးလို့ ရပါတယ်။အားလုံးပဲ တာတာ့❤️❤️။

😈 စိတ်ကြိုက်ပြင်ဆင်ခွင့်ပေးတဲ့ ဓာတ်ဆရာ Ko Ye Min Ko နဲ့ model ညီမလေး နိုးနိုးကို ကျေးဇူးပါလို့❤️❤️။

Model - Noe Noe Hnin Htet
📷 Ye Min Ko
Retouch By Grace (me)

📷ကဲ ဒီရက်ပိုင်းတော့ video လေးတွေ မတင်နိုင်တော့ Photo retouch ပြင်ဖြစ်တဲ့ ပုံအကြောင်းလေးတွေပဲ တင်ပေးမယ်နော်😊😊။📷ဒီပုံလေးကတ...
12/12/2020

📷ကဲ ဒီရက်ပိုင်းတော့ video လေးတွေ မတင်နိုင်တော့ Photo retouch ပြင်ဖြစ်တဲ့ ပုံအကြောင်းလေးတွေပဲ တင်ပေးမယ်နော်😊😊။

📷ဒီပုံလေးကတော့ ပြည်သူ့ရင်ပြင်မှာ ညနေ ၅ နာရီထိုးကြီး ရိုက်ထားတာ၊တော်တော်လေး မှောင်နေပါပြီ၊မီးတော့ နှစ်လုံး ပေးထားပါတယ်။ပုံလေးကို ဘယ်လို ပြင်ထားလဲဆိုတာ စပြီး ပြောပြပေးမယ်နော်။

📷 သူရဲ့ pose နဲ့ theme က ကျောင်းသူ hot hot လေးပုံစံမို့ warm color ပြင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ထုံစံအတိုင်း Grace က ကာလာအငြိမ်တွေ သဘောကျတာမို့ warm color ဖြစ်တဲ့ လိမ္မော်ရောင်ကိုမှ saturation ပါးပါးလေးပဲ သုံးထားပါတယ်။နောက်ခံမှာက စက္ကူပန်းလေးတွေ ပါနေတာကြောင့် လိမ္မော်နဲ့လဲ လိုက်ဖက်ကာလာ ဖြစ်တဲ့ ပန်းဆီရောင်
ကို ယူပြီး ဘေးဘက်နဲ့ အနောက်မှာ ထပ်ထည့်ထားပါတယ်။

📷 နောက်ဆုံး လူရဲ့ Skin အရောင်ကိုလဲ Model က နဂို အသားဖြူသူမို့ လိမ္မော်ဘက် သန်းသန်းလေး လုပ်ထားပါတယ်၊အဖြူစွတ်စွတ်ဆို မလိုက်လို့ပါ။

📷 ကဲ ပုံလေးတွေ ကြည့်ပြီး သဘောကျရင် like & share ပေးလို့ ရပါတယ်။ဒါမျိုးလေးတွေ တက်ချင်တယ်ဆို Grace ဆီမှာ သင်တန်း တက်လို့ရပါတယ်ရှင့်။အားလုံးကို ကျေးဇူးပါ။

Model - Chit Su Min Swe
📷Ye Min Ko
Retouch By Grace ( me )

🌲ကဲ ခရစ်စမတ် ကာလလေးမှာ Grace ရိုက်ဖြစ်တဲ့ photoကို ဘယ်လို retouch ကိုင်ထားလဲ ပြောပြပေးမယ်နော်😍😍။🌲ခရစ်စမတ် theme ဖြစ်တဲ့အ...
10/12/2020

🌲ကဲ ခရစ်စမတ် ကာလလေးမှာ Grace ရိုက်ဖြစ်တဲ့ photoကို ဘယ်လို retouch ကိုင်ထားလဲ ပြောပြပေးမယ်နော်😍😍။

🌲ခရစ်စမတ် theme ဖြစ်တဲ့အတွက် အနီးနဲ့ အစိမ်းထဲက ဘယ်ကာလာကို main ထားမလဲ ဆိုပြီး စဥ်းစားလိုက်ပါတယ်။Grace ဝတ်ထားတာ အနီဖြစ်တဲ့အတွက် အနီရောင်ကို main ထားပြင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

🌲ဆောင်းရာသီမို့ Warm color ပြင်ဖို့ မလိုက်ဖက်တာကြောင့် Cool color ကို ရွေးပြီး ပြင်ဖို့စဥ်းစားလိုက်ပါတယ်။အနီရောင်ကိုလဲ main ထားမယ် cool color လေး ပြင်မှာမို့ အနီရောင်ကို saturation အငြိမ်ဖြစ်အောင် ပြင်ထားပါတယ်။ပြီးတော့ ဘေးနားက မီးအဝါတွေကအစ saturation ငြိမ်အောင် ထားလိုက်ပါတယ်။နောက် အနီနဲ့ ဘေးကပ်ရပ် ကာလာဖြစ်တဲ့ ခရမ်းရောင်ကို shadow မှာ ထည့်ထားပါတယ်။

🌲Skin အရောင်ကိုတော့ ဘေးနားမှာ မီးအဝါတွေ ရှိတာကြောင့် အဝါဖောက်လေး ပြင်ထားတာပါ။ဘေးပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်ပြီး သဘာဝကျအောင်ပါ။Skin texture ကိုတော့ ပါးပါးလေးပဲ retouch ကိုင်ထားပါတယ်။

🌲ပုံတွေ ပြင်တဲ့အခါမှာ ပတ်ဝန်းကျင် အခြေအနေ Model ရဲ့ pose ပေးထားတာတွေ ကြည့်ပြီး ပြင်ရင် သဘာဝကျပြီး လိုက်လျောညီထွေတဲ့ ပုံလေးတွေ ရနိူင်ပါတယ်။

🌲ဒါတွေကတော့ Grace သိသလောက်နဲ့ ပြင်ဖြစ်တဲ့အကြောင်းလေးတွေ Sharing လုပ်ပေးတာပဲ ဖြစ်ပါတယ်။အဆုံးထိ ဖတ်ပေးကြသူတွေကို ကျေးဇူးတင်ပါတယ်။သဘောကျတယ်ဆို post လေးကို like & share လုပ်လို့ ရပါတယ်ရှင့်😍။

📸Ye Min Ko
Retouch By Grace


09/12/2020

Grace ပထမဆုံး edit ထိုင်ဖူးတဲ့ MV cover song လေးပါ။ဒီ Video လေးကတော့ Teaser ပါ။

Grace ပြင်ဖြစ်တဲ့ နောက်ထပ် ပုံလေးတွေပါ😍😍Theme လေးက အေးအေးလူလူ စာဖတ်နေတဲ့ ကောင်မလေးတစ်ယောက်ပုံစံလေးမို့ Cool Tone ပြင်ဖို...
03/12/2020

Grace ပြင်ဖြစ်တဲ့ နောက်ထပ် ပုံလေးတွေပါ😍😍

Theme လေးက အေးအေးလူလူ စာဖတ်နေတဲ့ ကောင်မလေးတစ်ယောက်ပုံစံလေးမို့ Cool Tone ပြင်ဖို့ စဥ်းစားလိုက်ပါတယ်။အဲ့တာကိုမှ Color အတွဲအစပ်ကို Monochromatic ပြင်ဖို့ ရွေးလိုက်ပါတယ်။သူဝတ်ထားတဲ့ အင်္ကျီမှာ ကာလာအဖျော့ ပတ်ဝန်းကျင်က အရောင်မှာ အစိမ်းပဲ လွှမ်းမိုးနေတာမို့ အစိမ်းကို ကာလာ အနုအရင့် ပြင်ဖို့ စိတ်ကူးပြီး ပြင်လိုက်ပါတယ်။မနက်ခင်းလေးလဲ ပုံ တင်ချင်တယ် ဆောင်းတွင်း ပုံစံလေးမျိုးလေးလဲ ဖြစ်အောင် မြူတွေဆိုင်းနေတဲ့ ပုံစံလေး ပြင်ထားတာပါ။

ဒီပုံလေးတွေ ရိုက်တုန်းက အချိန် ညနေ 5 နာရီကျော်နေပါပြီ၊နေအရောင်ရှိတုန်းလေး မီးတစ်လုံးထဲနဲ့ ရိုက်ထားတာပါ။အားလုံးကို ကျေးဇူးပါ။
📷Ye Min Ko
Retouch By Grace

Grace ပြင်ဖြစ်တဲ့ ပုံလေးတွေကို နောက်ပိုင်း တင်ပေးသွားပါမယ်၊ဘယ်လိုပြင်ထားလဲ ကာလာလေးတွေ သိချင်ရင် message box မှာ လာမေးနို...
01/12/2020

Grace ပြင်ဖြစ်တဲ့ ပုံလေးတွေကို နောက်ပိုင်း တင်ပေးသွားပါမယ်၊ဘယ်လိုပြင်ထားလဲ ကာလာလေးတွေ သိချင်ရင် message box မှာ လာမေးနိုင်ပါတယ်။Raw ပုံတွေ ကြည့်ချင်ရင်လဲ လာမေးနိုင်ပါတယ်။

ဒီပုံလေးတွေကို နေ့လည် 1 နာရီထိုး နေအရမ်းပြင်းနေတဲ့အချိန်မှာ Natural light နဲ့ပဲ ပေါ့ပေါ့ပါးပါး ရိုက်ဖြစ်ပါတယ်။အနောက်တော့ နည်းနည်းလေး Ban နေပါတယ်။
📷 Ye Min Ko
Retouch By Grace

23/11/2020

လုံးဝကို ပြောင်းလဲသွားအောင် ပိန်ကြမယ်/သေးသွယ်ကြမယ်😱😱

Hello အားလုံးပဲ Grace ဒီနေ့ ပြောပြပေးချင်တာကတော့ Photographer တိုင်းအတွက်ရော Design လုပ်မယ့် သူတွေအတွက်ပါ မရှိမဖြစ် လိုအပ်တဲ့ Liquify ဆိုတဲ့ model တွေကို ပိန်သွယ်အောင် လုပ်ပေးတာပဲ ဖြစ်ပါတယ်။

ဒီနည်းလမ်းက မရှိမဖြစ် လိုအပ်သလို Boy ရော Girl ရောကို လုပ်ပေးဖို့ လိုတာမို့ အားလုံး အသုံးဝင်မယ်လို့ ထင်ပါတယ်။သဘောကျတယ်ဆို like & share ပေးပါအုန်း။အားလုံးကို ကျေးဇူးတင်ပါတယ်😍😍


Address


Telephone

+959424157805

Website

Alerts

Be the first to know and let us send you an email when Video Editing & Photo Retouch By Grace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Video Editing & Photo Retouch By Grace:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share