KWLN

KWLN KWLN NEWS

နိုဝင်ဘာလ၂၃ရက်Ministry of Defence - National Unity Government of Myanmar ပြည်သူ့ခုခံတော်လှန်စစ် People Defense Forceစစ်ရ...
23/11/2021

နိုဝင်ဘာလ၂၃ရက်
Ministry of Defence - National Unity Government of Myanmar
ပြည်သူ့ခုခံတော်လှန်စစ် People Defense Forceစစ်ရေးသတင်းအကျဉ်းချုပ်

နိုဝင်ဘာလ၂၃ရက်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစစ်သုံ့ပန်းနှင့်စစ်ဖက်အကျဉ်းသားထိန်း‌သိမ်းရေးလမ်းညွှတ်ချက်
23/11/2021

နိုဝင်ဘာလ၂၃ရက်
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
စစ်သုံ့ပန်းနှင့်စစ်ဖက်အကျဉ်းသားထိန်း‌သိမ်းရေးလမ်းညွှတ်ချက်

နိုဝင်ဘာ၂၃ရက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ဝေသော ပြည်ကာကွယ်ရေးစာစောင...
23/11/2021

နိုဝင်ဘာ၂၃ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ဝေသော ပြည်ကာကွယ်ရေးစာစောင်အတွဲ(၂/အမှတ်၁)

နိုဝင်ဘာလ၂၃ရက်စစ်ကိုင်းပုလဲPDFခေါင်းဆောင်ဗိုလ်နဂါးဖမ်းဆီးခံရဆိုသောသတင်းဟာအမှားသာဖြစ်ကြောင်း---------------_--စစ်ကိုင်းတိ...
23/11/2021

နိုဝင်ဘာလ၂၃ရက်
စစ်ကိုင်းပုလဲPDFခေါင်းဆောင်ဗိုလ်နဂါးဖမ်းဆီးခံရဆိုသောသတင်းဟာအမှားသာဖြစ်ကြောင်း
---------------_--
စစ်ကိုင်းတိုင်းဒေသကြီးပုလဲအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်၏ခေါင်းဆောင်ဖြစ်သူဗိုလ်နဂါးအားဖမ်းဆီးရမိပြီဆိုတဲ့သတင်းနဲ့အတူဓာတ်ပုံတပုံလူမှုကွန်ရပ်တွင်ပြန့်နှံ့ခဲ့ပါတယ်။
ဒီသတင်းအမှားကိုစစ်တပ်သတင်းများအသားပေးရေးသားနေတဲ့
Telegram Channelတခုဖြစ်တဲ့ Thazin Ooဆိုသည့်channelတွင်စစ်ကိုင်းတိုင်းဂျိုလ်ကြွနေတဲ့PDFခေါင်းဆောင်ဗိုလ်နဂါးဖမ်းဆီးရဖော်ပြကာစတင်ရေးထုတ်ဝေခဲ့ပါတယ်။
အဲ့ဒီသတင်းမှာအမျိုးတဦးက
ဒူးထောက်ထိုင်နေပုံနဲ့အတူအနောက်တွင်အကြမ်းစစ်ကောင်စီတပ်သားမှခြေထောက်တင်ထားဓာတ်ပုံပါ‌ဖြန်‌့ဝေခဲ့ပါသည်။ သတင်းအမှားတိုက်ဖျက်ရေးအဖွဲ့ကပုလဲPDFခေါင်း‌ေဆာင်ဗိုလ်နဂါးကိုဆက်သွယ်မေးမြန်ခဲ့ပါတယ်။လက်ရှိပြန့်နေတဲ့ပုံဟာကလေးမှာလွန်ခဲ့တဲ့အချိန်တော်တော်အကြာတုန်းကဓာတ်ပုံပါ၊ကျွန်တော့်ကိုဖမ်းမိပီဆိုပြီးသတင်းတင်တာ၃ခါရှိပြီ၊အရင်တခါသူတို့ဗျူဟာမူးသေတုန်းကတခါကျွန်တော့်ကိုမိတယ်ဆိုပီးသတင်းလွှင့်ပါသေးတယ်လိုပြန်လည်ဖြေကြားပေးခဲ့ပါတယ်။
ထို့ကြောင့်လက်ရှိပြန့်နှံ့နေတဲ့PDFခေါင်းဆောင်ဗိုလ်နဂါးဖမ်းဆီးခံရခြင်းဟာဓာတ်ပုံအ‌ေဟာင်းကိုအသုံးပြုထား‌ေသာသတင်းအမှားဖြစ်သည်။

22/11/2021

အရေးတော်ပုံအောင်ရမည်

နိုဝင်ဘာလ၂၂ရက်Ministry of Defence - National Unity Government of Myanmar ပြည်သူ့ခုခံတွန်းလှန်စစ် People Defense Forceသတင...
22/11/2021

နိုဝင်ဘာလ၂၂ရက်
Ministry of Defence - National Unity Government of Myanmar
ပြည်သူ့ခုခံတွန်းလှန်စစ် People Defense Forceသတင်းအကျဉ်းချုပ်များ

နိုဝင်ဘာလ၂၂ရက်နေ့ဒေသကာကွယ်တပ်များနှင့်အကြမ်းစစ်ကောင်တပ်ဖွဲ့တို့အကြားထိတွေ့ပစ်ခေတ်မှုများဖြစ်ပွား--------------စစ်ကိုင်းတ...
22/11/2021

နိုဝင်ဘာလ၂၂ရက်နေ့
ဒေသကာကွယ်တပ်များနှင့်အကြမ်းစစ်ကောင်တပ်ဖွဲ့တို့အကြားထိတွေ့ပစ်ခေတ်မှုများဖြစ်ပွား
--------------
စစ်ကိုင်းတိုင်းအရာတော်မြို့နယ်၊နောင်ကြီးအိုင်ကျေးရွာမှစစ်ကောင်စီသတင်းပေးဒလံဆိုသူကိုသတိပေးရန်ရောက်လာသည့်ဒေသခံပြောက်ကျားတပ်ဖွဲ့နှင့်နောင်ကြီးအိုင်တွင်တပ်ဆွဲထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့်နိုဝင်ဘာလ၂၂ရက်နေ့နံနက်၁နာရီခန့်ကအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ARAအဖွဲ့ကပြောပါတယ်။
ဒလံသွားရှင်းတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီကသိသွားတာ၊သူတို့ကနောင်ကြီးအိုင်ရဲစခန်းမှာဘဲတပ်ဆွဲထားတာဆိုတော့အမြန်ရောက်လာတယ်လို့အ‌ရာတော်ပြည်သူ့ကာကွယ်ရေးအင်းအားစုARAကပြောပါတယ်။
နောင်ကြီူအိုင်ကမ္ဘာ့ရွာကဖေးအနီးတွင်စတင်ဖြစ်ပွားခံပီးလမ်းတ‌ေလျှာက်ပစ်ခတ်ခဲ့T Mobileဆိုင်အနီးထိတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းARAအဖွဲ့ထံကနေသတင်းရရှိပါတယ်။
ထိတွေ့တိုက်ပွဲဟာ၁၅မိနစ်ခန့်ကြာပီးဒေသကာကွယ်ရေးတပ်မှအင်းအား၃၀ခန့်နှင့်နှောင်ကြီးအိုင်စခန်းတွင်တပ်ဆွဲထားသည့်စစ်ကောင်စီတပ်မှအင်အား၁၀ခန့်တို့တိုက်ပွဲဖြစ်ခဲ့ကြောင်းသတင်းရရှိပါတယ်။
တိုက်ပွဲဖြစါတဲ့နေရာက
ဈေးတန်းဆိုတော့စည်တယ်။
အဲ့နားမှာလူတွေလဲပုန်း‌ေနတာရှိတယ်။အဲ့ကောင်တွေကလူတွေကိုသူတို့နားမှာစုထားတာလူသားဒိုင်းလုပ်တဲ့ပုံစံပေါ့။အဲ့ထဲမှာသားအမိနှစ်ယောက်ပါတယ်။ကလေးက၅နှစ်အရွယ်လေး။နောက်ပီးတော့နေအိမ်နှစ်လုံးကိုမီးရှို့သွားတယ်လို့အရာတော်ပြည်သူ့ကာက်ရေးတပ်ARAကပြန်ပြောပြပါတယ်။
တိုက်ပွဲဖြစ်ပီးနောက်ဒေသခံပြောက်ကျားတပ်ဖွဲပြန်လည်ဆုပ်ခွားသွားချိန်တွင်ARAအဖွဲ့၏ဆိုင်ကယ်၁၅စီးမှာတိုက်ပွဲဖြစ်နေရာတွင်ကျန်ရစ်ခဲ့ကြောင်းARAအဖွဲ့ထံမှသိရပါတယ်။ကျန်ရှိနေသောဆိုင်ကယ်၁၀စီး‌ေကျာ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကမီးရှို့ခဲ့ပီးဆိုင်ကယ်၃စီးကိုရွေးချယ်ယူဆောင်သွားကာဓားစာခံအဖြစ်ဖမ်းဆီးထားသူများကိုပြန်လွှတ်ပေးခဲ့တယ်လို့သတင်းရရှိပါသည်။

နိုဝင်ဘာလ၂၂ရက်အကြမ်းဖက်စစ်ကောင်စီတပ်၏ဆီသယ်ကားကိုကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်ကမီးရှို့ဖျက်ဆီး----------------------မကွေးတိ...
22/11/2021

နိုဝင်ဘာလ၂၂ရက်
အကြမ်းဖက်စစ်ကောင်စီတပ်၏
ဆီသယ်ကားကိုကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်ကမီးရှို့ဖျက်ဆီး
----------------------
မကွေးတိုင်းကျောက်ထုမြို့နယ်ကျောက်ထ-ပခုက္ကူလမ်းပိုင်းတနေရာမှာအကြမ်းဖက်စစ်ကောင်စီ၏ဆီသယ်ယာဉ်အားကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်PDFကမီးရှို့ဖျက်ဆီးလိုက်ကြောင်းထုတ်ပြန်ထားပါတယ်။
ထိုကားကိုစစ်ဆေးခဲ့ရာကအကြမ်းဖက်စစ်ကောင်စီကိုပုံမှန်ဆီသယ်ပေးနေသောကားဖြစ်ကြောင်းကိုစစ်ဆေးသိရှိရတယ်လို့ယနေ့နိုဝင်ဘာလ၂၂ရက်နေ့မှာထုတ်ပြန်ထားတာတွေ့ရပါတယ်။
မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီယန္တရားများတွင်ပါဝင်ကူညီခြင်း၊လိုက်ပါဆောင်ရွက်ခြင်းမပြုကြဖို့ကိုလဲသတိပေးချက်တွင်ဖော်ပြထားတာတွေ့ရပါတယ်။

နိုဝင်ဘာလ၂၂ရက်ကသာမြို့မှရွှေကူဘက်သို့သယ်ဆောင်လာသော Myanmar Beerများကိုမြို့လှPDFကဖျက်ဆီး-----------------စစ်ကိုင်းတိုင်း...
22/11/2021

နိုဝင်ဘာလ၂၂ရက်
ကသာမြို့မှရွှေကူဘက်သို့သယ်ဆောင်လာသော Myanmar Beerများကိုမြို့လှPDFကဖျက်ဆီး
-----------------
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကသာခရိုင်တွင်ကသာမှရွှေကူသို့‌ေရ‌ေကြာင်းဖြင့်သယ်ဆောင်လာသော‌အကြမ်းဖက်စစ်ကောင်စီပိုင်ထုပ်ကုန်ဖြစ်သော Myanmar Beerများအပြည့်သယ်‌ေဆာင်လာ‌ေသာစက်‌ေလှတစီးကိုဖျက်ဆီးလိုက်‌ေကြာင်းမြို့လှPDF(မိုက်ရူးရဲ)အဖွဲ့မှပြောရေးဆိုခွင့်ရှိသူတဦးကပြောပါတယ်။
ဘီယာဖာ၃၀၀‌နီးပါသယ်ဆောင်လာသည့်စက်လှေကိုနိုဝင်ဘာလ၂၂ရက်နေ့ညနေ၄နာရီအချိန်ကဖက်ဆီးကာစက်လှေသမားအားပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။
လူကိုပြန်လွှတ်ပေးလိုက်ပီးနောက်မလုပ်ဖို့ကိုလဲသတိပေးလိုက်တယ်လို့မြို့လှ(PDF)အဖွဲ့၏မဟာမိတ်အဖွဲ့ဖြစ်သည့် Indaw Revolution IRအဖွဲ့ဝင်တဦးကပြောပါတယ်။
ကောင်စီပိုင်မည်သည့်ပစ္စည်းကိုမဆိုဖျက်ဆီးသွားမယ်လို့လဲ၎င်းကပြောပါတယ်။

နိုဝင်ဘာလ၂၂ရက်တမူးရဲကင်းစခန်းကိုကျောင်းသားတပ်ခွဲဝင်ရောက်မီးရှို့--------------------------စစ်ကိုင်းတိုင်းတမူးမြို့နယ်တမူ...
22/11/2021

နိုဝင်ဘာလ၂၂ရက်
တမူးရဲကင်းစခန်းကိုကျောင်းသားတပ်ခွဲဝင်ရောက်မီးရှို့
--------------------------
စစ်ကိုင်းတိုင်းတမူးမြို့နယ်တမူးလဝကရုံးအနီးရှိအကြမ်းဖက်စစ်ကောင်စီ၏ရဲကင်းစခန်းတခုကိုယနေ့နိုဝင်ဘာလ၂၂ရက်နေ့နံနက်ပိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
တမူး၊ကျောင်းသားတပ်ခွဲ(BSO)မှဝင်ရောက်စီးနင်းပီးမီးရှိ့ဖျက်ဆီးလိုက်ကြောင်းထုပ်ပြန်ထားပါတယ်။
အဆိုပါတပ်ဖွဲ့( Burmese Students Organization)မှာမြေပြင်လုပ်ရှားရေးအဖွဲ့အနေဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအပါအဝင်ဒလံများနှင့်‌ေတာ်လှန်‌ေရးကိုအနှောက်အယှက်ဖြစ်စေသည့်အဖွဲ့အစည်းများကိုရှင်းလင်းသွားမည်ဖြစ်ပါသောကြောင့်ပြည်သူများအနေဖြင့်အသွားအလာ၊အနေအထိုင်ကြရန်ထုပ်ပြန်ကြေညာထားတယ်လို့သတင်းရရှိပါတယ်။

နိုဝင်ဘာလ၂၂ရက်နေ့ဘောဒီးယားနိုင်ငံပိုင်ရုပ်မြင်သံကြားမှရိုက်ကူးထားသောလက်ကိုင်ဓာတ်ပုံများတွင်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆ...
22/11/2021

နိုဝင်ဘာလ၂၂ရက်နေ့
ဘောဒီးယားနိုင်ငံပိုင်ရုပ်မြင်သံကြားမှရိုက်ကူးထားသော
လက်ကိုင်ဓာတ်ပုံများတွင်
ကမ္ဘောဒီးယားဝန်ကြီးချုပ်
ဟွန်ဆန်ကတရုနိုင်ငံနှင့်
အရှေ့တောင်အာရှနိုင်ငံများအသင်း{အာဆီယံ}ခေါင်းဆောင်များနှင့် Virtual Meetingတပ်ရောက်စဉ်
# အာဆီယံအတွင်းမြန်မာမပါ
# Cambodia,,22 November2021ဖနွမ်းပင်မြို့ငြိမ်းချမ်းရေးနန်တော်တွင်တရုတ်ထိပ်သီးအစည်းအဝေးကျင်းပအာဆီယံ-တရုတ်ဆက်ဆံရေးနှစ်၃၀ပြည့်နှစ်ပက်လည်နေ့အထိမ်းအမှတ်အာဆီယံတရုတ်အထူးအစည်းအဝေးကျင်းပ

နိုဝင်ဘာလ၂၂ရက်ဂန့်ဂေါတွင်မိုင်းခွဲခံရလို့အကြမ်းဖက်စစ်ကောင်စီဘက်မှအရာရှိ၁ဦး၊တပ်သား၁၁ဦးသေဆုံး--------------------------မကွ...
22/11/2021

နိုဝင်ဘာလ၂၂ရက်
ဂန့်ဂေါတွင်မိုင်းခွဲခံရလို့အကြမ်းဖက်စစ်ကောင်စီဘက်မှအရာရှိ၁ဦး၊တပ်သား၁၁ဦးသေဆုံး
--------------------------
မကွေးတိုင်းဒေသကြီးဂန့်ဂေါမြို့နယ်မင်းရွာရဲစခန်းမှဂန့်ဂေါသို့အကြမ်းဖက်စစ်ကောင်စီယာဉ်၅စီးအားYDF(ဂန့်ဂေါ)နှင့်ပူးပေါင်းမဟာမိတ်အဖွဲ့မှခေါက်လူရွာအနီးတွင်ယမန်နေ့နိုဝင်ဘာ၂၁ရက်နေ့ကမိုင်း၁၂လုံးဖြင့်တိုက်ခိုက်မှုပြုခဲ့ကြောင်းထုပ်ပြန်ထားပါတယ်။
အမြောက်ယာဉ်နှင့်တတိယယာဉ်တို့ထိမှန်ပျက်စီးခဲ့ပီးဗိုလ်အဆင့်ရှိသူအပါအဝင်တပ်သား၁၁ဦးသေဆုံးကာ၂၀ကျော်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ပွဲတွင်ကာကွယ်ရေး
ပစ္စည်းစက်ရုံ(ကပစ)ထုတ်MAကျည်၄၀၀ကျော်၊ယူနီဖောင်းနှစ်ဆုံ၊ကျည်ဘောက်၂ခု၊ဘေအိပ်တစုံ၊အပူချိန်တိုင်းစက်၁ခု၊တီရှပ်တထည်၊ဖိနပ်တရံ၊ဓာတ်ပုံများသိမ်းဆည်ူရမိခဲ့ကြောင်းYDFကထုတ်ပြန်ထားတယ်လို့သတင်းရရှိပါတယ်။

နိုဝင်ဘာလ၂၁ရက်Ministry of Defence - National Unity Government of Myanmar ပြည်သူ့ခုခံတော်လှန်စစ်စစ်ရေးသတင်းအကျဉ်းချုပ်
21/11/2021

နိုဝင်ဘာလ၂၁ရက်
Ministry of Defence - National Unity Government of Myanmar
ပြည်သူ့ခုခံတော်လှန်စစ်စစ်ရေးသတင်းအကျဉ်းချုပ်

နိုဝင်ဘာ၂၁ရက်‌ရေစကြိုတွင်စစ်သားတဦးကိုAKသေနတ်၊ကျည်ဆံများဖြင့်ဖမ်းဆီးရမိသော်လည်းခုခံထွက်ပြေးသဖြင့်ပစ်ခတ်ဖမ်းဆီးရာမှသေဆုံး-...
21/11/2021

နိုဝင်ဘာ၂၁ရက်‌
ရေစကြိုတွင်စစ်သားတဦးကိုAKသေနတ်၊ကျည်ဆံများဖြင့်ဖမ်းဆီးရမိသော်လည်းခုခံထွက်ပြေးသဖြင့်ပစ်ခတ်ဖမ်းဆီးရာမှသေဆုံး
--------------------------
မကွေးတိုင်းရေစကြိုမြို့နယ်ရေလယ်ကျွန်းကောင်စီတပ်ဖွဲဝသ်တဦးကိုနိုဝင်ဘာလ၂၀ရက်နေ့ကပြည်သူ့ကာကွယ်ပြောက်ကျားတပ်ဖွဲဝင်များAKသေနတ်၊ကျည်၅၄တောင့်၆၀မမကျည်ဖူးတဖူးတို့ဖြင့်ဖမ်းဆရမီရမိသော်လည်းခုခံထွက်ပြေးသောကြောင့်ပစ်ခတ်ဖမ်းဆီးခဲ့ရာသေဆုံးခဲ့ကြောင်းYSONO1ပြောင
က်ကြားတပ်ဖွဲကသိရပါတယ်။
အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်သည်နိုဝင်ဘည၁၅ရက်နေ့ကစတင်ကာနိုဝင်ဘာ၂၁နေ့ထိ၆ရက်ကြာကျေးရွာပေါာင်းစုံ၌စခန်းချပီးလက်နက်ြကီးလက်နက်ငယ်လေးများဖြင့်ပစ်ခေတ်နေပီးကျေးရွာများအတွင်းပြည်သူများအပိုင်ပစ္စည်းများနှောက်ခိုးယူလှယက်မှုများလုပ်နောင်သည့်အကြမ်းဖက်စစ်ကောင်စီစစ်ရေးတပ်မတော်ပြောက်ကျားတပ်ဖွဲ့များထံမှသိရပါတယ်။
ရေစကြိုမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကလှည့်လည်နေသဖြင့်လက်ရှိအချိန်ထိဒေသခံပြည်သူတစ်သောင်းကျော်ဘေးလွတ်ရာသို့ထွက်ပြေးသိမ်‌းရှောင်နေရကြောင်းသတင်းရရှိပါတယ်။

နိုဝင်ဘာလ၂၁ရက်ကျိုက်နဲရေလယ်ဘုရားပွဲတွင်ရေထဲကျလို့၁၅ဦးသေဆုံးပီးယောက်၂၀ပျောက်ဆုံးနေ-----------------------------မွန်ပြည်နယ...
21/11/2021

နိုဝင်ဘာလ၂၁ရက်
ကျိုက်နဲရေလယ်ဘုရားပွဲတွင်ရေထဲကျလို့၁၅ဦးသေဆုံးပီးယောက်၂၀ပျောက်ဆုံးနေ
-----------------------------
မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်ရှိကျုက်နဲရေလယ်ဘုရားပွဲအတွင်းရေထဲသို့ချော်ကျသဖြင့်သေဆုံးသူ၁၅ဦးရှိပီး၊အနည်းဆုံး၂၀ခန့်ပျောက်ဆုံးနေတယ်လို့ရေထဲကျသူများကိုကယ်ဆယ်ပေးနေတဲ့သံဖြူဇရပ်အခြေစိုက်လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှသတင်းရရှိပါတယ်။
စက်လှေမောက်တာတော့မဟုတ်ဖူးလမ်းလျှောက်ရင်းတအားတိုးပီးချော်ကျတာ။ဘေးကျကုန်ပီးမျောကုန်တာဘုရားကပင်လယ်ထဲမှာ။အခုလက်ရှိတော့၁၅လောင်းတွေ့ထားတယ်။‌မတွေ့တဲ့သူတွေလည်းရှိတယ်။မတွေ့တာက၂၀နဲ့၃၀အကြားမှာရှိတယ်လို့အခင်းဖြစ်ပွားရာသို့ရောက်ရှိနေသည့်သံဖြူဇရပ်အခြေစိုက်လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။
ကျိုက်နဲရေလယ်ဘုရားသည်
သံဖြူဇရပ်မြို့နယ်ဝဲကလောင်ကျေးရွာနှင့်အံခဲရွာအကြားပင်လယ်ထဲတွင်ရှိပီးဘုရားပွဲတော်ရက်ရောက်မှသာဘုရားသို့ကမ်းဆပ်မှတဆင့်သွားနိုင်သည့်ကျောက်လမ်း(နတ်လမ်း)ပေါ်လာလေ့ရှိတယ်လို့ပြောပါတယ်။၎င်းကျောက်လမ်း၏တဖက်တချက်တွင်ရေနက်ကြောင်းဒေသခံများမှသိရပါတယ်။
ဘုရားဖူးလာသည့်လူအများကယနေ့(နိုဝင်ဘာ၂၁ရက်နေ့နံနက်ပိုင်းတွင်ဘုရားဖူးသွားကြရာမှနံနက်၅နာရီမှ၆နာရီအကြားတွင်လူ၃၀ကျော်ရေထဲသို့မတော်တစချော်ကျသွားခဲ့ကြောင်းအခင်းဖြစ်ပွားသို့ရောက်ရှိခြေစိုက်လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
လက်ရှိတွင်လူမှုကယ်ဆယ်ရေးအဖွဲ့များဟာအခင်းဖြစ်ပွားရာနေရာတဝိုက်တွင်
ပျောက်ဆုံးနေသူများအားဆက်လက်ရှာဖွေနေပီးဘုရားဖူးများမှာလဲအများအပြားသွားလာနေဆဲဖြစ်ကြောင်း၎င်းကဆိုပါတယ်။
ကျိုက်နဲရေလယ်ဘုရားပွဲကိုကိုဗစ်ရောဂါကူးဆက်မှုကြောင့်နှစ်နှစ်ကျော်ကြာပိတ်ထားပီးယခုနှစ်တွင်ဘုရားပွဲကိုပြန်လည်ကျင်းပခြင်းဖြစ်ပီးကျင်းပတဲ့နှစ်တွင်လူအများအပြားမတော်တဆရေထဲသို့ကျသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

နိုဝင်ဘာလ၂၁ရက်ကြယ်တောင်တိုက်ပွဲစစ်ကောင်စီဘက်က၆ဦး‌သေဆုံးပီး၃ဦးဒဏ်ရာရPDFအဖွဲ့ကတစ်ယောက်ကျဆုံး--------------------------လောင...
21/11/2021

နိုဝင်ဘာလ၂၁ရက်
ကြယ်တောင်တိုက်ပွဲစစ်ကောင်စီဘက်က၆ဦး‌သေဆုံးပီး၃ဦးဒဏ်ရာရPDFအဖွဲ့ကတစ်ယောက်ကျဆုံး
--------------------------
လောင်းလုံမြို့နယ်ညင်းမော်ရွာနဲ့ဂေါ့အင်းရွာနားရှိကြယ်တောင်အနီးမှာနိုဝင်ဘာလ၂၁ရက်နေ့မနက်ပိုင်းကစစ်ကောင်စီတပ်နဲ့ရေးတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပီးအကြမ်းဖက်စစ်ကောင်းီဘက်မှ၆ဦးသေဆုံးပီး၃ဦးဒဏ်ရာရကြောင်းသတင်းရရှိပါတယ်။PDFအဖွဲ့ကလဲတစ်ယောက်ကျဆုံးခဲ့တယ်လို့လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်မတော်LPDFကထုတ်ပြန်ပါတယ်။

နိုဝင်ဘာ၂၁ရက်နေ့ရဲစခန်းကိုထောင်တဲ့ဗုံးသံဃာတော်နှစ်ပါးထိ-------------------------ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းကြို့ပင်ကော...
21/11/2021

နိုဝင်ဘာ၂၁ရက်နေ့
ရဲစခန်းကိုထောင်တဲ့ဗုံးသံဃာတော်နှစ်ပါးထိ
-------------------------
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းကြို့ပင်ကောက်မြို့ရဲကင်းစခန်းကိုလက်ကိုင်ဖုန်းဖြင့်တွဲ့ထားသည့်အဝေးထိန်းဗုံးဖြင့်တိုက်ခိုက်ခံရပီးလမ်းသွားလမ်းလာသံဃာနှစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတဦးကပြောပါတယ်။
နိုဝင်ဘာလ၂၀ရက်နေ့က၊နံနက်၆နာရီခန့်တွင်တကြိမ်၊နံနက်၈နာရီတွင်တကြိမ်ဖောက်ခွဲခဲ့တယ်လို့သိရပီး၊ဒုတိယအကြိမ်ပေါက်ကွဲမှုမှာတော့သံဃာနှစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ထိသွားတာကစာချတန်းကဆရာတော်လေးတွေပါ။တပါးကတော့ဒဏ်ရာပြင်းထန်ပီးတပါးကတော့ဒဏ်ရာမစိုးရဘူး။ကုတင်၁၀၀စစ်ဆေးရုံကိုပင့်သွားတယ်လို့ဒေသခံကပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ရဲကင်းစခန်းကြို့ပင်ကောက်မြို့နယ်ရှိဈေးချိုတောင်ရဲကင်းစခန်းဖြစ်ပီးဆရာတော်နှစ်ပါးကတော့ဗောဓိရိပ်သာကျောင်းမှဖြစ်တယ်လို့ဒေသခံကပြောပါတယ်။
ကြို့ပင်‌ေကာက်ဒေသခံကဖုန်းကီးပတ်နဲ့တွဲထားတဲ့ဗုံးလို့ပြောပါတယ်။ရဲကင်းအနားကသစ်သီးဆိုင်နားမှပေါက်တာ။ဈေးသည်တွေကိုတော့မထိဘူး။ပေ၃၀၀လောက်ဆရာတော်လေးတွေသွားထိတာလို့ပြောပါတယ်။
အဆိုပါဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပီးကြို့ပင်ကောက်ပြည်သူ့ကာကွယ်ရေးတပ်PDFက၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့်ပေါက်ကွဲမှုတွင်သံဃာနှစ်ပါးထိမှန်ခဲ့သည့်အတွက်စိတ်မကောင်းပါကြောင်းထုတ်ဖော်ဝန်ခံထားပါတယ်။
ဖောက်ခွဲမှုသည်သံဃာနှစ်ပါးကိုထိခိုက်စေရန်မရည်ရွယ်ဘဲထိခိုက်မိတဲ့အတွက်ကြို့ပင်ကောက်PDFကဆရာ‌ေတာ်နှစ်ပါးနှင့်ကြို့ပင်ကောက်မြို့နယ်ရှိဆရာတော်သံဃာတော်တို့အားပြည်သူ့တော်လှန်စစ်အပေါ်နားလည်ခွင့်လွတ်ပေးရန်အနူးညွှတ်တောင်းပန်လျှောက်ထားအပ်ပါသည်ဟုလူမှုကွန်ရပ်စာမျက်နှာမှတောင်းပန်ထားပါတယ်။
ပီးခဲ့သည့်နိုဝင်ဘာလဆန်းပိုင်းကလဲကြို့ပင်ကောက်စစ်ဆေးရေးဂိတ်တွင်အလုပ်သင်ဒုရဲအုပ်တဦးသေနတ်ဖြင့်ပစ်ခေတ်ခံရသဖြင့်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။

နိုဝင်ဘာ၂၁ရက်ပျူရွာကိုသိမ်းပိုက်လိုက်ပီ-------------------စစ်ကိုင်းတိုင်းကလေးမြို့တောင်ပိုင်းမှယနံမည်ကြီးနေသောပျူစောထီးရ...
21/11/2021

နိုဝင်ဘာ၂၁ရက်
ပျူရွာကိုသိမ်းပိုက်လိုက်ပီ
-------------------
စစ်ကိုင်းတိုင်းကလေးမြို့တောင်ပိုင်းမှယနံမည်ကြီးနေသောပျူစောထီးရွာကျောက်ပြုတ်ကို
ယနေ့နံနက်(၂၁.၁၁.၂၀၂၁)၉နာရီအချိန်တွင်
ကလေးပြည်သူ့ကာကွယ်ရေးတပ်နဲ့မဟာမိတ်များပူးပေါင်းကာဝင်ရောက်စီးနင်းခဲ့ပါတယ်။
တိုက်ပွဲကြာချိန်ဟာ၁နာရီနဲ့၁၅မိနစ်ကြာခဲ့ပါတယ်။
၁၀နာရီ၄၅မိနစ်မှာတော့အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
အသေအပျောက်စာရင်းကိုတော့သေချာမသိရသေးပါ။စနိုက်ပါသမား၃ဦးထွက်ပြေးနေလို့တောနင်းရှာနေကြောင်းသတင်းရရှိပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မှခေါင်းတဦးဒဏ်ရာ(မစိုးရိမ်ရ)ကြောင်းသိရပါတယ်။

နိုဝင်ဘာလ၂၁ရက်နေ့ဦး‌ဖြိုးဇေယျာသော်၏ထွက်ဆိုချက်ကြောင့်လက်နက်ခဲယမ်းများထပ်မံသည်းခံလိုက်ရ-----------------------------အကြာမ...
21/11/2021

နိုဝင်ဘာလ၂၁ရက်နေ့
ဦး‌ဖြိုးဇေယျာသော်၏ထွက်ဆိုချက်ကြောင့်လက်နက်ခဲယမ်းများထပ်မံသည်းခံလိုက်ရ
-----------------------------
အကြာမီရက်ပိုင်းအတွင်းဖမ်းဆီးခံလိုက်ရတဲ့ဦး‌ဖြိုးဇော်သော်ရဲ့ထွက်ဆိုမှုကြောင့်လက်နက်ခဲယမ်းများထပ်မံသိမ်းဆည်းရမိကြောင်းအကြမ်းဖက်စစ်ကောင်စီပိုင်မြဝတီသတင်းဌာနတွင်ထုပ်ပြန်ခဲ့ပါတယ်။
အမျိုးသားဒီမို‌ကရေစီအဖွဲ့ချုပ်(NLD)လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူဦးဖြိုးဇေယျာသော်(ခ)‌မောင်ကျော်၏ထွက်ဆိုချက်ကြောင့်၎င်းတို့ငှားရမ်းထားသောနေအိမ်များမှလက်နက်ငယ်၉၃လက်၊လက်လုပ်ပစ္စတို၁၂၈လက်၊ကျည်အိမ်မျိုးစုံ
၂၀၆ခု၊ခဲယမ်းမျိုးစုံ၁၃၉၄၂တောင့်နှင့်၄၀မမဗုံးသီး၂၆လုံးနှင့်TNTယမ်းမျိုးစုံ၁၆၃တောင့်တို့ရမိထာူကြောင်းထုပ်ပြန်ထားပါတယ်။
ဒါ့အပြင်C4ယမ်း၉တောင့်၊ဒီတိုနေတာ၈၀၀ချောင်း၊မှန်ပြောင်းတလက်၊ဂြိုလ်တုဖုန်း၁၃လုံးနှင့်ဖောက်ခွဲမှုဆက်စပ်ပစ္စည်းများကိုပါသိမ်းဆည်းရမိကြောင်းအကြမ်းဖက်စစ်ကောင်စီကထုပ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိတဲ့လက်နက်အမျိုးအစားထဲမှာM16ရိုင်ဖယ်များ၊AK47ရိုင်ဖယ်များ၊
MK-12ရိုင်ဖယ်များ၊ပစ္စတိုသေနတ်၊၆လုံးပြူးသေနတ်၊M4A1ကာဘိုင်ရိုင်ဖယ်၃လက်၊စနိုက်ပါရိုင်ဖယ်၂လက်နှင့်ကာဘိုင်ရိုင်ဖယ်၁လက်တို့ပါဝင်ကြောင်းထုပ်ပြန်ချက်အရသိရပါတယ်။
အဆိုပါလက်နက်ခဲယမ်းများကိုသင်္ဃန်းကျွန်းမြို့နယ်၊ဇမြောက်ရပ်ကွက်၊ပြည်သာယာလမ်းသွယ်၂၊ငွေတိုက်စိုးခြံအမှတ်(၁၄)နှင့်သင်္ဃန်းကျွန်းမြို့နယ်၊၂၉ရပ်ကွက်သုခိတာလမ်း၊အမှန်(၆၇)တို့မှအဓိကသိမ်းဆည်းရမိခြင်းဖြစ်ပါတယ်။
အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုကနေအိမ်တိုက်ခန်းငှားရမ်းနေထိုင်သူများအကြမ်းဖက်မှုကျူးလွန်ကြောင်းဖော်ထုပ်တွေ့ရှိပါကငှားရမ်းသည့်ပိုင်ရှင်များအားတည်ဆဲဥပဒေအရအရေးယူမည့်အပြင်နေအိမ်တိုက်ခန်းများအားအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရသက်သေခံအဖြစ်ထိန်းသိမ်း၍တရားရုံး၌စစ်‌ေဆးပေါ်ပေါက်ပါက
နိုင်ငံ့ဘဏ္ဍာအဖြစ်ထိန်းသိမ်းယူသွားမယ်လို့အကြမ်းဖက်စစ်ကောင်စီက‌ဆိုပါတယ်။
ထို့ကြောင့်ယခုဖြစ်စဉ်တွင်ပါဝင်ခဲ့သောနေအိမ်များတိုက်ခန်းများနှင့်PDFများနေထိုင်နိုင်ရေးငှားရမ်းပေးသောအိမ်ပိုင်ရှင်များကိုတည်ဆဲဥပဒေအရ‌အရေးယူသွားမည်ဖြစ်ကြောင်းကိုအကြမ်းဖက်စစ်ကောင်စီကကြေညာထားပါတယ်။
ရန်ကုန်မြို့အတွင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)များ၏စစ်ဆင်ရေးများအားကြိုးကိုင်စေခိုင်းသူအဖြစ်အကြမ်းဖက်စစ်ကောင်စီကမကြာခဏစွပ်စွဲလေ့ရှိသူဦးဖြိုးဇေယျာသော်ကိုနိုဝင်ဘာလ၁၈ရက်နေ့တွင်ရန်ကုန်းတိုင်းဒဂုံဆိတ်ကမ်းမြို့နယ်ရတနာနှင်းဆီအိမ်ရာတွင်အကြမ်းဖက်စစ်ကောင်စီမှအင်အားအများအပြားသုံးကာဖမ်းဆီးခဲ့ခြင်းကြောင့်အဖမ်းခံလိုက်ရပါတယ်။

နိုဝင်ဘာလ၂၀ရက်Ministry of Defence - National Unity Government of Myanmar CDMစစ်သားများနှင့်စစ်ကောင်စီတပ်သားအသေစာရင်း
20/11/2021

နိုဝင်ဘာလ၂၀ရက်
Ministry of Defence - National Unity Government of Myanmar
CDMစစ်သားများနှင့်စစ်ကောင်စီတပ်သားအသေစာရင်း

နိုဝင်ဘာလ၂၀ရက်Ministry of Defence - National Unity Government of Myanmar ပြည်သူ့ခုခံတော်လှန်စစ်သတင်းအကျဉ်းချုပ်
20/11/2021

နိုဝင်ဘာလ၂၀ရက်
Ministry of Defence - National Unity Government of Myanmar
ပြည်သူ့ခုခံတော်လှန်စစ်သတင်းအကျဉ်းချုပ်

20/11/2021
နိုဝင်ဘာလ၂၀ရက်ကျဆုံးသူရဲ‌ကောင်းများမှငါ့ညှင်းပန်းနှိပ်စက်ခံပြည်သူများအတွက်ဘာသာပေါင်းစုံမီးထွန်းဆုတောင်းပွဲကိုအမေရိကန်နို...
20/11/2021

နိုဝင်ဘာလ၂၀ရက်
ကျဆုံးသူရဲ‌ကောင်းများမှငါ့ညှင်းပန်းနှိပ်စက်ခံပြည်သူများအတွက်ဘာသာပေါင်းစုံမီးထွန်းဆုတောင်းပွဲကိုအမေရိကန်နိုင်ငံနယူးယောက်မြို့တော်တွင်ပြုလုပ်
---------------------------
အကြမ်းဖက်စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွင်ကျဆုံးသွားခဲ့သောအာဇာနည်ကြီးများနှင့်စစ်ကောင်စီ၏လူမဆန်စွာညှင်းပန်းနှိပ်ခံနေရသောအပစ်မဲ့ပြည်သူများအားရည်ဇူးအောက်မေ့ပြီးဘာသာပေါင်းစုံမီးထွန်းဆုတောင်းပွဲကိုဗမာ့ဒီမိုကရေစီလုပ်ရှားမှုအဖွဲ့မှနိုဝင်ဘာလ၁၉ရက်နေ့ ‌ညနေပိုင်းတွင်အမေရိကန်နိုင်ငံနယူ‌းယောက်မြို့ Elmhurstတွင်ပြုလုပ်ခဲ့ကြပါတယ်။
ဘာသာကြီး၄ခုမှဘုန်းတော်ကြီးများမှ
မေတ္တာပို့ဆုတောင်းပေးခဲ့ပီးနွေဦးတော်လှန်ရေးအတွင်းဖက်ဆစ်စစ်တပ်မှဦးခေါင်းကိုပထမဦးဆုံးကျည်ထိမှန်ခံခဲ့ရသောမမြသွဲ့သွဲ့ခိုင်ကျဆုံးခြင်း၉လပြည့်ဖြစ်သလို၈၈၈၈အရေးတော်ပုံတွင်ကျဆုံးခဲ့သောကျောင်းသူမဝင်းမော်ဦး၏အသက်၅၀ပြည့်မွေးနေ့လည်းဖြစ်ပါတယ်။ဒီသတင်းကိုKWLNသတင်းထောက်မယမုံကပေးပို့ထားပါတယ်။

နိုဝင်ဘာလ၂၀ရက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားပြည်သူလူထုအောင်သပြေပန်းများကမ်း၍ကြိုဆိုခဲ့ကြောင်းသတင်းရရှိပါတယ်။ပြည်သူ့ခု...
20/11/2021

နိုဝင်ဘာလ၂၀ရက်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားပြည်သူလူထုအောင်သပြေပန်းများကမ်း၍ကြိုဆိုခဲ့ကြောင်းသတင်းရရှိပါတယ်။
ပြည်သူ့ခုခံတော်လှန်စစ်ဆင်နွဲနေကြတဲ့
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)တွေကိုပြည်သူများမှဝမ်းသာလှိုက်လဲစွာကြိုဆိုနေကြတဲ့မြင်ကွင်းပါ။
ဒီသတင်းကိုKWLNသတင်းထောက်မယမုံကပေးပို့ထားပါတယ်။

နိုဝင်ဘာလ၂၀ရက်မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းကိုစစ်တပ်ကလေကြောင်းဖြင့်ထိုးစစ်နေသော်လည်းစစ်သားများသာသေဆုံးမှုများနေ၊နိုင်င...
20/11/2021

နိုဝင်ဘာလ၂၀ရက်
မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းကိုစစ်တပ်ကလေကြောင်းဖြင့်ထိုးစစ်နေသော်လည်းစစ်သားများသာသေဆုံးမှုများနေ၊နိုင်ငံတဝန်းစစ်ကောင်စီတပ်သား၁၃၃ဦးစေဆုံး
KWLN NEWS
မကွေးတိုင်း၊စစ်ကိုင်းတိုင်းကယားပြည်နယ်၊ရှမ်းပြည်နယ်တို့မှာစစ်ကောင်စီဘက်မှလေကြောင်းအပါအဝင်ထိုးစစ်ဆင်နေသော်လည်းလက်တွေ့မှာစစ်ကောင်စီဘက်မှနိုင်ငံတဝန်း၁၃၃ဦးထိရှိလာကြောင်း
KWLNမှစစ်တမ်းကောက်ယူရရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့တွင်
Mytelတာဝါတိုင်‌စောင့်အရပ်ဝတ်စစ်သား
၂ဦးပစ်သတ်ခံရ
---------------------
ရန်ကုန်တိုင်း၊တွံတေးမြို့စမ်းရွာကျေးရွာတွင်ရှိသောMytelတာဝါတိုင်စောင့်အရပ်ဝတ်ရဲ၂ဦးနိုဝင်ဘာလ၁၉ရက်နေ့ညနေ၄နာရီတွင်ဆိုင်ကယ်စီးနေချိန်တွင်ပစ်ခံရကာသေဆုံးသွားကြောင်း
ဒေသခံပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ထံမှသိရှိရပါတယ်။
အဆိုပါပစ်ခတ်မှုကို PDF Twantay ကလုပ်ဆောင်ခဲ့ကြောင်းထုပ်ပြန်ထားပါတယ်။
"ငါတိုပျံလွှာတချို့အတောင်ကျိုးရင်တောင်ရအောင်ပျံမယ်။
စစ်အာဏာရှင်တွေ
သေမင်းကကြိုနေပြီ။
အရေးတော်ပုံမုတ်ချအောင်‌နေပြီဟု
PDF Twantay ၏ထုပ်ပြန်ချက်တွင်ရေးသားထားပါတယ်။
ပစ်ခေတ်မှုပြီးဆုံးသွားပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်များရောက်လာပြီးစစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့ဒေသခံများထံမှသိရှိရပါတယ်။

အလားတူ
လှည်းကူးမြို့နယ်တွင်လည်း
နိုဝင်ဘာ၁၉နေ့ညပိုင်းအချိန်တွင်
ဗုံး၂လုံးပေါက်ကွဲ့ခဲ့ပါကြောင်းဒေသခံများထံမှသတင်းရရှိပါတယ်။

အရာတော်၊တည်တောကျေးရွာတွင်ဒေသခံကာကွယ်ရေးတပ်များထောင်ထားသောပဒေသာမိုင်း၁၀လုံးထိ၍စစ်ကောင်စီတပ်သား၃၀သေဆုံး
----------------------+
အရာတော်-ဝက်လက်အစပ်ရှိမူးမြစ်ကမ်းပါးရှိတည်တောကျေးရွာတွင်တပ်ဆွဲရန်လာသော
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို
ပဒေသာမိုင်း၁၀လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား၃၀သေဆုံးခဲ့ပါတယ်။စားသင်ကျောင်းရှေ့တွင်အလောင်းများပုံနေကြောင်းဒေသအရင်းအမြစ်များမှသိရပါတယ်။

"ပဒေသာမိုင်းနဲ့အတွဲလိုက်မိသွားတာပါ။
လျော့ပေါ့ခတ်မှန်းထားတာတောင်၃၀လောက်‌ေသမယ်ထင်တယ်လို့ပြောပါတယ်။လာတဲ့အင်အားထဲကတော်တော်များဒဏ်ရာရရှိ‌ထားကြောင်းလဲပြောပါတယ်။
ဒဏ်ရာရသူများလို့အလောင်းတွေ‌ပြန်မကောက်နိုင်ဘူး။ကျောင်းရှေ့မှာမဲနေတာဘဲ။ခြေလျင်စစ်သားတော်တော်လျော့သွားလို့စခတ(၁၀)က‌ေနထပ်မံအင်အားထပ်ဖြည့်ရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကဆိုပါတယ်။

ဂန့်ဂေါမြို့မှာရဲဦးသေဆုံး
----------------------
နိုဝင်ဘာ၁၉ရက်နေ့နံနက်၉နာရီခွဲခန့်တွင်‌ဂန်‌့ဂေါမြို့မှတောင်ပိုင်းသို့ထွက်ခွာလာသောရဲခွေးများစီးနင်းလာသည့်အံစာတုံးကား၂စီးအနက်၁စီးကိုမိုင်တိုင်၁၃အနီးတွင် PDF-GanGaw တပ်ခွဲ၂ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာရဲ၅ဦးသေဆုံးခဲ့ပီးအများအပြားဒဏ်ရာရရှိခဲ့‌ေကြာင်းဂန့်ဂေါကာကွယ်တပ်မှသတင်းထုပ်ပြန်ပါတယ်။

ဆောမြို့တွင့်စစ်ကောင်စီတပ်သား၄၀သေဆုံးပီး၊PDFတပ်သား၁ဦးကျဆုံး
---------------
နိုဝင်ဘာလ၁၉ရက်နေ့ကဆောမြို့အတွင်းရှိကျင်းလိန်ရွာနှင်တောမရွာအကြားတွင်
CDF(kanpetlet)၊CDF(Mindat)၊YDF၊PDF Saw ပူးပေါင်းပြီးအကြမ်းဖက်စစ်ကောင်စီနှင့်နံနက်၈နာရီအချိန်မှစ၍တိုက်ပွဲပြင်းထန်ခဲ့ပီးစစ်ကောင်စီတပ်သား၄၀ခန့်သေဆုံး‌ခဲ့ပါတယ်။ထိုသို့အထိနာမှုကြောင့်အကြမ်းဖက်စစ်ကောင်စီမှနေ့လည်၁၂နာရီခန့်ကလေကြောင်းရဟတ်ဖြင့်တနာရီကြာခန့်အသုံးပြုကာရဟတ်နှစ်စီးဖြင့်တလည့်စီပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
သို့ရာတွင်CDFရဲဘော်နှင့်YDFရဲဘော်များမှတစုံတရာထိခိုက်မှုမရှိသော်လည်း PDF Sawအဖွဲ့မှတဦးဒဏ်ရာပြင်းထန်နှင့်တဦးကျဆုံးတယ်လို့သတင်းရရှိပါတယ်။

နိုဝင်ဘာလ၂၀ရက်နေ့ရွှေဘိုမြို့နယ်တွင်အကြမ်းဖက်ဖက်စစ်စစ်တပ်ဆန့်ကျင်ရေးဆန္ဒပြ------------------ရွှေဘိုမြို့နယ်ကျေးရွာတရွာတွ...
20/11/2021

နိုဝင်ဘာလ၂၀ရက်နေ့
ရွှေဘိုမြို့နယ်တွင်အကြမ်းဖက်ဖက်စစ်စစ်တပ်ဆန့်ကျင်ရေးဆန္ဒပြ
------------------
ရွှေဘိုမြို့နယ်ကျေးရွာတရွာတွင်ကျေးရွာလူထုစုပေါင်းပီးအကြမ်းဖက်စစ်ကောင်းစီကိုဆန့်ကျင်ဆန္ဒပြခြင်းကိုယနေ့နံနက်ပိုင်းမှာပြုလုပ်ခဲ့ပါတယ်။
ဒီသတင်းကိုKWLNသတင်း‌ေထာက်ယမုက‌ေပးပို့ထားပါတယ်။

နိုဝင်ဘာ၁၉ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော်KNLAတပ်မဟာ၁တပ်ရင်း၂နဲ့BGFတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။၎င...
19/11/2021

နိုဝင်ဘာ၁၉
ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော်KNLAတပ်မဟာ၁တပ်ရင်း၂နဲ့BGF
တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။၎င်းတိုက်ပွဲတွင်BGFတပ်သားအများအပြားသေဆုံးပီးကားနှစ်စီးထိမှန်ပျက်စီးခဲ့ကြောင်းသတင်းရရှိပါတယ်။
သတင်းတင်ဆက်သူKWLNသတင်းဌာန
တာဝန်ရှိသူယမုံပါ။

နိုဝင်ဘာလ၁၉အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနဖမ်းဆီးရမိသည့်စစ်သုံ့ပန်းအခြေအနေများထုပ်ပြန်ချက်
19/11/2021

နိုဝင်ဘာလ၁၉
အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန
ဖမ်းဆီးရမိသည့်စစ်သုံ့ပန်းအခြေအနေများထုပ်ပြန်ချက်

နိုဝင်ဘာလ၁၉ရက်နေ့Ministry of Defence - National Unity Government of Myanmar ပြည်သူ့ခုခံတော်လှန်စစ်စစ်ရေးသတင်းအကျဉ်းချုပ်
19/11/2021

နိုဝင်ဘာလ၁၉ရက်နေ့
Ministry of Defence - National Unity Government of Myanmar
ပြည်သူ့ခုခံတော်လှန်စစ်စစ်ရေးသတင်းအကျဉ်းချုပ်

နိုဝင်ဘာလ၁၉ရက်KNUကလာပစ်လျှင်ကျေးရွာထဲကိုပြန်ပစ်မည်လို့ကျေးရွာခေါင်းဆောင်များကိုBGFကခေါ်ယူခြိမ်းခြောက်-------------------...
19/11/2021

နိုဝင်ဘာလ၁၉ရက်
KNUကလာပစ်လျှင်ကျေးရွာထဲကိုပြန်ပစ်မည်လို့ကျေးရွာခေါင်းဆောင်များကိုBGFကခေါ်ယူခြိမ်းခြောက်
-------------------------------
ကရင်အမျိုးသားအစည်းအရုံးKNUတပ်များကလာပစ်မည်ဆိုပါကကျေးရွာထဲသို့ပြန်လည်ပစ်ခတ်မည်လိုနယ်ခြားစောင့်တပ်(BGF)ကကျေးရွာခေါင်း‌ေ‌ဆာင်များကို
ခေါ်ယူကာခြိမ်းခြောက်ခဲ့ကြောင်းKNUကယမန်နေ့နိုဝင်ဘာ၁၈ရက်နေ့ကထုပ်ပြန်ပါတယ်။
KNU-သထုံခရိုင်ဘီလင်းမြို့နယ်အတွင်းရှိ
ဝင်းတာပန်ကျေးရွာအုပ်စုမြစ်ကျိုးကျေးနယ်နှင့်မင်းစောကျေးနယ်အုပ်စုရှိကျေးရွာပေါင်း၁၁ရွာမှရပ်မိရပ်ဖ၄၂နှစ်ယောက်ကိုနိုဝင်ဘာလ၁၇ရက်နေ့တွင်လေးကေBGFကခေါ်ယူ၍ယခုလိုပြောဆိုခဲ့ပါတယ်။
BGFတပ်များကျေးရွာများအနီးသိုဖြတ်သွားဖြတ်လာလုပ်လျှင်မပစ်ရန်၊ပစ်ခတ်ပါကကျေးရွာအတွင်းသို့ပြန်လည်ပစ်ခတ်မည်ဟုဆိုခဲ့ပါတယ်။ထို့နောက်ဒေသခံများမိမိတို့စစ်ကြောင်းနှင့်တွေ့ဆုံပါကမပြေးရန်နှင့်ခေါ်ရင်လာရန်၊ဒီလိုမှမဟုတ်ဘဲထွက်ပြေးပါကပစ်ခတ်သွားမည်လို့ခြမ်းခြောက်ခဲ့ကြောင်းKNUကထုပ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းအကြမဖက်စစ်ကောင်စီလက်အောက်ခံBGF(၁၀၁၄)တပ်ရင်းမှဗိုလ်တင်ဝင်းနှင့်ဗိုလ်ကြိမ်လုံတို့ဦးဆောင်လာတဲ့အင်အား၁‌၅၀ကျော်အဖွဲ့သည်နိုဝင်ဘာလ၁၆ရက်နေ့ကလေးကေBGFစခန်းသို့အင်အားအားဖြည့်တင်းရန်လာရောက်ချိန်မှာထိုသို့ပြောဆိုခဲ့ခြင်းလဲဖြစ်ပါတယ်။
ထို့အပြင်၎င်းတို့သည်လေးကေBGFစခန်းသို့လာရာလမ်းခရီးတလျှောက်ကျေးရွာများမှဒေသခံအယောက်၂၀ကျော်ကိုလဲ
ပေါတာ(အရပ်သားများကိုလဲအဓမ္မခေါ်၍
စစ်ကြောင်းပါပစ္စည်းများသယ်ခိုင်းခြင်း)
ဆွဲခြင်း၊လူသားဒိုင်းအဖြစ်အသုံးပြုခြင်းများလည်းရှိခဲ့ကြောင်းKNUကဆိုပါတယ်။
ကရင်အမျိုးသား
လွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မသာ(၁)နဲ့အဆိုပါBGF(၁၀၁၄)တပ်တို့နိုဝင်ဘာလ၁၅ရက်နေ့တွင်လဲတိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။သတင်းတင်သူ KWNLသတင်းဌာန။

နိုဝင်ဘာ၁၈ရက်Ministry of Defence - National Unity Government of Myanmar စစ်ရေးသတင်းထုပ်ပြန်ချက်မြေပြင်တွင်ပိုမိုဖြစ်ပွား...
18/11/2021

နိုဝင်ဘာ၁၈ရက်
Ministry of Defence - National Unity Government of Myanmar
စစ်ရေးသတင်းထုပ်ပြန်ချက်
မြေပြင်တွင်ပိုမိုဖြစ်ပွားနိုင်ကြောင်းသိရှိရပါတယ်

နိုဝင်ဘာလ၁၈ရက်မန္တလေးမြို့မြန်မာ့စီးပွားရေးဘဏ်၂အနီးတွင်ဗုံးပေါက်ကွဲ-----------------------------မန္တလေးတိုင်းဒေသကြီးအောင...
18/11/2021

နိုဝင်ဘာလ၁၈ရက်
မန္တလေးမြို့မြန်မာ့စီးပွားရေးဘဏ်၂အနီးတွင်ဗုံးပေါက်ကွဲ
-----------------------------
မန္တလေးတိုင်းဒေသကြီးအောင်မြေသာဇံမြို့နယ်၊ပြည်ကြီးကျက်သရေရပ်ကွက်၊ မြန်မာ့စီးပွားရေးဘဏ်အနီး၂၄လမ်းနှင့်
၈၃လမ်းထောင့်ရှိမြန်မာ့စီးပွားရေးဘဏ်၂အနီးတွင်ယနေနိုဝင်ဘာ၁၈ရက်နေ့မွန်းလွဲ၂နာရီဝန်းကျင်မှာဗုံးပေါက်ကွဲခဲ့ကြောင်း
အနီးနားတွင်နေထိုင်သည့်ဒေသခံတဦးကပြောပါတယ်။
ကြားရတာကတော့အကျယ်ကြီးဘဲတော်တော်ကျယ်တယ်ပီးတော့စစ်သားတယောက်ကသေနတ်နဲ့လှမ်းပစ်လိုက်တယ်လို့မျက်မြင်ဒေသခံတဦးကပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့ကသေနတ်နဲ့ရမ်းသန်းပစ်ခတ်ခဲ့ပီးပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးအားကောင်းသောမန္တ‌လေးမြို့တွင်စစ်ကောင်စီတပ်သားများအတင်းအကြပ်ချထားပေမဲ့လဲလူထုဆန္ဒပြသပိတ်ကတော့နေ့စဉ်နဲ့အမျှရှိနေဆဲပါ။

နိုဝင်ဘာလ၁၈ရက်ဆေးတပ်ဖွဲ့ဝင်၃ဦး၏ရုပ်အလောင်းများတွေ့ရှိဟု Kalay-PDFကဆို--------------စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်အတွင်းဖြစ...
18/11/2021

နိုဝင်ဘာလ၁၈ရက်
ဆေးတပ်ဖွဲ့ဝင်၃ဦး၏ရုပ်အလောင်းများတွေ့ရှိဟု Kalay-PDFကဆို
--------------
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်အတွင်း
ဖြစ်ပွားခဲ့သောဆေးတပ်သားဖမ်းဆီးခံရမှုပတ်သတ်ပီးလူမှုကွန်ရပ်စာမျက်နှာပေါ်တွင်ထွက်ပေါ်နေသောဓာတ်ပုံများတွင်မပါဝင်တဲ့အမျိုးသားနှစ်ဦးနှင့်အမျိုးသမီး၁ဦးတို့၏ရုပ်လောင်းများယနေ့နိုဝင်ဘာလ၁၈ရက်ညနေပိုင်းမှာဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတွေ့ရှိထားကြောင်း၎င်းတို့ထံမှသိရှိရပါတယ်။
အမျိုးသမီးတစ်ဦးနဲ့အမျိုးသားနှစ်ဦး၏ရုပ်အလောင်းကိုတော့ပြန်ရပါပြီဟုPDF-Kalayကလေး၏တာဝန်ရှိသူတဦးကပြောပါတယ်။
ကျဆုံးသူများမှာ
အမျိုးနှစ်ဖြစ်တဲ့မောရာ ( Mawia )၊ပွီးရာ(puia)နှင့်အမျိုးသမီးဖြစ်သူမှာချင်းချင်း(Chin Chin)တို့ဖြစ်ကြောင်းသိရပါတယ်။
၎င်းတို့၃ဦး၏အခြေအနေကိုမသိရသေးကြောင်းရုပ်အလောင်းများရှာဖွေမ‌တွေ့ရှိစဉ်အချိန်က Pdf-kalayကထုပ်ပြန်ထားပါသေးတယ်။
ကလေးမြို့အနောက်တောင်ကြောရှိ Kalay -PDFတပ်ရင်း၃ကိုအကြမ်းဖက်စစ်ကောင်စီတပ်များကသိမ်းပိုက်တပ်ဆွဲထားပီဖမ်းဆီးခံရသောဆေးတပ်ဖွဲ့ဝင်အမျိုးသမီး၁၀ဦးနှင့်အမျိုးသား၂ဦးစုစုပေါင်း၁၂ဦးရှိကြောင်းသတင်းရရှိပါတယ်။
လက်ရှိတွင်စစ်ကောင်စီတပ်ကသိမ်းယူတပ်ဆွဲထားသည့် Kalay-PDFစခန်းမှထွက်ခွာပြောင်းရွှေ့သွားခဲ့ပီး
ကျန်၉ဦးရဲ့နောက်ဆုံးအခြေအနေကိုမူမသိရှိရသေးကြောင်းသိရပါတယ်။

နိုဝင်ဘာလ၁၈ရက်ကလေးမြို့တိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၁၉ဦးသေဆုံးတဲ့သတင်းကိုကြေညာပေးပါ့မယ်-------------------စစ...
18/11/2021

နိုဝင်ဘာလ၁၈ရက်
ကလေးမြို့တိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၁၉ဦးသေဆုံးတဲ့သတင်းကိုကြေညာပေးပါ့မယ်
-------------------
စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့နယ်အတွင်းကလေး-PDFတပ်ဖွဲ့တပ်ရင်း-၃၏
စခန်းငယ်တခကိုသိမ်းယူထားပီးဆေးတပ်သား၈ဦးကိုဖမ်းဆီးထားသောအကြမ်းဖက်စစ်ကောင်စီတပ်များ၏စစ်ကူအဖြစ်ကလေးမြို့သို့‌ချီတက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် Kalay- PDF ၊CNDFနှင့် Zomi - PDF ပူးပေါင်းမဟာမိတ်တပ်များနှင့်ယမန်နေ့နိုဝင်ဘာလ၁၇ရက်နေ့မနက်၈နာရီခန့်မှညနေပိုင်းအထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်း
Kalay - PDFမှထုပ်ပြန်ထားပါတယ်။
အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ၁၉ဦးထက်မနည်းသေဆုံးခဲ့ပီးတော်လှန်တပ်ဖွဲဝင်များဘက်မှတပ်ဖွဲ့၁ဦးစစ်ကောင်စီတပ်၏လက်နက်ကြီးကျည်စထိမှန်မှုကြောင့်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်ဟုဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်များမှ Kalay-PDF တပ်ရင်း၃၏စခန်းအားနိုဝင်ဘာလ၁၆ရက်နေ့ကဝင်ရောက်စီးနင်းခဲ့ပီးတပ်ရင်း၃၏ဆေးတပ်ဖွဲ့ဝင်အမျိုးသမီး၈ဦးနှင့်အမျိုးသား၂ဦးကိုဖမ်းဆီးထားကြောင်းသိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်မှစီးနင်းထားသော Kalay-PDFစခန်းအားဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှမိမိတို့စခန်းပြန်လည်ရရှိစေရေးနှင့်ဖမ်းဆီးခံရသူများပြန်လည်လွတ်မြောက်ရန်ပိတ်စွန့်တိုက်ခိုက်နေခြင်းဖြစ်ပီးလက်ရှိအချိန်ထိပိတ်ဆို့ထားနိုင်ကြောင်းသတင်းထုပ်ပြန်ထားပါတယ်။

နိုင်ဝင်ဘာလ၁၈ရက်နေ့မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်အတွင်မအူရဲကင်းစခန့်ကိုPeople Defense Force Yesagyo နှ...
18/11/2021

နိုင်ဝင်ဘာလ၁၈ရက်နေ့
မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်အတွင်မအူရဲကင်းစခန့်ကို
People Defense Force Yesagyo နှင့်
Phoenixအထူးပြောက်ကြားရေးတပ်ဖွဲ့(ရေစကြို)ညီနောင်မဟာမိတ်နှစ်ဖွဲ့ပူးပေါင်း၍ယနေ့နိုဝင်ဘာလ၁၈ရက်နေ့နေ့လည်၂နာရီဝန်းကျင်တွင်၁နာရီအကြာတိုက်ပွဲဖြစ်ခဲ့ပီးအာဏာသိမ်းစစ်ကောင်စီတပ်များ၏ရဲတပ်သားများထွက်ပြေးသွား‌ေကြောင်းသတင်းရရှိပါသည်။ထို့နောက်ရဲစခန်းကိုထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်းလည်းသတင်းရရှိပါတယ်။
ရဲစခန်းအားတစ်နာရီအကြာတိုက်ခိုက်ခဲ့ပီး
ရဲတပ်သားများအားလုံးထွက်ပြေးသွားခဲ့သဖြင့်မဟာမိတ်ညီနောင်များ၂ဖွဲ့ကစခန်းအတွင်းရှိလက်တော့၁လုံး၊ဆိုင်ကယ်လေးစီးနဲ့ဗုံး၁လုံး၊ကျည်များအပါအဝင်စာရွက်စာတန်းများအားသိမ်းဆည်းပီးရဲစခန်းအားမီးရှို့ဖျက်စီးနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ပွဲအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ရဲတပ်ဖွဲဝင်၂ဦးသေဆုံးကြောင်းလဲသတင်းရရှိပါတယ်။

16/11/2021
နိုဝင်ဘာလ16ရက်စစ်ကိုင်းတိုင်း၊တမူးမြို့နယ်အထွေထွေအလုပ်ချုပ်ရေးမှူးရုံးမှNon CDMဝန်ထမ်းများမှတမူးပြည်သူ့ကာကွယ်ရေးတပ်‌မတော...
16/11/2021

နိုဝင်ဘာလ16ရက်
စစ်ကိုင်းတိုင်း၊တမူးမြို့နယ်အထွေထွေအလုပ်ချုပ်ရေးမှူးရုံးမှNon CDMဝန်ထမ်းများမှတမူးပြည်သူ့ကာကွယ်ရေးတပ်‌မတော်လေ့ကျင့်ရေးကျောင်းသားတပ်ခွဲအတွက်လိုလအ်သေလက်နက်ခဲယမ်းဝယ်ဖို့အတွက်အလှူ(၁၀)သိန်းကျပ်ကိုလှူဒါန်းခဲ့ကြောင်းBSOမှထုပ်ပြန်ထားပါတယ်။KWLNမှသတင်းရရှိပါတယ်

နိုဝင်ဘာ၁၆ရက်အမျိုးသားညီညွတ်ရေးအစိုးရစီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနီးမြုပ်နံရေးဝန်ကြီးဌာနနွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ...
16/11/2021

နိုဝင်ဘာ၁၆ရက်
အမျိုးသားညီညွတ်ရေးအစိုးရ
စီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနီးမြုပ်နံရေးဝန်ကြီးဌာန
နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်များစတင်ထုပ်ဝေရောင်းချတော့မည့်နေရက်ကိုအသိပေးကြောညာထားကြောင်းသတင်းရရှိရပါတယ်

နိုဝင်ဘာလ၁၆ရက်KWLNသတင်းမှားတိုက်ဖျက်ရေးမှတွေ့ရှိချက်၎င်းသတင်းဟာလဲအမှားသာဖြစ်ကြောင်းသိရပါတယ်။
16/11/2021

နိုဝင်ဘာလ၁၆ရက်
KWLNသတင်းမှားတိုက်ဖျက်ရေးမှ
တွေ့ရှိချက်၎င်းသတင်းဟာလဲအမှားသာဖြစ်ကြောင်းသိရပါတယ်။

နိုဝင်ဘာလ၁၆ရက်KWLNသတင်းမှားတိုက်ဖျက်ရေးမှသတင်း အတုများစိစစ်ချက်ထန်းတပင်ပစ်ခက်မှုမှုတွင်တရားခံများမိတယ်ဆိုတာသတင်းအမှားသာဖ...
16/11/2021

နိုဝင်ဘာလ၁၆ရက်
KWLNသတင်းမှားတိုက်ဖျက်ရေးမှ
သတင်း အတုများစိစစ်ချက်
ထန်းတပင်ပစ်ခက်မှုမှုတွင်တရားခံများမိတယ်ဆိုတာသတင်းအမှားသာဖြစ်ကြောင်းသိရှိရပါတယ်။

Address

Myanmar Country

Telephone

+959799242966

Website

Alerts

Be the first to know and let us send you an email when KWLN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KWLN:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share