UIT MLBB

UIT MLBB E Sport

🤩🤩🤩
03/08/2020

🤩🤩🤩

YUEco Invitational Cup 2020 မှာ ပါဝင်ယှဥ်ပြိုင်ဖို့ UIT မှ ကျောင်းသား၊ ကျောင်းသားတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်၊၊ 🤩🤩

YUEco Invitational Cup 2020 မှာ ပါဝင်မယ့် ဂိမ်းအမျိုးအစား​​တွေက​​​​တော့ Mobile Legends Bang Bang(MLBB) နဲ့ PlayerUnknown's BattleGrounds (Pubg) တို့ပဲ ဖြစ်ပါတယ် ။ Invitational Cup ဆိုတဲ့ အတိုင်း YUEco Esports Association ကနေ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်အပြင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်အ​နောက်ပိုင်းနည်းပညာတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ပြည်နည်းပညာတက္ကသိုလ်၊ ပြည်ကွန်ပျူတာတက္ကသိုလ်၊ မန္တ​လေး​ဆေးတက္ကသိုလ်တို့ကို ဖိတ်ခေါ်ယှဥ်ပြိုင်တာ ဖြစ်ပါတယ်၊၊

✅ ပြိုင်ပွဲပါဝင်ဖို့ အတွက် သက်ဆိုင်ရာ တက္ကသိုလ်မှာ လက်ရှိတက်​ရောက်​နေတယ့် ​ကျောင်းသား၊ ကျောင်သူ ဖြစ်ဖို့ လိုအပ်ပြီး ဝင်ကြေးပေးသွင်းစရာ မလိုပါဘူး၊၊ MLBB qualifierကို​​တော့ တက္ကသိုလ် အလိုက် qualifier ​တွေ စီစဥ်​​နေတာဖြစ်ပြီး PUBG က​တော့ overall qualifier သာရှိမှာပါ။ YUEco MLBB qualifierကို​တော့ (၅) ရက်​နေ့မှာ Registeration Form တင်​ပေးသွားပါမယ်၊၊

ကဲ.... UIT က ကျောင်းသား၊ ကျောင်းသူတွေလည်း
အစွမ်းအစတွေ ထုတ်ဖော်ပြသဖို့ ပါဝင်ယှဥ်ပြိုင်ကြပါဦး၊၊ 🥳🥳



02/05/2020

Congratulations Anti-Pros Gaming 🏆

02/05/2020

UIT - UCSY Charity Tournament
GRAND FINAL
~~~~~~~~~~~~~~
Anti-pros Gaming Vs Kiss Me Quick
Cast by Kid and Caster K
Charity မှာပါဝင် donate ချင်တယ်ဆိုရင်တော့
KBBZ Pay,Wave acc 09688909855 ကို donate လို့ရပါတယ်ခင်ဗျ

ကျွန်တော်တို့ UIT vs UCSY Mobile Legends Charity Tournament ရဲ့ Upper Bracket Final နဲ့ Lower Bracket Final နေ့ကိုရောက်ရ...
30/04/2020

ကျွန်တော်တို့ UIT vs UCSY Mobile Legends Charity Tournament ရဲ့ Upper Bracket Final နဲ့ Lower Bracket Final နေ့ကိုရောက်ရှိလာပြီပဲဲဖြစ်ပါတယ်။ နေ့လည် 12 မှာယှဥ်ပြိုင်မဲ့နှစ်သင်းဟာဆိုရင်တော့ Upper Bracket မှာလုံးဝရှုံးပွဲမရှိသေးတဲ့ Etrigan နဲ့ Anti-Pros Gaming တို့ဖြစ်ပါတယ်။
ဒီနှစ်သင်းဟာ UMEC ပွဲတုန်းကဆိုရင်လည်း Group Stage မှာသူတစ်ပြန်ကိုယ်တစ်ပြန် 1-1 ဆိုတဲ့ရလဒ်လည်းရှိထားဖူးပါတယ်။ဒီခါမှာတော့ Best Of 3 ဖြစ်တာကြောင့်အရှုံးအနိုင်ရလဒ်ကတော့သေချာသိရတော့မှာဖြစ်တဲ့အတွက်နှစ်ကျောင်းလုံးက Fans တွေအနေနဲ့ဒီပွဲစဥ်ကတော့လက်လွတ်မခံသင့်ဘူး​​ဗျ။
ဒီနှစ်သင်းတွေ့ဆုံမှုကနေရှုံးတဲ့အသင်းကတော့ Lower Bracket မှာအသင့်စောင့်နေတဲ့ KissMeQuick အသင်းနဲ့ယှဥ်ပြိုင်ရမှာဖြသ်ပါတယ်။ KissMeQuick အသင်းအနေနဲ့ကတော့ Lower Bracket မှာတောက်လျှောက် Team Work ကောင်းကောင်းနဲ့ဆော့ကစားလာခဲ့တာအခုဆိုရင် Lower Bracket မှာတော့ဦးစွာစောင့်နေပြီခင်ဗျ။
Upper Bracket ကရှုံးတဲ့တစ်သင်းကတော့ Lower Bracket မှာ Kiss Me Quick အသင်းကိုညနေ 3 နာရီမှာယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။
မနက်ဖြန် Upper Bracket Final နဲ့ Lower Bracket Final မှာဆိုရင်တော့ပွဲကောင်းတွေကြီးပဲစောင့်ကြိုနေတာမို့အားလုံးပဲလက်လွတ်မခံသင့်ကြောင်းကြေငြာရင်း...
See you all tomorrow 😗
Photo Crd:UCSY Esport

26/04/2020

UIT+UCSY Charity Tournament Lower Bracker Round 1
Axis Of Devil(AOD) vs Pirates
Charity မှာပါဝင် donate ချင်တယ်ဆိုရင်တော့
KBBZ Pay,Wave acc 09688909855 ကို donate လို့ရပါတယ်ခင်ဗျ
Caster-Kaung Min Set

24/04/2020

UIT+UCSY Charity Tournament Round 1
Anti-Pros Gaming Vs Axis Of Death(AOD)
Charity မှာပါဝင် donate ချင်တယ်ဆိုရင်တော့
KBBZ Pay,Wave acc 09688909855 ကို donate လို့ရပါတယ်ခင်ဗျ

Hello UITers တို့ရေ !!!    အခုလို quarantine ကာလမှာ အိမ်မှာပဲနေပြီး ကျန်းမာရေးဂရုစိုက်နေရတော့ ပျင်းနေကြပြီမဟုတ်လား....☹️...
17/04/2020

Hello UITers တို့ရေ !!!

အခုလို quarantine ကာလမှာ အိမ်မှာပဲနေပြီး ကျန်းမာရေးဂရုစိုက်နေရတော့ ပျင်းနေကြပြီမဟုတ်လား....☹️😔 ဒီတော့ အပျင်းလဲပြေ ကုသိုလ်လဲရ ကိုယ့်အိမ်ကနေပြီးပဲ ပါဝင်ဆင်နွှဲနိုင်မဲ့ game ပြိုင်ပွဲလေးတစ်ခုကို ပါဝင်ပါဝင်ဆင်နွှဲရမယ်ဆိုရင်ရော စိတ်မဝင်စားကြဘူးလား

ဟုတ်ကဲ့ပါ။အဲ့ဒီ။ gameပြိုင်ပွဲကတော့ UCSY နဲ့ UITတို့နှစ်ကျောင်းပေါင်းပြီး ကျင်းပပြုလုပ်မဲ့ MLBB charity Tournament ပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကရလာမဲ့ Team registration Feeတွေ Castလုပ်ရင်း အလှူခံလို့ရရှိလာမဲ့ Donation Fee တွေ အားလုံးပေါင်းပြီး Covid 19 ကာကွယ်ရေးနဲ့ပတ်သတ်တဲ့ အလှူဒါနတစ်ခုခုကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

ဆိုတော့ ဒီCharity tournamentလေးဖြစ်မြောက်အောင် UITers တို့အားလုံးအနေနဲ့ ဝိုင်းဝန်း ကူညီပံပိုးပေးစေချင်ပါတယ်၊ ပါဝင်ဆင်နွှဲပေးစေချင်ပါတယ်ခင်ဗျ။

ဒီအပွဲအတွက် Registration feeအနေနဲ့ တစ်သင်းကို 5000ကျပ် သတ်မှတ်ထားပြီး 21.4.2020(Tuesday)ကို နောက်ဆုံးထားပြီး registrationပြုလုပ်ပေးရမှာဖြစ်ပါတယ်။
ကဲ ဒီလိုအပျင်းလဲပြေ ကုသိုလ်လဲရမဲ့ ပွဲလေးကို လက်လွတ်မခံရလေအောင် မြန်မြန်လေးသာ စာရင်းပေးသွင်းလိုက်ကြ‌ရအောင်ခင်ဗျ။

ဟုတ်ကဲ့ပါ ယှဉ်ပြိုင်ရမဲ့ ပြိုင်ပွဲပုံစံကတော့ ကျွန်တော်တို့ Ramdomချပေးထားသော
Competitive teamsများက
Best of 3 ပုံစံဖြင့်စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ထိုပွဲစဉ်မှ အနိုင်ရရှိသောအသင်းများက Upper Bracket ပွဲစဥ်များသို့ တက်ရောက်ပြီး ရှုံးနိမ့်သော အသင်းများအနေဖြင့် Lower Bracketပွဲစဉ်များကို ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Lower Bracketပွဲစဉ်တွင် အနိုင်ရမှသာနောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ထိုအဆင့်တွင် Lower Bracketမှ အနိုင်ရအသင်းများက Upper Bracketမှ ရှုံးနိမ့်သော အသင်းများနှင့်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အသင်းတစ်သင်းအတွက် နောက်တစ်ဆင့်တက်ရောက်ရန် အခွင့်အရေးနှစ်ကြိမ်အထိ ရရှိမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ UIT မှာလဲ MLBB playersတွေများပြားတဲ့အတွက် ကျွန်တော်တို့ကျောင်းမှအနည်းဆုံး 10သင်းနဲ့အထက် ပါဝင်ဆင်နွှဲနိုင်လိမ့်မယ်လို့လဲ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
ဒီပွဲလေးက Charity Tournamentလေးဖြစ်တဲ့အတွက် Rankနိမ့်တယ် မြင့်တယ်ကို အပထားပြီး ပျော်ပျော်ပါးပါး စည်းစည်းလုံးလုံး နဲ့ ပါဝင်ဆင်နွှဲဖို့ UITersတို့ကိုတိုက်တွန်းလိုက်ရပါတယ်ခင်ဗျ။

ဟုတ်ကဲ့ပါ ပြိုင်ပွဲအချိန်စာရင်းနဲ့ အစီအစဉ်အသေးစိတ်ကိုတော့ ပါဝင်ဆင်နွှဲမဲ့ အသင်းအရေအတွက်ပေါ်မူတည်ပြီး အသေးစိတ်ထပ်မံ ကြေညာပေးသွားပါအုံးမယ်ခင်ဗျ။



အောက်မှာ register link ပေးထားပါတယ်
https://forms.gle/4eEUDua5N2QQVA9Z6

04/02/2020

Innocent Kids vs PLAN

29.1.2020Day 1 ယှဥ်ပြိုင်ကစားခဲ့သောပွဲစဥ်များအပြီး Group Stage ရပ်တည်မှုများ။
29/01/2020

29.1.2020
Day 1 ယှဥ်ပြိုင်ကစားခဲ့သောပွဲစဥ်များအပြီး Group Stage ရပ်တည်မှုများ။

Group Stage Day 1 မှာယှဥ်ပြိုင်ရမဲ့ပွဲစဥ်တွေပါ။ တစ်ချို့ပွဲစဥ်တွေတော့အဆင်မပြေလို့ရွှေ့ပေးထါးပါတယ်ဗျ
29/01/2020

Group Stage Day 1 မှာယှဥ်ပြိုင်ရမဲ့ပွဲစဥ်တွေပါ။ တစ်ချို့ပွဲစဥ်တွေတော့အဆင်မပြေလို့ရွှေ့ပေးထါးပါတယ်ဗျ

အခုဆိုကျွန်တော်တို့ UIT MLBB Tournament အတွက်ပြိုင်မဲ့အသင်း 16 သင်းကို 4 သင်း တစ်အုပ်စုစီခွဲထားပါတယ်။ ဒီညမှာတော့ Group ပ...
29/01/2020

အခုဆိုကျွန်တော်တို့ UIT MLBB Tournament အတွက်ပြိုင်မဲ့အသင်း 16 သင်းကို 4 သင်း တစ်အုပ်စုစီခွဲထားပါတယ်။ ဒီညမှာတော့ Group ပွဲစဥ်တွေစဆော့ရတော့မှာပါ။ ပွဲစဥ်အချိန်အတိအကျကိုတော့ခနနေတင်ပေးပါ့မယ်

Address


Telephone

+959965591359

Website

Alerts

Be the first to know and let us send you an email when UIT MLBB posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to UIT MLBB:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share