Phyo Thandar

Phyo Thandar ဘဝမှာ ဘယ်လိုအခက်အခဲတွေလာပါစေ ရင်ဆိုင်ဖို့အသင့်အနေအထားမှာရှိတယ်�

04/08/2024

ဖြိုးတို့တောင်ပေါ်ဒေသရဲ့ရာသီစာ
ပိန်းပွင့်ဟင်းလေးချက်စားကြမယ်
စျေးဖိုးလည်းသက်သာ တမျိုးထဲနဲ့ဘာမှမလိုတဲ့ဟင်းလေးပေါ့
ပိန်းပွင့်တစ်ထောင်ဖိုး
ပုစွန်စိတ်တစ်ထောင်ဖိုးနဲ့ ချက်ထားတာ
ဆီဆားပြားဖိုးနဲ့ဆိုအလွန်ဆုံး သုံးထောင်ပဲကုန်တယ် မိသားစုတစ်စုစာ စားပါလေ့
ဖြိုးဆိုသုံးနပ်လောက်စားရတယ်😁

#ဒေသစာလေးချက်စားမယ်
#ဟင်းဖိုးချွေတာမယ်
#ထိမိ

20/02/2024

သားဝါးမီးမီးလေးတွေကို အမှီအခိုကင်းအောင် ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးခြင်းဖြင့် မြှင့်တင်ပေးပါ😍

11/02/2024

ကိုယ်လုပ်ချင်တာလေးတွေကို အသေးအဖွဲလေးကအစ အချိန်ပေးပြီး လုပ်ကြည့်ပါ😊

07/02/2024

စာဖတ်ခြင်းကြောင့်သာ ကျမဘဝရဲ့အခက်အခဲတော်တာ်များများကို ကျော်လွှားနိုင်ခဲ့တာပါ

04/02/2024

ကိုယ့်အားသာချက်ကိုရှာပြီး ကြိုးစားခြင်းဖြင့် ကိုယ့်ဘဝကို မြှင့်တင်ပါ😍😍😍

🍀💐 ကိုယ့်ကိုယ်ကိုချစ်လာတာနဲ့အမျှကိုယ့်တန်ဖိုးကတက်လာသလို ပိုပိုလှလာတယ်💐🍀 ကိုယ့်အကြောင်းကလွဲပြီး သူများအကြောင်းတွေ စိတ်မဝင...
28/01/2024

🍀💐 ကိုယ့်ကိုယ်ကိုချစ်လာတာနဲ့အမျှ
ကိုယ့်တန်ဖိုးကတက်လာသလို ပိုပိုလှလာတယ်

💐🍀 ကိုယ့်အကြောင်းကလွဲပြီး သူများအကြောင်းတွေ စိတ်မဝင်စားတဲ့အခါ
တနေ့ထက်တနေ့အေးချမ်းလာတယ်

🍀💐 ကိုယ့်အလုပ်ကလွဲလို့ တခြားအရေးမပါတာတွေမှာ
အာရုံမစိုက်တော့တဲ့အခါ
ကိုယ့်အလုပ်တွေပိုတိုးတက်လာတယ်

💐🍀 အဓိက က အကောင်းဆုံးဆိုတာတွေရဖို့ဆိုရင် ကိုယ့်ကိုယ်ကိုထက် တခြားလူကို မချစ်မိပါစေနဲ့ အချိန်တွေပိုမပေးမိပါစေနဲ့😍😍😍
#စာများကိုကော်ပီယူခြင်းသည်းခံပါရှင့်

27/01/2024

တခါတလေ ဖြိုးတို့ဘဝတလျှောက်မှာ ကိုယ့်အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကဝေဖန်ပြောဆိုမှာကြောက်တဲ့စိတ်နဲ့ ကိုယ်ဖြစ်ချင်တာတွေ လုပ်ချင်တာတွေကိုချွန်းအုပ်ပြီး နေနေရတဲ့အခိုက်အတန့်တွေရှိဖူးလား
အဲ့လိုနေရတာ ပျော်လား?

25/01/2024

People pleaser လုပ်ပြီးကိုယ်တိုင်ကတော့စိတ်ညစ်နေရသူတွေရှိလား👇🏻👇🏻👇🏻

23/01/2024

ကိုယ်ဆွဲမှမြဲမယ့် လက်တွေကို လွှတ်ချပြီး ကိုယ့်ဘဝကို စိတ်ချမ်းသာမှုဖြင့်ရှေ့ဆက်ပါ😍

19/01/2024

ကိုယ့်ကိုယ်ကိုချစ်ခြင်းအားဖြင့် ကိုယ့်တန်ဖို့ကိုမြင့်တင်ပါ ကိုယ်တွေ့လေးမို့မျှဝေခြင်းသာ😍

သားသမီးလေးတွေကို ကျေးဇူးတင်စိတ်ရှိအောင်မွေးမြူပေးပါမိခင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့သားသမီးတွေကိုဆိုဆုံးမတဲ့အခါ အတ္တနှောသွား...
18/01/2024

သားသမီးလေးတွေကို ကျေးဇူးတင်စိတ်ရှိအောင်မွေးမြူပေးပါ

မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့သားသမီးတွေကိုဆိုဆုံးမတဲ့အခါ အတ္တနှောသွားတဲ့အခါတွေရှိတက်ပါတယ် အမြဲတမ်းကိုယ့်သားသမီးကအသာစီးရရမယ်ဆိုတဲ့စိတ်ပေါ့

တကယ်တော့ အဲ့ဒိစိတ်ဟာ တအားကြောက်ဖို့ကောင်းပါတယ် အခန့်မသင့်ရင်ကိုယ့်သားသမီးဘဝကို အညွန့်ချိုးလိုက်သလိုဖြစ်သွားနိုင်ပါတယ်

ဖြိုးကတော့ Single mom တစ်ယောက်ကပြုစုပေးတဲ့ သားတစ်ယောက်ရဲ့စိတ်က တယူမသန်စေရအောင်အထူးသတိပြုသလို အရာရာတိုင်းအတွက် ကျေးဇူးတင်စိတ်ရှိအောင် သွန်သင်ပေးပါတယ်

ကျေးဇူးတရားဆိုတာ နေရာတိုင်းမှာရှိတာမို့ အခုဆိုသားလေးက သင်္ဘောပင်က သင်္ဘောသီးသီးရင်တောင် ကျေးဇူးတင်ပါတယ် သင်္ဘောပင်လေးရယ်အသီးသီးပေးလို့ဆိုတာမျိုး

ဖြိုးကသူ့ကို စားစရာတခုခုကျွေးတာတို့ သူလုပ်​နေတဲ့အလုပ်ခက်ခဲနေတာကို ကူညီပေးလိုက်တာမျိုးတို့ တစုံတယောက်က ကောင်းတာလေးတခုခုလုပ်ချိန်တိုင်းမှာဆို

သားကအ​မြဲတမ်း ကျေးဇူးတင်ပါတယ် မေမေ (သို့) ကိုကို (သို့) မမ ဒါလေးလုပ်ပေးတဲ့အတွက်လို့အမြဲပြောလေ့ရှိတယ်

ကျေးဇူးတရားတွေဆိုတာ သဘာဝကလည်းပေးသေးတာမဟုတ်ပါလား
#စာများကိုကော်ပီယူခြင်းသည်းခံပါရှင့်

တခါတလေ လိမ်​နေတာသိသိရက်နဲ့ ရေလိုက်ငါးလိုက် နေပေးရတဲ့အချိန် မသိချင်ယောင်ဆောင်ပေးလိုက်ရတဲ့ အချိန်တွေရှိတယ် အ နေလို့ မဟုတ်ပ...
14/01/2024

တခါတလေ လိမ်​နေတာသိသိရက်နဲ့
ရေလိုက်ငါးလိုက် နေပေးရတဲ့အချိန်
မသိချင်ယောင်ဆောင်ပေးလိုက်ရတဲ့ အချိန်တွေရှိတယ် အ နေလို့ မဟုတ်ပေမယ့်
အော် သူလိမ်တာငါသိသွားတယ်ဆိုရင်
ရှက်သွားပါလိမ့်မယ်ဆိုတဲ့စိတ်နဲ့ပေါ့
မဆိုးပါဘူး ဗြောင်လိမ်ဗြောင်စား ပေမယ့် ရယ်ရသား😂🤣😂

ဖြိုးလို Single mom တစ်ယောက်အနေနဲ့ အချိန်ဟာငွေပါပဲ ပိုက်ဆံရှာ အိမ်အလုပ် ကလေးကြည့် ကိုယ်တစ်ယောက်ထဲရုန်းကန်နေရချိန် အတက်နိ...
11/01/2024

ဖြိုးလို Single mom တစ်ယောက်အနေနဲ့ အချိန်ဟာငွေပါပဲ

ပိုက်ဆံရှာ အိမ်အလုပ် ကလေးကြည့် ကိုယ်တစ်ယောက်ထဲရုန်းကန်နေရချိန် အတက်နိုင်ဆုံးကိုယ့်ကလေးကို ဘာလေးမဆို ကိုယ့်အားကိုယ်ကိုးတက်အောင်သင်ပေးထားရပါတယ်

အဲ့လိုသင်ပေးထားခြင်းအားဖြင့် အရာရာ သာ့အားသူကိုးတက်သွားမယ် မအေ မအားရင်လည်း ဘယ်သူ့ကိုမှအားကိုးစရာမလိုပဲ သူ့ဘာသာသူလုပ်နိုင်သွားမှာပါပဲ

ဥပမာ သူဆော့ပြီးသားအရုပ်ကလေးတွေ ပြန်သိမ်းခိုင်းတာမျိုး ထမင်းကို ကိုယ့်ဘာသာ စားစေတာမျိုး သူ့ဖိနပ်ကလေးတွေကို သေချာတိုက်ဆေးခိုင်းတာမျိုး အဝတ်အစားကို ကိုယ်တိုင်ဝတ်စေတာမျိုးပေါ့

တကယ်အလုပ်များတဲ့ မေမေတွေအတွက်က ကိုယ့်သားသမီးအဲ့လိုလုပ်နိုင်တာ ထီဆုကြီးပေါက်သလိုပါပဲမို့

ဖြိုးပြောတဲ့နည်းလမ်းလေးတွေလို လိုက်လုပ်ကြာ့်ပါလို့ အကြံပြုပါရစေရှင်😍

သားလေး Wonna Moe Khant ရဲ့မေမေ
#စာများကိုကော်ပီယူခြင်းသည်းခံပါရှင့်

လူတိုင်းမှာ ကိုယ်ချင်းစာ​ခြင်းဆိုတဲ့ စိတ်ဓာတ်ကလည်း တစိတ်တပိုင်းအနေနဲ့အရေးပါပါတယ် ကိုယ့်ကိုဒီလိုဆက်ဆံတာမကြိုက်တဲ့လူက သူတပ...
09/01/2024

လူတိုင်းမှာ ကိုယ်ချင်းစာ​ခြင်းဆိုတဲ့ စိတ်ဓာတ်ကလည်း တစိတ်တပိုင်းအနေနဲ့အရေးပါပါတယ် ကိုယ့်ကိုဒီလိုဆက်ဆံတာမကြိုက်တဲ့လူက သူတပါးကိုလည်း အဲ့လိုမျိုးဆက်ဆံလို့မဖြစ်ပါဘူးနော်

Single mom ဘဝနဲ့ သားကို ကိုယ်တိုင်တယောက်ထဲ ပြုစုပျိုးထောင်ရတဲ့အချိန်မှာ သူလေးရဲ့စိတ်ဓာတ်ပိုင်းကို လည်းအလေးထားပြီး ဆုံးမဖြစ်တယ်

သူ့ကိုသူများကတခုခုလုပ်လို့သူမကြိုက်ရင် သားလည်းသူများကိုအဲ့လိုမလုပ်ရဘူးနော် ပြီးရင် သူများကို သူတခုခုသွားလုပ်လိုက်တာ ​ဖြိုး မြင်တိုင်းလည်း သားလာအုန်း

"သားဘာလို့သူ့ကိုအဲ့လိုလုပ်ရတာလဲ သားကိုသူကအဲ့လိုလုပ်ရင်သားကြိုက်လား သားကိုယ်တိုင်ကမကြိုက်ရင် သူလည်းကြိုက်မှာမဟုတ်လို့ နောက်ကိုမလုပ်ရဘူးနော် သွား သားအမှားအတွက်တောင်းပန်လိုက်" ဆိုပြီး သေချာတောင်းပန်ခိုင်းတယ်

တချို့ကအဲ့လို ကိုယ့်သားသမီးကိုသူများရှေ့မှာ တောင်းပန်ခိုင်းဖို့လုပ်ရမှာကို အင်မတန်ဝန်လေးကြတယ် ကိုယ်တိုင်က ကိုယ်ချင်းစာစိတ်ပျောက်နေတက်ကြတယ်

အိမ်ထောင်ကျပြီးသား လင်မယားတွေမှာလည်းအတူတူပါပဲ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် တဖက်စီးနင်းနိုင်ပြီး ကိုယ်ချင်းစာစိတ်မရှိတဲ့အိမ်ထောင်ရေးကပြိုကွဲမှာပဲ

အဲ့လိုပဲ မဝင်းမင်းသန်းပြောသလိုပဲ အမျိုးသမီးတွေက လင်ကောင်းသာလိုချင်တာ သားကောင်းမွေးဖို့မစဥ်းစားကြဘူး ကိုယ့်သားကသူများသမီးအပေါ် ကောင်းပေးနေမှာဆိုတအားကြောက်ကြတယ်

Why? ရိုးရှင်းပါတယ် အတ္တကြီးတာပေါ့ အဲ့ဒိအတ္တတွေကြောင့်ပဲ ကိုယ့်သားသမီးရဲ့အိမ်ထောင်ရေးမှာ ခလုတ်ကန်သင်းဖြစ်စေတယ် နောက်ဆုံးကွဲတဲ့ထိဖြစ်ကြတယ်

ဖြိုးကတော့ ကိုယ်တိုင်က အတ္တကြီးတဲ့မိသားစု ကိုယ်ချင်းစာစိတ်ကင်းတဲ့အိမ်ထောင်ဖက်နဲ့ကြုံခဲ့ရလို့ Single mom ဘဝကိုရခဲ့ပြီးပြီ

နောက်ထပ်ကိုယ့်ကြောင့်ရယ် ကိုယ့်သား​လေးကြောင့်ရယ် ဘယ်သူမှမနစ်နာစေရအောင် သားကိုကိုယ်ချင်းစာစိတ်အပြည့်ထည့်ပေးထားတယ်

လူဆိုတာကိုယ်တိုင်ကပျော်နေမှမဟုတ်ပါဘူး ကိုယ့်ကြောင့်သူများပျော်ရွှင်ရရင် ပိုပြီးပျော်ရွှင်ရပါတယ်ရှင်
#စာများကိုကော်ပီယူခြင်းသည်းခံပါရှင့်
သဘောကျရင် Share ပေးနိုင်ပါတယ်ရှင်

05/01/2024

ပျော်အောင်နေပါ ပျော်နေရင် ဘာလုပ်လုပ်
လုပ်သမျှလည်းအရာထင်တယ်
Do what you are passionate. 😍

အပြုံးတပွင့်တည်နေဖို့ဆိုတာကိုယ့်ကိုယ်ကိုချစ်တက်ဖို့ကအရင်လာတယ် ပြီးမှတခြားသူတွေအချစ်ကလာတာ😊
04/01/2024

အပြုံးတပွင့်တည်နေဖို့ဆိုတာ
ကိုယ့်ကိုယ်ကိုချစ်တက်ဖို့ကအရင်လာတယ်
ပြီးမှတခြားသူတွေအချစ်ကလာတာ😊

03/01/2024

Single mom Life အစမှာ ဖြစ်တဲ့တက်ကြောက်စိတ်နဲ့ သားသမီးအပေါ်ထားရှိတဲ့ စိုးရိမ်စိတ်ကို ဘယ်လိုကိုင်တွယ်ကြလဲ?
သားသားမီးမီးလေးတွေကို ဘယ်လိုလေးတွေထိန်းကျောင်းကြလဲ?

နှစ်သစ်ကူးပြောင်းဖို့ နာရီပိုင်းပဲလိုတော့တယ်သင်နှစ်ဟောင်းမှာဘာတွေရလိုက်ပြီးပြီလဲ?ဘယ်ဆန္ဒတွေတော့ မပြည့်ဝခဲ့ဘူးလဲ?နှစ်သစ်မ...
31/12/2023

နှစ်သစ်ကူးပြောင်းဖို့ နာရီပိုင်းပဲလိုတော့တယ်
သင်နှစ်ဟောင်းမှာဘာတွေရလိုက်ပြီးပြီလဲ?
ဘယ်ဆန္ဒတွေတော့ မပြည့်ဝခဲ့ဘူးလဲ?
နှစ်သစ်မှာရော ဘယ်လိုစိတ်မျိုးနဲ့
အားသွန်ခွန်စိုက်တက်လှမ်းမှာလဲ?
Target ချပြီးပြီလား?
ကိုယ့်ကိုယ်ကိုပြန်လည်သုံးသပ်ရင်း
နှစ်သစ်ကို အကောင်းဆုံးအတွေးအကြံတွေနဲ့
အောင်မြင်မှုသရဖူကိုဆောင်းနိုင်ပါစေလို့
ဆန္ဒပြုရင်း
Bye 2023

Address


Telephone

+959760667667

Website

Alerts

Be the first to know and let us send you an email when Phyo Thandar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phyo Thandar:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share