EATV

EATV သဘာ၀ပါတ်၀န်းကျင်နှင့် စိုက်ပျိုးရေ

တွန်းဇံ-ကျီခါးမြို့ကြား မြေပြို၍ ကားလမ်းပိတ်===================================စက်တင်ဘာ ၁၊ တွန်းဇံချင်းပြည်နယ် မြောက်ပို...
01/09/2021

တွန်းဇံ-ကျီခါးမြို့ကြား မြေပြို၍ ကားလမ်းပိတ်
===================================
စက်တင်ဘာ ၁၊ တွန်းဇံ

ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့နှင့် ကျီခါးမြို့တို့အား ဆက်သွယ်ထားသည့် ကားလမ်းသည် ယမန်နေ့ ဩဂုတ်လ ၃၁ရက်နေ့က မိုးရွာသွန်မှုကြောင့် ယနေ့တွင် ကားလမ်းမြေပြိုကျပြီး လမ်းပိတ်နေ‌ကြောင်းသိရသည်။

ဓာတ်ပုံ - Zalen သတင်းဌာန

ချောက်မြို့တွင် မြစ်ရေတက်၍ ရပ်ကွက် ၄ခု ရေဘေးသင့်စက်တင်ဘာ ၁၊ ချောက်မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် ဧရာဝတီမြစ်ရေတက်၍ ရ...
01/09/2021

ချောက်မြို့တွင် မြစ်ရေတက်၍ ရပ်ကွက် ၄ခု ရေဘေးသင့်

စက်တင်ဘာ ၁၊ ချောက်

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် ဧရာဝတီမြစ်ရေတက်၍ ရပ်ကွက် ၄ ခုနီးပါး ရေဘေးသင့်လျက်ရှိသည်။

မြစ်ရေတက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်၃၊ ၄၊ ၇၊ ၈ရပ်ကွက် အသီးသီးတို့မှ အိမ်ထောင်စုများသည် ရေဘေးသင့်ခဲ့ခြင်းဖြစ်သည်။

ချောက်မြို့၏ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်သည် ၁၄၅၀ စင်တီမီတာဖြစ်သည်။



#ချောက်

29/08/2021

မြင်းမူမြို့ ကမ်းနားလမ်း ဧရာဝတီမြစ်အတွင်းပြိုကျ
=================================

ဩဂုတ်လ ၂၉

ဓာတ်ပုံ - မြင်းမူမြို့မီးသတ်တပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ ကမ်းနားလမ်းဟာ မနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာ‌ကြောင့် ဧရာဝတီမြစ်ထဲကို ပြိုကျပျက်စီးခဲ့ပါတယ်။

အဲ့ဒီလမ်းက မြို့ပတ်လမ်းလို သဘောမျိုးဖြစ်ပြီး အရင်နှစ်ဧရာ၀တီမြစ်ရေကြီးစဉ်က အက်ကွဲကြောင်းဖြစ်ခဲ့ပြီးမပြုပြင်ရသေးတာပါ။

မနေ့ညက တညလုံးနီးပါး မိုးရွာပြီး အက်ကွဲကြောင်းကို မိုးရေတွေ ဝင်ပြီး မြစ်ထဲကိုပြိုကျသွားတာလို့ မြင်းမူမြို့မ အရန်မီးသတ် တပ်ဖွဲ့ဝင်တဦးက ပြောပြပါတယ်။

လမ်းပျက်စီးသွားတဲ့နေရာတွေကို ထပ်မံ ပြိုကျခြင်း မရှိစေဖို့ သဲအိတ်တွေကာရံနေတယ်လို့သိရပါတယ်။

လမ်း ပျက်စီးမှုကြောင့်ဆိုင်ကယ်လောက်သာသွားလာနိုင်ပြီး ကားတွေ သွားဖို့ အခက်အခဲရှိတယ်လို့ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့မနက်၆နာရီကတိုင်းတာချက်အရ ဧရာဝတီမြစ်ရေက မြင်းမူမြို့မှာ စိုးရိမ်ရေအမှတ်အောက်မှာပဲ ရှိနေသေးတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်ချက်ပါတယ်။

06/08/2021

မင်းတုန်းမြို့နယ်ကျေးရွာများ ချောင်းရေလျှံ၍ အရေးပေါ်ရွေ့ပြောင်းနေရ
======================================
ဩဂုတ်လ ၆ရက်၊ EATV

06/08/2021

မကွေးတိုင်းအနောက်ခြမ်း ချောင်းရေလျှံ၍ ပဲနှမ်းစိုက်ခင်းများထိခိုက်နေ
=====================================

ဩဂုတ်လ ၆ရက်နေ့ ၊EATV

သပိတ်ကျင်းမြို့အနီးရစ် (ခ်) တာစကေး( ၆.၃ ) အဆင့်ရှိအင်အားပြင်းမြေငလျင်လှုပ်======================================ဇူလိုင်၂...
29/07/2021

သပိတ်ကျင်းမြို့အနီးရစ် (ခ်) တာစကေး( ၆.၃ ) အဆင့်ရှိအင်အားပြင်းမြေငလျင်လှုပ်
======================================
ဇူလိုင်၂၉၊ EATV

မြန်မာနိုင်ငံအထက်ပိုင်း သပိတ်ကျင်းမြို့၏ အရှေ့ တောင်ဘက် ( ၅ ) မိုင်ခန့်အကွာတွင် ယနေ့ ညနေ ၃နာရီကျော်အချိန်က အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်ခဲ့သည်။

ယနေ့နေ့လည် ၃နာရီ ၉မိနစ်နှင့် ၂၇ စက္ကန့်အချိန်က လှုပ်ခတ်ခဲ့သည့် အဆိုပါအင်အားပြင်း မြေငလျင်သည် မြောက်လတ္တီတွဒ် ( ၂၂.၈၄ ) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ( ၉၆.၀၅ ) ဒီဂရီ၊ အနက် ( ၁၀ ) ကီလိုမီတာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့အပါအဝင် မြန်မာနိုင်ငံအထက်ပိုင်းမြို့များမှ မြေငလျင်လှုပ်ခတ်မှုအား ခံစားခဲ့ရသည်။

https://themagwaypost.com/node/51
29/07/2021

https://themagwaypost.com/node/51

Submitted by journalist1 on Thu, 07/29/2021 - 05:13 ဇူလိုင် ၂၉ ၊EATV မကွေးတိုင်းအနောက်ခြမ်း တောင်‌ကြောဖြစ်သည့် နတ်ရေကန်တောင်ကြောတွင် ယခုရက်ပိ....

မကွေးတိုင်းအနောက်ခြမ်း တောင်‌ကြောများတွင် မိုးကြီးနေသည့်အတွက် ချောင်းဘေးကျေးရွာများတွင် ရေဘေးအန္တရာယ်စိုးရိမ်နေရ========...
29/07/2021

မကွေးတိုင်းအနောက်ခြမ်း တောင်‌ကြောများတွင် မိုးကြီးနေသည့်အတွက် ချောင်းဘေးကျေးရွာများတွင် ရေဘေးအန္တရာယ်စိုးရိမ်နေရ
===================================
ဇူလိုင် ၂၉ ၊EATV

မကွေးတိုင်းအနောက်ခြမ်း တောင်‌ကြောဖြစ်သည့် နတ်ရေကန်တောင်ကြောတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းနေသည့်အတွက် မင်းတုန်းချောင်းနှင့် မန်းချောင်းအနီး၀န်းကျင်ကျေးရွာများတွင်ရေဘေးအန္တရာယ် စိုးရိမ်ဖွယ်ရာရှိကြောင်း ဒေသခံများထံမှသိရသည်။

"ဒီရက်ပိုင်းတောင်ပေါ်မှာ မိုးကောင်းနေတယ်၊ ၂၀၁၅ တုန်းကလဲ အခုလိုမိုးကောင်းပြီး အောက်မြေမှာရေကြီးကြတာပဲ" ဟု နတ်ရေကန်တောင်တန်းပေါ်ရှိကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးမှဆိုသည်။

မကွေးတိုင်းအနောက်ခြမ်းတောင်ပေါ်ဒေသမှ ချောင်းဖျားခံသည့် မန်းချောင်း၊မင်းတုန်းချောင်းနှင့် ပနီချောင်းများသည် ယခုရာသီတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည်။

၂၀၁၅ခုနှစ် ဇူလိုင်လကုန်ဖြစ်သည့် ယခုကာတွင်မကွေးတိုင်း အတွင်း အဆိုးရွားဆုံးရေကြီးမှုဖြစ်ပွါးခဲ့ပြီး လူသေဆုံးမှုများပင်ရှိခဲ့သည်။

မကွေးတိုင်းအနောက်ခြမ်းမန်းချောင်းဘေးတွင် တည်ထားသည့် ရွှေစက်တော်ဘုရားကြီးတွင်လည်း ချောင်းရေမြင့်တက်မှုစတင်နေပြီဟုသိရသည်။



ဓာတ်ပုံ - ဒေသခံတစ်ဦး

Address


Alerts

Be the first to know and let us send you an email when EATV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share