18/04/2024
ရောင်းအားတွေ တဟုန်ထိုးချင်တဲ့ လုပ်ငန်းရှင်များအတွက်
ရောင်းအားကောင်းဖို့က ပစ္စည်းကောင်းဖို့လဲအရေးကြီးတယ်။ ဝန်ဆောင်မှုကောင်းဖို့လဲ လိုသေးတယ်။ ဆိုင်နေရာကလဲ စကားပြောတယ်။ Marketing ကလဲ ကောင်းမှ။ Brand ရှိရင်တော့ သူ့ဟာနဲ့သူ ရောင်းအားကရှိပြီးသားပေါ့။ဒါကအခြေခံတွေပါ။
လုပ်ငန်းတွေမှာService (ဝန်ဆောင်မှု) ရောင်းချင်ရောင်းမယ် ။ Product(ထုတ်ကုန်)ရောင်းချင်ရောင်းမယ်။ အကြမ်ဖျင်းအားဖြင့် နှစ်မျိုးပေါ့။
နောက်အရေးကြီးတာရှိသေးတယ်။
Supply နဲ့ Demand ပါ။ ရောင်းလိုအား ဝယ်လိုအား က အရေးပါပြန်သေးတယ်။
ရောင်းအားတတ်ဖို့ ဆိုတဲ့ ခေါင်းစဥ္ကတကယ်တော့ Scope ကျယ်ပါတယ်။ လုပ်ငန်းတွေကမတူသလို ရောင်းတဲ့နေရာမှာလဲ လက်လီ နဲ့ လက္ကားက ကွာသေးတယ်။ အချို့လုပ်ငန်းတွေကျတော့ လက္ကားက အဆင်ပြေတယ်။ လက်လီ ကျတော့ အကျပ်ရိုက်တိုင်ပတ်တာတွေရှိသေးပြန်တယ်။
Service လုပ်ငန်းတွေနဲ့ Trading လုပ်ငန်းတွေကတော့ ရောင်းအားသဘောတရားခြင်းမတူနိုင်ပါဘူး။
အချို့ရောင်းအားမတက်ရတဲ့အကြောင်းအရင်းထဲမှာ ဝယ်သူက ဝယ်ရင်းစျေးကိုသိနေတာလဲပါတာပေါ့။ ဒီတော့ ဘယ်ဝယ်ပါ့မလဲ ?
နောက်ပြီး စျေးကွက်သေးသေးလေးတစ်ခုမှာ ရောင်းချသူများနေပြန်ရင်လဲ ရောင်းအားတတ်ဖို့က ထင်သလောက်မဖြစ်ဘူး။
လူတွေရဲ့ အခြေအနေပေါ်မူတည်ပြီးတော့လဲ Buying Behaviour တွေ ပြောင်းလဲနိုင်သေးတယ်။နောက်ပြီး Political အခြေအနေပေါ့။
လက်ရှိဖြစ်နေတာတစ်ခုပြောပြမယ်။ အချို့နေရာတွေမှာ အင်တာနက်တွေဖျက်လိုက်တော့ Fiber နဲ့သွားတဲ့ Wifi တွေရောင်းအားတွေတက်လာတယ်။
ဒီတော့ရောင်းအားတက်ဖို့ရာ လုပ်ငန်းပုံသဏ္ဍာန်၊ business type စတာတွေက ကွဲပြားကြသလို ခေတ်ရဲ့ အနေအထားကလဲ ကွားခြားနေသေးတယ်။ ဆိုလိုချင်တာ အခုကာလအတွက်ကျတော့ အချို့လုပ်ငန်းတွေ အလုပ်ဖြစ်ပြီး အချို့လုပ်ငန်းတွေကျတော့ ရောင်းအား လုံးဝမတတ်တော့တာတွေရှိပါတယ်။
ဒီမှာတော့ ရောင်းအားတက်ဖို့ ယေဘုယျနည်းလမ်းတွေမျှဝေပေးလိုက်ပါတယ်။
၁.Customers
ဝယ်ယူသူများအောင် ရှာခြင်း
ဝယ်သူများများဝယ်မှ ရောင်းအားများမှာ။ ဒါကအခြေခံသဘောတရားဆိုတာ သိပြီးသား။ သို့ပေမဲ့ သိတာနဲ့တင်ရပ်ထားလို့မရဘူး။ မိမိကိုယ်တိုင်က တကယ်ကို ဝယ်သူများအောင်ကြိုးစားနေရဲ့လား ဆန်းစစ်ဖို့လိုသေးတယ်။ သိတဲ့သူများမှ ဝယ်တဲ့သူများမှာပါ။ တချို့ကတော့ Online ပေါ်မှာတင်ရောင်းတယ်။ အချို့ကတော့ အပြင်မှာဆိုင်ဖွင့်ရောင်းတယ်။ ကိုယ်ရောင်းနေတာ လူဘယ်နှယောက်သိပြီလဲ ? ။ သိပြီးရင်ရှာပါ။သိပြီးသား အဟောင်းတွေနဲ့ပဲ ရောင်းချနေလို့မဖြစ်ပါဘူး။ အသစ်တွေိကိုလဲရှာပါ။
၂.ဆက်စပ်ပစ္စည်းတွေကိုပါ ဝယ်ချင်လာဆောင် ဆွဲဆောင်ခြင်း
လက်ရှိရောင်းနေတဲ့ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု နဲ့ ဆက်စပ်တာတွေကို တွဲရောင်းတာမျိုးကလဲ ရောင်းအားတတ်စေတဲ့နည်းလမ်းတစ်ခုပါပဲ။ ကလေးတွေအတွက် စာသင်နေရင် စာရေးကိရိယာတွဲရောင်းတာမျိုး၊ ကားဝပ်လျှော့ ဖွင့်ထားရင်း ကားအပိုပစ္စည်းရောင်းချခြင်း၊ ဆေးခန်းဖွင့်ရင်း ဆေးပစ္စည်းတွဲရောင်းလဲ ရနိုင်တာပါပဲ။
အရင်းအနှီးကိစ္စကတော့ စဥ္းစားစရာရှိပါတယ်။ နောက်ပြီး Cost Structure အပိုင်းလဲ ထည့်တွက်ရမှာပါ။ ဒီမှာ အရောင်းတတ်ဖို့ ရေးတာဆိုတော့ စဥ္းစားလို့ရအောင် ထည့်ရေးပေးလိုက်တာပါ။
၃.ထပ်တလဲလဲ ပြန်လာချင်အောင် ဆွဲဆောင်ခြင်း
တစ်ခါထဲ ရောင်းရပြီး ပြီးသွားတာမျိုးက သင့်လုပ်ငန်းအတွက် ရေရှည် Customer လျော့နည်းစေပါတယ်။အချို့ဆိုင်ရှင်တွေက ဝယ်သူအသစ်လာတာနဲ့ အဟောင်းကို ဂရုမစိုက်တော့တာမျိုးတွေရှိတယ်။ ဒါဟာ မှားယွင်းတဲ့လုပ်ဆောင်မှုပါ။
တစ်ခါဝယ်တာကနေ နှစ်ခါဝယ်အောင် ၊ နှစ်ခါဝယ်တာကနေ ခဏခဏဝယ်လာအောင် ကြိုးပမ်းရမှာပါ။ဥပမာ ထမင်းဆိုင်ဖွင့်ထားတယ်ဆိုပါစို့ ။ Customer တစ်ယောက် နေ့လည်စာ တစ်ကြိမ်ပဲလာစားပြီး နောက်ထပ်လာမစားတော့တာမျိုးဆိုရင် ကောင်းမလား ? မကောင်းဘူးဆိုတာ စာဖတ်သူ သိပြီးသားပဲ။ ဒီ Customer အနေနဲ့ နောက်အခါတွေမှာ နေ့လည်စာ စားတဲ့အခါတိုင်း ကိုယ့်ဆိုင်မှာဘဲ လာစားရင်ပိုမကောင်းဘူးလား ။ စားဖတ်သူသိတဲ့အတိုင်း လူတွေဆိုတာ စားနေကျဆိုင်၊ သွားနေကြနေရာ၊ ဝယ်နေကြဆိုင် ၊ ပေါင်းနေကြသူငယ်ချင်း စတဲ့ စိတ်နေစိတ်ထားတွေက သူတို့ စိတ်မှာရှိကြတယ်မဟုတ်လား။ ဒါကို ကိုယ့် Business မှာ အသုံးချရမယ်။ကိုယ့်လုပ်ငန်းက သူတို့ အမြဲ သုံးစွဲနေကြ ၊ ဝယ်နေကြ ဆိုတာမျိုးဖြစ်နေရမယ်။
၄. Customer Relationship
လက်ရှိသုံးစွဲသူ ၊ စားသုံးသူ၊ ဝယ်ယူသူတွေနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေးကိုတည်ဆောက်ပါ။
လုပ်ငန်းတော်တော်များများဟာ စျေးကွက်ချဲ့ထွင်မှုကို ဦးစားပေးပေမယ့် လက်ရှိ ရှိနေတဲ့ ကိုယ့်၀ယ်သူတွေ ဖောက်သည်ဟောင်းတွေကိုမေ့နေတတ်ကြပါတယ်။ ၀ယ်သူဟောင်း ဖောက်သည်ဟောင်း ဆိုတာ ကိုယ့်အကြောင်း၊ ကိုယ့်ကုန်ပစ္စည်းအကြောင်း၊ ကိုယ့်လုပ်ငန်းအကြောင်းသိရှိပြီး ယုံကြည်မှုရထားပြီးသားလူတွေပါ။ ဝယ်ယူသူအဟောင်းတွေက ပြန်လာဝယ်တာများပါတယ်။ ဥပမာ အပေါ်က နံပါတ် ၃ အချက်လိုပါပဲ။ Customer တွေနဲ့ သာ Relationship ကောင်းနေရင် သူတို့ ထပ်ခါထပ်ခါလာဝယ်မှာပါ။ထမင်းဆိုင်တစ်ဆိုင်ဟာ လာစားနေကြ Customer တွေနဲ့ ဆက်ဆံရေးကောင်းနေမယ်ဆိုရင် အကြိမ်ကြိမ်လာစားတဲ့အတွက် ရောင်းအားကောင်းမှာအသေအချာပါပဲ။အဲ့ဒါကြောင့် ဖောက်သည်ဟောင်း ၀ယ်သူဟောင်းကိုရောင်းချရတာ ဖောက်သည်သစ်ထက်ပိုမိုလွယ်ကူပါတယ်။ထမင်းတစ်ပွဲကို ၂၀၀၀ ဆိုပါစို့ ။ တစ်ရက်ကို ပုံမှန်လာစား နေကြ Customer အယောက် ၂၀ လောက်ရှိနေရင် နေ့စဥ္ ရောင်းအား ၄၀၀၀၀ လောက်ကတော့ ပုံမှန်ဝင်နေပါလိမ့်မယ်။ ဒါအပြင် ၀ယ်သူအသစ် ဖောက်သည်အသစ်ရှာရတာထက်လည်း ငွေကုန်အချိန်ကုန်လည်းအများကြီးပိုသက်သာပါတယ်။
၅. Follow Up and Reselling
ဝယ်ပြီးသား Customer တွေကို Follow up ပြန်လိုက်တာပေါ့။ဝယ်ပြီး ပြီးရောပစ်ထားတာမဟုတ်ပဲ နောက်ထပ်အဆက်အသွယ်လုပ်ပြီး အဆင်ပြေလား ဘာလိုသေးလဲ မေးမြန်းတာမျိုးပါ။ သူတို့အဆင်ပြေတယ်ဆိုရင် နောက်ထပ်လိုအပ်သေးလား။ ဘာပစ္စည်းတွေ ပို့ပေးရမလဲ ။ စသဖြင့် ထပ််မံရောင်းချခြင်းပါ။Follow up လုပ်ပြီး ပြန်ရောင်းချတဲ့ နည်းပါ။ဒီနည်းက ခက်ခက်ခဲခဲမဟုတ်ပါဘူး။ လွယ်ပါတယ်။ ဖုန်းဆက်သွယ်ပြီး မေးမြန်းတာနဲ့ အဆင်ပြေနိုင်ပါတယ်။ Customer တွေမဝယ်ရင်တောင် ဂရုစိုက်ပေးတယ် ဆိုတဲ့ အသိလေးဝင်သွားပါလိမ့်မယ်။
ဒီအချက်လေးတွေကိုဂရုစိုက်ရင် သင့်ရဲ့ ရောင်းအားဟာသိသိသာသာတိုးတက်လာမှာဖြစ်ပါတယ်…
ဒီထက်ပို ရောင်းအားတွေတက်ပြီး အောင်မြင်တဲ့ Business အဖြစ်ရပ်တည်နိုင်ဖို့ Target Digital Marketing နဲ့ ဆွေးနွေးပြီး
လူကြီးမင်းအတွက် ဈေးနှုန်းမှန်ကန်ပြီး အသင့်တော်ဆုံး Marketing Team တစ်ခုကို ထူထောင်လိုက်ပါ…
💡Service အပ်နှံဖို့အသေးစိတ်မေးမြန်းလိုပါက
Viber -09768719919,09792865448 နှင့်
page chat box သို့လည်းဆက်သွယ်နိုင်ပါတယ်ဗျ💥
✨If we work together, the loss will be a story💫
Target Digital Marketing Agency
📱Phone- 09768719919,09792865448
🏠Address- NO.(936),Yandanar Thukha Street,
46 ward,Northdagon,Yangon.
#ဒစ်ဂျစ်တယ်ဆိုင်ရာဈေးကွက်ထိ